26th JAN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတဒူဝါလရှီးလ လက်မှတ်ရေးထိုး၍ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တရားဝင်သတ်မှတ်ထားသော "ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ၏ တရားရုံးချုပ်က ဥပဒေချိုးဖောက်၍ လေလံတင်

📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တောင်ကိုရီးယားနိုင်ငံရောက် တော်လှန်ရေးအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲကျင်းပမည်

📌 ၃။ ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်းကြား လက်နက်နှင့်မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းသည့်နည်းဖြင့် ဖြေရှင်းရန် CCM တိုက်တွန်း

📌 ၄။ မော်လိုက်မြို့နယ်ရှိ ရက်ရှည် စစ်ဘေးရှောင် ပြည်သူများအတွက် အဟာရဒါနကျွေးမွေး


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်တပ်က ရမ်းဗြဲမြို့ တမြို့လုံးပျက်စီးစေလိုသည့်ရည်ရွယ်ချက်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေဟု ညီနောင် ဖွဲ့ ပြော

🚩 ၂။ မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ် မှုကြောင့် ပြည်သူ ()ဦးသေဆုံးပြီး () ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များပျက်စီးခဲ့ရ

🚩 ၃။ ဆီဆိုင်မြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က ပေါင် ၅ဝဝ ဗုံးအပါအဝင် ဗုံးအလုံး ၁ဝဝ ကျော်ကြဲချဟု PNLA အသိပေး

🚩 ၄။ တနင်္သာရီမြို့နယ်  လေသာတောင် ဆက်သွယ်ရေးစခန်းကြီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြောက်ကျားတိုက်ခိုက်

🚩 ၅။ ကြို့ပင်ကောက်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၂ဦး သေဆုံး ဦးဒဏ်ရာရ

🚩 ၆။ ဇန်နဝါရီလအတွင်းCDM ဝင်လာတဲ့ စစ်သား/ရဲ မိသားစု များကို ကြိုဆိုထောက်ပံ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတဒူဝါလရှီးလ လက်မှတ်ရေးထိုး၍ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တရားဝင်သတ်မှတ်ထားသော "ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ၏ တရားရုံးချုပ်က ဥပဒေချိုးဖောက်၍ လေလံတင်


ဇန်နဝါရီ၂၆ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတဒူဝါလရှီးလ လက်မှတ်ရေးထိုး၍ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တရားဝင်သတ်မှတ်ထားသော "ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ၏ တရားရုံးချုပ်က ဥပဒေချိုးဖောက်၍ လေလံတင်လိုက်ပါတယ်။


ရန်ကုန်မြို့၊ ကမာရွတ်ခရိုင်တရားရုံးက ဇန်နဝါရီ၂၅ရက်နေ့ အမိန့်ချလိုက်တာလို့ သိရပြီး၊၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်မှာ နေအိမ်ရှေ့မှာလေလံတင်ရောင်းချမှုကို ပြုလုပ်မှာဖြစ်တယ်လို့ကြေညာပါတယ်။


"ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်နေအိမ်ကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ သန်း ၉၀ ဖြင့် လေလံတင်ရောင်းချရန် စကစ၏ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။NUG သမ္မတDuwaLashiLa မှ လက်မှတ်ရေးထိုးထားသော ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တရားဝင်သတ်မှတ်ထားသော"လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကTwitterမှာရေးသားဆိုထားပါတယ်။


အဆိုပါလေလံပစ်မည့်အကြောင်းအရာမှာ ဥပဒေနဲ့မညီကြောင်းကိုလည်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကဆိုရှယ်မီဒီယာမှာယခုလိုသုံးသပ်ပြောထားပါတယ်။


"မရွှေ့မပြောင်းနိူင်တဲ့ပစ္စည်းကိုလေလံပစ်ရင်ပထမနှစ်ဘက်အမှုသည်တွေကိုအသိပေးတဲ့စာထုတ်ရမယ်။အမှုသည်ကလွှဲအပ်ထားသူကိုလည်းအသိပေးနိူင်တယ်။အတည်ဖြစ်မဖြစ်ကိုကြည့်ရမယ်။ အတည်ဖြစ်တယ်ဆိုရင်နှစ်ဘက်ကိုပစ္စည်းတန်ဘိုးကြမ်းခင်းစျေးတင်ခိုင်းရမယ်။တင်ခြင်တိုင်းတင်မရ။အနီးဆုံးပစ္စည်းရဲ့တန်ဘိူးယှဉ်တင်ပြရမယ်နှစ်ဘက်စလုံးမှာတန်ဘိူးအပေါ်ကန့်ကွက်ခွင့်ရှိတယ်။အဲဒီအခွင့်ရေးတွေကိုနှစ်ဘက်စလုံးအနေနဲ့ဉပဒေပါအခွင့်အရေးတွေရကိုရရမယ်။မကြေနပ်သူကအယူခံပြင်ဆင်တွေတင်ခွင့်ရရမယ်။                   နောက်ဆုံးမှာမှဘယ်လိုမှအဆင်မပြေမှတရားရုံးကဉပဒေနဲ့အညီဝင်စွက်ပြီးကြမ်းခင်းစျေးကိုသတ်မှတ်ရမယ်။.ဒေါ်အောင်ဆန်းစုကြည်တို့အမွေမှုကိစ္စလေလံအဆင့်မှာဉပဒေနဲ့အညီရခဲ့တာမဖြစ်ဘို့များပါတယ်။ဘာ့ကြောင့်လည်းဆိုတော့သူ့ရှေ့နေကိုသူနဲ့တွေ့ခွင့်ပေးတယ်မကြားမိပါ။သူလည်းရုံးကိုလာခွင့်ရတယ်လို့မကြားမိလို့ပါ"လို့ဆိုထားပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တောင်ကိုရီးယားနိုင်ငံရောက် တော်လှန်ရေးအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲကျင်းပမည်


ဇန်နဝါရီ၂၆ရက်


၁၁၂ကြိမ်မြောက် အသံမတိတ် အလံမလိပ် ဘူဆန်သပိတ်အပြီးမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပမှာဖြစ်တယ်လို့ MFDMCထောက်ပို့တပ်ကအသိပေးပါတယ်။


နွေဦးတော်လှန်ရေး ၃နှစ်တာ ခရီးမှသည် အာဏာရှင်ထွက်သက် နောက်ဆုံးနေ့အထိ မြေပြင်ရဲဘော်များနှင့်အတူ ရပ်တည်နေသည့် အသံမတိတ် အလံမလိပ် ဘူဆန်သပိတ်ကို တောင်ကိုရီးယားအရပ်ဖက်အဖွဲ့အစည်းများကွန်ယက်ဖြစ်သော Busan Network MFDMCထောက်ပို့တပ်နှင့် ကိုရီးယားနိုင်ငံတဝှမ်းမှ တော်လှန်ရေးအင်အားစုများ၏ စုပေါင်းအင်အားဖြင့်ဖေဖော်ဝါရီ၄ရက်(တနင်္ဂနွေ)နေ့ မွန်းတည့်၁၂နာရီအချိန်တွင် ဘူဆန်ဘူတာရှေ့တွင် ကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။


တောင်ကိုရီးယားမှတော်လှန်ရဲဘော်များ လာရောက်ပူးပေါင်းပေးပါရန် ဖိတ်ကြားအပ်ထားပြီးဆန္ဒထုတ်ဖော်ပွဲအပြီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တောင်ကိုရီးယားနိုင်ငံရောက် တော်လှန်ရေးအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်သွားမယ်လို့သိရပါတယ်။


========================


📌📌 ၃။ ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်းကြား လက်နက်နှင့်မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းသည့်နည်းဖြင့် ဖြေရှင်းရန် CCM တိုက်တွန်း


ချင်းပြည်နယ်အတွင်းမှာရှိတဲ့ ချင်းတော်လှန်ရေး တပ်ဖွဲ့ အချင်းချင်းကြား ဖြစ်နေတဲ့ပြသနာကို လက်နက်နဲ့ မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းကြဖို့ ချင်းလူထုလှုပ်ရှားမှု Chin Civic Movement က ဇန်နဝါရီ ၂၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ 


ဇန်နဝါရီလ ၂၄ ရက်နေ့က မရာဒေသမှာရှိတဲ့ လိုင်လင်ပီးမြို့ မိုင်ကျေးရွာနဲ့ အာရူလမ်းခွဲကြားမှာ ချင်းတော်လှန် ရေး အင်အားစုတွေကြား ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး ချင်းလူထုလှုပ်ရှားမှု Chin Civic Movement က မေတ္တာ ရပ်ခံလိုက်တာလည်းဖြစ်ပါတယ်။ 


ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်ပီးမြို့မှာ ချင်းတော်လှန်ရေးအဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် တော်လှန်ရေး ရဲဘော်တွေ အသက်ဆုံးရှုံးခဲ့ရတာရှိခဲ့တယ်လို့ ပြောပါတယ်။ 


အဆိုပါပစ်ခတ်မှုမှာ ချင်းအမျိုးသားတပ်မတော် CAN ဘက်က တပ်ကြပ်ကြီးတဦးနဲ့ CDF Mara ဘက်က ရဲဘော် တဦးကျဆုံးပြီး ဒုတပ်ခွဲမှူးတဦး ဒဏ်ရာရခဲ့တဲ့အပြင် CDF Mara ဗျူဟာမှူးအပါအဝင် ရဲဘော် ဦး ဖမ်းဆီးခံထား တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။  

အဆိုပါဖြစ်ရပ်ကို အမြန်ဆုံးရပ်တန့်နိုင်ရေးနဲ့ ဆွေးနွေးတဲ့နည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ချင်းတော်လှန်ရေး အဖွဲ့တွေအနေနဲ့ ညီနောင်ရင်းခြာစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီညှိနှိုင်းပေးကြဖို့ အရေးတကြီးလိုအပ်နေတယ်လို့ အသိပေးထားပါတယ်။ 


ချင်းတော်လှန်ရေး အစုအဖွဲ့တွေကြား စစ်ရေးနဲ့ နိုင်ငံရေးပဋိပက္ခဆီကို ဦးတည်စေနိုင်တဲ့ အခြေအနေတွေကို စိုးရိမ်တဲ့အတွက် လူထုပါဝင်တဲ့ သဘောထားကောက်ယူချက်ကိုလည်း သက်ဆိုင်ရာချင်းတော်လှန်ရေး အစုအဖွဲ့ တွေဆီ ဇန်နဝါရီလ ၁၉ ရက်မှာ ပေးပို့ထားပြီးဖြစ်တယ်လို့ လူထုလှုပ်ရှားမှု Chin Civic Movement က ထုတ်ပြန် ထားပါတယ်။


========================


📌📌 ၄။ မော်လိုက်မြို့နယ်ရှိ ရက်ရှည် စစ်ဘေးရှောင် ပြည်သူများအတွက် အဟာရဒါနကျွေးမွေး


ဇန်နဝါရီ၂၆


စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ ရက်ရှည် စစ်ဘေးရှောင် ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန နှင့် အလှူရှင်တစ်ဦးတို့၏ လှူဒါန်းကူညီမှုဖြင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဟာရဒါနကုသိုလ်ပြုလုပ်ဆောင်ရွက်ခဲ့ကြတယ်လို့ဇန်နဝါရီ၂၅ရက်မှာ မော်လိုက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဖော်ပြပါတယ်။


ထို့ပြင် ၂၂ရက်နေ့တွင် မော်လိုက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကျေးရွာတစ်ရွာရှိ ပြည်သူ(၅၅)ဦးအား လေကြောင်း၊ မိုင်း၊ လက်နက်ကြီး အန္တာရယ်များကို စစ်ပွဲကာလအတွင်းကြိုတင်ပြင်ဆင်ရှောင်ရှားနိုင်ရေး အသေးစိတ် သင်တန်းကို ဆင့်ပွားပို့ချနိုင်ခဲ့ပြီး အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ စစ်တပ်က ရမ်းဗြဲမြို့ တမြို့လုံးပျက်စီးစေလိုသည့်ရည်ရွယ်ချက်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေဟု ညီနောင် ဖွဲ့ ပြော


အကြမ်းဖက်စစ်ကောင်စီဟာ ရမ်းဗြဲမြို့ တမြို့လုံးပျက်စီးစေလိုတဲ့ရည်ရွယ်ချက်နဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ပြောပါတယ်။ 

ရခိုင်ပြည်နယ်ထဲက ရမ်းဗြဲမြို့မှာ မြေပြင်တိုက်ပွဲ ကြီးကြီးမားမားမရှိပေမယ့် အောက်တန်းကျယုတ်မာတဲ့ စစ်ကောင်စီက Y-12 လေယာဉ်တွေနဲ့ ရမ်းဗြဲမြို့တွင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချမှုများ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ 

အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ရမ်းဗြဲမြို့ကို အဓိကထားပြုလုပ်ခဲ့တာကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ တယ်လို့လည်း အသိပေးထားပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ပေါက်တောမြို့တမြို့လုံးနီးပါးပျက်စီး အောင် ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုမျိုးဖြင့် ပြုလုပ်ခဲ့တဲ့နည်းတူ ရမ်းဗြဲမြိုကိုလည်း ပြုလုပ်လိုပုံပေါက်နေတယ်လို့ ညီနောင် ဖွဲ့က ပြောပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ၉၁ ရက်မြောက် ရောက်ရှိလာတဲ့အထိ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဦးတည် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေက အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုနဲ့ နေအိမ်အဆောက် အအုံပျက်စီးမှုတွေဟာလည်း ယခင်ရက်တွေအတိုင်း ဆက်ရှိနေတယ်လို့ ဆိုပါတယ်။  

စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေထိခိုက်အောင် အခုလိုတိုက်ခိုက်နေပေမယ့် ညီနောင်မဟာမိတ်တပ်တွေအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ မပျက်စီးအောင် မြို့တွင်းတိုက်ပွဲတွေကို အတက်နိုင်ဆုံးရှောင်ရှားပြီး တိုက်ပွဲ ဝင်နေတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းတွေနဲ့ စစ်ရေယာဉ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ်မှာ ဇန်နဝါရီလ ၂ဝရက်ကနေ ၂၅ ရက်နေ့အတွင်း အရပ်သားပြည်သူ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၂။ မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ် မှုကြောင့် ပြည်သူ ()ဦးသေဆုံးပြီး () ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များပျက်စီးခဲ့ရ


ဇန်နဝါရီလ (၂၆) ရက်


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ() ခလယ်လွီထူ ခရိုင်၊ မူးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ (၁၁း၃၀) အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် ကွင်းချောင်းဝမှနေ၍ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ရာ ဥသျှစ်ကုန်းရွာတွင်းသို့ နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဥသျှစ်ကုန်းရွာသား () စောဇော်ဌေး (၄၇) နှစ် နောက်စေ့ထိမှန်ဒဏ်ရာ နှင့် () နော်ကူး (၄၈) နှစ် ညာပေါင်အနောက်ဖက် လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဇန်နဝါရီ၂၆ရက်ကေအဲန်ယူဗဟိုကဖြစ်စဥ်ကိုအသိပေးဆိုပါတယ်။


ထို့နောက် ဇန်နဝါရီလ ၂၄ ရက်နေ့၌ ကညွတ်ကွင်းအခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ (၄၃၉) မှ လက်နက်ကြီးများကိုပစ်ခတ်ခဲ့ရာ နတ်သံကွင်းမြို့ထဲသို့ ကျရောက် ပြီး နေအိမ်များ မီးလောင်ခဲ့ရသည့်အပြင် နံနက် ၁၀း၃၀ တွင် ()ကြိမ်၊ ၁၀း၃၅ တွင် ()ကြိမ်၊ ၁၀း၄၅ တွင် () ကြိမ် စုစုပေါင်း () ကြိမ် ထပ်မံပစ်ခတ်ခဲ့ရာ ရေတွင်းကုန်းကျေးရွာတွင်းသို့ လက်နက်ကြီး () လုံး ကျရောက် ပေါက်ကွဲခဲ့ သောကြောင့် ထွနီကုန်းရွာသား စောထက်လင်း (၃၂) နှစ်သေဆုံးခဲ့ပြီး ရေတွင်းကုန်းရွာသား စောပိုးပိုး (၅၀) နှစ် စိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


🚩🚩 ၃။ ဆီဆိုင်မြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က ပေါင် ၅ဝဝ ဗုံးအပါအဝင် ဗုံးအလုံး ၁ဝဝ ကျော်ကြဲချဟု PNLA အသိပေး


ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်က   ပေါင် ၅ဝဝ ဗုံး အပါအဝင် ဗုံး အလုံးပေါင်း ၁ဝဝ ကျော် ကြဲချခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဇန်နဝါရီလ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။ 


ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီက မိမိတို့ပအိုဝ်းဒေသတွင်းရှိ ဆီဆိုင်မြို့နဲ့ ကျေးရွာ ရွာကို ဂျက်ဖိုက်တာနဲ့ Y12 လေယာဉ်တွေက အကြိမ် ၂၀ နီးပါးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံးပေါင်း ၁၀၀ ကျော် ကြဲချခဲ့တယ် လို့ ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် ပအိုဝ်းပြည်သူများရဲ့ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့ တယ်လို့လည်း အသိပေးထားပါတယ်။ 

ဆီဆိုင်မြို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို PNLA နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။ 


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA အနေနဲ့ ပအိုဝ်းဒေသအတွင်းက မိဘပြည်သူများရဲ့ အိုးအိမ်စည်းစိမ် များကို ပုံစံမျိုးစုံနဲ့ ဖျက်ဆီးနေသူတွေကို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန်အရေးယူမှာဖြစ်ပြီး လုံခြုံမှုအားနည်းနေတဲ့ ပအိုဝ်းဒေသမှာ လူဆိုး သူခိုး ဓားပြရန်ကနေကာကွယ်ဖို့ လုံခြုံရေးလှုပ်ရှားမှုတွေ လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ တနင်္သာရီမြို့နယ်  လေသာတောင် ဆက်သွယ်ရေးစခန်းကြီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြောက်ကျားတိုက်ခိုက်


ဇန်နဝါရီ ၂၆၊


တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီမြို့နယ် (ပကဖ)၊တနင်္သာရီပူးပေါင်းစစ်ကြောင်း()တို့ ပူးပေါင်း၍ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု၊ထိုးဒါကြီးရှိ(ဒေသခေါ်) လေသာတောင် ဆက်သွယ်ရေးစခန်းကြီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဇန်နဝါရီ(၂၅)ရက်၊ညနေ (:)မိနစ်အချိန်တွင် ပြောက်ကျားစနစ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်လို့ဇန်နဝါရီ၂၆ရက်စစ်ရေးသတင်းကို တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (လုံခြုံရေး)ကအသိပေးဆိုပါတယ်။ ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား()ဦးသေ()ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၅။ ကြို့ပင်ကောက်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၂ဦး သေဆုံး ဦးဒဏ်ရာရ


ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ကြို့ပင်ကောက်မြို့ ဘောလုံးကွင်းထိပ် ရန်ကုန်- ပြည် ကားလမ်းဘေးက စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားတဲ့ လုံခြုံ ရေးဂိတ်ကို ဇန်နဝါရီလ ၂၅ ရက် မွန်းလွဲပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာပြန်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံလိုက်ရပြီးနောက် မြို့အဝင်အထွက်နေရာများ၊ မြို့ပေါ် ရပ်ကွက်နဲ့နီးတဲ့ ရွာတွေကို ညနေပိုင်းနဲ့ ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမှုတွေလုပ်ခဲ့သလို ကြို့ပင်ကောက်နှင့်နီးစပ်တဲ့ အုတ်ဖိုမြို့နယ်မှာ အစစ်အဆေးကြမ်းနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဇန်နဝါရီလအတွင်းCDM ဝင်လာတဲ့ စစ်သား/ရဲ မိသားစု များကို ကြိုဆိုထောက်ပံ့


ဇန်နဝါရီ၂၆


"ဇန်နဝါရီလအတွင်း CDM ဝင်လာသည့် ဗိုလ်ကြီး () ဦး၊ တပ်ကြပ်ကြီး/စာရေး မိသားစု () စု၊ တပ်သား () ဦး၊ ဒုရဲအုပ် မိသားစု () စု တို့ကို လွတ်မြောက်နယ်မြေတနေရာတွင် ကြိုဆိုနေရာချထားပေးခဲ့ပြီး အခြေခံရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ယခင်ရောက်ရှိနေထိုင်နေပြီးသူများကိုလည်း လစဉ် ရိက္ခာထောက်ပံ့မှုများ ပေးအပ်ခဲ့တယ်"လို့ဇန်နဝါရီ၂၆ရက်မှာ ပြည်သူ့ပန်းတိုင်အဖွဲ့ကအသိပေးဆိုပါတယ်။


စစ်ကောင်စီတပ်ကို စွန့်ခွာလိုသည့် တပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ချိတ်ဆက်နိုင်သလို၊ ပြည်သူ့ပန်းတိုင် တယ်လီဂရမ်ချန်နယ် https://t.me/PeopleGoal သို့မဟုတ် ဗိုက်ဘာ +66 94 652 9985 သို့လည်း ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်းသိရပါတယ်။


ပြည်သူ့ပန်းတိုင်အဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘက်ပြောင်းမှုကို အတတ်နိုင်ဆုံးကူညီပေးသော မူဝါဒနှင့်အညီ ၎င်းတို့၏ အခြေခံရိက္ခာ၊ ကျန်းမာရေး၊ နေထိုင်ရေး၊ လုံခြုံနေရာများသို့ ရွှေ့ပြောင်းရေး၊ ပြန်လည်ထူထောင်ရေးတို့အတွက် လစဉ် အတတ်နိုင်ဆုံး ထောက်ပံ့ကူညီနေလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment