9th Jan 2024 Radio NUG Evening Newsletter


၂၀၂၄ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဆီယံ ဥက္ကဌသစ် လာအိုနိုင်ငံက ဝန်ကြီးဟောင်းတစ်ဦးကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်


📌 ၂။ အရပ်သား (၁၉) ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်


📌 ၃။ နမ့်ဆမ်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်း ဗုံးကျဲခံရပြီး ဆရာ၊ ဆရာမ () ဦး သေဆုံး


📌 ၄။ မြန်မာ့ဂန္တဝင် ဂီတအနုပညာရှင်၊ အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန် စတဲ့သတင်းတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။


📌 ၂၀၂၄ ခုနှစ် ဇန်နဝါရီလ  ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


📌📌 ၁။ ကျောက်ဖြူ ဓညဝတီရေတပ်ကို AA စတင်တိုက်ခိုက်၊ ရခိုင်နဲ့ ပလက်ဝမှာ တိုက်ပွဲများပြင်းထန်နေ

📌📌 ၂။ ဝမ်ပေါင်ကုမ္ပဏီစောင့် စစ်သားများကို တိုက်ခိုက်မှု တစ်ဦးသေဆုံး

📌📌 ၃။ စစ်သား (ဦး ဇိုလန်း PDF ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် 



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဆီယံ ဥက္ကဌသစ် လာအိုနိုင်ငံက ဝန်ကြီးဟောင်း တစ်ဦးကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် ခန့်အပ်


၂၀၂၄ ခုနှစ်အတွက် အာဆီယံဥက္ကဌအသစ်ဖြစ်လာတဲ့ လာအိုနိုင်ငံက ဝါရင့် သံတမန် တစ်ဦးလည်းဖြစ်၊ ဝန်ကြီးရုံး ဝန်ကြီးဟောင်း တစ်ဦးလည်းဖြစ်တဲ့  Alounkeo Kittikhoun ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမာန်အဖြစ် ခန့်အပ်လိုက်တယ်လို့ အာဆီယံအဖွဲဝင်နိုင်ငံတွေကို အသိပေးလိုက်ပါတယ်။

ဇန်နဝါရီလ ၂၈-၂၉ ရက်တွေမှာ လာအိုနိုင်ငံ၊ လွမ်ပရာဘန်းမြို့မှာ ကျင်းပပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် ဝန်ကြီးဟောင်း Alounkeo Kittikhoun ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်တယ်လို လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က အဖွဲဝင်နိုင်ငံတွေကို ကြိုတင် အသိပေးလိုက်တာ ဖြစ်ပါတယ်။

Alounkeo ဟာ အထူးသံတမန်အနေနဲ့ သက်ဆိုင်ရာတာဝန်တွေကို ဇန်နဝါရီလ ရက်နေ့က စတင်တာဝန် ထမ်းဆောင်နေပြီး အရင်ကလည်း ကုလသမဂ္ဂဆိုင်ရာ လာအို သံတမန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ 

အခုလို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ကို အလျင်အမြန် ခန့်အပ်လိုက်တာဟာ လက်ရှိ ဥက္ကဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံရဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ရေး အလေးအနက်ထားကြောင်း ဖော်ပြနေတာလို့ ထိုင်းအကြီးတန်း သံတမန်တစ်ဦးက Thai PBS သတင်းဌာနကို ပြောထားပါတယ်။

မနှစ်က အာဆီယံ ဥက္ကဌ တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ အာဆီယံ အထူးသံတမန်ရုံး အနေနဲ့ပဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံအနေနဲ့ မြန်မာအရေးကို ကူညီဖြေရှင်းနိုင်ဖို့ ဘက်ပေါင်းစုံ ပါဝင်ပြီး ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ကူညီမှုတွေကို လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၂။ အရပ်သား ၁၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဆို


စစ်ကောင်စီတပ်များက ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေတဲ့ အရပ်သားပြည်သူ (၁၉) ဦးရဲ့ ရုပ်အလောင်းများကို စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကောလင်း၊ ပင်လည်ဘူး၊ ဝန်းသို လမ်းဆုံဖြစ်တဲ့၊ ဝင်းကြီးကျေးရွာအနီး မှာ ဇန်နဝါရီလ ရက်နေ့က တွေ့ရှိခဲ့ရတယ်လို့ ဝန်းသိုမြို့နယ် (ပအဖ) အဖွဲ့ထံမှ သိရပါတယ်။

သတ်ဖြတ်ခံရသူများမှာ ဝင်းကြီးကျေးရွာ အနောက်ဘက်ရှိ ဈေးဆိုင်ရှင်များနဲ့ ကုန်တင်ကားမောင်းသူများ ဖြစ်နိုင်ပြီး စစ်တပ်က ဖမ်းဆီးသွားပြီးနောက် အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဝန်းသို ပအဖတာဝန်ခံက ဆိုပါတယ်။

ဒေသခံတွေက () မိုင် စခန်းလို့ ခေါ်ကြတဲ့ အဆိုပါနေရာဟာ ကုန်တင်ကားများ ခရီးတထောက် ရပ်နားလေ့ရှိပြီး ဈေးဆိုင် (၁၅) ဆိုင်ခန့်ရှိကာ အရပ်သားများနဲ့ စစ်ဘေးရှောင် တချို့ နေထိုင်ကြတာ ဖြစ်ပါတယ်။

သတ်ဖြတ်ခံရသူများမှာ အမျိုးသမီး () ဦးနဲ့ အမျိုးသား (၁၇) ဦးတို့ ဖြစ်ကြပြီး NUG ထိန်းချုပ်ထားတဲ့ ကောလင်းမြို့မှ ကုန်သည်နဲ့ ကားသမား () ယောက်လည်း ပါဝင်တယ်လို့ ကောလင်း ပကဖ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဒီဇင်ဘာ () ရက်နေ့ ဝန်းသိုမြို့မှ ထွက်လာပြီးနောက် () မိုင် စခန်း ပတ်ဝန်းကျင်တွင် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီ စစ်သားများက ပတ်ဝန်းကျင်မှာ တွေ့ရှိရတဲ့သူများကို ဖမ်းဆီးခဲ့ပြီးနောက်မှာ အခုလို သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ရုပ်အလောင်းများတွင် နှိပ်စက်ခံရမှုကြောင့် ရလာတယ်လို့ ယူဆရတဲ့ ဒါဏ်ရာများစွာကိုလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ နမ့်ဆမ်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်း ဗုံးကျဲခံရပြီး ဆရာ၊ ဆရာမ ဦး သေဆုံး


ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့စဉ် စာသင်ကျောင်း တစ်ကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဆရာ၊ ဆရာမ () ဦး‌ သေဆုံးပြီး () ဦး ဒါဏ်ရာ ရရှိခဲ့တယ်လို့ တအောင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန် ထားပါတယ်။

ဇန်နဝါရီက () ရက်နေ့က တအောင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အနောက်ဘက် မိုင် (၂၀) ခန့်အကွာမှ မြို့သစ်ကျေးရွာကို မွန်းလွဲ () နာရီ၊ (၃၅) မိနစ် အချိန်မှာ စစ်ကောင်စီ စစ်လေယာဉ်က ဗုံး () လုံး ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဗုံးသီးများမှာ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) စာသင်ကျောင်းနဲ့ လူနေအိမ် များပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုများ ရှိက လူနေအိပ် လုံးလဲ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းအတွင်း TNEC ရဲ့ ကျောင်းဆရာ/ လွေးလှာမျံမ်၊ လွေးနန်းဒိတ်၊ လွေးမိုးအေး၊ မိုင်းအမှုန်း၊ မိုင်းယဲထိုည် တို့ () ဦး သေဆုံးခဲ့ပြီး ဒေသခံများဖြစ်သော ယာအေနေ၊ ယာအေမို၊ ယာမူ၊ လွေးမျစိန်၊ တာဆိုမြတ်၊ တာကျော်လွန်တို့ ဒဏ်ရာပြင်းထန်စွာ ရခဲ့တယ်လို့ TNLA ထုတ်ပြန်ချက် အရ သိရပါတယ်။

TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က တိုက်ပွဲမဖြစ်ပွားဘဲ နမ့်ဆန်မြို့နယ် ထဲက မြို့သစ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါကျေးရွာကို (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာ (၁၉) ရက်ကလည်း စစ်ကောင်စီလေတပ်က ပေါင် (၅၀၀) ဗုံး ကြဲချခဲ့ပြီး ထိုစဉ်က ဒေသခံ () ဦး သေဆုံးခဲ့ပြီး၊ () ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်း တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC) က ဦးစီးပြီး ဒေသတွင်း တိုင်းရင်းသားဘာသာစကားများ ဦးစားပေး သင်ကြားပေးမည့် စာသင်ကျောင်းပေါင်း (၁၀၀) ကျော်ကို ဖွင့်လှစ်ထားရာ ဗုံးကျရောက်ပေါက်ကွဲတဲ့ ကျောင်းကလည်း တစ်ကျောင်းအပါအဝင်ဖြစ်ပါတယ်။

ထိုကျောင်းအနေဖြင့် အာဏာဖီဆန်ရေး ဆန့်ကျင်လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားတဲ့ ဆရာ၊ ဆရာမများကိုလည်း လာရောက်သင်ကြားကြဖို့ ဖိတ်ခေါ်ထားပြီး လုံခြုံရေးအတွက် ဒေသအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကူအညီဖြင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ မြန်မာ့ဂန္တဝင် ဂီတအနုပညာရှင်၊ အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်


မြန်မာ့ဂန္တဝင် ဂီတအနုပညာရှင်၊ အဆိုတော်ကြီး ဒေါ်မာမာအေးဟာ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့က သူမရဲ့ နေအိမ်မှာ ကွယ်လွန်သွားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်မာမာအေးဟာ မြန်မာစံတော်ချိန် ဇန်နဝါရီ () ရက်နေ့၊ မနက် () နာရီ (၅၈) မိနစ်၊ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ဇန်နဝါရီ () ရက်နေ့၊ ညနေ () နာရီ (၂၈) မိနစ် အချိန်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သားအရင်းသဖွယ် အနီးကပ် ပြုစုစောင့်ရှောက်နေသူ ကိုခင်မောင်လေးက အတည်ပြုထားပါတယ်။

မြန်မာ့ဂန္တဝင် အဆိုတော်ကြီး ဒေါ်မာမာအေးကို (၁၉၄၂) ခုနှစ်၊ ဇူလိုင် (၂၆) ရက်မှာ မြောင်းမြမြို့ ရှမ်းကုန်းပိုင်းတွင် မွေးဖွားခဲ့တာ ဖြစ်ပြီး အမည်ရင်းမှာ မအေးမြင့် ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သူမရဲ့ အသက်ဟာ (၈၂) နှစ် အရွယ်ရှိနေပြီဖြစ်ပြီး ကျန်းမာရေး ချို့ယွင်းနေတာ အနည်းဆုံး () လခန့် ရှိနေပြီလို့ သိရပါတယ်။

ဒေါ်မာမာအေးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရ လက်ထက် (၁၉၉၈) ခုနှစ်မှာ မြန်မာပြည်ကနေ ထွက်ခွာလာခဲ့ရပြီး (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေး ကာလမှာသံဃာတော်တွေ သွေးမြေကျ ရပြီတဲ့။ တကြော်ကြော် ဟစ်ကြွေးကြသံများဆိုတဲ့ သီချင်းကို သီဆိုထုတ်လွှင့်ခဲ့ပါတယ်။

(၁၉၉၈) ခုနှစ်မှ စပြီး အမေရိကန် ပြည်ထောင်စုတွင် ခေတ္တ နေထိုင်ရင်း လန်ဒန်မြို့ အခြေစိုက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှတဆင့် သောတရှင် ပြည်သူများအတွက် "ပြောပြစရာ တွေလည်း တပုံကြီး ရှိသေးတယ်" အစီအစဉ်ကို ရေးသားပေးပို့ အသံလွှင့်လျက် ရှိပါတယ်။

ဒေါ်မာမာအေးနဲ့ နီးစပ်သူများက သူမဟာ စကားပြောပြတ်သားသူ၊ သံမဏိစိတ်ဓာတ်ရှိသူလို့ ချီးမွမ်းကြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။


========================


📌 ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


📌📌 ၁။ ကျောက်ဖြူ ဓညဝတီရေတပ်ကို AA စတင်တိုက်ခိုက်၊ ရခိုင်နဲ့ ပလက်ဝမှာ တိုက်ပွဲများပြင်းထန်နေ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းကို ရခိုင့်တပ်တော် AA က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ညီနောင် () ဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။ 

ဇန်နဝါရီလ () ရက်နေ့ မနက် () နာရီဝန်းကျင်အချိန်က ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ကျေးရွာအနီးမှာ ရှိတဲ့ ဓညဝတီရေတပ်စခန်းကို ရခိုင့်တပ်တော် AA က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

(၁၀၂၇) စစ်ဆင်ရေး (၇၄) ရက်မြောက်နေ့ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်ရာမှာ အခုလိုအသိပေးလိုက်တာ ဖြစ်ပါတယ်။ 

တိုက်ပွဲသတင်းတွေကို ထုတ်ပြန်ရာမှာ မြောက်ဦးမြိုနယ်က ပြည်သူလူထုကို လက်နက်ကြီးတွေနဲ့ နှစ်ရှည်လ များ ပစ်ခတ်အနိုင်ကျင့်နေတဲ့ စစ်ကောင်စီရဲ့ မြောက်ဦး သင်းကျစ်တော်တောင်စခန်းကို ဇန်နဝါရီလ () ရက်နေ့၊ ညနေ () နာရီခန့်အချိန်မှာ အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ 

ထို့အတူ ညသန်းခေါင် (၁၂) နာရီခန့်အချိန်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေက မြောက်ဦးမြို့နယ် အိုးထိမ်း ကျေးရွာနဲ့ တိန်ညို‌ကျေးရွာအနီးတစ်ဝိုက်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အိုးထိမ်းကျေးရွာကနေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

အလားတူ မြောက်ဦးမြိုနယ် တိန်ညိုကျေးရွာအတွင်းသို့လည်း စစ်တပ်က ဒရုန်းနဲ့ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ 

ရမ်းဗြဲမြို့မှာလည်း ရက္ခိုင့်တပ်တော် AA နဲ့ မြိုတွင်းမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။

ထို့အတူ ပလက်ဝဒေသတခုလုံးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကိုသိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေ ရာမှာ လက်ရှိတွင် ပလက်ဝအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်စခန်းအားလုံး ရခိုင့်တပ်တော်လက်ထဲ ကျရောက်ခဲ့ပြီလို့ အသိပေးထားပါတယ်။

ဆက်လက်ပြီး ပလက်ဝပတ်ဝန်းကျင်အနီးမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီစခန်းတွေ တခုမကျန် သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ညီနောင်မဟာမိတ် () ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ဝမ်ပေါင်ကုမ္ပဏီစောင့် စစ်သားများကို တိုက်ခိုက်မှု တစ်ဦးသေဆုံး


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက ဝမ်ပေါင်ကုမ္မဏီရှေ့မှာ လုံခြုံရေးယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတဦး သေဆုံးသွားတယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BPLF က ထုတ်ပြန်ပါတယ်။ 

ဝမ်ပေါင်ကြေးနီစီမံကိန်းအတွက် လုံခြုံရေးယူပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးကင်းကို ဇန်နဝါရီလ () ရက်နေ့မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှာ စစ်သားတဦးသေဆုံးသွားတဲ့အပြင် () ဦး ဒဏ်ရာရသွားပြီး တော်လှန်ရေးအင်အားစုဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ BPLF က ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ လုံခြုံရေးကင်းစခန်းက တပ်ဖွဲ့ဝင်တွေဟာ ခရီးသွားပြည်သူတွေကို အနိုင်ကျင့် ငွေတောင်းတာ၊ အကြမ်းဖက် ဖမ်းဆီးတာတွေ မကြာခဏလုပ်ဆောင်နေတဲ့ ကင်းစခန်းဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BPLF SALINGYIGZ Brother Army မုံရွာခရိုင်တပ်ရင်း ၂၅ တပ်ခွဲ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၃။ စစ်သား () ဦး ဇိုလန်း PDF ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် 


ချင်းပြည်နယ် တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်က စစ်သား () ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် Zoland PDF က ထုတ်ပြန်ပါတယ်။ 

ခလရ (၂၆၉) တပ်က စစ်သား () ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဇန်နဝါရီလ () ရက်နေ့မှာ Zoland PDF ထံ အလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦးဟာ CDM လုပ်မယ့်သူတွေကို ကူညီပေးနေတဲ့ CSA အဖွဲ့က နေတဆင့် အလင်းဝင်မယ့်အကြောင်း ဆက်သွယ်လာတာကြောင် တီးတိန်အခြေစိုက် Zoland PDF က တပ်ဖွဲ့ဝင်တွေ သွားရောက်ခေါ်ဆောင်ခဲ့တာလို့လည်း အသိပေးထားပါတယ်။ 

တနိုင်ငံလုံးမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီဖြစ်တာကြောင့် စစ်ခေါင်းဆောင်တွေအတွက် အသက်မပေး လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးအလင်းဝင်ကြဖို့ Zoland PDF က တိုက်တွန်းထားပါတယ်။ 

Zoland PDF မှာ CDM ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၃ဝ) ဦးကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ဘောလခဲမြို့ရှိ ခရိုင်ရဲစခန်းက ရဲတပ်သားတဦး KNDF ထံ ခိုလှုံ


ကရင်နီပြည် ဘော်လခဲမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ခရိုင်ရဲစခန်းက ရဲတပ်သားတဦး လက်နက်နဲ့ တကွ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF က ဇန်နဝါင်ရီလ () ရက်မှာ ထုတ်ပြန်ပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ ရဲတပ်သားဟာ စစ်ကောင်စီ အမိန့်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့ တာကြောင့် ဇန်နဝါရီလ () ရက်နေ့မှာ AK-22 သေနတ်တစ်လက်ယူပြီး ထွက်လာတဲ့အတွက် KNDF က သွားရောက်ခေါ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီကိုဆန့်ကျင်ကာ KNDF ထံလက်နက်အပ်နှံပြီး ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံလာတဲ့ ရဲတပ်သားကို ဆုကြေးငွေများပေးအပ်ခဲ့ပြီး လုံခြုံလွတ်လပ်စွာထားရှိတယ်လို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီလက်အောက်မှာရှိနေသေးတဲ့ ရဲတပ်ဖွဲဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ ယခုလိုကာလ မှာ လမ်းမှန်ပေါ်လျှောက်ပြီး ပြည်သူ့ဘက်ကို ယုံကြည်စိတ်ချစွာ ပူးပေါင်းလာကြဖို့ တိုက်တွန်းထားပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ လုံခြုံစိတ်ချမှုကိုလည်း အပြည့်အဝအာမခံတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကို Radio NUG သတင်းထောက် ကိုခန့်နဲ့ မင်းစစ်သွေးက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment