24th JAN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၂။ ပြည်သူများရဲ့ ထောက်ပံကူညီမှု အပါအဝင် အချက်သုံးချက်ကြောင့် မြို့သိမ်း၊ စခန်းသိမ်း အောင်ပွဲများ ရရှိနေတာ ဖြစ်တယ်လို့ NUG ကာကွယ်ရေး ထုတ်ပြန်

📌 ၃။ လက်နက်ကိုင်ဆောင်ခွင့်နှင့်ရောင်းဝယ်မှုကို တားမြစ်ထားသည့်အတွက် ဖေဖော်ဝါရီ ရက်မတိုင်မီ အပ်နှံရန် အထူးဒေသ - စစ်အုပ်ချုပ်ရေးကော်မတီ သတိပေး

📌 ၄။ ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်သား ဦး အလင်းဝင်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မတူပီနှင့် ပလက်ဝမြို့နယ်တွင် ဖြစ်ခဲ့သောတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံး၊ စစ်တပ်က ဆေးရုံးဖျက်ဆီး

🚩 ၂။ ဆီဆိုင်၊ နောင်ထော် ဒေသရှိ စစ်ကောင်စီတပ်နဲ့ PNO (ပြည်သူ့စစ်) တပ်စခန်းနဲ့ ဂိတ်စခန်း ခု တိုက်ပွဲ မဖြစ်ပွားဘဲ စွန့်ခွာသွား

🚩 ၃။ ပေါက်ခေါင်းနှင့် ပေါင်းတည်တွင် စစ်ကောင်စီစခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု ဦးသေဆုံးပြီး ဦး ဒဏ်ရာရ 

🚩 ၄။ ပခုက္ကူနယ် အရှေ့ဘုန်းကံရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်မှု ဦး ဒဏ်ရာရ

🚩 ၅။ ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဇန်နဝါရီလ ၂၃ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄)ကို ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည် နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါတယ်။


ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများနဲ့ ပတ်သက်လို့ သိရှိလိုတာတွေကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြပါတယ်။


အဆိုပါ တွေ့ဆုံပွဲကို အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ ရန်ကုန်တိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ အစည်းအဝေးကို နေ့လယ် နာရီ အချိန်မှာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်သူများရဲ့ ထောက်ပံကူညီမှု အပါအဝင် အချက်သုံးချက်ကြောင့် မြို့သိမ်း၊ စခန်းသိမ်း အောင်ပွဲများ ရရှိနေတာ ဖြစ်တယ်လို့ NUG ကာကွယ်ရေး ထုတ်ပြန်


ဇန်နဝါရီလ ၂၃ရက်။

စစ်ရေးအောင်ပွဲများ၊ မြို့သိမ်း၊ စခန်းသိမ်း အောင်ပွဲများ ရရှိကာ စစ်အာဏာရှင်ကို အပြီးသတ် အနိုင်ယူနိုင်ရေး အခြေအနေကောင်းများ တည်ဆောက်ထားနိုင်ခြင်းမှာ အဓိက အချက်သုံးချက်ကြောင့် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေး အဖွဲ့အသီးသီးက တစ်နိုင်ငံလုံး အထူးသဖြင့် မြေပြန့်ဒေသများတွင် () နှစ်ကျော်ကြာ ရန်သူကို အဆက် မပြတ် ထိုးနှက်တိုက်ခိုက်ထားမှု၊ ပြည်သူဘက်မှာရပ်တည်တဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း EROs များရဲ့ ကူညီဆောင်ရွက်ပေးမှုနဲ့ ပြည်သူလူထုရဲ့ ကြံ့ကြံ့ခံ ထောက်ပံ့ကူညီပေးထားမှုတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက တနိုင်ငံလုံးရဲ့ စစ်ရေးအခြေအနေကို အသိပေး ထုတ်ပြန်ရာမှာ အထက်ပါအတိုင်း ဖော်ပြထားတာ ဖြစ်ပါတယ်။


၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြည်သူ့တော်လှန်ရေး အလှည့်အပြောင်း အမှတ်ကို ရောက်ရှိသွားခဲ့ပြီး မဟာဗျုဟာ ခံစစ် အနေအထားမှ မဟာဗျုဟာ ထိုးစစ်အနေအထားကို ပြောင်းလဲဆင်နွှဲခဲ့ကာ မြိုသိမ်း၊ စခန်းသိမ်း၊ နယ်သိမ်းတိုက်ပွဲများကို တချို့သောဒေသများမှာ ဖော်ဆောင်ထားနိုင်ခဲ့ပြီး ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများမှာလည်း စစ်ရေးပစ်မှတ်များကို အရှိန်မြှင့် တိုက်ခိုက်နိုင်လာကြောင်း အသိပေး ထားပါတယ်။


၂၀၂၃ ခုနှစ်အတွင်း သိသာထင်ရှားတဲ့ နောက်ထပ်အချက်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ကဲ့သို့သော မြို့ကြီးများ အနီးကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် တော်လှန်ရေး အင်အားစုများ ချဉ်းကပ်တိုက်ခိုက်လာနိုင်ခြင်း ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။


ရန်သူကို ထိုးနှက်နိုင်မှုပိုင်းအရ ကြည့်လျှင် အကြမ်းဖက်စစ်တပ်ရဲ့ မဟာဗျူဟာ တိုက်ခိုက်ရေး အင်အားများဖြစ်တဲ့ ခြေမြန်တပ်မ ဌာနချုပ်နှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် တပ်များကို အင်အား ချိနဲ့အောင် တိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်တပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းရည် သိသိသာသာ လျော့ကျသွားတာကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ တွေ့လာရတယ်လို့ ထုတ်ပြန်ထားပါတယ်။


ထို့အပြင် ၂၀၂၃ ဒီဇင်ဘာလအတွင်း တပ်မ (၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း ၊အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့က အသီးသီး ဖမ်းဆီးနိုင်ခဲ့တယ် ဖော်ပြထားပါတယ်။


========================


📌📌 ၃။ လက်နက်ကိုင်ဆောင်ခွင့်နှင့်ရောင်းဝယ်မှုကို တားမြစ်ထားသည့်အတွက် ဖေဖော်ဝါရီ ရက်မတိုင်မီ အပ်နှံရန် အထူးဒေသ - စစ်အုပ်ချုပ်ရေးကော်မတီ သတိပေး


ဇန်နဝါရီလ ၂၃ရက်.

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ - နယ်မြေမှာ လက်နက်ကိုင်ဆောင်ခွင့်နဲ့ ရောင်းဝယ်မှုတွေကို ဥပဒေနဲ့အညီ တားမြစ်ထားတဲ့အတွက် လက်နက်ကိုင်ဆောင်ထားသူတွေအနေနဲ့ ဖေဖော်ဝါရီလ ရက်နေ့ မတိုင်မီ အပ်နှံကြဖို့ အထူးဒေသ - စစ်အုပ်ချုပ်ရေးကော်မတီက သတိပေး ထုတ်ပြန်ထားပါတယ်။ 


မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ - စစ်အုပ်ချုပ်ရေးကော်မတီက ဇန်နဝါရီလ ၂၁ ရက်နေ့ ရက်စွဲနဲ့ လက်နက်ခဲယမ်းထိန်းသိမ်းရေး စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။ 


ထုတ်ပြန်ချက်ထဲမှာ ပုဂ္ဂလိက ဝယ်ယူခြင်း သို့မဟုတ် ကိုးကန့်ရုပ်သေးအဖွဲ့အုပ်ချုပ်စဉ်က ထုတ်ပေးထားတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေကို အထူးဒေသ - စစ်အုပ်ချုပ်ရေးကော်မတီထံ မိမိတို့ အသိစိတ်နဲ့ လာရောက်အပ်နှံရမယ်လို့ ဖော်ပြထားပါတယ်။ 


အခုလိုထုတ်ပြန်ရတာဟာ အထူးဒေသ - မှာ လက်နက်ခဲယမ်းထိန်းချုပ်မှုစည်းကမ်း ပိုမိုအားကောင်းလာစေဖို့နဲ့ မလိုလားအပ်တဲ့ ပြသနာတွေကို ရှောင်ရှားနိုင်ဖို့ဖြစ်တယ်လို့ အသိပေးထားပါတယ်။ 


သတ်မှတ်ထားတဲ့ကာလအတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ သိမ်းဆည်းထားတာကိုတွေ့ရှိရင်‌ ဖုံးဝှက် ထားတဲ့ လက်နက်ခဲယမ်းအဖြစ် သတ်မှတ်ပြီး ဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။ 


အထူးဒေသအတွင်းမှာရှိတဲ့ စစ်သားနဲ့အရပ်သားတွေအားလုံး အချင်းချင်း လက်နက်ခဲယမ်း ရောင်းဝယ်ခြင်း  လုံးဝ မပြုလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ 


လက်နက်ခဲယမ်းရောင်းဝယ်ခြင်းဟာ ဥပဒေကို ချိုးဖောက်သောလုပ်ရပ်ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် အရေးမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 


လက်နက်ကိုင်ဆောင်ထားသူတွေအနေနဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေဆီမှာ အပ်နှံရမှာဖြစ်ပြီး လောက်ကိုင် အတွင်းက လက်နက်ခဲယမ်းတွေကိုတော့ ကိုးကန့်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံရမှာဖြစ်တယ်လို့ အထူးဒေသ - စစ်အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်သား ဦး အလင်းဝင်


ဇန်နဝါရီလ ၂၃ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ)မှ စစ်သား ဦး ပြည်သူ့ဘက်ကို အလင်းဝင်လာခဲ့တယ်လို့ ပုသိမ်မြိုနယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲထံ သိရပါတယ်။


ဇန်နဝါရီလ ၁၉ ရက်နေ့က ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်  (နတခ) မှ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စန-၄၄၄) မှ ဒုတပ်ကြပ်တစ်ဦး ပုသိမ်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲထံ CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ  CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့တဲ့ ဒုတပ်ကြပ်ကို ပုသိမ်မြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ကိုစစ်က ဂုဏ်ပြုငွေငါးသိန်းကျပ် သွားရောက်ပေးအပ်ခဲ့ပြီး CDM နှင့် သက်ဆိုင်တဲ့ ကိစ္စရပ်များနဲ့ လိုအပ်တဲ့ အရာများကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ မတူပီနှင့် ပလက်ဝမြို့နယ်တွင် ဖြစ်ခဲ့သောတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံး၊ စစ်တပ်က ဆေးရုံးဖျက်ဆီး


ဇန်နဝါရီလ ၂၃ရက်။

ချင်းပြည်နယ် မတူပီမြို့နဲ့ ပလက်ဝမြို့နယ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦး သေဆုံးခဲ့ပြီး စစ်တပ်က ပြည်သူ့ဆေးရုံအတွင်းမှာရှိတဲ့ ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ CDF - Matupi က ထုတ်ပြန်ပါတယ်။ 


ပလက်ဝမြို့နယ် ဆမီးမြို့ကနေ မတူပီမှာရှိတဲ့ ၃၀၄ တပ်ရင်းကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို CDF နဲ့ CNA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ ဇန်နဝါရီ ၂ဝကနေ ၂၂ ရက်ထိ တိုက်ပွဲတွေဖြစ်ခဲ့တာလို့  သိရပါတယ်။ 


ဇန်နဝါရီလ ၂ဝရက်နေ့က ပလက်ဝမြို့နယ် ပန်လုံကျေးရွာအနီးက Kapin ချောင်းမှာ ပလက်ဝနဲ့ ဆမီးမြို့တို့ က ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF Matupi နဲ့ မဟာမိတ် CDF -Paletwa CNA တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ဦးသေဆုံးကာ ဦးခန့် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 


ဇန်နဝါရီလ ၂၁ရက်နေ့ မနက်ပိုင်းမှာလည်း မတူပီမြို့နယ် စံတပ်ရွာမှာ ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးကာ CDF Matupi နဲ့ မဟာမိတ်တပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ 


တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ စံတပ်ကျေးရွာက ပြည်သူ့ ဆေးရုံကို ဖျက်ဆီးပြီး ဆေးရုံအတွင်းမှာရှိတဲ့ ဆေးဝါးတွေနဲ့ မီးစက်များအပါအဝင် ဆိုင်ကယ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။ 


ထို့အပြင် ဇန်နဝါရီလ ၂၂ ရက်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အနီးအနားမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူ အမျိုးသား ဦးနဲ့ အမျိုးသမီး ဦးကိုဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ ၂၃ ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အမျိုးသားတွေဟာ လက်ရှိအချိန်ထိ နေရပ်ကိုပြန်မရောက်လာသေးဘူးလို့လည်း သိရပါတယ်။ 


လက်ရှိမှာ CDF Matupi နဲ့အတူ မဟာမိတ်တပ်တွေဖြစ်တဲ့ CDF -Paletwa CNA တို့အပြင် စစ်ကူရောက် လာတဲ့ CDF Daai တို့ဟာ ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်နေတယ် လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဆီဆိုင်၊ နောင်ထော် ဒေသရှိ စစ်ကောင်စီတပ်နဲ့ PNO (ပြည်သူ့စစ်) တပ်စခန်းနဲ့ ဂိတ်စခန်း ခု တိုက်ပွဲ မဖြစ်ပွားဘဲ စွန့်ခွာသွား


ဇန်နဝါရီလ ၂၃ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ထောင်ဒေသရှိ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ လက်ဝေခံ PNO ပြည်သူ့စစ်တပ်စခန်း ခု ဇန်နဝါရီ ၂၂ ရက်နေ့ ညပိုင်းက စခန်းစွန့်ခွာသွားတယ်လို့ ပအိုင်းတော်လှန်ရေးတပ် (PNLO) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


နောင်ထော် ဒေသကို စစ်ကောင်စီက ယမန်နေ့ညတွင် တိုက်ပွဲမဖြစ်ဘဲ လေယာဉ်ဖြင့် ဦးစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ညပိုင်းမှာပင် ဒေသတွင်း စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ PNO တို့ စခန်းဆုတ်ခွာသွားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

"တိုက်ပွဲမဖြစ်ရဘူး။ သူတို့ဘာသာ သူတို့ မနေ့ညက လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ ကျနော်တို့ ဘာမှ မလုပ်ရဘဲနဲ့ သူတို့ဘာသာ သူတို့ မနေ့ညက ညနက် သန်းခေါင်အချိန်မှာ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ ဒီမနက်ကျတော့ လူမတွေ့တော့ဘူး။ စခန်းက အဲဒီ နောင်ထော်ရွာ အနီးတဝိုက်မှာရှိတဲ့ စခန်း ၂ခုက သူတို့ ဆုတ်ခွာသွားတယ်။ နောက်ပြီး သူတို့ စစ်ဆေးရေးဂိတ် (စစ်ကောင်စီ စစ်ဆေးရေး ဂိတ်နှင့် PNO စစ်ဆေးရေးဂိတ်) လည်း ဆုတ်ခွာသွားတယ်။ ဘာကြောင့် ဆုတ်ခွာသွားလဲ ကျွန်တော်တို့ မသိရဘူး။ လေယာဉ် လာပစ်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့က အဲဒီလိုမျိုး ဆုတ်ခွာသွားတာ" လို့ PNLO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ရှောင်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အသေးစိတ် အခြေအနေကို မသိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။


ယခု နောင်ထော်ရွာ ဖြစ်စဉ်မဖြစ်ခင် ဇန်နဝါရီလ ၂၀ ရက်က ဟိုပုံးမြို့နယ် စံဖူးရွာမှာ PNLO လက်အောက်ခံ PNLA တပ်က လက်နက်များ သယ်လာစဉ် စစ်ကောင်စီနဲ့ PNO တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် PNLA ယာဉ်တန်း မီးလောင်ပျက်စီးခဲ့ပြီး လက်နက်များလဲ ထိခိုက်မှု ရှိခဲ့ပါတယ်။


၎င်းလက်နက်များဟာ ကရင်နီဒေသ တော်လှန်ရေး တပ်ဖွဲ့များအတွက် PNLA က သယ်ဆောင် ပေးခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုမှုများ ရှိနေပေမယ့် PNLO ဒုဥက္ကဋ္ဌ ခွန်ထွန်းတင်က ဖြစ်စဉ် အသေးစိတ် မသိသေးဘူးလို့ ပြောပါတယ်။


အဆိုပါ ဖြစ်စဉ်အပြီး ရက်ပိုင်းအတွင်း နောင်ထော်ရှိ စစ်ကောင်စီ တပ်စခန်းများ စွန့်ခွာခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ပေါက်ခေါင်းနှင့် ပေါင်းတည်တွင် စစ်ကောင်စီစခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု ဦးသေဆုံးပြီး ဦး ဒဏ်ရာရ 


ဇန်နဝါရီလ ၂၃ရက်။

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်က စစ်ကောင်စီ စခန်းနဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ Bago Region PDF က ထုတ်ပြန်ထားပါတယ်။ 


ပေါက်ခေါင်းမြို့နယ်မှာရှိတဲ့ ခရိုင်ချင်းဆက်လမ်းပေါ်က စစ်ကောင်စီရဲ့ ချင်းလည် ငါးဘတ်ကုန်း ဂိတ်စခန်းကို ဇန်နဝါရီ ၂၂ ရက်နေ့ မနက် နာရီခန့်အချိန်မှာ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ PPDF တပ်ခွဲ ဧရာညီနောင် စစ်ကြောင်းက သွားရောက် တိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 


ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနက်မိုးမလင်းခင်မှာပဲ ဆိုင်ကယ် စီး ကားတစီးနဲ့ လာရောက်သယ်ဆောင်ပြီး ပေါက်ခေါင်းဘက်ကို သယ်သွားတယ်လို့ သိရပါတယ်။


စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့်  ဧရာညီနောင် စစ်ကြောင်းက ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။ 


ထို့အတူ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ PPDF စနိုက်ဘာအဖွဲ့ကလည်း ဇန်နဝါရီ ၂၂ ရက်နေ့ မနက် နာရီခွဲခန့် အချိန်မှာ ပေါင်းတည်မြို့နယ် ဂွေးတောက်ကွင်းရွာကထွက်လာတဲ့ အင်အား ၅ဝ ပါ စစ်ကောင်စီ စစ်ကြောင်း ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား တဦး ပြင်းထန်ဒဏ်ရာရပြီး ထမ်းစဉ်နဲ့ လက်ပန်ခုံရွာကို သယ်သွားတယ် လို့ Bago Region PDF က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ပခုက္ကူနယ် အရှေ့ဘုန်းကံရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်မှု ဦး ဒဏ်ရာရ


ဇန်နဝါရီလ ၂၃ရက်။

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဦး ဒဏ်ရာရသွားတယ်လို့ Super Fight PDF က ထုတ်ပြန်ပါတယ်။


ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဒရုန်းနဲ့  ပြင်းအားမြင့် ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 


အဆိုပါတိုက်ခိုက်မှုမှာ စစ်သား ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဦးကတော့ သာမန်ဒဏ်ရာ ရသွားတာဖြစ်တယ်လို့ အသိပေးထားပါတယ်။ 


ဒီစစ်ဆင်ရေးကို Super Fight PDF -ရေစကြို၊ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့- ပလဖ၊ Borderless People Defence Force ၊ညောင်ဦးခရိုင် အမှတ် တပ်ရင်း၊ တောဒေါင်းနီ ပြောက်ကျားတပ်ဖွဲ့၊  ညောင်ဦး ခရိုင် အမှတ် တပ်ရင်း တပ်ခွဲ ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၁၊ ပြည်သူ့အားမာန်တပ်ဖွဲ့၊ Special Task Force နဲ့ ဒေါင်းညီနောင်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်


ဇန်နဝါရီလ ၂၃ရက်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် သားကြင်ကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့တယ်လို့ ငါန်းဇွန်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ထံက သိရပါတယ်။


ဇန်နဝါရီလ ၁၉ ရက် ညနေ နာရီဝန်းကျင်တွင် ငါးဇွန်မြို့နယ်၊ သားကြင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ Fixed Wings ဒရုန်းလေယာဉ်တို့နဲ့ ဗုံးသီး လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို တိကျစွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများကို ထိခိုက်သေဆုံးမှု ရှိပေမယ့် အတိအကျ သိနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ငါန်းဇွန် ပကဖ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့များ နဲ့အတူ မန္တလေးခရိုင်တပ်ရင်း မြင်းခြံခရိုင်တပ်ရင်း တပ်ခွဲ ၁၊ ဧရာဝတီ မင်းသား ပြောက်ကျားတပ်ဖွဲ့၊ HYTRA FORCE PDF ငါန်းဇွန် ပကဖ အဖွဲ့ဝင်များဖြစ်တဲ့ ရွှေဂျိုးဖြူ ပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာ ပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင် ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက်ပျောက်ကျားအဖွဲ့နဲ့ အားမာန်သစ် ပျောက်ကျားအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။


ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့အနေဖြင့်အောင်ပန်းဝေဝေ ငါန်းဇွန်မြေကမ်းပိန်းကို ပြုလုပ်နေပြီး ကမ်ပိန်းအောင်မြင်စေရန် နည်းမျိုးစုံဖြင့် နှောက်ယှက်မှုများ ရှိနေတာကြောင့် ပြည်တွင်း၊ ပြည်ပရှိ မိဘ ပြည်သူများရဲ့ စည်းလုံးညီညွတ်မှုဖြင့် ကျော်ဖြတ်သွားမှာဖြစ်တာကြောင့် အစွမ်းကုန် ပူးပေါင်းပါဝင် ကူညီပေးကြဖို့ မေတ္တာရပ်ခံပါကြောင်း ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မေတ္တာရပ်ခံ ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment