Together We Win Campaign နံပါတ်သုံး (TWW III) အဖြစ် နွေဦးပန်းသီး - Spring APPLE ကမ်ပိန်းကို စတင်မိတ်ဆက်


 



Together We Win Campaign နံပါတ်သုံး (TWW III) အဖြစ် နွေဦးပန်းသီး - Spring APPLE ကမ်ပိန်းကို စတင်မိတ်ဆက်


Radio NUG ,ဇန်နဝါရီ ၂၄၊ ၂၀၂၄

တတိယအကြိမ်မြောက် Together We Win Campaign (TWW III) အနေဖြင့် နွေဦးပန်းသီး - Spring APPLE ကို ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ရန်ပုံငွေ ကမ်းပိန်းတစ်ခု ပြလုပ်သွား မယ်လို့ Together We Win Campaign က အသိပေးထား ပါတယ်။




“ တော်လှန်ရေး အောင်ပွဲဆိုတာ အချိန်ကျလို့ မှဲ့ပြီး ကြွေကျလာတဲ့ ပန်းသီးမဟုတ်ပါဘူး၊ ကြွေကျ- လာအောင် ချွေချရပါမယ်။ အခါခါချွေမှ ကျလာမည့် ပန်းသီးမို့လို့ မကြွေမချင်း မဆုတ်မနစ်တဲ့ လုံ့လနဲ့ ချွေကြရပါမယ်။ Together We Win Campaign နံပတ်သုံး (TWW III) နဲ့လည်း ဆက်ချွေဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အားစိုက်ကာပါဝင်ပြီး ကူချွေပေးကြပါ။” လို့ ဖော်ပြထားပါတယ်။




နွေဦးပန်းသီး Spring APPLE Ticket တစ်စောင်ကို 20 USD အဖြစ် သတ်မှတ်ထားပြီး ရောင်းရသမျှ အားလုံးကို Together We Win Campaign ရဲ့ လုပ်နေကြ ပုံစံအတိုင်း နွေဦးစံရိပ်မွန် 1B တိုက်ခန်းများ မဲပြန်ဖောက် ပေးသွားမယ်လို့ အသိပေးထားပါတယ်။




Together We Win Campaign TWW I (နွေဦးလည်းကူ ဆုလည်းယူ) ကို ၂၀၂၃ မေ-ဂျွန်လ အတွင်း ပြုလုပ်ခဲ့ပြီး ပြည်သူများရဲ့ အားပေးမှုဖြင့် USD 93,540 အထိ ရရှိခဲ့ပြီး ‘၁၀၂၇ စစ်ဆင်ရေး’ စတင်ဖို့အတွက် နှမ်းတစေ့ သဲတပွင့် အနေနဲ့ ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။




ထို့အပြင် TWW I အပြီးမှာ TWW II (လှိုင်းတလုံး) ကိုလဲ နိုဝင်ဘာ - ဒီဇင်ဘာ လအတွင်း ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်‌ရေးကို USD 69,060 ကူညီအားဖြည့် ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။




အခုတတိယ အကြိမ်မြောက် နွေဦးပန်းသီး Spring APPLE (TWW III) ကို ဇန်နဝါရီလ ၂၃ ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၇ ရက်အတွင်း ပြုလုပ်သွားမှာဖြစ်ပြီး ပြည်သူအားလုံး အတူကြိုးစား ပါဝင်ပေးကြဖို့ ကိုလည်း Together We Win Campaign က ဖိတ်ခေါ်ထားပါတယ်။
Share:

No comments:

Post a Comment