4th FEB 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUGPay စတင်ခဲ့ချိန်မှ ယခုထိ  လက်တွဲမဖြုတ်ပဲ အမြဲရှိနေပေးသော ဝန်းရံသူပြည်သူများနှင့် သုံးစွဲသူတော်လှန်ပြည်သူများကို အထူးပင် ကျေးဇူးတင်၍ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၂။ ဥရောပ ပါလီမန်တွင် ကျင်းပသော မြန်မာအရေးဆွေးပွဲတွင် မြန်မာ့နိုင်ငံရေးမှာ မြန်မာစစ်တပ်၏ ပါဝင်မှုကို ချုပ်ငြိမ်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြားခဲ့

📌 ၃။ အကြမ်းဖက်စစ်ကောင်စီကို လက်ရှိအမှုဖွင့်ပြီး တရားစွဲဆိုရန်ပြင်ဆင်နေတဲ့ အာဂျင်တီးနားနိုင်ငံ၊တူရကီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့အပြင်  ထပ်မံအရေးယူနိုင်မယ့် နိုင်ငံတွေကိုလည်း ရှာဖွေနေတယ်လို့ဆို

📌 ၄။ European Parliament က NUGအစိုးရကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

📌 ၅။ PTT မှ အကြမ်းဖက် စစ်ကောင်စီကို ငွေကြေးတိုက်ရိုက် ကူညီထောက်ပံ့နေခြင်းကို ရပ်တန့်ရန် (Move Forward Party) ကို အကူအညီတောင်းခံစာ  ပေးပို့

📌 ၆။ လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂ဝ ဦး လွတ်ရက်စေ့သော်လည်း ဆက်လက်ဖမ်းဆီးထား


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ တပ်သားသစ်များ၏ အခြေခံစစ်သင်တန်းဆင်းပွဲသို့ ဒုစစ်ဦးချုပ် မာဝီ တက်ရောက်

🚩 ၂။ လွိုင်ကော်အခြေပြု အမှတ် ဗျူဟာအတွက် တပ်သားသစ်များ ဖိတ်ခေါ်

🚩 ၃။ လက်လုပ် RPGကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်-ADPRA ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်(၃၀) တပ်ခွဲ၂  ထုတ်လုပ်ရေးတပ်စုက ရဲဘော်များနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတခုကထုတ်လုပ်ရေးဆရာတို့ ပူးပေါင်းတီထွင်ထုတ်လုပ်

🚩 ၄။ CDF မတူပီရဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရတဲ့ စစ်ကောင်စီစစ်ကြောင်း () ဦးအထိ ဒဏ်ရာရရှိခဲ့ပြီးနောက် ချန်းပြန်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

🚩 ၅။ သံဖြူဇရပ်တွင် ပြည်သူ့စစ် ခေါင်းဆောင်အပါအဝင် () ဦးကို လက်နက်နဲ့အတူ တောင်ညို စစ်ကြောင်း ဖမ်းဆီးရမိ

🚩 ၆။ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်ဖြင့် ပေါင် ၅ဝဝ ဗုံးများကြဲချ၊ စာသင်ကျောင်းနှင့် အိမ်အချို့ ပျက်စီး

🚩 ၇။ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦး PDF ထံသို့ လက်နက် ခဲယမ်းများနှင့် အတူ ခိုလှုံလာသော တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သားအား ဂုဏ်ပြုဆုငွေ သိန်း (၄၀)ကျပ် ချီးမြှင့်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUGPay စတင်ခဲ့ချိန်မှ ယခုထိ  လက်တွဲမဖြုတ်ပဲ အမြဲရှိနေပေးသော ဝန်းရံသူပြည်သူများနှင့် သုံးစွဲသူတော်လှန်ပြည်သူများကို အထူးပင် ကျေးဇူးတင်၍ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


ဖေဖော်ဝါရီလ၃ရက်။

NUGPay စတင်ခဲ့ချိန်မှ ယခုထိ  လက်တွဲမဖြုတ်ပဲ အမြဲရှိနေပေးသော ဝန်းရံသူပြည်သူများနှင့် သုံးစွဲသူတော်လှန်ပြည်သူများကို အထူးပင် ကျေးဇူးတင်၍ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း အမျိူးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဖေဖော်ဝါရီ၃ရက် ညပိုင်းမှာ လက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်။


"ပြည်သူလူထု၏ တော်လှန်သော သန္နိဋ္ဌာန်ဖြင့် NUGPay ကို အသုံးပြု၍ အားပေးဝန်းရံပေးမှုကြောင့် ယနေ့တွင် ငွေပေးငွေယူပြုလုပ်သော ငွေပမာဏစုစုပေါင်းတန်ဖိုး ဘီလီယံ ၁၀၀၀ ( ထရီလီယံ) သို့ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ၄င်းမှာ စစ်အာဏာရှင်၏ ဖိနှိပ်မှုကို တွန်းကန်တော်လှန်သော ပြည်သူများကိုယ်တိုင် လည်ပတ်သည့် ပြည်သူ့ငွေကြေးစနစ်တစ်ခု၏ မှတ်တိုင်တစ်ရပ်ပင်ဖြစ်ပါတယ်။ NUGPay စတင်ခဲ့ချိန်မှ ယခုထိ အခက်အခဲများကြုံရသော်ငြား လက်တွဲမဖြုတ်ပဲ အမြဲရှိနေပေးသော ဝန်းရံသူပြည်သူများနှင့် သုံးစွဲသူတော်လှန်ပြည်သူများကို အထူးပင် ကျေးဇူးတင်၍ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်"လို့ဆိုပါတယ်။


 အမျိုးသားညီညွတ်ရေး အစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နှင့် NUGPay မိုဘိုင်းပိုက်ဆံအိတ်အစီအစဉ်ကို ၂၀၂၂၊ ဇွန်လတွင် စတင်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၂။ ဥရောပ ပါလီမန်တွင် ကျင်းပသော မြန်မာအရေးဆွေးပွဲတွင် မြန်မာ့နိုင်ငံရေးမှာ မြန်မာစစ်တပ်၏ ပါဝင်မှုကို ချုပ်ငြိမ်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြားခဲ့


ဖေဖော်ဝါရီလ၃ရက်။

ဥရောပပါလီမန်တွင် ကျင်းပသော မြန်မာ့အရေးဆွေးပွဲတွင် မြန်မာ့နိုင်ငံရေးမှာ မြန်မာစစ်တပ်၏ ပါဝင်မှုကို ချုပ်ငြိမ်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီပြန်လည်တည်ဆောက်ရေး အခမ်းအနား (Rebuilding democracy in post-coup Myanmar Event) ကို မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှု () နှစ်ပြည့်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ () ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁၀) နာရီမှ နေ့လယ် (၁၂) နာရီအထိ ဘယ်လ်ဂျီယမ်နိုင်ငံ၏ မြို့တော် ဘရပ်ဆဲလ်မြို့ရှိ ဥရောပပါလီမန်တွင် ကျင်းပခဲ့ပါတယ်။


အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ဆွေးနွေးခဲ့ရာတွင် "အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများ မရပ်တန့်သရွေ့၊ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မြောက်သေးသရွေ့  တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ကြောင်းနှင့် မြန်မာ့နိုင်ငံရေးတွင် မြန်မာစစ်တပ်၏ ပါဝင်မှုကို ချုပ်ငြိမ်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် အဆိုပါနေ့ နေ့လယ်ပိုင်းတွင် ဥရောပပါလီမန်၏ Vice President ဖြစ်သူ Heidi Hautala နှင့်လည်းကောင်း၊ ဥရောပပါလီမန် အဖွဲ့ဝင် (MEP) ဖြစ်သူ Patrizia Toia နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံ၍လည်း မြန်မာ့အရေးဆိုင်ရာများကိုဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီကို လက်ရှိအမှုဖွင့်ပြီး တရားစွဲဆိုရန်ပြင်ဆင်နေတဲ့ အာဂျင်တီးနားနိုင်ငံ၊တူရကီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့အပြင်  ထပ်မံအရေးယူနိုင်မယ့် နိုင်ငံတွေကိုလည်း ရှာဖွေနေတယ်လို့ဆို


ဖေဖော်ဝါရီလ ၃ရက်။

အကြမ်းဖက်စစ်ကောင်စီကို လက်ရှိအမှုဖွင့်ပြီးတရားစွဲဆိုရန်ပြင်ဆင်နေတဲ့ အာဂျင်တီးနားနိုင်ငံ၊တူရကီနိုင်ငံ၊ဖိလစ်ပင်းနိုင်ငံတို့အပြင်  ထပ်မံအရေးယူနိူင်မယ့်နိူင်ငံတွေကိုလည်း ရှာဖွေနေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကပြောပါတယ်။


"နိုင်ငံတကာတရားစီရင်မှုယန္တရားသာမက နိုင်ငံအလိုက်တရားစွဲဆိုနိုင်သည့် Universal Jurisdiction လုပ်ထုံးလုပ်နည်းကိုအသုံးပြုပြီး အကြမ်းဖက်စစ်ကောင်စီနဲ့အပေါင်းအပါများကို တရားစွဲနိုင်တဲ့ လမ်းကြောင်းများကိုလည်း  ရှာဖွေလုပ်ဆောင်လျက်ရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်လမ်းကြောင်းကို အသုံးပြုပြီး လက်ရှိအမှုဖွင့်ပြီး တရားစွဲဆိုရန်ပြင်ဆင်နေတဲ့ အာဂျင်တီးနားနိုင်ငံ၊ တူရကီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့အပြင် နောက်ထပ် ထပ်မံအရေးယူနိုင်မယ့် နိုင်ငံတွေကိုလည်း ရှာဖွေပြီးတရားစွဲဆိုနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၄။ European Parliament က NUGအစိုးရကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ


ဖေဖော်ဝါရီလ ၃ရက်။

European Parliament က NUGအစိုးရကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တယ်လို့ European Parliament In ASEANက သတင်းထုတ်ပြန်ပါတယ်။


ရက်စက်ကြမ်းကြုတ်သော စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့ EuropeanParliament က NUGကိုယ်စားလှယ်အဖွဲ့ ကို လက်ခံတွေ့ဆုံခဲ့တယ်လို့ဖော်ပြပါတယ်။


ထို့နောက်တော်လှန်ရေးအလွန်  အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၅။ PTT မှ အကြမ်းဖက် စစ်ကောင်စီကို ငွေကြေးတိုက်ရိုက် ကူညီထောက်ပံ့နေခြင်းကို ရပ်တန့်ရန် (Move Forward Party) ကို အကူအညီတောင်းခံစာ  ပေးပို့


ဖေဖော်ဝါရီလ ၃ရက်။

PTT မှ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ စစ်ရာဇဝတ်မှုများအတွက် ငွေကြေး တိုက်ရိုက် ကူညီထောက်ပံ့နေခြင်းကို ချက်ချင်းရပ်တန့်ရန် (Move Forward Party) ကို သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားအဖွဲ့က အကူအညီတောင်းခံစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့မှာ Blood Money Campaign (သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့)က ထိုင်းနိုင်ငံပိုင် ကုမ္ပဏီဖြစ်တဲ့ PTT နဲ့ ၎င်းရဲ့ လက်ခွဲကုမ္ပဏီဖြစ်တဲ့ PTTEP တို့မှ အကြမ်းဖက် စစ်ကောင်စီကို ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နိုင်ရန် ငွေကြေးများ ဆက်လက်ပေးပို့နေခြင်းကို ရပ်တန့်နိုင်ရေး (Move Forward Party) ကို အကူအညီ တောင်းခံစာ ပေးပို့ခဲ့တယ်လို့ အသိပေး ထားပါတယ်။


အဆိုပါ အကူအညီတောင်းခံသော အိတ်ဖွင့်ပေးစာကို ၂၀၂၃ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ အနိုင်ရ  Move Forward Party ကို Blood Money Campaign နဲ့  Extra - Territorial Obligation Watch Coalition (ETOs Watch Coalition) အဖွဲ့တို့မှ ၂၀၂၄ ဖေဖော်ဝါရီလ () ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းမှု () နှစ်မြောက် နေ့တွင် Moving Forward Party ရုံးသို့ လူကိုယ်တိုင် သွားရောက် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။


စစ်အုပ်စု ထိန်းချုပ်ထားတဲ့ သတင်းဌာနများရဲ့ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်၊ မတ်လအထိ () အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတစ်ခုတည်းမှ အမေရိကန် ဒေါ်လာ သန်းပေါင်း (,၇၀၀) ကျော် ရရှိခဲ့ကြောင်း သိရပြီး အကြမ်းဖက် စစ်အုပ်စု ရရှိနေတဲ့ ရေနံငွေအများစုမှာ PTT ကုမ္ပဏီမှ ပေးချေနေတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ထို့ကြောင့် PTT ကုမ္ပဏီမှ အကြမ်းဖက် စစ်အုပ်ထံ ရေနံနှင့် ဓါတ်ငွေ့ ငွေများ လွှဲပြောင်းပေးနေ ခြင်းကို ရပ်တန့်နိုင်ရန် ထိုင်းနိုင်ငံရဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းမူဝါဒများအတိုင်း လွှတ်တော်အတွင်း လုပ်ဆောင်နိုင်စွမ်းမှ စုံစမ်းစစ်ဆေးပေးရန်နှင့် စစ်အုပ်စုရဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများနှင့်  စစ်ရာဇဝတ်မှုများကို PTT မှ တိုက်ရိုက် ထောက်ပံနေကြောင်း အကြံပြု ထောက်ပြ ပေးနိုင်ရန် အခုလို့ အကူအညီ တောင်းခံစာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂ဝ ဦး လွတ်ရက်စေ့သော်လည်း ဆက်လက်ဖမ်းဆီးထား


ဖေဖော်ဝါရီလ ၃ရက်။

ကရင်နီပြည် လွိုင်ကော်မြို့မှာရှိတဲ့ လွိုင်ကော်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၂ဝ ဦးဟာ လွတ်ရက်စေ့ပြီးဖြစ်ပေမယ် လုံခြုံရေးအကြောင်းပြပြီး ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ကရင်နီ နိုင်ငံရေး အကျဉ်းသားများအစည်းအရုံး KPPA နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM က ပူးတွဲထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ရက်နေ့ကတည်းက လွတ်ငြိမ်းချမ်းသာခွင့်ရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသား ဦးနဲ့ ရာဇဝတ်မှု အကျဉ်းသား ၁၄ ဦး သက်ဆိုင်ရာမိသားစုတွေဆီ ပြန်မရောက်သေးတာနဲ့ပတ်သက်လို့ KPPA နဲ့ PPNM က ပူးတွဲထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လွိုင်ကော်မြို့ရဲ့ လုံခြုံရေးအခြေအနေကို အကြောင်းပြပြီး အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတွေဟာ လွတ်မြောက်ခွင့်ရထားပြီးဖြစ်တဲ့သူတွေကို အကျဉ်းထောင်မှာ ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ 

ထောင်အာဏာပိုင်တွေရဲ့ အခုလုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ 

ဒါကြောင့် ပြစ်ဒဏ်ကျခံရာကနေ လွတ်မြောက်ခွင့်ရထားပြီးဖြစ်တဲ့ ရာဇဝတ်မှုအကျဉ်းသား ၁၄ ဦးနဲ့ လွတ်မြောက်သင့်ပြီ ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ဦးကို ချက်ချင်းလွှတ်ပေးဖို့နဲ့ စစ်ရေးတင်းမာနေတဲ့အခြေအနေမှာ လွတ်မြောက်နိုင်ငံရေး အကျဉ်းသားတွေ နေရပ်ပြန်နိုင်ရေးကိစ္စကို ICRC နဲ့ United Nation OCHA တို့က ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေးဖို့ KPPA နဲ့ PPNM က တောင်းဆိုထားပါတယ်။ 

လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၅ဝဝ ခန့်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM မှတ်တမ်းတွေအရ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ တပ်သားသစ်များ၏ အခြေခံစစ်သင်တန်းဆင်းပွဲသို့ ဒုစစ်ဦးချုပ် မာဝီ တက်ရောက်


ဖေဖော်ဝါရီလ၃ရက်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် တပ်ရင်းမှာ ကျင်းပတဲ့ တပ်သားသစ် ရဲဘော်များ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒုစစ်ဦးစီးချုပ် မာဝီ တက်ရောက်ခဲ့တယ်လို့ KNDF- B08 က အသိပေးထား ပါတယ်။

KNDF အမှတ် တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်- သင်တန်းကို ဇန်နဝါရီလ ၂၁ ရက်ကနေ ၃၁ ရက်နေ့အထိ ၁ဝ ရက်တာ သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကိုတော့ ဖေဖော်ဝါရီလ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲသို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဒုတိယစစ်ဦးစီးချုပ် မာဝီ တက်ရောက်ခဲ့ပြီး KNDF ရဲ့ တပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြောကြားခဲ့ပြီး တပ်သားသစ်တွေကို ကြိုဆိုအားပေးစကား ပြောကြားခဲ့တယ်လို့ KNDF- B08 က ဖေဖော်ဝါရီ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ လွိုင်ကော်အခြေပြု အမှတ် ဗျူဟာအတွက် တပ်သားသစ်များ ဖိတ်ခေါ်


ဖေဖော်ဝါရီလ၃ရက်။

စစ်မီးလျှံတွေ တောက်လောင်နေတဲ့ လွိုင်ကော်မြို့နယ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF အတွက် လူ့စွမ်းအားအရင်းအမြစ်တွေလိုအပ်နေတာကြောင့် လွိုင်ကော်အခြေပြု အမှတ် ဗျူဟာမှာ ပူးပေါင်းပါဝင်ကြဖို့ KNDF ဗဟို ထောက်ပို့ဌာနက ဖိတ်ခေါ်ထားပါတယ်။ 

ကရင်နီနယ်မှာ ဖော်ဆောင်နေတဲ့ ၁၁.၁၁ စစ်ဆင်ရေးဟာ နီးပါရှိးနေပြီး လွိုင်ကော်မြို့ ထက်ဝက်ကျော်ကို ကရင်နီတော်လှန်ရေးအင်အားစုတွေက စိုးမိုးထားနိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီယန္တရားကို ဖြိုဖျက်နိုင်ဖို့နဲ့ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ဖို့ တပ်သားသစ်တွေကို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

 တပ်သားသစ်တွေအနေနဲ့ လွိုင်ကော်ဒေသကိုအခြေပြုထားတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF အမှတ် ဗျူဟာမှာ ပါဝင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။ 

လွိုင်ကော်ဒေသက အခုဆိုရင် အားလုံးသိတဲ့အတိုင်း စစ်မီးလျှံတွေ တောက်လောင်နေပါတယ်။ ပြည်သူတွေလည်း ဒုက္ခရောက်နေရပြီး စစ်ကောင်စီကလည်း ပြည်သူပိုင်ပစ္စည်းတွေကို နေ့စဉ်မီးရှို့ဖျက်ဆီးနေပါတယ်။ ဒီအခြေအနေကတော့ လွိုင်ကော်တစ်ခုတည်းတင်မဟုတ်ဘဲ တနိုင်ငံလုံးနေရာအနှံ့မှာဖြစ်နေတာပါပဲ။ ကရင်နီမှာဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်ခန့် ကာလတည်းက ဒီမောဆိုနဲ့ အခြားဒေသတွေမှာ စစ်မီးတွေတောက်လောင်ပြီး ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတယ်။ အခုလည်း လွိုင်ကော်မှာ ဖြစ်နေပြန်ပါပြီ။ ဒီအခြေအနေတွေကိုကျော်လွှားဖို့ဆိုရင် စစ်အာဏာရှင်ကို တော်လှန်မယ့်သူတွေ လိုပါတယ်လို့ KNDF ဗဟို ထောက်ပို့ဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

လူမျိုး၊ဘာသာ ကျား၊မ မခွဲခြားဘဲ အသက် ၁၈ နှစ်ကနေ အသက် ၄ဝ ကြားအရွယ်ရှိတဲ့ စစ်အောဏာရှင်ကို တော်လှန်လို သူတိုင်း ပါဝင်နိုင်ပြီး တိုက်ခိုက်ရေးအတွက်တင်မဟုတ်ဘဲ ရုံးပိုင်း၊ ဆေးပိုင်း ထောက်ပို့ပိုင်း စတဲ့ကဏ္ဍတွေမှာ ပါဝင်နိုင်တယ် လို့လည်း သိရပါတယ်။ 

KNDF အနေနဲ့ တပ်သားသစ်တွေမှာ ရှိသင့်ရှိထိုက်တာတွေအပြင် KNDF ရဲ့ လုပ်ထုံးလုပ်နည်းတွေကို စနစ်တကျလေ့ကျင့် သင်ကြားပေးမှာဖြစ်တာကြောင့် ပွဲသိမ်းတိုက်ပွဲမှာပါဝင်လိုသူတွေအနေနဲ့ စည်းရိုး -The Fence လူမှုကွန်ယက်စာမျက်နှာ ကတဆင့် ဆက်သွယ်ပါဝင်နိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ လက်လုပ် RPGကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်-ADPRA ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်(၃၀) တပ်ခွဲ၂  ထုတ်လုပ်ရေးတပ်စုက ရဲဘော်များနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတခုကထုတ်လုပ်ရေးဆရာတို့ ပူးပေါင်းတီထွင်ထုတ်လုပ်


ဖေဖော်ဝါရီ၃ရက်

လက်လုပ် RPGကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်-ADPRA ယင်းမာပင်ခရိုင်၊ တပ်ရင်း အမှတ်(၃၀) တပ်ခွဲ၂  ထုတ်လုပ်ရေးတပ်စုက ရဲဘော်များနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတခုက ထုတ်လုပ်ရေးဆရာတို့ ပူးပေါင်းတီထွင်ထုတ်လုပ်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၃ရက်မှာ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်-ADPRAမှ အသိပေးဆိုပါတယ်။


"အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်-ADPRA ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်(၃၀)၊တပ်ခွဲ၂  ထုတ်လုပ်ရေးတပ်စုက ရဲဘော်များနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတခုကထုတ်လုပ်ရေးဆရာတို့ ပူးပေါင်းတီထွင်ထုတ်လုပ်ထားတဲ့ လက်လုပ် RPG ဖြစ်ပါတယ်"လို့ဆိုပါတယ်။


RPG တလက်နှင့် RPG ဗုံးသီး ငါးခုကို မြန်မာငွေ သိန်းခြောက်ဆယ်ကျပ်ဝန်းကျင်သာ ကုန်ကျတယ်လို့ဆိုပါတယ်။


လိုအပ်ချက်အနည်းအငယ်ရှိပေမယ့် စစ်မြေပြင်မှာ အသုံးပြုလို့အဆင်ပြေနေပြီလို့ဆိုပါတယ်။


========================


🚩🚩 ၄။ CDF မတူပီရဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရတဲ့ စစ်ကောင်စီစစ်ကြောင်း () ဦးအထိ ဒဏ်ရာရရှိခဲ့ပြီးနောက် ချန်းပြန်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့


ဖေဖော်ဝါရီလ ၃ရက်။

ချင်းပြည်နယ်၊ မင်းတပ်-မတူပီ ပြည်ထောင်စု လမ်းမဘက်ကို စစ်ကြောင်းထိုးလာတဲ့ မတူပီမြို့ အခြေစိုက် ခလရ - ၃၀၄ စစ်ကြောင်း CDF မတူပီ ရဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ဦး ဒဏ်ရာ ရရှိခဲ့ပြီးနောက် ချန်းပြန်း()ရွာလုံးကျွတ်နီးပါ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ CDF မတူပီက ထုတ်ပြန်ထား ပါတယ်။


ဖေဖော်ဝါရီလ () ရက်နေ့တွင် မင်းတပ် - မတူပီလမ်း ချန်းပြန်း() ရွာဘက်ကို အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာတဲ့ ခလရ - ၃၀၄ စစ်ကြောင်းကို CDF မတူပီ က ပဒေဿာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား () ဦးထိ ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။


ထိုသို့ မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရပြီးနောက် အထိနာသွားတဲ့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ရက် နေ့ မနက် နာရီ ဝန်းကျင်တွင် ချန်းပြန်း () ရွာရှိ ပြည်သူနေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။


၎င်းစစ်ကြောင်း အင်အား ၂၀၀ ထဲမှ ထက်ဝက်ခန့်ဟာ မတူပီ မြို့ပေါ်ဘက်ကို ပြန်လည်ဆုတ်ခွာ သွားခဲ့ပေမယ့် အင်အား ၁၀၀ ခန့် ကျန်ရှိနေသေးတာကြောင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်ကာ မိဘပြည်သူများ အနေဖြင့် မတူပီ-မင်းတပ် လမ်းကို အသုံးမပြုကြရန်နှင့် တောထွက်အမဲလိုက်ခြင်းများ မပြုလုပ်ကြပါရန် CDF-Matupi မှ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ သံဖြူဇရပ်တွင် ပြည်သူ့စစ် ခေါင်းဆောင်အပါအဝင် () ဦးကို လက်နက်နဲ့အတူ တောင်ညို စစ်ကြောင်း ဖမ်းဆီးရမိ


ဖေဖော်ဝါရီလ ၃ရက်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင်အပါအဝင် () ဦးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် () စစ်ဒေသခွဲ၊  တောင်ညို စစ်ကြောင်းက လက်နက်နှင့်တကွ ဖမ်းဆီးရမိခဲ့တယ်လို့ ဖေဖော်ဝါရီ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီ ၂၉ ရက်က သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာအုပ်စုနေ ကရုပ္ပိပြည်သူ့စစ် ခေါင်းဆောင် ဦးကာတွန်း () ဦးမောင်စိန်ကို ၎င်းရဲ့ ငါးမွေးမြူရေးခြံမှာ အလုပ်လုပ်နေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ တောင်ညိုစစ်ကြောင်းက ဆိုပါတယ်။


ထို့သို့ ဖမ်းဆီးရာမှာ ဦးကာတွန်း အပါအဝင် ပြည်သူ့စစ်အဖွဲဝင် ဦးမောင်နှင့် အလုပ်သမား () ဦးတို့က ပြန်လည်ခုခံခြင်းမရှိဘဲ ဖမ်းဆီးခံခဲ့ပြီး ဦးကာတွန်းကိုင်ဆောင်တဲ့ လုံးပြူး သေနတ်တစ်လက် (.380) ကျည် ၁၁ တောင့်၊ ဦးမောင်ကိုင်ဆောင်တဲ့ AK 47 သေနတ် တစ်လက်နှင့် ကျည်တောင့် ၂၀ တို့ ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


 ဆက်လက်ပြီး ဦးကာတွန်းရဲ့ နေအိမ်အတွင်းမှာ သိမ်းဆည်းထားတဲ့ ပြည်သူ့စစ် သေနတ်များ ဖြစ်တဲ့ AK 47 နှစ်လက်၊ M16 တစ်လက်နဲ့ ကျည် ၂၁ တောင့်အား ထပ်မံသိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။


ဖမ်းဆီးရမိခဲ့သူများထဲမှ မသက်ဆိုင်တဲ့ အလုပ်သမား () ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ပြည်သူ့စစ် ခေါင်းဆောင်အပါအဝင် နှစ်ဦးကို တောင်ညိုစစ်ကြောင်း တပ်ခွဲ () မှ တောင်ပိုင်းတိုင်းမှ ချမှတ်ထားတဲ့ ဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာကို လွှဲပြောင်းပေးအပ်သွားမယ်လို့ အသိပေးထား ပါတယ်။


========================


🚩🚩 ၆။ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်ဖြင့် ပေါင် ၅ဝဝ ဗုံးများကြဲချ၊ စာသင်ကျောင်းနှင့် အိမ်အချို့ ပျက်စီး


ဖေဖော်ဝါရီလ ၃ရက်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ်က ပေါင် ၅ဝဝ ဗုံးတွေ ကြဲချခဲ့တာကြောင့် စာသင်ကျောင်းနဲ့ အိမ်အချို့ ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

နေပြည်တော်လေတပ်က တက်လာတဲ့ Yak -130 ဂျက်ဖိုက်တာက ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့အနီးက မိတန်ကျေရွာ စာသင်ကျောင်းဝင်းထဲကို ဖေဖော်ဝါရီလ ရက် မနက် ၁နာရီ ၂ဝ မိနစ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပေါင် ၅ဝဝ ဗုံး လုံး ကြဲချခဲ့တာလို့သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ကျုံဒိုးမြို့အနီးက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ နေ့စဉ်နဲ့အမျှ ရမ်းသမ်းပစ်ခတ်နေတာကြောင့် လူဦးရေ ၂သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ 

ထို့အပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ည နာရီဝန်းကျင်အချိန်ကလည်း ကျိုက်ဒုံမြို့အခြေစိုက်ဗျူဟာက ကျိုက်ဒုံမြို့ အနီးမှာရှိတဲ့ ပိုးရေးကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦး PDF ထံသို့ လက်နက် ခဲယမ်းများနှင့် အတူ ခိုလှုံလာသော တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သားအား ဂုဏ်ပြုဆုငွေ သိန်း (၄၀)ကျပ် ချီးမြှင့်ခဲ့


ဖေဖော်ဝါရီလ ၃ရက်။

ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦး PDF ထံသို့ လက်နက် ခဲယမ်းများနှင့် အတူ ခိုလှုံလာသော တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သားအား ဂုဏ်ပြုဆုငွေ သိန်း (၄၀)ကျပ် ချီးမြှင့်ခဲ့ပါတယ်။


ဖေဖော်ဝါရီလ ၃ရက်မှာ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းရေဦး PDFကအသိပေးဆိုပါတယ်။

မတရားသော အမိန့်များပေးပြီး ခေါင်းပုံဖြတ် ဖိနှိပ်နေတဲ့ စစ်ခေါင်းဆောင်များ အောက်မှရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ထံ အမြန်ဆုံး ခိုလှုံကြရန် တိုက်တွန်းအပ်တယ်လို့လည်း ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းရေဦး PDFကအသိပေးဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment