2nd JAN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မယ်စဲ့မြို့ကို ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ပြီဟု KNDF ဥက္ကဋ္ဌပြော

📌 ၂။ စစ်တပ်ကို နိုင်ငံရေးက စွန့်ခွာရန်နှင့် အရပ်သား ပြည်သူလူထု၏ အုပ်ချုပ်မှုအောက်တွင် နေရန်စသည့် အချက်များ အပါအဝင် အချက် () ချက်ဖြင့် KNU ရာဇသံပေး

📌 ၃။ လာရှိုးမြို့ကို ညီနောင် ၃ဖွဲ့က သိမ်းပိုက်မည်စိုးသောကြောင့် စစ်တပ်က အီနိုင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု TNLA ပြော

📌 ၄။ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်၍ မြို့နယ်တခုလုံးကို ထိန်းချုပ်နိုင်ပြီဟု TNLA ပြော

📌 ၅။ ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကာ ဒေသခံ ,၅၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ

📌 ၆။ မြိုင်မြို့နယ်တွင် ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ

📌 ၇။ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခုကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်မှု စစ်သား ဦးသေဆုံး

📌 ၈။ ပုလောမြို့နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦး M16 သေနတ်တစ်လက် ယူဆောင်လာပြီး အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မယ်စဲ့မြို့ကို ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ပြီဟု KNDF ဥက္ကဋ္ဌပြော


ဇန်နဝါရီလ ၁ရက်။

ကရင်နီပြည်မှာရှိတဲ့ မယ်စဲ့မြို့ကို ၁ဝဝ ရာခိုင်နှုန်း ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ကရင်နီအ မျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ရုပ်သံမှတ်တမ်းကနေ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


KNDF ရဲဘော်တွေနဲ့ ပြည်သူလူထုကို ပြောကြားတဲ့ ၂ဝ၂၄ ခုနှစ် တော်လှန်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။


အခုချိန်မှာ မယ်စဲ့မြို့ကို ၁ဝဝ ရာခိုင်နှုန်း ထိန်ချုပ်နိုင်ပြီဖြစ်သလို ပန်တိမ်းကျေးရွာကို ပြန်လည်တည်ဆောက်ဖို့အတွက် မယ်စဲ့မြို့မှာရှိနေတဲ့ သစ်တွေဝါးတွေအကုန်လုံးက ကျွန်တော်တို့ပြည်သူအားလုံးရဲ့ လက်ထဲမှာရှိပါတယ်လို့ ပြောပါတယ်။


အရေးအကြီးဆုံးကတော့ ပန်တိမ်းနဲ့အတူ မယ်စဲ့တမြို့နယ်လုံးရဲ့လွတ်လပ်မှုတွေ ဂုဏ်သိက္ခာတွေဟာ လက်ငင်းရရှိနေတဲ့ ဆုလာဘ်တွေဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။


ဒါဟာ ၂ဝ၂၄ ခုနှစ်မှာ ပျက်စီးဆုံးရှုံးမှုတွေကို အမြန်ဆုံးပြန်လည်ကုစားရေးနဲ့ အထူးသဖြင့် ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအောင်ပွဲအတွက် ခြေလှမ်း လှမ်းကြရမှာဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။


မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာကို စစ်ကောင်စီတပ်က တပ်စွဲနေထိုင်ချိန်မှာ အရပ်သားပြည်သူနေအိမ် ၉ဝ ရာခိုင်နှုန်းခန့် မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်ကို ဖြိုခွင်းနိုင်ဖို့ KNDF ရဲဘော်တွေ အသက်ပေးခဲ့ရတယ်လို့ သိရပါတယ်။ 


ဒါ့ကြောင့် ကျွန်တော်တို့ရဲဘော်တွေနဲ့အတူ ကတိသစ္စာပြုခဲ့တဲ့အတိုင်း အာဏာရှင်စနစ် ချုပ်ငြိမ်းမယ်ဆိုတာကို သက်သေပြကြရအောင်လို့ KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက တိုက်တွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ စစ်တပ်ကို နိုင်ငံရေးက စွန့်ခွာရန်နှင့် အရပ်သား ပြည်သူလူထု၏ အုပ်ချုပ်မှုအောက်တွင် နေရန်စသည့် အချက်များ အပါအဝင် အချက် () ချက်ဖြင့် KNU ရာဇသံပေး


ဇန်နဝါရီလ ၁ရက်။

အာဏာသိမ်း စစ်တပ်ကို နိုင်ငံရေးက စွန့်ခွာရန်နှင့် အရပ်သား ပြည်သူလူထု၏ အုပ်ချုပ်မှုအောက်တွင်နေရန် စသည့် အချက်များ အပါအဝင် အချက် () ချက်ဖြင့် KNU က ရာဇသံပေးကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ဗဒိုစောတောနီးက၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရက်နေ့မှာ ပြောကြားခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာအခုလို ပြောကြားခဲ့တာပါ။


ဒီလေးချက်ဟာ စစ်အာဏာရှင်တို့ရဲ့ ထွက်ပေါက်ဖြစ်သလို ဒါဟာကျွန်တော်တို့ရဲ့ ရာဇသံလည်း ဖြစ်ပါတယ်။ ဒီအချက်ကို လိုက်နာသောအားဖြင့် စစ်အာဏာရှင်စနစ် ကိုင်စွဲထားတဲ့ သူတွေအတွက် နိဂုံးကောင်းတစ်ခုကို ချုပ်နိုင်မှာ ဖြစ်သလို ကျွန်တော်တို့ ရှေ့ဆက်ချီတက်မယ့် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်အတွက်လည်း လမ်းစကောင်း တစ်ခုအဖြစ် ကျွန်တော်တို့ မှတ်ယူလို့ ရပါတယ်။လို့ ဗဒို စောတောနီးက ပြောပါတယ်။


အဆိုပါ အချက်လေးချက်မှာ - စစ်တပ်သည် နိုင်ငံရေးမှ စွန့်ခွာရမည်၊ စစ်တပ်ကို အသွင်ကူးပြောင်းပြီး ရွေးကောက်ခံရသည့် အရပ်သား ပြည်သူလူထု၏ အုပ်ချုပ်မှုအောက်တွင် နေရမည်၊ စစ်တပ်က မတော်မတရား ကျူးလွန်ခဲ့သည့် အမှုကြီး အမှုငယ် အားလုံးကို တာဝန်ခံသည့် အနေဖြင့် အသွင်ကူးပြောင်းရေးကာလ တရားစီရင်မှုကို လက်ခံရမည်နှင့် မည်သူတစ်ဦး တစ်ယောက်မျှ ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းကို ကင်းလွတ်ခွင့် ပေးနိုင်မည် မဟုတ်ဟု ရာဇသံပေးထားတာ ဖြစ်ပါတယ်။


ထို့အပြင် ဖက်ဒရယ် ပြည်ထောင်စုသစ်ကို တည်ဆောက်ပါက လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ရေးဆွဲရမှာ ဖြစ်ပြီး အာဏာရှင်စနစ် ကျဆုံးပြီးတဲ့တိုင် နိုင်ငံရေး ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဗဒိုစောတောနီးက ဆိုပါတယ်။


ပြည်သူ့တော်လှန်ရေးမှာ မပြီးဆုံးသေးဘဲ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ပြည်သူလူထုက တော်လှန်ရေး အဖွဲ့အစည်းများနဲ့ တစ်သားထဲ ရပ်တည်သွားကြ ဖို့ကိုလည်း KNU က တိုက်တွန်းထား ပါတယ်။


========================


📌📌 ၃။ လာရှိုးမြို့ကို ညီနောင် ၃ဖွဲ့က သိမ်းပိုက်မည်စိုးသောကြောင့် စစ်တပ်က အီနိုင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု TNLA ပြော


ဇန်နဝါရီလ ရက်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို ညီနောင်မဟာမိတ် ဖွဲ့က တိုက်ခိုက်သိမ်းပိုက်မှာ စိုးရိမ်နေတာကြောင့် အကြမ်းဖက်စစ်တပ်က အီနိုင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တာလို့ တအောင်းတပ် TNLA က ပြောကြားလိုက်ပါတယ်။ 


တအာင်းပြည်နယ် တပ်မဟာ- စစ်ဒေသမှာရှိတဲ့ လားရှိးမြိုနယ်နဲ့ နမ္မတူမြိုနယ်ကို အဓိကဆက်သွယ်ထားတဲ့ အီနိုင်းကျေးရွာအနီးက အီနိုင်းတံတားကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ နာရီအချိန်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာပြီး မိုင်းခွဲဖျက်ဆီးခဲ့တာနဲ့ပတ်သက်လို့ TNLA က အခုလို ပြောဆို လိုက်တာဖြစ်ပါ တယ်။


လားရှိုးမြို့နဲ့ မိုင် ၄ဝ ကျော်သာကွာဝေးတဲ့ နမ္မတူမြို့ကို တအာင်းတပ်မတော် PSLF/TNLA က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် လာရှိုးမြို့ကို ဆက်လက်သိမ်းပိုက်မှာ စိုးတာကြောင့် စစ်ကောင်စီတပ် က အခုလို ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ TNLA က ပြောပါတယ်။


အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်တဲ့ လာရှိုးမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခြင်းမခံရဖို့ ရတဲ့နည်းနဲ့ ကာကွယ်ရမယ်လို့ စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားထားတာ ရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားတာရှိပါတယ်။  

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ကလည်း သီပေါနဲ့ နမ္မတူမြို့ကိုဆက်သွယ်ထားတဲ့ မိုးတေတံတားကိုလည်း စစ်ကောင် စီရဲ့ ခမရ ၅၀၃ နဲ့ ၅၀၄ တပ်တွေ ထိုးစစ်ဆင်ပြီး မိုင်းခွဲဖျက်ဆီးခဲ့သေးတယ်လို့လည်း သိရပါတယ်။ 


တအာင်းတပ်မတော် PSLF/TNLA က နမ့်ခမ်းမြို့၊ မိုင်းလုံမြို့၊ မန်တုံမြို့၊ နမ့်ဆန်မြို့နဲ့ နမ္မတူမြို့ကို သိမ်းပိုက် ပြီးနောက် သီပေါမြို့နဲ့ လားရှိးမြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်မှုမပြုနိုင်စေဖို့နဲ့  တိုက်ခိုက်သိမ်းပိုက် ခြင်းခံရမှာစိုးရိမ်တာကြောင့် အခုလို တံတားတွေကို လာရောက်မိုင်းခွဲဖျက်ဆီးခဲ့တာလို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်၍ မြို့နယ်တခုလုံးကို ထိန်းချုပ်နိုင်ပြီဟု TNLA ပြော


ဇန်နဝါရီလ ၁ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တာကြောင့် မြို့နယ်တခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ TNLA သတင်းနဲ့ပြန်ကြားရေးက ဇန်နဝါရီလ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


မိုင်းငေါ့မြို့မှာ စစ်ကောင်စီဗျူဟာမှူးအခြေချကွပ်ကဲနေတဲ့ တပ်စခန်းကို တအာင်းတပ်မတော် PSLF/ TNLA က ဒီဇင်ဘာ ၃၁ ရက်နေ့ ၄၅ မိနစ်အချိန်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အခုလို ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။ 


မိုင်းငေါ့မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ဒီဇင်ဘာလ ၂၉ ရက်ကစတင်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်စခန်း ဗျူဟာကုန်းအပါအဝင် ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးများအားလုံးကို ရက်အတွင်း အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလို့ TNLA ဘက်က ပြောပါတယ်။ 


မိုင်းငေါ့မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဟာ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၃ နဲ့ ခလရ ၂၃၅ တပ် တို့ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားခဲ့တဲ့ စခန်းကုန်းဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။


မိုင်းငေါ့တပ်စခန်းကို TNLA က တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီက အရပ်သားတွေကို ဦးတည် တိုက်ခိုက်ခဲ့တာတွေကြောင့် မိုင်းငေါ့ဒေသခံ ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရရှိကာ ဘာသာရေးအဆောက် အအုံနဲ့ ဘုရားကျောင်းကန်တွေ၊ လူနေအိမ် ၁၄ လုံး လက်နက်ကြီးနဲ့ လေယာဉ်ဗုံးစ ထိမှန်ခဲ့ကာ အိမ် လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ရာမှာ ဟောင်ဝစ်ဇာ အမြောက် အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ ရျင်းလင်းသိမ်းဆည်းရရှိခဲ့တယ် လို့ သိရပါတယ်။


တအာင်းတပ်မတော် TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလစတင်ချိန်ကနေ ဇန်နဝါရီလ ရက်နေ့အထိ နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ မန်တုံမြို့၊နမ္မတူမြို့၊ မိုင်းလုံမြို့တို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တာကြောင့် မိုင်းငေါ့မြို့ဟာ ဆဋ္ဌမမြောက် သိမ်းပိုက်နိုင်ခဲ့တဲ့မြို့ ဖြစ်တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကာ ဒေသခံ ,၅၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ


ဇန်နဝါရီလ ၁ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီ ခမရ - ၄၁၀ တပ်စခန်းကို KNDO နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန် နေတာကြောင့် ဒေသခံပြည်သူ ,၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


အဆိုပါ ဝင်းတာပန် စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့က စတင်ပြီး KNDO တပ်ရင်း () နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခဲ့တာ ဖြစ်ပြီး ရက်ခြားဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေ တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေခဲ့ကြတာ ဖြစ်ပါတယ်။


ယမန်နေ့ (ဒီဇင်ဘာ ၃၁ ရက်နေ့) မနက် နာရီ ဝန်းကျင်ခန့်က KNDO နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေက ယင်းစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်က လက်နက်ကြီးတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။


စစ်ကောင်စီက ဝင်းတာပန် ကျေးရွာအနီးကို ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၃လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး Mi35 ဖြင့်လည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ KNDO, PDF ပူးပေါင်းတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပြပါတယ်။


“Mi 35 က တစ်ကြိမ်ပဲလာတာ ပတ်ပတ်ပြီးပစ်နေတာ ခါလောက်ရှိမယ်၊ Rocket တွေရော စက်သေနတ်တွေကော၊ Jet Fighter ကလည်း တစ်ကြိမ်လာတယ် ဗုံးသုံးလုံးကျဲပြီး ပြန်သွားကော။လို့ ပူးပေါင်းတပ်ဖွဲ့နဲ့ နီးစပ်သူက ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေ ရှိနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ချို့လည်း ထိခိုက်ဒါဏ်ရာ ရခဲ့တာတွေ ရှိတယ်လို့ ၎င်းကဆက်ပြောပါတယ်။


ယင်းတိုက်ပွဲတွေကြောင့် ဝင်းတာပန် ရွာကြီး၊ ဝင်းတာပန် အထက်ရွာနဲ့ အနီးရှိ ကျေးရွာတွေမှ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြားအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။


စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေ အများအပြားပါဝင် နေပြီး ဆောင်းတွင်းကာလ အရမ်းအေးနေတဲ့ အချိန်ဖြစ်တာကြောင့် အနွေးထည်နဲ့ ခြုံစောင်တွေ လိုအပ်နေပြီး ကျန်းမာရေးအရ အခက်အခဲတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ မြိုင်မြို့နယ်တွင် ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ


ဇန်နဝါရီလ ၁ရက်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ဂွ ပျူရွာကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ Young Force - UG အဖွဲ့က ထံမှ သိရပါတယ်။


ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ် စက်မှု မှ သရက်ဂွ ပျူရွာကို ရိက္ခာလာပို့တဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းနဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး Fix wing ဒရုန်းများနဲ့ ဗုံးကျဲ တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ Young Force - UG အဖွဲ့က ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း () DMG မဟာမိတ် တပ်ဖွဲ့၊ ပခုက္ကူ မြို့နယ် ပကဖ တပ်ခွဲ ()   Thu Rain - TR (Pakokku) နဲ့ Young Force-UG တို့က ပူးပေါင်းဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခုကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ဇန်နဝါရီလ ရက်။

မွန်ပြည်နယ် ရေးမြို့နယ်ထဲမှာရှိတဲ့ စကခ- ၁၉ လက်အောက်ခံ စစ်ကောင်စီတပ်ရင်း ခုကို တော်လှန်ရေး အင်းအစုများ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး သေဆုံးသွားတယ်လို့ ရေးပြောက်ကျားတပ် YGF က ဇန်နဝါရီ ရက်မှာ ထုတ်ပြန်ပါတယ်။ 


ရေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ - ၅၉၁ တပ်ရင်းနဲ့ ခမရ - ၅၈၃ တပ်ရင်းကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ရေးပြောက်ကျားတပ်-YGF ဒေါနစစ်ကြောင်း တပ်ခွဲ က ပြောပါ တယ်။


တော်လှန်ရေးအင်အားစုများက စစ်ရေးဖော်ဆောင်ခဲ့တာမှာ တိုက်ပွဲဖြစ်ချိန် နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ 


စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ နေရာအနှံ့ပြန်လည်ပစ်ခတ်ခဲ့တာမှာ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမယ့် ဒရုန်း စင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း အသိပေးထားပါ တယ်။ 


စစ်ကောင်စီတပ်ရင်း ခုကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ကျောင်းရွာတဝိုက်နဲ့ လမ်းမကြီးများပေါ်မှာလည်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ နာရီခန့် ပြုလုပ်ခဲ့တယ်လို့လည်း YGF - ရေးပြောက်ကျားတပ်က ထုတ်ပြန်ထားပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကို YGF - ရေးပြောက်ကျားတပ် (ဒေါနစစ်ကြောင်း တပ်ခွဲ ) နဲ့ ပူးပေါင်းတပ်တွေဖြစ်တဲ့ ဒေါနစစ်ကြောင်း၊ MSRF ABSDF တပ်ရင်း ၁၊ MSROနဲ့ YAF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


📌📌 ၈။ ပုလောမြို့နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦး M16 သေနတ်တစ်လက် ယူဆောင်လာပြီး အလင်းဝင်


ဇန်နဝါရီလ ၁ရက်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦး  M16 သေနတ် တစ်လက် ယူဆောင်လာပြီး အလင်းဝင်ခဲ့တယ်လို့ ပူရိယက္ခ ညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန် ထားပါတယ်။


ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင် စိုးနိုင်က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ KNDO ဦးစီးတဲ့ ပူရိယက္ခညီနောင် စစ်ကြောင်းထံ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။


အလင်းဝင်လာခဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် စိုးနိုင်က ၎င်းနဲ့အတူ M16A1 အမျိုးအစား သေနတ် လက်၊ 5.56 ကျည် ၁၇၁ တောင့် နှင့် ကျည်ဘောက် ခုတို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ လက်နက်နှင့်တကွ အလင်းဝင်လာခဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် စိုးနိုင်ကို ငွေကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့် ပေးခဲ့ပြီး လွတ်လပ်စွာ သွားလာခွင့်နဲ့ နေထိုင်စားသောက်ရေး များအတွက် စီစဉ်ပေး ခဲ့တယ်လို့ သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment