မြန်မာဆန်တင်ပိုမှု ဆက်တိုက်မြင့်တက်လာသော်လည်း ၂၀၂၂ ထက် တန်ချိန် သုံးသိန်းကျော်လျော့နည်း မကြေးမုံ Radio NUG,ဇန်နဝါရီ ၅၊ ၂၀၂၄


မြန်မာဆန်တင်ပိုမှုက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇွန်လကနေ စက်တင်ဘာလအထိ ဆက်တိုက် ကျဆင်းခဲ့ပြီးတဲ့နောက် အောက်တိုဘာလကစပြီး ဒီဇင်ဘာလအထိဆက်တိုက် ပြန်လည် မြင့်တက်လာပါတယ်။ အဲ့ဒီလိုပြန်လည်မြင့်တက်လာပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ နုဲ့ ပြန်လည်နှိင်းယှဥ်မယ်ဆိုရင်တော့ စုစုပေါင်းတင်ပိုမှုက တန်ချိန် သုံးသိန်းကျော် လျော့နည်းနေပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၂၂မှာ ကိုးလတာဆန်တင်ပိုမှုက စုစုပေါင်းတန်ချိန် ၁.၆သန်း ကျော်တင်ပိုခဲ့ပြီး ၂၀၂၃ခုနှစ်မှာတော့ တန်ချိန် ၁.၃သန်းကျော် သာတင်ပို နိုင်ပါ သေးတယ်။ တန်ချိန် သုံးသိန်းကျော်လျော့နည်းရာမှာ ပုံမှန်ကုန်သွယ်ရေးထက် နယ်စပ်ကုန်သွယ်ရေးမှာ တင်ပိုမှုက တန်ချိန် နှစ်သိန်းခြောက်သောင်းကျော်လျော့နည်း နေတာကို ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့စာရင်းဇယားတွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

ဆန်နဲ့ဆန်ထွက်ပစ္စည်းတင်ပိုမှုကို နယ်စပ်က တင်ပိုရာမှာ ပုံမှန်တင်ပိုမှုအတိုင်း ပိုကုန် ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းထားအတိုင်း ကျပ်ငွေဖြင့်လဲလှယ်ရမယ် လို အကြမ်းဖက်စစ်တပ်က၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကြေငြာချက် ထုတ် ပြန်ခဲ့ပါတယ်။ အဲ့ဒီလို ထုတ်ပြန် လိုက်ပြီးတဲ့နောက် တလကို တန်ချိန်၈ သောင်းနီးပါး အထိတင် ပိုခဲ့တဲ့ နယ်စပ်ဆန်တင်ပိုမှုက အဲ့ဒီ နှစ် မတ်လမှာပဲ တန်ချိန် ၂၇၀ အထိကျဆင်း သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ပိုကုန်ရ ငွေ မူဝါဒကိုပြောင်းလဲခဲ့ပေမယ့် စစ်တပ်ရဲ့ ထိုးစစ် တွေက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပေါ် ရောက်လာတဲ့အခါ မူဆယ် ၁၀၅ မိုင်နယ် စပ်ကုန်သွယ်ရေးစခန်းလည်းပိတ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် နယ်စပ်ဆန် တင်ပိုမှုက လည်း ပုံမှန်အခြေနေကိုပြန်မရောက်လာနိုင်တော့ပဲ လစဥ်တင်ပိုမှုက ပြီးခဲ့တဲ့ ဒီဇင်ဘာ လအထိ တစ်လကို တန်ချိန် ၈၀၀၀ အထိသာအများဆုံး တင်ပိုနိုင်ခဲ့ပါ တယ်။ 

အကြမ်းဖက်စစ်တပ်က ပိုကုန်ရငွေတွေအပေါ်မှာ ခေါင်းပုံဖြတ်ပြီး တန်ဖိုးအတိုင်း ခံစားခွင့်မပေးပဲ သတ်မှတ် နှုန်း ထားနဲ့ ကျပ်ငွေလဲလှယ်ရယူစေတာက ပိုကုန်လုပ်ငန်းတွေကို အထိနာစေပြီး တင်ပိုနိုင်တဲ့ပ မာဏတွေကိုလျော့ကျစေတာပဲဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ၏ လုံခြုံရေးအခြေအနေပြောင်းလဲလာတာနဲ့အမျှ ဆန်စပါး တင်ပို့ရောင်းချမှုကို သက်ရောက်မှု ကြီးမားတာလာမယ်လို့ ခန့်မှန်းကြပါတယ်။ 



Share:

No comments:

Post a Comment