14th FEB 2024 - Evening Daily News by Radio NUG


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းရန် ကြိုးစားအားထုတ်မှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တိုက်တွန်းချက်များကို ပြောင်ပြောင်တင်းတင်း မထေမဲ့မြင်ပြုခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၂။ ကရင်နီပြည်နယ်၊ ရှားတောမြို့နယ် စုစည်းရွာတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကို လူ့အခွင့်အရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်

📌 ၃။ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေအားလုံး နောင်တချိန်မှာ အပြစ်ပေး အရေးယူမှုတွေကို သေချာပေါက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးပြော

📌 ၄။ ချင်းပြည်အစိုးရ၊ ချင်းပြည်တရားလွှတ်တော်၊ ချင်းပြည်စာရင်းစစ်ချုပ်နှင့် ချင်းပြည်လွှတ်တော်ဖွဲ့စည်းခြင်းကို Chinland Council တွင် မပါသော လွတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

📌 ၅။ အကြမ်းဖက်စစ်တပ်မှာ စစ်မှုမထမ်းမနေရဆိုတဲ့ လုပ်ရပ်ဟာစစ်အာဏာရှင်စနစ်ဆိုးကို မြေလှန်ပစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ခိုင်မာစေခဲ့တယ်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဆို

📌 ၆။ ပြည်သူ့စစ်မှု့ထမ်းအမိန့်ကြော်ငြာချက်သည် နိုင်ငံတကာ အလုပ်သမား စံနှုန်းများကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစားလုပ်ပြီး စိန်ခေါ်ခြင်းဖြစ်တယ်လို့ CTUM ထုတ်ပြန်

📌 ၇။ စာသင်ကျောင်းများသည် စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ်ဟု ဆန္ဒထုတ်ဖော်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျောက်တော်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော်မှ မှတ်တမ်းဓာတ်ပုံများထုတ်ဖော်ပြသ

🚩 ၂။ ရခိုင့်တပ်တော်က စစ်သင်္ဘောတစင်းကို ထပ်မံသိမ်းပိုက်၊ () ရက်အတွင်း စစ်ရေယာဉ် () စင်း ဖျက်ဆီးနိုင်ခဲ့

🚩 ၃။ ဟုမ္မလင်းမြို့ရှိ စစ်တပ်က စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့သည့် လက်နက်ပို့ယာဥ်ကို ကာကွယ်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၍သိမ်းပိုက်

🚩 ၄။ စစ်ကောင်စီ တပ်နှင့်ရဲများ ထွက်ပြေးစဉ် စွန့်ပစ်ထားခဲ့သည့် လက်နက်များတွေ့ရှိပါက တစ်ပတ်အတွင်း အမြန်အပ်နှံရန် AA သတိပေးထုတ်ပြန်

🚩 ၅။ ရေဦးမြို့မှထွက်လာသော စစ်အုပ်စုအား ဒီပဲယင်းမြို့အဝင်တွင် Drone ဖြင့်တိုက်ခိုက်

🚩 ၆။ မြိုင်မြို့နယ်၊ သံပရာခြံရွာ အနောက်ဖျားတွင် ကာကင်းယူထားသော စကစများအား တိုက်ခိုက်ခဲ့

🚩 ၇။ ABSDF အမှတ် () စစ်ကြောင်းတွင် အခြေခံစစ်ပညာ အပတ်စဥ် () သင်တန်းဆင်း

🚩 ၈။ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ တရားဝင်ကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းရန် ကြိုးစားအားထုတ်မှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တိုက်တွန်းချက်များကို ပြောင်ပြောင်တင်းတင်း မထေမဲ့မြင်ပြုခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်


တရားမဝင်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းရန် ကြိုးစားအားထုတ်မှုသည် ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်မရှိရုံမျှမက  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တိုက်တွန်းချက်များကို ပြောင်ပြောင်တင်းတင်း မထေမဲ့မြင်ပြုခြင်းဖြစ်တယ်လို့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြည်သူများ၏ ဒီမိုကရေစီဆန္ဒမဲများဖြင့် ရွှေးကောက်တင်မြှောက်ခံထားရသည့် ပြည်ထောင်စုလွှတ်တော်အား ကိုယ်စားလှယ်ပြုသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားသော တရားမဝင်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းရန် ကြိုးစားအားထုတ်မှုသည် ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်မရှိရုံမျှမက အာဆီယံဘုံသဘော တူညီချက်များ အပါအဝင်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တိုက်တွန်းချက်များကို ပြောင်ပြောင်တင်းတင်း မထေမဲ့မြင် ပြုလိုက်သည့် လုပ်ရပ်ဖြစ်ကြောင်းဖော်ပြပါတယ်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မံကျူးလွန်ရန် အသင့် ရှိနေကြောင်း ထပ်မံဖော်ပြလိုက်သည့် သက်သေသာဓကလည်း ဖြစ်တယ်လို့ဆိုပါတယ်။

နောက်ဆက်တွဲရလာဒ်အဖြစ် ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင် သည့် အခြေအနေကို ထပ်လောင်း ဖန်တီးလိုက်ခြင်းပင်ဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံ၊ ဒေသတွင်းနိုင်ငံ များနှင့် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်အသီးသီးအား အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကို ထိရောက် စွာ တားဆီးနိုင်မည့် အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ပါရန် တိုက်တွန်းအပ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၂။ ကရင်နီပြည်နယ်၊ ရှားတောမြို့နယ် စုစည်းရွာတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကို လူ့အခွင့်အရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်


ကရင်နီပြည်နယ်၊ ရှားတောမြို့နယ် စုစည်းရွာမှ အမျိုးသမီး၊ မသန်စွမ်းနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူ () ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး၍ () ဦး အား အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် လူ့အခွင့်ရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့ ညနေပိုင်းတွင် ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ဘက်သို့ အကြမ်းဖက်စစ်အုပ်စုမှ အင်အား (၆၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး စုစည်းရွာ တောင်ပိုင်းမှ စစ်ဘေးရှောင်ပြည်သူ () ဦးကို လက်ပြန်ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။

ထိုကဲ့သို့ သတ်ဖြတ်ခံရသူများမှာ အကြမ်းဖက်စစ်အုပ်စု၏ ၂၄၉ တပ်ရင်းမှ တပ်ရင်းမှူး၏ အမိန့်ပေးခိုင်းစေချက်ဖြင့် ကျုးလွန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေအားလုံး နောင်တချိန်မှာ အပြစ်ပေး အရေးယူမှုတွေကို သေချာပေါက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးပြော


စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေအားလုံး နောင်တချိန်မှာ အပြစ်ပေး အရေးယူမှုတွေကို သေချာပေါက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ လူ့အခွင့်ရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်က ဆိုရှယ်မီဒီယာမှာ ပြောကြားလိုက်ပါတယ်။

"ကျနော့်အနေနဲ့ စစ်မြေပြင်မှာ ဦးဆောင်နေတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ တပ်ခွဲမှူး စတဲ့စစ်ရေးဘက်မှာ ဦးဆောင်နေကြတဲ့ တော်လှန်ရေးရဲဘော်ရဲဘက်တွေနဲ့ တွေ့တဲ့အခါ လက်ရှိ စစ်ကောင်စီက ပြည်သူအပေါ် ကျနော်တို့ရဲဘော်ရဲဘက်တွေအပေါ် လူမဆန်စွာ ကျူးလွန်သတ်ဖြတ်ခဲ့တာတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေမေးကြပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီကျူးလွန်မှုတွေအားလုံး နောင်တချိန်မှာ အပြစ်ပေး အရေးယူမှုတွေကို သေချာပေါက်လုပ်သွားမှာဖြစ်တယ်။ လက်ရှိကျနော်တို့ လက်နက်ကိုင်တပ်တွေအားလုံးဟာ အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုအတွက် တပ်မတော်တစ်ရပ်အနေနဲ့လဲ တည်ဆောက်သွားမှာ ဖြစ်တယ်။ လက်ရှိပျက်စီးယိုယွင်းနေတဲ့ စကစ တပ်နေရာမှာ အစားထိုးသွားမှာ ဖြစ်တယ်။ကျွန်တော်တို့က အခုကတည်းက စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ စစ်ဥပဒေတွေကို သေချာလိုက်နာဖို့ လိုတယ်။ စကစက လုပ်တဲ့အတိုင်း ကျွန်တော်တို့လိုက်လုပ်လို့ မရဘူး၊ ဒါကို ကျွန်တော်တို့သည်းခံနိုင်ရမယ်" လို့ ဆိုပါတယ်။

အကြမ်းဖက်စကစနဲ့စစ်အုပ်စုဟာ လူပေါင်းလေးထောင်းကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း နှစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၄။ ချင်းပြည်အစိုးရ၊ ချင်းပြည်တရားလွှတ်တော်၊ ချင်းပြည်စာရင်းစစ်ချုပ်နှင့် ချင်းပြည်လွှတ်တော်ဖွဲ့စည်းခြင်းကို Chinland Council တွင် မပါသော လွတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်


Chinland Council က ဖွဲ့စည်းထားသော ချင်းပြည်အစိုးရ၊ ချင်းပြည်တရားလွှတ်တော်၊ ချင်းပြည်စာရင်းစစ်ချုပ်နှင့် ချင်းပြည် လွှတ်တော်ဖွဲ့စည်းခြင်းကို ကန့်ကွက်ကြောင်း Chinland Council မှာ မပါတဲ့ လွှတ်တော်ကိုယ်စားလှယ်များက ဖေဖော်ဝါရီလ (၁၃) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

Chinland Council အနေနဲ့ အခုလိုဖွဲ့စည်းလိုက်တာကြောင့် ပြည်တွင်းပြည်ပမှာရှိတဲ့ ချင်းပြည်သူလူထုကြား စည်းလုံး ညီညွတ်မှုပြိုကွဲစေပြီး ပြည်သူတွေ ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တက်ရောက်ခွင့် ပြည်သူ့ Mandate ကို အာဏာရှင်ဆန်စွာ ဖျက်ဆီးပိတ်ပင်ဟန့်တားရာရောက်တဲ့အတွက် ကန့်ကွက်ရတာလို့ Chinland Council တွင် မပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ချင်းပြည်လွှတ်တော်ကို ပြည်သူလူထုက ရွေးချင်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သာ ဖွဲ့စည်းခွင့်ရှိပြီး မည့်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကမှ ဖွဲ့စည်းခွင့်မရှိသလို စစ်ကောင်စီနဲ့ပူးပေါင်းဆောင် ရွက်ခြင်းမရှိတဲ့ ပြည်သူ လူထုက တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တက်ရောက်ပိုင်ခွင့်ကိုလည်း မဲဆန္ဒရှင်ပြည်သူ လူထုကလွဲပြီး မည်သည့်အဖွဲ့အစည်း၊ မည့်သည့်လူပုဂ္ဂိုလ်ကမှ တားဆီးပိုင်ခွင့်မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်မှာ (၂ဝ၂ဝ) ပြည့်နှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်ခံရတဲ့ ပြည်နယ်လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၃၉) ဦးရှိတယ်လို့ သိရပါတယ်။

ဒီကိုယ်စားလှယ်တွေထဲက အချို့ဟာ စစ်ကောင်စီထံမှာ အညံ့ခံခဲ့ပေမယ့် အများစုဟာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော် ချင်းပြည်လွှတ်တော်ကို ဖွဲ့စည်းရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် () ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၀) ဦး စုစုပေါင်း (၁၅) ဦးနဲ့ဖွဲ့စည်းလိုက်တာဟာ ဒီမိုကရေစီစံနှုန်းကို ဆန့်ကျင်ရာရောက်တဲ့အပြင် အာဏာရှင်ဆန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့လည်း Chinland Council မှာ မပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်မှာ စစ်မှုမထမ်းမနေရဆိုတဲ့ လုပ်ရပ်ဟာစစ်အာဏာရှင်စနစ်ဆိုးကို မြေလှန်ပစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ခိုင်မာစေခဲ့တယ်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဆို


အကြမ်းဖက်စစ်တပ်မှာ စစ်မှုမထမ်းမနေရဆိုတဲ့ လုပ်ရပ်ဟာ စစ်အာဏာရှင်စနစ်ဆိုးကို မြေလှန်ပစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ခိုင်မာစေခဲ့တယ်လို့ ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဆိုရှယ်မီဒီယာမှာ အသိပေးရေးသားထားပါတယ်။

"ဒီ အကြမ်းဖက်စစ်တပ်မှာ စစ်မှုမထမ်းမနေရ ဆိုတဲ့ လုပ်ရပ်ဟာ ဒီ စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ကနေ မြေလှန်ပစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အခိုင်မာဆုံး ဖြစ်စေခဲ့တယ်" လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ (၂၀၁၀) ပြည့်နှစ်က ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်က အတည်ပြုသတ်မှတ်ပါတယ်။

၄င်းသတ်မှတ်ချက်အရ အမျိုးသားဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး၍ အသက် (၃၅) နှစ် မပြည့်သေးသောသူကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး၍ အသက် (၂၇) နှစ် မပြည့်သေးသောသူကို လည်းကောင်း စစ်မှုထမ်းရမယ်လို့ ဖော်ပြပါရှိပါတယ်။


========================


📌📌 ၆။ ပြည်သူ့စစ်မှု့ထမ်းအမိန့်ကြော်ငြာချက်သည် နိုင်ငံတကာ အလုပ်သမား စံနှုန်းများကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစားလုပ်ပြီး စိန်ခေါ်ခြင်းဖြစ်တယ်လို့ CTUM ထုတ်ပြန်


ပြည်သူ့စစ်မှု့ထမ်း အမိန့်ကြော်ငြာချက်သည် နိုင်ငံတကာ အလုပ်သမား စံနှုန်းများကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစားလုပ်ပြီး စိန်ခေါ်ခြင်းဖြစ်တယ်လို့ ဖေဖော်ဝါရီ (၁၃) ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - CTUM က အသိပေးဖော်ပြလိုက်ပါတယ်။

ပြည်သူ့စစ်မှု့ထမ်းအမိန့်ကြော်ငြာချက်သည် နိုင်ငံတကာ အလုပ်သမား စံနှုန်းများကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစားလုပ်ပြီး စိန်ခေါ်ခြင်းဖြစ်ပြီး CTUM အနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် - ITUC နှင့် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်-Global Unions များအား တိုက်တွန်းတောင်းဆိုထားသည်မှာ  အကြမ်းဖက် စစ်ကောင်စီ အပေါ် အရေးယူမှုကို ILO (၂၀၂၄) ခုနှစ် ဇွန်လတွင် ပြုလုပ်မည့် International Labor Conference - ILC ကို မစောင့်ဘဲ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပြုလုပ်မည့် ILO Governing Body အုပ်ချုပ်ရေးအဖွဲ့တွင် ILO ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ (၃၃) ကို အမြန်ဆုံး အတည်ပြုပေးရန် ဖြစ်တယ်" လို့ ဆိုပါတယ်။

မင်းအောင်လှိုင်အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ ကျရှုံးနေမှန်း သိလျက်နှင့် တိုင်းပြည်၏ အခြေခံအုတ်မြစ်များကို မီးရှို့ဖျက်စီးပြီး လောင်တိုက်သွင်းနေသည့် ၎င်းတို့၏အားထုတ်မှုအား  ဖြိုခွင်းရန်အတွက်  အားလုံး စည်းလုံးညီညွတ်ကြရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - CTUM က ဖော်ပြပါတယ်။


========================


📌📌 ၇။ စာသင်ကျောင်းများသည် စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ်ဟု ဆန္ဒထုတ်ဖော်


ရန်ကုန်မြို့တော်မှာရှိတဲ့ အခြေခံပညာစာသင်ကျောင်းတွေနဲ့ Bus ကားတွေပေါ်အပါအဝင် နေရာအနှံ့မှာ "စာသင်ကျောင်းများသည် စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံ မဟုတ်" ဟူသော စာများရေးသားတဲ့ စာရွက်များ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း- SC Strike က ထုတ်ပြန်ထားပါတယ်။ 

ဖေဖော်ဝါရီလ (၁၃) ရက် ကလေးများနေ့မှာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း - SC Strike က ဦးဆောင်ပြီး ရန်ကုန်မြို့ရှိ စာသင်ကျောင်းများ၊ Bus ကားတွေပေါ်နဲ့ နေရာအနှံ့အပြားမှာ "စာသင်ကျောင်းများသည် စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံ မဟုတ်။ ငါတို့ကလေးတွေကို စစ်လေယာဉ်တွေ သုံးပြီး သတ်နေတယ်။ ခင်ဗျားတို့ရပ်ကြည့်နေမှာလား" စသည့်ရုပ်ပုံများ ကိုင်ဆောင်ကာ လှုံ့ဆော်မှုပြုလုပ်ခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး Sticker များကပ်ခြင်းတို့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ယခုလဆန်းပိုင်းမှာ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်နဲ့ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့တို့မှာ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးတွေနဲ့ စာသင်ကျောင်းများ၊ လူနေအိမ်များအနီးဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်များအပါဝင် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတာ ရှိပါတယ်။ 

နိုင်ငံအနှံ့မှာ စစ်ကောင်စီတပ်တွေက အပြစ်မဲ့အရပ်သားပြည်သူတွေနဲ့ ကလေးသူငယ်များ၊ စာသင်ကျောင်းများ၊ ကျေးရွာများ လူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ကို ရရာနည်းလမ်းနဲ့ အမြစ်ဖြတ်တော်လှန်ကြဖို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း - SC Strike က မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ကျောက်တော်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော်မှ မှတ်တမ်းဓာတ်ပုံများထုတ်ဖော်ပြသ


ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီလို့ ဖေဖော်ဝါရီ (၁၃) ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ မှတ်တမ်းဓာတ်ပုံများထုတ်ဖော်ပြသပြီး တရားဝင်အသိပေးလိုက်ပါတယ်။

"ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများရှေ့တွင် တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ"လို့ မှတ်တမ်းပုံနှင့်တကွ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်ရှိ အမှတ် () စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှေ့၊ ရဲတပ်ဖွဲ့မှူးရုံး၊ မြန်မာ့ဆက်သွယ်ရေးရုံး၊ ကမ္ဘာ့ရတနာဘဏ်၊ သမဝါယမ မြို့နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) မြို့နယ်တရားရုံး၊ အလုပ်သမားဝန်ကြီးဌာန မြို့နယ်ရုံး၊ မြို့နယ်စည်ပင်သာယာရုံး၊ ကစ္ဆပနဒီတံတားနေရာများတွင် ရက္ခိုင့်တပ်တော်ရဲဘော်များနှင့်အတူ အောင်လံများလွှင့်ထူ၍ ထုတ်ဖော်ပြသခဲ့ပါတယ်။

ဇန်နဝါရီလ (၁၆) ရက်၊ မနက် (၁၀) နာရီကျော်အချိန်က ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် ခမရ (၅၃၉)တပ်ရင်း ကို ရက္ခိုင့်တပ်တော်(AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား အင်အား (၃၀၀) ခန့်မှာ လက်နက်အပြည့်အစုံဖြင့် လက်နက်ချ အညံ့ခံခဲ့တဲ့အတွက် ဖေဖော်ဝါရီလအတွင်းမှာ မြို့တခုလုံးကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ရခိုင့်တပ်တော်က စစ်သင်္ဘောတစင်းကို ထပ်မံသိမ်းပိုက်၊ () ရက်အတွင်း စစ်ရေယာဉ် () စင်း ဖျက်ဆီးနိုင်ခဲ့


တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ဒေသမှာ ရခိုင့်တပ်တော် AA က စစ်သင်္ဘောတစင်းကို ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် () ရက်အတွင်း စစ်ကောင်စီရေယာဉ် () စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် () ဖွဲ့က အသိပေး ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကဖြစ်ခဲ့တဲ့ ရေကြောင်းတိုက်ပွဲသတင်းထုတ်ပြန်ရာမှာ အဲ့ဒီလို အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

မင်းပြားမြို့နယ် သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘောတစင်းကို ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော်ကလည်း ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါသေးတယ်။ 

ဖေဖော်ဝါရီ (၁၂) ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ပုလဲပေါက်ကျေးရွာအနီး ရေကြောင်းတိုက်ပွဲမှာ မြစ်ကြောင်းတလျှောက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နှစ်ရှည်လများ ပစ်ခတ်ဒုက္ခပေးနေတဲ့ စစ်ကောင်စီ စစ်သင်္ဘောတစင်းကို ရခိုင့်တပ်တော်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ 

ဖေဖော်ဝါရီလ () ရက်နှင့် () ရက်နေ့တွေမှာလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီ စစ်သင်္ဘော () စင်းနဲ့ ဇက်သင်္ဘောတစင်းကို ရခိုင့်တပ်တော်က အပြတ်အသတ် ချေမှုန်းတိုက်ခိုက်ခဲ့တာကြောင့် အဆိုပါ သင်္ဘော () စင်းစလုံး မီးလောင်ပျက်စီးကာ ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့တဲ့အပြင် လက်နက်ခဲယမ်းအချို့ကို လည်း သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီ () ရက်ကနေ (၁၃) ရက်အထိ ခြောက်ရက်တာ ရေကြောင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ စစ်သင်္ဘော () စင်းနဲ့ ဇက်သင်္ဘော () စင်းကို ရခိုင့်တပ်တော်က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သလို အခြားစစ်သင်္ဘော () စင်းကိုလည်း ရေချလို့မရနိုင်တဲ့အထိ ပျက်စီးသွားအောင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် () ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ဟုမ္မလင်းမြို့ရှိ စစ်တပ်က စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့သည့် လက်နက်ပို့ယာဥ်ကို ကာကွယ်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၍သိမ်းပိုက်


အဆိုပါစစ်ရေးသတင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဖေဖော်ဝါရီ (၁၄) ရက်မှာ အတည်ပြုဖော်ပြပါတယ်။

"တမူးမြို့နယ်၊ အောင်ဇေယျ စစ်စခန်းမှ ဆုတ်ခွာလာသည့် အကြမ်းဖက်စစ်တပ် အမှတ် (၈၉) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့များထံသို့ ဟုမ္မလင်းမြို့ရှိ စစ်တပ်က စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့သည့် လက်နက်ပို့ယာဥ်ကို အမှတ် () စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များက (၂၀၂၄) ခုနစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကြားဖြတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်" လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ကာကွယ်ရေးဘက်မှ ထိခိုက်ဆုံးရှုံးမှုမရှိဘဲ ရန်သူ့ထံမှ အလောင်း () လောင်း၊ ပစ္စတို () လက်၊ စက်သေနတ် () လက်၊ လက်နက်ငယ် () လက်၊ RPG ဗုံးသီး (၁၂) လုံး၊ .၆၂ ကျည် (,၇၀၀) တောင့်၊  .၅၆ ကျည် (၁၁,၉၀၀) တောင့်၊  ကာဘိုင်ကျည် (၉၈၀) တောင့်၊ သုံးမျိုးကျည် (၁၇၀) တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီ တပ်နှင့်ရဲများ ထွက်ပြေးစဉ် စွန့်ပစ်ထားခဲ့သည့် လက်နက်များတွေ့ရှိပါက တစ်ပတ်အတွင်း အမြန်အပ်နှံရန် AA သတိပေးထုတ်ပြန်


စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးချိန်မှာ လက်နက်ခဲယမ်းတွေကို စွန့်ပစ်ခြင်း၊ ဝှက်ထားခြင်းများပြုလုပ်ခဲ့တဲ့အတွက် အဆိုပါ လက်နက်ခဲယမ်းတွေကို တွေ့ရှိခဲ့လျှင် တစ်ပတ်အတွင်း အမြန်ဆုံးလာရောက်အပ်နှံကြဖို့ ရခိုင်တပ်တော် AA က ဖေဖော်ဝါရီ (၁၃) ရက်မှာ အထူးသတိပေးချက် တစောင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

AA အနေနဲ့ ရခိုင်ဒေသနဲ့ ပလက်ဝဒေသအတွင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ဗျူဟာစခန်းကြီးများ၊ တပ်ရင်းဌာနချုပ်၊ တပ်မ ဌာနချုပ်၊ နယ်ခြားစောင့်တပ်စခန်းများ၊ ရဲတပ်ရင်းများနဲ့ ရဲစခန်းများကို တခုမှမကျန်အောင် တိုက်ခိုက်ချေမှုန်းသွားဖို့ ရည်မှန်းထားတဲ့အတိုင်း (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာ (၁၃) ရက်ကစပြီး စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းတွေကို တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်ရရှိထားကာ လက်ကျန်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ 

စစ်ရှုံး စစ်ကောင်စီစစ်သားများ၊ ရဲတပ်သားများဟာ ၎င်းတို့၏စခန်းတွေကို စွန့်ခွာပြီး အိမ်နီးနားချင်းနိုင်ငံများဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံများဘက်သို့ ထွက်ပြေးခဲ့ကြသလို ရေကြောင်းတိုက်ပွဲများတွင်လည်း စစ်သင်္ဘော၊ ဇက်သင်္ဘောများပေါ် က အသက်လုထွက်ပြေးနေကြရသကဲ့သို့ ရပ်ရွာများအတွင်းမှာလည်း အရပ်ဝတ်တွေဝတ်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ပြေး နေကြတယ်လို့ အသိပေးထားပါတယ်။

ထိုသို့ ထွက်ပြေးရာမှာ ၎င်းတို့အနေနဲ့ လက်နက်ခဲယမ်းတွေကို ဖျက်ဆီးထားခဲ့သလို ထွက်ပြေးချိန်မှာလည်း တကိုယ်စာ ယူဆောင်သွားကြတဲ့ လက်နက်ခဲယမ်းတွေကို တောတောင်၊ ချောင်းမြောင်း၊ လျှိုမြောင်တို့မှာ လွှင့်ပစ်ခဲ့တာ၊ မြေကြီးထဲ မြှုပ်နှံထားခဲ့ကြတာကို ဖမ်းဆီးရမိထားတဲ့သုံ့ပန်းတွေရဲ့ဖော်ထုတ်ချက်အရ ရှာဖွေရရှိခဲ့တာတွေရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။  

AA တပ်ဖွဲ့ဝင်တွေ မရောက်နိုင်သေးတဲ့နေရာတွေ၊ ရှာဖွေလို့မတွေ့တာတွေကြောင့် လက်နက်ခဲယမ်းတွေ ရှိနေနိုင်သေးတဲ့ အတွက် အဆိုပါစွန့်ပစ်ထားတဲ့ လက်နက်ခဲယမ်းတွေတွေ့ရှိခဲ့ရင် နီးစပ်ရာရခိုင်တပ်တော်စခန်းတွေနဲ့ အာရက္ခပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများထံမှာ အပ်နှံနိုင်တယ်လို့ ဆိုပါတယ်။

လာရောက်အပ်နှံတဲ့ လက်နက်ခဲယမ်း အဆိုးအကောင်းပေါ်မူတည်ပြီး ထိုက်သင့်တဲ့ဆုငွေ ချက်ချင်း ချီးမြှင့်ပေးမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့ပြင် AA ထိန်းချုပ်ရာနယ်မြေက သာမန်အရပ်သားပြည်သူတွေကို လက်နက်ခဲယမ်းကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းတွေ လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သတိပေးထားပါသေးတယ်။

ဒါကြောင့် လက်နက်ကိုင်ဆောင်ထားသူတွေအနေနဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ (၁၂) နာရီ နောက်ဆုံးထားအပ်နှံကြရန်နှင့် သတ်မှတ်ထားတဲ့ရက်အတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ ဖုံးဝှက်ထားတာကို စစ်ဆေးတွေ့ရှိခဲ့လျှင် ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူမှာဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က သတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ရေဦးမြို့မှထွက်လာသော စစ်အုပ်စုအား ဒီပဲယင်းမြို့အဝင်တွင် Drone ဖြင့်တိုက်ခိုက်


ဖေဖော်ဝါရီ (၁၃) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် ဒီပဲယင်းမြို့သို့ ဝင်ရောက်လာသော အင်အား (၈၀) ခန့်ရှိ စစ်အုပ်စုကို ဒီပဲယင်းမြို့ အဝင် စစ်ဆေးရေးဂိတ်အရောက်တွင် တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း YE-U PDF က အတည်ပြုပါတယ်။

"ဖေဖော်ဝါရီ (၁၃) ရက်နေ့မှာ ဒီပဲယင်းမြို့သို့ ဝင်ရောက်လာသော အင်အား (၈၀) ခန့်ရှိ စစ်အုပ်စုကို ဒီပဲယင်းမြို့အဝင် စစ်ဆေးရေးဂိတ်အရောက်တွင် ဗုံးသီး () လုံး၊ စာရင်းစစ်ရုံးအနီး ရောက်ရှိနေစဉ် ဗုံးသီး () လုံးချ၍ မိမိတို့ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း၊ ရေဦး PDF မှ Drone များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်" လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွင် စစ်အုပ်စုရှိရာနေရာသို့ ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ပြီး အထိအခိုက်အကျအဆုံးအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ မြိုင်မြို့နယ်၊ သံပရာခြံရွာ အနောက်ဖျားတွင် ကာကင်းယူထားသော စကစများအား တိုက်ခိုက်ခဲ့


မြိုင်မြို့နယ်၊ သံပရာခြံရွာ အနောက်ဖျားတွင် ကာကင်းယူထားသော စကစများအား တိုက်ခိုက်ခဲ့ရာ စကစတပ်က () ဦးသေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

မြိုင် ပကဖတပ်ဖွဲ့ဟာ ခရိုင်တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍  ဖေဖော်ဝါရီ (၁၃) ရက်၊ (၁၂:၃၅) နာရီအချိန်တွင် ကန်နီသို့ ရိက္ခာပို့လာသော စကစစစ်ကြောင်းနှင့် ထိတွေ့မှု မိနစ် (၃၀) နီးပါးဖြစ်ပွားခဲ့တယ်လို့ အတည်ပြုပါတယ်။

ဖြစ်စဉ်မှာ မြိုင်မြို့နယ် သံပရာခြံရွာ အနောက်ဖျားတွင် ကာကင်းယူထားသော စကစများအား တိုက်ခိုက်ခဲ့ရာ စကစတပ်က () ဦးသေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး RPG အဖူး () ဖူး၊ RPG ပို့ယမ်း () ခု၊ Enquament  () ခု၊ ပစ္စတိုထည့်အိတ် () ခု၊ MA ကျည်ဘောက် () ခု၊ MA ကျည် (၉၆) တောင့်၊ ဓားရှည် () ချောင်း၊ စစ်သုံးကျောပိုးအိတ် () လုံး စစ်သုံးမိုးကာ အင်္ကျီ () ထည် သိမ်းဆည်းရမိခဲ့ပါတယ်။ ထိတွေ့မှုအတွင်း မိမိတို့တပ်ဖွဲ့ဝင် တစ်ဦး ကျည်ရှပ်မှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း၊ တပ်စု၊ တပ်စိတ်များနှင့် ပခုက္ကူခရိုင် တပ်ရင်း (///၁၇) တို့က အတူတကွ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၇။ ABSDF အမှတ် () စစ်ကြောင်းတွင် အခြေခံစစ်ပညာ အပတ်စဥ် () သင်တန်းဆင်း


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ကျောင်းသားတပ်မတော် အမှတ် () စစ်ကြောင်းတွင် အမှတ်စဥ် (/၂၀၂၃) အပတ်စဥ် () အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ (၁၃) ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲတွင် အဆိုတော် ကိုလင်းလင်း နှင့် မချစ်သုဝေတို့မှ ပေးပို့သော နိုင်ငံတကာရုပ်ရှင်ဆုများရရှိထားသော " The Way " ရုပ်ရှင်ဇာတ်ကားကိုပါ ပြသခဲ့တယ်လို့ သတင်းရရှိပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ကျောင်းသားတပ်မတော်သည် စစ်အာဏာရှင်ပြုတ်ကျရေးအတွက်လက်နက်ကိုင် ခုခံတွန်းလှန်လျက် ရှိနေပါတယ်။


========================


🚩🚩 ၈။ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ တရားဝင်ကြေညာ


စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့အတွက် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံရေးစစ်ရေးဦးဆောင် အဖွဲ့က ဖေဖော်ဝါရီ (၁၄) မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ NCA စာချုပ် သဘောတူညီချက်များအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ () ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် မိမိတို့ မျှော်မှန်းထားတဲ့ရလဒ်တွေမရခဲ့ဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ အကျဉ်းချသတ်ဖြတ်မှုတွေ နေ့စဥ်ကျူးလွန်နေတာကို မွန်ပြည်နယ်မှာလည်း ကြုံတွေ့နေရတယ်လို့ အသိပေးထားပါတယ်။

အထူးသဖြင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့မှာ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာတဲ့အတွက် အကြမ်းဖက် စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ မဖြစ်နိုင်တော့ဘူးလို့ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့- မွန်ပြည်သစ်ပါတီက ပြောပါတယ်။ 

မိမိတို့လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် နိုင်ငံ၏ အာဏာကို အဓမ္မသိမ်းယူထားတဲ့ စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ယုံကြည်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီကြတဲ့ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ်ဗိုလ်၊တပ်မှူး၊အကြပ်တပ်သားများ၊ မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။ 

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် မှုကိုကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများလိုလားတောင့်တနေတဲ့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်၊ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက် သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။  

မွန်ပြည်သစ်ပါတီဟာ မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းသည့်ရည်ရွယ်ချက်နဲ့ ၁၉၉၅ ခုနှစ်ကစပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) ဦးသိန်းစိန်အစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များရယူခဲ့ပြီး NLD အစိုးရလက်ထက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် -NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တခုဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment