13th FEB 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မတ်လတွင်ကျင်းပရန် စီစဉ်ထားတဲ့ ထိုင်းလွှတ်တော်အမတ်ဦးဆောင်ပြီး မြန်မာ့အရေးဆွေးနွေးပွဲတရပ်တွင် ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကိုပါ ဖိတ်ကြားထား

📌 ၂။ သယံဇာတမထွက်သော်လည်းအမွေအနှစ်တွေထွက်နေတဲ့ နေရာမှာ စီးပွားရေးလုပ်ငန်းနဲ့ချိတ်ဆက်ပြီးတော့ပြည်နယ်တိုးတက်အောင်လုပ်ဆောင်နိူင်တယ်လို့ဆို

📌 ၃။ မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးချဲ့ပေးရန် အမေရိကန်နိူင်ငံခြားရေးဝန်ကြီးက ထိုင်းနိူင်ငံကိုအလေးပေးပြောကြားခဲ့

📌 ၄။ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံသားများရောက်ရှိရာနေရာအများအပြား၌ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

📌 ၅။ ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်၀န်းအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို တက္ကသိုလ်အရန်တပ်ခွဲအဖြစ် တစ်လကြာ အခြေခံစစ်သင်တန်း ပေးနေ





ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မတ်လတွင်ကျင်းပရန် စီစဉ်ထားတဲ့ ထိုင်းလွှတ်တော်အမတ်ဦးဆောင်ပြီး မြန်မာ့အရေးဆွေးနွေးပွဲတရပ်တွင် ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကိုပါ ဖိတ်ကြားထား


ထိုင်းလွှတ်တော်အမတ်ဦးဆောင်ပြီး မြန်မာ့အရေးဆွေးနွေးပွဲတရပ်ကို မတ်လတွင်ကျင်းပရန် စီစဉ်မှု၌ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကိုပါ ဖိတ်ကြားထားသည့်ဟု ဘန်ကောက်ပို့စ်သတင်းတခုမှာ ဖော်ပြထားပါတယ်။


မနှစ်က ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် အတိုက်အခံပါတီအဖြစ် ရပ်တည်နေရတဲ့ Move Forward Party က ထိုင်းလွှတ်တော်အမတ် ရန်စီမံ ရုမ်း (Rangsiman Rome) က ထိုင်းလွှတ်တော်မှာ နိုင်ငံတော်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဆိုင်ရာ အရေးပါတဲ့ ကော်မီတီ၏ ခေါင်းဆောင်ဖြစ်ပါတယ်။ သူက ရှေ့လထဲမှာ မြန်မာ့အရေး အာဏာသိမ်းပြီး နှစ်အကြာ သုံးသပ်ဆွေးနွေးပွဲတခု ကျင်းပရန် စီစဉ်နေပါတယ်။ သူဖိတ်ကြားထားတဲ့အထဲ မိန့်ခွန်းစကားပြောကြားပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUH ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ပါဝင်တယ်လို့ သတင်းထောက်က ရေးသားထားပါတယ်။ ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တန်နယ်လည်း ဆွေးနွေးပွဲမှာ ပါဝင်မယ်လို့ ဆိုထားပါတယ်။ အသေးစိတ်ကို မသိရသေးပါဘူး။


========================


📌📌 ၂။ သယံဇာတမထွက်သော်လည်းအမွေအနှစ်တွေထွက်နေတဲ့ နေရာမှာ စီးပွားရေးလုပ်ငန်းနဲ့ချိတ်ဆက်ပြီးတော့ပြည်နယ်တိုးတက်အောင်လုပ်ဆောင်နိူင်တယ်လို့ဆို


ဖေဖော်ဝါရီ၁၃ရက်


သယံဇာတမထွက်သော်လည်းအမွေအနှစ်တွေထွက်နေတဲ့ နေရာမှာ စီးပွားရေးလုပ်ငန်းနဲ့ချိတ်ဆက်ပြီးတော့ပြည်နယ်တိုးတက်အောင်လုပ်ဆောင်နိူင်တယ်လို့ဒုဝန်ကြီး ဦးမင်းဇေယျာဦးကပြောပါတယ်။


ဖေဖော်ဝါရီ၁၂ရက် "ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရာတွင် အမွေအနှစ်၏ အခန်းကဏ္ဍ" စကားဝိုင်းမှာ စီမံ၊ဘဏ္ဍာဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမင်းဇေယျာဦးကပြောပါတယ်။


"ကျနော်တို့လူငယ်တွေ ဒီအမွေအနှစ်တွေကိုထိန်းသိမ်းရင်းကတဆင့်အလုပ်အကိုင်အခွင့်အလမ်းတွေ၊ဒေသနဲ့ကိုက်ညီတာတွေ၊တချို့က သယံဇာတထွက်တာရှိတယ်။တချို့ကသယံဇာတမထွက်တဲ့ဒေသရှိတယ်။သို့သော်အမွေအနှစ်ကြီးတွေထွက်နေတဲ့ နေရာမှာ စီးပွားရေးလုပ်ငန်းနဲ့ချိတ်ဆက်ပြီးတော့ ဒါပြည်နယ်တိုးတက်အောင် ဒါအထောက်အပံ့ကောင်းဖြစ်လို့ ဒီကိစ္စရပ်တွေကအရေးကြီးပါတယ်" လို့ဆိုပါတယ်။


လက်ရှိမှာ သမိုင်းဆိုင်ရာရှေးဟောင်းအမွေအနှစ်နေရာများအပြင် တိုင်းရင်းသားရိုးရာအမွေအနှစ်၊အစားအသောက်၊ လက်မှုပညာစတဲ့အမွေအနှစ်များ မြန်မာနိူင်ငံတွင်ပေါများလျက်ရှိနေပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးချဲ့ပေးရန် အမေရိကန်နိူင်ငံခြားရေးဝန်ကြီးက ထိုင်းနိူင်ငံကိုအလေးပေးပြောကြားခဲ့


ဖေဖော်ဝါရီ၁၃ရက်


မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးချဲ့ပေးရန် အရေးတကြီး လိုအပ်ကြောင်း အမေရိကန်နိူင်ငံခြားရေးဝန်ကြီးကထိုင်းနိူင်ငံကိုအလေးပေးပြောကြားခဲ့ပါတယ်။


နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ဝါရှင်တန်ဒီစီမှာ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်-ထိုင်း မဟာမိတ်အဖွဲ့ရဲ့ အရေးပါမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။


ဆွေးနွေးမှုများထဲတွင် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ကမြန်မာနိုင်ငံတွင် ဆိုးရွားနေသော အကျပ်အတည်းကို ဖြေရှင်းရန် ထိုင်း၊ အာဆီယံတို့နှင့် ကြိုးပမ်းမှု အပါအဝင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။


ထို့နောက် မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးချဲ့ပေးရန် အရေးတကြီး လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။


လက်ရှိမှာ ထိုင်းနိူင်ငံမဲဆောက်ခရိုင်တွင် လူသားခြင်းစာနာမှုအကူအညီများပေးနိူင်ငံရေးထိုင်းအစိုးရဘက်ကစီစဥ်နေပြီး ထိုင်းနိူင်ငံခြားရေးဝန်ကြီးကိုယ်တိုင် မဲဆောက်သို့ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။


========================


📌📌 ၄။ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံသားများရောက်ရှိရာနေရာအများအပြား၌ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ 


ရန်ကုန်တွင် သခင်လူငယ်များသမဂ္ဂ နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်(13 February Project) အဖြစ် အခြေခံလူထုကို ပဲပြုတ်၊နံပြားနှင့် တော်လှန်ရေးစာစောင်များ၊ဗိုလ်ချုပ်အောင်ဆန်းပုံ တစ်ထောင်တန်များကို ဝေငှ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်  ပြုလုပ်ခဲ့ကြသည်။


ထို့အတူ မြန်မာနိုင်ငံသားများ အများအပြားရောက်ရှိရာ မဲဆောက်မြို့ရှိ မဲဆောက်ဈေးကြီးမှာလည်း စေတနာရှင်ပြည်သူများက ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲပြုတ်နံပြားနှင့် လက်ဖက်ရည်တို့ကို ရုပ်အလတ်အမြတ်မရွေး စတုဒီသာ ကျွေးမွေးခဲ့ကြပါတယ်။


========================


📌📌 ၅။ ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်၀န်းအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို တက္ကသိုလ်အရန်တပ်ခွဲအဖြစ် တစ်လကြာ အခြေခံစစ်သင်တန်း ပေးနေ


ဖေဖော်ဝါရီ၁၃ရက်


ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်၀န်းအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို တက္ကသိုလ်အရန်တပ်ခွဲအဖြစ် တစ်လကြာ အခြေခံစစ်သင်တန်း ပေးနေကြောင်းသိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့် သတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံများက နိုင်ငံတဝန်း အရပ်သားပြည်သူများအား ပြည်သူ့စစ်အတွင်း ဝင်ရောက်ရန် အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီးပြီး စစ်သင်တန်းပေးနေသည့်အပြင် အသက် ၁၈ နှစ် ပြည့်ပြီးသည့် နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်အုပ်စုက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်လို့ဆိုပါတယ်။ 


ထို့အပြင် ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်၀န်းအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို တက္ကသိုလ်အရန်တပ်ခွဲအဖြစ် တစ်လကြာ အခြေခံစစ်သင်တန်း ပေးနေကြောင်း သိရပြီး စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်က လိုအပ်လျှင် စစ်မှုထမ်းရမည်ဟု အဆိုပါစစ်သင်တန်း၌ ပြောဆိုခဲ့ကြောင်း AAPPကဖော်ပြပါတယ်။


လက်ရှိမှာ လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုရှိကြောင်း သတင်းထွက်ပေါ်သော်လည်း တိကျသည့်သတင်းအရင်းအမြစ်များ မဟုတ်ကြောင်းသိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ (PNLA) လုံခြုံရေးစစ်ကြောင်းကို စစ်ကောင်စီနှင့်အပေါင်းအပါများက  စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်၍ ပြန်လည်ခုခံတိုက်ခိုက်ရာစစ်ကောင်စီနှင့်အပေါင်းအပါပြည်သူ့စစ်များ ဦးထက်မနည်းသေဆုံးခဲ့


ဖေဖော်ဝါရီ၁၂ရက်ဆီဆိုင်မြို့နယ် မြောက်ပိုင်းတနေရာတွင် ပအိုဝ်းဒေသလုံခြုံရေး ကင်းလှည့်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးစစ်ကြောင်းကို စစ်ကောင်စီနှင့်အပေါင်းအပါများက စနိုက်ပါများ ဒရုန်းများ  လက်နက်ကြီး လက်နက်ငယ်များဖြင့် စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခုခံခဲ့ရတယ်လို့ ဆိုပါတယ်။


ထိုချောင်းမြောင်းပစ်ခတ်တိုက်ခိုက်သည့်နေရာသို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နယ်မြေလုံခြုံရေးကင်းလှည့်တပ်ဖွဲ့က ရှင်းလင်းမှုပြုလုပ်ခဲ့ရာ စစ်ကောင်စီနှင့်အပေါင်းအပါပြည်သူ့စစ်များ ဦးထက်မနည်းသေဆုံးခဲ့ပြီး သေနတ် လက်၊ ကား စီး နှင့်   ခဲယမ်း ကျည်ဆံအချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။


စစ်ကောင်စီနှင့်အပေါင်းအပါများက ၎င်းတို့ ထွက်ပြေးသွားရာလမ်းတလျောက်ရှိ ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းကြောင့်လည်း ကျေးရွာအတွင်းရှိ ပြည်သူလူထုများ ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။


========================


🚩🚩 ၂။ မင်းပြားမြို့နယ်အတွင်း နောက်ထပ်စစ်သင်္ဘော () စီးကို ထပ်မံ၍ တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့တယ်လို့ရခိုင်တပ်တော်အသိပေးပြီးစုစုပေါင်း စစ်သင်္ဘော၄စီးအထိနှစ်မြှုပ်လာနိူင်


ဖေဖော်ဝါရီ၁၃ရက်


ဖေဖော်ဝါရီ (/) ရက်များတွင် စစ်ကောင်စီ၏ စစ်ရေယာဉ်၊ စစ်သင်္ဘော () စီးကို မြစ်ထဲတွင် အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်သကဲ့သို့  ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌လည်း မင်းပြားမြို့နယ်အတွင်း နောက်ထပ်စစ်သင်္ဘော () စီးကို ထပ်မံ၍ တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့တယ်လို့ရခိုင့်တပ်တော်ကဆိုပါတယ်။


၁၀၂၇ စစ်ဆင်ရေး (၁၀၉) ရက်မြောက်နေ့တွင် ရက္ခိုင်ပြည်မြို့နယ်အချို့၌ တိုက်ပွဲများဆက်လက်ရှိနေခဲ့ပြီး မင်းပြားမြို့အား စစ်ကောင်စီသည် လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေခဲ့ပါတယ်။


 ညနေ () နာရီ (၃၀) မိနစ်အချိန်ခန့်ကလည်း မင်းပြား-စွန်ရဲလမ်းမထက်ရှိ ပုလဲပေါက်ကျေးရွာအနီးသို့ စစ်ကောင်စီ၏ဂျက်ဖိုက်တာ () စီးမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဤကဲ့သို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် "ထုတ်ပင်လယ်" ကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ () ဦးမှာ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။


========================


🚩🚩 ၃။ နွားထိုးကြီးမြို့နယ် ပြင်စီကျေးရွာ အမြန်လမ်းရဲစခန်းတွင်  ဒေသခံလမ်းသွားလမ်းလာပြည်သူများအား ခြိမ်းခြောက်ငွေတောင်းခံနေသည့် စကစတပ်ဖွဲ့ဝင်များဒရုန်းနဲ့တိုက်ခိုက်ခံရ၍ နှစ်ဦးသေဆုံး


ဖေဖော်ဝါရီ၁၃ရက်


ဖေဖော်ဝါရီ၁၁ရက်မွန်းလွဲပိုင်း နွားထိုးကြီးမြို့နယ် ပြင်စီကျေးရွာ အမြန်လမ်းရဲစခန်းတွင် အင်အား ဆယ်ဦးတပ်စွဲအထိုင်ချကာ ဒေသခံလမ်းသွားလမ်းလာပြည်သူများအား ခြိမ်းခြောက်ငွေတောင်းခံနေတဲ့စကစတပ်ဖွဲ့ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


Natogyi People Defence Force မြင်းခြံခရိုင် အမှတ် () တပ်ရင်းမှ Droneဖြင့် ဗုံးသီး နှစ်လုံးကျဲချတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့ပါတယ်။


အလားတူ နွားထိုးကြီးမြို့နယ် ကြာပင်အိုင် ကျေးရွာအနီးရှိ MYTEL တာဝါတိုင်အား  Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ()တပ်ရင်းမှညနေပိုင်းအချိန် မိုင်းဖောက်ခွဲ၍ ဖျက်စီးခဲ့ပါတယ်။


========================


🚩🚩 ၄။ လက်နက်ကိုင်တိုက်ပွဲဝင်လိုသော ပြည်သူများအတွက် ဒေါနစစ်ကြောင်းအနေဖြင့် နွေးထွေးစွာ လက်ကမ်းကြိုဆိုတယ်လို့ပြောကြား


ဖေဖော်ဝါရီ၁၃ရက်


လက်နက်ကိုင်တိုက်ပွဲဝင်လိုသော ပြည်သူများအတွက် ဒေါနစစ်ကြောင်းအနေဖြင့် နွေးထွေးစွာ လက်ကမ်းကြိုဆိုတယ်လို့ ဖေဖော်ဝါရီ၁၂ရက်မှာ ဒေါနစစ်ကြောင်းကအသိပေးဆိုပါတယ်။


" တော်လှန်ရေးအင်အားစုဒေါနစစ်ကြောင်းနှင့် ပူးပေါင်းပြီး လွတ်မြောက်ရာလမ်း အတွက် လက်နက်ကိုင်တိုက်ပွဲဝင်လိုသော ပြည်သူများအတွက် ဒေါနစစ်ကြောင်းအနေဖြင့် နွေးထွေးစွာ လက်ကမ်းလှမ်းကြိုလျက်ရှိနေပါတယ်"လို့ဆိုပါတယ်။


ဒေါနစစ်ကြောင်းအနေဖြင့် တပ်သားသစ်ခေါ်ယူရာတွင်  လျောက်ထားလိုသူများအတွက် အသက်(၁၈) နှစ်ပြည့်ပြီးသူ၊အခြေခံကျန်းမာရေးကောင်းမွန်သူ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဒေါနစစ်ကြောင်းက ပေးအပ်လာသော အမိန့်နှင့် တာဝန်များကို  ကျေပွန်စွာထမ်းဆောင်နိုင်သူ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သည်တော်ကျင့်ဝတ် (Code of Conduct) များကို လိုက်နာနိုင်သူ၊အာဏာရှင်စနစ်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်နိုင်သူဖြစ်ရမယ်လို့ဆိုပါတယ်။


အဆိုပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပြီဆိုလျှင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်း Dawna Column Page Messenger သို့  ဆက်သွယ်နိုင်တယ်လို့ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment