📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ ဖေဖေါ်ဝါရီလ ( ၁၁ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ အာဏာသိမ်း သုံးနှစ်အတွင်း ချင်းလူမျိုး ၆၀၀ ကျော် အသက်ဆုံးရှုံး
မြန်မာစ၊စ်တပ် အာဏာသိမ်းတဲ့ သုံးနှစ်အတွင်း ချင်းလူမျိုး ၆၁၈ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီ ၁ ရက်နေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီမှ အာဏာသိမ်းပြီး ၃ နှစ်တာအတွင်း ချင်းအမျိုးသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ချင်းပြည်နယ်အပေါ် ရိုက်ခတ်မှုအစီရင်ခံစာမှာ အခုလိုဖော်ပြတာပါ။
ချင်းပြည်၊ တွန်းဇံမြို့နယ် ၃ ဦး၊ တီးတိန်မြို့နယ် ၃၉ ဦး၊ ဖလမ်းမြို့နယ် ၆၉ ဦး၊ ထန်တလန်မြို့နယ် ၆၄ ဦး၊ ဟားခါးမြို့နယ် ၇၇ ဦး၊ မတူပီမြို့နယ် ၇၂ ဦး၊ မင်းတပ်မြို့နယ် ၉၈ ဦး၊ ပလက်ဝမြို့နယ် ၁၀ ဦးနဲ့ ကန်ပက်လက်မြို့နယ် ၁၃ ဦးတို့ ဖြစ်ပါတယ်။
ဒါ့အပြင် ချင်းပြည်ပြင်ပရှိ ချင်းအမျိုးသားတွေနေထိုင်တဲ့ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ မန္တလေးနဲ့ အခြားဒေသက ချင်းအမျိုးသား သေဆုံးမှု ၁၇၃ ဦးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အသက်ဆုံးရှုံးရသူ ၆၁၈ ဦးထဲမှာ အရပ်သားပြည်သူနဲ့ စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်တဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ပါဝင်တယ်လို့ (ICA) က ပြောပါတယ်။
အရပ်သားသေ၊ဆုံးမှု စာရင်းမှာတော့ စစ်ကောင်စီက ပြည်ပရန်သူသဖွယ် လေကြောင်းအသုံးပြု အကြမ်းဖက်တာ၊ မြေမြှပ်မို၊င်းထောင်တာ၊ စွပ်စွဲဖမ်းဆီးနှိပ်စက်ခံရလို့သေ၊ဆုံးတာ၊ လူသားဒိုင်းအဖြစ်ဖမ်းဆီး သ၊တ်ဖြ၊တ်ခံရတာတွေ ပါဝင်ပါတယ်။
သုံးနှစ်အတွင်း ချင်းပြည်တခုလုံးမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၄ ကြိမ်ထက်မနည်းခံရပြီး ပြည်သူပိုင်နေအိမ်နဲ့ ဘာသာသာရေးအဆောက်အအုံ ၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပါတယ်။
အာဏာသိမ်းကာလ ၂ ဖက်တို၊က်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ချင်းတိုင်းရင်းသား စုစုပေါင်း ၈၀၀၀၀ (ရှစ်သောင်း) ကျော်ရှိနေတယ်လို့လည်း (ICA) က ထုတ်ပြန်ပါတယ်။
========================
📌📌 ၂။ CDF ကန်ပက်လက် တပ်ရင်း (၅) ရင်းက “ချင်းညီနောင်” နဲ့အတူ လက်တွဲမယ်လို့ဆို
ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) တပ်ရင်း ၇ ခုထဲက တပ်ရင်း ၅ ခုအနေနဲ့ “ချင်းညီနောင်” နဲ့ အတူလက်တွဲမယ့် ဘုံသဘောထား ကြေညာချက်တစောင် ထုတ်ပြန်လာပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) Tumee တပ်ရင်း၊ Khonu တပ်ရင်း၊ Vakok တပ်ရင်း၊ Victoria တပ်ရင်းနဲ့ Mahuyar တပ်ရင်း ၅ ခုက ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်နေ့ ရက်စွဲနဲ့ အခုလို ထုတ်ပြန်လာတာပါ။
ချင်းညီနောင်ဟာ ချင်းပြည် စစ်ရေး၊ နိုင်ငံရေးကိစ္စအဝဝကို ပူးပေါင်းကိုင်တွယ်ဖို့ ZFU/PDF Zoland, CNC - Mindat/CDF Mindat, CNO/CNDF တို့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖွဲ့စည်းကြောင်းကြေညာတဲ့ အဖွဲ့ဖြစ်ပါတယ်။
တဖက်မှာ Maraland Territorial Council (MTC/MDF) အနေနဲ့ ချင်းညီနောင်မှာ ပူးပေါင်းပါဝင်လာတဲ့ ပူးတွဲ ကြေညာချက်တစောင် ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်တာ ရှိပါတယ်။
အခု ချင်းညီနောင်မှာ ပူးပေါင်းလက်တွဲဖို့ ထုတ်ပြန်တဲ့ CDF – Kanpetlet, CDF – Mindat, CNO/CNDF, ZFU/PDF – Zoland လေးဖွဲ့ဟာ ၂၀၂၁ ဩဂုတ်လကတည်းက မဟာမိတ်ဖွဲ့စည်းထားကြတဲ့ အင်အားစုတွေ ဖြစ်ပါတယ်။
========================
📌📌 ၃။ ကန်ပက်နယ်မြို့နယ်မှာ ယာဉ်မောင်းအရပ်သား ပ၊စ်သတ်ခံရ၊ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ဆို
ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် (၅) မကြားကျေးရွာအုပ်စု၊ လုံဘောက်ကျေးရွာနယ်ထဲမှာ ကားနှစ်စီး အမည်မသိလက်နက်ကိုင်တချို့ရဲ့ ပစ်ခ၊တ်မှုကြောင့် ယာဉ်မောင်း အရပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးမှုဖြစ်စဉ် ဇန်နဝါရီ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ CDF - Kanpetlet က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူဟာ အရပ်သား အမျိုးသားလို့သိရပြီး အခြားနောက်ဆက်တွဲ ထိခိုက်မှုတွေ မသိရသေးပါဘူး။
ခရီးသွား အရပ်သားတွေကို ပစ်မှတ်ထား ပ၊စ်ခတ်တာမျိုးကို ပြင်းပြင်းထန်ထန်ရှုပ်ချပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ CDF - Kanpetlet က ပြောပါတယ်။
ကန်ပက်လက်နယ်အတွင်း ခရီးသွားပြည်သူတွေ လုံခြုံစိတ်ချခရီးသွားလာနိုင်ဖို့ ထူးခြားဖြစ်စဉ်တွေရှိလာရင် သက်ဆိုင်ရာကို အကြောင်းကြားပေးကြဖို့ အသိပေးထားပါတယ်။
========================
📌📌 ၄။ သာမန်အခြေအနေ မဟုတ်သေးတာကြောင့် အရေးပေါ်ကာလ ၆ လ ထပ်တိုးတာလို့ စစ်ခေါင်းဆောင်ပြော
စစ်အုပ်ချုပ်ရေး အရေးပေါ်ကာလ သတ်မှတ်ပြီး သက်တမ်းတိုး အုပ်ချုပ်လာနေတဲ့ စစ်ကောင်စီဟာ အခုနောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပြီလို့ (ဇန် ၃၁) က ကြေညာပါတယ်။
အရေးပေါ်ကာလ ၆ လ သက်တမ်းကို အကြိမ်ကြိမ် တိုးလာခဲ့တာဖြစ်ပြီး ဒီတကြိမ်ဟာ ၅ ကြိမ်မြောက် ဖြစ်ပါတယ်။
တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ခိုက်မှုတွေရှိနေသေးတာ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုနဲ့ အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်) မှုတွေကို နှိမ်နင်းဖို့၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ သန်းခေါင်းစာရင်းကောက်ယူဖို့တွေကို ဆက်လုပ်ဖို့လိုအပ်တဲ့အတွက် ပုဒ်မ ၄၂၅ အရ သာမန်အခြေအနေ မဟုတ်တာကြောင့် လိုအပ်ချက်နဲ့ လုပ်ဆောင်ရမယ့်အချက်တွေကြောင့် အာဏာသက်တမ်းဆက်ယူတာလို့ စစ်ကောင်စီထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာစစ်တပ် နိုင်ငံရေးထဲပါဝင်တာ အဆုံးသတ်ဖို့အပါအဝင် ဦးတည်ချက် ၆ ချက် လက်ခံရင် တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment