14th FEB 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ် အသက်သွင်းပြီး အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ်မှန်သမျှအရေးယူမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကြေညာ

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တက်ရောက်

📌 ၄။ ပြည်နယ်တခုလုံးကို လက်လွတ် ဆုံးရှုံးရမယ့် အခြေနေမှာတောင် စကစဟာ မဟာဗျူဟာ စဉ်းစား ချက်တွေရှိတယ်လို့ သတိပေးဆို

📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၆။ တလကျော်အတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၂၁) ဦးနှင့် အမျိုးသား (၆၁) ဦး စုစုပေါင်း (၈၂) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ ကျွမ်းကျင်ပညာရှင်များနှင့် တပ်သားသစ်များ ခေါ်ယူ

🚩 ၂။ ဆီဆိုင်မြိုနယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA ထုတ်ပြန်

🚩 ၃။ ကောလင်းမြို့နှင့် ကောလင်းမြို့ အနီးတစ်ဝိုက် ကျေးရွာများအား စကစတပ်များမှ နေ့စဥ်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်၍ အရပ်သားနေအိမ်များထိခိုက်ပျက်စီး

🚩 ၄။ ပေါက်ခေါင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ တပ်စွဲထားတဲ့ စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက် 

🚩 ၅။ မြို့လှအရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ဖြတ်တိုက်ခံရပြီး ၁၅ ဦးခန့် သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ် အသက်သွင်းပြီး အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ်မှန်သမျှအရေးယူမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကြေညာ


ဖေဖော်ဝါရီလ ၁၃ရက်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်တရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရကကြေညာပါတယ်။


အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ကြိုးပမ်းနေသည့် တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဋ္ဌာန်းခြင်း၊ အာဏာတည်ခြင်းဆောင်ရွက်ရန် အခွင့်အာဏာလုံး၀ မရှိဘူးလို့ဆိုပါတယ်။


ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်နေ့မှစ၍ အာဏာတည်စေရမည်ဟု ထုတ်ပြန်လာခြင်းသည် တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် လုံးဝ လိုက်နာရန်မလိုဘူးလို့ဖော်ပြပါရှိပါတယ်။


နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် စစ်ပွဲအတွင်း ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ရန်နှင့် ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၍ ၎င်းတို့စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူရန် ယခုကဲ့သို့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထင်ရှားတယ်လို့လည်းဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေ (စစ်မှုမထမ်းမနေရဥပဒေ)ကို အတင်းအကြပ် အသက်သွင်းပြီး အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ် မှန်သမျှနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖော်ပြပါတယ်။


ယင်းဥပဒေကို တရားမဝင်အသက်သွင်းခြင်းကြောင့် ပြည်သူလူထုကြုံတွေ့လာသည့် ဘေးဒုက္ခများ လျော့နည်းစေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ကြေညာချက်များကိုလည်း လိုအပ်ချက်နှင့်အညီ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်


ဖေဖော်ဝါရီလ ၁၃ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး အမှတ်စဉ် ကို ဖေဖော်ဝါရီလ ၁၃ရက်တွင် ကျင်းပခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့မှ ဆွေးနွေးပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆောင်ရွက် ပြီးစီးမှုများနဲ့ ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးပြောကြားကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများက တင်ပြထားတဲ့ ကြားကာလ ဘတ်ဂျက်ဆိုင်ရာ ကိစ္စရပ်များကို တင်ပြတာနဲ့ ထပ်တိုး ဘတ်ဂျက်အစီရင်ခံ တင်ပြတာတွေလုပ်ဆောင်ခဲ့ကြပါတယ်။ 


ဘဏ္ဍာရေးကော်မရှင်အဖွဲ့ဝင်တွေက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်တွေအပေါ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မှတ်ချက်ပြု ဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တက်ရောက်


ဖေဖော်ဝါရီလ ၁၃ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ ဝန်ထမ်းများကောင်စီ(CCSC-MON)တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၃ရက်မှာ Zoom Meeting ဖြင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနမှ တာဝန်ရှိသူများနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (CCSC-MON)မှ ဥက္ကဌအဖွဲ့ဝင်များနှင့် ကောင်စီဝင်များ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။


ရှေးဦးစွာ တွေ့ဆုံပွဲတွင် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)ဖွဲ့စည်းထားရှိမှုအကြောင်းကို မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ CDM ချိတ်ဆက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ စွမ်းဆောင်ရည်မြှင့်သင်တန်းများနှင့် ပတ်သက်ပြီး နည်းပညာဆိုင်ရာအကူအညီများနှင့် သင်တန်းများ ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက် ချိတ်ဆက်တွေ့ဆုံမှုများလည်း ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသူများမှလည်း အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများလုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ပြည်နယ်တခုလုံးကို လက်လွတ် ဆုံးရှုံးရမယ့် အခြေနေမှာတောင် စကစဟာ မဟာဗျူဟာ စဉ်းစား ချက်တွေရှိတယ်လို့ သတိပေးဆို


ဖေဖော်ဝါရီလ ၁၃ရက်။

ပြည်နယ်တခုလုံးကို လက်လွတ် ဆုံးရှုံးရမယ့် အခြေနေမှာတောင် စကစဟာ မဟာဗျူဟာ စဉ်းစားချက် တွေရှိတယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကသုံးသပ်ပြောကြားထားပါတယ်။


"စကစ ရဲ့ စဉ်းစားချက်က တနေရာတည်း ကွက် မစဉ်းစားပါဘူး။ စကစဟာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ အသီးသီးရဲ့ ကွဲပြားတဲ့ ရှုမြင်ချက်ကိုသိပါတယ်။ အထူးသဖြင့် self determination, self administration, federal စတဲ့ ရည်မှန်းချက်တွေဟာ တဖွဲ့နဲ့ တဖွဲ့ မတူမှန်းလည်းသိသလို ပထဝီ အနေအထားကိုလည်း နားလည်တဲ့ မိစ္ဆာတပ် ဖြစ်ပါတယ်။ ဒီလို တပြိုင်တည်း တချိန်တည်း တိုက်ခိုက်ခံရပြီး ပြည်နယ်တခုလုံးကို လက်လွတ် ဆုံးရှုံးရမယ့် အခြေနေမှာတောင် သူ့ရဲ့ မဟာဗျူဟာ စဉ်းစားချက်တွေရှိနေတုန်းပါပဲ။ အဲ့ဒါကတော့ သူ့ဟာသူ အသွင်ပြောင်းပြီး အရပ်သားတပိုင်း အနေနဲ့ ပြန်လာရင် နိုင်ငံယန္တရားကို ခွစီးထားတဲ့ သူ့မှာ လက်ရှိ ဆုံးရှုံးရတဲ့ နယ်မြေကို ပြန် ရနိုင်တယ်ဆိုတဲ့ စဉ်းစားချက်ပါ"လို့ဆိုပါတယ်။


လက်ရှိမှာ စကစတပ်များဟာ ရှမ်းမြောက်တခွင်နဲ့ ကရင်နီဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိနေရာအများစုကိုလက်လွှတ်ဆုံးရှုံးထားရပါတယ်။


========================


📌📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဖေဖော်ဝါရီ ၁၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို ဖေဖော်ဝါရီလ ၁၃ရက်မှာ ကျင်းပခဲ့ပါတယ်။


 အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ တလကျော်အတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၂၁) ဦးနှင့် အမျိုးသား (၆၁) ဦး စုစုပေါင်း (၈၂) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့


ဖေဖော်ဝါရီလ ၁၃ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဖေဖော်ဝါရီလ ၁၃ရက်မှာ အခုလို အသိပေးဆိုပါတယ်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၂၁) ဦးနှင့် အမျိုးသား (၆၁) ဦး စုစုပေါင်း (၈၂) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှာ (၁၈) ဦးစီဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။


ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး () ဦးနှင့် အမျိုးသား (၂၈) ဦး စုစုပေါင်း (၃၆) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ (၂၀) ဦးဖြင့် အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ 


အဆိုပါ (၃၆) ဦးအနက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ (၁၂) ဦးနှင့် သေဒဏ်ချမှတ်ခံရသူ () ဦး ပါဝင်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ ကျွမ်းကျင်ပညာရှင်များနှင့် တပ်သားသစ်များ ခေါ်ယူ


ဖေဖော်ဝါရီလ ၁၃ရက်။

မကွေးတိုင်း ကွပ်ကဲရေးရုံးမှ ကျွမ်းကျင်ပညာရှင်များနှင့် တပ်သားသစ်များ ခေါ်ယူနေတယ်လို့ဖေဖော်ဝါရီလ ၁၃ရက်မှာ အမှတ်() စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးအသိပေးပါတယ်။


အမှတ်() စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးတွင် တော်လှန်ရေးကာလ ပြီးဆုံးချိန်ထိ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် တပ်သားသစ်များ စိစစ်လက်ခံလျှက်ရှိပါတယ်လို့ဆိုပါတယ်။


လိုအပ်သောနေရာများမှာ ဆေးပညာရှင်များ၊ CDM နိုင်ငံ့ဝန်ထမ်းများ Computer ကျွမ်းကျင်သူများ ၊စားဖို/ စိုက်ပျိုးရေး ကျွမ်းကျင်သူများ၊ တိုက်ခိုက်ရေးရဲဘော်များလို့ဖော်ပြပါရှိပါတယ်။


အထက်ပါ လုပ်ငန်းတာဝန်ဝတ္တရားများအတိုင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြမည့်သူများသည် မကွေးတိုင်းကွပ်ကဲရေးရုံး Page Messenger မှ တဆင့် ဆက်သွယ်ကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၂။ ဆီဆိုင်မြိုနယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA ထုတ်ပြန်


ဖေဖော်ဝါရီလ ၁၃ရက်။

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ + PNO ပူးပေါင်းတပ်များနဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ PNLA ထံမှ သိရပါတယ်။


ဖေဖော်ဝါရီလ ၁၂ ရက်နေ့က PNLA လုံခြုံရေး စစ်ကြောင်းကို စစ်ကောင်စီနဲ့ PNO ပူးပေါင်း တပ်များက စနိုက်ပါများ၊ ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ဆိုင်းပစ်ခတ်ခဲ့ရာက တိုက်ပွဲစတင် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


 တိုက်ပွဲဖြစ်ပြီးနောက် PNLA က နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်သား

() ဦးထက်မနည်း သေဆုံးခဲ့ပြီး သေနတ် လက်၊ ကားတစ်စီးနဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ် လို့ ထုတ်ပြန်ထားပါတယ်။


ထို့အပြင် စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ ဆုတ်ခွာသွားရာ လမ်းတလျောက်ရှိ ပအိုဝ်း ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ကောလင်းမြို့နှင့် ကောလင်းမြို့ အနီးတစ်ဝိုက် ကျေးရွာများအား စကစတပ်များမှ နေ့စဥ်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်၍ အရပ်သားနေအိမ်များထိခိုက်ပျက်စီး


ဖေဖော်ဝါရီလ ၁၃ရက်။

ကောလင်းမြို့နှင့် ကောလင်းမြို့ အနီးတစ်ဝိုက် ကျေးရွာများအား စကစတပ်များမှနေ့စဥ်ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်၍ အရပ်သားနေအိမ်များထိခိုက်ပျက်စီးခဲ့တယ်လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးက ဖေဖော်ဝါရီ၁၃ရက်မှာ အသိပေးဆိုထားပါတယ်။


"စကစမှ ကောလင်းမြို့နှင့် ကောလင်းမြို့ အနီးတစ်ဝိုက် ကျေးရွာများအား မီးရှို့မှုများပြုလုပ်လျက်ရှိပြီး Drone အသုံးပြု၍ ဗုံးကျဲမှု ဝန်းသို ခမရ ၁၂၀ မှ ဟောင်ဝှစ်ဇာဖြင့် ပစ်ခတ်မှုများ နေ့စဥ်ပြုလုပ်လျက်ရှိနေတယ်"လို့ဆိုပါတယ်။


 ကောလင်းမြို့ အနောက်ဘက်ရှိ "ဘိုးဘွားရိပ်သာ" သို့ ဘိုးဘွားများရှိနေစဥ် စစ်ကောင်စီတပ် မှ Drone အသုံးပြု၍ ဗုံးကြဲမှုကို လုပ်ဆောင်ခဲ့ကြောင်း ကောလင်းပအဖက ဖော်ပြပါတယ်။


========================


🚩🚩 ၄။ ပေါက်ခေါင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ တပ်စွဲထားတဲ့ စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက် 


ဖေဖော်ဝါရီလ ၁၃ရက်။

ပဲခူးတိုင်းအနောက်ဘက်၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ပေါ်လံကြီး ကျေးရွာတွင် အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနထံမှ သိရပါတယ်။


ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်ခန့်ရှိ ၎င်းတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦး သေဆုံးခဲ့ပြီး () ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီတပ်က သေဆုံးအလောင်းများနဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကို ပေါက်ခေါင်းဘက်ကို ၎င်းတို့နဲ့ ပူးပေါင်းပြီး သစ်ခိုးထုတ်နေတဲ့ သစ်တင်ဖောကားဖြင့် သယ်ဆောင်သွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF) တပ်ခွဲ (တောဘုရင် အဖွဲ့) နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ (TPDF) အဖွဲ့တို့က ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မြို့လှအရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ဖြတ်တိုက်ခံရပြီး ၁၅ ဦးခန့် သေဆုံး


ဖေဖော်ဝါရီလ ၁၃ရက်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၅ ဦးခန့် သေဆုံးခဲ့ တယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ နာရီ ဝန်းကျင်မှာ မြို့လှမြို့ အရှေ့ဘက်ရှိ ကံလှကျေးရွာကို အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို သံတောင်မြောက်ပိုင်း (အထူး ဒေသ) တပ်မဟာ၂ ဦးကိုကြီးအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


ကံလှကို စစ်ကြောင်း ထိုးလာတာကို ဖြတ်တိုက်တာပါ။ သူတို့ဘက်က အကျအဆုံး များတယ်။ မျက်မြင်အရ ၁၅ ဦးလောက် ကျတယ်။ တိုက်ပွဲက နာရီ ၄၅ မိနစ်လောက် ကြာတယ်လို့ သံတောင် မြောက်ပိုင်း (အထူးဒေသ) တပ်မဟာ- ဦးကိုကြီးအဖွဲ့မှ ရဲဘော်ယုန်လေး ကပြောပါတယ်။


တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ရေတာရှည်မြို့နယ်၊ ရေနီဘက်မှ အင်အား ၇၀ ဝန်းကျင်ခန့်ပါတဲ့ စစ်ကူ စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ကူပေးရင်း တက်လာတာကြောင့် တော်လှန်ရေး တပ်ဖွဲ့က အသာစီး ရနေပေမယ့် ကျည်လုံလောက်မှု မရှိတာကြောင့် ပြန်ဆုတ်လာခဲ့ရတယ်လို့ ဆိုပါတယ်။


၎င်းတိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်အချို့ လက်နက်ကြီးကျည် ထိမှန်ကာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သေးတယ်လို့ ဆက်ပြောပါတယ်။


အထိနာသွားတဲ့ ၎င်းစစ်ကြောင်းနဲ့ စစ်ကူလာတဲ့ စစ်ကြောင်းတို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၁ ရက်၊ နာရီခန့်က ကံလှကျေးရွာကို မီးရှို့ဖျက်ဆီး ခဲ့တာကြောင့် နေအိမ် ၅၇ လုံးခန့် မီးလောင် ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment