2nd FEB 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ယခုနှစ်အတွင်း ပြည်နယ်ဖက်ဒရယ်ယူနစ်များအားလုံး ကြားကာလအစိုးရဖွဲ့စည်းထူထောင်ကြရန် NUG ယာယီသမ္မတ တိုက်တွန်း

📌 ၂။ စစ်တပ်အနေနဲ့ တော်လှန်ရေး နှစ်တာအတွင်းမှာပင် မကြုံဖူးအောင် ပြိုဆင်း နေပြီလို့အမျိုးသားညီညွတ်ရေးအစိုးရအသိပေး

📌 ၃။ ကျန်းမာရေးကဏ္ဍတွက် ၂၀၂၃ ခုနှစ်တွင်း ကျပ် . ဘီလျံကျော် အသုံးပြုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အစီရင်ခံ

📌 ၄။ အကြမ်းဖက်စစ်တပ်သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို စိတ်လွတ် လက်လွတ် ကျူးလွန်နေဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြော

📌 ၅။ ဂျပန်နိုင်ငံ တိုကျိုမြို့ ဂျပန်လွှတ်တော်အမတ်များ အဆောက်အအုံ၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာအရေးတင်ပြရှင်းလင်း

📌 ၆။ နိူင်ငံတကာအနေနဲ့လူသားချင်းစာနာမှုအကူအညီပေးရုံတင်မကဘဲနဲ့ ပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့ စစ်အုပ်စုရဲ့ ကျူးလွန်ဖန်တီးမှုတွေကိုလည်းသိရှိဖြေရှင်းဖို့လိုအပ်တယ်လို့ပြောကြား

📌 ၇။ စစ်အာဏာရှင် ဆန့်ကျင်ရေးယူကေရောက် မြန်မာတိုင်းရင်းသားများ ၅၀၀ခန့်ဆန္ဒဖော်ထုတ်ရာမှာ ယူကေအောက်လွှတ်တော်အမတ်များပါဝင်တက်ရောက်

📌 ၈။ ယူကေအစိုးရက စစ်အုပ်စုနှင့်အမှတ် ()၊အမှတ်၂ သတ္တုတွင်းလုပ်ငန်းများကိုအရေးယူပိတ်ဆို့





ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ယခုနှစ်အတွင်း ပြည်နယ်ဖက်ဒရယ်ယူနစ်များအားလုံး ကြားကာလအစိုးရဖွဲ့စည်းထူထောင်ကြရန် NUG ယာယီသမ္မတ တိုက်တွန်း


ဖေဖော်ဝါရီလ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေးမှာ NUG ယာယီ သမ္မတကအခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။


တဖက်မှာ ခုခံတော်လှန်စစ်ကို အရှိန်မြှင့်နေသလို မြေပြင်ထိန်းသိမ်းမှုတွေ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၂၄ ခုနှစ်အတွင်းမှာ ပြည်နယ်ဖက်ဒရယ်ယူနစ်အားလုံး ကြားကာလအစိုးရ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ယာယီသမ္မတ က ပြောပါတယ်။

NUG အစိုးရအဖွဲ့ဟာ အချိန်နဲ့အမျှ အရေးကြီးတဲ့ လူထုတာဝန်တွေကို ထမ်းဆောင်နေကြတာဖြစ်သလို လုပ်သင့် လုပ်ထိုက်တဲ့ နိုင်ငံရေးတာဝန်တွေကိုလည်း မလစ်ဟင်းရအောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နယ်ယူနစ် ကြားကာလအစိုးရဖွဲ့စည်းရေးဟာ နွေဦးတော်လှန်ရေးရဲ့ ပင်ပရည်မှန်းချက် ပန်းတိုင်ဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်ရေးအတွက် မရှိမဖြစ် လုပ်ငန်းတာဝန်ဖြစ်တယ်လို့လည်း ပြောထား ပါတယ်။

ဒါကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ အဲဒီလုပ်ငန်းတာဝန်တွေကို အချိန်ပြည့်ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်ဖက်ဒရယ်ယူနစ်များကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ - IEC ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ချင်းပြည်နယ်တွင် ချင်းကောင်စီ က ကြားကာလဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်နေပြီဖြစ်သလိုစစ်ကိုင်းတိုင်းမှာလည်း ကြားကာလ တိုင်းအစိုရ ပေါ်ပေါက်လာရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၂။ စစ်တပ်အနေနဲ့ တော်လှန်ရေး နှစ်တာအတွင်းမှာပင် မကြုံဖူးအောင် ပြိုဆင်း နေပြီလို့အမျိုးသားညီညွတ်ရေးအစိုးရအသိပေး


ဖေဖော်ဝါရီ၂ရက်


၂၀၂၃ခုနှစ်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ မဟာဗျူဟာ တိုက်ခိုက်ရေးအင်အားများဖြစ်တဲ့ ခြေမြန်တပ်မဌာနချုပ်နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တပ်များကိုပါ ဦးတည်တိုက်ခိုက်နိုင် ခဲ့ပြီး အဓိက ကုန်သွယ်ရေးလမ်းမကြီးများအပါအ၀င် ပြည်ထောင်စုလမ်းမကြီးများကို စိုးမိုးထားနိုင် လာခဲ့ပြီဖြစ်တယ်လို့ ဖေဖော်ဝါရီ၁ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့အစီရင်ခံတင်သွင်းရာမှာ ဆိုခဲ့ပါတယ်။


အလားတူ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိတွင် တနိုင်ငံလုံး မြို့နယ်ပေါင်း ၃၃၀အနက် မြို့နယ် ၂၅၀ကျော်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို စနစ်တကျဖွဲ့စည်းထားပြီး မြို့ နယ်ပေါင်း ၂၄ မြို့နယ်ကိုလည်း စိုးမိုးနယ်မြေများအဖြစ် ကြေညာကာ ပြည်သူလူထုအား အကာ အကွယ်ပေး စောင့်ရှောက်မှု၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများ စတင်လည်ပတ်လျက် ရှိတယ်လို့အစီရင်ခံတင်ပြပါတယ်။


၁၀၂၇၊ ၁၁၁၁ စစ်ဆင်ရေးများမှ စတင်ပြီး လအတွင်း မြို့ပေါင်း ၃၆ သိမ်းပိုက်ပြီး မြို့ များကို ဆက်လက်သိမ်းပိုက်လျက်ရှိကာ စခန်းပေါင်း ၅၀၀ ကျော်ကို သိမ်းပိုက်ထားပြီး နှစ် အတွင်း စစ်ကောင်စီအင်အား သောင်းကျော်ခန့် ကျဆုံးခဲ့ပြီး ဘက်ပြောင်း၊ အလင်းဝင်၊ လက်နက်ချ၊ တပ်ပြေးစသဖြင့် အင်အားထောင်ချီ ပြုန်းတီးလျက်ရှိတယ်လို့ဆိုပါတယ်။ 


ထို့အပြင် စစ်မြေပြင်တွင် အမြင့်ဆုံးတပ်မှူးများဖြစ်သည့် ဗိုလ်မှူးချုပ်အဆင့်များထိ အများအပြားသေဆုံးမှု များ၊ တပ်ရင်းတပ်ဖွဲ့လိုက် လက်နက်ချအညံ့ခံမှုများမှာ စစ်တပ်သမိုင်းမှာ အရှက်ရဖွယ် စံချိန်တင် ကျ ရှုံးမှုများဖြစ်တယ်လို့ဆိုကာစစ်တပ်ရဲ့ တစ်ခုတည်းသော အားသာချက်ဖြစ်တဲ့ တိုက်ခိုက်ရေးလေ ယာဥ်များကို ပစ်ချနိုင်ခဲ့သည်အထိ တော်လှန်ရေးအင်အားစုများရဲ့ အောင်ပွဲများကို မြင်တွေ့လာရပြီး တစ်ဘက်မှာလည်း စစ်တပ်အနေနဲ့ တော်လှန်ရေး နှစ်တာအတွင်းမှာပင် မကြုံဖူးအောင် ပြိုဆင်း နေပြီဆိုတာ သိသာထင်ရှားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက လွှတ်တော်ကိုအစီရင်ခံခဲ့ပါတယ်။


========================


📌📌 ၃။ ကျန်းမာရေးကဏ္ဍတွက် ၂၀၂၃ ခုနှစ်တွင်း ကျပ် . ဘီလျံကျော် အသုံးပြုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အစီရင်ခံ


ဖေဖော်ဝါရီ၂ရက်


ဖေဖော်ဝါရီ၁ရက်နေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်သို့ အမျိုးသားညီညွတ်ရေးအစိုးရက အခုလိုတင်ပြခဲ့ပါတယ်။


ဖက်ဒရယ် ကျန်းမာရေးအစီအစဥ်ဖြင့် လူထုတရပ်လုံး၏ အမျိုးသားညီညွတ်ရေးအစိုးရထံ လှူဒါန်းခဲ့သော ဘဏ္ဍာ ရန်ပုံငွေများ၊ ထိမ်းချုပ်နယ်မြေများမှ ရရှိသော အခွန်အကောက်များဖြင့်  တော်လှန်ရေးအင်အားစု မိတ်ဖက်အဖွဲ့ အစည်းအသီးသီးတို့၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များနှင့်  ကျန်းမာရေး လုပ်သားများ၏ လိုအပ်ချက်များကို စနစ်တကျ စိစစ်ပြီး ပံ့ပိုးပေးလျက်ရှိရာ ကျန်းမာရေးကဏ္ဍတွက် ၂၀၂၃ ခုနှစ်တွင်း ကျပ် . ဘီလျံကျော် အသုံးပြုခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။


ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုလုပ်ငန်းများကိုလည်း ကျန်းမာရေး၀န်ကြီးဌာနမှ မြို့ နယ်ပေါင်း ၁၉၀ တွင် ဒေသဆိုင်ရာ ကျန်းမာရေးတာ၀န်ခံ ၂၉ ဦး၊ မြို့နယ်တာ၀န်ခံ ၂၂၇ ဦးတို့နှင့် မြေ ပြင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဆေးရုံပေါင်း ၇၄ ရုံ၊ ဆေးခန်း ပေါင်း ၄၀၂ ခု၊ ရွှေ့လျားဆေးခန်းပါင်း ၂၅၀ ကျော်ကိုလည်း ကျန်းမာရေး CDM များ စေတနာ့၀န်ထမ်း များ စုစုပေါင်း ,၂၃၁ ဦးဖြင့် စောင့်ရှောက်မှုပေးလျက်ရှိတယ်လို့သိရပါတယ်။


ကျန်းမာရေးစောင့်ရှောက်မှု လက် လှမ်းမှီစေရေးအတွက် အွန်လိုင်းအခမဲ့ဆေးခန်းများဖြင့်လည်း အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း အွန်လိုင်းဆေးခန်း၀န်ဆောင်မှုကို ပြည်တွင်းအပြင် ပြည်ပနိုင်ငံ ၃၇ နိုင်ငံမှ မြန်မာလူမျိုးများ စုစုပေါင်း အကြိမ် ၅၁,၂၆၀ ကြိမ် ၀န်ဆောင်မှု ရယူခဲ့ကြတယ်လို့ အစီရင်ခံတင်ပြခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်တပ်သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို စိတ်လွတ် လက်လွတ် ကျူးလွန်နေဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြော


အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စိတ်လွတ်လက်လွတ် ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက် ပါတယ်။ 

နွေဦးတော်လှန်ရေး နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

ပြည်သူလူထုအနေနဲ့ ၎င်းတို့အခွင့်အရေးတွေကို ခုခံကာကွယ်ခဲ့တာ နှစ် ရှိလာတာနဲ့အမျှ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနယ်ပယ်တွေအပါအဝင် ဘက်ပေါင်းစုံမှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်လာရပြီလို့ NUG နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ မဟာမိတ်လက်နက်ကိုင်တွေနဲ့အတူ မြန်မာနိုင်ငံ နေရာအနှံမှာ လွတ်မြောက် နယ်မြေတွေထူထောင်ပေးနေပြီး အုပ်ချုပ်ရေးယန္တယားတည်ဆောက်နေတဲ့အပြင် ပြည်သူတွေကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေလဲ ဆောင်ရွက်နေပြီလို့ အသိပေးထားပါတယ်။

စစ်တပ်ဟာ စစ်မြေပြင်တိုက်ပွဲတွေမှာ ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရတဲ့အတွက် စိတ်ဓာတ်ပျက်ပြားနေတာကြောင့် ရှင်းလင်း သုတ်သင်ခံရခြင်းကနေရှောင်ရှားနိုင်ဖို့ တပ်ရင်းအလိုက် စစ်ကြောင်းအလိုက် လက်နက်ချတာတွေရှိနေပြီး ဘက်ပြောင်း ခိုလှုံမှုတွေလည်း တိုးများလာတယ်လို့ဆိုပါတယ်။

အခုလို တပ်ရင်းအလိုက် စစ်ကြောင်းအလိုက် လက်နက်ချတာတွေ ဘက်ပြောင်းခိုလှုံမှုတွေ တိုးမြင့်လာတာကို တုံ့ပြန်တဲ့ အနေနဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပြည်သူတွေအပေါ် လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုများကို ပိုပြီး လုပ်ဆောင်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

 ဒါကြောင့် နိုင်ငံတဝှမ်း ရက်စက်ကြမ်းကြုတ်မှုများနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ရာဇဝတ်မှုများအတွက် တာဝန်ရှိ တဲ့ ပြစ်မှုကျူးလွန်သူတွေ ထိုက်သင့်တဲ့ပြစ်ဒဏ်ကျခံမှုရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ဂျပန်နိုင်ငံ တိုကျိုမြို့ ဂျပန်လွှတ်တော်အမတ်များ အဆောက်အအုံ၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာအရေးတင်ပြရှင်းလင်း


ဖေဖော်ဝါရီ၂ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဖေဖော်ဝါရီလ ရက်နေ့မှာ မတရားအာဏာသိမ်းခံရမှု နှစ် မြောက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ဂျပန်လွှတ်တော်အမတ်များ အဆောက်အအုံ၌ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးနှင့် မြန်မာအရေးစိတ်ဝင်စားသူ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ တို့ကကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့ပါတယ်။


ဝန်ကြီးမှမြန်မာနိုင်ငံလက်ရှိအခြေအနေ၊ စစ်ရှောင်ပြည်သူများကြုံတွေ့နေရသော အခက်အခဲများ၊ ရှေ့ဆက်ဖော်ဆောင်ရမည့် နိုင်ငံရေးမူဝါဒများ နှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက် တို့ကို ပြောကြားခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသူ ဂျပန်လွှတ်တော်အမတ်များ၊ နိုင်ငံတကာ ဧည့်ပရိသတ်များ၊ ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် သတင်းမီဒီယာများမှ တက်ရောက်လာသူများတို့အား သိလိုသည်များကိုရှင်းလင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၆။ နိူင်ငံတကာအနေနဲ့လူသားချင်းစာနာမှုအကူအညီပေးရုံတင်မကဘဲနဲ့ ပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့ စစ်အုပ်စုရဲ့ ကျူးလွန်ဖန်တီးမှုတွေကိုလည်းသိရှိဖြေရှင်းဖို့လိုအပ်တယ်လို့ပြောကြား


ဖေဖော်ဝါရီ၂ရက်


နိူင်ငံတကာအနေနဲ့လူသားချင်းစာနာမှုအကူအညီပေးရုံတင်မကဘဲနဲ့ ပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့ စစ်အုပ်စုရဲ့ ကျူးလွန်ဖန်တီးမှုတွေကိုလည်းသိရှိဖြေရှင်းဖို့လိုအပ်တယ်လို့ ဖေဖော်ဝါရီလအတွင်းတွေ့ဆုံမေးမြန်းခန်းတခုမှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


"အခုအချိန်မှာ လူသားချင်းစာနာမှုအကူအညီပေးကြတယ်။ဆွေးနွေးကြတယ်။စဥ်းစားကြတယ်။ဒါကောင်းတဲ့အချက်ဖြစ်ပါတယ်။ဒါပေမယ့်ကျူးလွန်တဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ ပြဿနာကိုမဖြေရှင်းဘဲနဲ့ဆန်ပေးလိုက်၊ဆီပေးလိုက်၊ဆေးကုပေးလိုက်ရုံ ဒီလောက်နဲ့မရပါဘူး။ဒီ့ထက်ပိုမိုနက်နဲပြီးတော့ ဒါတွေကိုဖန်တီးပေးနေတဲ့အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်နိူင်ဖို့နည်းလမ်းတွေရှာဖို့လိုအပ်ပါတယ်။ဒါကြောင့်သာမာန် လူသားချင်းစာနာမှုအကူအညီပေးရုံတင်မကဘဲနဲ့ ပြဿနာရဲ့အရင်းအမြစ်ဘယ်သူတွေကဖန်တီးတယ်ဆိုတာ သိဖို့လိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


စစ်ကောင်စီရဲ့ အရပ်သားများအပေါ် ဦးတည်တိုက်ခိုက်မှုတွေကြောင့် လူဦးရေ . သန်းခန့် နေရပ် စွန့်ခွာ ထွက်ပြေးနေရပြီး လူဦးရေ ၁၈. သန်းခန့်သည် လူသားစာနာ အရေးပေါ်အကူအညီများ လို အပ်လျက်ရှိပါတယ်။


 အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာနအနေဖြင့် ၂၀၂၃ခုနှစ်အတွင်း လူသားချင်းစာနာ ထောက် ပံ့မှုကဏ္ဍအတွက် ကျပ်သန်း ,၁၀၀ ကျော်ကို စစ်ဘေးရှောင်များ၊ ရွာမီးရှို့ခံပြည်သူများအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ နေရပ်စွန့်ခွာနေကြရသူများ၊ CDM ပြည်သူ့ဝန်ထမ်းများ၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများအတွက် အသုံးပြုခဲ့ပါတယ်။


========================


📌📌 ၇။ စစ်အာဏာရှင် ဆန့်ကျင်ရေးယူကေရောက် မြန်မာတိုင်းရင်းသားများ ၅၀၀ခန့်ဆန္ဒဖော်ထုတ်ရာမှာ ယူကေအောက်လွှတ်တော်အမတ်များပါဝင်တက်ရောက်


ဖေဖော်ဝါရီ၂ရက်


ဖေဖော်ဝါရီ၁ရက်မြန်မာ့နွေဦးတော်လှန်ရေး နှစ်ပြည့် ဆန္ဒပြပွဲကို လန်ဒန်မြို့၌ကျင်းပရာ ယူကေရောက် မြန်မာတိုင်းရင်းသားများ ၅၀၀ ခန့်နှင့် ယူကေအောက်လွှတ်တော်အမတ်များပါ ပါဝင်တက်ရောက်ဆန္ဒပြခဲ့ကြပါတယ်။


အခမ်းအနားကို နေ့လည် ၁၂:၃၀ အချိန်တွင် Parliament square စတင်ကျင်းပပြီး ဝန်ကြီးချုပ်ရုံးနေအိမ်ရှေ့၊ စကစ သံရုံးရှေ့ တို့တွင်လည်း ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။


အခမ်းအနားသို့ ယူကေအောက်လွှတ်တော်အမတ်များဖြစ်ကြသော Mr Jeremy Corbyn, Mr. Paul Scully , THET organisation မှ CEO Mr. Ben Simms, Global Women’s Strike မှ Laura , Mr. Kim Aris , NUG representative များဖြစ်ကြသော ဦးမောင်မောင်အောင်နှင့် Dr သက်ကိုကို၊ ကချင်တိုင်းရင်းသားကိုယ်စားလှယ်တဦး၊ ကရင်နီ ကရင်တိုင်းရင်းသားကိုယ်စားလှယ်တဦး၊ ချင်း၊ မွန် နှင့်မြန်မာမွတ်ဆလင်အဖွဲ့မှ ကိုယ်စားလှယ်တဦးစီ တို့ တက်ရောက်စကားပြောခဲ့ကြပါတယ်။


မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် အပြီးသတ် အမြစ်ဖြတ်ရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးတို့အတွက် အခိုင်အမာရပ်တည်၍ ဆက်လက်ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း ပြည်တွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့ကြပါတယ်။


========================


📌📌 ၈။ ယူကေအစိုးရက စစ်အုပ်စုနှင့်အမှတ် ()၊အမှတ်၂ သတ္တုတွင်းလုပ်ငန်းများကိုအရေးယူပိတ်ဆို့


ဖေဖော်ဝါရီ၂ရက်


ဖေဖော်ဝါရီ၁ရက်မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှု သုံးနှစ်ပြည့်မြောက်သည့် ယနေ့တွင် ယူကေအစိုးရက စကစရဲ့အဖွဲ့အစည်းများနှင့်လူပုဂ္ဂိုလ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ပါတယ်။


အရေးယူပိတ်ဆို့မှုအနေဖြင့်အမှတ် () သတ္တုတွင်းလုပ်ငန်း (ME 1)ပါဝင်ကာ၄င်းသည် မြန်မာစစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စီးပွားရေးအရင်းအမြစ်များထောက်ပံ့ပေးခြင်း နှင့် ၄င်းတို့နှင့် ပတ်သက်ဆက်နွယ်နေခြင်းဖြင့် မြန်မာပြည်သူပြည်သားများကို ဖိနှိပ်ရာတွင် ပါဝင်တယ်လို့ဖော်ပြပါတယ်။

 

ထို့အတူ အမှတ် () သတ္တုတွင်းလုပ်ငန်း (ME 2)သည်လည်း မြန်မာစစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စီးပွားရေးအရင်းအမြစ်များထောက်ပံ့ပေးခြင်း နှင့် ၄င်းတို့နှင့် ပတ်သက်ဆက်နွယ်နေခြင်းဖြင့် မြန်မာပြည်သူပြည်သားများကို ဖိနှိပ်ရာတွင် ပါဝင်တဲ့အတွက်အရေးယူခဲ့ပါတယ်။

 

ထို့အပြင်အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် (တမခ ၇၇)မြန်မာနိုင်ငံတွင် ဆိုးရွားသည့် လူအခွင့်အရေး ချိုးဖောက်မှုများအား ကျူးလွန်ရာတွင် ပါဝင်ပြီးပဲခူးတိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများတွင် ဆန္ဒပြပြည်သူများကို သေစေနိုင်လောက်သည့်အင်အားများ အလွန်အကျူးသုံး၍ ဖြိုခွင်းမှုများပြုလုပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။


ထို့အတူအမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁) မြန်မာနိုင်ငံတွင် ဆိုးရွားသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကျူးလွန်ရာတွင်ပါဝင်တယ်လို့ဖော်ပြပြီး ပြည်သူများကို မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့ ထိန်းသိမ်းခြင်း  ၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နှင့်  ကျားမအခြေပြုအကြမ်းဖက်မှုကျူးလွန်ခြင်းများပါဝင်တယ်လို့ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ စစ်ကောင်စီတပ် ခမရ-၂၀၈၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ကလေး ()ဦး ထိခိုက် ဒဏ်ရာရရှိကာ ဆိုင်ကယ် ()စီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNUထုတ်ပြန်


ဖေဖော်ဝါရီလ ()ရက်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ ညနေ (၃း၄၆)မိနစ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် ခမရ-၂၀၈၏ ကွမ်းနဝင်းတပ်စခန်းမှ ကေအဲန်ယူ-ဖားအံမြို့နယ်၊ ဖလံတောင်ရွာထဲသို့ လက်နက်ကြီး ()လုံး ပစ်ခတ်ရာ ရွာနေ နော်နွယ်နွယ်ဝင်း နေအိမ်ခြေရင်းတွင် လက်နက်ကြီး ()လုံး ကျရောက် ပေါက်ကွဲပြီး အသက် (၁၅)နှစ်ရှိ စောအောင်သပြေဟိန်း (ဘယ်ဖက်လက် ကျိုး) အသက် (၁၆)နှစ်ရှိ စောနေမျိုးဦး(ယာဖက် လက်ကောက်ဝက်ကျိုး၊ ဝမ်းဗိုက်ပေါက်) လက်နက်ကြီးကျည်စ ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိကာ ရွာနေ နောဂယ်ဂယ် ပိုင်သော (Dream-125)ဆိုင်ကယ် ()စီးလည်း ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ဖေဖော်ဝါရီ၂ရက် KNUဗဟိုကအတည်ပြုဖော်ပြပါတယ်။


"နောနွယ်နွယ်ဝင်းက ကျောင်းဆရာမ သူ့အိမ်နားမှာ အားကစားကွင်းရှိလို့ အဲ့ကျောင်းသားလေး နှစ်ယောက်က ဆော့ကစားဖို့ အိမ်နားဖြတ်သွားတဲ့အချိန် ထိခိုက်တာ နောဂယ်ဂယ်ကဆေးဆရာမ တစ်ခြားအိမ်မှာ လူနာသွားကြည့်တော့ သူ့ဆိုင်ကယ်ကို ကျောင်းဆရာမအိမ်ရှေ့ရပ်ထားခဲ့တာ အဲ့မှာ  သူ့ဆိုင်ကယ်ပါထိသွားတာ ထိခိုက် ဒဏ်ရာရတဲ့ ကျောင်းသား ကလေး ()ဦးကိုတော့ နီးစပ်ရာ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်"ဟု ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းတာဝန်ခံမှ ပြောပါတယ်။


========================


🚩🚩 ၂။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ခုတွင် တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သား ဦး ဒဏ်ရာရ


၁၀၂၇ စစ်ဆင်ရေး ၉၈ ရက်မြောက်နေ့ တိုက်ပွဲသတင်းတွေထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားပါတယ်။ 


မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ စစ်ကောင်စီနှင့် ရခိုင့်တပ်တော် တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖေဖော်ဝါရီလ ရက်နေ့မှာ ဆက်ဖြစ်ခဲ့ပြီး တဝက်တပျက်ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ် စခန်းတွေကို အပြီးသတ်သိမ်းယူနိုင်ဖို့ ရခိုင့်တပ်တော်က ထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် စိုင်းဒင်တံတားအနီးမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ ဘူးသီးတောင်အခြေစိုက်တပ်ရင်းက လက်နက်ကြီးပစ်ကူပေးခဲ့တဲ့အပြင် ဂျက်ဖိုက်တာတွေနဲ့ပါ လေကြောင်းပစ်ကူ အမြောက်အများသုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ် မလကျွန်း၊ ပြင်ရှည်ရွာသစ်အနီးက ရေမျက်မှာလည်း အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းတခုနဲ့ ရခိုင့်တပ်တော်တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရာမှာ တိုက်ပွဲဖြစ်နေစဉ်အတွင်း ကျောက်ဖြူ ဒိုးတန်းတောင်မှာရှိတဲ့ အမှတ် ၃၂ ရဲတပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပေမယ့် အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။

ထို့အတူ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်က အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ တွေကို မွန်းလွဲ နာရီခန့်အချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါလက်နက်ကြီးကျည်များထဲက လုံးဟာ ဂုံးချွိန်တိုက်နယ်၊ အူချေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာခံပြည်သူတဦးအပါအဝင် ဇင်ချောင်းမြို့ကနေ စျေးဝယ်ပြန်လာတဲ့ အရပ်သားပြည်သူ ဦး လက်နက်ကြီးထိမှန်ခဲ့တယ် လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ပါတယ်။ 

ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရောကာလထက် ၂ပတ်ကျော်နောက်ကျပြီးမှစတင်ခဲ့တဲ့ ရခိုင်ဒေသစစ်ဆင်ရေးဟာ လက်ရှိ မှာ တရက်ထက်တရက် အရှိန်ပိုမြင့်လာပြီး ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ကို စစ်ကောင်စီဘက်က ကြည်း၊ရေ၊ လေ ပေါင်းပြီး ခုခံနေရတာကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။


========================


🚩🚩 ၃။ မကွေးတိုင်း၊မြိုင်မြို့နယ်ရှိ ကန်နီပျူရွာရှိပျူများကို မြေပြင်တော်လှန်ရေးတပ်ပေါင်းစုများက လက်နက်ကြီး၊လက်နက်ငယ်နဲ့ဒရုန်းများနှင့်ပါတိုက်ခိုက်


ဖေဖော်ဝါရီ၂ရက်


ဖေဖော်ဝါရီ၂ရက်မှာ စစ်ရေးသတင်းကို N-YSO ပြောက်ကျားတပ်ဖွဲ့က အခုလိုအသိပေးဆိုပါတယ်။

 

"စစ်ကောင်စီ၏ အာဏာသိမ်းခြင်း()နှစ်ပြည့် ဖေဖော်ဝါရီလ ()ရက်နေ့တွင်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့်မကွေးတိုင်း၊မြိုင်မြို့နယ်ရှိ ကန်နီပျူရွာကိုနံနက် (၁၀)ခန့်မှ စတင်ကာ မြေပြင်တော်လှန်ရေးတပ်ပေါင်းစုများကလက်နက်ကြီးလက်နက်ငယ် Rocket ပစ်ခတ်မှုများနှင့်အတ N-YSO ပြောက်ကျားတပ်ဖွဲ့မှ Fixed Wing Drone များဖြင့် ဗုံးသီး ()လုံးဝေဟင်မှ ကျဲချတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


လတ်တလောမှာ ပျူများထိခိုက်မှု အခြေအနေကိုအတည်ပြုစုံစမ်းနေလျက်ရှိပါတယ်။


========================


🚩🚩 ၄။ မြင်းမူမြို့ပေါ်တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးအင်အားစုများတိုက်ခိုက်၊ ဦးသေဆုံး


စစ်ကိုင်းတိုင်း မြင်းမူမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးအင်အားစုတွေ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ရက်နေ့ မနက် နာရီခန့်အချိန်က မြင်းမူမြို့ အမှတ် အခြေခံပညာအထက်တန်းကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ DK PDF က ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်တာတွေကြောင့် အပြန်အလှန်ပစ်ခတ်မှုဟာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ 

စစ်တပ်အာဏာသိမ်းတာ နှစ်ပြည့်တဲ့အထိ ပြည်သူ့ရင်ခွင်မခိုလှုံဘဲ ပြည်သူလူထုကို ဒုက္ခပေးနေတာကြောင့် တိုက်ခိုက်ခဲ့တာလို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးနဲ့သမီးဖြစ်သူကို ဖမ်းဆီးရရှိခဲ့တာကြောင့် မြင်းမှုမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးထားတယ်လို့လည်း သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို Dog Killers People's Defence Force Myinmu (DK PDF-MMU) ဒေါင်းဘုရင် ဇေယျာရွှေမြေ၊ PKDF(MMU) မြင်းမူဖိုက်တာ၊မိုးညို၊အနောက်ခြမ်း .က.ဖ၊ DBBF(MMU) Knight Commanders (MMU) စတဲ့ ညီနောင်မဟာမိတ်များ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment