29th JAN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဦးကိုနီနှင့် ကိုနေဝင်းတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ရာမှာ ကြံရာပါတဦးဖြစ်သူတဦး ယနေ့အချိန်အထိ လွတ်မြောက်နေခြင်းဟာ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်အတွင်း လွန်စွာအရုပ်ဆိုးအကျည်းတန်သည့်ဖြစ်ရပ်တခုလို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်

📌 ၂။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ NUGဝန်ကြီးများနဲ့လူထုတွေ့ဆုံပွဲ လူဦးရေတစ်ရာဝန်းကျင်တက်ရောက်

📌 ၃။ အကြမ်းဖက်စစ်တပ်က စစ်ရေးနဲ့ မသက်ဆိုင်တဲ့ လူနေကျေးရွာတွေကို ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက် အကြမ်းဖက်နေတာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ် အခြေအနေ ဖြစ်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးသုံးသပ်ပြောကြား

📌 ၄။ မြန်မာနိူင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းရှင်၆၄ဦးကို အမျိုးသားညီညွတ်ရေးအစိုးရက အမည်ပျက်စာရင်းသတ်မှတ်ကြေညာ

📌 ၅။ တက်ကြွစွာသင်ယူခြင်း ဝေဖန်ပိုင်းခြားစဉ်းစားခြင်း နည်းပြသင်တန်း (RWCT-TOT) သင်တန်းကိုမွန်အမျိုးသားပညာရေးကော်မတီ၏စီစဥ်မှုဖြင့်ဆယ်ရက်တာကျင်းပ


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ကူတော်ရွာရှိ စစ်ကောင်စီ အထိုင် စခန်းအား ကာကွယ်ရေးတပ်များဝင်တိုက်ရာ စကစဘက်ကလေးဦးသေဆုံး

🚩 ၂။ ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ခမရ (၃၈၀) တပ်ရင်းအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့

🚩 ၃။ ပခုက္ကူ-ရေစကြိုကားလမ်းပေါ်တွင် ပခုက္ကူမှ စစ်ကူလာသောစကစကားကို ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်

🚩 ၄။ အလံဖြူထောင်ခြင်း၊ လက်နက်ချအညံ့ခံခြင်းတို့ကြောင့် အသက်ချမ်းသာရာရသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်စစ်ဆင်ရေး() လတာအတွင်း (၆၀၀၀) ကျော်မကရှိခဲ့ပြီလို့ ညီနောင်သုံးဖွဲ့ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဦးကိုနီနှင့် ကိုနေဝင်းတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ရာမှာ ကြံရာပါတဦးဖြစ်သူတဦး ယနေ့အချိန်အထိ လွတ်မြောက်နေခြင်းဟာ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်အတွင်း လွန်စွာအရုပ်ဆိုးအကျည်းတန်သည့်ဖြစ်ရပ်တခုလို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်


ဇန်နဝါရီ ၂၉ရက်


ဦးကိုနီနှင့် ကိုနေဝင်းတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ရာမှာ ကြံရာပါတဦးဖြစ်သူတဦး ယနေ့အချိန်အထိ လွတ်မြောက်နေခြင်းဟာ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်အတွင်း လွန်စွာအရုပ်ဆိုးအကျည်းတန်သည့်ဖြစ်ရပ်တခုလို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်။


ဇန်နဝါရီ၂၉ရက်မွန်းလွဲပိုင်းအချိန် အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။


ယနေ့သည် ဦးကိုနီနှင့် ကိုနေဝင်းတို့  လုပ်ကြံသတ်ဖြတ်ခံရ၍ ကျဆုံးခဲ့ကြရသည်မှာ  () နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပါတယ်။ဥပဒေပညာရှင်တဦးဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေရှုထောင့်မှနေ၍ အပြင်းအထန် ဝေဖန် ထောက်ပြခဲ့သူတစ်ဦးဖြစ်သူ ဦးကိုနီသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ နာရီ ၁၀ မိနစ်အချိန်တွင်  လူစည်ကားရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်ဂိတ် စင်္ကြံနေရာ၌ သေနတ်ဖြင့်ပစ်ခတ်၍ လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းနှင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကြံရာပါတဦးဖြစ်သူတဦး ယနေ့အချိန်အထိ လွတ်မြောက်နေခြင်းတို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်အတွင်း လွန်စွာအရုပ်ဆိုးအကျည်းတန်သည့်ဖြစ်ရပ်တခုဖြစ်သကဲ့သို့ စစ်အာဏာရှင်စနစ်အောက် ပြည်သူလူထု၏ မလုံခြုံမှု၊ မငြိမ်းချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုမရှိမှုတို့ကို ဖော်ညွှန်းနေသော ဖြစ်ရပ်တစ်ခုအဖြစ်လည်း ရှိနေခဲ့တယ်လို့ဆိုပါတယ်။


 ထိုကဲ့သို့သော ဖြစ်ရပ်မျိုး မြန်မာနိုင်ငံ၏ နောင်အနာဂတ်တွင် ထပ်မံပေါ်ပေါက်ခြင်းမရှိစေရန်အတွက် အကြမ်းဖက်စစ်တပ်နှင့် အတူ လက်နက်အားကိုးအနိုင့်ကျင့်လိုသည့်အကျင့်ဆိုးကို သည်နွေဦးတော်လှန်ရေးတွင် အမြစ်ဖြတ်ပစ်နိုင်ရေးအတွက် အမြဲမပြတ်သတိချပ် အားထုတ်ကြသင့်ကြောင်း ကျဆုံးလေပြီးသော ဦးကိုနီနှင့် ကိုနေဝင်းတို့ကို အောက်မေ့သတိရလျက် တိုက်တွန်းအပ်ပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။


========================


📌📌 ၂။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ NUGဝန်ကြီးများနဲ့လူထုတွေ့ဆုံပွဲ လူဦးရေတစ်ရာဝန်းကျင်တက်ရောက်


ဇန်နဝါရီ၂၉ရက်


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ NUGဝန်ကြီးများနဲ့လူထုတွေ့ဆုံပွဲ လူဦးရေတစ်ရာဝန်းကျင်တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ဇန်နဝါရီ ၂၈ ရက် ဒေသစံတော်ချိန် ညနေပိုင်းမှာ မြို့တော်ဝါရှင်တန်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ လူထုတွေ့ဆုံပွဲကို ကျင်းပခဲ့ပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ  CRPH ဥက္ကဠ ဦးအောင်ကြည်ညွန့်၊NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ဆက်သွယ်ရေး သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီးဦးထင်လင်းအောင်၊သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့တက်ရောက်ခဲ့ပါတယ်။


တွေ့ဆုံပွဲမှာCRPH ဥက္ကဠ ဦးအောင်ကြည်ညွန့်နှင့် NUGနိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့က တော်လှန်ရေးအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။


လူထုတွေ့ဆုံပွဲ လူဦးရေတစ်ရာဝန်းကျင်တက်ရောက်ခဲ့ကြပြီးရှင်လင်းပြောကြားမှုများကိုလူထုကအားရကြေနပ်မှုရှိခဲ့ကြပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်က စစ်ရေးနဲ့ မသက်ဆိုင်တဲ့ လူနေကျေးရွာတွေကို ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက် အကြမ်းဖက်နေတာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ် အခြေအနေ ဖြစ်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးသုံးသပ်ပြောကြား


ဇန်နဝါရီ၂၉ရက်


အကြမ်းဖက်စစ်တပ်က စစ်ရေးနဲ့ မသက်ဆိုင်တဲ့ လူနေကျေးရွာတွေကို ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက် အကြမ်းဖက်နေတာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ် အခြေအနေ ဖြစ်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးကသုံးသပ်ပြောကြားပါတယ်။


ဇန်နဝါရီနောက်ဆုံးပတ် ဆိုရှယ်မီဒီယာမှာလူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးကသုံးသပ်ပြောပါတယ်။


"ဖုံညိုလိပ်၊ ရမ်းဗြဲ၊ ပေါက်တောထန်တလန်၊ ပဇီကြီး၊ မုန်လိုင်ခက်၊ ကော့ကရိတ်၊ ဆီဆိုင်အကြမ်းဖက်စစ်တပ်က စစ်ရေးနဲ့ မသက်ဆိုင်တဲ့ လူနေကျေးရွာတွေကို ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက် အကြမ်းဖက်နေတာ တနိုင်ငံလုံးအတိုင်းအတာ အရေးပေါ် အခြေအနေပါ။ လက်နက်ကြီးနဲ့ ပစ်၊ လေယာဉ်ရဟတ်ယာဉ်တွေနဲ့ ဗုံးတွေကြဲ လူသွားလမ်းတွေပေါ် မိုင်းတွေထောင် ကြမ်းကြုတ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာပါ"လို့ဆိုပါတယ်။


အဆိုပါဖြစ်ရပ်များအပေါ် စာနာကူညီဖေးမဖို့နဲ့စစ်အာဏာရှင်စနစ် ကျဆုံးမှသာပြည်သူတစ်ရပ်လုံးလိုလားတဲ့ အခြေအနေတွေကို တည်ဆောက်နိုင်မှာမို့လို့ ပြည်သူလူထုအနေနဲ့ဝိုင်းဝန်းလုပ်ဆောင်ကြဖို့လည်း ဒုဝန်ကြီးကဆိုထားပါတယ်။


၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံတစ်ဝန်း လူပေါင်း ဒသမ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အောက်တိုဘာလကုန်ကစ၍ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ခန့်မှန်းခြေ လူပေါင်း ၆၂၈,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့UN OCHA Myanmarကဖော်ပြပါတယ်။


========================


📌📌 ၄။ မြန်မာနိူင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းရှင်၆၄ဦးကို အမျိုးသားညီညွတ်ရေးအစိုးရက အမည်ပျက်စာရင်းသတ်မှတ်ကြေညာ


ဇန်နဝါရီ၂၉ရက်


မြန်မာနိူင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းရှင်၆၄ဦးကို အမျိုးသားညီညွတ်ရေးအစိုးရက အမည်ပျက်စာရင်းသတ်မှတ်ကြေညာလိုက်ပါတယ်။


ဇန်နဝါရီ၂၉ရက်မှာ အမိန့်ကြော်ငြာစာ အမှတ် /၂၀၂၄ ကိုအမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ  စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည်    ၂၄-၁၂-၂၀၂၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် /၂၀၂၃ အား ထုတ်ပြန်၍ အကြမ်းဖက်စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအား ငွေကြေးထောက်ပံ့ကူညီခြင်းနှင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများအား စစ်ကောင်စီနှင့် ပူးပေါင်း၍ တိုက်ရိုက်ကျူးလွန်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် အကျိုးပြုနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Federation of Chambers of Commerce and Industry, the Republic of the Union of Myanmar) အား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။


အမိန့်ကို လိုက်နာခြင်းမရှိဘဲ အသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်များအဖြစ် ဆက်လက်ပါဝင်တာဝန်ယူဆောင်ရွက်နေသောလုပ်ငန်းရှင်များကို အမည်ပျက် လုပ်ငန်းရှင် စာရင်းတွင် ထည့်သွင်းလိုက်ပြီးဆက်လက် ပါဝင်လုပ်ကိုင်နေပါက သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။


စာရင်းတွင် မပါဝင်သေးသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ အလုပ်အမှုဆောင်များသည်လည်း ဆက်လက်ပါဝင် တာဝန်ယူဆောင်ရွက်နေပါက ထည့်သွင်းအရေးယူသွားမည်ဖြစ်ပြီး စာရင်းတွင် ပါဝင်သော လုပ်ငန်းရှင်တဦးချင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် အကျိုးစီးပွား ပတ်သက်မှုမရှိကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ဖြစ်စေမည့် ဆက်နွယ်ပတ်သက်မှုများ ပြုလုပ်ခြင်း မရှိတော့ပါကြောင်း ခံဝန်ချက်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရထံ ရက် ၉၀ အတွင်း အယူခံလွှာ တင်သွင်းနိုင်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


 📌📌 ၅။ တက်ကြွစွာသင်ယူခြင်း ဝေဖန်ပိုင်းခြားစဉ်းစားခြင်း နည်းပြသင်တန်း (RWCT-TOT) သင်တန်းကိုမွန်အမျိုးသားပညာရေးကော်မတီ၏စီစဥ်မှုဖြင့်ဆယ်ရက်တာကျင်းပ


ဇန်နဝါရီ၂၉ရက်


တက်ကြွစွာသင်ယူခြင်း ဝေဖန်ပိုင်းခြားစဉ်းစားခြင်း နည်းပြသင်တန်း (RWCT-TOT) သင်တန်းကိုမွန်အမျိုးသားပညာရေးကော်မတီ၏စီစဥ်မှုဖြင့်ဆယ်ရက်တာကျင်းပခဲ့ပါတယ်။


ဇန်နဝါရီ၂၉ရက် မှာ စဥ်းစားတွေးခေါ်သောစာသင်ခန်းတည်ထောင်သူ ဒေါက်တာသိန်းလွင်ကဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။


"မွန်အမျိုးသားပညာရေးကော်မတီ၏ဖိတ်ကြားချက်အရ မွန်အမျိုးသားရပ်ရွာအခြေပြုစာသင်ကျောင်းများမှ အတွေ့အကြုံရှိ ဆရာဆရာမ ၃၀ ဦးနှင့် တက်ကြွစွာသင်ယူခြင်း ဝေဖန်ပိုင်းခြားစဉ်းစားခြင်း နည်းပြသင်တန်း (RWCT-TOT) သင်တန်းကို ဇန္နဝါရီလ ၁၇ မှ ၂၆ အထိ ဆယ်ရက်တာကျင်းပခဲ့ပါတယ်"လို့ဆိုပါတယ်။


မွန်ပြည်နယ်အတွင်း မွန်အမျိုးသားပညာရေးကော်မတီမှ တာဝန်ယူဖွင့်လှစ်သည့် အခြေခံပညာကျောင်းများမှာ အထက်တန်းကျောင်း ကျောင်းအပါအဝင် ကျောင်းပေါင်း ၁၅၀ ကျော်နှင့် ကျောင်းသားကျောင်းသူ နှစ်သောင်းကျော်ရှိတယ်လို့ဆိုပါတယ်။


"မွန်အမျိုးသားပညာရေးဌာနတွင် အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် မွန်အမျိုးသားကောလိပ်ကို တည်ထောင်ဖွင့်လှစ်ထားပြီး လူမှုသိပ္ပံ၊ မွန်စာပေနှင့်ယဉ်ကျေးမှု၊ ပညာရေး၊ သူနာပြု၊ သတင်းမီဒီယာဘာသာရပ်များသင်ကြားပို့ချလျှက်ရှိပါတယ်။ ကောလိပ်မှ ဆရာဆရာမများကိုလည်း တက္ကသိုလ်စာသင်ခန်းများတွင် ဝေဖန်ပိုင်းခြားစဉ်းစားခြင်းနည်းစနစ်များကို ညပိုင်းသင်တန်းအဖြစ် ဆွေးနွေးပို့ချခဲ့ပါတယ်။ထို့ပြင် မွန်အမျိုးသားပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကိုလည်း တင်ပြဆွေးနွေးခဲ့ပါတယ်"လို့ ဒေါက်တာသိန်းလွင်ကဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ကူတော်ရွာရှိ စစ်ကောင်စီ အထိုင် စခန်းအား ကာကွယ်ရေးတပ်များဝင်တိုက်ရာ စကစဘက်ကလေးဦးသေဆုံး


ဇန်နဝါရီ၂၉ရက်


စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ကူတော်ရွာရှိ စစ်ကောင်စီ အထိုင် စခန်းအား ကာကွယ်ရေးတပ်များဝင်တိုက်ရာ စကစဘက်ကလေးဦးသေဆုံးခဲ့ပါတယ်။


ဇန်နဝါရီ၂၉ရက်စစ်ရေးသတင်းကို မုံရွာခရိုင် တပ်ရင်းအမှတ်(၂၀) BOB ၊ဘုတလင်မြို့နယ် ပကဖ အဖွဲ့ကအတည်ပြုပါတယ်။


"စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ကူတော်ရွာရှိ စစ်ကောင်စီ အထိုင် စခန်းအား ဇန်နဝါရီလ ၂၆ ရက်နေ့ ၁၁:၄၅ နာရီ ခန့်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တပ်ရင်း (၂၀)BOB တို့မှ ဝင်ရောက်တိုက်ခိုက်ရာ စကစဘက်မှ ဗိုလ်တစ်ဦး အပါအဝင် ()ဦး သေဆုံးခဲ့ပြီးကာကွယ်ရေးတပ်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ဝင်ရောက်တိုက်ခိုက်ရာမှာ မုံရွာခရိုင် တပ်ရင်းအမှတ်(၂၀) BOB ၊ဘုတလင်မြို့နယ် ပကဖ အဖွဲ့၊ဘုတလင်မြို့နယ်အားမာန်သစ် local PDF၊ဘုတလင်မြို့နယ်ဒေသ အခြေစိုက်လက်နက်ကြီး အဖွဲ့များ နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ခမရ (၃၈၀) တပ်ရင်းအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့


ဇန်နဝါရီ၂၉ရက်


ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ခမရ (၃၈၀) တပ်ရင်းအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။


ဇန်နဝါရီ၂၈ရက်ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ခမရ (၃၈၀) တပ်ရင်းအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ရခိုင့်တပ်တော်ကအတည်ပြုပါတယ်။


ရန်သူသည် နေ့စဉ်ရက်ဆက် စခန်းတစ်ခုပြီးတစ်ခု စွန့်လွှတ်နေရသည့်အတွက် အဆိုပါတပ်ရင်းအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်း ခြင်းတို့ဖြင့် အသည်းအသန်ခုခံခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ထိုးစစ်အောက်၌ တပ်ရင်းတစ်ခု ထပ်မံကျဆုံးခဲ့ရပြန်တယ်လို့ဆိုပါတယ်။ 


ရက္ခိုင်ဒေသ၌ စစ်ရေးစစ်ရာတွင် လုံးဝယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီသည် မြို့၊ ရပ်ရွာနှင့် ပြည်သူလူထုကိုသာ အဓိကဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခင်ကထက်ပိုမိုမိုက်ရူးရဲဆန်စွာ ပြုလုပ်လာလျက်ရှိတယ်လို့လည်း ရခိုင့်တပ်တော်AAကဆိုပါတယ်။


========================


🚩🚩 ၃။ ပခုက္ကူ-ရေစကြိုကားလမ်းပေါ်တွင် ပခုက္ကူမှ စစ်ကူလာသောစကစကားကို ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်


ဇန်နဝါရီ၂၉ရက်


ပခုက္ကူ-ရေစကြိုကားလမ်းပေါ်တွင် ပခုက္ကူမှ စစ်ကူလာသောစကစကားကို ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။


ဇန်နဝါရီ၂၈ရက် မွန်းလွဲပိုင်းပခုက္ကူ-ရေစကြိုကားလမ်းပေါ်တွင် ပခုက္ကူမှ စစ်ကူလာသော စကစကားကိုတိုက်ခိုက်ခဲ့တယ်လို့ Young Force - UGကအတည်ပြုဆိုပါတယ်။


စကစတပ်များမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသာစီးမရယူနိုင်ခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ဆိုပါတယ်။


ထိခို-က်ပျက်စီးမှုရှိပြီး ပခုက္ကူမြို့သို့ပြန်ဝင်သွားသော ကား()စီးအနက်()စီးပျက်စီးသွားပြီး ကြိုးဖြင့်ဆွဲလာရကြောင်း သတင်းရရှိပါတယ်။


၎င်းတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် (ပကဖ)နှင့် ပခုက္ကူမြို့နယ် (ပကဖ တပ်ခွဲ-) မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


🚩🚩 ၄။ အလံဖြူထောင်ခြင်း၊ လက်နက်ချအညံ့ခံခြင်းတို့ကြောင့် အသက်ချမ်းသာရာရသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်စစ်ဆင်ရေး() လတာအတွင်း (၆၀၀၀) ကျော်မကရှိခဲ့ပြီလို့ ညီနောင်သုံးဖွဲ့ထုတ်ပြန်


ဇန်နဝါရီ၂၉ရက်


အလံဖြူထောင်ခြင်း၊ လက်နက်ချအညံ့ခံခြင်းတို့ကြောင့် အသက်ချမ်းသာရာရသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်စစ်ဆင်ရေး() လတာအတွင်း (၆၀၀၀) ကျော်မကရှိခဲ့ပြီလို့ ညီနောင်သုံးဖွဲ့ထုတ်ပြန်လိုက်ပါတယ်။


ညီနောင်သုံးဖွဲ့၏ () လတာ စစ်ဆင်ရေးကာလတစ်လျှောက်တွင် ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေး၊ တစ်ဖွဲ့ချင်းအလိုက်ထိုးစစ်များနှင့် စုပေါင်းထိုးစစ်များကို မဟာဗျူဟာမြောက်စွာဆင်နွှဲခဲ့ကြတယ်လို့ဆိုပါတယ်။


ထို့ကြောင့် ထိုးစစ်ဆင်တိုက်ခိုက်မည့်တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အလံဖြူထောင်ခြင်း၊ လက်နက်ချအညံ့ခံခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် အသက်ချမ်းသာရာရသွားခဲ့ကြတယ်လို့ဆိုပါတယ်။


ထို့အပြင်စောစောထွက်ပြေးမှ အသက်ရှင်ခွင့်ရလိမ့်မည်ဟု အမှန်တရားကိုစောစောသိပြီး မိမိရဲဘော်၊ မိသားစုများ၏ အသက်ကိုငဲ့ညှာ၍ အသက်ချမ်းသာရာရသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်မှာ ဤစစ်ဆင်ရေး() လတာအတွင်း (၆၀၀၀) ကျော်မကရှိခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်အောက်တိုဘာ၂၇ရက်တွင် ၁၀၂၇စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှစတင်ကာ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာစတင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment