17th FEB 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကမ္ဘာထိပ်သီးခေါင်းဆောင်တွေနဲ့အတူ မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်စကားပြောမယ်

📌 ၂။ အကြမ်းဖက်စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအကူအညီများအပေါ် ပိတ်ဆိုထားသည့်အတွက် ကလေးငယ်များနှင့် ထိရှလွယ်အုပ်စုတို့ စားနပ်ရိက္ခာရှားပါးမှုနှင့်အာဟာရချို့တဲ့မှုအန္တရာယ် ရင်ဆိုင်နေရဟု ဦးကျော်မိုးထွန်း ပြော 

📌 ၃။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအစီအစဉ်ဖြင့် မော်တော်ယာဉ်လိုင်း ပြေးဆွဲ

📌 ၄။ မင်းတပ်ဒေသခံ () ဦးအပါအဝင် ချင်းလူမျိုး () ဦး ထောင်တသက်နဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မောင်တောရှိ ဘောဓိကုန်းစခန်းကို (၂၄) နာရီအတွင်း သိမ်းပိုက်၊ ရင်ဆိုင်တိုက်ပွဲများတွင် စစ်တပ်ဘက်က ၃ဝ ဦးသေဆုံး

🚩 ၂။ စစ်တပ်ထောက်ပို့ရေယာဉ်ကို တိုက်ခိုက်မှု စစ်သား () ဦးသေဆုံးကာ (၁၅) ဦးထက်မနည်း ဒဏ်ရာရ

🚩 ၃။ မအီမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ရွှေ့ပြောင်း 

🚩 ၄။ ကောလင်းမြို့ရှိ မီးလောင်လွယ်သောအိမ်များကို စစ်ကောင်စီ မီးစရှို့ 

🚩 ၅။ ဆီဆိုင်မြို့တွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တဦးကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကမ္ဘာထိပ်သီးခေါင်းဆောင်တွေနဲ့အတူ မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်စကားပြောမယ်


မြူးနစ်လုံခြုံရေးညီလာခံ ဆိုတာ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ကြတဲ့၊ (၁၉၆၃) ခုနှစ်က စတင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ညီလာခံ ဖြစ်ပါတယ်။

ယခု (၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်ကနေ (၁၈) ရက်နေ့အထိ ဂျာမဏီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ အဲ့ဒီ နှစ် (၆၀) ပြည့် ထိပ်သီးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါ် ဇင်မာအောင်လည်း တက်ရောက်နေပါတယ်။

ဒေါ်ဇင်မာအောင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် အခမ်းအနားမှူးလုပ်တဲ့ စကားဝိုင်းမှာ အီရန်၊ ဘီလာရုဇ်က အမျိုးသမီးအတိုက်အခံခေါင်းဆောင်တွေနဲ့အတူ "လူထုခုခံတော်လှန်မှု၏အသံ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောဆိုဆွေးနွေးကြမှာ ဖြစ်ပါတယ်။ 

ဂျာမဏီရောက် မြန်မာ့အရေးလှုပ်ရှားသူတဦးက မှတ်ချက်ပေးတာကတော့ - နွေဦးပြည်သူတွေ ရဲ့ အသံကို ကိုယ်စားပြုလို့ ပြည်သူ့အစိုးရတစ်ရပ် ရဲ့ နိင်ငံတကာ စာမျက်နှာပေါ် တိတိလင်းလင်းဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်အရောက် လှမ်းနိုင်ကြဖို့  ပြည်တွင်းပြည်ပ တာဝန်သိသူ၊ တာဝန်ရှိတယ်လို့  ခံယူထားကြသူများရဲ့ လုပ်နိုင်စွမ်းသမျှ ကြိုးစားဆောင်ရွက်နေကြတဲ့ အားထုတ်မှုရဲ့ အသီးအပွင့်တွေပဲ ဖြစ်ပါတယ်လို့ ပြောလိုက်ပါတယ်။

ဒေါ်ဇင်မာအောင်ဟာ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ မြူးနစ်မှာ မြန်မာကွန်မြူတီနဲ့ တွေ့ပါမယ်။ ပြီးရင် ဖရန်ဖွတ်ကို ခရီးဆက်ပါမယ်။ (၂၀) ရက်နေ့မှာ ဖရန့်ဖွတ်၊ ဂေါသဲဆေးတက္ကသိလ်မှာ စကားဝိုင်းတခု တက်ရောက်မယ်။ ပြီးရင် မြန်မာကွန်မြူနတီနဲ့ တွေ့ပါမယ်။ ပြီးမှ ပြင်သစ်ကို ခရီးစဉ်ဆက်မယ်လို့ သိရပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအကူအညီများအပေါ် ပိတ်ဆိုထားသည့်အတွက် ကလေးငယ်များနှင့် ထိရှလွယ်အုပ်စုတို့ စားနပ်ရိက္ခာရှားပါးမှုနှင့်အာဟာရချို့တဲ့မှုအန္တရာယ် ရင်ဆိုင်နေရဟု ဦးကျော်မိုးထွန်း ပြော 

 

အကြမ်းဖက်စစ်တပ်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် ဆက်လက်ပိတ်ဆို့ တားမြစ်ထားတာကြောင့် နေရပ်စွန့်ခွာသူများနှင့် ကလေးငယ်များအပါအဝင် ထိရှလွယ်သောအုပ်စုဟာ စားနပ်ရိက္ခာရှားပါးမှုနှင့်အာဟာရ ချို့တဲ့မှုတို့ကြောင့် ဆိုးရွားသော ကျန်းမာရေးအန္တရာယ်များကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။ 

လုံခြုံရေးကောင်စီက လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အဟန့်အတားမရှိစေရေး တောင်းဆိုထားပြီးဖြစ်ပေမယ့် အကြမ်းဖက်စစ်တပ်က ဆက်လက်ပိတ်ဆို့ တားမြစ်ထားတာကြောင့် သံအမတ်ကြီးက အခုလို ပြောဆိုလိုက်တာပါ။ 

နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကကျင်းပတဲ့ The Impact of Climate Change and Food Insecurity on the Maintenance of International Peace and Security ခေါင်းစဉ်နဲ့ကျင်းပတဲ့ တံခါးဖွင့်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုနဲ့ မိုးခေါင်ရေရှားမှုအပါအဝင် ပြင်းထန်သော ရာသီဥတုနှင့်ဆက်နွယ်သည့်ဖြစ်ရပ်များ၊ အန္တရာယ်များ အချိန်မရွေးရင်ဆိုင်ရနိုင်သော နိုင်ငံတနိုင်ငံဖြစ်တယ်လို့လည်း အသိပေးခဲ့ပြီး အခုလိုထိရှလွယ်မှုများတဲ့အခြေအနေမှာ စစ်အာဏာသိမ်းမှုနဲ့အတူ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိခဲ့တယ်လို့လည်း ၎င်းက ဆိုပါတယ်။  

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းကြိုးပမ်းမှုနဲ့ တရားဥပဒေစိုးမိုးရေးပျက်ပြားမှုတို့ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့  လူပေါင်း (၁၉) သန်းနီးပါးဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အထူးလိုအပ်နေတယ်လို့လည်း မြန်မာသံအမတ်က ထောက်ပြထားပါတယ်။

၎င်းတို့အနက်မှ ကလေးသူငယ်ပေါင်း () သန်းခန့်ဟာ အသက်အရွယ်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု မဆောင်ရွက်နိုင်ခြင်း၊ ပညာသင်ကြားခွင့်မရရှိခြင်း၊ စားနပ်ရိက္ခာလုံလောက်စွာ မရရှိခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့ကို ရင်ဆိုင်နေတယ်လို့လည်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ခုလိုအခြေအနေမှာ အကြမ်းဖက်စစ်တပ်က လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် ဆက်လက်ပိတ်ဆို့ တားမြစ်ထားတာကြောင့် နေရပ်စွန့်ခွာသူများ၊ အထူးသဖြင့် ကလေးငယ်များအပါအဝင် ထိရှလွယ်သောအုပ်စုများဟာ စားနပ်ရိက္ခာရှားပါးမှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် ဆိုးရွားသောကျန်းမာရေးအန္တရာယ်များကို ရင်ဆိုင်နေရပြီလို့လည်း ရှင်းပြထားပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်း (အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်နေသူများ) အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အမှန်တကယ်လိုအပ်နေတဲ့ ပဋိပက္ခဒဏ်သင့်ဒေသများက ပြည်သူများ လက်ဝယ်သို့ အကူအညီများ ရောက်ရှိစေရန် လုပ်ဆောင်ပေးသင့်တယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ ၎င်းရဲ့ တောင်းဆိုချက်တွေကို လိုက်နာမှုမရှိတဲ့ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်တဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ပေးဖို့လည်း သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုခဲ့ပါသေးတယ်။ 

အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ဦးတည်တိုက်ခိုက်မှု၊ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးမှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် မြန်မာပြည်သူ (.) သန်းကျော်ဟာ အိုးအိမ်တွေနဲ့ လယ်ယာမြေတွေကိုစွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလဆိုင်ရာမှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ၃။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအစီအစဉ်ဖြင့် မော်တော်ယာဉ်လိုင်း ပြေးဆွဲ


ကရင်နီပြည် ကြာကာလအုပ်ချုပ်ရေးကောင်စီရဲ့အစီအစဉ်နဲ့ IEC မော်တော်ယာဉ်လိုင်း စတင်ပြေးဆွဲနေပြီလို့ သိရပါတယ်။ 

ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ထုတ်ပြန်တဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ ညွှန်ကြားချက်အရ ဒီးမော့ဆို-မော်ချီး-မယ်စဲ့မြို့တွေကို IEC ယာဉ်လိုင်း စတင်ပြေးဆွဲခဲ့တာဖြစ်တယ်လို့ အဆိုပါကောင်စီ ကူးသန်းရောင်းဝယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန သယ်ယူပို့ဆောင်ရေးဌာနခွဲက ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

ကရင်နီပြည်နယ်၏ ကြားကာလအစီအမံ ပုဒ်မ-၃၂ ပုဒ်မခွဲ () ပုဒ်မခွဲငယ် () နှင့် ပုဒ်မခွဲငယ် () တို့ပါ ပြဋ္ဌာန်းချက်နဲ့အညီ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ IEC ယာဉ်လိုင်း စတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။ 

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို (၂ဝ၂၃) ခုနှစ်၊ ဇွန်လ (၂၁) ရက်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ကိုယ့်ပြည်နယ်ကို စီမံအုပ်ချုပ်နိုင်တဲ့အထိ ကရင်နီပြည် ကြာကာလအုပ်ချုပ်ရေး ကောင်စီ- IEC က ရည်းမှန်းထားပါတယ်။ 

မြေပြင်အုပ်ချုပ်ရေးယန္တယားလည်ပတ်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ IEC ဟာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC လက်အောက်ကနေ သွားနေတဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။


========================


📌📌 ၄။ မင်းတပ်ဒေသခံ () ဦးအပါအဝင် ချင်းလူမျိုး () ဦး ထောင်တသက်နဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ


မင်းတပ်မြို့နယ်ဒေသခံ နှစ်ဦးကို ထောင်ဒဏ်တသက်ကျခံစေဖို့နဲ့ နောက်ထပ်ဟားခါးမြို့နယ်ဒေသခံ နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ် () နှစ်ကျခံစေဖို့ စစ်ကောင်စီက ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။

မင်းတပ်မြို့နယ်က လိန်းခေါဂေဆိုသူနဲ့ အွမ်လိန်းဂေ () ပီတာတို့ဟာ တော်လှန်ရေးတပ်ဖွဲ့ကို ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာထောက်ပံ့တာ၊ စစ်ကောင်စီကို သတင်းပို့ဖို့ ပျက်ကွက်တာ၊ အစိုးရဝန်ထမ်းတွေ ပြစ်မှုကျူးလွန်အောင် အားပေးတာ စတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ်တစ်သက်ကျခံစေဖို့ ချမှတ်လိုက်တာပါ။

ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရတဲ့ မင်းတပ်မြို့နယ် ဒေသခံနှစ်ဦးနဲ့ ပတ်သက်ပြီး  ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

နောက်ထပ်အနေနဲ့ ချင်းပြည်၊ ဟားခါးမြို့နယ်က ငွန်လျှန်ထန်း () ရောဘတ်နဲ့ ဗန်ချိန်ကျဲအိုတို့ကိုလည်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင် () နှစ်ကျခံစေဖို့ အမိန့်ချထားပါတယ်။

အာဏာသိမ်းကာလ နှစ်အတွင်း မင်းတပ်မြို့နယ်အတွင်းမှာ မတရားစွပ်စွဲဖမ်းဆီးခံထားရတဲ့ ဒေသခံ (၆၀) နီးပါးအထိ ရှိနေပါတယ်လို့ The Mindat Post က ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မောင်တောရှိ ဘောဓိကုန်းစခန်းကို (၂၄) နာရီအတွင်း သိမ်းပိုက်၊ ရင်ဆိုင်တိုက်ပွဲများတွင် စစ်တပ်ဘက်က ၃ဝ ဦးသေဆုံး


ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဘောဓိကုန်းစခန်းကို (၂၄) နာရီအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ရင်ဆိုင်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က (၃ဝ) ဦး သေဆုံးသွားတယ်လို့ ရခိုင့်တပ်တော် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီ၏ မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီလ ၁၅ ရက် မနက် နာရီ ၂၀ မိနစ်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ဖေဖော်ဝါရီလ (၁၆) ရက် နံနက် နာရီခန့်အချိန်တွင် အဆိုပါစခန်းတခုလုံးကို သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။

ရန်သူစစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးအမြောက်အမြား ပစ်ခတ်တိုက်ခိုက်မှုများကြားက အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း ရခိုင့်တပ်တော်က အသိပေးထားပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တာကြောင့် အချိန်တိုအတွင်း အထိအခိုက်အနည်းဆုံးနဲ့ စခန်းသိမ်းနိုင်ခဲ့တဲ့ တိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။ 

အလားတူ ဖေဖော်ဝါရီလ (၁၆) ရက် နံနက် (၁၁း၁၅) အချိန်ခန့်မှာလည်း မောင်တောမြို့က ပန်းတောပြင်ရွာသစ်ဆိုတဲ့ မွတ်ဆလင်ရွာအနီးမှာ ဘူးသီးတောင်အခြေစိုက် ခလရ -၂၆၃ တပ်ရင်းနဲ့ ရခိုင့်တပ်တော်တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား (၁၂) ဦးသေဆုံးသွားတဲ့အပြင် ဒဏ်ရာရသူများလည်းရှိခဲ့ကာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် မွန်းတည့် (၁၂း၁၅) အချိန်က ရသေ့တောင်မြို့နယ်ထဲက ခနောင်းကြီးရွာ အရှေ့တောင်ဖက်က တောင်ကြောမှာ စစ်ကောင်စီရဲ့ ခမရ - ၅၃၆ တပ်ရင်းနဲ့ ရခိုင့်တပ်တော်တို့ နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ကနဦးသတင်းတွေအရ စစ်သား () ဦး သေဆုံးကာ ဒဏ်ရာရသူ (၁၀) ဦးခန့်ရှိခဲ့တယ်လို့ ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု နာရီဝက်ခန့်ရှိခဲ့ပြီး စစ်ကောင်စီဘက်က နောက်ဆုတ်သွားပေမယ့် နှစ်ဖက်တပ်တွေ‌ကြား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဝေးက အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမျိုး ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။

ထိုတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ရသေ့တောင်အခြေစိုက် ခမရ - ၅၃၆၊ ခမရ - ၅၃၇ နဲ့ ခမရ - ၅၃၈ တပ်ရင်း သုံးရင်းစလုံးက လက်နက်ကြီးပစ်ကူတွေအပြင် ရေကြောင်း၊ လေကြောင်းကလည်း လက်နက်ကြီးပစ်ကူတွေနဲ့ ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ ရခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ စစ်တပ်ထောက်ပို့ရေယာဉ်ကို တိုက်ခိုက်မှု စစ်သား () ဦးသေဆုံးကာ (၁၅) ဦးထက်မနည်း ဒဏ်ရာရ


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းမှာရှိတဲ့ စစ်တပ်အထိုင်စခန်းကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်တပ်ထောက်ပို့ မော်တော်တစင်းကို ပြည်သူကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ စစ်သား () ဦးထက် မနည်းသေဆုံးကာ (၁၅) ဦးကျော် ဒဏ်ရာရသွားတယ်လို့ တော်လှန်အင်အားစုတွေက ပြောပါတယ်။ 

ဖော်ဖော်ဝါရီလ (၁၅) ရက်နေ့ မနက် (၁၁) အချိန်ခန့်က စစ်တပ်ထောက်ပို့မော်တော်တစင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာဆိပ်ကမ်းက ထွက်လာခဲ့ပြီး ချောင်းဦးမြိုနယ် အမြင့်မြို့ဟောင်းက စစ်တပ်အထိုင်စခန်းကို ရိက္ခာပို့ခဲ့ပြီးတဲ့နောက် အဆိုပါမော်တော်ဟာ ဆင်ဖြူရှင်တံတားမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ထံ ရိက္ခာထောက်ပံ့ဖို့ ဆက်လက် ထွက်ခွာလာချိန်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

ရိက္ခာပို့ပြီးပြန်လာတဲ့ အဆိုပါမော်တော်ဟာ ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူရွာကိုလည်း ရိက္ခာပို့ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

ထို့သို့ရိက္ခာပို့ပြီးတဲ့နောက် မုံရွာဆိပ်ကမ်းကို ပြန်လည်ထွက်ခွာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက RPG တလုံးအပါအဝင် လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့သလို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးနဲ့ မော်တော်ရေယာဉ်မောင်း သေဆုံးခဲ့ပြီး စစ်ဗိုလ်တဦး ပြင်းထန်ဒစ်ရာရသွားတယ်လို့ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း တပ်ခွဲ () လျှပ်စီးတပ်ခွဲက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း တပ်ခွဲ () လျှပ်စီးတပ်ခွဲ၊ တပ်ခွဲ () မီးတောက်တပ်ခွဲ၊ ငမိုးရိပ်စစ်ကြောင်း  (မုံရွာခရိုင် ပကဖ စစ်ကြောင်း) Chaung U Local Defense Force (CLDF) ROYAL TIGER FORCE နှင့် မုံရွာခရိုင် အမှတ် () တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါ ထောက်ပို့မော်တော် ကံကြီးကုန်းပျူရွာကနေ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကိုတင်ပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာဘက် ပြန်ထွက်လာချိန် မုံရွာနဲ့ ဆားလင်းကြီးကြားမှာ B.N.R.A စေတန်တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦးခန့် သေဆုံးကာ (၁၅) ဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မအီမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ရွှေ့ပြောင်း 


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့က စစ်ကောင်စီတပ် မိသားစုဝင်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်အချို့ကို စစ်တပ်က ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ဖေဖော်ဝါရီလ (၁၅) ရက်နေ့ မွန်းလွဲပိုင်းအချိန်မှာ စစ်တပ် မိသားစုဝင်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လက်နက်ခဲယမ်းတွေကို ရဟတ်ယာဉ်နဲ့ တင်ဆောင်သွားတာလို့ ဒေသခံတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး Western မှာ ဖော်ပြထားပါတယ်။ 

မအီမြို့ ဘောလုံးကွင်းမှာ စက်နှိုးပြီးရပ်ထားတဲ့ ရဟတ်ယာဉ်ပေါ်ကို လက်နက်ခဲယမ်းတွေတင်ဆောင်နေတဲ့ ရုပ်သံမှတ်တမ်း ဗီဒီယိုဖိုင်တခု လူမှုကွန်ယက်စာမျက်နှာမှာ ပြန့်နေတာလဲရှိပါတယ်။  

ရခိုင်ပြည်နယ်တခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်တွေအပါအဝင် စစ်တွေမြို့မှာရှိတဲ့ ဒကစ တခုလုံး လက်နက်ချအညံ့ခံဖို့ ရခိုင့်တပ်တော်က သတိပေးထားပြီးနောက် စစ်တွေမြို့အပါအဝင် တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်းမြို့တို့မှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့  ဌာနဆိုင်ရာတွေက အရာထမ်းတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။ 

တောင်ကုတ်မြို့နယ်အတွင်းက မအီမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ရခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာကြောင့် ဖေဖော်ဝါရီလ (၁၆) ရက်ညပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့သလို စစ်ကူလာတဲ့ စစ်ယာဉ်တန်းကိုလည်း ရခိုင့်တပ်တော်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

လက်ရှိမှာ စစ်တပ်က မအီ-ပြင်ဝန်း ဆက်သွယ်ထားတဲ့ မအီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့အတွက် ဖေဖော်ဝါရီလ (၁၆) ရက် ညပိုင်းမှာ ကျိုးသွားပြီလို့လည်း သိရပါတယ်။


========================


🚩🚩 ၄။ ကောလင်းမြို့ရှိ မီးလောင်လွယ်သောအိမ်များကို စစ်ကောင်စီ မီးစရှို့ 


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်ရှိနေပြီး မီးလောင်လွယ်သောအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ 

ကောလင်းမြို့တွင်း ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မီးလောင်လွယ်တဲ့ သစ်သားအိမ်တွေကို မီးစရှို့ဖို့ အချင်းချင်း ပြောဆိုနေတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Kachinwave က ဖော်ပြထားပါတယ်။ 

Kachinwave အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအချင်းချင်း စကားပြောစက်နဲ့ပြောဆိုနေတဲ့ အသံဖိုင်ကိုလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ (၁၆) ရက်မွန်းလွဲပိုင်းကစပြီး မြို့ဝန်းကျင်မှာရှိတဲ့ ယောမြေနီ၊ ခွင်တောင်း၊ ကျူတော၊ ယမရွာ စသည့်ကျေးရွာတွေမှာ လှည့်လည်မီးရှို့နေတယ်လို့လည်း သိရပါတယ်။ 

ထို့အတူ မြို့ပေါ်ရပ်ကွက်တွေကိုလည်း စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေပြီး မြို့နဲ့ဆက်သွယ်ထားတဲ့ တံတားတွေကို လည်း မီးရှို့ဖျက်ဆီးနေတယ်လို့ Kawlin Revolution -KR ကလည်း အသိပေးထားပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့နေရာအနှံ့ တပ်ဖြန့်ထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ သိရပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ (၂ဝ၂၃) ခုနှစ် နိုဝင်ဘာလ () ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တဲ့ ကောလင်းမြို့ကို စစ်ကောင်စီက စစ်အင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်နေတာကြောင့် ဒေသတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာပဲ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ဆီဆိုင်မြို့တွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တဦးကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ 


ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြာက်ရေးတပ်မတော် PNLA က ဖေဖော်ဝါရီလ (၁၇) ရက် ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA ကတပ်ဖွဲ့ဝင်တွေ လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုတွေပြုလုပ်နေချိန်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်တွေက ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် ထိတွေ့ပစ်ခတ်မှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုက ချောင်းမြောင်းပစ်ခတ်တာကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA ဘက်က ရှင်းလင်းမှု ပြုလုပ်ခဲ့ရာကနေ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တဦးကို လက်နက်နဲ့အတူ ဖမ်းမိခဲ့တာလို့ အသိပေးထားပါတယ်။

ထို့အတူ ဆီဆိုင်မြို့မြောက်ဘက်တနေရာမှာလည်း စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို တားဆီးရာကနေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း (၆၀) မမပြောင်းတိုတလက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

ထို့အပြင် စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၆ ရက်ညပိုင်းမှာလည်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသက ကျေးရွာတွေကို လက်နက်ကြီးနဲ့ အချက် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLA က  ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment