3rd FEB 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာ့နွေဦးတော်လှန်ရေး နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အရောင်ဖြင့် အထိမ်းအမှတ် ထောင်စုနှစ်တံတားကို ထွန်းညှိပေးခဲ့သော အင်္ဂလန် အရှေ့မြောက် UK ရှိ Gateshead ကောင်စီအားကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာအသိပေး

📌 ၂။ တောင်ကိုးရီးယားနိုင်ငံ၊ လွှတ်တော်အဆောက်အဦအမှတ် အစည်းအဝေးခန်းမတွင် ကျင်းပတဲ့ မြန်မာအရေးဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း တက်ရောက် ဆွေးနွေးခဲ့

📌 ၃။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ် () နှစ်တာကာလအတွင်း လူသားချင်းစာနာမှုအကူအညီ ငွေကျပ် (.၁၂)ဘီလီယံကျပ်ကို တော်လှန်ရေးတွင် အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့

📌 ၄။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေး အတူတကွတိုက်ပွဲဝင်ကြရန် KNU ဗဟိုတွဲဘက်အတွင်းရေးမှူး တိုက်တွန်း

📌 ၅။ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်ရာတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်များအား ကာကွယ်ရေးဝန်ကြီးဌာနမှ ငွေကျပ်သိန်းသုံးရာကျော် ဆေးကုသစရိတ်ထောက်ပံ့


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြောက်ဦးအခြေစိုက် ခမရ ၅၄ဝ တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ AA ထုတ်ပြ

🚩 ၂။ မြိုင်မြို့ ရဲစခန်းနှင့် စီမံကိန်းရုံးအပါအဝင် စစ်အုပ်စုနေထိုင်သောနေရာများကို ပြည်သူကာကွယ်ရေးတပ်ပေါင်းစု မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သား ၂ဦးသေဆုံး

🚩 ၃။ ထားဝယ်မြို့ဘုမ္မော်ရပ်ကွက်တွင် ကင်းလှည့်ထွက်လာတဲ့ တပ်သား အင်အား (၁၀၀) ခန့်ပါ စစ်ကောင်စီတပ်အားကာကွယ်ရေးတပ်များတိုက်ခိုက်

🚩 ၄။  လူထုအားလုံးပါဝင်ပေး ကော်ဘရာစစ်ဆင်ရေးမြန်မာငွေသိန်း ၅၀၀၀ Campaignမှ ကျည်ကာများဝယ်ယူ၍ ကော်ပရာရဲဘော်များကို ပေးအပ်

🚩 ၅။ နမ့်ဆန်မြို့တွင် မပေါက်ကွဲသေးသည့်စစ်ကောင်စီ၏လက်နက်ကြီးတစ်လုံးအား ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေး ()ဦးသေဆုံး

🚩 ၆။ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကြောင်းက သာဝတ္ထိရွာရှိ အိမ်ခြေ ၁၅ဝ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ သဖြင့် စပါး တင်းသောင်းချီ ဆုံးရှုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာ့နွေဦးတော်လှန်ရေး နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အရောင်ဖြင့် အထိမ်းအမှတ် ထောင်စုနှစ်တံတားကို ထွန်းညှိပေးခဲ့သော အင်္ဂလန် အရှေ့မြောက် UK ရှိ Gateshead ကောင်စီအားကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာအသိပေး


ဖေဖော်ဝါရီလ ၂ရက်။

မြန်မာ့နွေဦးတော်လှန်ရေး နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အရောင်ဖြင့် အထိမ်းအမှတ် ထောင်စုနှစ်တံတားကို ထွန်းညှိပေးခဲ့သော အင်္ဂလန် အရှေ့မြောက် UK ရှိ Gateshead ကောင်စီအား ကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာမှ ဆိုရှယ်မီဒီယာမှာအသိပေးဆိုပါတယ်။


လက်ရှိမှာ UKနိုင်ငံသည် မြန်မာ့ဒီမိုကရေစီအရေးကို ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး စစ်အုပ်စုကိုအရေးယူပိတ်ဆို့မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၂။ တောင်ကိုးရီးယားနိုင်ငံ၊ လွှတ်တော်အဆောက်အဦအမှတ် အစည်းအဝေးခန်းမတွင် ကျင်းပတဲ့ မြန်မာအရေးဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း တက်ရောက် ဆွေးနွေးခဲ့


ဖေဖော်ဝါရီလ၂ရက်။

တောင်ကိုးရီးယားနိုင်ငံ၊ လွှတ်တော်အဆောက်အဦအမှတ် အစည်းအဝေးခန်းမ

ဖေဖော်ဝါရီလ ၁ရက်နေ့တွင်နွေဦး တော်လှန်ရေးလက်ရှိ အခြေအနေနှင့် ၁၀၂၇ စစ်ဆင် ရေး နောက်ပိုင်းအလားအလျာခေါင်းစဉ်ဖြင့် ကျင်းပခဲ့တဲ့ စကားဝိုင်း ဆွေးနွေးပွဲသို့  ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း တက်ရောက် ဆွေးနွေးခဲ့ပါတယ်။


အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ၁၀၂၇ စစ်ဆင်ရေး၏ ထူးခြားချက်၊ အောင်မြင်ချက်များ၊ စစ်ဆင်ရေးနှင့်စပ်လျဉ်း၍ အမျိုးသား ညီညွတ်ရေးအစိုးရ နှင့် ဒီမိုကရေစီအင်အားစုများ ရှေ့ဆက်ဆောင်ရွက်နေမှုများ အား ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါဆွေးနွေးပွဲသို့ ကိုးရီးယားနိုင်ငံလွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ့အရေး ဆောင်ရွက်နေသည့် ပါမောက္ခများ၊ ကျောင်းသားကျောင်းသူများ နှင့် အရပ်ဖက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၃။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ် () နှစ်တာကာလအတွင်း လူသားချင်းစာနာမှုအကူအညီ ငွေကျပ် (.၁၂)ဘီလီယံကျပ်ကို တော်လှန်ရေးတွင် အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့


ဖေဖော်ဝါရီလ၂ရက်။

ဖေဖော်ဝါရီလ၂ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ()ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ အထိ () နှစ်တာကာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (.၁၂)ဘီလီယံကျပ်ကို တော်လှန်ရေးတွင် အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ ငွေကျပ် (.၁၂) ဘီလီယံကျပ်အား ခွဲဝေပံ့ပိုးရာတွင် ဝန်ကြီးဌာန၏ ဦးစားပေးကဏ္ဍ ()ခုဖြစ်သော အကြမ်းဖက်စစ်တပ်ကြောင့် နေအိမ်မီးရှို့ခံရသည့် ဒေသခံ ပြည်သူများနှင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် နေရပ်စွန့်ခွာပြည်သူများ၊ တော်လှန်ရေးတွင် ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ အာဏာဖီဆန် CDM နိုင်ငံ့ဝန်ထမ်းများ၊ သဘာဝဘေး ဒဏ်ခံရသူများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်များ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူများ၊ အကြောင်းအမျိုးမျိုးကြောင့် လူသားချင်းစာနာမှု အကူအညီလိုအပ်သူများအတွက် ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။


တစ်နှစ်တာကာလအတွင်း အရေးကြီးသည့် ဆောင်ရွက်ချက်များအနေဖြင့် ဝန်ကြီးဌာနက ပြည်သူမှပြည်သူ အလှူငွေကို အသုံးပြု၍ တစ်လလျှင် ပျမ်းမျှနေရပ်စွန့်ခွာပြည်သူ (၃၄၀,၀၀၀) ဦးခန့်ကို ထောက်ပံ့နိုင်သည့်အတွက် တစ်နှစ်အတွင်း စုစုပေါင်း အကျိုးခံစားခွင့်ရှိသူ ()သန်းကျော်ကို ထောက်ပံ့နိုင်ခဲ့ခြင်းအပါအဝင် မီးရှို့ခံရသည့် နေအိမ်များထဲမှ နေအိမ် (,၀၁၀) လုံးကို ယာယီတဲ ပြန်လည်တည်ဆောက်ပေးခြင်းနှင့် လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်တို့မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်း (၇၃၀) ကျင်း တူးနိုင်ရန် ဆောင်ရွက်ပေးခြင်းတို့ကိုလုပ်ဆောင်ပေးနိူင်ခဲ့ပါတယ်။


========================


📌📌 ၄။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေး အတူတကွတိုက်ပွဲဝင်ကြရန် KNU ဗဟိုတွဲဘက်အတွင်းရေးမှူး တိုက်တွန်း


ဖေဖော်ဝါရီလ ၂ရက်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး အတူတကွတိုက်ပွဲဝင်ကြဖို့ KNU ဗဟိုတွဲဘက်အတွင်းရေးမှူး ပဒိုစောလှထွန်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။ 

နွေဦးတော်လှန်ရေး နှစ်ပြည့်မှာ NUCC အတိုင်ပင်ခံကောင်စီခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ပဒိုစောလှထွန်း ပြောကြားထားတာကို KNU ဗဟိုက ဖေဖော်ဝါရီလ ရက်နေ့မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပြောဆိုထားတာဖြစ်ပါတယ်။

 

စစ်အာဏာသိမ်းမှု နှစ် ရှိလာချိန်မှာ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ပြည်သူလူထုနဲ့အတူ ရင်ဆိုင်ဖြတ်သန်းနေရပေမယ့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ဖို့ ဆက်လက်ကြိုးပမ်းကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူလူထုတွေရဲ့ ဘဝကို စာနာ နားလည်တဲ့အကြောင်းလည်း ၎င်းက ရုပ်သံ ကနေတဆင့် ပြည်သူလူထုကို အသိပေးထားပါတယ်။ 

ဒီ နှစ်တာကာလမှာ ခက်ခဲတဲ့စိန်ခေါ်မှုတွေနဲ့ တကယ့်ကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ပြည်သူလူထုရဲ့ သူတို့ဘဝကို စာနာ နားလည်ပါတယ်။ အဲဒါကြာင့်မို့လည်း ဒီအာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင် စနစ်ကိုမဆို ချုပ်ငြိမ်းပြီးတော့ ကျွန်တော်တို့အားလုံး အတူတကွ ယှဉ်တွဲနေထိုင်နိုင်မယ့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီသစ်ကြီးကို ဝိုင်းဝန်းပြီး အတူ တည်ဆောက်ကြရမှာဖြစ်တယ်လို့ ပဒိုစောလှထွန်းက ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာ‌ဖို့ ကြိုးပမ်းဆောင်ရွက်နေတာကြောင့် အာဏာရှင်ချုပ်ငြိမ်းရေးအလွန်မှာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီးကို ပြည်သူလူထုအပါအဝင် အားလုံး အတူတကွ တိုက်ပွဲဝင်ကြဖို့ ၎င်းက တိုက်တွန်းပြောကြားထားပါတယ်။


========================


📌📌 ၅။ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်ရာတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်များအား ကာကွယ်ရေးဝန်ကြီးဌာနမှ ငွေကျပ်သိန်းသုံးရာကျော် ဆေးကုသစရိတ်ထောက်ပံ့


ဖေဖော်ဝါရီလ ၂ရက်။

ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်ရာတွင်   ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်များအား ကာကွယ်ရေးဝန်ကြီးဌာနမှ ငွေကျပ်သိန်းသုံးရာကျော် ဆေးကုသစရိတ်ထောက်ပံ့ခဲ့တယ်လို့ ဖေဖော်ဝါရီလ၂ရက်မှာ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖကအတည်ပြုဆိုထားပါတယ်။


အဆိုပါဆေးကုသစရိတ်အား ဂန့်ဂေါမြို့နယ်၊ မွေ့လယ်ကျေးရွာပကဖမှ ပြင်းထန်ဒဏ်ရာရ ရဲဘော်  () ဦးအတွက် တစ်ဦးလျင် သိန်း(၅၀) ကျပ်နှုန်းဖြင့် သိန်း (၁၀၀)ကျပ်၊ ကန်သာကျေးရွာပကဖမှ ဒဏ်ရာရရဲဘော် တစ်ဦးအတွက် သိန်း(၅၀)ကျပ်၊ ဟံသာဝတီကျေးရွာ ပကဖမှ ဒဏ်ရာရရဲဘော် တစ်ဦးအတွက် သိန်း(၅၀)ကျပ်၊ ကန်ကျေးရွာပကဖမှ ဒဏ်ရာရရဲဘော် တစ်ဦးအတွက်  သိန်း(၅၀)ကျပ်၊  အလယ်ရွာပကဖမှ ဒဏ်ရာရရဲဘော်တစ်ဦးအတွက် သိန်း(၅၀) ကျပ်၊ ပျားရွာပကဖမှ ဒဏ်ရာရ ရဲဘော်တစ်ဦးအတွက် (၁၅)သိန်းကျပ်   စုစုပေါင်း ငွေကျပ်(၃၁၅)သိန်းအား ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတဆင့်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ မြောက်ဦးအခြေစိုက် ခမရ ၅၄ဝ တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ AA ထုတ်ပြ


ဖေဖော်ဝါရီလ ၂ရက်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခမရ- ၅၄ဝ တပ်ရင်းတခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများကို ရခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ရက်နေ့မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။  

သိမ်းဆည်းရရှိတဲ့ လက်နက်တွေထဲမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စက်သေနတ်တွေအပါအဝင် အရာရှိတွေသာ ကိုင်ဆောင်ကြတဲ့ ပစ္စတိုသေနတ်တွေနဲ့ ခြောက်လုံးပြူးသေနတ်တွေပါဝင်နေတာကိုလည်း ဓာတ်ပုံမှတ်တမ်းမှာ တွေ့ရပြီး နင်းမိုင်းတွေ၊ မြေမြုပ်မိုင်းတွေနဲ့ လက်ပစ်ဗုံးမျိုးစုံအပါအဝင် စစ်အသုံးအဆောင်တွေကိုလည်း ထုတ်ဖော်ပြသထားပါတယ်။


မြောက်ဦးမြို့မှာ အခြေစိုက်တဲ့ အမှတ် ၅၄ဝ ခြေမြန်တပ်ရင်းကို ရခိုင့်တပ်တော် AA က ဇန်နဝါရီလ ၃ဝ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ညီနောင်မဟာမိတ် ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။


ရခိုင့်တပ်တော် AA ဟာ ဇန်နဝါရီလ ၂၈ ရက်မှာ မင်းပြားမြို့မှာရှိတဲ့ ခမရ ၃၈ဝ၊ ဇန်နဝါရီလ ၃ဝ ရက်နေ့မှာ ကျောက်တော် မြို့က ခမရ - ၃၇၄ တပ်ရင်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ရက်အတွင်း မြို့နယ် ခုမှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ရင်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၂။ မြိုင်မြို့ ရဲစခန်းနှင့် စီမံကိန်းရုံးအပါအဝင် စစ်အုပ်စုနေထိုင်သောနေရာများကို ပြည်သူကာကွယ်ရေးတပ်ပေါင်းစု မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သား ၂ဦးသေဆုံး


ဖေဖော်ဝါရီလ ရက်။ 

မကွေးတိုင်း မြိုင်မြို့နယ်အတွင်းက ရဲစခန်းနဲ့ စီမံကိန်းရုံးအပါအဝင် စစ်အုပ်စုနေထိုင်တဲ့နေရာတွေကို ပြည်သူ့ ကာကွယ်ရေးတပ်‌ပေါင်းစုက မောင်းသူမဲ့လေယာဉ်ငယ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး တဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ မြိုင် ပကဖ က ထုတ်ပြန် ပါတယ်။

စစ်တပ်အာဏာသိမ်းမှု နှစ်ပြည့်တာကို ဆန့်ကျင်တဲ့အနေနဲ့ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နေထိုင်ရာနေရာ အားလုံးကို ဖေဖော်ဝါရီလ ရက်နေ့မှာ ဒုံး အလုံး ၅ဝ ခန့်နဲ့ တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိသွားတာလို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖနဲ့ မဟာမိတ်ဖြစ်တဲ့ တော်လှန်ရေးအဖွဲ့ပေါင်း ၂ဝ က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထို့အတူ ဇန်နဝါရီလ ၃၁ ရက်နဲ့ ဖေဖော်ဝါရီလ ရက်နေ့ကလည်း မြိုင်မြို့မှာရှိတဲ့ မြို့မရဲစခန်းကို မောင်းသူမဲ့ လေယာဉ်နဲ့ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့သလို စီမံကိန်းရုံးကိုလည်း ဗုံးသီး ၁၄ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြိုင် ပကဖ၊ သူရိန်၊ ကိုလင်းမြွေ စတဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပစ်မှတ်နေရာတွေကို တိကျစွာဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိတယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၃။ ထားဝယ်မြို့ဘုမ္မော်ရပ်ကွက်တွင် ကင်းလှည့်ထွက်လာတဲ့ တပ်သား အင်အား (၁၀၀) ခန့်ပါ စစ်ကောင်စီတပ်အားကာကွယ်ရေးတပ်များတိုက်ခိုက်


ဖေဖော်ဝါရီလ၂ရက်။

ဖေဖော်ဝါရီလ ၂ရက်မှာ စစ်ရေးသတင်းကို Special Guerrila Forceအထူးပြောက်ကျား တပ်ဖွဲ့  ကအတည်ပြုပါတယ်။


"ဇန်နဝါရီလ၃၁ရက် ည၈နာရီ၄၅မိနစ်အချိန်ခန့်တွင် ထားဝယ်မြို့ဘုမ္မော်ရပ်ကွက် စောမိညိုလမ်းတွင် ကင်းလှည့်ထွက်လာတဲ့ တပ်သား အင်အား (၁၀၀) ခန့်ပါသော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ်() တပ်ရင်း၏ တပ်ခွဲ () ဖြစ်သော (Special Guerrila Force) အထူးပြောက်ကျားတပ်ဖွဲ့၊ Dawei Defense Force(D.D.F)ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး(တပ်ဦး) တပ်ခွဲ ()တို့မှ အလစ်ငိုက်တိုက်ခိုက်ခဲ့တယ်"လို့ ဆိုပါတယ်။


စကစရန်သူ့တပ်ဖက် မှ (၁၂) ဦးကျဆုံးခဲ့၍ (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တပ်ဖွဲ့ ဘက်မှအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၄။  လူထုအားလုံးပါဝင်ပေး ကော်ဘရာစစ်ဆင်ရေးမြန်မာငွေသိန်း ၅၀၀၀ Campaignမှ ကျည်ကာများဝယ်ယူ၍ ကော်ပရာရဲဘော်များကို ပေးအပ်


ဖေဖော်ဝါရီလ ၂ရက်။

လူထုအားလုံးပါဝင်ပေး ကော်ဘရာစစ်ဆင်ရေးမြန်မာငွေသိန်း ၅၀၀၀ Campaignမှ ကျည်ကာများဝယ်ယူ၍ ကော်ပရာရဲဘော်များကိုပေးအပ်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂ရက်မှာ CCFRT (Cobra Column Fundraising Team)ကအသိပေးဖော်ပြပါတယ်။


လူထုအားလုံးပါဝင်ပေး ကော်ဘရာစစ်ဆင်ရေးမြန်မာငွေသိန်း ၅၀၀၀ Campaign ရဲ့ အသီးအပွင့်တွေပါ။ မိဘပြည်သူအားလုံးရဲ့ ထောက်ပံ့ငွေတွေကို အခမ်းအနားတွေနဲ့ သေချာပြင်ဆင်ပြီး အပ်နှံချင်ပေမယ့် မြေပြင်တိုက်ပွဲအခြေအနေ နယ်မြေလုံခြုံရေးအခြေအနေတွေအရ ပွဲအခမ်းအနားတွေနဲ့ ပေးအပ်ဖို့ စိတ်ကူးခဲ့သလို အဆင်မပြေခဲ့သော်လည်း Campaign ရည်ရွယ်ချက်အတိုင်း ရှေ့တန်းနယ်မြေ လိုအပ်ချက်တွေကို အလျင်အမြန်ဖြည့်ဆည်းနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ရှေ့တန်းနယ်မြေရောက် Cobra ရဲဘော်ညီအကိုမောင်နှမတွေအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သလို အသက်အန္တရာယ်ကို ကွယ်ကာပေးနိုင်တဲ့ အရာတစ်ခုဖြစ်တဲ့ ကျည်ကာပြားတွေကို ပြည်သူတို့ရဲ့ ထောက်ပံ့ငွေများဖြင့် တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၅။ နမ့်ဆန်မြို့တွင် မပေါက်ကွဲသေးသည့်စစ်ကောင်စီ၏လက်နက်ကြီးတစ်လုံးအား ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေး ()ဦးသေဆုံး


ဖေဖော်ဝါရီလ ()ရက်။

တအာင်းပြည်နယ် တပ်မဟာ()စစ်ဒေသ၊ နမ့်ဆန်မြို့နယ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးအား ကလေးငယ် ဦးက ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးငယ် ()ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့TNLAကအတည်ပြုပါတယ်။


ဖေဖော်ဝါရီလ ()ရက်နေ့ နေ့လည်(၉း၀၀) အချိန်၊ နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးရပ်ကွက်တွင် နမ့်ဆန်မြို့တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်ကောင်စီ၏လက်နက်ကြီးတစ်လုံးအား ကလေးငယ် ()ဦးတွေ့ရှိရာမှ ဆော့ကစားနေကြစဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်သိရပါတယ်။


ထိုကဲ့သို့ပေါက်ကွဲမှုကြောင့် မိုင်းနေမင်းအောင် အသက် ()နှစ်၊ မိုင်းလှိုင်မင်းအောင် အသက် (၁၀)နှစ်၊ မိုင်းအောင်ကျော်ဇော် အသက် (၁၁)နှစ်တို့ ()ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။


နမ့်ဆန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်းတို့တပ်ဝန်းကျင်အပြင် မြို့တွင်းတပ်စွဲထားသည့် နေရာများနှင့် ပြည်သူလူထုများ၏ ခြံဝန်းအတွင်း ထောင်ထားသည့် မိုင်းများနှင့် မပေါက်ကွဲသေးသည့် ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးများအား PSLF/TNLA မှ လိုက်လံရှင်းလင်းနေပြီး တွေ့ရှိပါက အကြောင်းကြားရန်ညွှန်ကြားထားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၆။ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကြောင်းက သာဝတ္ထိရွာရှိ အိမ်ခြေ ၁၅ဝ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ သဖြင့် စပါး တင်းသောင်းချီ ဆုံးရှုံး


ဖေဖော်ဝါရီလ ၂ရက်။ 

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ထဲမှာပါတဲ့ ခင်ဦးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းက သာဝတ္ထိရွာမှ အိမ်ခြေ ၁၅ဝ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စပါင်းတင်း သောင်းချီ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် သတင်းရင်းမြစ်များထံကနေ သိရှိရပါတယ်။

ဇန်နဝါရီလ ၃၁ ရက်ကစပြီး အင်အား ၁ဝဝ ကျော်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ရက်နေ့ မွန်းလွဲပိုင်းကစပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သာဝတ္ထိရွာက အိမ်ခြေ ၁၄၈ လုံး ပြာကျခဲ့ပြီး စပါးတင်းရေ သောင်းချီ ဆုံးရှုံးပျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး က ထုတ်ပြန်ထားပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ရက်နေ့က သာဝတ္ထိရွာမှာ ညအိပ်တပ်စွဲပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့လည်း သိရပါတယ်။ 

ထိုစစ်ကြောင်းဟာ ရိက္ခာပြတ်နေတဲ့ ပျဉ်ထောင်ပျူရွာကို ရိက္ခာပို့နိုင်ဖို့ အဓိကထားလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ရက်နေ့ မနက် နာရီဝန်းကျင်မှာ ရေဦးမြို့ကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်း ပြန်ဆုတ်သွားချိန်မှာ သာဝတ္ထိကျေးရွာအတွင်းက မီးလောင်ထားတဲ့နေအိမ်တခုအတွင်းမှာ အကြမ်း ဖက်စစ်သားတဦးလို့ယူဆရတဲ့ မီးလောင်ပျက်စီးနေတဲ့ရုပ်အလောင်းတခုတွေ့ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးထားပါတယ်။

ဇန်နဝါရီလ ၃၁ ရက်ကစပြီး အင်အား ၁ဝဝ ကျော်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ စစ်ကြောင်းထိုးလာစဉ်အတွင်း ကလုံရွာက ဒေသခံအမျိုးသားတဦး၊ သရက်ကုန်းရွာက အမျိုးသားတဦး၊ ကင်းပြစ်ကျေးရွာက အမျိုးသားတဦး စုစုပေါင်း အရပ်သား ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment