13th FEB 2024 - Morning Daily News by Radio NUG


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးဟာ ပင်လုံကတိကဝတ်ကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် ပြည်တွင်းဋိပက္ခများကို ချုပ်ငြိမ်းသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း SSPP CNF နှင့် KIA တို့က NUG ကို သဝဏ်လွှာပေးပို့

📌 ၂။ "ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်၊ နိုင့်ထက်စီးနင်း လုပ်ချင်တဲ့စိတ်၊ ခွဲခြားဆက်ဆံချင်တဲ့စိတ်တွေရှိခဲ့ရင် စစ်အာဏာရှင်စရိုက် ချုပ်ငြိမ်းရေးနဲ့အတူ တစ်ပါတည်း ချုပ်ငြိမ်းစေဖို့ လိုအပ်တယ်"လို့ယာယီသမ္မတပြော

📌 ၃။ တိုင်းပြည်ရဲ့ဘုံရန်သူအစစ်အမှန်ကို အမြစ်ဖြတ်တိုက်ထုတ်ပြီး လူမှုအသိုက်အမြုံသစ်တခုတည်ဆောက်နိုင်ဖို့ အဖြေရှာကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၄။ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများတက်ရောက်

📌 ၅။ "တော်လှန်ထောက်ကူ ပညာယူကမ်ပိန်းအစီအစဉ်မှ ရရှိသည့် ရန်ပုံငွေများ ခွဲဝေထောက်ပံ့မှုနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရေးရာကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်

📌 ၆။ နေပြည်သိမ်းပိုက်အောင်လံစိုက်ကမ်ပိန်း ကော်မတီ ဌာနသို့လာရောက်၍ ဒုဝန်ကြီး အိသဥ္ဇာမောင်နှင့် ဒုဝန်ကြီး ခွန်မျိုးအောင်တို့က ငွေကျပ်ခြောက်သိန်းထောက်ပို့ပေးအပ်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် () အောင်မြင်စွာပြီးဆုံး

🚩 ၂။ မင်းပြားနှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်၊ ပြည်သူ ဦး ဒဏ်ရာရှိခဲ့ပြီး နေအိမ် () လုံး ပျက်စီးခဲ့

🚩 ၃။ မြောက်ဦးနဲ့ မင်းပြားတွင် ဖမ်းဆီးထားတဲ့ အချုပ်ခန်းထဲမှ ပြည်သူ ဦးကို စစ်ကောင်စီက သတ်ဖြတ်- သွားကြောင်း AA အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးဟာ ပင်လုံကတိကဝတ်ကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် ပြည်တွင်းဋိပက္ခများကို ချုပ်ငြိမ်းသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း SSPP CNF နှင့် KIA တို့က NUG ကို သဝဏ်လွှာပေးပို့


ဖေဖော်ဝါရီ ၁၂ရက်။

နွေဦးတော်လှန်ရေးဟာ ပင်လုံကတိကဝတ်နဲ့ သဘောတူညီချက်များကို ပြန်လည်ဖော်ဆောင်ခြင်းဖြင့် နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း SSPP CNF နှင့် KIA တို့က သဝဏ်လွှာပေးပို့ခဲ့ကြောင်း NUG က ထုတ်ပြန်ပါတယ်။


သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၇) နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ ရှမ်းပြည် တိုးတက်ရေး ပါတီ / ရှမ်းပြည် တပ်မတော် (SSPP / SSA) ချင်းအမျိုးသား တပ်ဦး (CNF) ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့က အခုလို သဝဏ်လွှာပေးပို့ခဲ့တာ ဖြစ်ပါတယ်။


ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး အချိန်ကာလမှာ စစ်အာဏာရှင် စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှကို တွန်းလှန်ချေမှုန်းကာ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြတဲ့ ပင်လုံစာချုပ်နဲ့ ပင်လုံကတိကဝတ်နဲ့ ပင်လုံသဘောတူညီချက်များကို ပြန်လည်ဖော်ဆောင်နိုင်ခြင်းဖြင့် နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပွားခဲ့ကြတဲ့ ပြည်တွင်းပဋိပက္ခများကို ချုပ်ငြိမ်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သဝဏ်လွှာမှာ ပါရှိပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) အနေနဲ့ နွေဦးတော်လှန်ရေး () နှစ်တာ ကာလအတွင်း NUG ထံ ပထမဆုံးအကြိမ် သဝဏ်လွှာပေးပို့တာလည်း ဖြစ်ပါတယ်။


========================


📌📌 ၂။ "ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်၊ နိုင့်ထက်စီးနင်း လုပ်ချင်တဲ့စိတ်၊ ခွဲခြားဆက်ဆံချင်တဲ့စိတ်တွေရှိခဲ့ရင် စစ်အာဏာရှင်စရိုက် ချုပ်ငြိမ်းရေးနဲ့အတူ တစ်ပါတည်း ချုပ်ငြိမ်းစေဖို့ လိုအပ်တယ်"လို့ယာယီသမ္မတပြော


ဖေဖော်ဝါရီလ ၁၂ရက်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးပေါင်းစီစဉ်ကျင်းပတဲ့ (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောပါတယ်။


"ကျွန်တော်တို့ရဲ့ ရင်တွင်းမှာ လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းကို ကိန်းအောင်း ဖြစ်တည်စေဖို့ အထူးလိုအပ်ပါတယ်။ ဒါ့အပြင် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အလေးအနက်ထားကြဖို့ အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးအိမ်ထဲမှာ ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်၊ နိုင့်ထက်စီးနင်း လုပ်ချင်တဲ့စိတ်၊ ခွဲခြားဆက်ဆံချင်တဲ့စိတ်တွေ ရှိခဲ့ရင်လည်း ဒါတွေကို စစ်အာဏာရှင်စရိုက် ချုပ်ငြိမ်းရေးနဲ့အတူ တစ်ပါတည်း ချုပ်ငြိမ်းစေဖို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ပြည်ထောင်စုသစ် တည်ဆောက်ရေးမှာ ပဋိပက္ခအသစ်တွေကို ထပ်မံ မကြုံတွေ့စေချင်ဘူးလို့ ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၃။ တိုင်းပြည်ရဲ့ဘုံရန်သူအစစ်အမှန်ကို အမြစ်ဖြတ်တိုက်ထုတ်ပြီး လူမှုအသိုက်အမြုံသစ်တခုတည်ဆောက်နိုင်ဖို့ အဖြေရှာကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


ဖေဖော်ဝါရီလ ၁၂ရက်။

ဖေဖော်ဝါရီလ ၁၂ရက်မှာ ကျင်းပတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၇) နှစ်မြောက် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အခုလိုပြောကြားခဲ့ပါတယ်။


"ဝိဝါဒများ၊ မတူကွဲပြားမှု များပြားတဲ့ ကျွန်တော်တို့နိုင်ငံအတွက် ဖက်ဒရယ်အိပ်မက်အကောင်အထည်ဖော်ဖို့ဆိုတာ ခက်ခဲ ကြမ်းတမ်းမယ်ဆိုတာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသူတွေသာမက ပြည်သူတရပ်လုံးကလည်း မြင်တွေ့နားလည်မှုရှိကြပြီ ဖြစ်ပါတယ်။ တဖက်မှာလည်း စစ်အာဏာရှင်တို့က ၄င်းကွဲပြားမှုကို အသုံးချပြီး ကျွန်တော်တို့ကြား ခေတ်အဆက်ဆက်သပ်လျိူသွေးခွဲကာ ရက်စက်ကောက်ကျစ်စွာ ၄င်းတို့အလဲထိုးနိုင်မယ့် ပြိုင်ဖက်တရပ် ကြံစည်တည်ဆောက်နေတယ်ဆိုတာလည်းအားလုံးအသိပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ တိုင်းပြည်ရဲ့ဘုံရန်သူအစစ်အမှန်ကို သဘောပေါက်လာပြီ ဖြစ်သလို ဘုံရန်သူကို အတူတကွ အမြစ်ဖြတ်တိုက်ထုတ်ပြီး လူမှုအသိုက်အမြုံသစ်တခုတည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ စည်းစည်းလုံးလုံး ဓမ္မဒိဌာန်ကျကျ ညှိနှိုင်းဆွေးနွေး အဖြေရှာကြရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် စစ်ရေး၊ နိုင်ငံရေးများကို အတူလက်တွဲ ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၄။ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများတက်ရောက်


ဖေဖော်ဝါရီလ ၁၂ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ကြီးမှူးကျင်းပခဲ့သည့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကြားကာလတက္ကသိုလ်များသို့ ဝင်ခွင့်များလျှောက်ထားကာ တက်ရောက်ခွင့်ရလာကြသည့် ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုကြိုဆိုသော မောင်မယ်သစ်လွင် ကြိုဆိုပွဲ - Freshers' Welcome ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။

ကြိုဆိုပွဲအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်တကွ ဒုတိယဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ ဒုတိယဝန်ကြီးဂျာထွယ်ပန်၊ သက်ဆိုင်ရာ ကြားကာလတက္ကသိုလ်အသီးသီးမှ ကိုယ်စားလှယ် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများက တက်ရောက်၍ မောင်မယ်သစ်လွင်များအတွက် ဂုဏ်ပြုကြိုဆိုချီးမြှင့်စကားများ ပြောကြားခဲ့ကြပါတယ်။


ဆက်လက်ပြီး ဖိတ်ကြားထားသော ပြည်သူ့ဘက်တော်သား အနုပညာရှင်များနှင့် လူမှုကွန်ယက်တွင် အောင်မြင်ကျော်ကြားသူများက မောင်မယ်သစ်လွင်များအတွက် ဂုဏ်ပြုစကားများ ပြောကြားခြင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ မောင်မယ်သစ်လွင် ကျောင်းသားကျောင်းသူများက ကဗျာရွတ်ဖတ်ခြင်း၊ အသံပြဇာတ် တင်ဆက်ခြင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေး အဖွဲ့က မောင်မယ်သစ်လွင်များအတွက် အမေးအဖြေကဏ္ဍများဖြင့် ဆုချီးမြှင့်ခြင်း စသည်တို့ဖြင့် အောင်မြင်စွာ ကျင်းပခဲ့ကြပါတယ်။


========================


📌📌 ၅။ "တော်လှန်ထောက်ကူ ပညာယူကမ်ပိန်းအစီအစဉ်မှ ရရှိသည့် ရန်ပုံငွေများ ခွဲဝေထောက်ပံ့မှုနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရေးရာကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်


ဖေဖော်ဝါရီလ ၁၂ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်တော်လှန်ထောက်ကူ ပညာယူကမ်ပိန်းအစီအစဉ်မှ ရရှိသည့် ရန်ပုံငွေများ ခွဲဝေထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင်  ဗီဒီယိုကွန်ဖရင့်ဖြင့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက Myanmar Institute of Economy, Commerce and Industry (MIECI) အနေဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့်တော်လှန်ထောက်ကူ ပညာယူကမ်ပိန်းနှင့်စပ်လျဉ်း၍ ပထမအကြိမ် Mini-MBA သင်တန်းဖွင့်လှစ်အောင်မြင်ခဲ့မှုအခြေအနေများ၊ သင်တန်းသားတက်ရောက်မှု၊ ရန်ပုံငွေ ရရှိမှုနှင့် ဝန်ကြီးဌာနမှ ဆက်လက်ဖွင့်လှစ်လုပ်ဆောင်မည့် သင်တန်းများ၊ စီမံချက်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက် ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကတော်လှန်ထောက်ကူ ပညာယူကမ်းပိန်းမှ ရရှိသည့် ရန်ပုံငွေများအား တော်လှန်ရေး အရှိန်အဟုန် ရေချိန်မြင့်မားလာသည်နှင့်အမျှ မြေပြင်တွင် အမှန်တကယ်လိုအပ်‌နေသည့် တော်လှန်ရေးအင်အားစုများအား ချိတ်ဆက်ပံ့ပိုးနိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်နိုင်မည့် ပရိုဂရမ်များ ဖော်ဆောင်နိုင်ရေးတို့အား ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၆။ နေပြည်သိမ်းပိုက်အောင်လံစိုက်ကမ်ပိန်း ကော်မတီ ဌာနသို့လာရောက်၍ ဒုဝန်ကြီး အိသဥ္ဇာမောင်နှင့် ဒုဝန်ကြီး ခွန်မျိုးအောင်တို့က ငွေကျပ်ခြောက်သိန်းထောက်ပို့ပေးအပ်


ဖေဖော်ဝါရီလ ၁၂ရက်။

နေပြည်သိမ်းပိုက်အောင်လံစိုက်ကမ်ပိန်း ကော်မတီ ဌာနသို့ လာရောက်၍ ဒုဝန်ကြီး အိသဥ္ဇာမောင်နှင့် ဒုဝန်ကြီး ခွန်မျိုးအောင်တို့က ငွေကျပ်ခြောက်သိန်းထောက်ပို့ပေးအပ်သွားခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၂ရက်မှာနေပြည်သိမ်းပိုက်အောင်လံစိုက်ကမ်ပိန်းကအသိပေးဆိုပါတယ်။


နေပြည်သိမ်းပိုက် အောင်လံစိုက် ကလလတ ရဲ့ သိန်းတသောင်း ကမ်ပိန်းအတွက်ဖေဖော်ဝါရီ (၁၁) ရက်နေ့ကစလို့ CRPH - OFP Fundraising Program မှာ တော်လှန်ထောက်ပို့ငွေ စတင်ကောက်ခံပြီ ဖြစ်ပါတယ်။


"နေပြည်သိမ်းပိုက် အောင်လံစိုက် "ကမ်ပိန်းဟာဆိုရင် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည့်သူ့လွတ်မြောက်ရေး တပ်ဦး (K.P.L.A) အတွက် 45 ရက်အတွင်းမှာမြန်မာငွေ ကျပ်သိန်းပေါင်း  တသောင်း ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ဒီကမ်ပိန်းကို ရည်ရွယ်ထားတဲ့ ကမ်ပိန်း ဖြစ်ပါတယ်။


ကျပ်သိန်းပေါင်းတသောင်းက ရန်သူရဲ့ ဝေဟင်တွေ ကာကင်းတွေနှင့် အထိရောက်ဆုံး ချေမူန်းနိုင်ဖို့အတွက် ပွိုင့် 5 ငါးကြင်းမြီး 7 RPG 7 နှင့် လိုအပ်သော နှုတ်ခမ်းနီများကို ဖြည့်တင်းမှာ ဖြစ်ပါတယ်


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် () အောင်မြင်စွာပြီးဆုံး


ဖေဖော်ဝါရီလ (၁၂) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ၏ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် () သင်တန်းအား KNU တပ်မဟာ () နယ်မြေအတွင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F မှ ဦးဆောင်သင်ကြားပေးခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။

အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် () အား အခြေခံစစ်ပညာသင်တန်း တစ်လခွဲ၊ အထူးစစ်ဆင်ရေးသင်တန်း နှစ်လ၊ အထူးမွန်းမံသင်တန်းများအဖြစ် အဖွဲ့များခွဲ၍ (စနိုက်ပါသင်တန်း၊ ဆေးသင်တန်း၊ လက်နက်ကြီးသင်တန်း၊ ဒရုန်းသင်တန်း) တစ်လဖြင့် (မေလ ၁၅ ရက်၊ ၂၀၂၃) မှ ( စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃) အထိ စုစုပေါင်း လေးလခွဲကြာ သင်ကြားခဲ့ပါတယ်။


သင်တန်းအား KNLA မှသင်တန်းနည်းပြများ၊ U.S မရိမ်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသား သင်တန်းနည်းပြများ၊ S.O.F သင်တန်းနည်းပြများမှ ကြီးကြပ်သင်ကြားပေးခဲ့ပြီး မွန်၊ ကရင်၊ တနင်္သာရီရှိ တော်လှန်ရေးအဖွဲ့အသီးသီးမှ အထူးရွေးချယ်စေလွှတ်ထားသော အထူးတပ်ဖွဲ့ဝင် သင်တန်းသားများ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။


အထူးစစ်ဆင်ရေးသင်တန်းဆင်း ရဲဘော်များအား တောင်ပိုင်းစစ်ဒေသ၏ SPECIAL OPERATION FORCE - S.O.F အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၉၉၉၉/အထူးတပ်ဖွဲ့) အောက်တွင် စစ်ကြောင်း () အဖြစ် ထပ်မံဖွဲ့စည်းခဲ့ပြီး အခြားသင်တန်းဆင်းရဲဘော်များမှာ မိခင် တပ်ရင်း/တပ်ဖွဲ့များအတွင်း ပြန်လည်ဝင်ရောက်၍ တော်လှန်ရေးတာဝန်များထမ်းဆောင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။


အပတ်စဥ် () သင်တန်းဆင်းရဲဘော်များဖြင့် ဖွဲ့စည်းထားသော S.O.F စစ်ကြောင်း () သည် သင်တန်းဆင်းပြီးပြီးချင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ခလယ်တံခွန်တိုက်တိုက်ပွဲ၊ ချောင်းနှစ်ခွတိုက်ပွဲ၊ ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိတ်ကြီးမြို့တွင်းတိုက်ပွဲ၊ တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲ၊ ကော့ကရိတ်မြို့တွင်းတိုက်ပွဲများနှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်ထုစခန်းသိမ်းပွဲများကို ဆက်တိုက်ဆင်နွှဲခဲ့ကြပြီး အောင်ပွဲများစွာရယူနိုင်ခဲ့ကြပြီဖြစ်ပါတယ်။


အပတ်စဥ် () အထူးစစ်ဆင်ရေးသင်တန်းအတွက် သင်တန်းသားများ စတင်လက်ခံနေပြီဖြစ်တယ်လို့အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fကဆိုပါတယ်။


========================


🚩🚩 ၂။ မင်းပြားနှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်၊ ပြည်သူ ဦး ဒဏ်ရာရှိခဲ့ပြီး နေအိမ် () လုံး ပျက်စီးခဲ့


ဖေဖော်ဝါရီလ ၁၂ရက်။

အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်၊ မင်းပြား မြိုနယ်၊ တုတ်ပင်လယ်ရွာမှာ ပြည်သူ ဦး ဒဏ်ရာရရှိခဲ့ပြီး မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ ဝင်းတာပန် ရွာမှာ နေအိမ် လုံး ပျက်စီးခဲ့ရတယ်လို့ AA နဲ့ KNU တို့က အသီးသီး ထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ နာရီ ၃၀ မိနစ်ခန့်မှာ မင်းပြားမြို့နယ်၊ တုတ်ပင်လယ်ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၎င်းကျေးရွာနေ ကိုအောင်စိုးမင်း ၂၈ နှစ် ဦးမောင်ကျန်ရစ် ၅၂ နှစ် ဦးသိန်းထွန်းလှ ၃၉ နှစ်နှင့် ဦးသန်းရွှမောင် ၄၀ နှစ် တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲ နာရီ ၄၀ မိနစ်ခန့်က ဘီးလင်းမြို့နယ်၊ ဝင်းတာပန် ကျေးရွာထဲကို စစ်ကောင်စီတပ်က Mi35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူပိုင် နေအိမ် လုံး ပျက်စီးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မြောက်ဦးနဲ့ မင်းပြားတွင် ဖမ်းဆီးထားတဲ့ အချုပ်ခန်းထဲမှ ပြည်သူ ဦးကို စစ်ကောင်စီက သတ်ဖြတ်- သွားကြောင်း AA အသိပေး


ဖေဖော်ဝါရီလ ၁၂ရက်။

စစ်ကောင်စီရဲ့ ခမရ (၃၇၈) တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးက မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ထားတဲ့ မြောက်ဦးမြို့နယ်မှ အပြစ်မဲ့ အရပ်သား ပြည်သူ ဦးကို ဇန်နဝါရီလ ၃၁ ရက်နေ့က တပ်ရင်း အချုပ်ခန်းထဲမှာ ရက်စက်စွာဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 


ထိုသို့ သတ်ဖြတ်ခံထားရသူများရဲ့ ရုပ်အလောင်းများကို မြောက်ဦးမြို့ ဆေးရုံအနီး ဗုံးခိုကျင်းထဲမှာ မြုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


သတ်ဖြတ်ခံထားရသူများထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သီချင်းတစ်ပုဒ်ဖြစ်တဲ့ Exodus ကို သီဆိုထားတဲ့ ရက်ပါအဆိုတော်၊ ဒေသတွင်း လူမှုကွန်ယက်မှာ လူသိများတဲ့ ကျော်ဇံဝေ () ရင်ဆိုနဲ့ ပြည်တွင်း သတင်းထောက် တစ်ဦးဖြစ်သူ ဖိုးသီဟတို့လည်း ပါဝင်ပါတယ်။

အာရက္ခ ပြည်သူ့အစိုးရ အနေဖြင့် အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်သူများအား ကျူးလွန်ခဲ့တဲ့ ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးသွားမှာ ဖြစ်ပြီး ကျူးလွန်ခံရသော ကာယကံရှင်နှင့် မိသားစုများအတွက် တရားမျှတမှုရရှိအောင် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။


လက်ရှိတွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော် မြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်း အားလုံးကို ရက္ခိုင့်တပ်တော်  AA က သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment