5th JAN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်ကောင်စီအတွက်၂၀၂၄ခုနှစ်ဟာ နောက်ဆုံးနှစ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ စစ်အာဏာရှင်ရဲ့နောက်ဆုံးနေ့ဟာရောက်ရှိလာခဲ့ပြီဖြစ်၍ အချိန်မီ ပြည်သူ့ဘက်က ရပ်တည်ဖို့ စကစတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးဝန်ကြီး သတိပေး

📌 ၃။ ထောင်ကျ စစ်သားတွေကိုတောင် ပြန်ပြီးစစ်တိုင်းခိုင်းနေရတဲ့အထိ စကစဟာ တပ်ပျက်လာပြီလို့ဆို

📌 ၄။ စစ်အာဏာရှင်အဖွဲ့အစည်းဟာ ၄င်း၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ဆို

📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ပူးပေါင်းတိုက်ခိုက်တဲ့ သံဘိုကျေးရွာစခန်းသိမ်းတိုက်ပွဲ စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်သာ ကွာဝေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်

📌 ၆။ "နွားထိုးကြီးမြို့နယ် ကျေးရွာ၊ရပ် ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ဇန်နဝါရီ၃၁ရက်နေ့ နောက်ဆုံးထားကာ နုတ်ထွက်စာ တင်ကြရန် နွားထိုးကြီးပကဖသတိပေး

📌 ၇။ ရန်ကုန်-မန္တလေး လမ်းဟောင်း ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းငါးခုကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တော်ဝင်ဒေါင်းစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ရာ စကစဘက်က၂၀ဦးသေဆုံး

📌 ၈။ နမ့်ခမ်းမြို့နယ်စခန်းသစ်ကုန်းတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီတပ်မှ ဝှက်ထားခဲ့သော လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ

📌 ၉။ တန့်ဆည်မြို့နယ်  စိန်းနန်းရွာအား အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် လေကြောင်းကပစ်ခတ်၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့

📌 ၁၀။ အကျဥ်းသားကိုးထောင်ကျော် လွှတ်ပေးတယ်လို့ စစ်အုပ်စုထုတ်ပြန်သော်လည်း အမှန်တကယ်နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါဝင်ကြောင်း AAPPဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီအတွက်၂၀၂၄ခုနှစ်ဟာ နောက်ဆုံးနှစ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇန်နဝါရီလ ၄ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၄) ကို ဇန်နဝါရီ၄ရက် မနက်ပိုင်းက ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


အကြမ်းဖက် စစ်ကောင်စီအတွက်၂၀၂၄ခုနှစ်ဟာ နောက်ဆုံးနှစ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


"ယနေ့ အချိန်ထိ ကိုယ်ကျိုးစီးပွားကိုပဲ အလေးထားတဲ့ အကြမ်းဖက် စစ်ကောင်စီအတွက်တော့ ဒီနှစ်ဟာ နောက်ဆုံးနှစ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း။ တစ်သံတည်းညီ တစ်ချီတည်းရုန်းကြမယ်ဆိုပြီး ကြွေးကြော်ခဲ့ကြတာတွေဟာ စိတ်ကူးယဥ်မှု မဟုတ်ပဲ လက်တွေ့အကျိုးရလဒ်တွေ မြင်တွေ့နေကြရပြီ ဖြစ်ပါကြောင်း။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ တပ်ပျက်နေပြီဖြစ်သော အရှုံးများနဲ့ စစ်တပ်ကို နိုင်ငံရေးက အပြီးတိုင်စွန့်ခွာပြီး အသွင်ကူးပြောင်းကာလ တရားမျှတမှုများ ဖော်ဆောင်နိုင်စေဖို့ဟာ အရေးကြီးသလို ကျွန်တော်တို့ တိုင်းရင်းသား ညီနောင်အချင်းချင်းကြား သမိုင်းအပ်ကြောင်းထပ် အမှားများကို သင်ခန်းစာယူပြီး ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ စုစည်းမှုတို့နဲ့ ပြည်သူများရဲ့ ကောင်းကျိုးပဓာနကို ရှေ့တန်းတင်သော ပြည်ထောင်စုတစ်ရပ် တည်ထောင်ရန်အချိန် ကျရောက်နေပြီဖြစ်တာကြောင့် ကျွန်တော်တို့အစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံး မီးကုန်ယမ်းကုန် အားစိုက်ကြရမယ့် နှစ်လည်း ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၅၂/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်ရဲ့နောက်ဆုံးနေ့ဟာရောက်ရှိလာခဲ့ပြီဖြစ်၍ အချိန်မီ ပြည်သူ့ဘက်က ရပ်တည်ဖို့ စကစတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးဝန်ကြီး သတိပေး


ဇန်နဝါရီလ ၄ရက်။

ဇန်နဝါရီလ ၄ရက်မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ စစ်အုပ်စုလက်အောက်ခံ  တပ်မှုးတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား "စစ်အာဏာရှင်ရဲ့နောက်ဆုံးနေ့ဟာရောက်ရှိလာခဲ့ပြီဖြစ်၍ အချိန်မီ ပြည်သူ့ဘက်က ရပ်တည်ဖို့" ဆိုရှယ်မီဒီယာမှတဆင့် စကစတပ်ဖွဲ့ဝင်များကို  အထူးအသိပေးနှိုး​​ဆော်ချက်ကို ပြောဆိုရာမှာ သတိပေးထားပါတယ်။

 

"အခုဆိုရင် စစ်အာဏာရှင်ရဲ့နောက်ဆုံးနေ့ဟာရောက်ရှိလာခဲ့ပြီ။ ပြည်ထောင်စု ပြိုကွဲမှာစိုးတယ်ဆိုတဲ့ခြောက်လုံးနဲ့ တိုင်းရင်းသားပြည်သူအပေါ် ဂုတ်ခွစီးပြီး အခွင့်ထူးခံနေတဲ့ လုပ်စားတွေးအ​​ခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်။ ဒီကနေ့ ပြည်ထောင်စု မပြိုကွဲအောင် တကယ်တမ်း တာဝန်ယူစောင့်ရှောက်နိုင်မယ့်သူ၊ တာဝန်ယူစောင့်ရှောက်နေတဲ့ သူဟာ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေပဲ ဖြစ်တယ်၊ ဒါကို သတိချပ်စေလိုတယ်။ ခင်ဗျားတို့ အမြင်မှန်ရဖို့ အချိန်ရောက်နေပြီ။ စစ်အုပ်စုကို သစ္စာခံပြီး စစ်အာဏာရှင်ကို အကာအကွယ်ပေးနေတဲ့အလုပ်ကို ရပ်တန်းက ရပ်ဖို့ အချိန်ရောက်လာပြီ။ ဒါကြောင့် အချိန်မီ ပြည်သူဘက်က ရပ်တည်ပါ။ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေကို နာခံပါ။ အချိန်မနှောင်းခင် ခင်ဗျားတို့ ရပ်တည်ချက်ကိုပြောင်းလဲပါလို့ တိုက်တွန်းလိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စကစတပ်များဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီဒေသ၊ ကရင်ပြည်နယ်တို့မှာ အထိနာကျရှုံးလျက်ရှိပါတယ်။


========================


📌📌 ၃။ ထောင်ကျ စစ်သားတွေကိုတောင် ပြန်ပြီးစစ်တိုင်းခိုင်းနေရတဲ့အထိ စကစဟာ တပ်ပျက်လာပြီလို့ဆို


ဇန်နဝါရီလ ၄ရက်။

ထောင်ကျ စစ်သားတွေကိုတောင် ပြန်ပြီးစစ်တိုင်းခိုင်းနေရတဲ့အထိစကစဟာ တပ်ပျက်လာပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေကပြောပါတယ်။


"နောင်ချိုမြို့နယ်၊ သံဘို ရွာက စစ်ကောင်စီအခြေစိုက်စခန်းကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း ချေမှုန်းခံခဲ့ရတဲ့သူတွေရဲ့ uniforms တွေကပြောပြနေတဲ့.အကြမ်းဖက်စစ်တပ်ရဲ့ ပကတိ အခြေအနေ၊ ပညာသည်တပ်တွေ၊ လက်ရုံးတပ်တွေစုပေါင်းထားတာတောင် မလုံလောက်တော့တဲ့ အင်းအားနဲ့တိုက်လိုစိတ်မရှိလောက်အောင် စိတ်ဓါတ်ရေးရာအရ ကျရှုံးနေမှုတွေက အင်အားပြုန်းတီးမှု အင်မတန်များလာပြီး၊ အင်အားသစ်စုဆောင်းရရှိမှုလည်း မရှိသလောက်ဖြစ်လာသလို ထောင်ကျ စစ်သားတွေကိုတောင် ပြန်ပြီးစစ်တိုင်းခိုင်းနေရတဲ့အထိ တပ်ပျက်လာပြီဆိုတာပါပဲ။ နှစ်သစ်မှာ ပိုပြီးညီညွတ်အားနဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ကြပါစို့"လို့ဆိုထားပါတယ်။


ဇန်နဝါရီလ () ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့များသည် နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက် စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။


ဇန်နဝါရီလ ()ရက်နေ့ မနက် (:၃၀)ခန့်တွင် သံဘိုကျေးရွာစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ့၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကာ တိုက်ပွဲအတွင်း ရန်သူ့ စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်။


========================


📌📌 ၄။ စစ်အာဏာရှင်အဖွဲ့အစည်းဟာ ၄င်း၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ဆို


ဇန်နဝါရီလ ၄ရက်။

စစ်အာဏာရှင်အဖွဲ့အစည်းဟာ ၄င်း၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ဆိုပါတယ်။


ဇန်နဝါရီ၄ရက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်၏ သတင်းထုတ်ပြန်ချက်ကို အမေရိကန်သံရုံးရန်ကုန်ကဖော်ပြပါတယ်။


ဇန်နဝါရီ တွင် ကျရောက်သော မြန်မာနိုင်ငံ၏ ၇၆ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် မြန်မာပြည်သူများအတွက် မိမိတို့၏ သံန္နိဌာန်ကို အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိ ထပ်လောင်းအတည်ပြုအပ်ပါတယ်။မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီ၊ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်၊ တည်ငြိမ်မှုနှင့် လုံခြုံရေးတို့ကို ဖော်ဆောင်ရန် ကြိုးပမ်းနေကြသည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ တသားတည်း ရပ်တည်ပါတယ်။ စစ်အာဏာရှင်အဖွဲ့အစည်းဟာ ၄င်း၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရပါမယ်"လို့ဆိုပါတယ်။


ဒါ့အပြင် နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန်၊ ဖွံ့ဖြိုးတိုးတက်ပြီး အားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလိုသည့် ပြည်သူများ၏ ဆန္ဒကိုလည်း အသိမှတ်ပြုရန်တို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ကဆိုထားပါတယ်။


========================


📌📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ပူးပေါင်းတိုက်ခိုက်တဲ့ သံဘိုကျေးရွာစခန်းသိမ်းတိုက်ပွဲ စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်သာ ကွာဝေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်


ဇန်နဝါရီလ ၄ရက်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ပူးပေါင်းတိုက်ခိုက်တဲ့ သံဘိုကျေးရွာစခန်းသိမ်းတိုက်ပွဲ စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်သာ ကွာဝေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ () ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ပူးပေါင်းတပ်ဖွဲ့များသည် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက် စခန်းအား ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ဇန်နဝါရီလ () ရက်နေ့၊ မနက် (:၃၀) ခန့်တွင် သံဘိုကျေးရွာစခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ပါတယ်။


အဆိုပါစခန်းသည် ရန်သူ၏ စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်သာ ကွာဝေးသည့်နေရာရှိ စခန်းတခုဖြစ်တယ်လို့ဖော်ပြပါတယ်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့၊ နေ့လယ် (၁၄:၂၅) တွင် ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို့ ကား () စီးနှင့်လာသော ရန်သူ့စစ်ကူအဖွဲ့အား ထပ်မံ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ ရန်သူအများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့ပါသေးတယ်။


သံဘိုကျေးရွာ တိုက်ပွဲအတွင်း ရန်သူ့စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကာ မိမိတို့ရဲဘော်တချို့ ပြည်သူ့တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ () ဦးကို ပထမဆုံးအကြိမ်အဖြစ် လက်ရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။ 


========================


📌📌 ၆။ "နွားထိုးကြီးမြို့နယ် ကျေးရွာ၊ရပ် ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ဇန်နဝါရီ၃၁ရက်နေ့ နောက်ဆုံးထားကာ နုတ်ထွက်စာ တင်ကြရန် နွားထိုးကြီးပကဖသတိပေး


ဇန်နဝါရီလ ၄ရက်။

နွားထိုးကြီးမြို့နယ် ကျေးရွာ၊ ရပ် ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ဇန်နဝါရီ၃၁ရက်နေ့ နောက်ဆုံးထားကာ နုတ်ထွက်စာ တင်ကြရန် နွားထိုးကြီးပကဖက ဇန်နဝါရီလ ၄ရက်မှာ သတိပေးကြေညာပါတယ်။


"နွားထိုးကြီးမြို့နယ် ကျေးရွာ၊ရပ် ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ဇန်နဝါရီ၃၁ရက်နေ့နောက်ဆုံးထားကာ နုတ်ထွက်စာ တင်ကြရန်အထူးသတိပေးအပ်တယ်"လို့ဆိုပါတယ်။


ကျေးရွာအတွင်း ငွေကြေးတောင်းခံမှုများလာတဲ့အတွက် ထိရောက်စွာအရေးယူမှာဖြစ်တယ်လို့ဖော်ပြပါတယ်။


နှုတ်ထွက်စာများကို နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ လူမှုကွန်ရက်စာမျက်နှာသို့ အကောင့်အစစ်များဖြင့်ပို့ဆောင်ပေးရမယ်လို့ဆိုထားပါတယ်။


========================


📌📌 ၇။ ရန်ကုန်-မန္တလေး လမ်းဟောင်း ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းငါးခုကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တော်ဝင်ဒေါင်းစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ရာ စကစဘက်က၂၀ဦးသေဆုံး


ဇန်နဝါရီလ ၄ရက်။

ရန်ကုန်-မန္တလေး လမ်းဟောင်း ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းငါးခုကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တော်ဝင်ဒေါင်းစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ရာ စကစဘက်က၂၀ဦးသေဆုံးခဲ့တယ်လို့ ဇန်နဝါရီ၄ရက်မှာ တော်ဝင်ဒေါင်းစစ်ကြောင်း ကအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီ၄ရက် ရန်ကုန်-မန္တလေး လမ်းဟောင်း ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းငါးခုကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တော်ဝင်ဒေါင်းစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်"လို့အတည်ပြုဆိုပါတယ်။


ထိတွေ့တိုက်ပွဲမှာ ရန်သူကင်းစခန်းမှ စစ်ကောင်စီတပ်သားအများအပြား ကိုယ်လွတ်ရုံး ထွက်ပြေးကာ ရန်သူ ၂၀ ဦးခန့် သေဆုံးခဲ့တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၈။ နမ့်ခမ်းမြို့နယ်စခန်းသစ်ကုန်းတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီတပ်မှ ဝှက်ထားခဲ့သော လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ


ဇန်နဝါရီလ ၄ရက်။

နမ့်ခမ်းမြို့နယ်စခန်းသစ်ကုန်းတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီတပ်မှ ဝှက်ထားခဲ့သော လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ TNLAက ဇန်နဝါရီလ ()ရက်နေ့မှာ အသိပေးဆိုပါတယ်။


တပ်မဟာ()စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးသော စခန်းသစ်ကုန်းတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်မှ ဝှက်ထားခဲ့သော လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရခဲ့မိတယ်လို့ဆိုပါတယ်။

 

ထို့အပြင်နမ့်ခမ်းမြို့နယ် စစ်ကောင်စီ ခလရ-၁၄၄ မန်တပ်စခန်းတွင် စစ်ကောင်စီတပ်မှ စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ()ကြိမ် လာရောက်ပို့ချခဲ့ပါတယ်။


ဇန်နဝါရီလ ၄ရက်နေ့ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီကွတ်ခိုင်မြို့တပ်စခန်းနှင့် မိုးမိတ်မြို့နယ်  စစ်ကောင်စီဆင်ကင် တပ်စခန်း၊ ကျောက်မဲမြို့နယ် စစ်ကောင်စီကျောက်မဲတပ်စခန်းတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။


========================


📌📌 ၉။ တန့်ဆည်မြို့နယ်  စိန်းနန်းရွာအား အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် လေကြောင်းကပစ်ခတ်၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့


ဇန်နဝါရီလ ၄ရက်။

တန့်ဆည်မြို့နယ်  စိန်းနန်းရွာအားအကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် လေကြောင်းကပစ်ခတ်၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဇန်နဝါရီလ ၄ရက်မှာ တန့်ဆည် TSOက အတည်ပြုဆိုပါတယ်။


"ဇန်နဝါရီ၄ရက် မွန်းလွဲပိုင်းတွင် တန့်ဆည်မြို့နယ်  စိန်းနန်းရွာအား အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် လေကြောင်းပစ်ခတ်သွားပါတယ်။ အထက်တန်းကျောင်း တစ်ဝိုက်မီးလောင်လျှက်ရှိပြီး ပြည်သူ အထိအခိုက်များကြောင်း သတင်းရရှိပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ သေဆုံးသူအရေအတွက်ကို ဆက်လက်အတည်ပြုဆဲဖြစ်ပြီး သေဆုံးသူများဟာ အရပ်သားများဖြစ်တယ်လို့လည်းသိရပါတယ်။


========================


📌📌 ၁၀။ အကျဥ်းသားကိုးထောင်ကျော် လွှတ်ပေးတယ်လို့ စစ်အုပ်စုထုတ်ပြန်သော်လည်း အမှန်တကယ်နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါဝင်ကြောင်း AAPPဆို


ဇန်နဝါရီလ ၄ရက်။

အကျဥ်းသားကိုးထောင်ကျော်လွှတ်ပေးတယ်လို့ စစ်အုပ်စုထုတ်ပြန်သော်လည်း အမှန်တကယ်နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇန်နဝါရီလ ၄ရက်မှာ အသိပေးဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုသည် လွတ်လပ်ရေးနေ့တွင် နိုင်ငံတဝှမ်း အကျဉ်းချခံထားရသူ အကျဉ်းသား (၉၆၅၂) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ () ဖြင့် လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ သို့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါဝင်ကြောင်းသိရှိရတယ်လို့ဆိုပါတယ်။


မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၇၄၉) ဦးရှိပြီး ထိုအထဲမှ (၁၉၉၂၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၄၆၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment