29th JAN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်များအား အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီသို့ရှင်းလင်းတင်ပြ

📌 ၂။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ရိုဟင်ဂျာ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး အာရ်ကန်ပြည်(ARSPH) လူငယ်များ တွေ့ဆုံပွဲကျင်းပမယ်

📌 ၃။ (၁၉) ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ် ပေးအပ်မှုရဲ့  ၆၁ ရာခိုင်နှုန်းကို PRF ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်မှ ရဲဘော်များက စုပေါင်းတာဝန်ယူနိုင်ခဲ့

📌 ၄။ ကိုရီးယားရောက် မြန်မာလုပ်သားများစကစကို အခွန်မပေးရေး အားလုံးပါဝင်ကြရန် ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ် တိုက်တွန်း

📌 ၅။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း မြန်မာတော်လှန်ရေးအင်အားစုများဆန္ဒထုတ်ဖော်

📌 ၆။ နွေဦးတော်လှန်ရေး() နှစ်ပြည့် ဖေဖော်ဝါရီလ () ရက်နေ့ မှာအပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ထပ်မံဆင်နွှဲမယ်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဒေါနစစ်ကြောင်း အပတ်စဥ် (/၂၀၂၄) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲကျင်းပ

🚩 ၂။ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၃၆ မြို့ထိ ရှိလာ

🚩 ၃။ မတ္တရာမြိုနယ်မှာ ပျူစောထီးများ စုဝေးနေတဲ့ ပျူခေါင်းဆောင် နေအိမ်အားမြနန္ဒာစစ်ဆင်ရေးအဖြစ် ဗုံးကျဲတိုက်ခိုက်

🚩 ၄။ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဗုံးသီးများ ရော့ကတ်များနဲ့ ပစ်ခတ်တိုက်ခိုက်

🚩 ၅။ မုန်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၇၂ ဦးသေဆုံး

🚩 ၆။ တောင်သာမြို့နယ် အုတ်တိုက်တောရွာမှအရပ်သားလူငယ်ငါးဦးကို အကြမ်းဖက်စစ်တပ်က မျက်နှာအဝတ်စီးပြီးဖမ်းဆီးခေါ်ဆောင်သွားကာ ဦးခေါင်းတည့်တည့် ပစ်သတ်ခဲ့



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်များအား အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီသို့ရှင်းလင်းတင်ပြ


ဇန်နဝါရီလ ၂၈ ရက်။

မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်များအား အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီသို့ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ဇန်နဝါရီလ၂၇ရက်နေ့မှာကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ တက်ရောက်လာသည့် CDM အောင်မြင်ရေးကော်မတီ အတွင်းရေးမှူး ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကော်မတီဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဥက္ကာတို့မှ ကောင်စီဖွဲ့စည်းမှုအပေါ် ကြိုဆိုအားပေးကြပြီး လိုအပ်သည့် အကြံပြုချက်များကို ဖြည့်စွက်ပြောကြားခဲ့ပါတယ်။


အခြားသော ဝန်ကြီးဌာနများမှ CDM တာဝန်ခံ(Ministry Focal Person)များကလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ CDM အောင်မြင်ရေးကော်မတီ၏ ကော်မတီဝင်များဖြစ်ကြသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ အတွင်းရေးမှူး ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဥက္ကာ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပြည်သူ့ရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ CDM အောင်မြင်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ CDM တာဝန်ခံ(Ministry Focal Person)များနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီမှ ဥက္ကဋ္ဌ အဖွဲ့ဝင်များနှင့် ကောင်စီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ရိုဟင်ဂျာ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး အာရ်ကန်ပြည်(ARSPH) လူငယ်များ တွေ့ဆုံပွဲကျင်းပမယ်


ဇန်နဝါရီလ၂၈ရက်။

National Unity Government (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးနှင့် Arakan Rohingya Society for Peace and Human rights (ARSPH) လူငယ်များ တွေ့ဆုံပွဲ တစ်ရပ်ကို ကျင်းပမယ်လို့သတင်းရရှိပါတယ်။


၄င်းတွေ့ဆုံပွဲကို ၂၀၂၄ ခုနှစ် ၊ဖေဖေါ်ဝါရီလ ()ရက်၊ သောကြာနေ့ နံနက် (9:00) နာရီအချိန်တွင် ကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။


အခမ်းအနားသို့ ရိုဟင်ဂျာလူငယ်များအားလုံး အွန်လိုင်း (online) ကနေ တစ်ဆင့် တက်ရောက်ပေးကြပါရန် ဖိတ်ခေါ်ထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ ရိုဟင်ဂျာအရေးကိစ္စကိုလည်း နိုင်ငံတကာနှင့်ချိတ်ဆက်၍ လှုပ်ရှားဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။  (၁၉) ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ် ပေးအပ်မှုရဲ့  ၆၁ ရာခိုင်နှုန်းကို PRF ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်မှ ရဲဘော်များက စုပေါင်းတာဝန်ယူနိုင်ခဲ့


ဇန်နဝါရီလ၂၈ရက်။

(၁၉) ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ် ပေးအပ်မှုရဲ့  ၆၁ ရာခိုင်နှုန်းကို PRF ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်မှ ရဲဘော်များက စုပေါင်းတာဝန်ယူနိုင်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု PRFက ဇန်နဝါရီ၂၈ရက်မှာ တရားဝင်အသိပေးဖော်ပြပါတယ်။


"ကာကွယ်ရေး၀န်ကြီးဌာန အနေနဲ့ (၁၉) ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ် အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များသို့ ခန့်မှန်းအမေရိကန်ဒေါ်လာ 1,045,000 ကျော် ပေးပို့ခဲ့ခြင်းဖြစ်ပြီး  PRF ထောက်ပို့တပ်သားများရဲ့ နိုဝင်ဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောက်ပို့ငွေ - ခန့်မှန်းအမေရိကန်ဒေါ်လာ 638,954 ဒေါ်လာကို ထည့်၀င် အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် (၁၉) ကြိမ်မြောက် တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ် ပေးအပ်မှုရဲ့  ၆၁ ရာခိုင်နှုန်းကို PRF ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်မှ ရဲဘော်များက စုပေါင်းတာဝန်ယူနိုင်ခဲ့တာဖြစ်တယ်"လို့ဆိုပါတယ်။


ထို့အပြင်ဒီဇင်ဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောက်ပို့ငွေနဲ့ (၂၀) ကြိမ်မြောက် တပ်ရင်း ရိက္ခာနဲ့ အထွေထွေအသုံးစားရိတ်ကို ပို့ပေးလျက်ရှိနေပြီး အသေးစိတ်အချက်အလက်များကို ထပ်မံအစီရင်ခံသွားမှာ ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ ကိုရီးယားရောက် မြန်မာလုပ်သားများစကစကို အခွန်မပေးရေး အားလုံးပါဝင်ကြရန် ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ် တိုက်တွန်း


ဇန်နဝါရီလ ၂၈ရက်။

ကိုရီးယားရောက် မြန်မာလုပ်သားများ စကစကို အခွန်မပေးရေး အားလုံးပါဝင်ကြရန် ကိုရီးယားနိုင်ငံ NUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကတိုက်တွန်းလိုက်ပါတယ်။


ဇန်နဝါရီလ၂၈ရက်မှာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ စစ်ကောင်စီလက်အောက်ခံ သံရုံးရှေ့ ဆန္ဒထုတ်ဖော်ရာမှာ NUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက  တော်လှန်ရေးတွင် ညီညီညွတ်ညွတ် ဆက်လက် ပါဝင်ရန်၊ အခွန်မပေးရေး အားလုံးပါဝင်ကြရန် တိုက်တွန်း ပြောပါတယ်။


ထို့အပြင် ဆန္ဒထုတ်ဖော်သည့် မြန်မာအင်အားစုများကလည်း ပြည်ပနေနိုင်ငံသားများအပေါ် အကြမ်းဖက် မင်းအောင်လှိုင်၏ စိန်ခေါ်ချက်ဖြစ်သော အခွန် အမိန့်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် တိုက်တွန်းကြောင်း၊ မိမိ၏ လစာငွေကို သွေးစွန်းငွေ ဖြစ်အောင် မလုပ်ကြရန် လေးလေးနက်နက် သတိပေးကြောင်း၊ ထို့ပြင် မင်းအောင်လှိုင် အမိန့်ကို အကောင်အထည်ဖော်ပေးနေသော အကြမ်းဖက် သံရုံးမှ သံအမတ်နှင့်တကွ ဝန်ထမ်းများ အားလုံးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားခဲ့ကြပါတယ်။


ဆန္ဒပြပွဲကို စစ်အာအာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က စီစဉ်ပြီး တော်လှန်ရေး အဖွဲ့အစည်းများ၊ ကိုရီးယားအဖွဲ့အစည်းများ အင်အား (၂၅၀) ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ၅။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း မြန်မာတော်လှန်ရေးအင်အားစုများဆန္ဒထုတ်ဖော်


ဇန်နဝါရီလ ၂၈ရက်။

ဇန်နဝါရီလ ၂၇ ရက်မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း မြန်မာတော်လှန်ရေးအင်အားစုများဆန္ဒထုတ်ဖော်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဆန္ဒပြပွဲကို Free Burma Action Committee-Northern California က ဦးဆောင်ကျင်းပခဲ့တယ်လို့သိရပါတယ်။


ထို့နောက် ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်" "Free Burma" "နွေဦးတော်လှန်ရေး ငါတို့နိုင်မှာ"ဗီနိုင်း ပိုစတာများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


========================


📌📌 ၆။ နွေဦးတော်လှန်ရေး() နှစ်ပြည့် ဖေဖော်ဝါရီလ () ရက်နေ့ မှာအပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ထပ်မံဆင်နွှဲမယ်


ဇန်နဝါရီလ၂၈ရက်။

နွေဦးတော်လှန်ရေး() နှစ်ပြည့် ဖေဖော်ဝါရီလ () ရက်နေ့ မှာ အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ထပ်မံဆင်နွှဲမယ်လို့ တော်လှန်ရေးအင်အားစုအသီးသီးက ဇန်နဝါရီ၂၈ရက်မှာ နှိုးဆော်တိုက်တွန်းထားပါတယ်။


တော်လှန်ရေးကြီး () နှစ်ပြည့်တဲ့ (၂၀၂၄) ခု၊ ဖေဖော်ဝါရီလ () ရက်နေ့မှာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနိုင်ကြတဲ့ လူထုတိုက်ပွဲလှုပ်ရှားမှုများကို ဖော်ဆောင်ကြမယ်လို့ ဆိုထားပါတယ်။


အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike)ကိုဖေဖော်ဝါရီ ရက်နေ့၊ မနက် ၁၀ နာရီ မှ ညနေ နာရီအတွင်း ပြည်သူတွေက အပြင်ကို မထွက်ကြဘဲ ကိုယ့်အိမ်၊ ကိုယ်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်မှာပဲ နေကြဖို့ ဆိုထားပါတယ်။


ထို့အပြင် စစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချ သယ်ယူပေးနေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ အနေဖြင့် အမြန်ဆုံးရပ်တန့်ကြဖို့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီက အတင်းအဓမ္မ ကောက်ခံနေတဲ့သွေးစွန်းအခွန်အခတွေကို လုံးဝမပေးဆောင်ကြဖို့ နဲ့ စစ်ကောင်စီရဲ့ ထိုးကျွေးခံ တပ်သား၊ တပ်မှူးတွေ အနေနဲ့ အမြန်ဆုံး အလံဖြူထောင်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ စတဲ့ ရည်ရွယ်တောင်းဆိုချက် () ချက်နဲ့ အဖြူရောင် လှုပ်ရှားမှု (White Campaign) ကိုလည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။


အဖြူရောင် လှုပ်ရှားမှု (White Campaign)အနေဖြင့် အက်ျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိတဲ့ အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလို ဝတ်ဆင်ကြတဲ့ လှုပ်ရှားမှုအနေနှင့်ပါဝင်ဖို့ဖြစ်ပါတယ်။


White Campaign ကိုတော့ တော်လှန်ရေး () နှစ်ပြည့် တရက်တည်းအတွက်သာမကဘဲ ရှေ့ဆက်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း ဖော်ဆောင်သွားကြဖို့ နှိုးဆော်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ဒေါနစစ်ကြောင်း အပတ်စဥ် (/၂၀၂၄) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲကျင်းပ


ဇန်နဝါရီလ ၂၈ရက်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်()  ဒေါနစစ်ကြောင်းက စီစဉ်ပြုလုပ်တဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဇန်နဝါရီလ (၂၈) ရက်နေ့က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေါနစစ်ကြောင်း တာဝန်ရှိသူများနဲ့ ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များမှ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို အစီအစဥ် () ရပ်ဖြင့် ကျင်းပခဲ့ပြီး သင်တန်းဆင်း ရဲဘော်များက သင်တန်းကွင်းအတွင်း ချီတက်နေရာယူကာ အလေးပြု သစ္စာဆိုခြင်း၊ အခမ်းအနား တက်ရောက်လာတဲ့ တာဝန်ရှိသူများနဲ့ ပူးပေါင်းမဟာမိတ် အဖွဲ့ခေါင်းဆောင်များက မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။


ထို့အပြင် လက်နက်ကြီးသင်တန်းဆင်း ရဲဘော်များက လေကျင့်ရေးပြည့်ဝနေတဲ့ လက်နက်ကြီး ပစ်ခတ်မှု စွမ်းရည်များကို သရုပ်ဖော် ပြသခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွက် တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် အသက်ပေး ကာကွယ်သွားမယ်လို့ သင်တန်းဆင်း ရဲဘော်များက ကတိသစ္စာပြု ကျိန်ဆိုခဲ့ကြပါတယ်။


အဆိုပါ အပတ်စဉ် () အခြေခံ စစ်ပညာသင်တန်းကို ကံပေါက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်များ၊ ရေဖြူမြိုနယ် ဝေဟင်အဖွဲ့က ရဲဘော်များ၊ ထားဝယ်မြို့ ကာကွယ်ရေးအဖွဲ့ (D.D.T) က ရဲဘော်များအပြင် မဟာမိတ်တပ်ဖွဲ့များ ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ရဲဘော်များ၊ ရေးသိမ်းငှက်အဖွဲ့မှ ရဲဘော်များ၊ ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၃၆ မြို့ထိ ရှိလာ


ဇန်နဝါရီလ ၂၈ရက်။

နွေဦးတော်လှန်ရေး သုံးနှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံ အနှံအပြားတွင် တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၃၆ မြို့အထိ ရှိလာပြီ ဖြစ်တယ်လို့ People's Spring Media က ပြုစုထားတဲ့ စာရင်းများအရ သိရပါတယ်။


ဇန်နဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းမှာပဲ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ကြေညာလိုက်ပြီး ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) က မော်ချီးမြို့ အပါအဝင် မော်ချီးဒေသ တစ်ခုလုံးနဲ့ ရွာသစ်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။


ထို့ကြောင့် နိုင်ငံအနှံမှာ တော်လှန်ရေး အဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၃၆ မြို့ အထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။


တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့များဟာ ရှမ်းမြောက်ဒေသမှာ အများဆုံး ဖြစ်ပြီး ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ တည်ရှိတာ ဖြစ်ပါတယ်။


တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပေမယ့် သတင်းထုတ်ပြန် ထားခြင်းမရှိတဲ့ မြို့တွေလည်း ဒီစာရင်းထဲမှာ ကျန်ရှိနေနိုင်သေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မတ္တရာမြိုနယ်မှာ ပျူစောထီးများ စုဝေးနေတဲ့ ပျူခေါင်းဆောင် နေအိမ်အားမြနန္ဒာစစ်ဆင်ရေးအဖြစ် ဗုံးကျဲတိုက်ခိုက်


ဇန်နဝါရီလ ၂၈ရက်။

မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ ရွှေချောင်းပျူရွာရှိ ပျူစောထီး အဖွဲ့ဝင်များ စုဝေးနေလျက်ရှိတဲ့ ပျူခေါင်းဆောင်ဖြစ်သူရဲ့နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့  မြနန္ဒာစစ်ဆင်ရေး ပြန်ကြားရေး ဗျူရိုက အသိပေး ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၁၁ နာရီ မိနစ် ၂၀ ခန့်က ရွှေချောင်းပျူရွာရှိ ပျူစောထီးများ စုဝေးနေတဲ့ ပျူခေါင်းဆောင်ရဲ့နေအိမ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ဗုံးသီးများဟာ ရည်မှန်းထားတဲ့ နေရာများကို တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့ပြီး ပျူစောထီး များ ထိခိုက်သေဆုံးမှု ရှိနိုင်ကာ တိတိကျကျ သိနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ၎င်းအဖွဲ့က ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးကို မြနန္ဒာ Drone တပ်ဖွဲ ပြင်ဦးလွင်ခရိုင် Drone အဖွဲ မတ္တရာမြိုနယ် (ပကဖ) ပဒူတိုက်နယ် (Zone -4) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဗုံးသီးများ ရော့ကတ်များနဲ့ ပစ်ခတ်တိုက်ခိုက်


ဇန်နဝါရီလ ၂၈ရက်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီ တပ်သားများ နေထိုင်လျက် ရှိတဲ့နေရာများကို Fixed Wings Drone များဖြင့် Air Bomb များ ကြဲချခဲ့ပြီး လက်လုပ် Rocket များ ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်း - MSPDF / MSDF က သတင်းထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် နာရီခန့်မှ ၁၀ နာရီကျော်ခန့်အထိ ကျောက်ရစ်ရဲစခန်းမှ စကစ တပ်သားများ နေထိုင်လျက်ရှိတဲ့ နေရာများကို "Shar Htoo WAW" နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် Air Bomb (၁၀) လုံး လက်လုပ် Rocket (၁၅) လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးရှိနိုင်ပြီး အတိအကျကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်း - MSPDF / MSDF က ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးကို စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်း - MSPDF / MSDF နဲ့အတူ မြင်းခြံ ခရိုင် အမှတ် () တပ်ရင်း - NRDF မိတ္ထီလာခရိုင် အမှတ် () တပ်ရင်း ချောက် PDF မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း - တပ်ခွဲ () Justice Warrior Forces ကလေးခရိုင် အမှတ် (၁၁) တပ်ရင်း ရွှေဘို တိုက်နယ် () .က. တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မုန်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၇၂ ဦးသေဆုံး


ဇန်နဝါရီလ ၂၈ရက်။

ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် တပ်မဟာ လက်အောက်မှာရှိတဲ့ တပ်ရင်း နယ်မြေ မုန်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၇၂ ဦးသေဆုံးသွားတယ်လို့ KNLA ဗဟိုက ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဇန်နဝါရီလ ၂၈ မှာ အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

KNLA တပ်မဟာ လက်အောက်ခံ မုန်းမြို့နယ် အကြပ်အင်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဦးဆောင်ပြီး ရိုးမပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့နဲ့အတူ ဇန်နဝါရီ ၂၂ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ရင်ဆိုင်တိုက်ပွဲဟာ မနက် နာရီခွဲကနေ ညနေ နာရီ ၂ဝ မိနစ်အထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦးမှ စစ်အင်ဂျင်နီယာတပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများဆုံးဖြစ်ကာ ထိခိုက်ဒဏ်ရာရသူအရေအတွက်ကလည်း ၇၈ ဦး ရှိတယ်လို့လည်း အသိပေးထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းစစ်ကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းတို့ ရင်ဆိုင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို ထုတ်ပြန်ထားပေမယ့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုအခြေအနေကိုတော့ KNLA ဗဟိုက အသိပေးထုတ်ပြန်ထားတာမရှိသေးပါဘူး။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကော်သူးလေအုပ်ချုပ်နယ်မြေ မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ကစယ်ဒိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ-၂၇၃ ကျောက်ထု စစ်ဆင်ရေးခြေကုပ်စခန်းကိုလည်း ဇန်နဝါရီလ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၆။ တောင်သာမြို့နယ် အုတ်တိုက်တောရွာမှအရပ်သားလူငယ်ငါးဦးကို အကြမ်းဖက်စစ်တပ်က မျက်နှာအဝတ်စီးပြီးဖမ်းဆီးခေါ်ဆောင်သွားကာ ဦးခေါင်းတည့်တည့် ပစ်သတ်ခဲ့


ဇန်နဝါရီလ၂၈ရက်။

တောင်သာမြို့နယ် အုတ်တိုက်တောရွာမှအရပ်သားလူငယ်ငါးဦးကို အကြမ်းဖက်စစ်တပ်က မျက်နှာအဝတ်စီးပြီးဖမ်းဆီးခေါ်ဆောင်သွားကာ ဦးခေါင်းတည့်တည့် ပစ်သတ်ခဲ့ပါတယ်။


ဇန်နဝါရီလ ၂၇ ရက်နေ့ညပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သာမန်အရပ်သားပြည်သူ ၅ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာကအတည်ပြုဆိုထားပါတယ်။


အကြမ်းဖက်စစ်တပ်မှ အရပ်သားပြည်သူလူငယ် ၅ဦးအား မျက်နှာအဝတ်စီးပြီးဖမ်းဆီး ခေါ်ဆောင်သွားကာ ဦးခေါင်းတည့်တည့် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီးသတ်ဖြတ်ခံရသူများမှာ တောင်သာမြို့နယ် အုတ်တိုက်တောရွာမှ-မောင်တင်မျိုးခိုင်(၁၉ နှစ်) မောင်ခိုင်ဝေဖြိုး (၂၅ နှစ်) မောင်ခန့်ချော(၁၉ နှစ်) မောင်မြတ်သူ(၁၉ နှစ်) မောင်မွှားတား(အမှတ် ၂၊ တောင်သာ)တို့ဖြစ်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ လုံခြုံရေးအတွက် ဆိုင်ကယ် ကျား ၂ယောက်စီးသည်ကိုပင် ပစ်ခတ်တားဆီးဖမ်းနေသည့် အခြေအနေသို့ရောက်ရှိနေသည့်အတွက် ပြည်သူလူငယ်များအနေဖြင့် အသွားအလာ ဆင်ခြင်ကြဖို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာကအသိပေးကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment