4th JAN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၂။ KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ

📌 ၃။ မသမာသူလူတစုက KNU KNLA အမည်သုံးကာ ငွေကြေးတောင်းခံခဲ့မှုအပေါ်  အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်

📌 ၄။ မင်းတပ်မြို့ပေါ်၌ဖြစ်ခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်မှူးတဦး စနိုက်ဘာကျည်ထိမှန် ဒဏ်ရာရ

📌 ၅။ ခင်ဦးအနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၃ဝ ခန့်ကို ဖမ်းဆီးထား

📌 ၆။ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ EPC ရုံး၊ ကုက္ကဲရဲစခန်း အပါအဝင် နေရာ ခုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး ဒဏ်ရာရ

📌 ၇။ ကလိန်အောင်အခြေစိုက် ခမရ ၄၁၀ တပ်ရင်း ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခံရ 

📌 ၈။ မုံရွာစက်မှုဇုန်အတွင်း ကင်းပတ်ပြီးပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု အရာရှိအပါအဝင် ဦး သေဆုံး

📌 ၉။ ရေတာရှည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ဦးထက်မနည်း ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဇန်နဝါရီလ ၃ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄) ကို ဇန်နဝါရီလ ရက် နေ့လယ် နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနဲ့သက်ဆိုင်တဲ့ လုပ်ငန်းများကို မှာကြားဆောင်ရွက်ခဲ့ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနဲ့ ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ပြီး အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ နေ့လယ် နာရီ အချိန်မှာ အစည်းအဝေးကို ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ


ဇန်နဝါရီလ ၃ရက်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးတွင် စစ်ရဟတ်ယာဉ် တစ်စီးကို ဇန်နဝါရီလ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်ခဲ့ရာ ပျက်ကျသွားခဲ့ကြောင်း KIA ပြောခွင့်ရ  ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။


ထိုရဟတ်ယာဉ်ဟာ တရုတ်နယ်စပ် လိုင်ဇာမြို့အရှေ့မြောက်ဘက် မိုင်ခန့်အကွာရှိ ဝိုင်းမော် မြို့နယ်၊ ဖော့ဒေါ့ကျေးရွာအုပ်စု၊ နာဖော့ဒေသရှိ စစ်ဗျူဟာတပ်စခန်းကို ရိက္ခာပို့လာတာလို့ ယူဆရကြောင်း ၎င်းက ဆက်ပြောပါတယ်။


ပျက်ကျသွားတာ အတည်ပြုပြောလို့ ရပါတယ်။ ပစ်တာလည်း အတည်ပြုပြောလို့ရပါတယ်။ ဒါပေမဲ့ ထိမှန်သွားတာလား တခြားချို့ယွင်းချက်ကြောင့် ပျက်ကျသွားတာလား ဆိုတာကိုတော့ မသိရသေးပါဘူး။ မြစ်ကြီးနား လေတပ်စခန်းကနေ နာဖော့ကို ရိက္ခာပို့တယ်လို့ သုံးသပ်တာပါ။ တိုက်ပွဲတွေလည်း မရှိဘူးဆိုတော့ ရိက္ခာပို့တဲ့ ရဟတ်ယာဉ်ဖြစ်မှာပါလို့  ဗိုလ်မှူးကြီးနော်ဘူက Myanmar Now မီဒီယာကို အတည်ပြု ပြောကြားထားပါတယ်။


ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ပြောဆိုခဲ့တာ မရှိဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။


နာဖော့ဒေသဟာ ယခင်က KIA ဗဟိုဌာနချုပ် အခြေစိုက်ရာဒေသဖြစ်ပြီး ၁၉၈၆ ဝန်းကျင်ခန့်က စစ်တပ်က တိုက်ခိုက် သိမ်းယူခဲ့တာကြောင့် KIA က လိုင်ဇာဒေသကို ပြောင်းရွှေ့ အခြေစိုက်ခဲ့တာ ဖြစ်ပါတယ်။


အာဏာသိမ်းပြီးခါစ ၂၀၂၁ မေလ ရက် ကလည်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့် ကုန်းလောကြားအတွင်း စစ်ရဟတ်ယာဉ် တစ်စီးကို KIA ပစ်ချနိုင်ခဲ့ပြီး လေတပ်မှ အရာရှိ စစ်သည် ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက မေလ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။


========================


📌📌 ၃။ မသမာသူလူတစုက KNU KNLA အမည်သုံးကာ ငွေကြေးတောင်းခံခဲ့မှုအပေါ်  အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်


ဇန်နဝါရီလ ၃ရက်။

မသမာသူလူတစုက KNU နဲ့ KNLA စတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ရဲ့ အမည် အမှတ်တံဆိပ်နဲ့ စည်းတံဆိပ်များကို အသုံးချပြီး ငွေကြေးတောင်းခံခဲ့မှုအပေါ် အမှုမှန်ဖော်ထုတ်ပြီး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမယ်လို့ KNU ဗဟိုက ဇန်နဝါရီလ ရက်မှာ ထုတ်ပြန်ပါတယ်။


မသမာသူလူတစုဟာ ဇန်နဝါရီလ ရက်နေ့မှာ KNU နဲ့ KNLA စတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ရဲ့ အမည်၊ အမှတ်တံဆိပ်နဲ့ စည်းတံဆိပ်များကို တုပပြုလုပ်ပြီး မြဝတီမြို့က စီးပွားရေး လုပ်ငန်းရှင်တဦးကို ခြိမ်းခြောက်ပြီး အဓမ္မငွေကြေးတောင်ခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


အဆိုပါကျူးလွန်မှုဟာ KNU အပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားကာ နိုင်ငံရေးဂုဏ်သိက္ခာ ညှိုးနွမ်းစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ 


KNU ဟာ ပြည်သူလူထုဘဝ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တစိုက်မတ်မတ် ကြိုးစားကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အခုလိုဖြစ်ရပ်မျိုး ရင်ဆိုင်ကြုံတွေ့ လာခဲ့မယ်ဆိုရင် KNU တာဝန်ရှိသူတွေထံ ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။ 


ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ဟာ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင် စနစ်ဟူသမျှ ချုပ်ငြိမ်းစေပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘဝတူတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ နွေဦးတော်လှန်ရေးအဖွဲ့များနဲ့အတူ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း တရပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မင်းတပ်မြို့ပေါ်၌ဖြစ်ခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်မှူးတဦး စနိုက်ဘာကျည်ထိမှန် ဒဏ်ရာရ


ဇန်နဝါရီလ ၃ရက်။

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ဖြစ်ခဲ့သောတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတဦး စနိုက်ဘာကျည် ထိမှန်ပြီး ဒဏ်ရာရသွားတယ်လို့ CDF- Mindat က ဇန်နဝါရီလ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 


မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်မှာ ဇန်နဝါရီလ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတဦး စနိုက်ဘာကျည် ထိမှန်ခဲ့တာလို့ သိရပါတယ်။ 


တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ အကြမ်းဖက်စစ်ကောင်စီဘက်က လူနေအိမ် လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် တိုက်နယ် ဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ဦး ဒဏ်ရာရသွားတယ်လို့လည်း အသိပေးထားပါတယ်။ 


ထို့အပြင် ဇန်နဝါရီလ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က တိုက်နယ် ဘက်ကိုပဲ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် လုံး ပျက်စီးခဲ့ရတယ်လို့ CDF- Mindat က ထုတ်ပြန်ထားပါတယ်။


ချင်းကာကွယ်ရေးတပ် မင်းတပ်အနေနဲ့ တိုက်ပွဲတွေ များစွာဆင်နွှဲနိုင်ဖို့အတွက် ProJect Mindat 2024 ကမ်ပိန်းပြုလုပ်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ဒီကမ်ပိန်းမှာ ပါဝင်အားဖြည့်ပေးကြဖို့လည်း မေတ္တာ ရပ်ခံထားပါတယ်။


========================


📌📌 ၅။ ခင်ဦးအနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၃ဝ ခန့်ကို ဖမ်းဆီးထား


ဇန်နဝါရီလ ၃ရက်။

ရေဦးနယ်ကနေ အင်အား ၁ဝဝ ကျော်နဲ့ ခင်ဦးနယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၃ဝ ခန့်ကို ဖမ်းဆီးထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဇန်နဝါရီလ ရက်နေ့ ညမှာ ထုတ်ပြန်ပါတယ်။ 


အဆိုပါစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီဇင်ဘာလ ရက်နေ့ မနက် နာရီဝန်းကျင်ကစပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ကာ ခင်ဦးနယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။ 


ဖမ်းဆီးခံရသူတွေဟာ ရေဦး-ခင်းဦး ကားလမ်းဘေးမှာရှိတဲ့ အင်တိုင်းမြောက်ရွာနဲ့ မြင်းဒေါင်းကျေးရွာက ဖြစ်ပြီး ယာတောမှာအလုပ်လုပ်နေတဲ့ တောင်သူတွေဖြစ်တယ်လို့ အသိပေးထားပါတယ်။ 


ယာတောမှာ အလုပ်လုပ်နေတဲ့ သက်ကြီးရွယ်အိုတွေရော အမျိုးသမီးနဲ့ ကလေးငယ်တွေပါ ဖမ်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ 


အဆိုပါ စစ်ကြောင်းဟာ မြင်းဒေါင်းရွာမှာ တနေကုန်နီးပါး မွှေနှောက်ခဲ့ပြီး ညပိုင်းအထိ ဘုန်းကြီးကျောင်းနဲ့ ပြည်သူပိုင်နေအိမ်တွေမှာ ရှိနေသေးတာကြောင့် မြင်းဒေါင်းအပါအဝင် သရက်ပင်စု၊ ယာတော်၊ ကားဆိပ်၊ အင်တိုင်းမြောက်ရွာ စတဲ့ကျေးရွာတွေက ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးထားပါတယ်။ 


ဆောင်းကာလဖြစ်တာကြောင့် လက်ရှိအချိန်မှာ စစ်ဘေးရှောင်တွေဟာ အဝတ်အစားနဲ့ စားရေးအတွက်ပါ အခက်အခဲကြုံနေရတဲ့အတွက် အနွေးထည်နဲ့ စားသောက်ရေး အကူအညီတွေလိုအပ်နေတယ်လို့ သိရပါ တယ်။


========================


📌📌 ၆။ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ EPC ရုံး၊ ကုက္ကဲရဲစခန်း အပါအဝင် နေရာ ခုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး ဒဏ်ရာရ


ဇန်နဝါရီလ ၃ရက်။

မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်ရှိ တပ်စွဲထားတဲ့ မြို့နယ် EPC ရုံး၊ ကုက္ကဲရဲစခန်း အပါအဝင် နေရာ () ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Myingyan District Drone Strike Teamမှ အသိပေးထားပါတယ်။


ဇန်နဝါရီလ ရက်နေ့  မနက် ၁၀ နာရီ ဝန်းကျင်ခန့်က နှစ်သစ်ကို ကြိုဆိုခြင်း အထိမ်းအမှတ်အနေနဲ့ မြင်းခြံမြို့နယ် EPC ရုံး၊ လေးအိမ်တန်း ကျေးရွာရှိ စစ်ကောင်စီ တပ်သားများ နေထိုင်ရာအိမ်၊ ပိုက်တဲကုန်း ကျေးရွာရှိ ပျူစစ်ဆေးရေးဂိတ်နှင့် ကုက္ကဲရဲစခန်းတို့ကို ဒရုန်းဖြင့် () ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုများကြောင့် ကုက္ကဲရဲစခန်းမှ ရဲမေနှစ်ဦးနဲ့ စစ်ကောင်စီ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း အတည်ပြုနိုင်ပြီး ပိုက်တဲကုန်း ပျူဂိတ်မှာလည်း အထိအခိုက်များနိုင်တယ်လို့ Myingyan District Drone Strike Team တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


၎င်းတိုက်ခိုက်မှုကို Myingyan District Drone Strike (MDDS) အမှတ် - ၁၈၄၈ ဒရုန်းတပ် Shar Htoo Waw နည်းပညာ Team-2 မြင်းခြံခရိုင် အမှတ် တပ်ရင်း၊ မိုရှေ့ဒါယန်း ပြောက်ကျားတပ်၊ အမေ့လက်ရုန်း တပ်ဖွဲ၊ မြင်းခြံမြိုနယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ၊ ဒေါင်းနီ ပြောက်ကျားတပ်နှင့် MHLG WING မဟာမိတ် ပူးပေါင်းတပ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ ကလိန်အောင်အခြေစိုက် ခမရ ၄၁၀ တပ်ရင်း ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခံရ 


ဇန်နဝါရီလ ၃ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာ အခြေစိုက် စစ်ကောင်စီ ခြေမြန် တပ်ရင်း ခမရ-၄၁၀ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရတယ်လို့ တနင်္သာရီ ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ Dawei Watch က ဆိုပါတယ်။


ဇန်နဝါရီလ ရက် မနက်ပိုင်းမှာ အဆိုပါ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်သွားခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ပြန်ပစ်တာတွေလည်း ကြားရတယ်လို့ ဒေသခံ ဈေးသည်တစ်ဦးက Dawei Watch သတင်းဌာနကို ပြောထားပါတယ်။


ဒရုန်းနဲ့လာချတော့ ဟိုက(စစ်တပ်က) ပြန်ပစ်တာကြားရတယ်။ ထိခိုက်တာတော့ မကြားရဘူးလို့ ကလိန်အောင်မြို့မှ ကျောက်ရှပ်ရွာဘက်ကို ဈေးသွားရောင်းနေတဲ့ ဈေးသည်တစ်ဦးက ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်ခဲ့တယ် ဆိုတာကို ဒီနေ့အချိန်ထိ ထုတ်ပြန် အသိပေးထားတာ မရှိသေးပါဘူး။


ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကလိန်အောင်မြို့ရှိ ..က ကျောင်းတွင် ကျောင်းလာတက်သူ မရှိတာကြောင့် ကျောင်းပိတ်ခဲ့ရပြီး  ညနေပိုင်းတွင် အောင်သီရီဘုရားကုန်း() သီလရှင်ဘုရားကုန်း နှင့် ဇင်းဘာရွာအဝင် လမ်းပိုင်းတွင် စစ်ကောင်စီ တပ်သားများ လာရောက်စစ်ဆေးနေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။


========================


📌📌 ၈။ မုံရွာစက်မှုဇုန်အတွင်း ကင်းပတ်ပြီးပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု အရာရှိအပါအဝင် ဦး သေဆုံး


ဇန်နဝါရီလ ၃ရက်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာရှိတဲ့ စက်မှုဇုန်မှာ ကင်းပတ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ အရာရှိအပါအဝင် ဦးသေဆုံးပြီး ယာဉ်မောင်းဖြစ်သူ ဒဏ်ရာရသွားတယ်လို့ Golden Eagle Force- Monywa က ထုတ်ပြန်ပါတယ်။ 


မုံရွာမြို့နယ် ရွာထောင်ရွာမှာ အထိုင်ချတပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇန်နဝါရီလ ရက် နေ့ ညနေ နာရီခန့်အချိန်မှာ ကားတစီးနဲ့ မုံရွာစက်မှုဇုန်အတွင်း ကင်းလှည်းပြီးအပြန် ဆားကျင်းသုဿန် လမ်းပေါ်အရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 


သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒဏ်ရာရသွားသူတွေကို နာရေးကား စီးနဲ့ ချက်ခြင်းလာရောက် ခေါ်ယူသွားပြီး တိုက်ပွဲဖြစ်နေရာနဲ့ စက်မှုဇုန်အတွင်းကို ပတ်ကင်းကားတွေနဲ့ ကင်းပတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 


အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force- Monywa Ka Naung Min Thar Gyi- Monywa ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း တပ်ခွဲ Spring Dove /ဘခက်နဲ့ မုံရွာဘီလူး မြို့ပြပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


📌📌 ၉။ ရေတာရှည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ဦးထက်မနည်း ဒဏ်ရာရ


ဇန်နဝါရီလ ရက်။

ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ 


ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ဒိုးတန်းကျေးရွာနဲ့ ကွမ်းအုံကျေးရွာကနေတဆင့် သဖန်းဇင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅ဝ ခန့်ရှိ စစ်ကြောင်းကို ဇန်နဝါရီလ ရက်နေ့ မွန်းလွဲ နာရီ ၄ဝ မိနစ်ခန့်အချိန်မှာ ပုဝါနီစစ်ကြောင်းက မိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


မိုင်းဆွဲခံလိုက်ရတဲ့စစ်ကြောင်းဟာ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိသွားတာကြောင့် ရွှေကဇောင်းကျေးရွာဘက် ကို ဆုတ်ခွားသွားတယ်လို့ အသိပေးထားပါတယ်။ 


အဆိုပါစစ်ကြောင်းမှာပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်တောင်း မြစ်ဘေးမှာရှိတဲ့ ပြည်သူပိုင် ကြံခင်း ဧကခန့် ပျက်စီးသွားပြီး ပုဝါနီပြောက်ကျားပွိုင့်က ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment