ပြည်တွင်းအစာထုတ်လုပ်မှုကတော့ ပြည်သူ့အစိုးရ တာဝန်ခံခဲ့တဲ့နောက်ပိုင်း နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းတွေဝင်ရောက်လာပြီးနောက်၂၀၁၆ခုနှစ်ကစပြီး အစာတန်ချိန် ၁.၃ သန်း ထုတ်လုပ်ရာကနေ ၂၀၁၇ - ၂၀၁၈ခုနှစ်မှာတော့ တန်ချိန် ၂.၃သန်းအထိ ထုတ်လုပ် လာနိုင် ခဲ့ပါတယ်။ မြန်မာ့တိရစ္ဆာန်အစာထုတ်ုလုပ်မှုကို ပြီးခဲ့တဲ့ ၂၀၂၃ - ၂၀၂၄ ကာလမှာ တန်ချိန် ၃.၅ သန်းလောက်ထုတ်လုပ်နိုင်ဖိုခန့်မှန်းထားပေမယ့် တန်ချိန် ၂.၁လောက်သာ ထုတ် လုပ်နိုင်ပြီး မျှော်မှန်းသလိုဖြစ်မလာတဲ့အခြေအနေနဲ့နောက်ဆက်တွဲ အကျိုးဆက်ကို မြန် မာ့ မွေးမြူရေးပညာရှင်တစ်ဦးကအခုလိုသုံးသပ်ပါတယ်။
“ တကမ္ဘာလုံးသိတဲ့အ တိုင်းအတာ ကျွန်မခဏခဏပြောနေလေ့ရှိတဲ့ စီလေးလုံးရဲ့ဒဏ်ကိုစတင်ပြီးတော့ခံစားရ တယ်၊ Covid,Conflict,Climate ရယ် Currency ရယ် အဲ့လေးချက်ကြောင့်မိုလို အားလုံးမြင် တဲ့အတိုင်းပါပဲ ၂၀၁၉ - ၂၀၂၀ ကလိုပဲ အားလုံးမျှော်မှန်းထားသလိုမဖြစ်လာပဲနဲ့ ၂.၃၊ ၂.၅ ကနေ တကယ်တမ်းကျတဲ့အခါကျတော့ ပြန်ပြီးတော့ကျဆင်းသွားတယ်၊ ၂၀၂၃ - ၂၀၂၄ ဆိုရင် ၁၉ - ၂၀ အနေထားလောက်ပဲ ကျွန်မတို ပြန်ပြီးတော့ ရောက်သွားတယ်။ ၀.၂ မီလီယံ လောက်ကျသွားတယ်။ အဲ့တော့ ဒါကဘာကိုပြောချင်သလဲဆိုရင် ဒီနေ့ဒီအချိန်ခါ မှာ ကျွန်မတိုနိုင်ငံရဲ့မွေးမြူရေးက မျှော်မှန်းသလိုမတက်လာဘူး၊ မတက်လာဘူးပြောတဲ့ အတွက် ထုတ်လုပ်မှုကျဆင်းတယ်။ တစ်ဖက်မှာလည်း ထုတ်လုပ်မှုကျဆင်းတယ်လို ပြော လိုက်တယ်ဆိုရင် တစ်ဖက်မှာလည်းဘာဖြစ်လာသလဲဆိုရင် ကျွန်မတိုနိုင်ငံသူနိုင်ငံသား တွေရဲ့အသားစားသုံးမှုကလည်း တစ်ဖြည်းဖြည်းကျဆင်းနေတယ်ဆိုတဲ့အနေထားကိုတွေ့ မြင်ရမှာဖြစ်ပါတယ် ”
ပြည်တွင်း တိရစ္ဆာန်အစာဈေးတွေက ၂၀၁၉ အောက်တိုဘာလမှာ ကျပ် သုံးသောင်း ခန့်ရှိ ရာကနေ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ အရောက်မှာတော့ အစာတစ်အိတ်ကို ကျပ်ရှစ်သောင်းအ ထိရောက်ရှိသွားတယ်လို ဈေးကွက်သုတေသနပြုလုပ်ထားတဲ့စာရင်းတွေကဖော်ပြပါ တယ်။ ပြည်တွင်းက ဝက်မွေးမြူသူလုပ်ငန်းရှင်တွေမှာလည်း အစာဈေးတက်သလို အသား ဈေးက တက်မလာတဲ့အတွက် အရှုးတွေနဲ့ ရင်ဆိုင်နေရပြီး လုပ်ငန်းကိုစွန့် လွှတ်ဖို အထိ ဖြစ်လာပါတယ်။ ဒီအခြေနေကို မန္တလေးတိုင်းဒေသကြီးက ဝက်မွေးမြူ ထုတ်လုပ်သူ ကအ ခုလိုပြောပါတယ်။
“ အဲ့ဒါကို အခုကျန်တဲ့ ဝက်လက်နဲ့ ဝက်ငယ်စာကျတော့ အစာဖိုးမေ့ပြီ၊ ဒီဘက် ဝက်ကြီးစာက ၃၇,၀၀၀ ဖြစ်တဲ့အခါကျ အစာတောင့် ကျွေးလာတဲ့တစ်လျှောက်မှာ ဆိုရင် ကုန် ဈေးနှုန်းက ကျလည်း တစ်ရာ၊ နှစ်ရာပေါ့၊ ဆိုတော့ ဝက်ဈေးက အင်မတန်ကျသွား တယ်။ အရင်တုန်းကဆိုရင် ၁၁,၅၀၀ အထိတော့ရောက်သွားတယ်။ အခုက ၇,၀၀၀ ပတ်ချာလည်ဆိုတော့ တော်တော်ကိုရှုးသွားတယ် ”
ပြည်တွင်းအစာထုတ်လုပ်မှုအတွက် ကုန်ကြမ်း ၅၅ ရာခိုင်နှုန်းကို ပြည်ပကတင်သွင်းနေရ ပြီး ပြည်တွင်းက ဆန်ဘေးထွက်ပစ္စည်းအဖြစ်အသုံးပြုတဲ့ ဖွဲဈေးတွေကလည်းတက်လာလို ငါးမွေးတဲ့လုပ်ငန်းရှင်တွေလည်း အခက်အခဲတွေ့လာပါတယ်။ ငါးပြည်ပတင်ပိုသူလည်း ဖြစ်တဲ့ ရေသတ္တဝါကျွမ်းကျင်သူပညာရှင်တစ်ဦးကတော့ သဘာဝအစာ စားတတ်တဲ့ငါး မျိုးနဲ့ အစာအမျိုးအစားတွေကို ရှာဖွေလာရတယ်လိုဆိုပါတယ်။
“ ကျွန်မတို ငါးစာတွေဘာကြောင့်ဈေးကြီးလဲ၊ အင်ပိုjလုပ်ရတာပေါ့။ ဒေါ်လာ ဈေးတွေအရမ်းတက်လာတယ်၊ နောက်တစ်ခုက ဖွဲဘာလို့တက်လဲ ။ အဲ့ဒါလည်း ကျွန်မ နားမလည်ဘူး။ ကျွန်မတိုအရင်တုန်းက ဖွဲဆိုရင် နှစ်ရာကျော်လောက်ရှိတာ။ ကျွန်မတို ၂၀၂၃ မှာ လေးရာကျော်လောက်တက်သွားတယ်။ အဲ့တုန်းက ကျွန်မတို ငွေလဲနှုန်းက အဲ့လောက် မတက်သေးဘူး။ ဒါမယ့် ခုနပြောသလိုပေါ့။ ကိုယ့်နိုင်ငံမှာ ရှိနေတဲ့ဟာတွေတောင်မှ ဘာဖြစ်လို ဒီလောက်တက်သလဲ။ ဆန်ဈေးဆိုလည်း ကြီးတယ်။ ဝန်ထမ်းတွေတောင်မှ သူတို ထမင်းစားဖို ရတဲ့လစာနဲ့။ အဲ့တော့ ကျွန်မအနေနဲ့စဥ်းစားတယ်။ ကျွန်မ ငါးကို Natural Food ဘယ်လိုလုပ်ရမလဲဆိုတာ Natural Food စားနိုင်တဲ့ငါးပဲ စဥ်းစားလိုရမယ်”
မွေးမြူရေးလုပ်ငန်းတွေမှာ အစာထုတ် လုပ်မှုက အဓိကကျတဲ့လုပ်ငန်းဖြစ်ပေမယ့် စစ်တပ် ကအာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ထုတ်လုပ်မှုက တိုးတက်မလာပဲ ၂၀၁၉ - ၂၀၂၀ အခြေ အနေထိပြန်လည်ကျဆင်း လိုလာ ပါတယ်။ ဒါအပြင် အထွေထွေစီးပွားရေး ကျဆင်းမှုနဲ့ အတူ လမ်းပိတ်ဆိုမှုတွေက ထုတ်ကုန်တွေ အချိန်မှီ မတင်ပို နိုင်တာ ထုတ်လုပ်မှု စရိတ် ကြီးမားလာတာစတာတွေက ပြည်တွင်းသား ငါးထုတ်လုပ်တဲ့ လုပ်ငန်းတွေကိုအင်အားချိနဲ့ လာစေတာဖြစ်ပါတယ်။
No comments:
Post a Comment