2nd FEB 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ Silent Strikeတွင် ပါဝင်ခဲ့တဲ့ ပြည်သူလူထုတရပ်လုံးကို လေးနက်စွာ ဦးညွှတ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလပြောကြား

📌 ၂။ အမေရိကန်ပြည်ထောင်စုရှိ Arizona State University (ASU) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ပညာရေးဝန်ဖြစ်သူ၊ ဂျိုဟီယောင်းန်နှင့်တွေ့ဆုံဆွေးနွေး

📌 ၄။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားလွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေး

📌 ၅။ မစ္စတာတွမ်အင်ဒရူးနှင့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူတို့တွေ့ဆုံခဲ့

📌 ၆။ ချင်းပြည်ကောင်စီက အဖွဲ့ဝင် (၁၆) ယောက် ပါဝင်သော ချင်းပြည်အစိုးရဖွဲ့စည်း

📌 ၇။ မြန်မာအရေးဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်အပါအဝင်နိုင်ငံ () နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲ သဘောထားကြေညာချက်ထုတ်ပြန်

📌 ၈။ အာဏာသိမ်းစစ်တပ်ကို လေယာဉ်ဆီ သွင်းနေပေးတဲ့ လုပ်ငန်း () ခု နဲ့ ဘဏ် () ခုကို ဩစတေးလျက ဒဏ်ခတ်ပိတ်ဆို့

📌 ၉။ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ထံမှ စာတစ်စောင် ရရှိဟု သားငယ် ကင်မ်ပြော


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ()နှစ်ပြည့် အဖြူရောင်လှုပ်ရှားမှု (White Campaign)ကို တော်လှန်ရေးရဲဘော်များပါဝင်ဆင်နွှဲ

🚩 ၂။ ရွှေပြည်အေးမြို့တပ်ပေါင်းစုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိဆဲဖြစ်ပြီး ရန်သူ့စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများဖြစ်နေ

🚩 ၃။ ခင်ဦးမြိုနယ်မှာ ဒေသခံသုံးဦး အသတ်ခံရပြီး ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရ

🚩 ၄။ ကန့်ဘလူနယ် မြောက်ခြမ်းတွင် တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့၊ ရဟန်း၂ပါး အပါအဝင် ၁ဝ ဦးထက်မနည်း ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ Silent Strikeတွင် ပါဝင်ခဲ့တဲ့ ပြည်သူလူထုတရပ်လုံးကို လေးနက်စွာ ဦးညွှတ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလပြောကြား


ဖေဖော်ဝါရီလ ၁ရက်။

Silent Strikeတွင် ပါဝင်ခဲ့တဲ့ ပြည်သူလူထု တရပ်လုံးကို လေးနက်စွာ ဦးညွှတ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလပြောကြားလိုက်ပါတယ်။

" ဖေဖော်ဝါရီလ ရက် အကြမ်းဖက် စစ်ကောင်စီက စစ်အာဏာသိမ်းမှု ကျူးလွန်ခဲ့တဲ့ () နှစ်ပြည့်ခဲ့ပြီးနေ့ရက်မှာ "အပြင်မထွက် အသံတိတ်သပိတ် (Silent Strike)" "အဖြူရောင် လှုပ်ရှားမှု White Campaign"နဲ့ တော်လှန်စိတ် ထက်သန်ပြင်းပြစွာ ပါဝင်ခဲ့တဲ့ ပြည်သူလူထု တရပ်လုံးကို လေးနက်စွာ ဦးညွှတ်ကြောင်း လေးစားစွာ ဂုဏ်ပြုကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်။ 

အပြင်မထွက် အသံတိတ် သပိတ်လှုပ်ရှားမှုနဲ့ အဖြူရောင်လှုပ်ရှားမှုတွေဟာ လူထုတော်လှန်ရေးရဲ့ လေးနက်တဲ့ အထင်ကရ သင်္ကေတတွေ ဖြစ်သလို နိုင်ငံတကာ အသိုင်းအဝန်းက ပြည်သူလူထု တရပ်လုံးရဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သဘောထားကို မျက်ဝါးထင်ထင် ထပ်မံ တွေ့မြင်လိုက်ရတဲ့ ထင်ရှားသော ဖြစ်ရပ်အဖြစ် မှတ်တမ်းပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ () နှစ်ပြည့်မြောက်သည်အထိ မလျော့သော ဇွဲနဲ့ တော်လှန်ဆန့်ကျင်နေကြတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဟာ စဉ်ဆက်မပြတ် တရွေ့ရွေ့နဲ့ တော်လှန်ရေးသက်လုံ ပြည့်ဝစွာ လျှောက်လှမ်းနေကြတယ်ဆိုတာ ထင်ရှားစွာ ပြသလိုက်ကြပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထို့အပြင်ဤသို့သော တော်လှန်စိတ်ပြင်းပြတဲ့ လူထုရဲ့ ဇွဲနပဲကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လှိုက်လှဲစွာ ဂုဏ်ပြု ဦးညွှတ်ကြောင်း ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ အမေရိကန်ပြည်ထောင်စုရှိ Arizona State University (ASU) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး


ဖေဖော်ဝါရီလ () ရက် 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် အမေရိကန်ပြည်ထောင်စုရှိ Arizona State University ( ASU) တို့အကြား အွန်လိုင်းမှတဆင့် နားလည်မှုစာချွန်လွှာရေးထိုးပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ မြန်မာစံတော်ချိန် နံနက် () နာရီတွင် ကျင်းပခဲ့ပါတယ်။


နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ASU ဘက်မှ Minu Ipe (Director and Vice Chair of University Design Institute, ASU) Juliane Schober (Director of Asia Center, ASU) နှင့် ASU မှတာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာကဏ္ဍတာဝန်ရှိသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါတယ်။ 


ရှေးဦးစွာ ပညာရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးများမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် Arizona State University မှ အမှုဆောင်ဒါရိုက်တာများမှလည်း အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး နားလည်မှုစာချွန်လွှာရေးထိုးခြင်းကို ဆောင်ရွက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ASU နှင့် အမျိုးသားညီညွတ် ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့အကြား ကျောင်းသား/ သူများ၊ ဆရာ/မများနှင့် သုတေသနပညာရှင်များအကြား ပညာရပ်ဖလှယ်ခြင်း၊ ပညာတော်သင်စေလွှတ်ခြင်း၊ သင်ခန်းစာများကိုအတူတကွဖန်တီးခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း စသည့် ပညာရပ်နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်ဦးနှစ်ဖက်သဘောတူပူးပေါင်းဆောင်ရွက်သွားကြမည် စသည့် သဘောတူ ညီမှုများဖြင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် Arizona State University နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဖွဲ့နှစ်ခုကြား ပူးပေါင်း၍ ကျောင်းသား/သူ (၂၇) ဦးအတွက် Universal Learner Courses online Scholarship များပေးအပ်ခြင်း၊ Digital Infrastructure and Services အလုပ်ရုံဆွေးနွေးပွဲများနှင့် University Governance အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပနိုင်ခဲ့ ကြပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ပညာရေးဝန်ဖြစ်သူ၊ ဂျိုဟီယောင်းန်နှင့်တွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီလ ၁ရက်။

လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ပညာရေးဝန်ဖြစ်သူ၊ ဂျိုဟီယောင်းန်နှင့် ဇန်နဝါရီ၃၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။

 

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးသမိုင်းနှင့်ပတ်သက်၍ ကိုးရီးယားနိုင်ငံကျောင်းများတွင် သင်ကြားမည့် အကြောင်းအား သိရှိရ၍များစွာ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ ကိုးရီးယားနှင့်မြန်မာနိုင်ငံကြား ယဉ်ကျေးမှု၊နိုင်ငံရေးဖလှယ်၍ သင်ကြားဆောင်ရွက်မည့်အစီစဉ်များ၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့သော ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများအတွက် ဖြစ်နိုင်ချေရှိသော ပညာရေး အစီအစဉ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုးရီးယားနိုင်ငံ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။


========================


📌📌 ၄။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားလွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီလ ၁ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဖေဖော်ဝါရီလ ၁ရက် မွန်းလွဲ နာရီတွင် ကိုရီးယားလွှတ်တော် ဆယ်မီနာခန်းမ()တွင် လွှတ်တော်အမတ်များနှင့် နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်များပါဝင်သော ဆွေးနွေးကြားနာပွဲသို့ တက်ရောက်၍ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းကိုဟောပြောဆွေးနွေးခဲ့ပါတယ်။


အစီအစဉ် ပထမပိုင်းအဖြစ် ဦးအောင်မျိုးမင်းက "နွေဦးတော်လှန်ရေး -နှစ်ပြည့် အခြေအနေနှင့် နိုင်ငံတကာမှ ပါဝင်ဆောင်ရွက်သင့်သည်များ"ကို ဟောပြောပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါတယ်။


အစီအစဉ် ဒုတိယပိုင်းတွင် ဆောင်ဂုန်ဟွဲတက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဘတ်အွန်ဟုန်း ဦးဆောင်၍ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပြောင်းလဲတိုးတက်လာသော မြန်မာ့နိုင်ငံရေး သုံးသပ်ချက် ဆွေးနွေးဝိုင်းကို ဆက်လက် ပြုလုပ်ရာ၊ ဆိုးလ်တက္ကသိုလ် အာရှသုတေသနဌာန ပါမောက္ခ ချွဲဂယောင်ဟီး၊ ဆောင်ဂုံဟွဲတက္ကသိုလ် နိုင်ငံရေးနှင့် သံတမန်ရေးရာ ကျောင်းသားခေါင်းဆောင် နာအွန်ချန်း၊ ဆိုးလ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါရဂူကျောင်းသား ချန်ဘိတ်ချယ်၊ ဘူ့ဂယောင်းတက္ကသိုလ် သတင်းစာပညာပါရဂူကျောင်းသား ခန့်ဇင်၊ CDM ဗိုလ်ကြီးဟောင်း လင်းထက်အောင်တို့ ပါဝင် ဆွေးနွေးကြတယ်လို့သိရပါတယ်။


ဆက်လက်၍ NUG ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ NUG ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ ရုံးအဖွဲ့မှူး ဦးစိုးမိုးသူ တို့အဖွဲ့သည် ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ဂိုယောင်အင်၊ လွှတ်တော်အမတ် ဘတ်ဂယောင်ဆွန်း တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ မစ္စတာတွမ်အင်ဒရူးနှင့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူတို့တွေ့ဆုံခဲ့


ဖေဖော်ဝါရီလ ၁ရက်။

မစ္စတာ တွမ် အင်ဒရူးနှင့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူတို့ တွေ့ဆုံခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁ရက် မှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က Twitterမှာ ရေးသားထားပါတယ်။


"Tom Andrews Rapporteur UNနဲ့ တွေ့ရတာ အရမ်းကောင်းပါတယ်။ ဒီမနက် စကားဝိုင်းက အရမ်းကောင်းပါတယ်။ မြန်မာပြည်သူတွေကို ကူညီပေးတဲ့ သူ့ရဲ့ကောင်းမွန်တဲ့ အလုပ်နဲ့ လုံ့လစိုက်ထုတ်မှုကို အထူးကျေးဇူးတင်ပါတယ်​"လို့ဆိုထားပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးဟာ မြန်မာနိုင်ငံအရေး အစီရင်ခံစာများတွင် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုကာ အစီရင်ခံစာများတွင် ထည့်သွင်းရေးသားဖော်ပြခဲ့သလို မြန်မာပြည်သူများဘက်မှရပ်တည်ကူညီပေးခဲ့ပါတယ်။


========================


📌📌 ၆။ ချင်းပြည်ကောင်စီက အဖွဲ့ဝင် (၁၆) ယောက် ပါဝင်သော ချင်းပြည်အစိုးရဖွဲ့စည်း


ဖေဖော်ဝါရီလ ၁ရက်။

ချင်းပြည်ကောင်စီက ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း () ပုဒ်မ ၃၂ (က) အရ ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီလ () ရက်နေ့မှာ အသိပေး ထုတ်ပြန် ခဲ့ပါတယ်။


၎င်းအစိုးရ အဖွဲ့တွင် အဖွဲ့ဝင် (၁၆) ယောက် ပါဝင်ပြီး Pu Pa Thang မှ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်မှာ ဖြစ်ကာ Dr. Tial Hnin မှ ရှေ့နေချုပ်အဖြစ် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။


ထို့အပြင်  နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ဘဏ္ဍာရေးနှင့် စီမံကိန်း၊ ပညာရေးဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစား၊  လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ၊ ဆက်သွယ်ရေးနှင့် နည်းပညာ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ဆောက်လုပ်ရေး စတဲ့ ဝန်ကြီးဌာန ၁၄ ခုအတွက် ဝန်ကြီး ၁၄ ဦးကို ပါဝင်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။


အဆိုပါ အစိုးရအဖွဲ့ဖွဲ့စည်းကြောင်း ကြေညာချက်ကို Chinland Council ဥက္ကဋ္ဌ Zing Cung က ဖေဖော်ဝါရီလ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၇။ မြန်မာအရေးဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်အပါအဝင်နိုင်ငံ () နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲ သဘောထားကြေညာချက်ထုတ်ပြန်


ဖေဖော်ဝါရီလ ၁ရက်။

ဖေဖော်ဝါရီလ ၁ရက်၊ နွေဦးတော်လှန်ရေး () နှစ်ပြည့်မြောက်သည့်နေ့တွင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့်မြန်မာပြည်သူလူထုအပေါ် မတရားသဖြင့် အာဏာသိမ်းအကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံ () နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲ သဘောထားထုတ်ပြန်ချက်တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ 


အဆိုပါ ပူးတွဲ ထုတ်ပြန်ချက်တွင် " အကြမ်းဖက် စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများ ၊အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုတ်ချပါကြောင်း၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လိင်ကွဲပြားမှုအပေါ် အခြေခံ၍ ကျုးလွန်နေသော အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် အခြေခံလူ့အခွင့်အရေးများကို ပိတ်ပင်ကန့်သတ်နေမှုများအား ချက်ချင်းရပ်ရန်တောင်းဆိုကြောင်း၊ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရုံမက မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်စသည့် အချက်များကို ပြင်းပြင်းထန်ထန် အတိအလင်း တောင်းဆိုထုတ်ပြန်ထားသည်ကို တွေ့ရှိရပါတယ်။ 


အဆိုပါ ပူးတွဲ ထုတ်ပြန်ချက်တွင်ပါဝင်သော နိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ ကနေဒါ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ နော်ဝေနှင့် တောင်ကိုးရီးယားနိုင်ငံတို့ဖြစ်တယ်လို့သတင်းရရှိပါတယ်။ 


========================


📌📌 ၈။ အာဏာသိမ်းစစ်တပ်ကို လေယာဉ်ဆီ သွင်းနေပေးတဲ့ လုပ်ငန်း () ခု နဲ့ ဘဏ် () ခုကို ဩစတေးလျက ဒဏ်ခတ်ပိတ်ဆို့


ဖေဖော်ဝါရီလ ၁ရက်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်း () ခု နဲ့ ဘဏ် () ခုကို စစ်အာဏာသိမ်းမှု () နှစ်ပြည့်တဲ့ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ () ရက် နေ့မှာ ဩစတေးလျက တပ်တိုးပိတ်ဆို့ အရေးယူလိုက်ပါတယ်။


အာဏာသိမ်း စစ်ကောင်စီအတွက် ဘဏ္ဍာရေး အထောက်အပံ့ဖြစ်စေတဲ့ လုပ်ဆောင်ချက်များ လုပ်နေတဲ့ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (Myanma Foreign Trade Bank, MFTB) နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (Myanma Investment and Commercial Bank) တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့တာဖြစ်ပါတယ်။


ထို့အပြင်  စစ်ကောင်စီတပ်ကို လေယာဉ်ဆီတင်သွင်းပေးနေတဲ့ Asia Sun Group, Asia Sun Trading Co.,Ltd နှင့် Cargo Link Petroleum Logistics Co Ltd., တိုကိုလည်း ဒဏ်ခတ်ပိတ်ဆို့ စာရင်းမှာ ထည့်သွင်းခဲ့ ပါသေးတယ်။


ဒဏ်ခတ်ပိတ်ဆို့မှုများဟာ မြန်မာပြည်သူများအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ် တုန့်ပြန်မှုဖြစ်ပြီး အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ဆောင်ချက် များကို အနီးကပ် ဆက်လက်စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ဩစတေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၉။ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ထံမှ စာတစ်စောင် ရရှိဟု သားငယ် ကင်မ်ပြော


ဖေဖော်ဝါရီလ ၁ရက်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတရား ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ထံမှ ပထမဆုံးအကြိမ်အဖြစ် စာတစ်စောင်ကို လက်ခံရရှိခဲ့တယ်လို့ သားငယ် ကင်မ်အဲရစ် က BBC နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။


အဆိုပါစာကို ဇန်နဝါရီလလယ်ခန့်က ဗြိတိန်နိုင်ငံခြားရေးဌာန မှတဆင့် လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းဌာနမှ စာကို ဓာတ်ပုံရိုက်ပြီး ၎င်းထံပေးပို့ခဲ့ခြင်း ဖြစ်တယ်လို့ BBC နဲ့ အင်တာဗျူးမှာ ကင်မ် က ပြောကြားခဲ့ပါတယ်


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ရေးဖြင့် ရေးသားထားတဲ့စာကို လက်ခံရရှိခဲ့တဲ့အတွက် မိခင်ဖြစ်သူ အသက်ရှင်နေသေးသည်ဟု သိရ၍ ဝမ်းသာမိကြောင်း၊ စာထဲတွင် မိသားစုအကြောင်းသာ ပါရှိပြီး နိုင်ငံရေးနဲ့ ပတ်သက်သည်များ မပါရှိဘူးလို့ ဆိုပါတယ်။


ပြီးခဲ့တဲ့နှစ် စက်တင်ဘာက မိခင်ဖြစ်သူ နေမကောင်းတဲ့ သတင်းကြားရတာကြောင့် အားဖြည့် ဗီတာမင်၊ အခြေခံဆေးဝါးနှင့် အစားအစာများပါသော ပါဆယ်ကို မိခင်ထံ ပေးပို့ခဲ့ပြီး ၎င်းပါဆယ်ကို ဒီဇင်ဘာလတွင် လက်ခံရရှိတယ်လို့ ယခုစာထဲမှာ ရေးသားထားကြောင်း ကင်မ်က ပြောပါတယ်။


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ နေပြည်တော် တနေရာရှိ အကျဉ်းထောင်တစ်ခုတွင် ရှိနေတယ်လို့ သိထားရပြီး သွားတချောင်း မကြာခဏ နာနေခြင်းနဲ့ လည်ပင်း ကျီးပေါင်းတက်ခြင်း ဝေဒနာများကို ခံစားနေရတယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ()နှစ်ပြည့် အဖြူရောင်လှုပ်ရှားမှု (White Campaign)ကို တော်လှန်ရေးရဲဘော်များပါဝင်ဆင်နွှဲ


ဖေဖော်ဝါရီလ ၁ရက်။

ဖေဖော်ဝါရီလ ၁ရက် အဖြူရောင်လှုပ်ရှားမှု (White Campaign)မှာ တော်လှန်ရေးရဲဘော်များမှအဖြူရောင်လက်ပတ်များတပ်ဆင်ကာ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။


လှုပ်ရှားမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF) တပ်ခွဲ ၁၊ တပ်ခွဲ (ဧရာညီနောင်အဖွဲ့) တပ်ခွဲ တို့မှ ရဲဘော်များက စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ()နှစ်ပြည့်၌ အဖြူရောင်လှုပ်ရှားမှု (White Campaign) တွင် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

အလားတူ စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း- မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDF/MSDFကလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ အာဏာသိမ်း စစ်ကောင်စီကို တော်လှန်လျှက်ရှိပါကြောင်းနှင့် ပြည်သူလူထုတို့ အမှန်တကယ်လိုလားအပ်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်ရေးတို့အတွက် ဆထက်တပိုးကြိုးစားဆောင်ရွက်သွားပါမည် ဖြစ်ပါကြောင်း White Campaign တွင် ပြည်သူလူထုနှင့်အတူပါဝင်လှုပ်ရှားရင်းကတိသစ္စာပြုအပ်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၂။ ရွှေပြည်အေးမြို့တပ်ပေါင်းစုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိဆဲဖြစ်ပြီး ရန်သူ့စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများဖြစ်နေ


ဖေဖော်ဝါရီလ ၁ရက်။

ရွှေပြည်အေးမြို့တပ်ပေါင်းစုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိဆဲဖြစ်ပြီး ရန်သူ့စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများဖြစ်နေတယ်လို့ ဖေဖော်ဝါရီလ ၁ရက်မှာ ခန္တီးခရိုင် အမှတ်-၂တပ်ရင်းက အတည်ပြုထုတ်ပြန်ပါတယ်။


ရွှေပြည်အေးမြို့ကို ကာကွယ်ရေးဝန်ကြီးဌာန အမှတ်- စစ်ဒေသ ခန္တီးခရိုင်အမှတ်-၂တပ်ရင်း အပါအဝင် မဟာမိတ် တပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစ၍  တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ယနေ့အချိန်အထိ မိမိတို့ မဟာမိတ် PDFတပ်ပေါင်းစုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေတယ်လို့အတည်ပြုပါတယ်။


စကစနှင့် SNA ပူးပေါင်းစစ်ကြောင်းမှ ရွှေပြည်အေးမြို့သို့ ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးစားလျက်ရှိသည့်အတွက် ဇန်နဝါရီလ ၂၃ ရက်နေ့ မှ စတင်ပြီး မြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိတယ်လို့ဆိုပါတယ်။


စကစ နှင့်SNA ပူးပေါင်းစစ်ကြောင်းကို ဟုမ္မလင်းမြို့မှ ရဟတ်ယာဉ်ဖြင့် ရိက္ခာ/ခဲယမ်း၊ကျည် ထောက်ပို့ပေးနေပြီး စစ်အင်အားအများအပြားဖြင့် မြို့ကို စစ်ကြောင်းထိုး တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။


ဟုမ္မလင်းမြို့ပေါ်မှ ဟောင်ဝင်ဇာများဖြင့် ပစ်ခတ်ခြင်း၊ ဂျက်ဖိုက်တာများဖြစ် တိုက်ခိုက်ခြင်း၊ Mi 2ဖြင့် နေ့စဉ် ဗုံးကျဲတိုက်ခိုက်ခြင်း၊ 120မမ 81မမ များဖြင့် ပစ်ခတ်ခြင်းများ နေ့စဉ်ပြုလုပ်နေသော်လည်း ရွှေပြည်အေးမြို့သည် တပ်ပေါင်းစုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိဆဲဖြစ်ပြီး ရန်သူ့ စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများဖြစ်နေကြောင်းအတည်ပြုဆိုပါတယ်။


========================


🚩🚩 ၃။ ခင်ဦးမြိုနယ်မှာ ဒေသခံသုံးဦး အသတ်ခံရပြီး ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရ


ဖေဖော်ဝါရီလ ၁ရက်။

ဇန်နဝါရီ ၃၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း ရေဦးမြိုနယ်က ထွက်လာတဲ့ အင်အား ၈၀ ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းဟာ သရက်ကုန်းနဲ့ ကင်းပြစ်ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ပြီး ဖေဖော်ဝါရီ ရက်နေ့မှာ ပုန်းရှောင်နေတဲ့ အရပ်သား ဦးကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။


အသတ်ခံခဲ့ရတဲ့ သရက်ကုန်းရွာက အသက် (၃၁) နှစ်အရွယ် ကိုရဲအောင်၊ အသက် (၅၁) နှစ် အရွယ် ဦးသန်းထွန်းနဲ့ ကင်းပြစ်ရွာက အသက် (၄၂) နှစ်အရွယ်  ဦးသန်းလွင်ကြီးတို့ကို စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးသွားပြီးတဲ့နောက် ကလုံကျေးရွာ အနီးမှာ သတ်ဖြတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ အလင်းရောင် ကာကွယ်ရေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအလင်းရောင်က ပြောပါတယ်။


၎င်းတို့အပြင် ဒေသခံပြည်သူ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံထားရသူတွေဟာ လက်ရှိအချိန်ထိ စစ်ကောင်စီ စစ်ကြောင်းနဲ့အတူ  သာဝတ္ထိရွာမှာရှိနေပြီး ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။


စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကလုံရွာက နေအိမ် ၁၄ လုံးနဲ့ သာဝတ္ထိရွာက နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်စီးခံထားရတယ်လို့ ခင်ဦးမြို့နယ် စစ်ရှောင်အရေး ကူညီပေးနေသူ တစ်ဦးထံကသိရပါတယ်။


ထို့အပြင် စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ကျေးရွာ ၁၅ ရွာက ဒေသခံ တစ်သောင်း ကျော် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လိုလည်း သိရပါတယ်။


========================


🚩🚩 ၄။ ကန့်ဘလူနယ် မြောက်ခြမ်းတွင် တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့၊ ရဟန်း၂ပါး အပါအဝင် ၁ဝ ဦးထက်မနည်း ဒဏ်ရာရ


ဖေဖော်ဝါရီလ ၁ရက်။

စစ်ကိုင်းတိုင်း ကန့်ဘလူနယ်မြောက်ခြမ်းမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီလ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်ကနေ ညနေ နာရီခွဲဝန်းကျင်အတွင်း  လေကြောင်း တိုက်ခိုက်မှု ကြိမ်ပြုလုပ်ခဲ့ရာ ရဟန်း၂ပါးအပါအဝင် ၁ဝ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ 


တံတားဦးလေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက နံနက် ၁၁ နာရီ ၁ဝ မိနစ်အချိန်မှာ ကန့်ဘလူနယ် မြောက်ခြမ်းမှာရှိတဲ့ သင်တောရွာဘုန်းကြီးကျောင်း၊ ဇော်ချောင်းရွာဘုန်းကြီးကျောင်းနဲ့ ကံကြီးရွာတောင်ပိုင်းကို လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး သင်တောကျေးရွာမှ ရဟန်းတပါးအပါအဝင် ဒေသခံပြည်သူ ဦး အရေးပေါ် ဆေးကုသမှု ခံယူနေရပြီး ဘုန်းကြီးကျောင်းပျက်စီးကာ ဇော်ချောင်းရွာမှ ရဟန်းတပါးနှင့် ပြည်သူတဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။


အဲဒီနောက် မနက် ၁၁ နာရီ ၂၅ မိနစ်မှာလည်း တံတားဦးလေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက ကန့်ဘလူ မြောက်ခြမ်း ပင့်သာ (တည်ပင်) ရွာနှင့် မကျီးကုန်းရွာတို့ကို လေကြောင်းမှ ဗုံး လုံးကြဲချခဲ့ရာ လုံးပေါက်ကွဲခဲ့ပြီး  မကျီးကုန်းရွာမှာ အထိအခိုက်မရှိပေမယ့် ပင့်သာရွာ၏ ထိခိုက်ပျက်စီးမှုကို အတိအကျစုံစမ်းလို့ မရသေးဘူးလို့  ကနဦး သတင်းတွေအရ သိရပါတယ်။

အလားတူ မွန်းလွဲ နာရီ ၅ဝ မိနစ်မှာလည်း တံတားဦးလေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက ကန့်ဘလူ မြောက်ခြမ်းမှာရှိတဲ့ မကျီးကုန်းရွာနဲ့ ချောင်ကြားရွာနဲ့ အင်းမရွာတို့ကြား လေကြောင်းတိုက်ခိုက်ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေတာကြောင့် ထိခိုက်မှုမရှိပေမယ့် ရွာတောင်ပိုင်းက အိမ် လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 


 ထို့ပြင် မွန်းလွဲ နာရီ ၅၀ မိနစ်အချိန်မှာ ဇီးကုန်းရွာဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အနီးမှာရှိတဲ့အိမ်က ဒေသခံတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ 

ညနေ နာရီ ၃၅ မိနစ်အချိန်မှာလည်း ညောင်ကုန်းကျေးရွာစာသင်ကျောင်းကို ဂျက်ဖိုက်တာတစင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုရှိမရှိ အတိအကျမသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကန့်ဘလူခရိုင်ထဲက ပင့်သာတိုက်နယ်၊ ချပ်သင်းတိုက်နယ်နဲ့ ကိုးထောင်ဘို့ တိုက်နယ်က ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရပြီဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment