25th JAN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒေါ်အောင်ဆန်းစုကြည်‌နေထိုင်တဲ့ ရန်ကုန်နေအိမ် ခြံနံပါတ် ၅၄ ကို (ကျပ်ငွေ ၃၁၅ ဘီလျံ)နဲ့ လေလံကြမ်း‌ခင်းစျေးသတ်မှတ်တယ်လို့ သတင်းတွေထွက်ပေါ်

📌 ၂။ အခကြေးငွေနဲ့ကောက်ခံတဲ့ကျောင်းတွေကို "ပြည်သူ့ပညာရေးကျောင်းအဖြစ်" အသိအမှတ်ပြုဖို့ လောလောဆယ်အစီအစဉ်မရှိသေးဘူးလို့ပညာရေးဒုဝန်ကြီးပြောကြား

📌 ၃။ ပြင်သစ်နိူင်ငံ သမ္မတ အီမန်နျူယယ် မက်ခရွန်နှင့်တွေ့ဆုံစဥ် တီမောသမ္မတဟိုဆေးရာမို့စ်ဟိုတာက မြန်မာ့အရေး အလေးအနက်ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ပြောကြား

📌 ၄။ KPICT ကတာဝန်ယူရောင်းချခဲ့သော ငွေတိုက်စာချုပ်များကို ဝယ်ယူထားသူများ နှစ်သက်တမ်းစေ့ရောက်ပါက တန်ဖိုးငွေပြန်လည်နုတ်ယူနိူင်

📌 ၅။ မြန်မာ့အရေးကြားနာပွဲအမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ ဦးဆောင်ကာဂျပန် လွှတ်တော်အမတ်များရုံးမှာကျင်းပမယ်

📌 ၆။ စစ်ဘေးရှောင်ပြည်သူများကို  ဆန်နှင့် ငွေသားအချို့ ထောက်ပံ့ကူညီခဲ့


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပေါက်တောမြို့ကို AA အလုံးစုံထိန်းချုပ်၊ မြောက်ဦး၊ မင်းပြား ကျော်တော်နှင့်ရသေ့တောင်တွင် တိုက်ပွဲများ ပြင်းထန်နေ

🚩 ၂။ သာယာဝတီနယ်တွင် ပြည်သူ့စစ်ဖွဲ့ရန် စုဆောင်းနေသော အုပ်ချုပ်ရေးမှူးကို ရှင်းလင်း 

🚩 ၃။ စစ်ကောင်စီ၏ ကျောက်ထုစခန်းကိုတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

🚩 ၄။ ရွှေဘိုခရိုင်တပ်ရင်းများ ပူးပေါင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော ခမရ ၃၆၁၊ ခလရ၁၅၂ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းမှ ဗိုလ်အဆင့်ရှိသူတစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိပြီး စကစ ၂၇ဦးလည်းဆေးရုံတင်ထားရ

🚩 ၅။ ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်ရန် ကြိုးပမ်းနေစဥ်ရန်သူ၏ အလစ်ချောင်းမြောင်း  တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး မြိတ်ခရိုင်၊ အမှတ်()တပ်ရင်းမှ ရဲဘော် ဦးဦး နှင့် KNDO တပ်ခွဲ()မှ ရဲဘော် ပွန်ညာတို့ ကျဆုံးခဲ့ရ

🚩 ၆။ ဝမ်းတွင်းတွင် ပျူစောထီးသင်တန်းတက်ခိုင်းနေသည့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်‌နေထိုင်တဲ့ ရန်ကုန်နေအိမ် ခြံနံပါတ် ၅၄ ကို (ကျပ်ငွေ ၃၁၅ ဘီလျံ)နဲ့ လေလံကြမ်း‌ခင်းစျေးသတ်မှတ်တယ်လို့ သတင်းတွေထွက်ပေါ်


ဇန်နဝါရီ(၂၅)


ဒေါ်အောင်ဆန်းစုကြည်‌နေထိုင်တဲ့ ရန်ကုန်နေအိမ် ခြံနံပါတ် ၅၄ ကို ကျပ်သိန်းပေါင်း သန်း သိန်း သောင်းကျပ်(ကျပ်ငွေ ၃၁၅ ဘီလျံ)နဲ့ လေလံကြမ်း‌ခင်းစျေးသတ်မှတ်ပြီး၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်မှာ နေအိမ်ရှေ့မှာ လေလံတင် ရောင်းချမှုလုပ်မယ်လို့ ရန်ကုန်မြို့၊ ကမာရွတ်ခရိုင်တရားရုံးက ဒီကနေ့  ၂၀၂၄ ဇန်နဝါရီ ၂၅ ရက်မှာ အမိန့်ချလိုက်ပါတယ်။ 


လေလံတင်ရောင်းချမှုကို နေအိမ်ရှေ့မှာပဲလုပ်ဖို့လည်း ဆုံးဖြတ်ကြောင်းတရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဘီဘီစီကိုပြောတယ်လို့ BBC Breaking News အနေ့နဲ့ဖေါ်ပြထားပါတယ်။


ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ နေအိမ်နဲ့ ခြံကွက်အမွေမှုနဲ့ပတ်သက်လို့ သားအကြီးဖြစ်သူဦးအောင်ဆန်းဦးရဲ့ ခြံနံပါတ် ၅၄ ခြံကြီးနဲ့ ခြံထဲက နေအိမ်တို့ကို အမွေခွဲဖို့ ၂၀၂၂ ခုနှစ်က အထူးအယူခံတက်တဲ့တောင်းဆိုမှုကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုအနိုင်ပေးခဲ့တဲ့နောက် ဒီနောက်ဆက်တွဲအမိန့်ထွက်ပေါ်လာတာလို့လည်း ရေးသားထားပါတယ်။


ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း‌က ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ခြံနံပါတ် ၅၄ သတင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဘီဘီစီကဆက်လက်ဖော်ပြပေးမယ်လို့ သိရှိရပါတယ်။


========================


📌📌 ၂။ အခကြေးငွေနဲ့ကောက်ခံတဲ့ကျောင်းတွေကို "ပြည်သူ့ပညာရေးကျောင်းအဖြစ်" အသိအမှတ်ပြုဖို့ လောလောဆယ်အစီအစဉ်မရှိသေးဘူးလို့ပညာရေးဒုဝန်ကြီးပြောကြား


ဇန်နဝါရီ၂၅ရက်


အခကြေးငွေနဲ့ကောက်ခံတဲ့ကျောင်းတွေကို "ပြည်သူ့ပညာရေးကျောင်းအဖြစ်" အသိအမှတ်ပြုဖို့ လောလောဆယ်အစီအစဉ်မရှိသေးဘူးလို့ပညာရေးဒုတိယ ဝန်ကြီး ဂျာထွယ်ပန်ကဇန်နဝါရီ၂၅ရက်မှာ ဆိုရှယ်မီဒီယာမှာ ဖြေကြားထားပါတယ်။


"ပြည်သူ့ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြုလျှောက်လာတဲ့ ကျောင်းတွေကိုပဲ အသိအမှတ်ပြုဖို့ထည့်သွင်းစဉ်းစားပါတယ်။ ပြည်သူ့အစိုးရအနေနဲ့ ကျောင်းသားမိဘ၊ ပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ လည်ပတ်တဲ့ ပြည်သူ့ပညာရေးကျောင်း (public school) တွေကိုပဲ မူဝါဒနဲ့အညီအသိအမှတ်ပြုမှာ ဖြစ်ပြီး အခကြေးငွေနဲ့ကောက်ခံတဲ့ကျောင်းတွေကို အသိအမှတ်ပြုဖို့ လောလောဆယ်အစီအစဉ်မရှိပါ"လို့ဒုဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ လတ်တလောမှာ ကြားကာလပညာသင်ကြားရေးအစီအစဥ်ကိုအကောင်အထည်ဖော်ဆောင်လျက်ရှိပြီးတော့ မြေပြင်နှင့်အွန်လိုင်း စာသင်ကျောင်းများကိုပါ စီစစ်၍ အသိအမှတ်ပြုပေးလျက်ရှိပါတယ်။


========================


📌📌 ၃။ ပြင်သစ်နိူင်ငံ သမ္မတ အီမန်နျူယယ် မက်ခရွန်နှင့်တွေ့ဆုံစဥ် တီမောသမ္မတဟိုဆေးရာမို့စ်ဟိုတာက မြန်မာ့အရေး အလေးအနက်ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ပြောကြား


ဇန်နဝါရီ၂၅ရက်


ဇန်နဝါရီလအတွင်းပြင်သစ် သမ္မတနှင့်တွေ့ဆုံခဲ့တဲ့ခရီးစဥ်မှာမြန်မာအရေးကိုထည့်သွင်းပြောကြားခဲ့တယ်လို့ အရှေ့တီမောလက်စတေးနိူင်ငံ သမ္မတဟိုဆေးရာမို့စ်ဟိုတာကလည်းဆိုရှယ်မီဒီယာမှာ အခုလ်ို အသိပေးရေးသားထားပါတယ်။


ချက်နိူင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်ကလည်း ဆိုရှယ်မီဒီယာမှာ အသိပေးဆိုရာတွင် "မြန်မာ့မိတ်ဆွေစစ်စစ်ကြီး ဖြစ်တဲ့ တီမော သမ္မတကြီးနဲ့ ပြင်သစ်သမ္မတတို့ ဒီကနေ့ ပါရီမှာတွေ့ဆုံကြရာမှာ  သမ္မတကြီး ဟိုဆေးရာမို့စ်ဟိုတာက မြန်မာ့အရေး အလေးအနက်ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ် သမ္မတကြီး"လို့ဆိုထားပါတယ်။


အရှေ့တီမောသမ္မတဟိုဆေးရာမို့စ်ဟိုတာဟာ မြန်မာ့နိူင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ပေးနေတဲ့ မိတ်ဘက်နိူင်ငံတစ်နိူင်ငံလည်းဖြစ်ပါတယ်။


========================


📌📌 ၄။ KPICT ကတာဝန်ယူရောင်းချခဲ့သော ငွေတိုက်စာချုပ်များကို ဝယ်ယူထားသူများ နှစ်သက်တမ်းစေ့ရောက်ပါက တန်ဖိုးငွေပြန်လည်နုတ်ယူနိူင်


ဇန်နဝါရီ၂၅ရက်


KPICT ကတာဝန်ယူရောင်းချခဲ့သော ငွေတိုက်စာချုပ်များကို ဝယ်ယူထားသူများ နှစ်သက်တမ်းစေ့ရောက်ပါက တန်ဖိုးငွေပြန်လည်နုတ်ယူနိူင်တယ်လို့ ဇန်နဝါရီ၂၅ရက်နေ့မှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။


"ငွေတိုက်စာချုပ်များအား ရောင်းချခြင်းလုပ်ငန်းစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ရပ်တည်ချက်တူသော မဟာမိတ်အဖွဲ့အစည်းဖြစ်သည့် Kachin Political Interim Coordination Team (KPICT) အနေဖြင့်လည်း တတပ်တအားပါဝင်ကူညီ၍ ကချင်ဒေသအတွင်း နှင့် အခြားဒေသများတွင် အထူးငွေတိုက်စာချုပ်ကို တာ၀န်ယူရောင်းချ ပေးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ယင်းစာချုပ်များမှ  သက်တမ်းစေ့ရောက်ပြီး နှစ်သက်တမ်းစေ့ရောက်သော်လည်း ငွေတိုက်စာချုပ်ကို ဆက်လက်သက်တမ်းတိုးရန် ဆုံးဖြတ် ထားသူများ အနေဖြင့် သီးခြားနည်းလမ်းဆောင်ရွက်ရန် မလိုအပ်ဘဲ မိမိတို့လက်ဝယ်ရှိ ငွေတိုက်စာချုပ်ကို ဆက်လက်သိမ်းဆည်း ထားရုံမျှဖြင့် သက်တမ်း နှစ်တိုးခြင်းလုပ်ငန်းစဉ် ပြီးမြောက် အောင်မြင်တယ်လို့ဆိုပါတယ်။


၊ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ရန် အစီအစဉ်ရှိသည့် ငွေတိုက်စာချုပ်ပိုင်ရှင်များအနေဖြင့် KPICT ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ Online (email, KPICT Page messenger ) မှဖြစ်စေ ဆက်သွယ် နိုင်ပါကြောင်းနှင့် အသေးစိတ်အစီအစဉ်ကို KPICT ရုံး၏ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာ့မြေပေါ်မှ အကြမ်းဖက်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းပျောက်ကွယ်ရန်ကြိုးပမ်းရာတွင် လိုအပ်သော တော်လှန်ရေးဘဏ္ဍာရန်ပုံငွေအား ဖြည့်ဆည်းနိုင်ရန်  ရည်ရွယ်ရှေးရှုကာ နို၀င်ဘာလ ၂၂ ရက် ၂၀၂၁ခုနှစ် မှစတင်၍ အထူးငွေတိုက်စာချုပ်များအား ပြည်သူလူထုထံသို့ ဖြန့်ဝေရောင်းချခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၅။ မြန်မာ့အရေးကြားနာပွဲအမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ ဦးဆောင်ကာဂျပန် လွှတ်တော်အမတ်များရုံးမှာကျင်းပမယ်


ဇန်နဝါရီ၂၅ရက်


မြန်မာ့အရေးကြားနာပွဲအမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ ဦးဆောင်ကာဂျပန် လွှတ်တော်အမတ်များရုံးမှာကျင်းပမယ်လို့ ဇန်နဝါရီ၂၅ရက် NUG ဂျပန်ကိုယ်စားလှယ်ရုံးကအသိပေးဆိုပါတယ်။


၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ရက်နေ့တွင် ကျရောက်မည့် မအောင်မြင်သော စစ်အာဏာသိမ်းမှု ()နှစ်မြောက်နေ့တွင် လက်ရှိမြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များ၊စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခများ နှင့် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများအား ဂျပန်အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ၊နိုင်ငံတကာ သံတမန်များနှင့် မီဒီယာများအား ရှင်းလင်းတင်ပြနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ ဦးဆောင်ကာ လွှတ်တော်အမတ်များရုံး၌ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။


အဆိုပါကြားနာပွဲသို့ တက်ရောက်ဝန်းရံလိုသူ တစ်ဦးချင်းစီအနေဖြင့် ကိုယ်စားလှယ်ရုံးပုံစံတွင် ဖြည့်သွင်းပြီး စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၆။ စစ်ဘေးရှောင်ပြည်သူများကို  ဆန်နှင့် ငွေသားအချို့ ထောက်ပံ့ကူညီခဲ့


ချင်းပြည်နယ် ပလက်ဝဒေသမှာရှိတဲ့ မြိတ်ဝကျေးရွာအုပ်စု မြိတ်ဝကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေကို ရခိုင်အမျိုးသားအဖွဲ့ချုပ်-ULA က ဆန်နဲ့ ငွေသားအချို့ထောက်ပံ့ခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန် ပါတယ်။


ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ရခိုင်အမျိုးသားအဖွဲချုပ်-ULA က ဆန်နှင့် ငွေသားအချို့ ထောက်ပံ့ကူညီ ပေးခဲ့ တာဖြစ်ပြီး အိမ်ထောင်စုတစုကို ကျပ် သိန်းကျော် (၂၀၆,၅၀၀ ကျပ်) နဲ့ ဆန် ၇၃ ဘူးစီဖြင့် အိမ်ထောင်စု ၁၂၁ စုကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။


ရခိုင်နဲ့ချင်းပြည်နယ်အစပ်မှာရှိတဲ့ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင် ခဲ့ပြီးတဲ့ ဇန်နဝါရီလ ၁၄ ရက်ကစပြီး စစ်တပ်ကင်းစင်တဲ့နယ်မြေဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က ကြေညာထားပြီးဖြစ်ပါတယ်။


ဒါ့အပြင် ရှမ်းမြောက်ဒေသ ၁၀၅ မိုင်အနီးတဝိုက်မှာရှိတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ ခရစ်ယာန်ကျောင်း တွေကို ရခိုင့်တပ်တော် AA က ဆန်၊ ဆီနဲ့ သောက်ရေသန့်အပါအဝင် စားနပ်ရိက္ခာပစ္စည်းအချို့ကို ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ ညီနောင် ဖွဲ့က ထုတ်ပြန်ပါတယ်။  


ရခိုင့်တပ်တော်အနေနဲ့ တိုက်ပွဲရှိရင် နိုင်အောင်တိုက်ပြီး တိုက်ပွဲမရှိရင် ဒေသခံပြည်သူလူထုရဲ့ အရေးအရာ တွေအဆင်ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုနဲ့အတူ လက်တွဲပြီး မိမိတို့လှုပ်ရှားရာစစ်ဒေသများမှာ ပြည်သူလူထုအားကိုးရာ တပ်တော်ဖြစ်အောင် ဆောင်ရွက်နေတယ်လို့လည်း အသိပေးထားပါတယ်။


တစ်ဆက်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးခရိုင်ထဲမှာရှိတဲ့ ပန်ဆိုင်းမြို့နယ်အတွင်းမှာ ဆင်းရဲဒုက္ခရောက်နေတဲ့ အိမ်ထောင်စု ၄ဝဝ ကျော်ကို ဆန်နဲ့ဆီတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်ထားပါတယ်။ 


တရုတ်နှစ်သစ်ကူးအခါသမယမှာ MNDAA အလုပ်အမှုဆောင်အဖွဲ့ဟာ အထူးဒေသ- မုံးကိုးခရိုင် ပန်ဆိုင်းမြို့သို့ ဇန်နဝါရီလ ၂၂ ရက်နေ့က ရောက်ရှိလာပြီး ဒေသခံအရပ်သားများကိုကြည့်ရှုကာ ဆင်းရဲဒုက္ခရောက်နေသူများအတွက် ဆန်နှင့်ဆီများ ထောက်ပံ့ပေးခဲ့ပြီး အမျိုးသားပါတီနဲ့ MNDAA စစ်ရေးကော်မတီရဲ့ နွေးထွေးမှုများကို ပြသခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါအလုပ်အမှုဆောင်အဖွဲ့ဟာ ဒေသတွင်းမှာရှိတဲ့ ရပ်ကွက် ၁၀ ခုက အလွန်ဆင်းရဲသောမိသားစု၊ မသန်စွမ်သောမိသားစုနှင့် ဗမာမိသားစုများ စုစုပေါင်း ဒုက္ခသည်မိသားစု ၄၀၀ ကျော်ကို ဆန်တအိတ်စီနဲ့ စားသုံးဆီတဗူးစီထုတ်ဝေပေးခဲ့တာကြောင့် စုစုပေါင်း ဆန် ၁၀ တန်နဲ့ စားသုံးဆီ ဗူး ၄၀၀ ထောက်ပံ့ပေး ခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ပေါက်တောမြို့ကို AA အလုံးစုံထိန်းချုပ်၊ မြောက်ဦး၊ မင်းပြား ကျော်တော်နှင့်ရသေ့တောင်တွင် တိုက်ပွဲများ ပြင်းထန်နေ


ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ရခိုင့်တပ်တော် AA က အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီလို့ ညီနောင်မဟာမိတ် ဖွဲ့က ဇန်နဝါရီလ ၂၄ ရက်ညမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 


၁၀၂၇ စစ်ဆင်ရေး ရက် ၉ဝ မြောက် တိုက်ပွဲသတင်းများထုတ်ပြန်ရာမှာ ထည့်သွင်းကြေညာလိုက်တာဖြစ်ပါ တယ်။ 


ရခိုင်ဒေသတွင်းမှာရှိတဲ့ ပေါက်တောမြို့ကို ရခိုင့်တပ်တော် AA က အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း၊ တပြိုက်နက်တည်းမှာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြိုနယ်များရှိ လက်နက်ချ အညံ့မခံသော စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ရခိုင့်တပ်တော်တို့ကြား တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်း  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


အဆိုပါထုတ်ပြန်ချက်ထဲမှာ ပေါက်တောမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟုသာဖော်ပြထားပြီး ထိန်းချုပ်နိုင်ခဲ့တဲ့ နေ့ရက်နဲ့ မြို့ကိုသိမ်းယူခဲ့တဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဖော်ပြထားတာ မရှိသေးပါဘူး။


၂ဝ၂၃ ခုနှစ် နိုဝင်ဘာ လလယ်ပိုင်းမှာ ရခိုင့်တပ်တော် AA က ပေါက်တောမြို့နယ်က ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံး တွေကို သိမ်းယူကာ မြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ စစ်သင်္ဘောတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် နီးပါး တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက် ညီနောင် မဟာမိတ် ဖွဲ့က ဇန်နဝါရီလ ၂၄ ရက်ညမှာ ထပ်မံကြေညာလိုက်တာဖြစ်ပါတယ်။ 


တိုက်ပွဲသတင်းများထုတ်ပြန်ရာ ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 


အဆိုပါတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်၊ အဆောက်အအုံနဲ့ ချောင်ကူးတံတားအချို့ ပျက်စီးခဲ့တဲ့အပြင် ရမ်းဗြဲမြို့မရဲစခန်း အနောက်ဘက်မှာရှိတဲ့ ရမ္မာဝတီစျေးဆိုင်တန်းက ဆိုင်ခန်း ခန်း  လက်နက်ကြီး ကျည်ထိမှန်ကာ မီးလောင်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။ 


ထို့အတူ ဘူးသီးတောင်မြို့နယ်မှာလည်း စစ်ကောင်စီရဲ့ စကခ -၁၅ က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် မောင်နှမ ပုလဲ‌တောင်ရွာကြီးက အရွယ်မ‌ရောက်သေးတဲ့ မွတ်ဆလင်ညီအစ်ကို ဦးသေဆုံးကာ ကလေးငယ် ဦးအပါအဝင် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ သာယာဝတီနယ်တွင် ပြည်သူ့စစ်ဖွဲ့ရန် စုဆောင်းနေသော အုပ်ချုပ်ရေးမှူးကို ရှင်းလင်း 


ပဲခူးတိုင်း သာယာဝတီမြို့နယ်အတွင်း စစ်ကောင်စီအလိုကျ ပြည်သူစစ်ဖွဲ့ဖို့ စုဆောင်းနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သာယာဝတီမြိုနယ် ချမ်းသာကုန်းကျေးရွာအုပ်စုက ပျူစောထီးစစ်သင်တန်းဆင်း အုပ်ချုပ်ရေးမှူး လွင်မောင် ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ၎င်းနေထိုင်ရာ သရက်ဖြူကန်ရွာကအိမ်မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ နာရီခွဲ အချိန်မှာ ရှင်းလင်းခဲ့တာလို့ သိရပါတယ်။  

အသက် ၄ဝ အရွယ်ရှိတဲ့ ပျူစောထီးစစ်သင်တန်းဆင်း အုပ်ချုပ်ရေးမှူး လွင်မောင် ဟာ စစ်ကောင်စီအလိုကျ ရပ်ရွာနေ ပြည်သူတွေကို နိုင့်ထက်စီးနင်းပြုလုပ်ပြီး အာဏာပြခြိမ်းခြောက်ကာ ပြည်သူ့စစ်ဖွဲ့ဖို့ စုဆောင်းနေတာကြောင့် ရှင်းလင်းခဲ့တာလို့ သာယာဝတီဂဠုန်တပ်ဖွဲ့က အသိပေးထားပါတယ်။ 

အဆိုပါစစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ က ရဲဘော်များနှင့်အတူ ပူးပေါလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ထောက်တိုင်မှန်သမျှကို တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန် ထားပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီ၏ ကျောက်ထုစခန်းကိုတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်


ဇန်နဝါရီ၂၅ရက်


စစ်ကောင်စီ၏ ကျောက်ထုစခန်းကိုတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။


ပထမဆုံး စခန်းသိမ်းတိုက်ပွဲအဖြစ် ထားဝယ်အရှေတောဒေသရှိ စစ်ကောင်စီ၏ ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့သတင်းရရှိပါတယ်။


ကျောက်ထုစခန်းမှာ ဘန်းချောင်းဒေသတွင် တည်ရှိပြီး စခန်းသိမ်းတိုက်ပွဲကို ပူးပေါင်းစစ်ဆင်ခဲ့တာလို့သိရပါတယ်။


အဆိုပါစစ်စခန်းမှ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိထားတယ်လို့လည်းသိရပါတယ်။


========================


🚩🚩 ၄။ ရွှေဘိုခရိုင်တပ်ရင်းများ ပူးပေါင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော ခမရ ၃၆၁၊ ခလရ၁၅၂ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းမှ ဗိုလ်အဆင့်ရှိသူတစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိပြီး စကစ ၂၇ဦးလည်းဆေးရုံတင်ထားရ


ဇန်နဝါရီ၂၅ရက်


ဇန်နဝါရီ၂၅ရက်မှာ စစ်ရေးနောက်ဆက်တွဲသတင်းကို တန့်ဆည်TRFက အခုလိုအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီ၂၁ ရက်နေ့တွင် ရွှေဘိုခရိုင် အမှတ်(၇၊၈၊၁၀၊၁၆)တပ်ရင်း ပူးပေါင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော ခမရ ၃၆၁၊ ခလရ၁၅၂+ပသစ ပူးပေါင်းစစ်ကြောင်းမှ ဗိုလ်အဆင့်ရှိသူတစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိပြီး မန္တလေးသို့ သယ်ဆောင်သွားပါတယ်"လို့ဆိုပါတယ်။


ထို့အပြင် ထိခိုက်ဒဏ်ရာရသောစကစ ၂၇ဦး ကိုလည်းကန့်ဘလူပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံတို့တွင်တင်ထားကြောင်း သတင်းရရှိထားပါတယ်။


========================


🚩🚩 ၅။ ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်ရန် ကြိုးပမ်းနေစဥ်ရန်သူ၏ အလစ်ချောင်းမြောင်း  တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး မြိတ်ခရိုင်၊ အမှတ်()တပ်ရင်းမှ ရဲဘော် ဦးဦး နှင့် KNDO တပ်ခွဲ()မှ ရဲဘော် ပွန်ညာတို့ ကျဆုံးခဲ့ရ


ဇန်နဝါရီ၂၅ရက်


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့တွင် မြိတ်ခရိုင်၊ အမှတ်()တပ်ရင်း၊ ဒရုန်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)   တပ်ခွဲ() မဟာမိတ်ပူးပေါင်းစစ်ကြောင်းသည် ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။


 ထိုသို့ တိုက်ခိုက်ရန် ကြိုးပမ်းစဉ်  ဒရုန်းတပ်ဖွဲ့သည် ရန်သူ၏ အလစ်ချောင်းမြောင်း  တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး မြိတ်ခရိုင်၊ အမှတ်()တပ်ရင်းမှ ရဲဘော် ဦးဦး နှင့် KNDO တပ်ခွဲ()မှ ရဲဘော် ပွန်ညာ တို့ ကျဆုံးခဲ့ရပါတယ်။


 မြိတ်ခရိုင်၊ အမှတ်()တပ်ရင်းအနေဖြင့် အဆိုပါ ရဲဘော်()ဦးကို ဆုံးရှုံးရခြင်းအတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရတယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၆။ ဝမ်းတွင်းတွင် ပျူစောထီးသင်တန်းတက်ခိုင်းနေသည့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ


မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြိုနယ်မှာ ကျေးရွာလူထုကို ပျူစောထီးသင်တန်း အဓမ္မတက်ခိုင်းနေတဲ့ နဘဲကန်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဝမ်းတွင်းမြို့နယ် နဘဲကန်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကျော်ရှိန်ကို ဇန်နဝါရီလ ၂၄ ရက် မနက် နာရီခွဲခန့်အချိန်မှာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ Wundwin Township Revolution Force က ထုတ်ပြန်ပါ တယ်။

အဆိုပါအုပ်ချုပ်ရေးမှူး တယောက်တည်း ဆိုင်ကယ်မောင်းနေချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကျော်ရှိန် ဟာ ကျေးရွာဒေသခံပြည်သူတွေကို အတင်းအကြပ်ဖိအားပေးပြီး ပျူစောထီးသင်တန်း တက်ခိုင်းခြင်း၊ ကျေးရွာနေပြည်သူလူထုထံကနေ ငွေကြေး အဓမ္မတောင်းခံခြင်း၊ ပြည်သူများစီးပွားရေး ကျပ်နေတည်းနေချိန်မှာ လျှပ်စစ်သွယ်တန်းကြေးများကောက်ခံခြင်းတို့ကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း WTRF က အသိပေးထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment