11th FEB 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးအဖြစ် သွတ်သွင်းအသုံးချခြင်းမှရုန်းထွက်ကြရန် နိုင်ငံရေးပါတီများကို NUCC နှင့် NUG သတိပေး

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရမှ (၇၆)နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ"ပေးပို့


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်မှုထမ်းဥပဒေဟာ အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီအတွက် နိဂုံး၏အဆုံးသတ်ဟု ဗိုလ်ချုပ်ဂွမ်မော်ပြောကြား

🚩 ၂။ ကန့်ဘလူနယ်တွင် စစ်ရှောင်ပြည်သူနှစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

🚩 ၃။ ရခိုင့်တပ်တော် သိမ်းပိုက်ထားသော မင်းပြားမြို့ကို စစ်ကောင်စီက ရေကြောင်း လေကြောင်းမှ ထိုးစစ်ဆင်

🚩 ၄။ ပရဟိတအဖွဲ့များလှူဒါန်းသည့် ဆန်နှင့်ဆီမျာကို ကိုးကန့်ခရိုင် ရှိန်ဝန်းဒေသခံများအားထောက်ပံ့

🚩 ၅။ PDF မိုးကုတ်ဗျူဟာမှ သင်တန်းသားအသစ် ခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးအဖြစ် သွတ်သွင်းအသုံးချခြင်းမှရုန်းထွက်ကြရန် နိုင်ငံရေးပါတီများကို NUCC နှင့် NUG သတိပေး


အကြမ်းဖက်စစ်အုပ်စုက သတင်းပေးအဖြစ် သွတ်သွင်းအသုံးချနေတာကနေ ရုန်းထွက်ကြဖို့ နိုင်ငံရေးပါတီတွေကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးပြောကြား လိုက်ပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေးပါတီ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံရာမှာ နိုင်ငံရေးပါတီတွေအနေတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများအ ကြောင်း သတင်းပေးပို့ကြဖို့ ပြောကြားခဲ့တဲ့နဲ့ပတ်သက်ပြီး NUCC နဲ့ NUG က သတိပေးတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ပြောကြားချက်ဟာ နိုင်ငံရေးပါတီတွေနဲ့ ပါတီဝင်တွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်ရေးယန္တယားမှာ ထောက်တိုင်အဖြစ် အသုံးချဖို့ ရည်ရွယ်တာဖြစ်တယ်လို့ NUCC နဲ့ NUG က သုံးသပ်ထားပါတယ်။

နိုင်ငံရေးပါတီတွေဆိုတာဟာ နိုင်ငံရေးကိုယ်စားပြုခြင်း၊ နိုင်ငံရေးသမားများကို လေ့ကျင့်သင်ကြားခြင်း၊ နိုင်ငံရေးပါဝင်မှု မြှင့်တင်ခြင်း၊ ရွေးကောက်ပွဲမှာအနိုင်ရပါက အစိုးရဖွဲခြင်း၊ မူဝါဒရေးရာများ အဆိုပြုခြင်းနှင့် အကောင်အထည်ဖော်ဆောင် ခြင်း၊ နိုင်ငံရေးအသိပညာပေးခြင်းနှင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း စတဲ့လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရ တဲ့သော နိုင်ငံရေးအဖွဲအစည်းတွေဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်ဟာ နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးရာလုပ်ငန်းတာဝန်များကို အသိအမှတ် မပြုတဲ့အပြင် နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေကိုလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းပေးများသဖွယ် အသုံးပြုရန်ကြိုးပမ်းနေခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးစနစ်အမည်ခံ လက်ကိုင် တုတ်များအဖြစ်အသုံးပြုရန် ရည်ရွယ်ခြင်း၊ ဒီမိုကရေစီကို ပုံဖျက်သည့် သမိုင်းတရားခံပါတီများအဖြစ် သွတ်သွင်းခြင်း ဖြစ်တာကို ထင်ရှားနေတယ်လို့ NUCC နဲ့ NUG တို့ ထောက်ပြထားပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုကဖွဲ့စည်းထားတဲ့ အတုအယောင်ရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ငန်း တွေမှာ သတင်းပေးများအဖြစ် ပါဝင်ဆောင်ရွက်ပြီး ပြည်သူ့သစ္စာဖောက်ဘဝဖြစ်နေရခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်ရေးယန္တရားအတွင်း အစိတ်အပိုင်းအဖြစ် ပါဝင်သွားနိုင်ခြင်း၊ သမိုင်းတရားခံဖြစ်နေရခြင်းတို့ကနေ လွတ်မြောက်ရေး အတွက် နိုင်ငံရေးပါတီများအဖြစ်ကနေ မှတ်ပုံတင်မှုရုတ်သိမ်းခြင်း၊ ပါတီဝင်အဖြစ်မှနှုတ်ထွက်ခြင်း၊ ကင်းကွာ ပါတီဝင်များ အဖြစ် ပြုမူနေထိုင်ခြင်းတို့ပြုလုပ်ကာ နိုင်ငံရေးဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရမှ (၇၆)နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ"ပေးပို့


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်ကျရောက်သော  (၇၆)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရမှ သဝဏ်လွှာ" ပေးပို့ခဲ့ပါတယ်။သဝဏ်လွှာ၌ ယနေ့တွင်ကျရောက်သည့် (၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့တွင် ကရင်တိုင်းရင်းသား များအားလုံး လိုလားတောင့်တလျက်ရှိကြသည့် တန်းတူညီမျှပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် အနှစ်သာရ ပြည့်ဝသည့် ကရင်ပြည်ကို ကရင်အမျိုးသားအားလုံး၏ စုစည်းညီညွတ်မှုဖြင့် ထူထောင် နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။


    လွန်ခဲ့သော နှစ်ပေါင်း (၇၆)နှစ်အတွင်း ကရင်အမျိုးသားများသည် ပြည်တွင်းစစ်၏ အနိဋ္ဌာရုံ များကို အလူးအလဲ ခံစားခဲ့ကြရပါသည်။ သို့သော်လည်း ၇၆နှစ်တိုင်တိုင် မဆုတ်မနစ် ဇွဲသတ္တိဖြင့် ကရင်အမျိုးသားတို့၏ နိုင်ငံရေးမျှော်မှန်းချက်များအတွက် တိုက်ပွဲအဆက်ဆက်ဝင်လျှက် ကြိုးပမ်း အားထုတ်ခဲ့ကြပါသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှစ၍ မြန်မာပြည်အနှံ့ရှိ ကရင်အမျိုးသားများအားလုံး တောင်းဆိုခဲ့ကြသည့် ကရင်ပြည်ရရှိရေး၊ အမျိုးသားတန်းတူရေး၊ လူမျိုး ရေးပဋိပက္ခများ ချုပ်ငြိမ်းရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးစသည့် သမိုင်းဝင် တောင်းဆိုချက် များသည် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေး အခင်းအကျင်းတွင် အပြည့်အဝ အကောင်အထည် ဖော်နိုင်မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။


    ယခု နွေဦးတော်လှန်ရေးတွင် ကရင်အမျိုးသားများသည် ပြည်ထောင်စုတဝှမ်းလုံးရှိ တိုင်းရင်း သားပြည်သူလူထုအားလုံးနှင့် လက်တွဲကာ နွေဦးတော်လှန်ရေးကြီး၏ ပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲကြိုးပမ်းနေကြသည့် အတွက်လည်း များစွာလေးစားဂုဏ်ယူပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖော်ပြလိုပါသည်။ 


    ပြည်ထောင်စုတဝှမ်းလုံး အတူတကွ ဆင်နွှဲနေသော ပြည်သူ့နွေဦးတော်လှန်‌ရေးသည် ကရင် အမျိုးသားများအတွက်သာမက မြန်မာတနိုင်ငံလုံးရှိ ပြည်သူများအတွက် အဆုံးသတ်ပန်းတိုင် ဖြစ် သည်ကို ကောင်းစွာ နားလည်လက်ခံလာကြပြီး ဘုံသဘောတူညီချက်များလည်း ချမှတ်လာနိုင်သည့် အတွက် ဝမ်းမြောက်ပီတိ ဖြစ်ရပါကြောင်း အလေးအနက် ဖော်ပြလိုပါတယ်။  


    ဘုံသဘောတူညီချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုး သားညီညွတ်ရေးအစိုးရအနေဖြင့် ကရင်အမျိုးသားခေါင်းဆောင်ကြီးများနှင့် အပြည့်အဝ ပူးပေါင်းပြီး ပြည်သူ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးမြောက်စေရန် ကဏ္ဍပေါင်းစုံမှ ပိုမိုလက်တွဲ ပူးပေါင်းဆောင်ရွက်သွားရန် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ဖော်ပြရင်း (၇၆)နှစ်မြောက် ကရင် အမျိုးသားနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်ဟု ပါရှိပါသည်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ စစ်မှုထမ်းဥပဒေဟာ အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီအတွက် နိဂုံး၏အဆုံးသတ်ဟု ဗိုလ်ချုပ်ဂွမ်မော်ပြောကြား


အာဏာသိမ်းစစ်ခေါင်းဆောင် အတည်ပြုထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေဟာ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီအတွက် နိဂုံးရဲ့အဆုံးသတ်ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက်ပါတယ်။ 

ခေတ်သစ်သတင်းဌာနကဖော်ပြတဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတိုင်း စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်း၊ ပြည်သူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသည့်အာဏာ စတင်ကျင့်သုံးရန်ပြင်ဆင် ဆိုတဲ့ သတင်းအောက်မှာ ဗိုလ်ချုပ် ဂွမ်မော်က အခုလိုမှတ်ချက်ပြု ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်က၂၀၂၁ ဖေဖော်ဝါရီလ ရက်နေ့က နိဂုံးရဲ့အစဆိုရင် ….. ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်နေ့ စတင်တဲ့ အာဏာတည်သော ဥပဒေက နိဂုံးရဲ့ အဆုံးသတ်လို့ ဆိုရမှာပေါ့လို့ မှတ်ချက်ပြုရေးသားထားတာပါ။

KIO/KIA ဟာ နွေဦးတော်လှန်ရေး အစကတည်းက ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တဲ့ တော်လှန်ရေးကိုဦး ဆောင်ပါဝင် နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက တဖွဲ့ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့ကမြို့တွေကို ဒါဇင်နဲ့ချီ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ညီနောင် မဟာမိတ် ဖွဲ့က မြန်မာပြည်သူလူထုတရပ်လုံးရဲ့ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက်ဟာ နဂါးနှစ်အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မယ်လို့ယုံကြည်ကြောင်း ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာပဲ အသိပေးထုတ်ပြန်ထား ချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူတိုင်း စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းဖို့ ကြိုးစားလာတာဖြစ်ပါ တယ်။

လက်ရှိမှာ ညီနောင်မဟာမိတ် ဖွဲ့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေကို မြို့ပေါင်း ၄၁ မြို့ကို သိမ်းပိုက်ထားနိုင်ပြီး ရခိုင် ဒေသအပါအဝင် နိုင်ငံတဝှမ်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်တွေမှာ သေဆုံးသူ၊ ဒဏ်ရာရသူ၊ထွက်ပြေးသူ၊ လက်နက်ချသူ တွေ အလွန်များနေချိန်မှာ ယခင်စစ်အစိုးရလက်ထက် ၂ဝ၁ဝ ပြည့်နှစ်ကပြဌာန်းခဲ့တဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အတည်ပြု ကြေညာလိုက်တာလည်းဖြစ်ပါတယ်။


========================


🚩🚩 ၂။ ကန့်ဘလူနယ်တွင် စစ်ရှောင်ပြည်သူနှစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကန့်ဘလူနယ် ချပ်ကြီးပျူရွာမှာတပ်စွဲနေတဲ့ ခမရ ၃၆၁ တပ်နဲ့ ပျူစောထီး စုစုပေါင်းအင်အား ၁၅ဝ ဝန်းကျင်ရှိတဲ့ စစ်အုပ်စု ဟာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က အင်ငုတ်တိုရွာကို ဝင်ရောက်လာခဲ့ပြီး ဒေသခံအမျိုးသား ဦးကို သတ်ဖြတ်သွားတာလို့ ကွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ 

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ အင်ငုတ်တို့ရွာက အသက် ၄၅ နှစ်အရွယ် ဦးမြင့်သိန်းနဲ့ အသက် ၂၉ နှစ်အရွယ် ကိုချိုသန်း () ရွှေအိုးစည်တို့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ရက်နေ့မနက်မှာတောင်ပေကုန်းရွာကနေ စစ်ကြောင်းထိုးလာပြီး ရှမ်းကုန်းရွာ ဘက်ကနေတဆင့် ချပ်ကြီးရွာပျူအထိုင်စခန်းကိုရောက်လာတဲ့ စစ်ကြောင်းလို့လည်း သိရပါတယ်။  

အင်ငုတ်တိုရွာဟာ ချပ်သင်းတိုက်နယ်ထဲက ပထမဆုံးအကြိမ်မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတရွာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလနဲ့ ဩဂုတ်လတို့မှာလည်း ကြိမ်တိုင်မီးရှို့ခံခဲ့ရတာကြောင့် ပြည်သူပိုင်နေအိမ် ၁၅၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးထားတဲ့ရွာ ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။  

ကန့်ဘလူမြို့နယ်အတွင်းက ချပ်သင်းတိုက်နယ်၊ပင့်သာတိုက်နယ်နဲ့ကိုးတောင်ဘို့တိုက်နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးခြင်းများပြုလုပ်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိတာကြောင့် ကျေးရွာ ၂၅ ရွာထက်မနည်း စစ်ဘေးရှောင်နေကြရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူ ခရိုင်က အသိပေးထားပါတယ်။


========================


🚩🚩 ၃။ ရခိုင့်တပ်တော် သိမ်းပိုက်ထားသော မင်းပြားမြို့ကို စစ်ကောင်စီက ရေကြောင်း လေကြောင်းမှ ထိုးစစ်ဆင်


ညီနောင်မဟာမိတ် ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၁၀၇ ရက်မြောက်နေ့မှာလည်း ရခိုင်ဒေသမှာ စစ်ကောင်စီရဲ့ ရေကြောင်း၊ လေကြောင်းခုခံစစ်များနှင့်အတူ ရခိုင့်တပ်တော်ထိုးစစ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေခဲ့တယ်လို့ထုတ်ပြန်လိုက်ပါတယ်။ 


ထို့အတူ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာလည်း ထိတွေ့တိုက်ပွဲအချို့ရှိခဲ့သလို စစ်ကောင်စီက မြို့၊ ရွာများနှင့် အရပ်သားပြည်သူတွေကိုဦးတည်ပြီး ပစ်မှတ်ထားတိုက်ခိုက်မှုများလည်း ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ အသိပေးထား ပါတယ်။ 

ဖေဖော်ဝါရီလ ရက်နေ့ကတည်းက ရခိုင့်တပ်တော်က အလုံးစုံထိန်းချုပ်ထားတဲ့ မင်းပြားမြို့ကို ဖေဖော်ဝါရီ ၁ဝ ရက်နေ့ တရက်လုံး စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါ တယ်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ အသိပေးထားပါတယ်။

အလားတူရမ်းဗြဲမြို့နဲ့ အနီးတဝိုက်ကိုလည်း သိမ်တောင်ဘုရားကုန်းပေါ်မှာ အခြေချတပ်စွဲထားတဲ့ တပ်စခန်းကနေ နံနက် နာရီ ၄၂ မိနစ်ကနေ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်ထိ လက်နက်ကြီးများဖြင့် ၃၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို အမှတ် ၄၁ တိုက်ခိုက်ရေးစစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ၁၉ ကြိမ်၊ ကမ်းထိုးဇက်ရေယာဉ်က လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် မွန်းလွဲ နာရီ ၂၂ မိနစ်ခန့်အချိန်ကစပြီး ဂျက်ဖိုက်တာနဲ့ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi-17နဲ့ တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ညီနောင် ဖွဲ့က ထုတ်ပြန်ထားပါတယ်။  

ရခိုင့်စစ်မြေပြင်မှာ အထိနာနေတဲ့စစ်ကောင်စီဟာ အငြိုးအတေးနဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများပြုလုပ်ခဲ့တာကြောင့် ရမ်းဗြဲမြို့ အောင်ဓမ္မဗိမာန်ဓမ္မာရုံ၊ သမိုင်းဝင်ကိုယ်ရံတောင်စေတီ၏ တောင်ကုန်းအနီးဝန်းကျင်နှင့် ရမ်းဗြဲမြို့ပေါ်ရပ်ကွက် များထဲမှ အမှတ် နှင့် တို့မှာ လက်နက်ကြီးကျည်နဲ့ ဗုံးစတွေကျရောက်ပေါက်ကွဲခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ ပရဟိတအဖွဲ့များလှူဒါန်းသည့် ဆန်နှင့်ဆီမျာကို ကိုးကန့်ခရိုင် ရှိန်ဝန်းဒေသခံများအားထောက်ပံ့


နယ်စည်မခြားပရဟိတအဖွဲ့ကလှူဒါန်းတဲ့ ဆန်နဲ့စားသုံးဆီများကို ကိုးကန့်ခရိုင် ရှိန်ဝန်းဒေသက အရပ်သားပြည်သူတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ကိုးကန့် MNDAA က ထုတ်ပြန်ပါတယ်။ 

တရုတ်လူမျိုးတို့ရဲ့ ရိုးရာပွဲတော်အကြိုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ရက်နေ့မှာ ကိုးကန့်ခရိုင် ရှိန်ဝန်းဒေသအုပ်ချုပ်ရေးနယ်မြေ အတွင်းက အခက်အခဲဖြစ်နေတဲ့ ဒေသခံပြည်သူတွေကို ထောက်ပံ့ပေးအပ်ခဲ့တာလို့ သိရပါတယ်။ 

ရှိန်ဝန်းဒေသ အစိုးရလုပ်ငန်းအဖွဲ့က မန်ဟွေရွာက အခက်အခဲဖြစ်နေတဲ့ ဒေသခံအရပ်သား ပြည်သူတွေကို ဆန် ၈၁ အိတ်နဲ့ စားသုံးဆီ ၉၁ ဗူးပေးအပ်ခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ထားပါတယ်။

ကိုးကန့်တပ် MNDAA အလုပ်အမှုဆောင်အဖွဲ့ဟာ အထူးဒေသ- နယ်မြေထဲက မုံးကိုးခရိုင် ပန်ဆိုင်းမြို့နယ်ထဲက ဒုက္ခသည် ၄ဝဝ ကျော်အပါအဝင် မသန်စွမ်းမိသားစုတွေနဲ့ ဗမာမိသားစုတွေကို ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ဆန်တအိတ်ဆီနဲ့ စားသုံးဆီတဗူးစီ ထောက်ပံ့ပေးခဲ့ပါသေးတယ်။


========================


🚩🚩 ၅။ PDF မိုးကုတ်ဗျူဟာမှ သင်တန်းသားအသစ် ခေါ်ယူ


စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်သွင်းကြောင်း ကြေညာချက်အပြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာ သင်တန်းဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တာဝန်ထမ်းဆောင်လိုသည့် သင်တန်းသားအသစ်များ ခေါ်ယူကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ 

အဆိုပါကြေညာချက်တွင် - တာဝန်ထမ်းဆောင်လိုသူများသည် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်ဖြစ်ပြီး အရက်သေစာ၊ မူးယစ်ဆေးဝါး မသုံးစွဲသူ ဖြစ်ရန်လိုအပ်ကြောင်း၊ 

သင်တန်းဆင်းပြီးချိန်မှစ၍ အနည်းဆုံး ()နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ စည်းကမ်းဖောက်ဖျက်မှုများအတွက် ဗျူဟာမှ ချမှတ်ထားသည့် ပြစ်ဒဏ်များကို ကျေနပ်စွာခံယူရမည်ဖြစ်ကြောင်း၊ အဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး အမိန့်နာခံတတ်သည့်အပြင် ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲမထားဘဲ တိုင်းပြည်နှင့် ပြည်သူ၏ အကျိုးကို ဦးစားပေး၍ တော်လှန်ရေးအောင်မြင်ရန်အတွက် မိမိကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုသူ ဖြစ်ရမည်ဖြစ်ကြောင်း ပါရှိပါတယ်။ 

ဒါ့အပြင် မိုးကုတ်ဗျူဟာ စုဖွဲ့မှုသို့ လာရောက်မည့် ရဲဘော်များအား နေရပ်ပြန်ခွင့်ပြုဦးမည်မဟုတ်ပဲ ပြန်ခြင်း/မပြန်ခြင်းဆိုင်ရာကိစ္စများသည် မိုးကုတ်ဗျူဟာ တာဝန်ခံများ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါကြောင်း၊ 

သင်တန်းတက်ရောက်ချိန်မှစ၍ တာဝန်ထမ်းဆောင်ချိန် ကာလ ()နှစ်အတွင်း မည်သည့် အကြောင်းပြချက်နှင့်မှ ခွင့်ပြန်ခြင်းမပြုကြောင်းနှင့် တာဝန်ထမ်းဆောင်ချိန် ()နှစ် ကျော်လွန်မှသာ ခွင့်ပြန်ခြင်း/ မပြန်ခြင်းဆိုင်ရာ ကိစ္စရပ်များကို မိုးကုတ်ဗျူဟာ တာဝန်ခံများ၏ ဆုံးဖြတ်ချက်များဖြင့် စည်းကမ်းချက်များ အတိုင်း ခွင့်ပြုမည်ဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ထားပါသည်။

အဆိုပါ စည်းကမ်းချက်များအား လိုက်နာနိုင်၍ မိုးကုတ်ဗျူဟာ စုဖွဲ့မှုသို့ ဝင်ရောက်လိုပါက (မိုးကုတ်ဗျူဟာ) Page Messenger နှင့် (Red Wolves Of Mogok) Page Messenger သို့ လာရောက်ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်းအသိပေးထုတ်ပြန်ထားပါသည်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment