4th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒေသတွင်းနှင့်နိူင်ငံတကာကကျင့်သုံးတဲ့ တရုတ်တစ်နိူင်ငံတည်းမူဝါဒကို ဆက်လက်ကျင့်သုံးထောက်ခံတာဖြစ်တယ်လို့ နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးရှင်းလင်းပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့တရုတ်နိုင်ငံဆိုင်ရာ သဘောထားကြေညာချက်ဟာ ဝါရှင်တန်အတွက် စိုးရိမ်စရာမဟုတ်ဘူးလို့ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်မှတ်ချက်ပြု

📌 ၃။ ပြည်သူများအားလုံး စစ်မှန်သောလွတ်လပ်ခြင်း၊တရားမျှတခြင်း၊ငြိမ်းချမ်းခြင်းကို အမြန်ဆုံး ရရှိပိုင်ဆိုင်ဖို့ လူ့အခွင့်ရေးဒုတိယဝန်ကြီး ဆုမွန်ကောင်းတောင်း

📌 ၄။ တော်လှန်စစ်ပွဲကို ဆင်နွှဲနေတဲ့ကာလမှာ နည်းပညာက အင်မတန်လိုအပ်တယ်လို့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ဆို

📌 ၅။ စစ်ကောင်စီဟာ အဖက်ဖက်မှယိုယွင်းကျဆင်းနေပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်များပြည်သူ့ရင်ခွင်ခိုလှုံရန် ပြည်သူ့ရဲတပ်ဖွဲ့ People's Police ရဲချုပ်တိုက်တွန်း

📌 ၆။ ပလက်ဝဒေသအတွင်း သာမက ရက္ခိုင်ဒေသအတွင်းတွင်ရှိကြသည့် စစ်ကောင်စီ၏ စခန်းတစ်ခုမျှမကျန် အပြတ်ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ရက္ခိုင့်တပ်တော် (AA)ဆို

📌 ၇။ ချင်းညီနောင်အနေဖြင့် CRPH, NUCC, NUG, ICNCC, ERO တွေနဲ့ အတူလက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်တဲ့အထိ လုပ်ဆောင်သွားမယ်လို့အသိပေး

📌 ၈။ အကြမ်းဖက် စစ်ကောင်စီတပ်၏ ကာကင်းစခန်း () ခုအားတိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့တယ်လို့ကေအဲန်ယူဗဟိုအသိပေး

📌 ၉။ ဒေါနစစ်ကြောင်းတပ်ခွဲ()  KBDF တပ်ဖွဲ့ကအမှတ်(၄၀၉) ခြေမြန်တပ်ရင်းအားDrone ဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့

📌 ၁၀။ နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူ့စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှု များပြား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒေသတွင်းနှင့်နိူင်ငံတကာကကျင့်သုံးတဲ့ တရုတ်တစ်နိူင်ငံတည်းမူဝါဒကို ဆက်လက်ကျင့်သုံးထောက်ခံတာဖြစ်တယ်လို့ နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးရှင်းလင်းပြောကြား


ဇန်နဝါရီ၄ရက်


ဒေသတွင်းနှင့်နိူင်ငံတကာကကျင့်သုံးတဲ့ တရုတ်တစ်နိူင်ငံတည်းမူဝါဒကို ဆက်လက်ကျင့်သုံးထောက်ခံတာဖြစ်တယ်လို့ နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးရှင်းလင်းပြောကြားပါတယ်။


ဇန်နဝါရီလအတွင်း Radio NUGကို နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးကပြောပါတယ်။


"တရုတ်တစ်နိူင်ငံထဲဆိုတဲ့မူဝါဒကအထူးအဆန်းတော့မဟုတ်ဘူး။အရင်အစိုးရတွေကလည်းကျင့်သုံးခဲ့တဲ့ မူဝါဒဖြစ်တယ်။ ဒါကဒေသတွင်းမှာပဲ ဖြစ်ဖြစ်၊နိူင်ငံတကာမှာပဲ ဖြစ်ဖြစ် တရုတ်တစ်နိူင်ငံတည်းမူဝါဒက ဒါအားလုံးလက်ခံပြီးကျင့်သုံးတဲ့မူဝါဒဖြစ်တဲ့အတွက်ကြောင့် ဒီမူဝါဒကိုဆက်လက်ကျင့်သုံးထောက်ခံတယ်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံအစိုးရနဲ့ ဆက်ဆံရေးမှာ One China Principle တရုတ်၁နိုင်ငံတည်း မူဝါဒကို ကျင့်သုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။


၄င်း အသုံးအနှုံးမှာ တရုတ်နိုင်ငံအစိုးရ၏ အသုံးအနှုံးဖြစ်ပြီး One China Policy လို့ ခေါ်ကြတဲ့ အမေရိကန်နိုင်ငံအစိုးရ၏ အသုံးအနှုံးနဲ့ မတူဘူးလို့ သိရပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့တရုတ်နိုင်ငံဆိုင်ရာ သဘောထားကြေညာချက်ဟာ ဝါရှင်တန်အတွက် စိုးရိမ်စရာမဟုတ်ဘူးလို့ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်မှတ်ချက်ပြု


ဇန်နဝါရီ၄ရက်


အမျိုးသားညီညွတ်ရေးအစိုးရရဲ့တရုတ်နိုင်ငံဆိုင်ရာ သဘောထားကြေညာချက်ဟာ ဝါရှင်တန်အတွက် စိုးရိမ်စရာမဟုတ်ဘူးလို့ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်မှတ်ချက်ပြုဆိုပါတယ်။


ဇန်နဝါရီ၄ရက်မှာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်က Twitterမှာရေးသားဆိုထားပါတယ်။


"NUG ထုတ်ပြန်ချက်သည် ကောင်းသောရွေးချယ်မှုတစ်ခုရှိကြောင်း ဘေဂျင်းအား အသိအမှတ်ပြုရန် အားပေးသည့်နည်းလမ်းအဖြစ် အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော့်အမြင်အရတော့ ဒီထုတ်ပြန်ချက်ဟာ ဝါရှင်တန်အတွက် စိုးရိမ်စရာမဖြစ်သင့်ပါဘူး"လို့ဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ ရက်မှာ တရုတ်နိုင်ငံဆိုင်ရာ သဘောထားကြေညာချက် ၁၀ချက်ကိုထုတ်ပြန်ခဲ့ပြီး ထူးခြားချက်အနေဖြင့်၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်များ အပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံမှ တာဝန်ယူ ဆက်ခံ မယ်ဆိုတဲ့အချက်တစ်ချက်လည်းပါဝင်ပါတယ်။


========================


📌📌 ၃။ ပြည်သူများအားလုံး စစ်မှန်သောလွတ်လပ်ခြင်း၊တရားမျှတခြင်း၊ငြိမ်းချမ်းခြင်းကို အမြန်ဆုံး ရရှိပိုင်ဆိုင်ဖို့ လူ့အခွင့်ရေးဒုတိယဝန်ကြီး ဆုမွန်ကောင်းတောင်း


ဇန်နဝါရီ၄ရက


"ဇန်နဝါရီလ ရက် လွတ်လပ်ရေးနေ့မှာ မြန်မာပြည်မှ မိဘပြည်သူများအားလုံး စစ်မှန်သောလွတ်လပ်ခြင်း၊တရားမျှတခြင်း၊ငြိမ်းချမ်းခြင်းကို အမြန်ဆုံး ရရှိပိုင်ဆိုင်နိုင်ကြပါစေ"လို့ ဇန်နဝါရီ၄ရက်မှာ လူ့အခွင့်ရေးဒုတိယဝန်ကြီး ခွန်ဗဟန်းထန်ကဆိုရှယ်မီဒီယာမှာဆိုထားပါတယ်။


လက်ရှိမှာ မြန်မာနိုင်ငံအတွင်း စကစတပ်များဟာ ပြည်သူများကို ညှင်းပန်းသတ်ဖြတ်မှုနဲ့အကျဥ်းချမှုများဆက်တိုက်လုပ်ဆောင်နေပါတယ်။


========================


📌📌 ၄။ တော်လှန်စစ်ပွဲကို ဆင်နွှဲနေတဲ့ကာလမှာ နည်းပညာက အင်မတန်လိုအပ်တယ်လို့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ဆို


ဇန်နဝါရီ၄ရက်


𝗙𝗲𝗱𝗲𝗿𝗮𝗹 𝗡𝗲𝘁  - တော်လှန်ရေးစကားဝိုင်းမှာ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ကအခုလို ပြောကြားခဲ့ပါတယ်။


အခုလို တော်လှန်စစ်ပွဲကို ဆင်နွှဲနေတဲ့ကာလမှာ နည်းပညာက အင်မတန်လိုတယ်။ အင်တာနက် နည်းပညာတွေက လူတွေနဲ့ အကျွမ်းတဝင်ဖြစ်လာတဲ့အခါမှာ ရရှိတဲ့အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဒါကို မှန်မှန်ကန်ကန်အသုံးပြုတတ်မယ်ဆိုရင် တော်လှန်ရေးအတွက် အများကြီးအထောက်အကူဖြစ်တယ်။ အခုအချိန်ထိ တော်လှန်ရေးရှေ့ဆက်နိုင်နေတာကလည်း နည်းပညာအားဖြင့် ရှေ့ဆက်နိုင်နေတာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။


Federal Net Campaign"ကမ်ပိန်းကာလကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပြီးကမ်ပိန်းသတ်မှတ်ချက်လိုအပ်နေပါသေးတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတာဖြစ်ပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီဟာ အဖက်ဖက်မှယိုယွင်းကျဆင်းနေပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်များပြည်သူ့ရင်ခွင်ခိုလှုံရန် ပြည်သူ့ရဲတပ်ဖွဲ့ People's Police ရဲချုပ်တိုက်တွန်း


ဇန်နဝါရီ၄ရက်


ဇန်နဝါရီ၄ရက်တွင် ပြည်သူများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသို့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပေးပို့သောသဝဏ်လွှာမှာ People's Policeရဲချုပ်က အခုလိုဆိုထားပါတယ်။


"ယနေ့အချိန်တွင်စစ်ကောင်စီသည် အဖက်ဖက်မှယိုယွင်းကျဆင်းနေပြီး တိုင်းရင်းသားပေါင်းစုံ စုစည်းပါဝင်သည့်ပြည်သူ့ခုခံစစ်၏ အရှိန်မှာလည်း တဟုန်ထိုးတိုးတက်အောင်မြင်လျှက်ရှိရာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်များသည် စစ်ကောင်စီအလိုကျအတိုင်း ပြည်သူလူထုအား ညှင်းပမ်းနှိပ်စက် ဖမ်းဆီးသတ်ဖြတ်နေခြင်းထက် ပြည်သူ့ရင်ခွင်ခိုလှုံပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးမှလိုလားတောင့်တလျှက်ရှိသော အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ဝိုင်းဝန်းပူးပေါင်းကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်"လို့ဆိုပါတယ်။


ပြည်သူ့ရဲတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ် နယ်မြေများအနက် မြို့နယ် () မြို့နယ်တွင် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့များ ဖွဲ့စည်ထားရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ချမှတ်သည့် မူဝါဒနှင့်လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ၏တပ်များအား စစ်ရေးအရတိုက်ခိုက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၆။ ပလက်ဝဒေသအတွင်း သာမက ရက္ခိုင်ဒေသအတွင်းတွင်ရှိကြသည့် စစ်ကောင်စီ၏ စခန်းတစ်ခုမျှမကျန် အပြတ်ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ရက္ခိုင့်တပ်တော် (AA)ဆို


ဇန်နဝါရီ၄ရက်


"ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ပလက်ဝဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဗျူဟာကုန်းများကို ၂၀၂၄ ဇန်နဝါရီလ တစ်ရက်နေ့မှ စတင်ပြီးပလက်ဝ (၂၈၉) ဗျူဟာကုန်းနှင့်မီးဝဗျူဟာကုန်းများကို ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်။ ပလက်ဝဒေသအတွင်း၌ သာမက ရက္ခိုင်ဒေသအတွင်းတွင်ရှိကြသည့် စစ်ကောင်စီ၏ စခန်းတစ်ခုမျှမကျန် အပြတ်ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်တယ်"လို့ ဇန်နဝါရီ၃ရက်မှာ ရက္ခိုင့်တပ်တော် (AA)က စစ်ရေးသတင်းကိုဆိုပါတယ်။


ပလက်ဝ ပတ်ဝန်းကျင်၌ စစ်ကောင်စီ၏စခန်းများဖြစ်ကြသော ခလရ- ၂၃၃၊ခမရ- ၃၇၄၊

ခမရ- ၃၇၆၊ခမရ- ၃၀၈၊ ခမရ- ၂၁၁၊ခမရ- ၂၁၇ ခလရ- ၂၈၉၊ ခမရ- ၂၂၀ တို့ကိုလည်း နှစ်ဆန်းရက်၊ ဇန်နဝါရီလ () ရက်နေ့မှ ချဉ်းကပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။


ပလက်ဝ အတွင်းရှိချင်းလက်ဝစခန်းကုန်းအား ဇန်နဝါရီလ () ရက်တွင် ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး အဆိုပါ စခန်းကုန်းအား သုံးရက်ခန့်သာ တိုက်ခိုက်ခဲ့ရပါတယ်။


 စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၇။ ချင်းညီနောင်အနေဖြင့် CRPH, NUCC, NUG, ICNCC, ERO တွေနဲ့ အတူလက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်တဲ့အထိ လုပ်ဆောင်သွားမယ်လို့အသိပေး


ဇန်နဝါရီ၄ရက်


ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ဖလမ်းမြို့နယ် တို့ကို ကိုယ်စားပြုသော အဖွဲ့အစည်းများဖြစ်သည့် Chin National Council (Mindat)/ CDF (Mindat) Zomi Federal Union (ZFU)/ PDF (Zoland) နှင့် Chin National Organisation (CNO)/ CNDF တို့ပါဝင်သော ချင်းညီနောင်မှ ယမန်နေ့ ဇန်နဝါရီလ () ရက်နေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ကြေညာခဲ့ပါတယ်။


ထုတ်ပြန်ချက်အရ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရပေါ်ပေါက်လာရေးကို ချင်းညီနောင်အနေဖြင့်အမြဲလိုလားကြောင်း ဖော်ပြထားပါတယ်။


ဒါ့အပြင် ချင်းညီနောင်အနေဖြင့် CRPH, NUCC, NUG, ICNCC, ERO နိုင်ငံတကာအဖွဲ့စည်းတွေ၊ ပြည်တွင်းပြင်ပရှိ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ အတူလက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ဆိုထားပါတယ်။


မိဘ ပြည်သူများအနေဖြင့်လည်း တက်နိုင်တဲ့ဘက်မှ ဆက်လက်ကူညီသွားကြရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၈။ အကြမ်းဖက် စစ်ကောင်စီတပ်၏ ကာကင်းစခန်း () ခုအားတိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့တယ်လို့ကေအဲန်ယူဗဟိုအသိပေး


ဇန်နဝါရီ၄ရက်


ဇန်နဝါရီ၄ရက် စစ်ရေးသတင်းကို ကေအဲန်ယူဗဟိုမှ အခုလိုအသိပေးဖော်ပြပါတယ်။


ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရထားလမ်းနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စခန်းအနီးအနား တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်၏ ကာကင်းစခန်းများနှင့် ၎င်းတို့အတွက် ရိက္ခာသယ်ယူ ပို့ဆောင်ရေးအတွက် အရေးကြီးသည့် တံတားတခုအပါအဝင် ကာကင်းစခန်း()ခုအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်း တပ်များမှ ယနေ့ ဇန်နဝါရီလ()ရက်နေ့တွင် တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။


ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွတ်ကွင်းမြို့အနီးရှိ တောင်ဂုန်းတဲရွှာအနီးမှ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်၏ ကာကင်းစခန်း () ခု ဖြစ်သည့် ()သံလမ်းတံတားကင်း၊ ()စာသင်ကျောင်း ကင်း၊ ()ဘုန်းကြီးကျောင်းကင်း၊ ()နတ်စင်ကင်း၊ ()အုတ်ဖိုကင်း၊ ()လင်းယောခင်ရွာကင်း၊ ()အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်း နှင့် ()ကညွတ်ကွင်းနှင့် တောကျွဲအင်းကြားရှိ တံတားကင်းစခန်းနှင့် တံတာကို ယနေ့နံနက် ()နာရီခွဲမှ ()နာရီခွဲအထိ တစ်နာရီကြာအတွင်း တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ပါတယ်။


ထိုသို့ တိုက်ခိုက်ချေမှုန်း ရှင်းလင်းစဉ်အတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုစာရင်းများကိုမှု စစ်ဆေးအတည်ပြုနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ဒေါနစစ်ကြောင်းတပ်ခွဲ()  KBDF တပ်ဖွဲ့ကအမှတ်(၄၀၉) ခြေမြန်တပ်ရင်းအားDrone ဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့


ဇန်နဝါရီလ ရက်


ဇန်နဝါရီ၄ရက်မှာ စစ်ရေးသတင်းကို ဒေါနစစ်ကြောင်းက အခုလိုအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီလ ၂ရက်နေ့ နံနက် :၀၀နာရီ  အချိန်တွင် ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-) ဒရုန်းတပ်ဖွဲ့၊ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် T1 မှ မြေပြင်‌ချေမှုန်းရေးကွန်မန်ဒိုတပ်ဖွဲ့ နှင့် ရေဖြူတပ်ပေါင်းစုအဖွဲ့များ ပူးပေါင်း၍ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့နှင့်ကျောက်ရှပ်ကျေးရွာကြားတွင် အခြေစိုက်တည်ရှိသော အမှတ်(၄၀၉) ခြေမြန်တပ်ရင်းအား မြေပြင်ဝေဟင်ဟန်ချက်ညီညီ တိုက်ခိုက်ရေးစစ်ဗျူဟာဆွဲ၍ SFZ Drone ဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


 အဆိုပါ(၄၀၉)တပ်ရင်းအား ၈၁ မမ ဗုံးသီး ()လုံး အသုံးပြု၍ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကာဗုံးကြဲတိုက်ခိုက်မှုကြောင့်အမှတ် (၄၀၉)ခြေမြန်တပ်ရင်း၏ အရာရှိရိပ်သာအပါအဝင် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး ကျဆုံးသူများ နှင့် ဒဏ်ရာရသူများ ရှိသည်ဟု ကြားသိရပြီး ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။


ဗုံးကြဲတိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် Drone ကိုပြန်လည်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။


========================


📌📌 ၁၀။ နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူ့စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှု များပြား


ဇန်နဝါရီလ ()


ဇန်နဝါရီ၄ရက်စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အခုလိုအသိပေးဆိုထားပါတယ်။


"ဇန်နဝါရီလ () ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့များသည် နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ()ရက်နေ့ မနက် (:၃၀)ခန့်တွင် သံဘိုကျေးရွာစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ့၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ပါတယ်။


ထို့အပြင်  ဇန်နဝါရီလ ()ရက်နေ့ နေ့လယ်(၁၄:၂၅) တွင် ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို့ ကား()စီးနှင့်လာသော ရန်သူ့စစ်ကူအဖွဲ့အား ထပ်မံဖြတ်တောက် တိုက်ခိုက်ခဲ့ရာ ရန်သူ့အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။


သံဘိုကျေးရွာ တိုက်ပွဲအတွင်း ရန်သူ့စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကာ အဆိုပါ သံဘိုကျေးရွာတိုက်ပွဲတွင် ကျွန်ုပ်တို့ ပြည့်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှလည်း ပေးဆပ်မှုအချို့လည်း ရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment