19th FEB 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၂။ Korea Institute for Education & Evaluation Advancement မှ ဥက္ကဋ္ဌ ဆောင်ဒယ်ဂွန်း နှင့် ဒါရိုက်တာတို့ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်လာရောက်တွေ့ဆုံ

📌 ၃။ စစ်မှုထမ်းဥပဒေကို ပြည်သူများအနေနဲ့ ဆန့်ကျင်ကြပြီး တော်လှန်ရေး အဖွဲ့များနဲ့ ပူးပေါင်းကာ ကူညီ ကာကွယ်မှုများ လုပ်ဆောင်သွားရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ တိုက်တွန်း

📌 ၄။ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု အဖွဲ့ဝင်မနိုဘယ်အေး ကျဆုံးခဲ့ရမှုအပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်

📌 ၅။ ဘားအံနှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့

📌 ၆။ မုံရွာမြို့နယ်၊ ညောင်ပင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး စစ်ကြောင်းထိုးနေသဖြင့် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အင်းလေးတောင်ပိုင်းတွင် PNO ပြည်သူ့စစ် အဖွဲ့က အဓမ္မ တပ်သားသစ် စုဆောင်းနေ

🚩 ၂။ စစ်တောင်းမြစ်ကူးတံတားတွင် ခံစစ်ယူ၊ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို  တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့

🚩 ၃။ ရေဦးမြို့နယ်အနောက်ခြမ်းရွာများကို စစ်ကြောင်းထိုး လုယက်သောင်းကျန်းနေသော စစ်အုပ်စုအား တိုက်ခိုက်

🚩 ၄။ ပေါက်ခေါင်းမြို့နယ်မှအကြမ်းဖက်စစ်‌ကောင်စီ၏ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ဆိုင်ကယ်နှင့် ကားတို့ကို မိုင်း‌ဆွဲတိုက်ခိုက်ရာ စကစဘက်က ()ဦးသေဆုံး၍ ()ဦးပြင်းထန် ဒဏ်ရာရ

🚩 ၅။ မြင်းခြံ၊ ရွာသာယာရွာမှ ပြည်သူ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

🚩 ၆။ မြေပုံမြို့နယ်ရှိ ပွိုင့် ၄၀၂ တောင်ကုန်းနှင့် ၄၀၈ တောင်ကုန်းပေါ်ရှိ စစ်စခန်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင် မီးရှို့ဖျက်ဆီးကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ထွက်ပြေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဖေဖော်ဝါရီလ ၁၈ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို ဖေဖော်ဝါရီလ ၁၈ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်ကာ အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက်  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ Korea Institute for Education & Evaluation Advancement မှ ဥက္ကဋ္ဌ ဆောင်ဒယ်ဂွန်း နှင့် ဒါရိုက်တာတို့ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်လာရောက်တွေ့ဆုံ


ဖေဖော်ဝါရီ၁၈ရက်

Korea Institute for Education & Evaluation Advancement မှ ဥက္ကဋ္ဌ ဆောင်ဒယ်ဂွန်းနှင့် ဒါရိုက်တာတို့ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်လာရောက်တွေ့ဆုံခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၈ရက်မှာ ကိုရီးယားNUGကိုယ်စားလှယ်ရုံးက အသိပေးဆိုပါတယ်။


Korea Institute for Education & Evaluation Advancement မှ ဥက္ကဋ္ဌ ဆောင်ဒယ်ဂွန်းနှင့် ဒါရိုက်တာ တီချယ်ချမ်းချမ်းတို့သည် ယနေ့ မွန်းလွဲပိုင်းက ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းအား လာရောက်တွေ့ဆုံ၍ ပညာရေးထောက်ပံ့မှု အစီအစဉ်များ လုပ်ဆောင်ရန် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။


KIEEA ပညာရေးအဖွဲ့အစည်းသည် အာရှ -နိုင်ငံတွင် ကိုရီးယား ဘာသာစကားနှင့် ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး၊ မြန်မာနိုင်ငံမှ လူငယ်များ ကိုရီးယားတွင် ပညာဆက်လက်သင်ကြားနိုင်ရေး ကူညီထောက်ပံ့မှုများ လုပ်ဆောင်သွားရန်၊ မြန်မာနိုင်ငံတွင် ကိုရီးယား စာကြည့်တိုက်တခု ဖွင့်လှစ်သွားရန် ရည်ရွယ်ချက်ရှိကြောင်း ဥက္ကဋ္ဌဆောင်ဒယ်ဂွန်းက တင်ပြခဲ့ပါတယ်။ 


ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက လက်ရှိ မြန်မာနိုင်ငံ အခြေအနေ၊ NUG အစိုးရက လုပ်ဆောင်နေသည့် ပညာရေးအခြေအနေနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပြန်လည် ဆွေးနွေးခဲ့ပါတယ်။


နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ပညာရေးဆိုင်ရာများကို ဆက်လက် လုပ်ဆောင်သွားရန် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်မှုထမ်းဥပဒေကို ပြည်သူများအနေနဲ့ ဆန့်ကျင်ကြပြီး တော်လှန်ရေး အဖွဲ့များနဲ့ ပူးပေါင်းကာ ကူညီ ကာကွယ်မှုများ လုပ်ဆောင်သွားရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ တိုက်တွန်း


ဖေဖော်ဝါရီလ ၁၈ရက်။

စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆန့်ကျင်ကြပြီး စစ်ကောင်စီကို တော်လှန်နေသော တိုင်းရင်းသား အင်အားစုများ၊ တော်လှန်ရေး အဖွဲ့ အစည်းများနဲ့ ပူးပေါင်းကာ လိုအပ်တဲ့ ကာကွယ်မှုများ၊ ကူညီပံပိုးမှုများ လုပ်ဆောင်သွားကြရန် မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) က တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။


မြန်မာစစ်တပ်က သမိုင်းတလျောက် မကြုံစဖူး အရေးနိမ့်မှုများ ဖြစ်နေပြီး ၎င်းတို့ အင်အားချိနဲ့နေချိန်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေ (စစ်မှုမထမ်းမနေရ ဥပဒေ) ကို အတင်းအကြပ် အသက်သွင်း အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ MSFC က ဆိုပါတယ်။


ထိုသို့ အကောင်အထည် ဖော်ရာမှာ အထောက်အကူပြုတဲ့ လူပုဂ္ဂိုလ်မှန်သမျှနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူသွားရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


စစ်ကောင်စီက နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံတော်လှန်မှုများ ပြင်းထန်နေချိန် စစ်စခန်းတချို့ကို လက်လွတ်ဆုံးရှုံးရခြင်း၊ ထိန်းချုပ်နယ်မြေအချို့ လက်လွတ်ရခြင်းများ ကြုံတွေ့နေရပြီး စစ်ရေးအရ အရေးနိမ့်မှုများ ရင်ဆိုင်နေရတာကြောင့် ပြည်သူလူထုအား ချိန်းခြောက်အကြပ်ကိုင်ကာ စစ်အင်အား ဖြည့်ဆည်းနိုင်ရန် စီမံနေခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်ကောင်စီက ၎င်းတို့ရဲ့ အာဏာနဲ့ ကိုယ်ကျိုးစီးပွားကို အကာအကွယ် ရယူနိုင်ရန် ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးချရန် စီမံခြင်းသာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနိုင်မှသာ ပြည်သူ့တို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ လုံခြုံမှုနှင့် လွတ်လပ်မှုတို့ ရရှိနိုင်မှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။


မွန်ပြည်ဖက်ဒရယ်‌ကောင်စီ အနေဖြင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်း အရပ်ရပ်မှာ ရုန်းထွက်နိုင်ဖို့ ပြည်သူလူထု တစ်ရပ်လုံးနဲ့ ရပ်တည်နေပြိး မွန်ပြည်သူ လူထုများမှလည်း တော်လှန်ရေးမှာ အရှိန်မြှင့် ပါဝင်ပေးကြဖို့ကို တိုက်တွန်းထားပါတယ်။


အရွယ်ရောက်ပြီးတဲ့ မွန်ပြည်နယ်မှ လူငယ်များနဲ့ မွန်လူငယ်များ အနေဖြင့်လည်း တော်လှန်ရေး တပ်များတွင် ဝင်ရောက်ပြီး တော်လှန်ရေးအကျိုးပြု လုပ်ငန်းများကို ထမ်းဆောင်နိုင်ကြောင်း အသိပေးထားပြီး လုံခြုံရေးအနေဖြင့် တက်စွမ်းသမျှ တာဝန်ယူ ပေးသွားမယ်လို့လည်း အသိပေး ထားပါတယ်။


========================


📌📌 ၄။ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု အဖွဲ့ဝင်မနိုဘယ်အေး ကျဆုံးခဲ့ရမှုအပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်


ဖေဖော်ဝါရီလ ၁၈ရက်။

အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် (၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက် နေ့တွင် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အသက်ပေးလှူသွားခဲ့ရတဲ့ မနိုဘယ်အေးအတွက် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB) မှ ကြေညာချက်တစ်ရပ်ကို ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မနိုဘယ်အေးဟာ (၉၆) မျိုးဆက် ကျောင်းသူဖြစ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးနိုင်ငံရေး လှုပ်ရှားမှုများကြောင့် (၁၉၉၆) ခုနှစ်တွင် တစ်ကြိမ်၊ (၂၀၀၇) ခုနှစ်တွင် တစ်ကြိမ် စစ်အာဏာရှင်များ၏ မတရားဖမ်းဆီး ထောင်ချခြင်းကို ခံခဲ့ရသူဖြစ်ပြီး (၂၀၂၁) ခုနှစ် နွေဦးတော်လှန်ရေးကြီးတွင်လည်း တော်လှန်ရေးတပ်ဦးကနေ၍ စစ်အာဏာရှင်စနစ်ကို ရဲရဲရင့်ရင့် တွန်းလှန်ခဲ့သူဖြစ်ပြီး ဖေဖော်ဝါရီလ () ရက်နေ့တွင် မနိုဘယ်အေးအား မတရား ဖမ်းဆီးထားရာမှ ရုံးထုတ်ရမန်ယူသည်ကို အကြောင်းပြ၍ ထန်းတပင်မြို့နယ်၊ ကျိုက်လတ်ရွာ အနီးတွင် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာဥပဒေ(IHL) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။


အဆိုပါလုပ်ရပ်ဟာ အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူလူထုအပေါ် ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများထဲမှ တခုဖြစ်ပြီး အဆိုပါလုပ်ရပ်ကို ကျွန်ုပ်တို့မှ ဘယ်တော့မှ မေ့ဖျောက် ခွင့်လွှတ်သွားမည် မဟုတ်ဘဲ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီ တာဝန်ရှိသူအဆင့်ဆင့်ကို အပြစ်ပေးအရေးယူနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်အား ရဲရဲရင့်ရင့်ဆန့်ကျင်ရင်း ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အသက်ပေးလှူသွားခဲ့သော မနိုဘယ်အေး အား "ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူ့သူရဲကောင်းအာဇာနည်" အဖြစ် မြန်မာနိုင်ငံ ပြည်သူလူထုကိုယ်စား ကျွန်ုပ်တို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က မော်ကွန်းတင်ကြောင်းလည်း ထုတ်ပြန် ကြေညာထားပါတယ်။


========================


📌📌 ၅။ ဘားအံနှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့


ဖေဖော်ဝါရီလ ၁၈ရက်။

KNU ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ တပ်မဟာ () ဘားအံမြို့နယ်နှင့် ဘီးလင်းမြို့နယ် ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ပြည်သူ ဦး ဒဏ်ရာရပြီး လူနေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က သတင်းထုတ်ပြန် ထားပါတယ်။


ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ နာရီ ၁၀ မိနစ်ခန့်မှာ KNU သထုံခရိုင်၊ ဘားအံမြို့နယ် ထဲရှိ ကျေးရွာများကို စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၂၀၈ က လက်နက်ကြီး လုံး ပစ်ခတ်ခဲ့တယ်လို့ KNU က ဆိုပါတယ်။


၎င်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရေအေး(နို့လော်ပလော) ကျေးရွာနေ အသက် ၃၅ နှစ်ရှိ နော်ဆဲဝါးနှင့် အသက် ၅၈ နှစ်ရှိ နော်မပြားတို့ လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ နာရီ ၄၀ မိနစ် ခန့်ကလည်း ဘီးလင်းမြို့နယ်၊ ဝင်းတာပန် ကျေးရွာကို စစ်ကောင်စီက (Helicopter) ဖြင့် လေကြောင်းကနေ စက်သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အရပ်သား ပြည်သူပိုင် နေအိမ် လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU သထုံခရိုင်က အသိပေးထားပါတယ်။


အဆိုပါ ဝင်းတာပန် ကျေးရွာကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီက Mi35 ဖြင့် လေကြောင်းကနေ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် လုံး ပျက်စီးခဲ့ရပါသေးတယ်။


လက်ရှိမှာတော့ ဝင်းတာပန် ကျေးရွာအခြေစိုက် စစ်ကောင်စီ တပ်စခန်းကုန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ဝန်းရံတိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲများနဲ့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူတွေ နှစ်လကျော်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထို့အပြင် ဘားအံမြို့နယ်ထဲက ရေအေး(နို့လော်ပလော) နို့အောလာ အစရှိတဲ့ ကျေးရွာများကို ကမမောင်းအခြေစိုက် စစ်ကောင်စီနဲ့ BGF ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးနေပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေရတာတွေလည်း ရှိနေပါတယ်။


========================


📌📌 ၆။ မုံရွာမြို့နယ်၊ ညောင်ပင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး စစ်ကြောင်းထိုးနေသဖြင့် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ


ဖေဖော်ဝါရီလ ၁၈ရက်။ 

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊  ညောင်ပင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဦးမှာ စိုးရိမ်းရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံ တွေထံက သိရပါတယ်။


ဖေဖော်ဝါရီလ ၁၇ ရက်၊ မွန်းတည့်ပိုင်းမှာ မုံရွာမြို့ ကျောက်စစ်ပုံအခြေစိုက် အမြှောက်တပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့ရာ ညောင်ပင်ရွာအတွင်း လက်နက်ကြီး လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အခုလို ပြည်သူ ဦး ထိခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


 ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ထနောင်းတော (တောင်) ရွာကို စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့ ပါသေးတယ်။


 ထို့အပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းက မုံရွာမြို့ အနီးရှိ ကျေက္ကာ၊ ထနောင်း၀န်း၊ ရွာတုံ၊ ရေကန်စု စတဲ့ ကျေးရွာများကို စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။


အလားတူ ၁၈ ရက်နေ့ မနက်ပိုင်းမှာပဲ ဘုတလင်မြိုနယ်၊ မြိုပေါ်ကျေးရွာနဲ့ ဇီးတော()ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များထံက သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ အင်းလေးတောင်ပိုင်းတွင် PNO ပြည်သူ့စစ် အဖွဲ့က အဓမ္မ တပ်သားသစ် စုဆောင်းနေ


ဖေဖော်ဝါရီလ ၁၈ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးတောင်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်များက ဦးဆောင်ပြီး အတင်းအဓမ္မ တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်များထံက သိရပါတယ်။


လက်တလောရရှိထားတဲ့ စာရင်းများအရ ထီရီးကျေးရွာမှ ၁၅ ဦး ထီဟန်းတားကျေးရွာမှ ဦး အောင်ချမ်းသာ ကျေးရွာမှ ဦး၊ ဟူရမ်းကျေးရွာမှ ၁၁ ဦး နှင့် စံကားလွယ်ခေါ် ကျေးရွာမှ ၁၀ ဦးကို PNO က ခေါ်ဆောင်သွားတယ်လို့ ဒေသခံက ပြောပါတယ်။


ကျေးရွာအတွင်း မဲနှိုက်ခိုင်းကာ မဝင်မနေရပုံစံမျိုး အတင်းအဓမ္မ လူစုဆောင်းနေပြီး ငွေကြေး တတ်နိုင်တဲ့ သူတွေကျ သွားနိုင်တဲ့သူတွေကို ပိုက်ဆံပေးပြီး ငှားထည့်တာတွေ ရှိတယ်လို့ ဆိုပါတယ်။


ထို့အပြင် လက်နက်ဝယ်ယူရန် အတွက်ဟုဆိုကာ အိမ်တိုင်းအိမ်တိုင်း တစ်အိမ်လျှင် သိန်းခွဲ ပေးရမယ်လို့ ကောက်ခံနေတာလည်း ရှိကြောင်း ဒေသခံတွေက ပြောပြပါတယ်။


 PNO ပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီနဲ့ တရားဝင်ပူးပေါင်းနေပြီး တော်လှန်ရေးအင်အားစုများကို ပြန်လည် တိုက်ခိုက်နေကာ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ကောင်စီအတွက်လည်း စစ်သား ကောက်ပေးနေတယ်လို့ ဒေသတွင်း တော်လှန်ရေး အင်အားစုများက အသိပေးထားပါတယ်။


 အပြစ်မဲ့ ပြည်သူလူထုကို စစ်ပွဲအတွင်း အတင်းအဓမ္မ ဆွဲသွင်းပြီး ကျေးရွာများမှာ မသွားမနေရ စစ်သားကောက်ယူခြင်းနဲ့ သေနတ်ဝယ်ယူရန်ဟုဆိုကာ ငွေကြေးကောက်ခံနေတဲ့ PNO ကို အင်းလေး ဒေသခံ လူထုအဖွဲ့အစည်းများက မကြာသေးမှီ ရက်ပိုင်းက အပြင်းအထန် ကန့်ကွက်ထားပါတယ်။


စစ်ကောင်စီက လက်နက်တွေ ထုတ်ပေးနေကာ အဲ့ဒီလက်နက် ခဲယမ်းအလိုက် PNO က လူရှာပေးနေရတာ ဖြစ်ပြီး အင်းလေးတောင်ပိုင်းမှ လူ ၂၀၀ လောက် ပါသွာပြီးပြီလို့ သိရကြောင်း ညောင်ရွှေ ဒေသခံ တစ်ဦးက ပြောပြပါတယ်။


ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စစ်ကောင်စီတပ်က PNO ပြည်သူ့စစ် အဖွဲ့အား လက်နက်တပ်ဆင်ပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့ပါသေးတယ်။


========================


🚩🚩 ၂။ စစ်တောင်းမြစ်ကူးတံတားတွင် ခံစစ်ယူ၊ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို  တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့


ဖေဖော်ဝါရီလ ၁၈ရက်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာ အရှေ့တောင်ဘက် စစ်တောင်းမြစ်ကူးတံတားတွင် ခံစစ်ယူ၊ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် နာရီအချိန်ခန့်တွင် တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ၀င်ရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းကအတည်ပြုဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုသည် နာရီခန့် ကြာမြင့်ခဲ့ပြီး စကစဘက်မှ ထိခိုက်ကျဆုံးမှုကို အတိအကျ မသိရသေးသော်လည်း တော်လှန်ရေးအင်အားစုဘက်မှ အထိခိုက်မရှိ အောင်မြင်စွာ ၀င်ရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်။


ယင်းတိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် ရိုးမစစ်ကြောင်းနှင့် ၃၅၀၁ တပ်ခွဲ () တပ်ခွဲ () တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ ရေဦးမြို့နယ်အနောက်ခြမ်းရွာများကို စစ်ကြောင်းထိုး လုယက်သောင်းကျန်းနေသော စစ်အုပ်စုအား တိုက်ခိုက်


ဖေဖော်ဝါရီလ ၁၈ရက်။

ရေဦးမြို့နယ်အနောက်ခြမ်းရွာများကို စစ်ကြောင်းထိုးလုယက်သောင်းကျန်းနေသော စစ်အုပ်စုအား တိုက်ခိုက်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၈ရက်မှာ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦးPDFက အတည်ပြုထားပါတယ်။


ရေဦးမြို့နယ် အနောက်ခြမ်းရှိရွာများကို စစ်ကြောင်းထိုးလုယက်သောင်းကျန်းနေသော စစ်အုပ်စုအား ဖေဖော်ဝါရီလ ၁၇ရက် မွန်းလွဲ၁နာရီအချိန်ခန့်၌  ဇဝရွာမှ ဝက်ဖိုးရွာအကူးတွင် Fixed-wing Drone ()စီးဖြင့် ဗုံးသီး()လုံးချ၍ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုများအား စုံစမ်းဆဲဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၄။ ပေါက်ခေါင်းမြို့နယ်မှအကြမ်းဖက်စစ်‌ကောင်စီ၏ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ဆိုင်ကယ်နှင့် ကားတို့ကို မိုင်း‌ဆွဲတိုက်ခိုက်ရာ စကစဘက်က ()ဦးသေဆုံး၍ ()ဦးပြင်းထန် ဒဏ်ရာရ


ဖေဖော်ဝါရီလ ၁၈ရက်။

ပေါက်ခေါင်းမြို့နယ်မှ အကြမ်းဖက်စစ်‌ကောင်စီ၏ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ဆိုင်ကယ်နှင့် ကားတို့ကို မိုင်း‌ဆွဲတိုက်ခိုက်ရာ စကစဘက်က ()ဦးသေဆုံး၍ ()ဦးပြင်းထန် ဒဏ်ရာရခဲ့ပါတယ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်မှ ညောင်ဝန်းကားလမ်းသို့ စီးနင်းလာ‌သော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ရှေ့ပွိုင့်ဆိုင်ကယ်()စီး၊ လက်နက်အပြည့်အစုံပါ ()ဦးနှင့် Probox ကား()စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF) တပ်ခွဲ၅ (တောဘုရင်အဖွဲ့) နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၃၊ တပ်စု၂ တို့က ဖေဖော်ဝါရီလ(၁၆)ရက်နေ့ နံနက်() နာရီခန့်တွင် ပတ်လည်မိုင်း()လုံးဆွဲ၍ တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။


အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦးသေဆုံးပြီး ()ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးအလောင်းနှင့် အပြင်းအထန် ဒဏ်ရာရရှိသူတို့ကို ပေါက်ခေါင်းဘက်သို့ ကားဖြင့် ပြန်လည်တင်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ ဘေးအန္တရာယ်မရှိ တိုက်ခိုက်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၅။ မြင်းခြံ၊ ရွာသာယာရွာမှ ပြည်သူ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်


ဖေဖော်ဝါရီလ ၁၈ရက်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာသာယာရွာမှ ပြည်သူ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းမင်း ဒေါင်းတမာန် အထူးပြောက်ကျား တပ်ဖွဲ့ ထံမှ သိရပါတယ်။


ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ နာရီခန့်က မြင်းခြံမြို့နယ်၊ ရွာသာယာကျေးရွာကို အကြမ်းဖက် စစ်တပ်က ဖိုးဝှီးကား စီး၊ ဖောကား စီးဖြင့် ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ ပြည်သူများကို လိုက်လံပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ 


ထိုသို့ ပစ်ခတ်မှုကြောင့် အသက် ၃၀ ဝန်းကျင်အရွယ်၊ ကိုအောင်ဝင်းမှာ ရင်ဝ သေနတ် ချက် ထိမှန်သေဆုံးခဲ့ကာ ၎င်းရဲ့ ယောက္ခထီး ဖြစ်သူမှာလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။


ရွာသာယာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ကို ကျေးရွာမှ ပြန်ထွက်လာစဉ် ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


မိုင်းဆွဲတိုက်ခိုက် ခံရမှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘဲ တိုက်ခိုက်ခံရပြီးနောက် ဖိုးဝှီးကား စီးမှာ ကုက္ကဲရဲစခန်းအတွင်း ပြန်လည်ဝင်ရောက်သွားကာ ဖောကား စီးမှာ မြင်းခြံမြို့ပေါ်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ မြေပုံမြို့နယ်ရှိ ပွိုင့် ၄၀၂ တောင်ကုန်းနှင့် ၄၀၈ တောင်ကုန်းပေါ်ရှိ စစ်စခန်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင် မီးရှို့ဖျက်ဆီးကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ထွက်ပြေး


ဖေဖော်ဝါရီလ ၁၈ရက်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာရှိတဲ့ ပွိုင့် ၄၀၂ တောင်ကုန်းနဲ့ ၄၀၈ တောင်ကုန်းပေါ်က စစ်စခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ထွက်ပြေးသွားတယ်လို့ ရခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နာရီခန့်အချိန်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။ 

ရခိုင်ပြည် မြေပုံမြို့နယ် ဟင်းခရော်ကျေးရွာ အနောက်မြောက်ဖက် ၂ဒသမ၇ ကီလိုမီတာအကွာမှာရှိတဲ့ ပွိုင့် ၄၀၂ နဲ့ ပွိုင့် ၄၀၈ ကုန်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၎င်းတို့တပ်စခန်းရှိ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးတွေနဲ့ စခန်းကုန်းတခုလုံးကို ၎င်းတို့ကိုယ်တိုင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ နာရီခွဲခန့်အချိန်မှာ မီးရှို့ခဲ့ကြတာလို့ဆိုပါတယ်။

အဆိုပါစခန်းကုန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ရဟတ်ယာဉ်တွေနဲ့ အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတယ်လို့ ရခိုင့်တပ်တော် AA က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ၎င်းတို့တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့စခန်းတွေဟာ နာရီဝန်းကျင် အချိန်အထိ မီးလောင်နေဆဲဖြစ်တယ်လို့ ရခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ 

ရခိုင်ဒေသတွင်းမှာရှိတဲ့ စစ်ကောင်စီစခန်းတွေ တခုပြီးတခုလက်လွှတ်ဆုံးရှုံးနေတဲ့အပြင် ကျန်နေသေးတဲ့စခန်းတွေဟာလည်း လက်လွှတ်ဆုံးရှုံးရဖို့ လက်တကမ်းအနေအထားရောက်နေတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ပြီး ၂၄ နာရီအတွင်းမှာပဲ စစ်တပ်က ၎င်းတို့ တပ်စခန်းတွေကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment