2nd JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒေသတွင်းတည်ငြိမ်ရေး၊အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးလုပ်ငန်းနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကို တရုတ်အပါအဝင် ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းတိုက်ဖျက်မည်ဟု NUG ထုတ်ပြန်

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၃။ စစ်ဘေးရှောင် ကလေးများကို ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ အာဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့

📌 ၄။ စစ်ကောင်စီ စစ်ရှုံးနေတဲ့ ယခုအချိန်ဟာ "ရောင်နီထွက်ခါနီးသဖြင့် မှောင်မိုက်နေချိန်ဟု KIO ဥက္ကဋ္ဌ မှတ်ချက်ပြု

📌 ၅။ ပြည်သူကို ကျည်ဆန်ဖြင့် တုံ့ပြန်တဲ့ စစ်တပ်ကို အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းရန် ချင်းပြည် ကောင်စီ  ဥက္ကဌ Pu Zing Cung ပြောကြား

📌 ၆။ နှစ်သစ်ကိုမင်္ဂလာရှိရှိကျော်ဖြတ်ရန် ကြိုးစားရသောနိုင်ငံများအုပ်စုတွင် မြန်မာနိုင်ငံမပါဝင်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီဟု ညီနောင် ဖွဲ့ပြောကြား

📌 ၇။ မြင်းခြံမြို့နယ်က စစ်ကောင်စီတပ်နှင့်ပျူ ပူးပေါင်းစခန်းကို တော်လှန်ရေးမဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်

📌 ၈။ ရွှေဘိုမြို့တွင် ကင်းစောင့်နေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်ပစ်ခတ်မှု ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒေသတွင်းတည်ငြိမ်ရေး၊အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးလုပ်ငန်းနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကို တရုတ်အပါအဝင် ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းတိုက်ဖျက်မည်ဟု NUG ထုတ်ပြန်


ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုထိခိုက်စေတဲ့ ကျားဖြန့် ခေါ် အွန်လိုင်းလိမ်လည်မှုနဲ့ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုခင်းများကို တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရုတ်နိုင်ငံဆိုင်ရာ သဘောထားကို ဇန်နဝါရီ ရက်နေ့ညက ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်းဖော်ပြလိုက်တာဖြစ်ပါတယ်။ 


နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနဲ့ လုံခြုံရေးသာမက ဒေသတွင်းတည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုထိခိုက်စေတဲ့ ကျားဖြန့် ခေါ်  အွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါး လုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများကို တရုတ်နိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံများနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG က ပြောပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူကိုဗဟိုပြုတဲ့ စံတန်ဖိုးများကိုဖော်ဆောင်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ ရည်မှန်းထားတဲ့အတိုင်း လွတ်လပ်တက်ကြွပြီး ဘက်မလိုက် သော နိုင်ငံခြားရေးမူဝါဒကို လိုက်နာကျင့်သုံးနေတယ်လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အသိပေးထားပါတယ်။ 


မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာရှိတဲ့ ဆက်နွယ်မှုတွေဟာ သမိုင်းကြောင်းအရ အလွန်ခိုင်မာပြီး နီးကပ်တဲ့ ဆက်နွယ်မှုအစဉ်အလာ ရှိခဲ့ယုံတင်မဟုတ်ဘဲ ကမ္ဘာ့အင်အားကြီးနိုင်ငံတခုဖြစ်နေတာကြောင့် မြန်မာနိုင်ငံ အတွက် အလွန်အရေးပါတဲ့ နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။ 


မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဟာ နယ်နိမိတ်အားဖြင့် ကီလိုမီတာ ၂ထောင်ကျော်ထိစပ်နေပြီး ကမ္ဘာတည်သရွေ့ ယှဉ်တွဲနေထိုင်သွားရမယ့် အိမ်နီးချင်းနိုင်ငံဖြစ်နေတာ‌ကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံကြား စစ်မှန်တဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တည်ဆောက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 

တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်းဖြစ်ရေး မြန်မာနိုင်ငံအနေနဲ့ အမြဲကြိုးပမ်းရပ်တည်သွားမှာဖြစ်သလို တရုတ်နိုင်ငံရဲ့ တနိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံသွားမယ်လို့ သတင်းစကားပေးထားပါတယ်။


နိုင်ငံကြားက ပြည်သူတွေနဲ့ ပြည်သူ့ဆက်ဆံရေးကို အလေးထားပြီး အပြန်အလှန်ချစ်ကြည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အစွမ်းကုန်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံကြား လူမှုစီးပွား  အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ထိန်းသိမ်းမြှင့်တင်ဆောက်ရွက်သွားမယ်လို့ NUG က ပြောပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူမှုစီးပွားလုပ်ငန်း တွေကို ထိန်းသိမ်းကာကွယ်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နေတဲ့ ဘယ် အဖွဲ့အစည်းကိုမှ မြန်မာနိုင်ငံအတွင်းမှာ အခြေချခွင့်ပေးမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။


၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်က နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်အပါအဝင် နိုင်ငံကြား ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ် အားလုံးကို မြန်မာနိုင်ငံဘက်က ဆက်လက်တာဝန်သွားမှာဖြစ်တယ်လို့လည်း  NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဇန်နဝါရီ ၂။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄) ကို ဇန်နဝါရီ ရက်နေ့ နေ့လည် နာရီ အချိန်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူသားချင်းစာနာ‌ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ‌ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုတဲ့ အချက်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာန တာဝန်ရှိ သူများက ပြန်လည်ဖြေကြား ခဲ့ပါတယ်။


အစည်းအဝေးကို  ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ နာရီ အချိန်မှာ ရပ်နား ခဲ့ပါတတယ်။


========================


📌📌 ၃။ စစ်ဘေးရှောင် ကလေးများကို ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ အာဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့


ဇန်နဝါရီလ  ၂။


စစ်ဘေးရှောင် ကလေးများကို ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ အာဟာရ ကျွေးမွေးခြင်း များ ဆောင်ရွက်ခဲ့ တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေးဆိုပါတယ်။


အမျိုးသားညီညွတ်ရေး အစိုးရ (NUG) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ စစ်ဘေးရှောင် ကလေးငယ်များအား တွေ့ဆုံးခဲ့ပြီး အဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့တယ်လို့ ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။


Pyit Tine Htaung (UK) နဲ့ UK နိုင်ငံမှ အလှူရှင်များမှ ထည့်ဝင်လှူဒါန်းပေးတဲ့ အလှူငွေများနဲ့  မဲဆောက်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ရှိ စစ်ဘေးရှောင် ကလေးများအား နို့၊ မုန့်ပဲသရေစာများ၊ ထမင်း၊ ဟင်း အဟာရ ကျွေးမွေးခြင်းအပြင် လိုအပ်နေတဲ့ ဖိနပ်များကိုလည်း လှူဒါန်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ လှူဒါန်းမှုကို  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ပြည်သူ့ရေးရာကော်မတီမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီ စစ်ရှုံးနေတဲ့ ယခုအချိန်ဟာ "ရောင်နီထွက်ခါနီးသဖြင့် မှောင်မိုက်နေချိန်ဟု KIO ဥက္ကဋ္ဌ မှတ်ချက်ပြု


ဇန်နဝါရီ ၂။


နိုင်ငံတစ်ဝှမ်း စစ်ပွဲများမှာ စစ်ကောင်စီက အရှုံးများနဲ့ ကြုံတွေ့နေရတဲ့ ယခုအချိန်ဟာ "ရောင်နီ ထွက်ခါနီးသဖြင့် မှောင်မိုက်နေချိန်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဇန်နဝါရီလ ရက်နေ့မှာ ပြောကြားခဲ့တဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ  မှတ်ချက်ပြု ပြောကြား ခဲ့ပါတယ်။


စစ်အာဏာရှင် တော်လှန်ရေး ခရီးလမ်းတွင် ပင်ပန်းဆင်းရဲမှုကို ကြုံတွေ့ရနိုင်သဖြင့် မည်သို့ -သော ခက်ခဲမှုမျိုးကိုမဆို လက်မြောက်အရှုံးမပေးဘဲ ကျော်လွားနိုင်ကြရမှာဖြစ်ပြီး လက်ရှိအချိန်ဟာ "ရောင်နီထွက်ခါနီးသဖြင့် မှောင်မိုက်" နေသည့် ပမာဖြစ်တယ်လို့ KIO ဥက္ကဋ္ဌ က ဆိုပါတယ်။


ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တော်လှန်ရေးအင်အားစုများနဲ့ ပြည်သူလူထုရဲ့ ဟန်ချက်ညီ တိုက်ခိုက်တော်လှန် မှုများကို စစ်ကောင်စီတပ်က ခံနိုင်ရည်မရှိတော့ဘဲ စစ်ရှုံးနေပြီ ဖြစ်ကြောင်းနဲ့ ၂၀၂၃ တွင် တော်လှန်ရေး တပ်ဖွဲ့များရဲ့ အောင်မြင်မှုသည် ထူးခြားပြောင်မြောက်လွန်းပြီး ၂၀၂၄ ခုနှစ်တွင် အပြောင်းအလဲကို မြင်ရနိုင်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆက်ပြောပါတယ်။


၂၀၂၃ ခုနှစ် အောက်တိုဘာ   ရက်နေ့တွင် လိုင်ဇာမြို့၊ မုန်လိုက်ခက် စစ်ရှောင်ပြည်သူများကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟာ လူစိတ်မရှိတဲ့ အရိုင်းအစိုင်းလုပ်ရပ် ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကို ပြည်သူတစ်ရပ်လုံးက မမေ့လျော့သင့်ဘဲ အသက်ပေးသွားတဲ့ ပြည်သူများကို တန်ဖိုးထား လေးစားရမည့်အပြင် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင် များကိုလည်း ချစ်ခြင်းမေတ္တာဖြင့် အားပေးလက်တွဲ ကူညီရမယ်လို့ KIO ဥက္ကဋ္ဌက ပြောပါတယ်။


အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်များကို ညီညွတ်စွာဖြင့် ကျော်လွှားရမယ်လို့လည်း နှစ်သစ်ကူး မိန့်ခွန်းမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ ပြည်သူကို ကျည်ဆန်ဖြင့် တုံ့ပြန်တဲ့ စစ်တပ်ကို အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းရန် ချင်းပြည် ကောင်စီ  ဥက္ကဌ Pu Zing Cung ပြောကြား


ဇန်နဝါရီ  ၂။

 

ပြည်သူလူထုကို ညှဉ်းပန်းသတ်ဖြတ် လုယက်ပြီး ပြည်သူ့ဆန္ဒကို ကျည်ဆန်ဖြင့် တုံ့ပြန်တဲ့ စစ်တပ်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းရန် ချင်းပြည်ကောင်စီ ဥက္ကဌ Pu Zing Cung က ဇန်နဝါရီလ ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။


"တိုင်းသူပြည်သားတွေကို ဖိနှိပ်၊ ညှင်းပမ်း၊ သတ်ဖြတ်၊ လုယက်တဲ့ စစ်တပ် ဖြစ်ပါတယ်။ တိုင်းပြည်ကို ရာသက်ပန် အုပ်ချုပ်နိုင်ရေး အတွက် စစ်စည်းမျဉ်းခံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ ပြဌာန်းပြီး ဖိနှိပ်အုပ်ချုပ်တယ်။ ပြည်သူရဲ့ဆန္ဒကို ကျည်ဆံနဲ့တုန့်ပြန်တဲ့ စစ်တပ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစစ်တပ်ကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်း ကြရမှာဖြစ်တယ်။ ဒါဟာ ချင်းလူမျိုးတွေနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံး တစိုက်မတ်မတ် လုပ်ဆောင်ရမယ့် သမိုင်းပေး တာဝန်ပဲ ဖြစ်ပါတယ်" လို့ ချင်းပြည်ကောင်စီ ဥက္ကဌက ပြေကြားခဲ့ပါတယ်။


၂၀၂၃ ခုနှစ်ဟာ ချင်းလူမျိုးများအတွက် နားကျဉ်းမှုများ၊ ဝမ်းနည်းပူဆွေးမှုများ၊ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်းနဲ့ စစ်ရေးကဏ္ဍတွင်မူ စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်သည် ချင်းလူမျိုးများအတွက် အရေးကြီးတဲ့ နှစ်ဖြစ်ကြောင်းကိုလည်း ဆိုပါတယ်။ 


ထို့အပြင် ချင်းပြည်နယ် နေရာအများစုကို ချင်းအမျိုးသား တပ်မတော်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များက စိုးမိုးထိန်းချုပ် နိုင်ပြီး ချင်းပြည်တွင် လာရောက်တပ်စွဲထားသော စစ်တပ်ကို ဆက်လက် တိုက်ခိုက် ရှင်းထုတ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ Chin Land တည်ဆောက်ရေး အမြန်ဆုံး အောင်ပွဲခံနိုင်ရန် Chinland Council ကို ဖွဲ့စည်းခဲ့ရခြင်း ဖြစ်တယ်လို့ ၎င်းက အသိပေး ပြောကြားခဲ့ပါတယ်။


နိုင်ငံရေးနဲ့ အမျိုးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် Chinland Council အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနဲ့ စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီ အတူတကွ တိုက်ပွဲဝင်လျက်ကြောင်းကိုလည်း ၎င်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။ 


========================


📌📌 ၆။ နှစ်သစ်ကိုမင်္ဂလာရှိရှိကျော်ဖြတ်ရန် ကြိုးစားရသောနိုင်ငံများအုပ်စုတွင် မြန်မာနိုင်ငံမပါဝင်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီဟု ညီနောင် ဖွဲ့ပြောကြား


နှစ်သစ်ကုန်ဆုံးပြီး နှစ်သစ်ကို မင်္ဂလာရှိစွာနဲ့ကျော်ဖြတ်နိုင်ဖို့ ကြိုးစားခဲ့ရတဲ့နိုင်ငံများအုပ်စုမှာ မြန်မာနိုင်ငံ မပါဝင်ခဲ့တာ နှစ်ပေါင်းများစွာရှိခဲ့ပြီလို့ ညီနောင်မဟာမိတ် ဖွဲ့က ပြောပါတယ်။ 


ခရစ်စမတ်ကာလနဲ့ နှစ်သစ်ကူးအကြိုကာလညတွေမှာ တိုက်ပွဲမရှိတဲ့နှစ် မရှိသလောက်ဖြစ်ခဲ့ရတယ်လို့ ကိုးကန့်တပ်မတော်- MNDAA တအာင်းတပ်မတော်-TNLAနဲ့ ရခိုင်တပ်တော်- AA တို့က ဆိုပါတယ်။ 


၁၀၂၇ စစ်ဆင်ရေး ၆၇ ရက်မြောက်နေ့တိုက်ပွဲသတင်းများ ထုတ်ပြန်ရာမှာ ညီနောင်မဟာမိတ် ဖွဲ့က အခုလို ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။ 


၂ဝ၂၃ ခုနှစ်ကုန်လို့ ၂ဝ၂၄ ခုနှစ်ကို ကူးပြောင်းတဲ့ကာလမှာလည်း ယခင်နှစ်တွေနည်းတူ တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေတိုက်ခိုက်တာတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင့် မြန်မာပြည်သူတွေအနေနဲ့ မရိုးနိုင်တဲ့ နှစ် တနှစ်ကို ဆက်လက်ရင်ဆိုင် ဖြတ်သန်းရဦးမှာဖြစ်တယ်လို့ ညီနောင် ဖွဲ့က အသိပေးထားပါတယ်။ 


၁၀၂၇ စစ်ဆင်ရေးကို နှစ်သစ်သို့ ဆက်လက်သယ်ဆောင်လာခြင်းဟာ မြန်မာပြည်သူလူထုတရပ်လုံး နှစ်ပေါင်းများစွာမျှော်လင့်တောင့်တနေတဲ့ မျှော်လင့်ချက်အိမ်မက်များ အလုံးစုံအကောင်အထည်ဖော်နိုင်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ပြောပါတယ်။ 


စစ်အာဏာရှင်ကြောင့် စစ်ဘေးရှောင်နေရတဲ့ သန်းချီရှိသောပြည်သူလူထုကို စာနာနားလည်တဲ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေ ယခုထက် ပိုမိုရရှိပါစေလို့လည်း ညီနောင်မဟာမိတ် ဖွဲ့က နှစ်သစ်ဆုမွန်ကောင်းတောင်းထားပါတယ်။


========================


📌📌 ၇။ မြင်းခြံမြို့နယ်က စစ်ကောင်စီတပ်နှင့်ပျူ ပူးပေါင်းစခန်းကို တော်လှန်ရေးမဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်


မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိုင်ချနေထိုင်ပြီး ပျူစောထီးအားကောင်းတဲ့ ညောင်တိုရွာ က စစ်ကောင်စီတပ်နဲ့ ပျူ ပူးပေါင်းစခန်းကို တော်လှန်ရေးမဟာမိတ်များက၏ ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။ 


အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီအုပ်စုဘက်က ၁၂ ဦးသေဆုံးခဲ့ပြီးတဲ့နောက် ဒဏ်ရာရှသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် ညောင်တိုရွာကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။


 ညောင်တိုရွာကို အပြီးသတ်သိမ်းပိုက်ပြီးတဲ့နောက် တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းရာမှာ စစ်အသုံးအဆောင်အချို့ကို သိမ်းဆည်းရရှိခဲ့သလို ဘန်ကာတွေကို ဖြိုချဖျက်ဆီး ခဲ့တယ်လို့ အသိပေးထားပါတယ်။ 


ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားရာ ညောင်တိုရွာနဲ့ကပ်နေတဲ့ ဆင်ချောင်းကျေးရွာကို လည်း နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး ဆင်ချောင်းရွာက စစ်ကောင်စီအထိုင်ချဘန်ကာတွေကိုပါ ဖြိုချခဲ့ တယ်လို့ သိရပါတယ်။ 


တင်ချောင်းကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေချိန်မှာ ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ အနိမ့်ရွာက စစ်ကောင်စီတပ်ဖွဲ့နဲ့ပေါင်းပြီး စစ်ကြောင်းပြန်ထိုးလာတဲ့အတွက် တော်လှန်ရေးမဟာမိတ်အဖွဲ့  ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 


စစ်ကြောင်းပြန်ထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ညောင်တိုရွာက အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့လည်း သိရပါတယ်။ 


ညောင်တိုရွာကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့က စီးနင်းတိုက်ခိုက်ချိန်မှာပဲ မြင်းခြံ-ဆီမီးခုံကားလမ်းပေါ်က ကျားတိုင်ရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီစခန်းကိုလည်း လက်နက်ငယ်တွေနဲ့ အလစ်အငိုက်တိုက်ခိုက်ခဲ့ တာမှာလည်း စစ်သား ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ 


ထို့အပြင် မြင်းခြံ-ဆီမီးခုံကားလမ်းပေါ်မှာရှိတဲ့ တောပုရွာက အကြမ်းဖက်စစ်ကောင်စီစခန်းကိုလည်း ဒရုန်းနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


အဆိုပါစစ်ဆင်ရေးတွေကို မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ မြင်းခြံခရိုင်အမှတ် ,, တပ်ရင်း၊စစ်ကိုင်းခရိုင်အမှတ်- တပ်ရင်း၊အမှတ် ()တပ်ခွဲ၊ မြင်းခြံမြို့နယ် ပကဖ၊  CDSOM 001 ဒရုန်းအဖွဲ့၊ Burmese Guerrilla Force မန္တလေးခရိုင်အမှတ်-,, တပ်ရင်း၊ညောင်ဦးခရိုင်အမှတ်- တပ်ရင်းစတဲ့မဟာမိတ်အဖွဲ့စုစု‌ပေါင်း၂၃ဖွဲ့ နှင့် အခြားမဟာမိတ်များ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


📌📌 ၈။ ရွှေဘိုမြို့တွင် ကင်းစောင့်နေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်ပစ်ခတ်မှု ဦးသေဆုံး


ဇန်နဝါရီ ၂။


ဇန်နဝါရီလ ရက်နေ့ မနက် နာရီ ခန့်က ရွှေဘိုမြို့ တောင်ဘက်အထွက်ရှိ ကင်းစောင့်နေတဲ့ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၂၃) တပ်ရင်းက ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဦးသေဆုံးပြီး ဦးခန့် ဒါဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ တပ်က လက်နက်ကြီးများနဲ့ ပြန်လည်ပစ်ခတ်နေတာကြောင့် တော်လှန်ရေး ရဲဘောာ်များ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။


ရွှေဘိုမြို့ တောင်ဘက်အထွက်ရှိ ကင်းစောင့်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်‌ွေးတွေ အထိုင်ချတဲ့ နေရာနဲ့ မီတာ ၂၀၀ ပဲ ဝေးတာ ကာကင်းသဘောမျိုး ထားထားတဲ့ နေရာကို ဝင်လုံးတာ သူတို့ဘက်က အထိုင်ကနေ ပစ်ကူပေးသေးတယ်။ တိုက်ခိုက်မှု အတွင်း စစ်‌ွေး ကောင်သေတယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၂၃) တပ်ရင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် (၂၃) တပ်ရင်း၊ တပ်ခွဲ () Naung Yoe Army Revolution Soldier တပ်ခွဲ () တာနောယက္ခ နွေဦးတမန် နဂါမင်း အဖွဲ့တို့က ပူးပေါင်းဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment