9th JAN 2024 - Morning Daily News by Radio NUG



၂၀၂၄ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကနန်ကျေးရွာမှ ကျန်ရစ်သူမိသားစုများနှင့်အတူ အလေးအနက် ဝမ်းနည်းပြီး စကစရဲ့ လုပ်ရပ်များအတွက် ခွင့်လွှတ်ခြင်းမရှိဘူးလို့ ဝန်ကြီးချုပ်ဆို

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၃။ တောင်ပိုင်းစစ်ဒေသရှိPDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ မွမ်းမံသင်တန်းဆင်းရဲဘော်များကို လက်နက်များတပ်ဆင်ပေးအပ်

📌 ၄။ ရခိုင်ပြည်နယ်၌ စစ်အုပ်စုမှ အရပ်သား ဖမ်းဆီးမှု များပြားလာပြီး စစ်တွေမြို့နယ်မှာ အရပ်သား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့

📌 ၅။ တောင်ကိုရီးယားနိုင်ငံ၊ ဂူမိမြို့တွင် မြန်မာစစ်ဘေးရှောင်များအတွက် အလှူခံဆုတောင်းဆန္ဒပြပွဲမှ ရရှိငွေများကို စလင်းမြို့စစ်ရှောင်များအတွက် လှူဒါန်းပေးခဲ့


📌 ၂၀၂၄ ခုနှစ် ဇန်နဝါရီလ  ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


📌📌 ၁။ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းမှလည်း ရန်သူ့အင်အား (၂၀၀ခန့် (စခန်းတစ်ခုလုံးရက္ခိုင့်တပ်တော်ထံ လက်နက်ချ အညံ့ခံခဲ့

📌📌 ၂။ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ရှိ စကခ ၁၆ကို သိမ်းပိုက်ရာ သံချပ်ကာကားများ ပွိုင့် 5 များ၊ ဟောင်ဝစ်ဇာအမြှောက်များနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိ

📌📌 ၃။ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်က စကစရဲ့ ခရန်ထီဒမ်းစခန်းကို သိမ်းပိုက်နိုင်

📌📌 ၄။ မြိုင်မြို့ပေါ် အကြမ်းဖက် စကစ များ တပ်စွဲထားတဲ့နေရာအား 1KG  ဗုံးသီး  လုံးကြဲချခဲ့

📌📌 ၅။ ရေစကြိုမြို့နယ် ရှင်မတောင် တောင်ပေါ်သို့ ရိက္ခာပို့ဆင်းလာသော စကစတပ်နှင့် ပျူများကို ကာကွယ်ရေးတပ်များတိုက်ခိုက်

📌📌 ၆။ ရိက္ခာစုဆောင်းရန်ကြိုးစားနေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

📌📌 ၇။ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်၍ အရပ်သားအမျိုးသမီး ()ဦး ကျည်စထိမှန် သေဆုံးခဲ့

📌📌 ၈။ မြိုင်မြို့မှ ကန်နီပျူရွာသို့ ရိက္ခာပို့မည့်စစ်ကြောင်း အကြိမ်ကြိမ်မိုင်းဆွဲခံရမှုကြောင့် ဒေသခံများကို ဖမ်းကာ ဓားစာခံအဖြစ် အသုံးပြုနေ




ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကနန်ကျေးရွာမှ ကျန်ရစ်သူမိသားစုများနှင့်အတူ အလေးအနက် ဝမ်းနည်းပြီး စကစရဲ့ လုပ်ရပ်များအတွက် ခွင့်လွှတ်ခြင်းမရှိဘူးလို့ ဝန်ကြီးချုပ်ဆို


ဇန်နဝါရီလ ၈ရက်။

စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့အနီးက ကနန်ရွာကို ဗုံးကြဲတိုက်ခိုက်မှု ကနန်ကျေးရွာမှ ကျန်ရစ်သူမိသားစုများနှင့် အတူ အလေးအနက် ဝမ်းနည်းပြီး စကစရဲ့ လုပ်ရပ်များအတွက် ခွင့်လွှတ်ခြင်းမရှိဘူးလို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဇန်နဝါရီလ ၈ရက်မှာ Twitterစာမျက်နှာမှာ ရေးသားဆိုပါတယ်။


"စစ်ကိုင်းတိုင်း ကနန်ကျေးရွာမှ ကျန်ရစ်သူမိသားစုများနှင့်အတူ အလေးအနက် ဝမ်းနည်းကြောင်း ဆုတောင်းအပ်ပါတယ်။ စကစ၏ လုပ်ရပ်များအတွက် ခွင့်လွှတ်ခြင်း မရှိပါ။ ပစ်မှတ်ထားသော Civilian Attacks နောက်ကွယ်မှ သူများသည် ပြင်းထန်သောအကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မယ်"လို့ဆိုထားပါတယ်။


စစ်ကိုင်းတိုင်း၊ တမူးခရိုင် ခမ်းပတ်မြို့အနီး ကနန်ရွာကို ဇန်နဝါရီ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးဆယ်လုံးကျော် ကျဲချခဲ့ပါတယ်။


စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၅ဦးသေဆုံးခဲ့ရပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဇန်နဝါရီလ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို ဇန်နဝါရီလ ရက်နေ့  မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ တက်ရောက်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ပြီးနောက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်းစာနာ‌ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ တောင်ပိုင်းစစ်ဒေသရှိPDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ မွမ်းမံသင်တန်းဆင်းရဲဘော်များကို လက်နက်များတပ်ဆင်ပေးအပ်


ဇန်နဝါရီလ() ရက်နေ့ 

တောင်ပိုင်းစစ်ဒေသရှိPDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ မွမ်းမံသင်တန်းဆင်းရဲဘော်များကို လက်နက်များတပ်ဆင်ပေးအပ်ခဲ့တယ်လို့ ဇန်နဝါရီလ ၈ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးဆိုထားပါတယ်။


လက်နက်တပ်ဆင် အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အား အလေးပြုခြင်းနှင့် သစ္စာအဓိဌာန် () ချက် ရွတ်ဆို၍ အဓိဌာန်ပြုခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။


လက်နက်တပ်ဆင် အခမ်းအနားသို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် () ဒု-စစ်ဒေသခွဲမှူး- ရဲဘော်ဂျူပီတာ တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုင်းစစ်ဌာန(တနင်္သာရီ) အတွင်း စစ်ဆင်ရေး ရည်မှန်းချက်များနှင့် နွေဦးတော်လှန်ရေး () နှစ်ကျော် ကာလအတွင်း အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် စိတ်ဓာတ်မာကျောစွာ တိုက်ပွဲဝင်နေကြသော ရဲဘော်များ၏ ရဲစွမ်းသတ္တိကို ချီးမွမ်းဂုဏ်ပြု စကားပြောကြားခဲ့ပါတယ်။


ထို့နောက် PDF သင်တန်းဆင်းရဲဘော်များကိုယ်စား တပ်ရင်းတာဝန်ရှိသူများက ကျေးဇူးတင်စကား ပြောကြား၍  အခမ်းအနားအစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ပါတယ်။


========================


📌📌 ၄။ ရခိုင်ပြည်နယ်၌ စစ်အုပ်စုမှ အရပ်သား ဖမ်းဆီးမှု များပြားလာပြီး စစ်တွေမြို့နယ်မှာ အရပ်သား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့


ဇန်နဝါရီလ ၈ရက်။

ရခိုင်ပြည်နယ်၌ စစ်အုပ်စုမှ အရပ်သား ဖမ်းဆီးမှု များပြားလာပြီး စစ်တွေမြို့နယ်မှာ အရပ်သား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇန်နဝါရီလ ၈ရက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ လတ်တလောအဖြစ်အပျက်များကို အတည်ပြုထုတ်ပြန်ပါတယ်။


ရခိုင်ပြည်နယ်၌ စစ်အုပ်စုမှ အရပ်သား ဖမ်းဆီးမှု များပြားလာပြီး စစ်တွေမြို့နယ်၌ အရပ်သား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့သည့်အပြင် စစ်ကြောင်းထိုး၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သောကြောင့် စစ်တွေမြို့နယ်နှင့် ပုဏ္ဏာကျွန်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံ နှစ်သောင်းဝန်းကျင် တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။


၎င်းအပြင် စစ်အုပ်စုက ကုန်းလမ်းနှင့် ရေလမ်းမှ သွားလာခွင့်ကို ပိတ်ပင်ထားသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါအဝင် ကျန်းမာရေးချို့တဲ့သူများ အသက်ဆုံးရှုံးမှုနှင့် ကြုံတွေ့နေရတယ်လို့သိရပါတယ်။


========================


📌📌 ၅။ တောင်ကိုရီးယားနိုင်ငံ၊ ဂူမိမြို့တွင် မြန်မာစစ်ဘေးရှောင်များအတွက် အလှူခံဆုတောင်းဆန္ဒပြပွဲမှ ရရှိငွေများကို စလင်းမြို့စစ်ရှောင်များအတွက် လှူဒါန်းပေးခဲ့


ဇန်နဝါရီလ ၈ရက်။

တောင်ကိုရီးယားနိုင်ငံ၊ ဂူမိမြို့တွင် မြန်မာစစ်ဘေးရှောင်များအတွက် အလှူခံ ဆုတောင်းဆန္ဒပြပွဲမှ ရရှိငွေများကို စလင်းမြို့စစ်ရှောင်များအတွက် လှူဒါန်းပေးခဲ့ပါတယ်။


ဇန်နဝါရီလ ၇ရက်မှာ တောင်ကိုရီးယားနိုင်ငံ၊ ဂူမိမြို့တွင် မြန်မာနိုင်ငံစစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပို့နိုင်ရန် အလှူခံဆုတောင်းဆန္ဒပြပွဲကိုကျင်းပခဲ့ပါတယ်။


အဆိုပါအလှူခံရရှိငွေများကို အသောကသုခ GUMI အဖွဲ့နှင့် ဒယ်ဂူးဘုန်းဘုန်းတို့ ပူးပေါင်းကာ စလင်းမြို့နယ်  လူဦးရေ(၄၀၀)ရှိ စစ်ရှောင်စခန်းအား သိန်း (၆၀)ကျပ်တန်ဖိုးရှိ အစာအဟာရအလှူနှင့် ဆန်းအတင်း  (၁၀၄)တင်းတို့အတွက်ပေးလှူခဲ့တယ်လို့သတင်းရရှိပါတယ်။


"ငါတို့မှာငါတို့ဘဲရှိသည်ဆိုသည့်အတိုင်း ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူ နိုင်ငံသားတို့အား နွေဦးတော်လှန်ရေးကို ကိုယ်စွမ်းနိုင်ရာဖြင့် အရှိန်မြင့်ပါဝင်ဆင်နွဲကြပါစို့"လို့ ဒယ်ဂူး ဘုန်းဘုန်းမှ အသိပေးတိုက်တွန်းမိန့်ကြားခဲ့ပါတယ်။


========================


📌 ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


📌📌 ၁။ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းမှလည်း ရန်သူ့အင်အား (၂၀၀) ခန့် (စခန်းတစ်ခုလုံး) ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အညံ့ခံခဲ့


ဇန်နဝါရီလ () ရက်

ဇန်နဝါရီလ ၈ရက်မှာ ရက္ခိုင့်တပ်တော်AAက စစ်ရေးသတင်းကို တရားဝင်သတင်းထုတ်ပြန်ပါတယ်။


"ရှမ်းမြောက်ဒေသအတွင်း၌ ဒကစ (လောက်ကိုင်) တစ်ခုလုံး လက်နက်ချအညံ့ခံပြီးနောက်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းမှလည်း ရန်သူ့အင်အား (၂၀၀) ခန့် (စခန်းတစ်ခုလုံး) သည် ရက္ခိုင့် တပ်တော်ထံ လက်နက်ချ အညံ့ခံခဲ့ပါတယ်။ ထို့အတူ စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း  မိမိတို့ထံ ဤကဲ့သို့ လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ခိုလှုံရန် ဆက်သွယ်မှုများရရှိထားတယ်"လို့သိရှိရပါတယ်။

အဆိုပါ တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြတယ်လို့ ရက္ခိုင့်တပ်တော်AAကဆိုပါတယ်။


ပလက်ဝ ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်သည့်နယ်မြေဖြစ်လာနိုင်ရန် ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ စခန်းများကိုချေမှုန်းတိုက်ခိုက်လျက်ရှိရာ ဇန်နဝါရီလ () ရက်မှစ၍ ပလက်ဝ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ စခန်းတိုင်းကို မိမိတို့မှ သိမ်းပိုက်ရယူထားပြီးဖြစ်တယ်လို့လည်း ရက္ခိုင့်တပ်တော်AAကဆိုပါတယ်။


ကျန်ရှိနေသေးသော စစ်ကောင်စီ၏ စခန်းအချို့ကို ယခုရက်များအတွင်း အပြီးသတ်ချေမှုန်း တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။

နောက်ဆက်တွဲ သိမ်းပိုက်ရရှိထားသော စခန်းအဖြစ် ရက္ခိုင်ပြည်၊ မြောက်ဦး သင်းကျစ်တော်တောင် စခန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ () ရက်၊ ညနေ () နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၂။ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ရှိ စကခ ၁၆ကို သိမ်းပိုက်ရာ သံချပ်ကာကားများ ပွိုင့် 5 များ၊ ဟောင်ဝစ်ဇာအမြှောက်များနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိ


ဇန်နဝါရီလ ၈ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ရှိ စကခ၁၆ကို သိမ်းပိုက်ရာ သံချပ်ကာကားများ ပွိုင့် 5 များ၊ ဟောင်ဝစ်ဇာအမြှောက်များနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိခဲ့တယ်လို့ ဇန်နဝါရီ၈ရက်မှာ PLA ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကအသိပေးဆိုထားပါတယ်။


ဇန်နဝါရီလ ၁ရက်နေ့မှာ စကခ 16 ဧရိယာကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ရန်အတွက် သိန်းနီမြို့အထွက် နမ်မတူချောင်း တံတားထိပ်မှ စတင်တိုက်ခိုက်ပြီး ထိုမှတဆင့် ကောင်းဟော်ရွာထဲမှာ တပ်စွဲထားတဲ့ စကစတပ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၃ရက်မှာ ကောင်းဟော်ရွာတခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ၄င်းနေ့မှာပင် ခလရ ၆၉ တပ်ကို စတင်တိုက်ခိုက်ပြီး ၄ရက်နေ့မှာ ခလရ ၆၉ ကိုသိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ဂိုဒေါင်တွေပါ အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ပါတယ်။ ထို့အတူ တပ်မ 16 ဌာနချုပ်ကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျန်ရှိနေသော စကခ 16 ဧရိယာတခုလုံးတွင်ရှိသော တပ်ရင်းများ ​​လက်နက်ကြီးကုန်းများ လေယာဥ်ကွင်းများ လက်နက်ဂိုဒေါင်များ သံချပ်ကာကားများ ပွိုင့် 5 များ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိပါတယ်"လို့ဆိုပါတယ်။


ဇန်နဝါရီလ ၆ရက်နေ့မှာ  GEကို ဝင်တိုက်ရာ စကစတပ်များအကုန်လုံး ထွက်ပြေးသွားခဲ့ပြီး ဇန်နဝါရီလ ၇ရက် မနက် 9 နာရီမှာ စကခ 16 ဧရိယာတခုလုံးကို တခုမကျန် အောင်မြင်စွာသိမ်းပိုက်ရရှိလိုက်တယ်လို့သိရှိရပါတယ်။


========================


📌📌 ၃။ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်က စကစရဲ့ ခရန်ထီဒမ်းစခန်းကို သိမ်းပိုက်နိုင်


ဇန်နဝါရီလ ၈ရက်။

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ကစကစရဲ့ခရန်ထီဒမ်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဇန်နဝါရီလ ၈ရက်မှာ ပူတာအိုPDFကအတည်ပြုဖော်ပြပါတယ်။


ဇန်နဝါရီ၂ ရက်နေ့ မနက်( :၃၀)မှ စပြီး ညနေ နာရီ အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ စကစဘက်မှ လေယာဥ် အကူ လေးကြိမ်တိုင်တိုင် လာပစ်ပေမယ့် လူသေအ​​​​ပျောက်မရှိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။


()ရက်ကြာတိုက်ခိုက်အပြီး ခရန်ထီဒမ်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ပြည်သူ့ဘက်တော်သားများ ဘေးကင်းကြောင်းသိရပါတယ်။


========================


📌📌 ၄။ မြိုင်မြို့ပေါ် အကြမ်းဖက် စကစ များ တပ်စွဲထားတဲ့နေရာအား 1KG  ဗုံးသီး လုံးကြဲချခဲ့


ဇန်နဝါရီလ ၈ရက်

မြိုင်မြို့ပေါ် အကြမ်းဖက် စကစ များတပ်စွဲထားတဲ့နေရာအား 1KG  ဗုံးသီး လုံးကြဲချခဲ့တယ်လို့ ဇန်နဝါရီလ ၈ရက်မှာ စစ်ရေးသတင်းကို Urban Underground Revolution Force-YSO ကဆိုပါတယ်။


"ဇန်နဝါရီလ ၆ရက် မြိုင်မြို့ပေါ် စီမံရေးရုံးအတွင်း တပ်စွဲထားသော အကြမ်းဖက် စကစ များကို 1KG  ဗုံးသီး လုံးကြဲချခဲ့ပါတယ်။ ဗုံးသီး၂ လုံးမှာ စီမံရေးရုံးအတွင်း ပစ်မှတ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး အထိအခိုက်ရှိနိုင်ကာ အတိကျတော့စုံစမ်းဆဲဖြစ်တယ်လို့ သိရှိရပါတယ်။


တိုက်ခိုက်မှုမှာ Urban Underground Revolution Force မြင်းခြံခရိုင်အမှတ် တပ်ရင်း 27 Revolution Forces ယင်းမာပင်ခရိုင်တပ်ရင်း 3/4/5/6 ဆင်ရိုင်းရာဇာ မြိုင်၊ ပခုက္ကူ Local တပ်ပေါင်းစု  အဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၅။ ရေစကြိုမြို့နယ် ရှင်မတောင် တောင်ပေါ်သို့ ရိက္ခာပို့ဆင်းလာသော စကစတပ်နှင့် ပျူများကို ကာကွယ်ရေးတပ်များတိုက်ခိုက်


ဇန်နဝါရီလ()ရက်

ဇန်နဝါရီလ ၈ရက်မှာ စစ်ရေးသတင်းကို ရေစကြိုပကဖကအတည်ပြုဆိုထားပါတယ်။


ရေစကြိုမြို့နယ် ရှင်မတောင် တောင်ပေါ်သို့ ရိက္ခာပို့ဆင်းလာသောတပ်မ(၁၀၁)လက်အောက်ခံ ခလရ၂၅၈တပ်ထဲမှ စကစများနှင့် ဆင်ချောင်းပျူရွာမှ ပျူများနှင့် ဇန်နဝါရီလ()ရက်နေ့ နံနက်၃နာရီခွဲအချိန်မှ စတင်၍ ထိတွေ့မှု()ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အဆိုပါ အင်အား၇၀ခန့်ပါ စကစစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်များမှ Droneများဖြင့်လည်းကောင်း၊ မြေပြင်မှလည်းကောင်း အကြိမ်ကြိမ်လိုက်လံတိုက်ခိုက်ခဲ့ပြီး စကစများထိခိုက်မှုရှိနိုင်ပြီး တိုက်ခိုက်မှုအတွင်း မျက်မြင်အရ စကစ()ဦး လဲကျသွားကြောင်းသိရှိရပါတယ်။


အဆိုပါစစ်ကြောင်းမှာ တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်မှတဆင့် ခလရ၂၅၈သို့ ပြည်သူ့ကားများအား ချောဆွဲပြန်သွားကြောင်းသိရှိရပါတယ်။


တိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြို(.က.)နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်းအမှတ်()တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၆။ ရိက္ခာစုဆောင်းရန်ကြိုးစားနေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


ဇန်နဝါရီလ ၈ရက်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ရိက္ခာစုဆောင်းဖိုးကြိုးစားနေတဲ့ ပျဉ်ထောင်ရွာက ပျူစောထီးတွေကို ဒရုန်းအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Khin U Special Organization- KSO က ထုတ်ပြန်ပါ တယ်။


ပျဉ်ထောင်ရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၂ဝ ဦးခန့်ဟာ ဇန်နဝါရီလ ရက်နေ့ မွန်းလွဲပိုင်းက ဒေသခံပြည်သူတွေစိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ရိက္ခာအဖြစ်စုဆောင်းရိတ်သိမ်းဖို့ ကြိုးစားနေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။  ပျူစောထီးတွေ စပါးခင်းကို ရိတ်သိမ်းနေချိန်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချခဲ့တာကြောင့် ၎င်းတို့ ရိတ်သိမ်းထားတဲ့စပါးပုံနဲ့ ရိတ်သိမ်းဆဲစပါးခင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


ထို့အပြင် ပျဉ်ထောင်ရွာအတွင်း ဝင်ပြေးတဲ့ ပျူစောထီးတွေကို ဗုံးသီးအကြီး လုံးနဲ့ ထပ်မံကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူများစွာရှိခဲ့တယ်လို့လည်း ခင်ဦးအခြေစိုက် မဟာမိတ်အဖွဲ့တွေက ပြောပါတယ်။


အဆိုပါတိုက်ခိုက်မှုကို Khin U Special Organization- KSO KURDAF Drone တပ်ဖွဲ့၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Wolf Guerrilla Local PDF- YE.U  (KURDAF Drone) /ARF (KURDAF Drone) စတဲ့ မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 


ပျဉ်ထောင်ရွာဟာ လက်ရှိအချိန်မှာ ရိက္ခာပြတ်လပ်နေပြီဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၈ ရက်က ဖမ်းဆီးရမိခဲ့တဲ့ ပျူစောထီးတွေကလည်း မဟာမိတ်အဖွဲ့တွေကို ပြောထားတာရှိပါတယ်။ 


ပျဉ်ထောင်ရွာက ပျူစောထီးတွေဟာ ရွာအနီးမှာရှိတဲ့ ပြည်သူပိုင်စပါးခင်းတွေကို ခိုးယူရိတ်သိမ်းဖို့ ကြိုးစားခဲ့တာ ကြိမ် ရှိခဲ့ပြီး ကြိမ်စလုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက တားမြစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်၍ အရပ်သားအမျိုးသမီး ()ဦး ကျည်စထိမှန် သေဆုံးခဲ့


ဇန်နဝါရီ၈ရက်

ဇန်နဝါရီလ ရက်နေ့ (၉း၃၅)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ မိုင်းယော်ကျေးရွာတွင် Jet Fighter ဖြင့် ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးဖြင့် ပြည်သူလူထုများကို ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLAက အတည်ပြုဆိုပါတယ်။


စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ဗုံးသီးကြောင့် မိုင်းယော်ကျေးရွာအတွင်း လူနေအိမ်ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ရာမှာ ပြည်သူ၊ အမျိုးသမီး ()ဦး ကျည်စထိမှန် သေဆုံးခဲ့ရပြီး လူနေအိမ် (၂၀)လုံးလည်း ကျည်စထိမှန် ပျက်စီးခဲ့ရပါတယ်။


========================


📌📌 ၈။ မြိုင်မြို့မှ ကန်နီပျူရွာသို့ ရိက္ခာပို့မည့်စစ်ကြောင်း အကြိမ်ကြိမ်မိုင်းဆွဲခံရမှုကြောင့် ဒေသခံများကို ဖမ်းကာ ဓားစာခံအဖြစ် အသုံးပြုနေ


ဇန်နဝါရီလ ၈ရက်။

မကွေးတိုင်း မြိုင်မြို့ကနေ ကန်နီပျူရွာကို ရိက္ခာပို့မယ့်စစ်ကြောင်း အကြိမ်ကြိမ်မိုင်းဆွဲခံရပြီး တပ်ပြန်ဆုတ်နေရတာကြောင့် ဒေသခံပြည်သူတွေကိုဖမ်းပြီး ဓားစာခံအဖြစ် အသုံးပြုနေတယ်လို့ Myaing U.A.V Fighter အဖွဲ့က ပြောပါတယ်။ 


မြိုင်မြို့ကနေ ကန်နီပျူရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီထောက်ပို့ စစ်ကြောင်းကို ဇန်နဝါရီလ ၄ရက်နေ့ မနက် နာရီခွဲခန့်အချိန်မှာ မြို့အထွက် ပေါက်ပျင်းလမ်းဆုံမှာ မိုင်းအကြီး လုံးနဲ့တိုက်ခိုက်ခဲ့ပြီး နံနက် ၁ဝ နာရီ ခန့်မှာလည်း သံပုရာခြံကျေးရွာအနီးမှာ ရှေ့ထွက်မိုင်း လုံး၊ ဒရုန်းနဲ့ အီနာဂါဗုံးသီး အလုံး ၂ဝ ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး ပြင်းထန်ဒဏ်ရာရသွားတဲ့အတွက် တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ 


အဲဒီစစ်ကြောင်း ကန်နီပျူရွာဘက်ကိုသွားဖို့ ဇန်နဝါရီလ ရက်နေ့မှာ မြိုင်မြို့ကနေ ထွက်လာချိန် မနက် နာရီအချိန်မှာ ပေါက်ပျင်းလမ်းဆုံမှာပဲ မိုင်း လုံးထိသွားပြီး ဂွေးပင်လယ်ချောင်းကိုရောက်ချိန် ၁၁ နာရီခန့် မှာလည်း မိုင်း လုံး ထပ်ထိသွားတဲ့အတွက် မြို့တွင်းကို ပြန်ဆုတ်သွားခဲ့ရတယ်လို့ တော်လှန်ရေး တပ်ပေါင်းစုက အသိပေးထားပါတယ်။


ထိုစစ်ကြောင်း မြို့ထဲကိုပြန်ဝင်လာချိန်မှာလည်း ရှေ့ထွက်မိုင်း လုံး ထပ်ထိသွားတဲ့အတွက် မြို့နယ်ဆေးရုံအတွင်း မောင်းဝင်သွားတာတွေ့ရတယ်လို့ မြိုင် ပကဖ ကပြောပါတယ်။ 


အခုလို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ ရှေ့ဆက်မတိုးနိုင်တဲ့ စစ်ကောင်စီဟာ မြိုင်မြို့တွင်းကနေ ထွက်မလာရဲတော့ဘဲ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကိုအသုံးချပြီး မြိုင်မြို့ကနေထွက်နိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ 


အဆိုပါတိုက်ခိုက်မှုများကို မြိုင်ပကဖအဖွဲ့ဝင်တွေဖြစ်တဲ့ မြိုင်ပကဖ ဒရုန်းအဖွဲ့၊ Myaing UAV Fighter ဗိုလ်မြွေဆိုးတပ်ဖွဲ့၊ တိုက်နယ် MPL တပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း တပ်ခွဲ ၃၊ တပ်ခွဲ နဲ့ Earthquake Defense Force-PKU တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့် က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment