11th FEB 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "ပြည်သူလူထု ထောက်ခံယုံကြည်မှု မရတာကြောင့် ရန်သူအကြမ်းဖက်စစ်ကောင်စီတပ်ဟာ တဖြည်းဖြည်းပြိုလဲတော့မှာ ဖြစ်တယ်"လို့ ကာကွယ်ရေးဝန်ကြီးပြော

📌 ၂။ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းသို့ ONE DAY Challengeက လက်ဆောင် ပေးအပ်

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအစည်းအဝေးသို့ ရှင်းလင်းတင်ပြ

📌 ၄။ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့နယ် ဘူဖြောင်းမြို့မှာ ကျင်းပတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ခြင်း လူထုလှုပ်ရှားမှု ၃နှစ်ပြည့် ဆန္ဒပြသပိတ်ကို (NUG) ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် CDM ဗိုလ်ကြီး လင်းထက်အောင်တို့တက်ရောက်

📌 ၅။ စစ်ထဲဝင်ရန် ငြင်းဆိုပါက ထောင် နှစ်ထိချနိုင်တဲ့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီ အသက်သွင်း


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ရေးအခြေအနေရှုပ်ထွေးနေသဖြင့် ဆိုက်ခေါင်-ဆီဆိုင်ဆက်သွယ်ထားသော ပြည်ထောင်စုကားလမ်း အပါအဝင် တောလမ်းများ ယာယီပိတ်

🚩 ၂။ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးတပ်သားများက ကျေးရွာနေပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေး

🚩 ၃။ မြင်းခြံနယ် မြောက်ကျွန်းကျေးရွာရှိ စစ်တပ်အထိုင်စခန်းကိုတိုက်ခိုက်မှု စစ်သား ဦးထက်မနည်းသေဆုံး

🚩 ၄။ ကံရွာ ပျူစောထီး စခန်းသိမ်း တိုက်ပွဲအတွင်း ပျူစောထီး ဦး သေဆုံးပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့

🚩 ၅။ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ဦး သေဆုံး

🚩 ၆။ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများကို ဖမ်းဆီးပြီး မိုင်းရှင်းခိုင်းခဲ့

🚩 ၇။ မန္တလေး PDF ထံ စစ်ကောင်စီတပ်သား တစ်ဦး အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


📌📌 ၁။ "ပြည်သူလူထု ထောက်ခံယုံကြည်မှု မရတာကြောင့် ရန်သူအကြမ်းဖက်စစ်ကောင်စီတပ်ဟာ တဖြည်းဖြည်းပြိုလဲတော့မှာ ဖြစ်တယ်"လို့ ကာကွယ်ရေးဝန်ကြီးပြော


"ပြည်သူလူထု ထောက်ခံယုံကြည်မှု မရတာကြောင့်ရန်သူအကြမ်းဖက်စစ်ကောင်စီတပ်ဟာ တဖြည်းဖြည်းပြိုလဲတော့မှာ ဖြစ်တယ်"လို့ အမှတ်()စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးသည့် NCO အကြပ် သင်တန်း အပတ်စဉ် () သင်တန်းဆင်းအခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောကြားထားပါတယ်။


"ရန်သူအကြမ်းဖက်စစ်ကောင်စီတပ်ဟာ တဖြည်းဖြည်းပြိုလဲတော့မှာ ဖြစ်တယ်။ အင်မတန်တောင့်တင်း ခိုင်မာပါတယ်ဆိုတဲ့ စစ်တပ်ဘာကြောင့်ပြိုလဲသလဲ။ အရေးကြီးဆုံးအချက်က ပြည်သူလူထု ထောက်ခံယုံကြည်မှု မရတာကြောင့်ဖြစ်တယ်။ ရန်သူ့အကြောင်းလေ့လာရာမှာ သူတို့ရှုံးနိမ့်ရတဲ့အချက်တွေကိုလည်း အာရုံစိုက်လေ့လာရမှာဖြစ်တယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ရန်သူ့အရှုံးကို သင်ခန်းစာယူပြီး ပြည်သူလူထုအားကိုးထောက်ခံတဲ့ တပ်မတော်ဖြစ်အောင် တည်ဆောက်ကြရမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၂။ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းသို့ ONE DAY Challengeက လက်ဆောင် ပေးအပ်


NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းသို့ ONE DAY Challengeက လက်ဆောင် ပေးအပ်ခဲ့တယ်လို့ ONE DAY Challengeကတရားဝင်အသိပေးဖော်ပြပါတယ်။


ONE DAY Challengeမန်ဘာဟာ NUG သို့ ဒေါ်လာ . ပေးပို့နိုင်ခဲ့ပြီး၊ လစဉ်ဆက်လက် ပေးပို့လျက်ရှိပါတယ်။


ထို့ပြင် PDF, CDM များနဲ့ စစ်ဘေးရှောင်များသို့လည်း ထောက်ပံ့ပေးပို့လျက် ရှိပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအစည်းအဝေးသို့ ရှင်းလင်းတင်ပြ


အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအစည်းအဝေးသို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့ ၁၉:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဥ် (/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဥ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစီအစဥ်တစ်ရပ်အား ထည့်သွင်းကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်နီက ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့် မူဝါဒအား ရှင်းလင်းတင်ပြရာ မူဝါဒတွင် အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ထောက်ခံပံ့ပိုးမှုများ ရရှိရေး၊ အလုပ်သမားထု၏ အခွင့်အရေးကို ကာကွယ်ပေးရေး၊ အမျိုးသားညီညွတ်ရေးအစိုးရအား ထောက်ခံသော လုပ်ငန်းရှင်များ၏ အကူအညီရယူရေးနှင့် စစ်ကောင်စီကို ထောက်ခံသော လုပ်ငန်းရှင်များအား အရေးယူနိုင်ရေး၊ အလုပ်သမားဥပဒေများအား ဒီမိုကရေစီ၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ညီညွတ်ရေး၊ စစ်ကောင်စီအား အမြစ်ပြတ်ဖြုတ်ချရေးလုပ်ငန်းများနှင့် လုပ်ငန်းတာဝန်များ ပါရှိကြောင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအနေဖြင့် (က) ILO အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ () အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း၊ () အသက်မွေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများပို့ချခြင်း၊ () အလုပ်သမားရေးရာ ဥပဒေမူဘောင် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်း၊ () ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ () အခြားလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်၍ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရေးနှင့် ဝင်ငွေရရှိတိုးပွားရေးကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ 


ထို့နောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေး အကြံပြုခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များက ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။


ဆက်လက်၍ ဖက်ဒရယ်ရေးရာကော်မတီနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီတို့က ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ရေးရာကော်မတီအဖွဲ့ဝင်များက သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့နယ် ဘူဖြောင်းမြို့မှာ ကျင်းပတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ခြင်း လူထုလှုပ်ရှားမှု ၃နှစ်ပြည့် ဆန္ဒပြသပိတ်ကို (NUG) ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် CDM ဗိုလ်ကြီး လင်းထက်အောင်တို့တက်ရောက်


တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့နယ် ဘူဖြောင်းမြို့မှာ ကျင်းပတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ခြင်း လူထုလှုပ်ရှားမှု ၃နှစ်ပြည့် ဆန္ဒပြသပိတ်ကို (NUG) ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် CDM ဗိုလ်ကြီး လင်းထက်အောင်တို့တက်ရောက်ခဲ့ပါတယ်။


လူထုလှုပ်ရှားမှု ၃နှစ်ပြည့် ဆန္ဒပြသပိတ်ကို ဖေဖော်ဝါရီလ ၁၀ရက်နေ့ မနက်၁၁ နာရီမှ ညနေ ၃နာရီအထိ ကျင်းပခဲ့ပါတယ်။


အဆိုပါ စစ်အာဏာသိမ်းမှုဆန့်ကျင်ခြင်း လူထုလှုပ်ရှားမှု ၃နှစ်ပြည့် ဆန္ဒပြသပိတ်ကို မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် Myanmar Federal Democratic Mission Collection (MFDMC) နှင့်အတူ နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။


ဆန္ဒပြပွဲတွင် နွေဦးတော်လှန်ရေးအတွင်း ပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများအား ဦးညွှတ် အလေးပြုခဲ့ကြပြီး သစ္စာအဓိဌာန် ၄ချက်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ပါတယ်။


 MFDMCအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် CDM ဗိုလ်ကြီး လင်းထက်အောင်တို့မှလည်း တက်ရောက်၍ တော်လှန်ရေးစကားများ ပြောကြားခဲ့ပါတယ်။


နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများမှ တော်လှန်ရေးစကားများ စည်းရုံးပြောဆိုခြင်း၊ တော်လှန်ရေးသီချင်းများ သံပြိုင်သီဆိုခြင်း၊ တော်လှန်ရေးကဗျာများရွတ်ဆိုခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ သံချပ်ရွတ်ဆိုခြင်းများဖြင့် စည်ကားစွာပြုလုပ်ခဲ့ပြီး MFDMC ထောက်ပို့တပ်သားများ၊ ကိုရီးယားအဖွဲ့အစည်းများ ပူးပေါင်း၀န်းရံသူများဖြင့် လူ၃၀၀ ကျော်စုဝေးကျင်းပခဲ့ကြပါတယ်။


========================


📌📌 ၅။ စစ်ထဲဝင်ရန် ငြင်းဆိုပါက ထောင် နှစ်ထိချနိုင်တဲ့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီ အသက်သွင်း


ယခင် အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ နအဖ စစ်အစိုးရလက်ထက် ၂၀၁၀ ထဲက ပြဌာန်းခဲ့တဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်တပ်ထဲမှာ အများဆုံး နှစ်အထိ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်တယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညမှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာ တွေကနေ တဆင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။


ထိုဥပဒေအရ သာမန် အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနဲ့ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်တပ်ထဲမှာ နှစ်ထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး အရေးပေါ် အခြေအနေမှာ နှစ်ထိ စစ်မှုထမ်းကာလကို တိုးမြှင့်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။


ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူ (သို့မဟုတ်) အခြားအတက်ပညာ တစ်ခုခုနဲ့ အသက်မွေးနေသူ ဖြစ်ပါက အမျိုးသား အသက် ၁၈ မှ ၄၅ နှစ်အတွင်းနဲ့ အမျိုးသမီး အသက် ၁၈ မှ ၃၅ နှစ်အတွင်းကို စစ်တပ်က ဆင့်ခေါ်နိုင်ပြီး အနည်းဆုံး နှစ်ထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။


ထို့အပြင် စစ်မှုထမ်းရန် ငြင်းဆိုပါကလည်း ထောင်ဒဏ် နှစ်ကနေ နှစ်အထိ ကျခံရမှာ ဖြစ်ကြောင်းကို ထိုဥပဒေမှာ ပြဌာန်းထားပါတယ်။


ကျန်းမာရေးအဆင့်မမှီကြောင်း စစ်တပ်ထောက်ခံချက်ရထားသူများ၊ စစ်ကောင်စီဝန်ထမ်းများ၊ ပညာ သင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မယ့်သူ မရှိတဲ့ မိအိုဖအိုများကို လုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှု ခံယူနေသူများနဲ့ ထောင်ဒဏ် ကျခံနေရသူများသာ စစ်မှုထမ်းရန် ယာယီရွေ့ဆိုင်းနိုင်မှာ ဖြစ်ပါတယ်။


ထို့အပြင် သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါ တစ်ခုခု အမြဲတမ်း မသန်စွမ်းသူများ၊ ကျန်းမာရေးအဆင့်မမှီကြောင်း စစ်တပ်ထောက်ခံချက် ရထားသူများနဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲက အမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့် ပြုထားသူများကတော့ စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ စစ်ရေးအခြေအနေရှုပ်ထွေးနေသဖြင့် ဆိုက်ခေါင်-ဆီဆိုင်ဆက်သွယ်ထားသော ပြည်ထောင်စုကားလမ်း အပါအဝင် တောလမ်းများ ယာယီပိတ်


ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့နယ်မှာ စစ်ရေးအခြေအနေ ရှုပ်ထွေးနေတာကြောင့် ဆိုက်ခေါင်- ဆီဆိုင် ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးအပါအဝင် တောလမ်းတွေပါ ယာယီပိတ်ထားမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က ကြေညာလိုက်ပါတယ်။  

ဆီဆိုင်မြို့နယ်မှာ စစ်ရေးအခြေအနေရှုပ်ထွေးနေပြီး အကြမ်းဖက်စစ်တပ်က လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် အများပြည်သူသိရှိနိုင်ဖို့ PNLA က ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ညနေပိုင်းမှာ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။ 

ယခုနှစ် ဇန်နဝါရီလ ၂၂ရက်ကစပြီး လက်ရှိအချိန်ထိ ဆီဆိုင်မြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီနဲ့ အပေါင်းအပါတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေ သေဆုံးနေရတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်ဟာ စစ်ရေးအခြေအနေ အလွန်ရှုပ်ထွေးနေတဲ့ တိုက်ပွဲကာလဖြစ်တာကြောင့် လမ်းအသုံးမှုကို ယာယီ ပိတ်ထားရတာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။     

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က ဆိုက်ခေါင်ကနေ ဆီဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စု ကားလမ်းမကြီး၊ ဆိုက်ခေါင်အနီးတဝိုက်ကနေ ဆီဆိုင်မြို့ကိုသွားလာနိုင်တဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက ကျေးရွာလမ်းငယ်များ၊ နမ်းတဘက်ချောင်းအနောက်ဘက် ကက္ကူကနေ ဆီဆိုင်မြို့အနောက်ဘက်ဒေသတွေကို ဆက်သွယ်ထားတဲ့ တောလမ်းတွေကို အသုံးမပြုဖို့ အသိပေးကြေညာထားတာပါ။ 

အလွန်ရှုပ်ထွေးသော စစ်ရေးအခြေအနေမှာ မလိုလားအပ်တဲ့ ထိခိုက်မှူများမဖြစ်ပေါ်စေရေးအတွက် အသိပေးကြေညာထားတဲ့ လမ်းကြောင်းများကို အသုံးပြုသွားလာခြင်းမလုပ်ကြဖို့ သတိပေးထားပြီး သင့်တော်တဲ့အချိန်မှာ ထပ်မံအသိပေးထုတ်ပြန်မယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ကြေညာထားပါတယ်။


========================


🚩🚩 ၂။ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးတပ်သားများက ကျေးရွာနေပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေး


ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဆေးတပ်သား ရဲဘော်များက ကျေးရွာနေ ဒေသခံ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့တယ်လို့ ဖေဖော်ဝါရီလ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


People's Liberation Army - PLA အမှတ် () စစ်ဒေသ အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများထံကို သွားရောက်ပြီး သက်ကြီးရွယ်အိုများ အပါအဝင် လူဦးရေ (၁၀၀) ခန့်ကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလဲ မိုးမိတ်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကိုလည်း စားနပ်ရိက္ခာ၊ ဆန်များ၊ စားသုံးဆီများနဲ့ ဆေးဝါးများကိုလည်း ထောက်ပံပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မြင်းခြံနယ် မြောက်ကျွန်းကျေးရွာရှိ စစ်တပ်အထိုင်စခန်းကိုတိုက်ခိုက်မှု စစ်သား ဦးထက်မနည်းသေဆုံး


မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက မြောက်ကျွန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ဦးထက်မနည်း သေဆုံးသွားတယ်လို့ မန္တလေးခရိုင် တပ်ရင်း- NDA MDY က ထုတ်ပြန်ပါတယ်။

မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ ရက်နေ့က အချိန် နာရီကျော်ကြာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်က စခန်းကိုသိမ်းပိုက်နိုင်ဖို့ စခန်းအတွင်းထိဝင်ရောက်ခဲ့ချိန်မှာ မြင်းခြံနယ် အနိမ့်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ၈ဝ မမ တွေ၊ Drone တွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် စခန်းမသိမ်းနိုင်ဘဲ အထိအခိုက်မဖြစ်အောင်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ NDA MDY က အသိပေးထားပါတယ်။ 

ထင်မှတ်မထားတဲ့ အင်အားကြောင့် ဆုတ်ခွာခဲ့ရပေမယ့် မဟာမိတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ၎င်းတို့ လက်အောက်ခံ ပျူစောထီးတွေကို အပြီးသတ်ချေမှုန်းသွားမယ်လို့ မန္တလေးခရိုင် တပ်ရင်း- က ထုတ်ပြန်ထားပါတယ်။

မြောက်ကျွန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို မန္တလေးခရိုင် အမှတ် တပ်ရင်းနဲ့အတူ မဟာမိတ်တပ်ဖွဲ့ စုစုပေါင်း ၂ဝ ကျော်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကံရွာ ပျူစောထီး စခန်းသိမ်း တိုက်ပွဲအတွင်း ပျူစောထီး ဦး သေဆုံးပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံရွာရှိ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူ ဦး သေဆုံးပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း တပ်ခွဲ Brother Defense Force ထံမှ သိရပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့၊ မနက် နာရီ ၅၀ မိနစ်ခန့်တွင် ၎င်းကံရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စခန်းအတွင်းရှိ ပျူ ဦး သေဆုံးခဲ့ကာ ကျန်သူများက တောင်ယာတော ပျူစောထီး ရွာဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။


"ပျူ လောင်း တွေ့ရှိတယ်။ ၃၅ ကောင်လောက် ဒဏ်ရာ အပြင်းအထန်တွေရပြီးတော့ တောင်ယာတော ပျူစောထီး ရွာဘက်ကို ထွက်ပြေးသွားတယ်။  ပျူခွေးစခန်းကိုတော့ မီးရှို့ရှင်းလင်းခဲ့တယ်။ လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိဘူး" လို့ ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း တပ်ခွဲ Brother Defense Force မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပြည်သူများအပြင် အိမ်မွေးကျွဲ၊ နွားများကို ကယ်ထုတ်နိုင်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကို ပြည်သူများထံသို့ ကောင်းမွန်စွာ အပ်နှံခဲ့တယ်လို့လည်း ၎င်းက ပြောပါတယ်။


အဆိုပါ ပျူစောထီးစခန်း တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ် (၁၆) တပ်ရင်း၊ တပ်ခွဲ () Brother Defense Force နှင့် အတူ BNRA မင်းကင်းကျောင်းသား တော်လှန်ရေးအင်အားစု SRF မဲမှောင်လက်နက်ကြီးတပ်ဖွဲ့၊ ချင်းတွင်နွေဦး တော်လှန်ရေးတပ်ဖွဲ GTF နှင့် မဟာမိတ်ညီနောင်များက ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ဦး သေဆုံး


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့က မြိုင်မြို့နယ် စစ်ကောင်စီ ခြေလျှင်တပ်ရင်း (ခလရ - ၂၅၈) တပ်မှ ကန်နီ ပျူစောထီးရွာကို ရိက္ခာလာပို့ရန် ထွက်လာတဲ့ စစ်ကြောင်းကို နံနက် နာရီခွဲတွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ဦးအထိ သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများနိုင်တယ်လို့ ဆိုပါတယ်။


ထိုနေ့ (ဖေဖော်ဝါရီလ ) မွန်းလွဲ နာရီ ခွဲခန့်မှာလည်း ၎င်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ များက စနိုင်ဘာဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ဦး သေဆုံးခဲ့တယ်လို့ ဆက်ပြောပါတယ်။


ထို့အပြင် ဖေဖော်ဝါရီလ ရက် (နောက်တစ်နေ့) မနက်ပိုင်း ၁၀ နာရီ ၁၃ မိနစ်ခန့်မှာ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့များ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ဦး ပြင်းထန် ဒဏ်ရာ ရရှိကာ မြို့တွင်းဆေးရုံကို ပြန်သယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။


ထို့နောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ နာရီ ခွဲခန့်မှာ ၎င်းစစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်း လုံး ဒရုန်း Fixwings များဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။


သို့ဖြစ်ပါ၍ အထိနာနေသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လာနိုင်တာကြောင့် ပြည်သူများအနေနဲ့ စစ်ကြောင်းသတင်းကို အမြဲတမ်း နားထောင်ပြီး စစ်ရေးသတိဖြင့် နေထိုင်ကြဖို့ မြိုင် ပကဖ က သတိပေး ထုတ်ပြန်ထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း၊ တပ်စု၊ တပ်စိတ်များနဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၇ တို့က အတူတကွ ပူပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများကို ဖမ်းဆီးပြီး မိုင်းရှင်းခိုင်းခဲ့


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများကို ဖမ်းဆီးပြီး လက်ဗလာ နဲ့ မိုင်းရှင်းခိုင်းခဲ့ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက် နာရီခွဲခန့်က ချောင်းဦးမြိုနယ် အဝင်ရှိ ရတနာအောင်ဆီဆိုင် အနီးကို မိုင်းရှင်းရန် လာတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ) မှ စစ်သား ၃၀၀ ဝန်းကျင်းဟာ ခရီးသည်တင် မှန်လုံကားဖြင့် ခင်မွန်ကျေးရွာကို ဝင်ရောက်လာပြီး  မုံရွာ-မန္တလေးလမ်းဘေးရှိ ပြည်သူ ၂၀ ခန့်ကို ဖမ်းဆီးကာ မိုင်းရှင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။


၎င်းဖမ်းဆီးခံ ပြည်သူ ၂၀ ခန့်ကို ခင်မွန်ရွာ မြောက်ဘက်အထွက် ကျောင်းကွေ့အနီးတွင် မိုင်းများ ရှာဖွေဖြုတ်ခိုင်းခဲ့ပြီး မနက် နာရီခွဲမှာလည်း ခင်မွန်ရွာအနီး လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ပြည်သူ ဦးကို ထပ်မံဖမ်းဆီးကာ  ခင်မွန်ရွာ တောင်ဘက်လမ်းပေါ်မှာ မိုင်းများ ထပ်မံရှင်းလင်း ခိုင်းခဲ့တယ်လို့ သိရပါတယ်။


 ထို့သို့ ပြည်သူများကို မိုင်းရှင်းခိုင်းရာမှာ လုံခြုံရေးအကာကွယ်နဲ့ မိုင်းရှာဖွေ ရှင်းလင်းစက်တွေ မပါရှိဘဲ လက်နဲ့ဖြုတ်ခိုင်းခဲ့တာဖြစ်ပြီး ဝါယာကြိုးဖြတ်စရာ မပါခဲ့ရင်တောင် ပါးစပ်နဲ့ကိုက်ဖြတ်ဆိုပြီး ခိုင်းခဲ့တယ်လို့ ချောင်းဦးမြို့နယ် အခြေစိုက် PDF ရဲဘော်တစ်ဦးထံက ပြောပါတယ်။


 မိုင်းရှင်းလင်းနေစဉ် ပြည်သူတစ်ဦးလည်း မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ဘူးလို့ ၎င်းက ဆက်ပြောပြပါတယ်။


ထို့နောက် မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ၎င်းစစ်ကောင်စီတပ်က မိုင်းရှင်းခိုင်းထားတဲ့ ပြည်သူ များကို ပြန်လွတ်ပေးခဲ့ပြီး ဖြုတ်ယူရှင်းလင်းထားတဲ့ မိုင်းများကို ယူဆောင်ကာ ချောင်းဦးမြို့အဝင်ရှိ မြပုလဲဂိတ် အတွင်းကို ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မန္တလေး PDF ထံ စစ်ကောင်စီတပ်သား တစ်ဦး အလင်းဝင်


ဖေဖော်ဝါရီလ () ရက်နေ့မှာ စစ်ကောင်စီ တပ်သားတစ်ဦးက MA 3 တစ်လက်၊ ကျည်ဘောက် () ခု၊ ကျည် (၂၅၀) နှင့်အတူ အလင်းဝင်ရောက် လာတယ်လို့ မန္တလေး PDF က သတင်းထုတ်ပြန် ထားပါတယ်။


အခုလို လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ တပ်သားတစ်ဦးကို ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့် ခဲ့တယ်လို့ သိရပါတယ်။


 ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) အနေဖြင့် ပြည်သူလူထု ဘက်ကို ရပ်တည်ပြီး အလင်းဝင်ရောက်လိုတဲ့ စစ်ကောင်စီ တပ်သားများကို နွေးထွေးလုံခြုံစွာ လက်ခံပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment