24th JAN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ Together We Win Campaign နံပါတ်သုံး (TWW III) အဖြစ် နွေဦးပန်းသီး - Spring APPLE ကမ်ပိန်းကို စတင်မိတ်ဆက်

📌 ၂။ ၂၀၂၄ ခုနှစ်မှာ အဆုံးသတ်အောင်ပွဲဆီကို လူထုလှိုင်းနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီကြဖို့ GSCB တိုက်တွန်း

📌 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း ၄၄၂၃ ဦးအထိ ရှိနေလို့ AAPP ထုတ်ပြန်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မင်းလှ-စိန်ကန့်လန့်လမ်းတွင် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေစဉ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ဦးခန့် ဒဏ်ရာရ

🚩 ၂။ တံတားဦးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု မြို့ပြပြောက်ကျားအဖွဲ့ ပြောကြား

🚩 ၃။ လက်ပန်တန်းမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ဘန်ကာပျက်စီး

🚩 ၄။ အာယုတောင်က စစ်ကောင်စီတပ်ရင်း ခု တိုက်ခိုက်ခံရ

🚩 ၅။ ရခိုင်၊ ရှမ်းမြောက်နှင့်ထိစပ်နေရာများကို ဆက်သွယ်ရေးဖြတ်တောက်ထားသဖြင့် ပြည်သူများအပေါ်  စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုများလာနိုင်ဟု ညီနောင် ဖွဲ့ပြော



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ Together We Win Campaign နံပါတ်သုံး (TWW III) အဖြစ် နွေဦးပန်းသီး - Spring APPLE ကမ်ပိန်းကို စတင်မိတ်ဆက်


ဇန်နဝါရီ ၂၄။


တတိယအကြိမ်မြောက် Together We Win Campaign (TWW III) အနေဖြင့် နွေဦးပန်းသီး - Spring APPLE ကို ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ဖေဖော်ဝါရီလ ရက်နေ့အထိ ရန်ပုံငွေ ကမ်းပိန်းတစ်ခု ပြလုပ်သွား မယ်လို့  Together We Win Campaign က အသိပေးထား ပါတယ်။


တော်လှန်ရေး အောင်ပွဲဆိုတာ အချိန်ကျလို့ မှဲ့ပြီး ကြွေကျလာတဲ့ ပန်းသီးမဟုတ်ပါဘူး၊ ကြွေကျ- လာအောင် ချွေချရပါမယ်။ အခါခါချွေမှ ကျလာမည့် ပန်းသီးမို့လို့ မကြွေမချင်း မဆုတ်မနစ်တဲ့ လုံ့လနဲ့ ချွေကြရပါမယ်။ Together We Win Campaign နံပတ်သုံး (TWW III) နဲ့လည်း ဆက်ချွေဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အားစိုက်ကာပါဝင်ပြီး ကူချွေပေးကြပါ။လို့ ဖော်ပြထားပါတယ်။


နွေဦးပန်းသီး Spring APPLE Ticket တစ်စောင်ကို 20 USD အဖြစ် သတ်မှတ်ထားပြီး ရောင်းရသမျှ အားလုံးကို Together We Win Campaign ရဲ့ လုပ်နေကြ ပုံစံအတိုင်း နွေဦးစံရိပ်မွန် 1B တိုက်ခန်းများ မဲပြန်ဖောက် ပေးသွားမယ်လို့ အသိပေးထားပါတယ်။


Together We Win Campaign TWW I (နွေဦးလည်းကူ ဆုလည်းယူ) ကို ၂၀၂၃ မေ-ဂျွန်လ အတွင်း ပြုလုပ်ခဲ့ပြီး ပြည်သူများရဲ့ အားပေးမှုဖြင့် USD 93,540 အထိ ရရှိခဲ့ပြီး၁၀၂၇ စစ်ဆင်ရေးစတင်ဖို့အတွက် နှမ်းတစေ့ သဲတပွင့် အနေနဲ့ ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။


ထို့အပြင် TWW I အပြီးမှာ TWW II (လှိုင်းတလုံး) ကိုလဲ နိုဝင်ဘာ - ဒီဇင်ဘာ လအတွင်း ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်‌ရေးကို USD 69,060 ကူညီအားဖြည့် ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။


အခုတတိယ အကြိမ်မြောက် နွေဦးပန်းသီး Spring APPLE  (TWW III) ကို ဇန်နဝါရီလ ၂၃ ရက်နေ့ ကနေ ဖေဖော်ဝါရီလ ရက်အတွင်း ပြုလုပ်သွားမှာဖြစ်ပြီး ပြည်သူအားလုံး အတူကြိုးစား ပါဝင်ပေးကြဖို့ ကိုလည်း Together We Win Campaign က ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၂။ ၂၀၂၄ ခုနှစ်မှာ အဆုံးသတ်အောင်ပွဲဆီကို လူထုလှိုင်းနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီကြဖို့ GSCB တိုက်တွန်း


ဇန်နဝါရီ ၂၄ ၂၀၂၄ 


၂၀၂၄ ခုနှစ်အတွင်းမှာ အဆုံးသတ်အောင်ပွဲဆီကို လူထုလှိုင်းနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီကြဖို့ General Strike Coordination Body - GSCB က ဒီနေ့မှာ တိုက်တွန်းလိုက်ပါတယ်။


'အခုနှစ် (၂၀၂၄ ခုနှစ်) ကတော့ ကျနော်တို့ ပြည်သူလူထုတရပ်လုံး တော်လှန်တိုက််ပွဲမှာတက်စုံဖွင့် ရွက်ကုန်လွှင့်ရမယ့် နှစ်ပဲ။ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ ပြည်တွင်းပြည်ပ ပြည်သူအားလုံးအနေနဲ့အဆုံးသတ်တိုက်ပွဲကို နွှဲဆင်ရမယ့်ကာလပဲ။' လို့  GSCB ကအသိပေး ပြောကြားလိုက်တာပါ။


ဒါအပြင် ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲ့ တော်လှန်ရေးကို ထောက်ခံ တယ်ဆိုတာထက် ပိုတဲ့ လက်တွေ့ပူးပေါင်းပါဝင်မှုတွေနဲ့ သက်သေပြရတော့မယ့် အချိန်ဖြစ်တယ်လို့ လည်း အသိပေးထားပါတယ်။


'ကျနော်တို့ နိုင်ငံရဲ့ တော်လှန်ရေးကြီးက ဒီတိုက်ပွဲနည်းနာကြီး () ရပ်လုံး ဟန်ချက်ညီညီ၊ အရှိန် အဟုန်ကောင်းကောင်းနဲ့ ချီတက်ခဲ့ကြတာပါ။ ဒါကိုပဲနှစ်ဖက်လှ တော်လှန်ရေးလို့ ဆိုနိုင်ပါတယ်။' လို့ GSCB က ပြောပါတယ်။


General Strike Coordination Body - GSCB ကတော့ ပြည်သူ့တော်လှန်ရေးကို လက်နက်ကိုင် တိုက်ပွဲ (Armed Resistance) နဲ့  လူထု တိုက်ပွဲ (Civil Resistance) လုပ်ဆောင်နေတာလို့ ဆိုပါတယ်။


စစ်ရေးအရှိန်က တလှိုင်းပြီး တလှိုင်း လာနေပြီဖြစ်တဲ့အတွက် အာဏာရှင်တိုက်ဖျက်ရေး လူထုတိုက်ပွဲ လူထုလှုပ်ရှားမှုနည်းနာတွေကို အရှိန်တိုးမြှင့်ဖော်ဆောင်ဖို့အတွက် မဖြစ်မနေ လိုအပ် တယ်လို့လည်း အသိပေးထားပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း ၄၄၂၃ ဦးအထိ ရှိနေလို့ AAPP ထုတ်ပြန်


ဇန်နဝါရီ ၂၄  ၂၀၂၄

 

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက် ရှိရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်အထိ စာရင်းတွေ အရ ကျဆုံးခဲ့ရသူ ၄၄၂၃ ဦး အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်လိုက်ပါတယ်။

 

အေအေပီပီအနေနဲ့ အတည်ပြုရန်လိုအပ်နေတဲ့ အမည် စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၇၅၀) ဝန်းကျင် စာရင်းကို လည်း သီးခြားပြုစုထားတယ်လို့ အသိပေးထားပါတယ်။


နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းပြုချက်တွေ အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၂၅၈၇၀ ဦးရှိပြီး ယင်းတို့ထဲမှာ ၁၉၉၆၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ အဆိုပါ ထိန်းသိမ်းခံထားရသူများအနက် ၈၅၅၇ က ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

 

မတရား ပြစ်ဒဏ်ကျခံရသူထဲက (၁၉၉) ဦးက သေဒဏ်ချမှတ်ခံထားရတာပါ။  မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံ ထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ ဆိုပါတယ်။ အဲဒီစာရင်းတွေအရ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၂ ဦးရှိ ပြီဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ 


 

ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ အရေအတွက်က ၅၉၀၉ ရှိတယ်လို့ ဆိုပါ တယ်။ ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်တွေက AAPP မှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့အချက်အလက်နဲ ကိန်းဂဏန်းအရေအတွက် တွေက ယခုထက်ပိုမိုများပြားနိုင်တယ်လို့ ဖော်ပြထားသလို အချက်အလက်တွေ ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမယ်လို့ ဆိုပါတယ်။


အရပ်ဘက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမား တွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထား ရတာတွေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အ လက်တွေကို သိရှိပါက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ဆက်သွယ်ဖို့လည်း ဖော်ပြထားပါတယ်။

 

ကျဆုံးအချက်အလက်တွေအတွက်ဆိုရင် fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက် အလက်တွေဆိုရင် detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ မင်းလှ-စိန်ကန့်လန့်လမ်းတွင် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေစဉ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ဦးခန့် ဒဏ်ရာရ


ပဲခူးတိုင်း ကျောက်တံခါးမြိုနယ် မင်းလှ - စိန်ကန့်လန့်လမ်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရှောင်တခင် စစ်ဆေးမငတွေလုပ်နေစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ဦးခန့် ဒဏ်ရာရသွား တယ်လို့ Bago Region PDF က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါလ ၂၃ ရက်နေ့ မနက် နာရီခန့်ကစပြီး ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ (Dike-U Defence Force) က နယ်မြေစိုးမိုးရေးအတွက် ရှောင်တခင်စစ်ဆေးမှုတွေလုပ်နေချိန် စစ်ကောင်စီတပ်ဖွဲ့က စစ်ကား စီးနဲ့တက်လာပြီး လာရောက်တိုက်ခိုက်ခဲ့တာကြောင့်  မနက် ၁၀ နာရီခန့်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။  


တွေ့တိုက်ပွဲဟာ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဘက်က ဦးခန့် ဒဏ်ရာရရှိသွာတာ လို့ ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်က အင်အား ၂၀ ခန့်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေရဲ့ ကြိုတင်ပြင်ဆင်ထားရှိမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဟာ ဒဏ်ရာရသူ တွေကို ကားပေါ်ဆွဲတင်ပြီး တောင်ငူဘက်ကို ဆုတ်ခွာသွားခဲ့တယ်လို့ အသိပေးထားပါတယ်။  


အဆိုပါထိတွေ့တိုက်ပွဲမှာ ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်ဖွဲဝင်များ သေဆုံးခြင်းရှိ မရှိကို အတည်မပြု နိုင်သေးပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ Bago Region PDF က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ တံတားဦးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု မြို့ပြပြောက်ကျားအဖွဲ့ ပြောကြား


မန္တလေးမြို့ တံတားဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လေတပ်စခန်းကို တာဝေးပစ် ၁၀၇ မမ ရှော့တိုက်ဒုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေက ပြောပါတယ်။ 


တံတားဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလေတပ်စခန်းကို ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ နာရီ မိနစ် ၅ဝ ခန့်မှာ မြို့ပြပြောက်ကျားအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။    


မူလက ၁၂လုံးပစ်ခတ်ရန် ရည်ရွယ်ထားသော်လည်း သယ်ယူရာလမ်းခရီးကြမ်းတမ်းခြင်း၊ ရန်သူနှင့်နီးကပ်စွာ မစ်ရှင်ပြုလုပ်ရခြင်းတို့ကြောင့် လုံးခန့် ချွတ်ယွင်းချက်ဖြစ်ပေါ်ခဲ့တဲ့အတွက် လုံးပဲ ပစ်လွှတ်နိုင်ခဲ့တယ် လို့ ဆိုပါတယ်။  


ပစ်လွှတ်နိုင်ခဲ့တဲ့ လုံးဟာ လေတပ်စခန်းဝင်းအတွင်း ပေါက်ကွဲခဲ့တာဖြစ်ပေမယ့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုကို မသိရသေးဘူးလို့ မြို့ပြအထူးစစ်ဆင်ရေး U.S.O နဲ့ Brave Warriors For Myanmar -BWM တို့ အသိပေးထားပါတယ်။


တံတားဦးလေတပ်စခန်းဟာ တော်လှန်ရေးအင်အားစုတွေနဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာမှာ အများဆုံး အသုံးပြုနေတဲ့ စစ်ကောင်စီလေတပ်စခန်းဖြစ်တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ 


အဆိုပါစစ်ဆင်ရေးကို Brave Warriors For Myanmar -BWM ရဲ့ စီစဉ်မှုနဲ့ မြို့ပြအထူးစစ်ဆင်ရေး U.S.O နဲ့အတူ မဟာမိတ်ဖြစ်တဲ့ Security and Special Task Force (SSTF-MDY) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ လက်ပန်တန်းမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ဘန်ကာပျက်စီး


ပဲခူးတိုင်းသာယာဝတီခရိုင် လက်ပံတန်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာမှာ ဘန်ကာ ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


အဆိုပါစစ်ဆေးရေးဂိတ်ဟာ လက်ပံတန်းမြို့ ကံကြီးလမ်းမှာရှိတဲ့ ဗျူဟာလမ်းအထွက်မှာရှိတဲ့ စစ်ဆေးရေး ဂိတ်ဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့ည နာရီခွဲခန့်အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ရွှေတန်းမြေပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့က ပြောပါတယ်။ 


စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးခန့်ရှိပြီး ခရီးသွားပြည်သူတွေဆီကနေ ငွေညှစ် တောင်းခံနေတာကြောင့် လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့ရာမှာ ဘန်ကာပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ 


လက်ပံတန်းမြို့နယ်အတွင်းမှာ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ရွှေတန်းမြေမှ မိစ္ဆာရှင်းမယ့် လက်များ သိန်းကိုးရာ ကမ်ပိန်းမှာ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ တော်လှန်ရေး အင်အားစုများကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။ အာယုတောင်က စစ်ကောင်စီတပ်ရင်း ခု တိုက်ခိုက်ခံရ


ဇန်နဝါရီလ ၂၄။


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် အခြေစိုက် စစ်ကောင်စီ တပ်ရင်း ခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။


ဇန်နဝါရီလ ၂၁ ရက်နေ့ နာရီကျော်ခန့်က ခမရ - ၅၈၇ နဲ့ ခလရ - ၃၄၃ တပ်တွေကို လက်နက်ကိုင် အဖွဲ့တစ်ခုက လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ဆိုသလို ပြန်လည်ပစ်ခတ် ခဲ့တာပါ။


"ညက လက်နက်ကိုင်အဖွဲ့ဘက်က ခဏဘဲ လာပစ်တာ။ စကစ ဘက်က လက်နက်ကြီးတွေ ဆက်တိုက် ပစ်တာ။ လက်နက်ကြီး ပစ်သံတွေက တော်တော်ကြာကြားရတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။


ပစ်ခတ်မှုအတွင်းမှာ နှစ်ဖက်ထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကွမ်ဒူးကျေးရွာက နေအိမ်အချို့ လက်နက်ကြီးထိမှန်ခဲ့ပြီး ရွာသားနှစ်ဦး ပြင်းထန်စွာ ဒါဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇နာရီ ၄၅ မိနစ်ဝန်းကျင်ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ကျေးရွာ အနီးက စစ်ကောင်စီ ကြိုးတံတား ဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ  ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က (၁၀) ဦးထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာများနှင့် ထွက်ပြေးလွတ်မြောက် သွားသူတွေလည်းရှိကြောင်း MSRF မှသတင်းထုတ်ပြန်ထားပါတယ်။


၎င်းစစ်ဆင်ရေးကိုတော့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ABSDF တပ်ရင်း () မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO) Ye Air Force (YAF) Ye Defence Force (YDF) နှင့် ရေးသိမ်းငှက်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်မှုတွေကြောင့် အာယုတောင်၊ ကွမ်ဒူးရွာက ဒေသခံအချို့ နေရပ်ကနေ တိမ်းရှောင်နေကြပြီး ရွာတွေမှာ ကျန်ခဲ့တဲ့သူတွေကလည်း အပြင်ထွက် သွားလာတာတွေ မလုပ်ရဲကြပါဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။


========================


🚩🚩 ၅။ ရခိုင်၊ ရှမ်းမြောက်နှင့်ထိစပ်နေရာများကို ဆက်သွယ်ရေးဖြတ်တောက်ထားသဖြင့် ပြည်သူများအပေါ်  စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုများလာနိုင်ဟု ညီနောင် ဖွဲ့ပြော


စစ်ရေးအရှိန်မြင့်နေတဲ့ ရခိုင်ဒေသအပါအဝင် ရှမ်းမြောက်နဲ့ထိစပ်နေတဲ့ နေရာအချို့မှာ စစ်တပ်က ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေ ဖြတ်တောက်ထားတဲ့အတွက် အရပ်သားပြည်သူတွေ အပေါ် စစ်ကောင်စီရဲံ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့ က ပြောပါတယ်။ 


၁၀၂၇ စစ်ဆင်ရေး ၈၉ ရက်မြောက်နေ့ တိုက်ပွဲသတင်းများထုတ်ပြန်ရာမှာ အခုလို ထည့်သွင်းပြောဆိုလိုက် တာဖြစ်ပါတယ်။


ဇန်နဝါရီ ၂၂ ရက်နေ့ညက မြောက်ဦးအခြေစိုက် ခမရ - ၃၇၇ တပ်ရင်းက အရပ်သားပြည်သူတွေနေထိုင်ရာ မြို့ပေးရပ်ကွက်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အောင်မင်္ဂလာရပ်ကွက်က လူနေအိမ် လုံး မီးလောင်ပြာကျပျက်စီးခဲ့တာနဲ့ပတ်သက်လို့ အခုလို အသိပေးလိုက်တာလည်းဖြစ်ပါတယ်။


အလားတူ တအာင်းဒေသအတွင်းမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှု တွေရှိနေတဲ့အတွက် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများလည်း ဆက်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ 

 

ထို့အပြင် ရခိုင်ပြည်ထဲက ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ မြေပုံမြိုနယ်တွေမှာလည်း စစ်ကောင်စီဘက် က စစ်ရေးပြင်ဆင်မှုများနဲ့ စစ်အင်အားတိုးချဲ့နေရာချထားမှုများ ဆက်တိုက်လုပ်ဆောင်လာနေတာကို တွေ့ရ တယ်လို့ ပြောပါတယ်။ 


ပလက်ဝဒေသတွင်းက စစ်ကောင်စီစခန်းတွေကို ရခိုင့်တပ်တော် - AA က ချေမှုန်းခဲ့စဉ် အိန္ဒိယနယ်စပ်ကို ထွက်ပြေးလွတ်မြောက်သွားကြတဲ့ စစ်ကောင်စီတပ်ဖွဲဝ့င်အချို့ကိုလည်း စစ်ကောင်စီက ရခိုင်ဒေသတွင်းက စစ်မျက်နှာစာအသီးသီးမှာ နေရာချထားပြီး စစ်ရေးပြင်ဆင်နေတယ်လို့လည်း သတိပေးထားပါတယ်။


ထို့အတူ ယခင်ကထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ အင်အား ၄ဝဝ ကျော်ကလည်း လက်ရှိအချိန်မှာ ရခိုင့် တပ်တော် AA နဲ့ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်‌သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment