26th JAN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြို့နယ်တွေက ရရှိနေတဲ့ အခွန်ဘဏ္ဍာတွေကို သုံးစွဲမှု အပိုင်းမှာ ကျစ်ကျစ်လစ်လစ်နဲ့ ဦးစားပေးကဏ္ဍတွေကို သုံးစွဲသွားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ဒုတိယဝန်ကြီး ခူးထဲဘူးတို့တက်ရောက်

📌 ၃။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ

📌 ၄။ မင်းကင်းတွင် ပျူစောထီးတစ်ဦး လက်နက်မဲ့ အလင်းဝင်

📌 ၅။ ဆားလင်းကြီးတွင် ဒေသခံ PDFများ လုံခြုံရေးယူပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ PDF ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း(၅၁၀၁) ကို NUG လက်နက်တပ်ဆင်

🚩 ၂။ စကစရဲ့နမ့်ဖတ်ကာ တပ်စခန်းများမှ လေယာဥ်ပစ်စက်သေနတ်အပါအဝင်ဟောင်ဝစ်ဇာအမြှောက်နှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

🚩 ၃။ ပေါင်းတည်မြို့နယ်အတွင်း ရွာစဉ်လှည့် မီးရှို့ဖျက်ဆီးနေသာ စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်

🚩 ၄။ မုံရွာ -ချောင်းဦး လမ်းပိုင်းတွင် စစ်လက်နက်ပစ္စည်းများသယ်လာသော မှန်လုံကားကိုတိုက်ခိုက်မှု ဦး ဒဏ်ရာရ

🚩 ၅။ မုံရွာ ညောင်ဖြူပင်ရဲစခန်းကို စစ်ကြောင်း () ဖြင့် တိုက်စစ်ဆင်တိုက်ခိုက်ခဲ့ရာ စကစဘက်ကငါးဦးသေ၊ ခုနစ်ဦးထိခိုက်ဒဏ်ရာရ

🚩 ၆။ စစ်အုပ်စု တပ်စွဲထားတဲ့ ပခုက္ကူနည်းပညာတက္ကသိုလ်ဝင်းအတွင်း ဝင်ပစ်ရာ ရဲ၂ဦး သေဆုံးဟုဆို

🚩 ၇။ မြင်းခြံမြို့နယ်တွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ပြီး ပြန်လာသော ရဲ ဦးကိုပစ်ခတ်မှု ဦးစလုံး သေဆုံး

🚩 ၈။ BGF ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်ပိုင်ဦး ရာထူးကဖယ်ရှားခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြို့နယ်တွေက ရရှိနေတဲ့ အခွန်ဘဏ္ဍာတွေကို သုံးစွဲမှု အပိုင်းမှာ ကျစ်ကျစ်လစ်လစ်နဲ့ ဦးစားပေးကဏ္ဍတွေကို သုံးစွဲသွားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇန်နဝါရီလ၂၅ရက်။

ဇန်နဝါရီလ ၂၅ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၄) ကို ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကအခုလိုပြောဆိုထားပါတယ်။


"ကျွန်တော် အစည်းအဝေးတွေမှာ အမြဲပြောသလို ဘဏ္ဍာရေးစီမံခန့်ခွဲမှုက ဒီနှစ်မှာ ပိုမိုအရေးပါလာမှာ ဖြစ်ပါတယ်။ မြို့နယ်တွေက ရရှိနေတဲ့ အခွန်ဘဏ္ဍာတွေ ဖြစ်နိုင်သမျှ တိတိကျကျ မှန်မှန်ကန်ကန် ရရှိနိုင်ဖို့ လိုသလို ပြန်လည်သုံးစွဲမှု အပိုင်းမှာလည်း ကျစ်ကျစ်လစ်လစ်နဲ့ ဦးစားပေး ကဏ္ဍတွေကို သုံးစွဲသွားဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒါကို အသေအချာ အားစိုက် လုပ်ဆောင်ကြဖို့ ထပ်မံ ညွှန်ကြားချင်ပါတယ်။ စစ်ရေးအရှိန်လည်း မြှင့်ကြရမယ်။ အုပ်ချုပ်ရေး ကဏ္ဍကိုလည်း ပိုမို စနစ်တကျဖြစ်အောင် လုပ်ကြရမယ်။ ဘဏ္ဍာငွေတွေကိုလည်း စနစ်တကျ စီမံခန့်ခွဲ ကြဖို့လိုအပ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ဒုတိယဝန်ကြီး ခူးထဲဘူးတို့တက်ရောက်


ဇန်နဝါရီလ ၂၅ ရက်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(/၂၀၂၄)ကို ဇန်နဝါရီလ၂၅ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးတို့တက်ရောက်ကာ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများ၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ


ဇန်နဝါရီလ ၂၅ရက်။

မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ ဇန်နဝါရီလ၂၅ရက် AAPPက လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ အသိပေးဖော်ပြပါတယ်။


ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၉) ဦး ရှိပြီဖြစ်ကာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီးသေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၂) ဦး ရှိပြီဖြစ်ပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၈၉၃) ဦးရှိပြီး ထိုအထဲမှ (၁၉၉၇၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၆၀၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၄။ မင်းကင်းတွင် ပျူစောထီးတစ်ဦး လက်နက်မဲ့ အလင်းဝင်


ဇန်နဝါရီလ၂၅ရက်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) အဖွဲ့ထံကို ပျုစောထီးတစ်ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။


 ဇန်နဝါရီလ ၂၄ ရက်နေ့က မင်းကင်းမြို့နယ်၊ အင်ကြင်းတောင် ပြည်သူ့စစ်စခန်းမှာ တာဝန်ကျနေတဲ့ ပျူစောထီး အဖွဲ့ဝင် ကိုဇင်ကို SRF အဖွဲ့ထံမှာ CDM ပြုလုပ် အလင်းဝင်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


သူက အလင်းဝင်တာက လက်နက်မပါလာဘူး။ ကျွန်တော်တို့ လက်ရှိနေရာနဲ့ အလှမ်းမဝေးပါဘူး။ ခက်ခက်ခဲခဲတော့ ဆက်သွယ်ရတာပါ။ စောင့်ကြည့်နေတဲ့ အနေအထား၊ ဒါပေမဲ့ ချုပ်နှောင်ထားခြင်း၊ ရိုက်နှက်ခြင်းမရှိပါဘူးဟု SRF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo က ပြောပါတယ်။


လုံခြုံစိတ်ချရသော အခြေအနေကို ရောက်လျှင်ကိုဇင်ကို" ကို ၎င်းရဲ့ မိသားစုထံကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ SRF က ဆိုပါတယ်။


အလင်းဝင်ရင်ချင်တော့ ကျွန်တော်တို့နဲ့ ချိတ်ဆက်လို့ရပါတယ်။ အသက်အာမခံပေးပါတယ်။လက်နက်ပါရင် ဆုငွေတွေ ရနိုင်ပါတယ်။ အခုက တစ်ဦးတည်းပါ။ နောက်ထပ် အလင်းဝင်ဖို့ ကြိုးစားနေတာတွေ ရှိနေပါတယ်။ ခက်ခဲနေပါသေးတယ်ဟု SRF တပ်မှူး ကိုစံက MPA သတင်းဌာနကို ဖြေဆိုထားပါတယ်။


 နောက်ထပ်လဲ အလင်းဝင်လာမယ့် စစ်သား၊ ရဲနဲ့ ပျူစောထီး တို့ကို အမြဲလက်ကမ်း ကြိုဆိုနေတယ်လို့ SRF အဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ဆားလင်းကြီးတွင် ဒေသခံ PDFများ လုံခြုံရေးယူပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်


ဇန်နဝါရီလ ၂၅ရက်။ 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ဒေသကာကွယ်ရေး တပ်ဖွဲ့များ လုံခြုံရေး ယူပေးခဲ့တယ်လို့ သိရပါတယ်။


ဇန်နဝါရီလ ၂၅ ရက်‌နေ့မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ သပိတ်လှုပ်ရှားမှုကို ရွှေဗန့်ဂျီ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းမှ ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


 "ပြည်သူလူထုရဲ့ စည်းလုံးမှုနဲ့ ညီညွတ်မှုကို ဘယ်ခွေးမှတားလို့မရစေရ" "လူထုအရေးတော်ပုံ တိုက်ပွဲကြီး မုချအောင်မြင်ရမည်" "အရေးတော်ပုံအောင်ကိုအောင်ရမည်" စတဲ့ စာသားများကို သပိတ်ကော်မတီဝင်တို့ကပြည်သူလူထုထံ လိုက်လံဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီမှ ပြည်သူ့အာဏာကို လုယူခဲ့ခြင်း () နှစ်ပြည့်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူများ သွေးအေးမသွားကြစေရန် တိုက်တွန်းလှုံ့ဆော်တာ ဖြစ်တယ်လို့ ရွှေဗန့်ဂျီ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းက ဆိုပါတယ်။


ယင်းဆန္ဒပြ လှုပ်ရှားမှုကို Royal Tiger Force (RTF) ပြောက်ကျားတပ်ဖွဲ့က လုံခြုံရေးအဖြစ် လိုက်ပါဝန်းရံပေးခဲ့တာ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ PDF ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း(၅၁၀၁) ကို NUG လက်နက်တပ်ဆင်


ဇန်နဝါရီလ ၂၅ရက်။

 အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ရန်ကုန်တိုင်း စစ်ဌာန၊ တပ်ရင်း (၅၁၀၁) အား လက်နက်တပ်ဆင်ခြင်းအခမ်းအနားကို ရှေ့တန်းတနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန် ထားပါတယ်။


လက်နက်တပ်ဆင်ပွဲ ပြုလုပ်တဲ့ နေ့ရက်နဲ့ နေရာဒေသကို ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေမယ့် အခမ်းအနား မှတ်တမ်းဓာတ်ပုံများကို ဖော်ပြခဲ့ရာ လက်နက်ငယ်များနှင့် ၄၀ မမ ဗုံးပစ်လက်နက်တို့ကို PDF ရဲဘော်များထံ ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။


တပ်ရင်း(၅၁၀၁) အား တပ်ဆင်ခဲ့တဲ့ လက်နက်များကို တပ်ရင်း (၅၁၀၁) တပ်ရင်းမှူး ရဲဘော်ဩကာသနှင့် တပ်ခွဲမှူး ရဲဘော်စိုင်းငယ်တို့က လက်ခံရယူပြီး တိုက်ပွဲအတွင်း ရန်သူကို ထူးချွန်စွာ ချေမှုန်းနိုင်ခဲ့တဲ့ စနိုက်ပါတပ်ဖွဲ့နဲ့ စည်းကမ်းရေးရာ စံပြတပ်သား ဆုတို့ကိုပါ ပေးအပ်ချီးမြှင့် ခဲ့တယ်လို့ သိရပါတယ်။


အခမ်းအနားသို့  PDF တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် PDF  တောင်ပိုင်းစစ်ဒေသ၊ အမှတ် () စစ်ဒေသခွဲ၊  ရန်ကုန်တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဒုစစ်ဒေသမှူးရဲဘော်စောရှားက "သုံးနှစ်အတွင်း လက်နက်တပ်ဆင်ထားရှိမှု၊ စစ်ဆင်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်နိုင်မှုတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ရန်သူအား အမြစ်ပြတ်ချေမှုန်းရန်အတွက် ရဲဘော်များအားလုံးညီညွတ်စွာဖြင့် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေရမည်ဖြစ်တယ်လို့" ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ရန်ကုန်တိုင်း စစ်ဌာန စစ်ဆင်ရေး တာဝန်ခံ ရဲဘော်ဒေဝကလည်း စစ်သည်တော်များ လိုက်နာရမယ့် ကျင့်ဝတ်များကို တိကျသေချာစွာ လိုက်နာရန် ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။


 ထို့ပြင် အခုလို လက်နက်တပ်ဆင်ခြင်းဟာ ရန်သူအကြမ်းဖက်စစ်ကောင်စီအား ချေမှုန်းတိုက်ခိုက် ရန်နှင့် ပြည်သူကို ကာကွယ်ရန်ဖြစ်ကြောင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ စကစရဲ့နမ့်ဖတ်ကာ တပ်စခန်းများမှ လေယာဥ်ပစ်စက်သေနတ်အပါအဝင်ဟောင်ဝစ်ဇာအမြှောက်နှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဇန်နဝါရီလ၂၅ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းက စကစရဲ့နမ့်ဖတ်ကာတပ်စခန်းများမှ လေယာဥ်ပစ်စက်သေနတ်အပါအဝင်ဟောင်ဝစ်ဇာအမြှောက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ နာရီ ၃၀ မိနစ်တွင် နမ့်ဖက်ကာရှိ အကြမ်းဖက်တပ်စခန်းများကို KIAက သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။


အဆိုပါ စစ်ဆင်ရေးကို KIAနဲ့ပူးပေါင်းတပ်များကဆင်နွှဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


သိမ်းဆည်းရမိတဲ့အထဲမှာ 122 MM အမြောက် လက်၊  လေယာဥ်ပစ်စက်သေနတ် AA Gun လက်၊ Jammer ရွေ့လျားစက်စတဲ့ စစ်လက်နက်ပစ္စည်းများအမြောက်အများရရှိခဲ့ပါတယ်။


========================


🚩🚩 ၃။ ပေါင်းတည်မြို့နယ်အတွင်း ရွာစဉ်လှည့် မီးရှို့ဖျက်ဆီးနေသာ စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်


ဇန်နဝါရီလ ၂၅ရက်။

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု နတ်ကန်ရွာမှာတပ်စွဲနေတဲ့ အင်အား ၅ဝ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင် တပ်ရင်း ၃၆၀၁ PPDF တပ်ခွဲ ၁နဲ့ တပ်ခွဲ (ဧရာညီနောင်စစ်ကြောင်း) က ရဲဘော်တွေက ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ နာရီခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနခွဲထံမှ သိရပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပေမယ့် အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။ 

စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ခုခံပစ်ခတ်တာတွေရှိခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီလ ၂၃ ရက်နေ့က လက်ပန်ခုံရွာကနေထွက်လာပြီး ညောင်ပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့သလို နတ်ကန်ရွာကိုလည်း တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာလည်း နတ်ရေတွင်းရွာထဲကို လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်ပြီး ရွာကို မီးရှို့ဖျက်ဆီးကာ စခန်းချနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ PPDF က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မုံရွာ -ချောင်းဦး လမ်းပိုင်းတွင် စစ်လက်နက်ပစ္စည်းများသယ်လာသော မှန်လုံကားကိုတိုက်ခိုက်မှု ဦး ဒဏ်ရာရ


ဇန်နဝါရီလ ၂၅ရက်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ Express မှန်လုံကားကို တိုက်ခိုက်ခဲ့ရာ ဦး ဒဏ်ရာရရှိသွားတယ်လို့ Area 71 People Defence Force က ထုတ်ပြန်ပါတယ်။ 

ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန်က တောပုပျူစောထီးရွာက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး စုစုပေါင်း ၂၂ ဦးဟာ တောပုရွာကနေ မုံရွာ- ချောင်းဦး ကားလမ်းပေါ်ကို သေနတ်ပစ်ဖောက်ပြီး စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာတဲ့ Express မှန်လုံကားကို စောင့်ကြိုနေခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ Express မှန်လုံကား ၄လုံတွဲ မိုင်းပွိုင့်ပေါ်တည်တည့်မှာရပ်ပြီး ပစ္စည်းတွေ သယ်ချနေချိန်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက အဝေးထိန်းမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ 

မိုင်းခွဲတိုက်ခိုက်မှုကြောင့် တောပုရွာကထွက်လာတဲ့ စစ်အုပ်စုက ဦး မိုင်းထိမှန်သွားခဲ့တာကြောင့် မုံရွာကနေ ချောင်းဦးဘက်ထွက်လာတဲ့ Light Track ကားတစီးကိုတားပြီး ချောင်းဦးဘက်ကို အမြန်မောင်းနှင်သွားတယ်လို့ အသိပေးထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို Area 71 PDF Monywa က ရဲဘော်တွေနဲ့ Anyar Defence Force PDF က ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ မုံရွာ ညောင်ဖြူပင်ရဲစခန်းကို စစ်ကြောင်း () ဖြင့် တိုက်စစ်ဆင်တိုက်ခိုက်ခဲ့ရာ စကစဘက်ကငါးဦးသေ၊ ခုနစ်ဦးထိခိုက်ဒဏ်ရာရ


ဇန်နဝါရီလ ၂၅ရက်။

ဇန်နဝါရီလ ၂၅ရက်မှာ စစ်ရေးသတင်းကို Monywa Nightking PDFကအတည်ပြုဆိုထားပါတယ်။


"ဇန်နဝါရီ၂၄ရက်နေ့ မနက်(:၀၀) မှစတင်ပြီး  ညောင်ဖြူပင်ရဲစခန်းကို စစ်ကြောင်း () ဖြင့် တိုက်စစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ စခန်းသိမ်းနိုင်ဖို့ကြိုးစား‌နေချိန်တွင် မအူဂိတ် စွမ်းရည်ထက်ဂိတ် တောပုပျူရွာ မှ စစ်ကူဆင်းလာခြင်းဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းတို့နှင့် လက်နက်ခဲယမ်းမပြည့်စုံသဖြင့်ပြန်ဆုတ်ခွာခဲ့တယ်"လို့ဆိုပါတယ်။


ကာကွယ်ရေးတပ်ဘက်မှအထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာလာရပြီး စကစဘက်က ()ဦးသေဆုံးခဲ့ပြီး ()ဦးထိခိုက်ဒဏ်ရာရရှိပါတယ်။


စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း () မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း () အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) မုံရွာခရိုင်တပ်ရင်း () တပ်ခွဲ () Spring Dove PDF မုံရွာခရိုင်တပ်ရင်း () တပ်ခွဲ () 5/ Monywa Commando Force PDF မုံရွာခရိုင်တပ်ရင်း () တပ်ခွဲ () Monywa Nightking PDFအပါအဝင်မဟာမိတ်များစုပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၆။ စစ်အုပ်စု တပ်စွဲထားတဲ့ ပခုက္ကူနည်းပညာတက္ကသိုလ်ဝင်းအတွင်း ဝင်ပစ်ရာ ရဲ၂ဦး သေဆုံးဟုဆို


ဇန်နဝါရီလ ၂၅ရက်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားတဲ့ မကွေးတိုင်း၊ ပခုက္ကူ နည်းပညာ တက္ကသိုလ် ဝင်းအတွင်းကို ဝင်ရောက် ပစ်ခတ်ခဲ့ရာ ရဲ ဦး သေဆုံးသွားခဲ့တယ်လို့  Southern YSO PDF ထံက သိရပါတယ်။


ဇန်နဝါရီလ ၂၅ ရက် နံနက် နာရီ ခန့်က ပခုက္ကူ နည်းပညာ တက္ကသိုလ်ဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဝင်များထဲမှ ရဲတပ်သား ဦး ကျောင်း၀န်းအတွင်းရှိ ရေစင်ကို ရေတင်ရန်လာစဉ် ကြိုတင် စောင့်ဆိုင်း၍ အနီးကပ်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


 သူတို့ကတော့ ဒီတက္ကသိုလ်ထဲမှာ ရှိတဲ့ ကျောင်း‌ဆောင်ထဲမှာပဲ နေတာပါ။ကျောင်းကလည်း ၁မိုင်ကျော် ပတ်လည်လောက်ကျယ်တယ်။ အခုကလည်း မီးလာတုန်း ရေတင်လာတာ။ ပုံမှန်လိုပဲ သေနတ်မပါဘဲ ဆိုင်ကယ်နဲ့ လာတာပေါ့။ အဲအချိန် အချိန်ကိုက် တိုက်ခိုက်ခဲ့တာပါလို့ Southern YSO PDF တာ၀န်ခံ ရဲဘော် အောင်မောင်း က MPA သတင်းဌာနကို ဖြေဆိုထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF အဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ပခုက္ကူ နည်းပညာ တက္ကသိုလ် အတွင်းမှာ စစ်ကောင်စီ လက်ဝေခံ ရဲနှင့် ပျူစောထီး အင်အား ၅၀ နီးပါးရှိပြီး ကျောင်း၀င်းအတွင်းရှိ ကျောင်းဆောင်များမှာ ဖြန့်၍ ကင်းပုန်း ချထားလေ့‌ရှိကြောင်း သိရပါတယ်။


========================


🚩🚩 ၇။ မြင်းခြံမြို့နယ်တွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ပြီး ပြန်လာသော ရဲ ဦးကိုပစ်ခတ်မှု ဦးစလုံး သေဆုံး


ဇန်နဝါရီလ ၂၅ရက်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းက ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ ရဲတပ်ဖွဲ့ ဝင် ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးစလုံး သေဆုံးသွားတယ်လို့ မြင်းခြံ- နဂါးနီးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

မြင်းခြံမြို့နယ် မင်းနေကုန်းရဲစခန်းက ရဲတပ်ဖွဲ့ဝင် ဦးဟာ မြင်းခြံ-မြို့သာလမ်းပေါ်မှာ ခရီးသွားတွေဆီကနေ ဆက်ကြေးကောက်ပြီး ရဲစခန်းကို ပြန်လာချိန် ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဆိုပါ ရဲတပ်ဖွဲ့ဝင် ဦးဟာ မန္တလေး- မြင်းခြံလမ်းပိုင်းမှာရှိတဲ့ နဘူးအိုင်ရွာက ဘီယာဆိုင်မှာ ဘီယာသောက်ခဲ့ပြီး ဆိုင်ကယ်တစီးနဲ့ ရဲစခန်းကို ပြန်လာတာလို့လည်း ပြောပါတယ်။ 

သေဆုံးသွားသူတွေဟာ မင်းနေကုန်းရဲစခန်းက ဒုရဲအုပ်ကျော်ကျော်ဆန်းနဲ့ အခြားအဆင့် ရဲ ဦးဖြစ်တယ်လို့ သိရပါတယ်။ 

ပစ်ခတ်တိုက်ခိုက်နေစဉ်အတွင်း ပစ်ကွင်းထဲကို အရပ်သားတဦး ရုတ်တရက်ဝင်လာတဲ့အတွက် ကျည်ထိမှန်ခဲ့ တာကိုတော့ စိတ်မကောင်းဖြစ်ရတယ်လို့ အသိပေးထားပါတယ်။ 

 မိဘပြည်သူများအနေနှင့် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်တဲ့နေရာများ၊ ၎င်းတို့နှင့်အတူ လိုက်ပါခြင်းမျိုးကို ရှောင်ရှားကြဖို့ နှိုးဆော်ထားပြီး လိုက်နာမှုမရှိတာကြောင့် ဖြစ်ပေါ်လာတဲ့ကိစ္စတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ မြင်းခြံ- နဂါးနီးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ BGF ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်ပိုင်ဦး ရာထူးကဖယ်ရှားခံရ


ဇန်နဝါရီလ ၂၅ရက်။

နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်ပိုင်ဦးကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အပေါ် စည်းရုံးမှုမလုပ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရာထူးကနေ ဖယ်ရှားခဲ့တယ်လို့ ကရင်သတင်းဌာန (KIC) က ဖော်ပြပါတယ်။


ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်ကောင်စီထံကနေ လစာနဲ့ ရိက္ခာ မယူတော့ဘဲ သီးခြားရပ်တည်ဖို့ တင်ပြထားတဲ့အပေါ် စစ်ကောင်စီဘက်က BGF ထိပ်ပိုင်းအရာရှိတွေနဲ့ ဆက်သွယ်ညှိုနှိုင်းမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စစ်ကောင်စီပြန်ကြာရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ ဗိုလ်ချုပ်သက်ပိုင်ဦးတို့က BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ နေထိုင်ရာ လှိုင်းဘွဲ့မြို့နယ် ကြာအင်းရွာကို လာရောက်တွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို့ KIC က ဖော်ပြပါတယ်။


ကရင်နယ်ခြားစောင့်တပ် BGF မှာ တပ်နယ် လေးနယ်နဲ့ တပ်ရင်း ၁၃ ရင်းရှိပြီး တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင် ၅၅၆ ဦးနဲ့ တင်းပြည့်ကျပ်ပြည့် အင်အားရှိတယ်လို့ BGF နဲ့နီးစပ်သူတွေက ပြောပါတယ်။


အဲဒီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးက လစာနဲ့ စားနပ်ရက္ခာ လစဉ်ပေးထားတာပါ။ အခြေစိုက်တပ်နယ်တွေအဖြစ် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ အခြေစိုက်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment