၂၀၂၄ ခုနှစ်မှာ အဆုံးသတ်အောင်ပွဲဆီကို လူထုလှိုင်းနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီကြဖို့ GSCB တိုက်တွန်း



၂၀၂၄ ခုနှစ်မှာ အဆုံးသတ်အောင်ပွဲဆီကို လူထုလှိုင်းနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီကြဖို့ GSCB တိုက်တွန်း

Radio NUG, ဇန်နဝါရီ ၂၄ ၊ ၂၀၂၄

၂၀၂၄ ခုနှစ်အတွင်းမှာ အဆုံးသတ်အောင်ပွဲဆီကို လူထုလှိုင်းနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီကြဖို့ General Strike Coordination Body - GSCB က ဒီနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

'အခုနှစ် (၂၀၂၄ ခုနှစ်) ကတော့ ကျနော်တို့ ပြည်သူလူထုတရပ်လုံး တော်လှန်တိုက််ပွဲမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ရမယ့် နှစ်ပဲ။ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ ပြည်တွင်းပြည်ပ ပြည်သူအားလုံးအနေနဲ့ “အဆုံးသတ်တိုက်ပွဲ” ကို နွှဲဆင်ရမယ့်ကာလပဲ။' လို့ GSCB ကအသိပေး ပြောကြားလိုက်တာပါ။

ဒါအပြင် ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲ့ တော်လှန်ရေးကို ထောက်ခံ တယ်ဆိုတာထက် ပိုတဲ့ လက်တွေ့ပူးပေါင်းပါဝင်မှုတွေနဲ့ သက်သေပြရတော့မယ့် အချိန်ဖြစ်တယ်လို့ လည်း အသိပေးထားပါတယ်။

'ကျနော်တို့ နိုင်ငံရဲ့ တော်လှန်ရေးကြီးက ဒီတိုက်ပွဲနည်းနာကြီး (၂) ရပ်လုံး ဟန်ချက်ညီညီ၊ အရှိန် အဟုန်ကောင်းကောင်းနဲ့ ချီတက်ခဲ့ကြတာပါ။ ဒါကိုပဲ “နှစ်ဖက်လှ တော်လှန်ရေး” လို့ ဆိုနိုင်ပါတယ်။' လို့ GSCB က ပြောပါတယ်။

General Strike Coordination Body - GSCB ကတော့ ပြည်သူ့တော်လှန်ရေးကို လက်နက်ကိုင် တိုက်ပွဲ (Armed Resistance) နဲ့ လူထု တိုက်ပွဲ (Civil Resistance) လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

စစ်ရေးအရှိန်က တလှိုင်းပြီး တလှိုင်း လာနေပြီဖြစ်တဲ့အတွက် အာဏာရှင်တိုက်ဖျက်ရေး လူထုတိုက်ပွဲ ၊ လူထုလှုပ်ရှားမှုနည်းနာတွေကို အရှိန်တိုးမြှင့်ဖော်ဆောင်ဖို့အတွက် မဖြစ်မနေ လိုအပ် တယ်လို့လည်း အသိပေးထားပါတယ်။
Share:

No comments:

Post a Comment