12th FEB 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေး နှောင့်နှေးကြန့်ကြာအောင်လုပ်နေတဲ့လုပ်ရပ်တွေကိုပြည်သူလူထုက လုံးဝလိုလားမှာမဟုတ်ဘူးလို့ ယာယီသမ္မတပြောကြား

📌 ၂။ (၇၇) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသဝဏ်လွှာပေးပို့

📌 ၃။ စစ်အာဏာရူးတွေကို စောနိူင်သမျှစောပြီးအပြီးတိုင်တိုက်ထုတ်နိူင်ဖို့ဟာ အင်မတန်အရေးကြီးတဲ့ကိစ္စတခုဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌပြောကြား

📌 ၄။ ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ကိုယ်စားလှယ်များကော်မတီ People’s Representatives Committee for Federal (PRCF)က ရေးဆွဲသော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ နောက်ဆုံးမူကြမ်းကိုထုတ်ပြန်

📌 ၅။ "အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန နှင့်International IDEA အဖွဲ့အစည်းတို့မှ ပူးပေါင်းဆောင်ရွက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ သင်တန်း (၄၈၄) ဦးတက်ရောက်ခဲ့

📌 ၆။ ဂျပန်နိူင်ငံShibuya UN ရှေ့မြန်မာအင်အားစုများဆန္ဒဖော်ထုတ်မယ်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပဲခူးရိုးမအတွင်းရှိ ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆)ဦးသေဆုံး၍ MA-3 ()လက်ရရှိ

🚩 ၂။ ကောလင်းမြို့တွင်းမှပြည်သူပိုင်ပစ္စည်းများအား ကားသုံးစီးဖြင့်ဝန်းသိုခမရ တပ်ထဲသို့ စကစတပ်များခိုးယူသယ်ထုတ်

🚩 ၃။ စကစတပ်စွဲရာထီးလင်းမြို့အတွင်းသို့ စားနပ်ရိက္ခာနှင့် မည်သည့်ကုန်ပစ္စည်းအမျိုးမျိုးကိုမဆို တင်သွင်းခြင်းကိုလက်ခံတော့မှာ မဟုတ်ဘူးလို့အသိပေးကြေညာ

🚩 ၄။ စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များကို ရက္ခိုင့်တပ်တော်က ယနေ့ထုတ်ဖော်ပြသ

🚩 ၅။ စစ်ကောင်စီ၏ စစ်သင်္ဘောဖြစ်စဥ်တွင်အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား ကယ်တင်ထားနိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော်အသိပေး

🚩 ၆။ ရန်ကုန်တိုင်းစစ်ဌာနမှ တပ်သားသစ်များခေါ်ယူနေပြီးစိတ်ပါဝင်သူများအနေဖြင့် Google formကတဆင့်လျှောက်ထားနိူင်

 🚩 ၇။ မန္တလေးPDFမှ တပ်ဖွဲ့ဝင်အသစ်များခေါ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေး နှောင့်နှေးကြန့်ကြာအောင်လုပ်နေတဲ့လုပ်ရပ်တွေကိုပြည်သူလူထုက လုံးဝလိုလားမှာမဟုတ်ဘူးလို့ ယာယီသမ္မတပြောကြား


ဖေဖော်ဝါရီ၁၂ရက်


တော်လှန်ရေး နှောင့်နှေးကြန့်ကြာအောင်လုပ်နေတဲ့လုပ်ရပ်တွေကိုပြည်သူလူထုကလုံးဝလိုလားမှာမဟုတ်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက 

ဖေဖော်ဝါရီ၁၂ရက်ကျင်းပတဲ့(၇၇) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။


"အခုအချိန်မှာ တော်လှန်ရေးရှေ့ခရီးခပ်မြန်မြန်ခပ်သွက်သွက်လျှောက်လှမ်းနိူင်ဖို့ဟာအရေးကြီးလိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။နှောင့်နှေးကြန့်ကြာအောင်လုပ်နေတဲ့လုပ်ရပ်တွေကိုပြည်သူလူထုကလုံးဝလိုလားမှမဟုတ်ပါဘူး။ဒါကိုကောင်းစွာနားလည်သဘောပေါက်ကရမယ်လို့ယုံကြည်ပါတယ်။ ဒါ့အပြင်တော်လှန်ရေးကာလနဲ့အသွင်ကူးပြောင်းရေးကာလတွေမှာ မြန်မြန်ဆန်ဆန်လုပ်ဆောင်ရမယ့်ကိစ္စတွေကိုလည်း လျင်လျင်မြန်မြန်လုပ်ဆောင်နိူင်အောင် ထုတ်ပြန်ထားတဲ့ဘုံသဘောတူညီချက်လုပ်ငန်းလမ်းညွှန်အဖြစ်ပေါ်ပေါက်လာတာကိုကျနော်တို့အနေနဲ့ကြိုဆိုလက်ကမ်းရမှာဖြစ်ပါတယ်။ဒီဘုံသဘောထားရပ်တည်ချက်ကနေဆက်လက်တိုးရမယ့်ကိစ္စတွေရှိနေနိူင်တယ်လို့ကျနော့်အနေနဲ့ပြောချင်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနှင့်အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၂။ (၇၇) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသဝဏ်လွှာပေးပို့


ဖေဖော်ဝါရီလ ၁၂ ရက်


ယနေ့ ဖေဖော်ဝါရီ၁၂ရက်မှာ ကျရောက်သည့် (၇၇) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အချိန်အခါသမယတွင် တိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖော်ပြထားပါတယ်


ပင်လုံစာချုပ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက်သာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ သို့သော် ခေတ်အဆက်ဆက် စစ်အုပ်စု၏ အများအကျိုးမငဲ့ဘဲ ကိုယ်ကျိုးအတွက်သာကြည့်သော လုပ်ရပ်များကြောင့် နိုင်ငံအတွင်း ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပြီး ပင်လုံစာချုပ်၏ ပေါင်းစည်းခြင်း၊ စုစည်းခြင်း၊ ညီညွတ်ခြင်း ဟူသည့် အနှစ်သာရများမှာ မှေးမှိန်ခဲ့ရတယ်လို့ဆိုပါတယ်။


 ပြည်သူ့အစိုးရလက်ထက်၌ ပင်လုံစာချုပ်၏ အနှစ်သာရများကို ပြန်လည်ဖော်ဆောင်နိုင်ရန် ၂၁ ရာစု ပင်လုံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်၍ ကြိုးပမ်းမှုများတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကြီးမားသော အတားအဆီးတစ်ခုအဖြစ် တည်ရှိနေခဲ့ကာ ယင်းဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းခဲ့မှုများသည်လည်း ဥပဒေပြုရေးတွင် တပ်မတော်၏ ပါဝင်နေရာယူထားမှုများကြောင့် မလွယ်ကူခဲ့ပေ။ 


သို့သော် နွေဦးတော်လှန်ရေးသည် တိုင်းရင်းသားများ၏ မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းနိုင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးစသည့် တူညီသော ဘုံရည်မှန်းချက် ပန်းတိုင်များကို ပေါ်ပေါက်လာစေခဲ့ပြီး နိုင်ငံရေးအင်အားစု၊ တော်လှန်ရေးအင်အားစုနှင့် တိုင်းရင်းသားအင်အားစုများအားလုံး အတူတကွ ကြိုးပမ်းတိုက်ပွဲဆင်နွှဲမှုများကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခြင်း၊  ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ထုတ်ပြန်ကြေညာခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။


ပင်လုံစာချုပ်နှင့်အတူ ပေါက်ဖွားလာခဲ့သည့် စည်းလုံးညီညွတ်မှု အစဉ်အလာကို နွေဦးတော်လှန်ရေးက ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထု၏ စည်းလုံးညီညွတ်မှုအင်အားနှင့် စိတ်ဓာတ်အင်အားများကြောင့် ယနေ့အချိန်တွင် အကြမ်းဖက်စစ်အုပ်စုသည် လက်နက်အင်အား သာလွန်ပါသော်လည်း စိတ်ဓာတ်အင်အား ပျက်စီးမှုများဖြင့် ပြိုကျ ပျက်သုဉ်းလုနီးနီးဖြစ်နေသည်ကို အထင်အရှား တွေ့မြင်နေရပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


ပင်လုံစာချုပ်သည် မြန်မာနိုင်ငံအတွက် လွတ်လပ်ရေးကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မျိုးစေ့ချပေးခဲ့ခြင်းဖြစ်သည်နှင့်အညီ ယင်းမျိုးစေ့ကို ရှင်သန်ကြီးထွားကာ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားခိုနိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံး၏ နားခိုရာအဖြစ် အင်အားစုများအားလုံးက အတူတကွ ဆက်လက် လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တိုက်တွန်းလျက် ဤသဝဏ်လွှာအား ဂုဏ်ယူလေးစားစွာ ပေးပို့အပ်ပါတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၃။ စစ်အာဏာရူးတွေကို စောနိူင်သမျှစောပြီးအပြီးတိုင်တိုက်ထုတ်နိူင်ဖို့ဟာ အင်မတန်အရေးကြီးတဲ့ကိစ္စတခုဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌပြောကြား


ဖေဖော်ဝါရီ၁၂ရက်


ဖေဖော်ဝါရီ၁၂ရက်ကျင်းပတဲ့(၇၇) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့်က အခုလိုဆိုလိုက်ပါတယ်။


"ဒီကနေ့အချိန်ခါမှာတိုင်းရင်းသားညီအကိုမောင်နှမအသီးသီးဟာကိုယ့်လူမျိုးအချင်းချင်းကျွမ်ပြုမယ့်စစ်မိဆာတွေကို တွန်းလှန်နေကြပြီးတော့ တော်လှန်ရေးသုံးနှစ်တာကာလအတွင်းမှာ အောင်မြင်မှုတွေရရှိနေတဲ့အချိန်လည်းဖြစ်ပါတယ်။တပြိုင်တည်းမှာ မိမိတို့အားလုံးရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံတော်ကြီးကိုအမြန်ဆုံးတည်ဆောက် သွားနိူင်ရေးအတွက်စစ်အာဏာရူးတွေကို စောနိူင်သမျှစောပြီးအပြီးတိုင်တိုက်ထုတ်နိူင်ဖို့ဟာ အင်မတန်အရေးကြီးတဲ့ကိစ္စတခုဖြစ်ပါတယ်။ အချင်းချင်းကြားဆွေးနွေးမှုတွေကိုထိထိရောက်ရောက်ပြုလုပ်ပြီစတော့သဘောတူညီမှုတွေကိုရယူ။စစ်ရေး၊နိူင်ငံရေး၊စီးပွားရေး၊သံတမာန်ရေး ဘက်ပေါင်းစုံမှာ စုစည်းညီညွတ် ပူးပေါင်းဆောင်ရွက်နိူင်ရေးအတွက် အနာဂါတ်နိူင်ငံတော်သစ်ပူးပေါင်းတည်ဆောက်နိူင်ရေးလုပ်ငန်းစဥ်တွေအတွက် ပိုမိုပူးပေါင်းမှုတွေလိုအပ်နေပြီလို့မြင်မိပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာတိုင်းရင်းသားတော်လှန်ရေးအင်အားစုများပါဝင်တဲ့ဘုံသဘောတူညီချက်တရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းစဥ်များအကောင်အထည်ဖော်ရေးကိုပြင်ဆင်လျက်ရှိပါတယ်။


========================


📌📌 ၄။ ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ကိုယ်စားလှယ်များကော်မတီ People’s Representatives Committee for Federal (PRCF)က ရေးဆွဲသော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ နောက်ဆုံးမူကြမ်းကိုထုတ်ပြန်


ဖေဖော်ဝါရီ၁၂ရက်


ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ကိုယ်စားလှယ်များကော်မတီ People’s Representatives Committee for Federal (PRCF)က ရေးဆွဲသော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (နောက်ဆုံးမူကြမ်း) ၂၀၂၄ကို   ယနေ့  ၂၀၂၄ ဖေဖော်ဝါရီ ၁၂ရက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၇)နှစ်ပြည့်တွင် ထုတ်ပြန်ခဲ့ပါတယ်။


PRCFအဖွဲ့ဝင် အဖွဲ့အစည်းများမှာ - ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကရင်အမျိုးသားပါတီ (KNP) ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP) ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP) ကယန်းအမျိုးသားပါတီ (KNP) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP) မွန်ရေးရာအဖွဲ့ (MAA) တို့ဖြစ်ပြီး အများစုမှာ ဗမာမဟုတ်သောတိုင်းရင်းသားလူမျိုးစုနိုင်ငံရေးပါတီများ ဖြစ်ပါတယ်။


(PRCF)က ရေးဆွဲသော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (နောက်ဆုံးမူကြမ်း) ၂၀၂၄ကို People’s Representatives Committee for Federal လူမှုကွန်ရက်စာမျက်နှာတွင် သွားရောက်ဖတ်ရှုလေ့လာနိူင်ပါတယ်။


========================


📌📌 ၅။ "အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန နှင့်International IDEA အဖွဲ့အစည်းတို့မှ ပူးပေါင်းဆောင်ရွက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ သင်တန်း (၄၈၄) ဦးတက်ရောက်ခဲ့


ဖေဖော်ဝါရီ၁၂ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန နှင့် International IDEA အဖွဲ့အစည်းတို့ပူးပေါင်း၍  ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်းသင်တန်းအပတ်စဉ် () ခု ခွဲ၍ ဖွင့်လှစ်ခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှင့် ဖက်ဒရယ်စနစ်အကြောင်းစိတ်ပါဝင်စား၍ လေ့လာလိုသော  အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာနှင့် ဆရာအတတ်ပညာကဏ္ဍမှ ဆရာ/မများ၊ ပညာရေးဝန်ထမ်းများ၊ Volunteer ပေါင်း (၄၈၄) ဦးတက်ရောက်ခဲ့ကြတယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


Constitution Academy Mini Guided Course တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ အခြေခံမူနှင့် သဘောတရားများ ၊ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသောအာဏာသိမ်းမှု၊အစိုးရစနစ်များ၏ အခြေခံအုတ်မြစ်နှင့်သဘောတရားများ၊ဖက်ဒရယ်စနစ်၏ အခြေခံမူများနှင့် လက္ခဏာများ၊အာဏာသိမ်းလွန်ကာလတွင် အားလုံးပါဝင်ရေးနှင့် ဂျဲန်ဒါတန်းတူရေးအတွက် မဟာဗျူဟာများကိုပို့ချခဲ့ပါတယ်။


၂၀၂၄ ခုနှစ်အတွင်းတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန နှင့် International IDEA အဖွဲ့အစည်းတို့ပူးပေါင်း၍   ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှင့် ဖက်ဒရယ်စနစ်အကြောင်း သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။


========================


📌📌 ၆။ ဂျပန်နိူင်ငံShibuya UN ရှေ့မြန်မာအင်အားစုများဆန္ဒဖော်ထုတ်မယ်


ဖေဖော်ဝါရီ၁၂ရက်


ဂျပန်နိူင်ငံShibuya UN ရှေ့မှာ မြန်မာအင်အားစုများဆန္ဒဖော်ထုတ်ရင်း စာပေးတောင်းဆိုမယ့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၅ရက် ကြာသပတေးနေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်လို့  NUGSupportTeamJapanကအသိပေးဆိုပါတယ်။


"အကြမ်းဖက်မှုတွေ မတရားမှုတွေသာ တနေ့ထက်တနေ့ တိုးပွားလာပေမယ့် နိုင်ငံတကာရဲ့ တုံ့ပြန်အရေးယူမှုကတော့ အခုချိန်အထိအားရစရာမရှိသေးပါဘူး ။ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာတွင် PDF ရဲဘော်နှစ်ဦး Alliance Operation တွင် တာဝန်ထမ်းဆောင်ရင်း ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဟာ နိုင်ငံတကာရဲ့ အရေးယူမှုတွေ ထိရောက်မှုမရှိဘူးဆိုတာ မီးမောင်းထိုးပြသလိုက်တာပဲ ဖြစ်ပါတယ်။ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေ ကျုပ်တို့ပြည်သူတွေအားလုံးလည်း သွေးမအေးဘဲ တော်လှန်ရေးအောင်မြင်သည်အထိ အရှိန်မြှင့်တင် ပူးပေါင်းပါဝင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်"လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ပဲခူးရိုးမအတွင်းရှိ ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆)ဦးသေဆုံး၍ MA-3 ()လက်ရရှိ


ဖေဖော်ဝါရီ ၁၂ရက်


"ပဲခူးရိုးမအတွင်း အုတ်ဖိုမြို့နယ်အပိုင် မင်းလှဆည်ပေါ်ရှိ ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက်()နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ ဧရာညီနောင်စစ်ကြောင်းတို့ ပူးပေါင်း၍  နှစ်ဖွဲ့ခွဲကာ သွားရောက်တိုက်ခိုက်ခဲ့တယ်"လို့ ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ စစ်ရေးသတင်းကို တိုင်းစစ်ဌာန ပဲခူးတိုင်းက အတည်ပြုဆိုပါတယ်။


ထိုသို့ စစ်ကောင်စီ၏ စခန်းနေရာနှစ်ခုအား တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ကြရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦးမှာ တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်မှုကြောင့် နေရာ၌ပင် လဲကျသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားခဲ့ပါတယ်။


ရှင်းလင်းဆောင်စခန်းအား တိုက်ခိုက်မှုတွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်တောင်တန်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။


စစ်ကောင်စီဘက်မှ အလောင်း ၁၂လောင်း၊ ကပစ- မှ ဒုတပ်ကြပ် ()ဦးအား MA3 သေနတ် ()လက်နက်နှင့်အတူ ဒဏ်ရာများဖြင့် ဖမ်းဆီးရမိပြီး ကျန်စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှာ ဖရိုဖရဲဖြင့် တပ်ဆုတ်သွားခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဘက်မှ စစ်ကောင်စီ၏ ရှင်းလင်းဆောင်စခန်းကို မီးရှို့ရှင်းလင်းခဲ့ပါတယ်။


ဖမ်းဆီးရမိသော ကပစ- မှ ဒုတပ်ကြပ်ဇင်အောင် (/၂၈၈၁၉၃) ကို စစ်သုံ့ပန်းဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော်လည်း တိုက်ပွဲအတွင်းရရှိခဲ့သော ဒဏ်ရာများကြောင့် ဖေဖော်ဝါရီ(၁၂)ရက်နေ့ နံနက်()နာရီခန့်တွင် သေဆုံးသွားခဲ့ရာ ၎င်း၏ရုပ်အလောင်းကို နံနက်()နာရီခန့်တွင် ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၂။ ကောလင်းမြို့တွင်းမှပြည်သူပိုင်ပစ္စည်းများအား ကားသုံးစီးဖြင့်ဝန်းသိုခမရ တပ်ထဲသို့ စကစတပ်များခိုးယူသယ်ထုတ်


ဖေဖော်ဝါရီ၁၂ရက်


"ဖေဖော်ဝါရီ၁၁ရက် ည၁၁နာရီ၃၀အချိန် စကစ တပ်များမှ ကောလင်းမြို့တွင်းမှပြည်သူပိုင်ပစ္စည်းများအား ကားသုံးစီးဖြင့်ဝန်းသိုခမရ 120/111 သို့ သယ်ထုတ်ခဲ့ကြောင်းသိရတယ်"လို့ဖေဖော်ဝါရီ၁၂ရက် Kawlin Revolution ကအတည်ပြုဆိုထားပါတယ်။


ကောလင်းမြို့တွင်းတွင် လက်နက်ကြီးကျရောက်မှုနှင့်စကစတပ်မှမီးရှို့ဖျက်စီးမှုကြောင့် ပြည်သူနေအိမ်များမီးလောင်ကျွမ်းခဲ့ပြီး ပြည်သူတစ်ဦးကိုလည်း စကစတပ်များကဓာတ်ဆီလောင်းကာမီးရှို့ခဲ့ပါတယ်။


၎င်းမီးရှို့ခံရသောပြည်သူအား ဒေသကာကွယ်ရေးမှကယ်ထုတ်ပြီးကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်းသတင်းရရှိပါတယ်။


========================


🚩🚩 ၃။ စကစတပ်စွဲရာထီးလင်းမြို့အတွင်းသို့ စားနပ်ရိက္ခာနှင့် မည်သည့်ကုန်ပစ္စည်းအမျိုးမျိုးကိုမဆို တင်သွင်းခြင်းကိုလက်ခံတော့မှာ မဟုတ်ဘူးလို့အသိပေးကြေညာ


ဖေဖော်ဝါရီ၁၂ရက်


မကွေးတိုင်း၊   ဂန့်ဂေါခရိုင်၊   ထီးလင်းမြို့သည်  နယ်မြေအခြေအနေအရ   စားနပ်ရိက္ခာဖြတ်တောက်ထားနိုင်သည့်   မြို့တစ်မြို့ဖြစ်သဖြင့်   အဖွဲ့အစည်းအသီးသီးမှ   ရိက္ခာဖြတ််တောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်မှာ(၁၅)လခန့်ကြာခဲ့ပြီဖြစ်တယ်လို့ ဖေဖော်ဝါရီ၁၂ရက်မှာ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းကအသိပေးကြေညာပါတယ်။


သို့သော်   စစ်ကောင်စီအခြေစိုက်ရာထီးလင်းမြို့တွင်းသို့နည်းလမ်းမျိုးစုံဖြင့်   ကုန်ပစ္စည်းတင်သွင်းမှုများ   ရှိနေသေးကြောင်းစုံစမ်းသိရှိရတယ်လို့ဖော်ပြပါတယ်။


ထီးလင်းမြို့ထိန်းချုပ်ရေးနှင့်ပတ်သက်၍ မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့၊ ဒေသခံတပ်ရင်းများ၊  မြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့   ပါဝင်သော ဖေဖော်ဝါရီ၁၀ရက်နေ့ရက်စွဲပါ  အစည်းအဝေးဆုံးဖြတ်ချက်အရ  ထီးလင်းမြို့ထိန်းချုပ်ရေးကော်မတီကို  ဖွဲစည်းခဲ့ပီဖြစ်၍ ဤကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ ထီးလင်းမြို့အတွင်းသို့ မည်သူမျှ စားနပ်ရိက္ခာနှင့် မည်သည့်ကုန်ပစ္စည်းအမျိုးမျိုးကိုမဆို တင်သွင်းခြင်းကိုလုံးဝလက်ခံတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များကို ရက္ခိုင့်တပ်တော်က ယနေ့ထုတ်ဖော်ပြသ


ဖေဖော်ဝါရီ၁၂ရက်


စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) တို့ကို ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ၅ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များကို ရက္ခိုင့်တပ်တော်က ယနေ့ထုတ်ဖော်ပြသခဲ့ပါတယ်။


အဆိုပါထိတွေ့တိုက်ပွဲများမှာ စကစတပ်များဟာ အထိနာ၍အကျအဆုံးများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။


ဖေဖော်ဝါရီ၁၂ရက်ယနေ့မှာ ရက္ခိုင့်တပ်တော်က လက်နက်များ မှတ်တမ်းဓာတ်ပုံကိုအသိပေးဖော်ပြခဲ့ပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီ၏ စစ်သင်္ဘောဖြစ်စဥ်တွင်အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား ကယ်တင်ထားနိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော်အသိပေး


ဖေဖော်ဝါရီလ (/) ရက်များအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော () စီး၊ ဇက်သင်္ဘော () စီးတို့အား ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော () စီးစလုံးအား ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့တယ်လို့ အတည်ပြုပါတယ်။


 ထို့အပြင် ဤသင်္ဘော () စီးအား ကယ်တင်ရန်ထပ်မံ၍ လာခဲ့သော အခြားသော စစ်သင်္ဘော () စီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။


သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေသော အချိန်တွင် ရခိုင့်တပ်တော်မှ လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် () ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်နေခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါသင်္ဘော () စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးသည့်အချိန်တွင်လည်း ရန်သူသည်  ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် ရခိုင့်တပ်တော်တပ်ဖွဲ့ဝင် (၁၀)ဦး ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့တယ်လို့ဆိုပါတယ်။


အကယ်၍ ရခိုင့်တပ်တော်မှ လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်ပြီး အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား ကယ်တင်ထားနိုင်ခဲ့ပြီးဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၆။ ရန်ကုန်တိုင်းစစ်ဌာနမှ တပ်သားသစ်များခေါ်ယူနေပြီးစိတ်ပါဝင်သူများအနေဖြင့် Google formကတဆင့်လျှောက်ထားနိူင်


ဖေဖော်ဝါရီ၁၂ရက်


ရန်ကုန်တိုင်းစစ်ဌာနမှ တပ်သားသစ်များခေါ်ယူနေပြီးစိတ်ပါဝင်သူများအနေဖြင့် Google formကတဆင့်လျှောက်ထားနိူင်တယ်လို့သတင်းရရှိပါတယ်။


"နွေဦးတော်လှန်ရေးအဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်များအား ရန်ကုန်တိုင်းစစ်ဌာနမှ နွေးထွေးစွာကြိုဆိုပါတယ်"လို့ အသိပေးဆိုထားပါတယ်။


ရန်ကုန်တိုင်းစစ်ဌာနသို့ တပ်သားသစ်များလျှောက်ထားလိုပါက အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ပြီး ကျန်းမာရေး (အထူး) ကောင်းမွန်သူ၊အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်နိုင်သူ၊တော်လှန်ရေးကို ပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသူ၊မိမိအပေါ်ပေးအပ်လာသော မည်သည့်တာဝန်ကိုမဆို အချိန်မရွေး၊ နေရာဒေသမရွေး ကျေပွန်စွာထမ်းဆောင်နိုင်သူ ၊အမိန့်နာခံတတ်သူ၊ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိ၍ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံနိုင်ပြီး စွန့်စားဝံ့သူဖြစ်ရမည်ဖြစ်ပြီးပညာအရည်အချင်း အထက်တန်းအဆင့်ကိုဦးစားပေးမယ်လို့ဖော်ပြပါတယ်။


သတ်မှတ်ချက်အချက်များနှင့် ကိုက်ညီသူ ကျား/ မရွေးလျှောက်ထားနိုင်ပြီး လျှောက်ထားရန် form link ကို ရန်ကုန်တိုင်းစစ်ဌာန Face Book စာမျက်နှာတွင်ဖော်ပြထားပြီး

Google form ပါအချက်အလက်၊ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို အွန်လိုင်းမှတဆင့် လူတွေ့မေးမြန်းသွားမယ်လို့သိရပါတယ်။


========================


 🚩🚩 ၇။ မန္တလေးPDFမှ တပ်ဖွဲ့ဝင်အသစ်များခေါ်


ဖေဖော်ဝါရီ၁၁ရက်


"အိမ်အပြန်လမ်းကို အတူလျှောက်ကြမယ် MDY PDF မှ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူနေပါပြီ"လို့ဖေဖော်ဝါရီ၁၁ရက် MDY PDF မှတရားဝင်အသိပေးဆိုထားပါတယ်။


MDY PDF ရဲ့ တပ်ဖွဲ့ဝင်ဖြစ်ဖို့ဆိုရင် အသက်(၁၈)နှစ် ပြည့်ပြီးသူ၊ကျန်းမာရေး (အထူး) ကောင်းမွန်သူ၊ တော်လှန်ရေးပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်နိုင်သူ၊တပ်ဖွဲ့မှ သတ်မှတ်ပေးထားသောနယ်မြေများတွင် လေ့ကျင်/သင်ကြား/နေထိုင်/စုဖွဲ့နိုင်သူ၊အဆင့်ဆင့်ကွပ်ကဲမှု သဘောတရားကို လက်ခံနိုင်သူ၊ ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သိစ္စာစောင့်သိသူ၊တပ်ဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်မူဘောင်များကို လေးစားလိုက်နာသူ၊ မိမိအပေါ်ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment