5th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊စစ်တိုင်းဌာနချုပ်အလိုက် ဖြစ်စေ ပြည်သူ့အစိုးရNUGနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တိုက်တွန်း

📌 ၂။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများနှင့် NUGနိူင်ငံခြားရေးဝန်ကြီး၊ဒုဝန်ကြီးတို့တွေ့ဆုံမည်

📌 ၃။ ၂၀၂၄ ခုနှစ်ဟာ အောင်ပွဲခံနှစ်ဖြစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။ စစ်ဖြစ်တဲ့ဒေသက ပြည်သူများကို ကူညီကြဖို့ဟာ စစ်နိုင်ဖို့ အရေးလိုပဲ သေရေး၊ ရှင်ရေးတမျှ အရေးကြီးတယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား

📌 ၅။ စစ်တွေမြို့၊ ရွှေပြားဆိပ်ကမ်း၌ ဟင်းသီးဟင်းရွက်ရောင်းချနေသည့် ဒေသခံလက်လုပ်လက်စားများအပါအဝင် ကုန်တင်ကုန်ချပြုလုပ်နေသည့် ဘုတ်သမားများ (၆၀) ခန့်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ  အင်အားသုံးဖမ်းဆီးခေါ်ဆောင်သွား

📌 ၆။ လောက်ကိုင်မြို့အား MNDAA တပ်မတော်မှ အပြီးသတ်သိမ်းပိုက်မှုရုပ်သံမှတ်တမ်းပေါ်ထွက်လာ

📌 ၇။ မကွေးတိုင်း စကုဘက်မှလာတဲ့ စကစကားကို မိုင်းဆွဲတိုက်ခိုက်

📌 ၈။မကြေးမုံပေးပို့လာတဲ့ မြန်မာဆန်တင်ပိုမှု ဆက်တိုက်မြင့်တက်လာသော်လည်း ၂၀၂၂ ထက် တန်ချိန် သုံးသိန်းကျော်လျော့နည်းလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊စစ်တိုင်းဌာနချုပ်အလိုက် ဖြစ်စေ ပြည်သူ့အစိုးရNUGနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တိုက်တွန်း


ဇန်နဝါရီ၅ရက်


ဇန်နဝါရီ၄ရက်‌နေ့တွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ စစ်အုပ်စုလက်အောက်ခံ  တပ်မှုးတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား အထူးအသိပေးနှိုး​​ဆော်ချက်မှာ အခုလိုထည့်သွင်းပြောကြားထားပါတယ်။


"ကျွန်တော်တို့က စနစ်ကို တိုက်နေတာပဲ ဖြစ်တယ်၊လူကို တိုက်နေတာမဟုတ်ဘူး။ခင်ဗျားတို့ အသက်တွေ ဘဝတွေ အချီးနှီး မဆုံးရှုံးစေလိုသလို ကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေ ကျွန်တော်တို့ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလည်း အကျိုးမဲ့ မဆုံးရှုံးစေလိုဘူး။ စစ်မြေပြင်ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျွန်တော်တို့ မဖမ်းလိုဘူး။ခင်ဗျားတို့ အသက်သာမက ခင်ဗျားတို့ ဘဝ၊ ခင်ဗျားတို့ ဂုဏ်သိက္ခါကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြုလေးစားလိုတယ်။ ဒါကြောင့် တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊စကခ၊ဒကစ အလိုက်ဖြစ်စေ၊ စစ်တိုင်းဌာနချုပ်အလိုက် ဖြစ်စေ ပြည်သူ့အစိုးရNUGနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ပါ။ကျွန်တော့်ကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ရှမ်းမြောက်ဒေသအတွင်း စကစတပ်ဖွဲ့များဟာ တပ်ရင်းအလိုက်အလင်းဝင်လက်နက်ချမှုများရှိနေပါတယ်။


========================


📌📌 ၂။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများနှင့် NUGနိူင်ငံခြားရေးဝန်ကြီး၊ဒုဝန်ကြီးတို့တွေ့ဆုံမည်


ဇန်နဝါရီ၅ရက်


အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများနှင့် NUGနိူင်ငံခြားရေးဝန်ကြီး၊ဒုဝန်ကြီးတို့တွေ့ဆုံမယ်လို့သိရပါတယ်။


အခမ်းအနားကို ဇန်နဝါရီ၂၁ရက်ကျင်းပမည်ဖြစ်ပြီး NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့တက်ရောက်မှာဖြစ်ပါတယ်။


"ဆန်ဖရန်စစ္စကို ဘေးဧရိယာက မိတ်ဆွေများကို ခင်မင်စွာ ဖိတ်ကြားပါတယ်။ ပွဲကျင်းပမယ့်နေရာမှာ နံနက်ပိုင်းကတည်းက ရန်ပုံငွေ စျေးရောင်းပွဲလည်း ရှိမှာမို့ ပွဲစလုံးကို လာရောက် အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ"လို့ အခမ်းအနားနဲ့ပတ်သက်လို့ ကိုထိန်လင်းကဆိုထားပါတယ်။


အဆိုပါတွေ့မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီးတော့ ၂၀၂၂ ခုနှစ်ကလည်းပထမဦးဆုံးအကြိမ်တွေ့ဆုံခဲ့ပါသေးတယ်။


========================


📌📌 ၃။ ၂၀၂၄ ခုနှစ်ဟာ အောင်ပွဲခံနှစ်ဖြစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဇန်နဝါရီ၅ရက်


ဇန်နဝါရီလအတွင်း တော်လှန်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုဆိုလိုက်ပါတယ်။


"၂၀၂၄ ခုနှစ်သည် အောင်ပွဲခံနှစ်ဖြစ်ရမယ်။ကိုယ်စွမ်းရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားမယ်။အဆုံးစွန်သောပေးဆပ်ခြင်းနှင့်အဆုံးသတ်တိုက်ပွဲဝင်မယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။


ထို့နောက်၂၀၂၃ ခုနှစ်မှာ စစ်ရေးအရှိန်များမြှင့်တင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ တော်လှန်ရေးအင်အားစုများဟာ မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဆင်နွှဲလာခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ဖြစ်တဲ့ဒေသက ပြည်သူများကို ကူညီကြဖို့ဟာ စစ်နိုင်ဖို့ အရေးလိုပဲ သေရေး၊ ရှင်ရေးတမျှ အရေးကြီးတယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား


ဇန်နဝါရီ၅ရက်


ဇန်နဝါရီ၅ရက်‌နေ့တွင် ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလို ဆိုထားပါတယ်။


"Sold out ဖြစ်တာ ပျော်စရာကောင်းတယ်ဆိုပေမယ့်၊ ကိုယ် နေတဲ့ နေရာမှာ ဖြစ်စေချင်သလား ဆိုရင်၊ လူကြီးမိဘ၊ မကျန်းမာတဲ့ အိမ်သား၊ ကလေးတွေရှိမယ်၊ စုထားဆောင်းထားတာ မရှိဘူးဆိုရင်တော့ နှစ်ခါပြန် စဉ်းစားမိကြမှာ အမှန်ပဲ။ဒါကြောင့် လက်ရှိ စစ်ဖြစ်နေတဲ့ ဒေသခံ ပြည်သူ တွေ လူမျိုး၊ ဘာသာ မရွေး တတ်နိုင်သလောက် အစွမ်းကုန် ကူညီကြ ဖို့ ဆိုတာ စစ်နိုင်ဖို့ အရေးလိုပဲ သေရေး၊ ရှင်ရေး သမျှ အရေးကြီးပါတယ်။တကိုယ် တော် တတ်နိုင်သမျှလုပ်ဖို့ အရေးပါသလို၊ အစုအဖွဲ့ အလိုက်၊ နိုင်ငံရေး ဆန္ဒပါပါ လုပ်ဖို့ပါ အရေးကြီးပါတယ်။မိမိ ဒေသတွင်း စစ်ကြောင့် မိမိ အိမ်ရာ၊ စီးပွါးဥစ္စာ နဲ့ ဆွေမျိုးသားချင်းတွေ ဆုံးပါးရတာ တောင် မငြီးမညူပဲ တောင့်ခံ နေကြတဲ့ ဒေသခံပြည်သူ များ ကို ကူညီပေးဖို့ အရေးကြီးပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစဟာ အရပ်သားနေထိုင်ရာနေရာများကို စစ်ရေးပစ်မှတ်အဖြစ် လေကြောင်းနှင့်လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်လျက်ရှိနေပါတယ်။


========================


📌📌 ၅။ စစ်တွေမြို့၊ ရွှေပြားဆိပ်ကမ်း၌ ဟင်းသီးဟင်းရွက်ရောင်းချနေသည့် ဒေသခံလက်လုပ်လက်စားများအပါအဝင် ကုန်တင်ကုန်ချပြုလုပ်နေသည့် ဘုတ်သမားများ (၆၀) ခန့်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ  အင်အားသုံးဖမ်းဆီးခေါ်ဆောင်သွား


ဇန်နဝါရီ၅ရက်


ဇန်နဝါရီ၄ရက်နေ့  နံနက် () နာရီဝန်းကျင်တွင် ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ရွှေပြားဆိပ်ကမ်း၌ ဟင်းသီးဟင်းရွက်ရောင်းချနေသည့် ဒေသခံလက်လုပ်လက်စားများအပါအဝင် ကုန်တင်ကုန်ချပြုလုပ်နေသည့် ဘုတ်သမားများ (၆၀) ခန့်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စျေးအတွင်းသို့ ဝရုန်းသုန်းကား ဝင်ရောက်လာပြီး အင်အားသုံးဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇန်နဝါရီ၃ရက်နေ့၊ (၁၂) နာရီဝန်းကျင်ကလည်း ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်နေ အသက် (၃၇) နှစ်အရွယ် အမျိုးသား () ဦးအား အင်အား (၁၀) ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် များမှ ရပ်ကွက်အတွင်း၌ ကင်းလှည့်နေစဉ် ဧည့်စာရင်းကို အကြောင်းပြ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တောင်ကုတ် အခြေစိုက် စစ်ကောင်စီ၏ခမရ (၅၄၄) တပ်ရင်းတွင် ဖမ်းဆီးထိန်းသိမ်းထားလျက်ရှိပါတယ်။


ထို့အပြင် မောင်တောအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံနခခ () တပ်ရင်းနှင့် “() မိုင်တပ်စခန်းတို့မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။


အကြမ်းဖက်စကစဟာ ရခိုင်ပြည်နယ်အတွင်း အရပ်သားများကို ဖမ်းဆီးနှိပ်စက်ကာ အရပ်သားနေထိုင်ရာနေရာများကိုလည်းပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၆။ လောက်ကိုင်မြို့အား MNDAA တပ်မတော်မှ အပြီးသတ်သိမ်းပိုက်မှုရုပ်သံမှတ်တမ်းပေါ်ထွက်လာ


ဇန်နဝါရီ၅ရက်


ဇန်နဝါရီ၄ရက်နေ့ညပိုင်းမှာ လောက်ကိုင်မြို့မှ အင်အားရာနဲ့ချီရှိသော စကစတပ်များဟာ လက်နက်ချ၍ နေရပ်ပြန်နိူင်ရေးကားများကို MNDAAကစီစဥ်ပေးခဲ့တဲ့ မှတ်တမ်းကိုတွေ့ရှိရပါတယ်။


အဆိုပါလက်နက်ချစဥ် စကစတပ်များက MNDAAတပ်ဖွဲ့ထံ သေနတ်များ၊၄၀မမဗုံးသီးများ လက်နက်ကြီးကျည်များ စတဲ့လက်နက်ခဲယမ်းများကို စုပုံပေးအပ်ခဲ့တာလို့သိရပါတယ်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့၊ (၁၁:၅၀) အချိန်တွင်ညီနောင်မဟာမိတ် () ဖွဲ့၏ စစ်ဆင်ရေး သတင်းထုတ်ပြန်အရ ကိုးကန့်ဒေသအတွင်း ရန်သူ၏ လောက်ကိုင် (ဒကစ) အား အပြီးသတ်သိမ်းပိုက်နိုင်ရန် ကြိုးစားနေသကဲ့သို့ ရက္ခိုင်၊ ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ ဗျူဟာကုန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် ကြိုးစားလျက်ရှိတယ်လို့ပဲဖော်ပြထားပါတယ်။


========================


📌📌 ၇။ မကွေးတိုင်း စကုဘက်မှလာတဲ့ စကစကားကို မိုင်းဆွဲတိုက်ခိုက်


ဇန်နဝါရီ၅ရက်


ဇန်နဝါရီ၅ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပွင့်ဖြူက အခုလိုအတည်ပြုပါတယ်။


"ဇန်နဝါရီ၂ရက် ညနေပိုင်း အင်အား၁၀ဦးပါစကစကားတစ်စီးကို ပွင့်ဖြူ -ရှောက်တော တံတားအရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုတွင် စကစတပ်များထိခိုက်မှုကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပြီး တိုက်ခိုက်မှုကိုမင်းဘူးခရိုင်အမှတ်၇တပ်ရင်းနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။


ထို့အပြင် ပွင့်ဖြူမြို့နယ်ရှိ ခရီးသွားပြည်သူများအနေဖြင့် စကစမော်တော်ယာဥ်များနှင့်ဝေးရာမှ ရှောင်ရှားသွားလာကြရန်အသိပေးကြေညာထားပါတယ်။


========================


📌📌 ၈။မကြေးမုံပေးပို့လာတဲ့ မြန်မာဆန်တင်ပိုမှု ဆက်တိုက်မြင့်တက်လာသော်လည်း ၂၀၂၂ ထက် တန်ချိန် သုံးသိန်းကျော်လျော့နည်းလာ


မြန်မာဆန်တင်ပိုမှုက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇွန်လကနေ စက်တင်ဘာလအထိ ဆက်တိုက် ကျဆင်းခဲ့ပြီးတဲ့နောက် အောက်တိုဘာလကစပြီး ဒီဇင်ဘာလအထိဆက်တိုက် ပြန်လည် မြင့်တက်လာပါတယ်။ အဲ့ဒီလိုပြန်လည်မြင့်တက်လာပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ နုဲ့ ပြန်လည်နှိင်းယှဥ်မယ်ဆိုရင်တော့ စုစုပေါင်းတင်ပိုမှုက တန်ချိန် သုံးသိန်းကျော် လျော့နည်းနေပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၂၂မှာ ကိုးလတာဆန်တင်ပိုမှုက စုစုပေါင်းတန်ချိန် .၆သန်း ကျော်တင်ပိုခဲ့ပြီး ၂၀၂၃ခုနှစ်မှာတော့ တန်ချိန် .၃သန်းကျော် သာတင်ပို နိုင်ပါ သေးတယ်။ တန်ချိန် သုံးသိန်းကျော်လျော့နည်းရာမှာ ပုံမှန်ကုန်သွယ်ရေးထက် နယ်စပ်ကုန်သွယ်ရေးမှာ တင်ပိုမှုက တန်ချိန် နှစ်သိန်းခြောက်သောင်းကျော်လျော့နည်း နေတာကို ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့စာရင်းဇယားတွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

ဆန်နဲ့ဆန်ထွက်ပစ္စည်းတင်ပိုမှုကို နယ်စပ်က တင်ပိုရာမှာ ပုံမှန်တင်ပိုမှုအတိုင်း ပိုကုန် ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းထားအတိုင်း ကျပ်ငွေဖြင့်လဲလှယ်ရမယ် လို အကြမ်းဖက်စစ်တပ်က၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကြေငြာချက် ထုတ် ပြန်ခဲ့ပါတယ်။ အဲ့ဒီလို ထုတ်ပြန် လိုက်ပြီးတဲ့နောက် တလကို တန်ချိန်၈ သောင်းနီးပါး အထိတင် ပိုခဲ့တဲ့ နယ်စပ်ဆန်တင်ပိုမှုက အဲ့ဒီ နှစ် မတ်လမှာပဲ တန်ချိန် ၂၇၀ အထိကျဆင်း သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ပိုကုန်ရ ငွေ မူဝါဒကိုပြောင်းလဲခဲ့ပေမယ့် စစ်တပ်ရဲ့ ထိုးစစ် တွေက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပေါ် ရောက်လာတဲ့အခါ မူဆယ် ၁၀၅ မိုင်နယ် စပ်ကုန်သွယ်ရေးစခန်းလည်းပိတ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် နယ်စပ်ဆန် တင်ပိုမှုက လည်း ပုံမှန်အခြေနေကိုပြန်မရောက်လာနိုင်တော့ပဲ လစဥ်တင်ပိုမှုက ပြီးခဲ့တဲ့ ဒီဇင်ဘာ လအထိ တစ်လကို တန်ချိန် ၈၀၀၀ အထိသာအများဆုံး တင်ပိုနိုင်ခဲ့ပါ တယ်။ 

အကြမ်းဖက်စစ်တပ်က ပိုကုန်ရငွေတွေအပေါ်မှာ ခေါင်းပုံဖြတ်ပြီး တန်ဖိုးအတိုင်း ခံစားခွင့်မပေးပဲ သတ်မှတ် နှုန်း ထားနဲ့ ကျပ်ငွေလဲလှယ်ရယူစေတာက ပိုကုန်လုပ်ငန်းတွေကို အထိနာစေပြီး တင်ပိုနိုင်တဲ့ပ မာဏတွေကိုလျော့ကျစေတာပဲဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ၏ လုံခြုံရေးအခြေအနေပြောင်းလဲလာတာနဲ့အမျှ ဆန်စပါး တင်ပို့ရောင်းချမှုကို သက်ရောက်မှု ကြီးမားတာလာမယ်လို့ ခန့်မှန်းကြပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment