18th FEB 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်က အကြမ်းမဖက်ရေးလမ်းစဉ်ကို နားမလည်သဖြင့် ပြည်သူလူထုက စစ်အာဏာရှင် နားလည်မယ့် ဘာသာဖြင့် စကားပြောရန်ကြိုးစားနေခြင်းဖြစ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ပြော

📌 ၂။ လွတ်မြောက်ဒေသတွေ၊ ထိန်းချုပ်ဒေသတွေမှာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ကြဖို့ ကျန်းမာရေး CDM များအား ကျန်းမာရေးဝန်ကြီး ဖိတ်ခေါ်

📌 ၃။ စစ်မှုထမ်းဥပဒေအန္တရာယ်ကို ရှောင်တိမ်းနိုင်ဖို့ စဉ်းစားကြသလို အန္တရာယ်ရဲ့ရင်းမြစ်ကို  ဝိုင်းဝန်းဖယ်ရှားကြဖို့စဥ်းစားကြရန်လည်း လူ့အခွင့်ရေးဝန်ကြီး တိုက်တွန်း

📌 ၄။ လူထုသပိတ်နှင့် Silent Strike မှာ ပါဝင်တဲ့ လူငယ်တွေဟာ ခေတ်ဝန်ကို ထမ်းနေကြတာကြောင့် လူငယ်တွေကို ဆက်လက်ယုံကြည်တယ်လို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ပြောကြား

📌 ၅။ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး မဲလ်ဘုန်းမြို့မှာ အာဆီယံကို တိုက်ရိုက်ဆန္ဒဖော်ထုတ် တောင်းဆိုသွားမယ်

📌 ၆။ Froland ချင်းအမျိုးသားနေ့သို့ NUG နော်ဝေ ကိုယ်စားလှယ် တက်ရောက်

📌 ၇။ ရှမ်းပြည်အထူးဒေသ - တွင် အလုပ်သမားဝန်ဆောင်မှုကုမ္မဏီများ တည်ထောင်ခွင့်ပြု၊ သူလျှိုနှင့် ရန်သူ့အေးဂျင့်များ ပါဝင်မလာစေရေး ကြိုတင်ကာကွန်ရန် စစ်ရေးအုပ်ချုပ်မှုကော်မတီ သတိပေး 

📌 ၈။ ပုလဲနယ် အင်းမထီးနဲ့ ဇီးဖြူကုန်းပျူရွာ ဒေသခံ ၂ဝ ကျော် ထပ်မံထွက်ပြေးလွတ်မြောက်လာ

📌 ၉။ ကန့်ဘလူမြို့နယ် မြောက်ခြမ်းမှ တင်မော်ရွာသား () ဦးကို စစ်တပ်က ရက်စက်စွာသတ်ဖြတ်ခဲ့ 

📌 ၁၀။ ပြန်လည်ဆန်းသစ်မည့် နွေဦးထီ ပေါက်ဂဏန်းများတွင် နောက်ဆုံး လုံး တူ ရုံ နဲ့ ဆုငွေ ၁၀၀,၀၀၀ ကျပ် တိတိ ချီးမြှင့်မည့် ဆုမဲပေါင်း (၂၀၀) ပါဝင်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မံစီမြို့နယ်တွင် စစ်တပ်က ဂျက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား () ဦး သေဆုံးကာ (၃ဝ) ကျော် ဒဏ်ရာရ

🚩 ၂။ ရခိုင်ဒေသရှိ တပ်စခန်းအားလုံးကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရန် နီးကပ်နေပြီဟု ညီနောင် ဖွဲ့ပြော

🚩 ၃။ ရခိုင်ပြည်နယ်အတွင်းရှိ တံတားများကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ မိုင်းခွဲဖျက်ဆီး၊ တပတ်အတွင်း တံတား () စင်း မိုင်းခွဲ ဖျက်ဆီးခံရ 

🚩 ၄။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စကစတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ နေ့ရောညပါတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ

🚩 ၅။ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များက တိုက်ပွဲတုဖန်တီးကာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်က အကြမ်းမဖက်ရေးလမ်းစဉ်ကို နားမလည်သဖြင့် ပြည်သူလူထုက စစ်အာဏာရှင် နားလည်မယ့် ဘာသာဖြင့် စကားပြောရန်ကြိုးစားနေခြင်းဖြစ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ပြော


မြန်မာနိုင်ငံက စစ်အာဏာရှင်ဟာ အကြမ်းမဖက်ရေးလမ်းစဉ်ကို နားမလည်တာကြောင့် ပြည်သူလူထုက စစ်အာဏာရှင်တွေ နားလည်နိုင်မယ့် အင်အားသုံးနည်းလမ်းဆိုတဲ့ဘာသာနဲ့ စကားပြောဖို့ ကြိုးစားနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။ 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ဒေသစံတော်ချိန် (၁၀) နာရီမှ (၁၁) နာရီအထိ ကျင်းပတဲ့ ပြည်သူလူထု၏ ခုခံစစ်ဆိုင်ရာဆွေးနွေးပွဲမှာ ဒေါ်ဇင်မာအောင်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။  

"စစ်အာဏာရှင်တွေ နားလည်မယ့် ဘာသာစကားနဲ့ မြန်မာပြည်သူတွေက စကားပြောနေပါတယ်။ စစ်အာဏာရှင်တွေက အကြမ်းမဖက်ရေးဆိုတာကို နားမလည်ဘူး။ ကျမတို့လမ်းစဉ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ကျမတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အကြမ်းမဖက်ရေး လမ်းစဉ်ဖြစ်ပါတယ်။ ကျမတို့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ စံပြက အကြမ်းမဖက်ရေးပါ။ ဒါပေမဲ့ အခုအချိန်မှာ စစ်အာဏာရှင်က အကြမ်းမဖက်ရေးဆိုတဲ့ လမ်းစဉ်ကို နားမလည်ပါဘူး။  စစ်အာဏာရှင်တွေ နားလည်တာက အင်အားသုံးတာပါပဲ။ ဒါကြောင့် ကျမတို့ပြည်သူလူထုက စစ်အာဏာရှင် နားလည်မယ့် ဘာသာရပ်နဲ့ စကားပြောဖို့ကြိုးစားနေတာပါ။ ကျမတို့ တော်လှန်ရေးက စစ်အာဏာရှင်ကို ဖြိုချဖို့  Smart Power ဖြစ်တဲ့ လက်ရုံးရည်၊ နှလုံးရည် ပူးပေါင်းထားတဲ့ တော်လှန်ရေးပါ" လို့ ၎င်းက ရှင်းပြပါတယ်။ 

ထို့ပြင် အာဏာရှင်နိုင်ငံတွေ အချင်းချင်း ညီညွတ်ရိုင်းပင်းနေချိန်မှာ ဒီမိုကရက်တစ်နိုင်ငံတွေက မညီညွတ်ကြကြောင်းနဲ့ အာဏာရှင်နိုင်ငံများကို ဖြိုချရန် ဒီမိုကရက်တစ်နိုင်ငံများ ညီညွတ်ရန်နဲ့ တစ်သံတည်းထွက်ရန်လိုကြောင်း ဒေါ်ဇင်မာအောင်က တိုက်တွန်းပြောဆိုထားပါတယ်။ 

"ကမ္ဘာကို ပြောချင်တာက ကျမတို့နိုင်ငံနဲ့ ဒေသတွင်းမှာ စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေ၊ ယန္တရားတွေကို ဖြိုချဖို့ ဒီမိုကရက်တစ်နိုင်ငံတွေက စုပေါင်းညီညွတ်ကြဖို့လိုပါတယ်။ အခြားအာဏာရှင်တွေလိုပါပဲ။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေက ရုရှား၊ ဘယ်လာရု၊ အီရန်တို့နဲ့ အရမ်းနီးကပ်ကြတယ်။ အာဏာရှင်အချင်းချင်း ကူညီကြတယ်။ ဒါပေမဲ့ ဒီမိုကရက်တစ်နိုင်ငံတွေက အာဏာရှင်တွေကို ပြန်တိုက်ဖို့ မညီညွတ်ကြဘူး။ ဒီမိုကရက်တစ်နိုင်ငံတွေ ညီညွတ်ဖို့လိုပါတယ်။ တစ်သံတည်းဖြစ်ဖို့လိုအပ်ပါတယ်" လို့ NUG နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ () ရက်ကြာ ကျင်းပတဲ့ လုံခြုံရေးညီလာခံ ဒုတိယနေ့၏ နောက်ဆုံးအစီအစဉ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊  NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဘယ်လာရုစ်နိုင်ငံသူ အတိုက်အခံခေါင်းဆောင် Sviatlana Tsikhanouskaya ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖိလစ်ပိုင်နိုင်ငံသူ သတင်းစာဆရာမ Maria Ressa World Liberty Congress  ဥက္ကဋ္ဌ အီရန်နိုင်ငံဖွား အမေရိကန်နိုင်ငံသူ သတင်းစာဆရာ Masih Alinejad တို့ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၂။ လွတ်မြောက်ဒေသတွေ၊ ထိန်းချုပ်ဒေသတွေမှာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ကြဖို့ ကျန်းမာရေး CDM များအား ကျန်းမာရေးဝန်ကြီး ဖိတ်ခေါ်


လွတ်မြောက်ဒေသတွေ၊ ထိန်းချုပ်ဒေသတွေမှာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ကြဖို့ တော်လှန်ရေးတွင် အစွမ်းကုန်ပါဝင်ကြဖို့ကျန်းမာရေး CDM များအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဖေဖော်ဝါရီ (၁၇) ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။

"ကျနော်တို့ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကျန်းမာရေးCDM တွေကို ကျနော်တို့တတွေရဲ့အခု ရရှိပိုင်ဆိုင်ထားတဲ့ လွတ်မြောက်ဒေသတွေ၊ ထိန်းချုပ်ဒေသတွေမှာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အခုအချိန်ဟာ ကျနော်တို့တော်လှန်ရေးအတွက် သိပ်ကိုအရေးကြီးနေတဲ့အချိန် ဖြစ်ပါတယ်။စတင်ပြီးတော့ အောင်ပွဲတွေ ရရှိလာပြီး၊ စစ်အာဏာရှင်ဟာ/ စကစဟာ ပြိုလဲနေပြီဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် ကရင်နီဒေသ၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနသ်ာရီတိုင်းတို့တွင် စကစဟာ နယ်မြေများဆုံးနေပြီး ၄င်းလွတ်မြောက်ဒေသများတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများပေးရန်အတွက်

တော်လှန်ရေးတွင် ပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထပ်လောင်းပြောကြားထားပါတယ်။


========================


📌📌 ၃။ စစ်မှုထမ်းဥပဒေအန္တရာယ်ကို ရှောင်တိမ်းနိုင်ဖို့ စဉ်းစားကြသလို အန္တရာယ်ရဲ့ရင်းမြစ်ကို  ဝိုင်းဝန်းဖယ်ရှားကြဖို့စဥ်းစားကြရန်လည်း လူ့အခွင့်ရေးဝန်ကြီး တိုက်တွန်း


ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံမေးမြန်းခန်းတခုကို လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက အခုလို ကောက်နုတ်ဖော်ပြထားပါတယ်။

"ဒီ စစ်မှုထမ်းဥပဒေကို တခုတည်းသော အခက်အခဲ၊ အန္တရာယ်အဖြစ် မမြင်ပါနဲ့။ အကြမ်းဖက် စစ်အုပ်စု အာဏာရှိနေတဲ့ ကာလပတ်လုံး ပြည်သူတွေဟာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ နေနိုင်မှာမဟုတ်ပါဘူး။ ဒီဥပဒေရဲ့အန္တရာယ်ကို ရှောင်တိမ်းနိုင်ဖို့ စဉ်းစားကြသလို အန္တရာယ်ရဲ့ရင်းမြစ်ကို ဘယ်လို ဝိုင်းဝန်းဖယ်ရှားကြမလဲဆိုတာကိုလည်း စဉ်းစားကြပါ။ ပါဝင်ကြပါ" လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို (၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး  အမျိုးသားဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး၍ အသက် (၃၅) နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် (၁၈) နှစ် ပြည့်ပြီး၍ အသက် (၂၇) နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း အကျုံးဝင်ကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၄။ လူထုသပိတ်နှင့် Silent Strike မှာ ပါဝင်တဲ့ လူငယ်တွေဟာ ခေတ်ဝန်ကို ထမ်းနေကြတာကြောင့် လူငယ်တွေကို ဆက်လက်ယုံကြည်တယ်လို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ပြောကြား


ဖေဖော်ဝါရီလအတွင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က 

ဆိုရှယ်မီဒီယာမှာ အခုလို ရေးသားပြောဆိုလိုက်ပါတယ်။

"လူငယ်တွေဟာ ခေတ်ဝန်ကို ထမ်းနေကြတာ။ ဆက်လည်း ထမ်းကြအုံးမှာ။ ဘယ်ခေတ်ရောက်ရောက် သူတို့တာဝန် သူတို့ကြေပြီးသား။ ဘယ်ကွေ့မှာ ဘယ်တက်နဲ့ လှော်ရမယ်ဆိုတာ သူတို့တွေ သိကြတယ်။ လွန်ခဲ့တဲ့ () နှစ် ဒီလိုအချိန်မှာ လမ်းပေါ်မှာ လူအပြည့်ဖြစ်ခဲ့တာကို ကြည့်။ ထို့အတူပဲ Silent ဟေ့ ဆိုလည်း လမ်းပေါ်မှာ သူရဲတောင် မရှိလောက်အောင် ညီညွတ်ပြပြီးသား။ ဒီတော့ ခုလိုကာလမှာ ဘယ်လမ်းကို လျှောက်ကြရမယ်ဆိုတာ သူတို့ သိကြတယ်။ ရှောင်လွှဲလို့ မရခဲ့ရင်တောင် အလှည့်အပြောင်းအတွက် ပြောင်းလှည့်ရမယ့်အချိန်နဲ့ နေရာကို သူတို့ သိကြမယ်လို့ ယုံကြည်တယ်။ လူငယ်တွေကို ယုံတယ်။ ဒါကြောင့် အခုစိန်ခေါ်မှုဟာ ကိုယ်တွေအတွက် အားသာချက်အဖြစ်ပြောင်းလိုက်ဖို့ပဲ ရှိပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီး လူငယ်များကို စစ်မှုထမ်းခိုင်းဖို့ ပြင်ဆင်လျက် ရှိပါတယ်။


========================


📌📌 ၅။ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး မဲလ်ဘုန်းမြို့မှာ အာဆီယံကို တိုက်ရိုက်ဆန္ဒဖော်ထုတ် တောင်းဆိုသွားမယ်


မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး မဲလ်ဘုန်းမြို့မှာ အာဆီယံကို တိုက်ရိုက်ဆန္ဒဖော်ထုတ် တောင်းဆိုသွားမယ်လို့ ဖေဖော်ဝါရီလ (၁၈) ရက်က ဆိုရှယ်မီဒီယာမှာ လူ့အခွင့်ရေး ဒုဝန်ကြီး ခွန်ဗဟန်းထန်က အသိပေးထားပါတယ်။

"ချစ်ခင်လေးစားအပ်ပါသော မဲလ်ဘုန်းမြို့နေ ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုများ အားလုံးခင်ဗျာ။ လာမယ့် မတ်လ () ရက်နေ့  တနင်္လာနေ့ မနက် () နာရီမှာ... ဩစတေးလျရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားအင်အားစုတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး မဲလ်ဘန်းမြို့မှာ အာဆီယံကို တိုက်ရိုက်ဆန္ဒဖော်ထုတ် တောင်းဆိုသွားဖို့ရှိပါတယ်" လို့ ဆိုပါတယ်။

() နှစ်တာ ကာလအတွင်း ဩစတေးလျမှာ ပထမဆုံး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို တောင်းဆိုမှုတွေ ပြောရမယ့်ပွဲလည်း ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ Froland ချင်းအမျိုးသားနေ့သို့ NUG နော်ဝေ ကိုယ်စားလှယ် တက်ရောက်


နော်ဝေနိုင်ငံ၊ Froland မှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့သို့ NUG နော်ဝေ ကိုယ်စားလှယ် ဦးမောင်မောင်မြင့် တက်ရောက်ခဲ့တယ်လို့ NUG နော်ဝေကိုယ်စားလှယ်ရုံးက ဖေဖော်ဝါရီ (၁၈) ရက်မှာ ထုတ်ပြန်ပါတယ်။

"ဖေဖော်ဝါရီ (၁၇) ရက်တွင် NUG နော်ဝေ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်မှ Froland ချင်းအမျိုးသားနေ့သို့ တက်ရောက်ဂုဏ်ပြုစကားပြောကြားခဲ့တယ်" လို့ ဆိုပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် ပြည်တွင်း၊ ပြည်ပမှ ချင်းအမျိုးသားများဟာ လူအင်အား ၊ငွေအင်အားပါဝင်ရုံသာမက တော်လှန်ရေးကိုပါအပြည့်အဝ ထောက်ခံလိုက်ပါလျက်ရှိနေကြတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၇။ ရှမ်းပြည်အထူးဒေသ - တွင် အလုပ်သမားဝန်ဆောင်မှုကုမ္မဏီများ တည်ထောင်ခွင့်ပြု၊ သူလျှိုနှင့် ရန်သူ့အေးဂျင့်များ ပါဝင်မလာစေရေး ကြိုတင်ကာကွန်ရန် စစ်ရေးအုပ်ချုပ်မှုကော်မတီ သတိပေး 


မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အထူးဒေသ - မှာ အလုပ်သမားဝန်ဆောင်မှုကုမ္မဏီများ တည်ထောင်ခွင့်ပြုလိုက်ပြီ ဖြစ်ပေမယ့် သူလျှိုနဲ့ ရန်သူ့အေးဂျင့်တွေ ရောနှောပါဝင်လာခြင်းမရှိစေဖို့ ကြိုတင်ကာကွယ်ထားရန် ရှမ်းပြည် အထူးဒေသ - စစ်အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။ 

ရှမ်းပြည်နယ် အထူးဒေသ - မှာ အလုပ်လုပ်ကိုင်ခြင်းနှင့်ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမားလိုက်နာရမယ့် လုပ်ထုံး/လုပ်နည်းတွေကို ရှမ်းပြည်နယ် အထူးဒေသ - စစ်ရေးအုပ်ချုပ်မှုကော်မတီက ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

စစ်ပွဲငြိမ်းစဲပြီးတဲ့နောက် ဒေသပြန်လည်တည်ဆောက်ရေးမှာ အလုပ်သမားတွေနဲ့ နည်းပညာရှင် အမြောက်အများ လိုအပ်တယ်လို့ ပြောပါတယ်။

သို့သော်လည်း ပြင်ပက ရောက်ရှိလာမယ့် အလုပ်သမားတွေထဲမှာ သူလျှိုတွေနဲ့ ရန်သူ့အေးဂျင့်တွေ ရောနှောပါဝင်လာပြီး ထောက်လှမ်းရေး သို့မဟုတ် ဖောက်ခွဲရေးလုပ်ငန်းတွေလုပ်ဖို့ အခွင့်အလမ်းတွေကို စောင့်မျှော်နေတာမျိုး မဖြစ်စေဖို့ ကြိုတင်ကာကွယ်ရမယ်လို့ အလုပ်သမားဝန်ဆောင်မှုကုမ္မဏီတွေကို သတိပေးထားပါတယ်။ 

 ရှမ်းပြည်နယ်အထူးဒေသ - မှာ အလုပ်သမားဝန်ဆောင်မှုကုမ္မဏီတွေ တည်ထောင်ခွင့်ပြုလိုက်ပြီ ဖြစ်တာကြောင့် ကုမ္မဏီတွေအနေနဲ့ ပြည်ပအလုပ်သမားတွေနဲ့ နည်းပညာရှင်တွေကို ခေါ်ဆောင်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ 

အထူးဒေသအတွင်းမှာ အလုပ်သမားစျေးကွက်တွေဖွင့်ပြီး အလုပ်သမားဝန်ဆောင်မှုကုမ္မဏီတွေ ဖွင့်လှစ်မှာကို ကြိုဆိုကြောင်းနဲ့ အလုပ်သမားတွေအနေနဲ့ မိမိတို့သဘောအတိုင်း အလုပ်ရွေးချယ်တာ၊ အလုပ်သမားဝန်ဆောင်မှုကုမ္မဏီ တွေမှာ ဝန်ဆောင်ခပေးပြီး အကူအညီတောင်းခံနိုင်မယ်လို့ သိရပါတယ်။ 

လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့သဘောအတိုင်း အလုပ်သမားတွေကိုခေါ်ယူနိုင်ပေမယ့် ရန်သူ့သူလျှိုတွေ ပါဝင်လာမယ်ဆိုရင် ကုမ္မဏီ ဒါမှမဟုတ် အလုပ်ရှင်ကို အရေးယူမယ်လို့ အသိပေးထားပါတယ်။ 

ထို့အပြင် အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေကို အဓမ္မခိုင်းစေတာ၊ အလုပ်သမားတွေရဲ့ဆန္ဒနဲ့ မကိုက်ညီတဲ့ အလုပ်တွေကို ခိုင်းစေတာနဲ့ ကလေးအလုပ်သမားတွေမလုပ်ဖို့ တားမြစ်ထားပြီး တွေ့ရှိခဲ့ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အလုပ်ရှင်နဲ့ အလုပ်သမားကြား မိမိတို့ဆန္ဒအလျောက် လုပ်ငန်းပုံစံနဲ့ လစာစံနှုန်းတွေ ဆုံးဖြတ်နိုင်ပေမယ့် လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုတွေဖြစ်လာရင် သက်ဆိုင်ရာ ဥပဒေဌာနမှာ တရားစွဲနိုင်သလို အလုပ်သမားဝန်ဆောင်မှု ကုမ္မဏီတွေထံမှာ အကူအညီတောင်းခံပြီး ညှိနှိုင်းဖြေရှင်းနိုင်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့်အတွက် အထူးဒေသ ရဲတပ်ဖွဲ့ထံမှာ လုပ်ငန်းကတ် လျှောက်ထားရမှာဖြစ်ပြီး ဒီကတ်နဲ့ ဒေသအတွင်းမှာ ခေတ္တနေထိုင်ခွင့်ရှိပေမယ့် ရပ်ကွက်ကျော်ပြီး နေထိုင်ခွင့်မရှိဘူးလို့ သတ်မှတ်ထားပါတယ်။


========================


📌📌 ၈။ ပုလဲနယ် အင်းမထီးနဲ့ ဇီးဖြူကုန်းပျူရွာ ဒေသခံ ၂ဝ ကျော် ထပ်မံထွက်ပြေးလွတ်မြောက်လာ


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက အင်းမထီးနဲ့ ဇီးဖြူကုန်းဆိုတဲ့ ပျူစောထီးရွာတွေက ဒေသခံ (၂ဝ) ကျော် ထပ်မံထွက်ပြေး လွတ်မြောက်လာတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။ 

ဇီးဖြူကုန်း ပျူစောထီးရွာက ဒေသခံ () ဦးဟာ ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်လာပြီး အင်းမထီး ပျူစောထီးရွာက ဒေသခံ (၁၆) ဦးက ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်လာတာလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူတွေက ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှာ အလင်းဝင်လိုကြောင်း ခိုလှုံခွင့်တောင်းခံလာတဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး လက်ခံခဲ့တယ်လို့ သိရပါတယ်။ 

အလင်းဝင် ခိုလှုံခွင့်တောင်းခံလာသူတွေကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး ပျူစောထီး၊ စကစများနှင့် ပတ်သက်ဆက်သွယ်ခြင်း၊ သူလျှိုဒလန်ပြုလုပ်ခြင်း၊ သတင်းပေးခြင်း၊ တော်လှန်ရေးအင်အားစုများကို ထိခိုက်နစ်နာစေမည့်အပြုအမူအပြောအဆိုများပြုလုပ်ခြင်းမျိုးများ မပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ ကောင်းမွန်‌အေးချမ်းစွာနေထိုင်ဖို့ သတိပေးထားပါတယ်။ 

လက်ရှိမှာ အဆိုပါ ပျူစောထီးရွာက ထွက်ပြေးလွတ်မြောက်လာသူတွေကို ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက ထောက်ပံ့ငွေနဲ့ မိုးကာတွေ ကူညီထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ 

ယခုလ (၁၄) ရက်နေ့ကလည်း ဇီးဖြူကုန်း ပျူရွာက မိခင် () ဦး အပါအဝင် () ဦး ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှာ အလင်းဝင်လာခဲ့ပြီး ခိုလှုံခွင့်တောင်းခဲ့တာလည်း ရှိပါတယ်။


========================


📌📌 ၉။ ကန့်ဘလူမြို့နယ် မြောက်ခြမ်းမှ တင်မော်ရွာသား () ဦးကို စစ်တပ်က ရက်စက်စွာသတ်ဖြတ်ခဲ့ 


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းက ချပ်သင်းတိုက်နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းက တင်မော်ရွာကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ဝင်ရောက်လာခဲ့ပြီး ရွာသား () ဦးကို ရက်စက်စွာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ အသတ် (၇၀) အရွယ်ရှိတဲ့ ကျန်းမာရေးချို့တဲ့သူ ဦးရဲရွှေနဲ့ အသက် (၃၅) နှစ်အရွယ် ကိုမောင်ချိုတို့ ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Infinity Group က အသိပေးထားပါတယ်။

ဦးရဲရွှေရဲ့လည်ပင်းကို ကြိုးဖြင့်ချည်နှောင်ကာ ဝမ်းဗိုက်အား ဓားဖြင့် () ချက်ခန့် ထိုးသတ်သွားသလို ကိုမောင်ချိုကိုမူ ကိုယ်လက်အင်္ဂါများ တစစီဖြတ်တောက်ကာ ဝမ်းတွင်းကလီစာများကိုလည်း ဆွဲထုတ်သတ်ဖြတ်သွားတယ်လို့ ပြောပါတယ်။

အဘိုးဦးရဲရွှေက ကျန်းမာရေးမကောင်းတော့ မပြေးနိုင်မလွှားနိုင်ပဲ ကျန်ရစ်ပုံရတယ်။ ကိုမောင်ချိုကတော့ ဘယ်လိုမိသွားလဲ မသိတတ်ပါဘူး။ သတ်တာကတော့ ရက်ရက်စက်စက်ကိုသတ်သွားတာလို့ အလောင်းတွေကိုမြင်တွေ့ခဲ့ရတဲ့ ရွာခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ကသတ်ဖြတ်သွားတဲ့ တင်မော်ရွာသား () ဦးရဲ့ ရုပ်အလောင်းတွေကို စစ်ကြောင်းပြန်ထွက်သွားချိန် ဖေဖော်ဝါရီ (၁၆) ရက်နေ့မှာမှ ရွာခံတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ (၁၀) ရက်နေ့က အင်ငုတ္တိုရွာသား () ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းလို့ သိရပါတယ်။


========================


📌📌 ၁၀။ ပြန်လည်ဆန်းသစ်မည့် နွေဦးထီ ပေါက်ဂဏန်းများတွင် နောက်ဆုံး လုံး တူ ရုံ နဲ့ ဆုငွေ ၁၀၀,၀၀၀ ကျပ် တိတိ ချီးမြှင့်မည့် ဆုမဲပေါင်း (၂၀၀) ပါဝင်


ဒီသတင်းကို ဖေဖော်ဝါရီ (၁၇) ရက်မှာ အောင်လံလွှင့်ချီ နွေဦးထီက တရားဝင် အသိပေးတာဖြစ်ပါတယ်။

"ကံစမ်းသူ နွေဦးသူရဲကောင်းတို့ မလွတ်စတမ်း ကံထူးနိုင်ဖို့အတွက် နွေဦးထီမှ ရက်ရောမှုအပေါင်း သရဖူဆောင်းပြီး ဆုမဲပေါင်းများစွာကို ချီးမြှင့်နိုင်ဖို့ စီစဥ်ထားပါတယ်။ အမြင့်ဆုံး ဆုကြေးတွေ မတိုင်ခင် အရင်ဆုံး မိတ်ဆက်ပေးဖို့ စိတ်နှလုံး ပျော်ရွှင်စေမယ့် ဆုမဲတွေကတော့ - နောက်ဆုံး () လုံး တူ ရုံ နဲ့ ဆုငွေ (၁၀၀,၀၀၀) ကျပ် တိတိ ဆုမဲ အရေအတွက်ပေါင်း (၂၀၀) နောက်ဆုံး () လုံးတူ ရုံ နဲ့ ဆုငွေ (၃၀,၀၀၀) ကျပ် တိတိ ဆုမဲ အရေအတွက်ပေါင်း (,၀၀၀) နောက်ဆုံး () လုံး တူ ရုံ နဲ့ ဆုငွေ (,၀၀၀) ကျပ် တိတိ ဆုမဲ အရေအတွက်ပေါင်း (၂၀,၀၀၀) တို့ကို အသီးသီး ကံထူး ဆွတ်ခူးနိုင်ကြမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ဆက်လက်ပြီးနွေဦးထီရဲ့ အမြင့်ဆုံး Grand Prize ဆုကြေးတွေကိုလည်း အသိပေးကြေညာသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ မံစီမြို့နယ်တွင် စစ်တပ်က ဂျက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား () ဦး သေဆုံးကာ (၃ဝ) ကျော် ဒဏ်ရာရ


ကချင်ပြည်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား () ဦးသေဆုံးကာ (၃ဝ) ကျော် ဒဏ်ရာရသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ စီခမ်းကြီးစခန်းကို KIA AA နဲ့ KPDF တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက် () နာရီ အချိန်က စတင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက ၎င်းတို့စခန်းမကျစေရေး တနေကုန်နီးပါး လေကြောင်း ပစ်ကူပေးပြီး ခုခံကာကွယ်နေတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ရခိုင့်တပ်တော်ကလည်း အသိပေးထားပါတယ်။ 

KIA AA နဲ့ KPDF တို့ပါဝင်တဲ့ မဟာမိတ်အဖွဲ့ဘက်ကလည်း စစ်ကောင်စီရဲ့ စီခန်းကြီးစခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း ၎င်းတို့စခန်း မကျဆုံးစေရေးအတွက် ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ညနေ (၅း၃၀) အချိန်ခန့် အထိ ဂျက်ဖိုက်တာနဲ့ (၁၄) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဟာ ၎င်းတို့၏လုပ်နေကျထုံးစံအတိုင်း စစ်ရေးအရှုံးပေါ်တိုင်း အရပ်သားတွေကို ပစ်မှတ်ထားပြီး ရပ်ရွာများကို ဦးတည်တိုက်ခိုက်တတ်တာကြောင့် စီခမ်းကြီးရွာက ဒေသခံပြည်သူ () ဦးသေဆုံးကာ (၃၀) ကျော် ဒဏ်ရာရရှိအောင် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ - ၁၅၊ ၁၂၁၊ ၂၇၆၊ ၂၂၃ တပ်တွေ ပူးပေါင်းတပ်စွဲထားတဲ့ စီခန်းကြီးစခန်းကို အပြီးသတ်သိမ်းယူနိုင်ဖို့ KIA AA နဲ့ KPDF တို့ပါဝင်တဲ့ မဟာမိတ်အဖွဲ့က ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ရခိုင်ဒေသရှိ တပ်စခန်းအားလုံးကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရန် နီးကပ်နေပြီဟု ညီနောင် ဖွဲ့ပြော


ရခိုင်ဒေသအတွင်းမှာ စစ်ကောင်စီ တပ်စခန်းတွေ တခုပြီးတခု လက်လွှတ်ဆုံးရှုံးနေရတဲ့အပြင် ကျန်ရှိနေတဲ့စခန်းတွေဟာလည်း လက်လွှတ်ဆုံးရှုံးရန် လက်တကမ်းအနေအထားသို့ ရောက်ရှိနေပြီလို့ ညီနောင်မဟာမိတ် ဖွဲ့က ပြောဆိုလိုက်ပါတယ်။  

Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ၁၁၄ ရက်မြောက်နေ့ တိုက်ပွဲသတင်းများကို ထုတ်ပြန်ရာမှာ ညီနောင်မဟာမိတ် ဖွဲ့က အခုလို ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးအရနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ စခန်းကြီး၊ စခန်းငယ်များမှာလည်း မနှေးမကြာ လက်လွှတ် ဆုံးရှုံးရမယ့်အခြေအနေကို ထင်ရှားစွာ တွေ့မြင်နေရတဲ့အပြင် လက်နက်ချအညံ့မခံတဲ့ စခန်းတိုင်းကိုလည်း ရခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရခိုင်ဒေသအတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ 

တပြိုင်နက်တည်းမှာပဲ ခုခံစစ်ကို တဆင့်ချင်း တဆင့်ချင်း ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ရခိုင့်တပ်တော်က တပ်ဖွဲ့ဝင်တွေ ကုန်းလမ်းကနေအလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေဖို့နဲ့ အခြားရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ တံတားတွေကို ဖောက်ခွဲဖျက်ဆီးတဲ့လုပ်ရပ်တွေကို ရခိုင်ပြည်နယ်မှာသာမက ရှမ်းမြောက်ဒေသနဲ့ အခြားသောနေရာများမှာပါ ခပ်စိပ်စိပ်လုပ်ဆောင်လာခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါဟာ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံအနှံ့ ၎င်းတို့နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲတိုင်းမှာ ရှုံးနိမ့်နေတာကို ပေါ်လွင်စေတယ်လို့ ညီနောင် ဖွဲ့က အသိပေးပြောဆိုလိုက်ပါတယ်။ 

ထို့အပြင် ရခိုင့်တပ်တော် AA အနေနဲ့ ရခိုင့်တပ်တော်လှုပ်ရှားနေတဲ့ ရခိုင်ပြည်နယ် ပြင်ပနေရာတခုဖြစ်တဲ့ ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်မှာလည်း မဟာမိတ်ဖြစ်တဲ့ KIA နဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စီခမ်းကြီးစခန်းကိုလည်း ဖေဖော်ဝါရီလ (၁၇) ရက် မနက်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။ 

ရခိုင်ဒေသတွင်းတိုက်ပွဲတွေကို ထုတ်ပြန်ရာမှာတော့ ရသေ့တောင်မြို့မြောက်ဘက်၊ ခနောင်းကြီးကျေးရွာအနီးဝန်းကျင်မှာ ရသေ့တောင်မြို့အခြေစိုက် ခမရ - ၅၃၆ တပ်ရင်းနဲ့ ရခိုင့်တပ်တော်တို့ ဖေဖော်ဝါရီလ (၁၇) ရက် ညနေ (၅း၄၅) အချိန်ဝန်းကျင်မှာ  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။  

ရှမ်းမြောက်ဒေသမှာ လတ်တလောအခြေအနေအရ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် ရခိုင်ဒေသမှာတော့ ရခိုင့်တပ်‌တော်ရဲ့ ထိုးစစ်နဲ့ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား တိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။


========================


🚩🚩 ၃။ ရခိုင်ပြည်နယ်အတွင်းရှိ တံတားများကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ မိုင်းခွဲဖျက်ဆီး၊ တပတ်အတွင်း တံတား () စင်း မိုင်းခွဲ ဖျက်ဆီးခံရ 


အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက အများပြည်သူ အသုံးပြုသွားလာနေတဲ့ တံတားတွေကို ရည်ရွယ်ချက်ရှိရှိ မိုင်းခွဲဖျက်ဆီးနေရာ တပတ်အတွင်း တံတား () စင်းကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ ဖေဖော်ဝါရီလ (၁၆) ရက် (၉း၂၅) အချိန်မှာ တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ မအီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သလို မအီ-ကျောက်ဖြူကားလမ်း မအီမြို့အနီးမှာရှိတဲ့ ကျောက်ကြီးပေါက်တံတားကိုလည်း ဖေဖော်ဝါရီလ (၁၇) ရက် နံနက် (၂း၅၃) အချိန်မှာ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

မအီတံတားကို မိုင်းဖောက်ခွဲဖျက်ဆီးခဲ့ချိန်မှာ မိုင်းပေါက်ကွဲမှုပြင်းအားကြောင့် မအီမြို့အထက်တန်းကျောင်းအပါအဝင် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ထို့အပြင် စစ်တွေ-ရန်ကုန်ကားလမ်းမအနီးက အမြင့်ကျွန်းကျေးရွာမှာရှိတဲ့ စစ်တွေမြို့အဝင် မင်းချောင်း (ခေါ်) အမြင့်ကျွန်းတံတားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ပြောပါတယ်။ 

အဆိုပါတံတားတွေဟာ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အရပ်သားပြည်သူတွေ အဓိက အားကိုးအားထားပြု သွားလာနေရတဲ့ တံတားတွေ ဖြစ်ပါတယ်။

ရခိုင်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ တခုပြီးတခုလက်လွှတ်ဆုံးရှုံးနေရတဲ့အပြင် ကျန်ရှိနေသေးတဲ့စခန်းတွေဟာလည်း လက်လွှတ်ဆုံးရှုံးရဖို့ လက်တကမ်းအနေအထားကိုရောက်ရှိနေတာကြောင့် ရခိုင့်တပ်တော် AA က စစ်သည်တော် တွေ ကုန်းလမ်းကနေ အလွယ်တကူဝင်မလာနိုင်စေဖို့အတွက် စစ်ကောင်စီတပ်တွေက တံတားတွေကို ဖောက်ခွဲဖျက်ဆီးနေတာဖြစ်တယ်လို့ AA က ပြောပါတယ်။ 

အများပြည်သူအသုံးပြုသွားလာနေတဲ့ တံတားတွေကို ဖောက်ခွဲဖျက်ဆီးတဲ့ လုပ်ရပ်တွေကို ရခိုင်ပြည်နယ်မှာသာမက ရှမ်းမြောက်ဒေသနဲ့ အခြားနေရာတွေမှာပါ ခပ်စိပ်စိပ်လုပ်ဆောင်နေတာဟာ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံအနှံ့ဖြစ်နေတဲ့ စစ်ပွဲတိုင်းမှာ ရှုံးနိမ့်နေတယ်ဆိုတာကို ပေါ်လွင်စေတာလည်း ဖြစ်ပါတယ်။ 

ထို့အပြင် အကြမ်းဖက်စစ်တပ်ဟာ ရမ်းဗြဲမြို့ကို အလုံးစုံပျက်စီးစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေကြောင်း၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ယခုလဆန်းကတည်းက ဆက်တိုက်ပြုလုပ်နေရာဖေဖော်ရီလ (၁၇) ရက်နေ့ ညဦးပိုင်းအချိန်ထိ Mi-35 စစ်ရဟတ်ယာဉ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ကလိန်တောင် မြစ်ထဲမှာရှိတဲ့ စစ်သင်္ဘောကလည်း မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ () ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အမှတ် () ကင်းတဲရပ်ကွက်က လူနေအိမ် (၆၀) ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ရခိုင်တပ်တော် AA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စကစတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ နေ့ရောညပါတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စကစတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ နေ့ရောညပါတိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့

ဖေဖော်ဝါရီ (၁၈) ရက်မှာ ကျားဖြူစစ်ကြောင်းက အသိပေးဆိုပါတယ်။

"မိမိတို့ ကျားဖြူစစ်ကြောင်းအနေဖြင့် အခြေအနေအရ သတင်းမထုတ်ပြန်သော်လည်း အကြ၊မ်းဖက်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ နေ့ရောညပါ ပြင်းထန်စွာ ဖြစ်ပွါးနေပါတယ်" လို့ အသိပေးဆိုပါတယ်။

ကော့ကရိတ်တိုက်ပွဲအတွင်း ရဲဘော်များ တိုက်ပွဲဝင်နေမှုအား ရုပ်သံနှင့်တကွ ကျားဖြူစစ်ကြောင်းက ဖော်ပြပါတယ်။

(၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် KNDO ဦးစီးတော်လှန်ရေး ပူးပေါင်းတပ်များက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို တိုက်ခိုက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ခိုက် သိမ်းပိုက်မှုတွင် စကစ၏ ရဲတပ်ဖွဲ့ဝင် (၁၀) ဦးကို အရှင် ဖမ်းမိခဲ့ပြီး လက်နက် (၂၅) လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။


========================


🚩🚩 ၅။ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များက တိုက်ပွဲတုဖန်တီးကာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ်သေဆုံး

 

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ - ၄၂၅ နဲ့ ၄၂၆ တပ်အတွင်းက စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက တိုက်ပွဲအတုဖန်တီးပြီး ပအိုဝ်းကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အချက်ပေါင်း (၄၀) ကျော်ပစ်ခတ်တာကြောင့် () လသားအရွယ်ကလေးငယ်တဦး သေဆုံးပြီး ဒေသခံပြည်သူ () ဦး ထိခိုက်ဒဏ်ရာရရှိခဲတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဖေဖော်ဝါရီလ (၁၈) ရက် ယနေ့မနက်မှာ ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီနဲ့လက်အောက်ခံပြည်သူ့စစ်တွေဟာ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ () နာရီခန့်အချိန်မှာ ၎င်းတို့ တပ်အတွင်း  လက်နက်ငယ်ပစ်ဖောက်ခဲ့ပြီးနောက် ထမ်းယံကျေးရွာနဲ့ ထီတမ်ကျေးရွာကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ PNLA က ပြောပါတယ်။ 

ထိုသို့ ပစ်ခတ်ခြင်းကြောင့် ထမ်းယံကျေးရွာက () လသားအရွယ် ကလေးငယ်တဦးသေဆုံးခဲ့ပြီး မိဘ () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် ထီတမ်ကျေးရွာက ဒေသခံ () ဦးနဲ့ ထမ်းယံကျေးရွာက ကလေးမိဘ () ဦးအပါအဝင် ဒေသခံ () ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဒေသခံပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်များလည်း ပျက်စီးခဲ့ရတယ်လို့ PNLA က အသိပေးထားပါတယ်။

အဆိုပါကျေးရွာတွေဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA တည်ရှိရာနေရာမဟုတ်သလို တပ်စွဲထားခြင်းလည်းမရှိဘဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ပအိုဝ်းကျေးရွာတွေကို ပစ်ခတ်ဖျက်ဆီးခဲ့တယ်ဖြစ်တယ်လို့ ဒေသခံတွေအဆိုအရ သိရပါတယ်။

ထို့အပြင် စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာပဲ မဲနယ်တောင်ဒေသက ကျောက္ကဆျား၊ လုံးဟီး၊ စငေါ စတဲ့ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment