3rd FEB 2024 - Evening Daily News by Radio NUG

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Ben Cardinနှင့် NUGနိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံ

📌 ၂။ ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ အနေနှင့် မြန်မာ့အရေးကို ယခုထက်ပိုမို၍ ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးရန် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်

📌 ၃။ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းမှကိုရီးယား နိုင်ငံတော် လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ Song Doo Hwan နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို ပွင့်လင်းစွာဆွေးနွေးခဲ့

📌 ၄။ လူငယ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏လူ့အခွင့်အရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦး အောင်ကျော်မိုးတို့တွေ့ဆုံပွဲ ရိုဟင်ဂျာအရေးတက်ကြွသူ ရိုဟင်ဂျာ (၁၀၀) နီးပါး တက်ရောက်ခဲ့

📌 ၅။၂၀၂၃ ခုနှစ်အထိ မြို့နယ်တရားရုံးများမှ ရာဇ၀တ်မှု၊ တရားမမှုစုစုပေါင်း ၁၃၄၃ မှုကို ကိုင်တွယ်ခဲ့ပြီး အမှုပေါင်း ၈၃၇ မှုကို အမိန့်ချ

မှတ်နိူင်ခဲ့

📌 ၆။ စစ်ကောင်စီဟာ မူး ယစ်ဆေးဝါးနှင့် ကျားဖြန့်ကဲ့သို့ လောင်းကစားများမှတဆင့် စစ်အသုံးစရိတ်များရရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်

📌 ၇။ အခုဆက်လက်ပြီး မကြေးမုံပေးပို့လာတဲ့ ရခိုင်မှာ စပါးဝယ်မယ့်သူမရှိလို အဆိုးရွားဆုံးအခက်အခဲကြုံနေတယ်အကြောင်းကို တင်ပြပေးပါမယ်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မလှိုင်နှင့်နွားထိုးကြီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် ဦးသေဆုံး

🚩 ၂။ စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများနှင့် စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များ အချိန်မရွေးပေါက်ကွဲနိုင်သဖြင့် ကိုင်တွယ် ထုနှက်ခြင်းမလုပ်ရန် ညီနောင် ဖွဲ့ သတိပေး

🚩 ၃။ ရခိုင်ပြည်နယ် စကခ လက်အောက်ခံတပ်ရင်းအားလုံး သိမ်းပိုက်ရရှိနိုင်ရေး AA ထိုးစစ်ဆင်နေဟု ညီနောင် ဖွဲ့ပြော 

🚩 ၄။ မြင်းခြံမြို့နယ် စံပြကျေးရွာရှိ စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှု ဦးသေဆုံးပြီး သေနတ် ၄လက်သိမ်းဆည်းရရှိ

🚩 ၅။ မြင်းခြံခရိုင်အတွင်းသွားလာကြသော ခရီးသွားပြည်သူများအတွက် လမ်းပိုင်းဆိုင်ရာသတိပေးချက်ထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Ben Cardinနှင့် NUGနိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံ


ဖေဖော်ဝါရီ၃ရက်


ဖေဖော်ဝါရီ ရက်နေ့မှာပဲ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပါဝင်တဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Ben Cardinတို့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။


ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့ကို လိုလားတောင့်တနေတဲ့ မြန်မာပြည်သူတွေ‌ဘက်က အမေရိကန်အစိုးရဆက်လက် ရပ်တည်ရမယ်လို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Ben Cardin က ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံ ငြိမ်းချမ်း သာယာတဲ့နိုင်ငံဖြစ်အောင် မျှော်လင့်ချက်ကြီးမားတဲ့ မြန်မာပြည်သူတွေဟာ အမေရိကန်လွှတ်တော်ရဲ့ မိတ်ဆွေ၊ မိတ်ဖက်တွေဖြစ်ပြီး လွှတ်တော်က မြန်မာပြည်သူတွေဘက်က ရပ်တည်လာခဲ့တာ ဟိုးအရင်ထဲက ဖြစ်တယ်လို့ စစ်တပ်အာဏာသိမ်း နှစ်ပြည့်အတွက် ဥက္ကဋ္ဌ Ben Cardin ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


========================


📌📌 ၂။ ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ အနေနှင့် မြန်မာ့အရေးကို ယခုထက်ပိုမို၍ ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးရန် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်


ဖေဖော်ဝါရီ၃ရက်


မြန်မာ့နွေဦးတော်လှန်ရေး -နှစ်ပြည့်အဖြစ် "အောင်ပွဲဆီသို့ တို့ အတူသွားကြစို့"ခေါင်းစဉ်ဖြင့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ရက်နေ့တွင် မွန်းလွဲ နာရီမှ ညနေ နာရီအထိ ဆိုးလ်မြို့ ဂျွန်ထဲဟီးခန်းမ၌ ကျင်းပခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက စီစဉ်ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲသို့ (Justice Party) မှ လွှတ်တော်အမတ် ဂျောင်ဟဲယောင်း တက်ရောက်၍ မြန်မာ့နွေဦးတော်လှန်ရေးကို ဆက်လက်ထောက်ခံနေမည် ဖြစ်ကြောင်း နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားပါတယ်။


ထို့ပြင် ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ဘတ်ယောင်ဆွန်းက နှုတ်ခွန်းဆက်မိန့်ခွန်းကို ရုပ်သံဖိုင်ပေးပို့ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အာဏာသိမ်း နှစ်ကာလအတွင်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ NUG လူ့အခွင့်အရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများ၊ မူဝါဒများ၊ အနာဂတ်အတွက် ပြင်ဆင်မှုများနှင့် NUG နိုင်ငံရေးလမ်းစဉ်ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါတယ်။


ထို့နောက် ကိုရီးယား အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ အနေနှင့် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ပိုမိုလုပ်ဆောင်ပေးသင့်သည့် အချက် -ချက်ကို တောင်းဆိုခဲ့ပါတယ်။ 


 NUG နှင့် တိုင်းရင်းသားများ၏ ပူးပေါင်းလုပ်ဆောင်မှုကို ပိုမိုအသိအမှတ်ပြု ထိတွေ့ဆက်ဆံရန်နှင့်ကိုရီးယားအစိုးရအနေနှင့် စစ်ကောင်စီအပေါ် လက်နက်တင်သွင်းမှု ပိတ်ပင်ရုံသာမက၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် စစ်ကောင်စီထံ ငွေကြေးစီးဆင်းနေသည့် လုပ်ငန်းများကိုပါ ပိတ်ပင်ရန်၊မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့ အကူအညီများကို NUG နှင့် တိုင်းရင်းသားများထံသို့ တိုက်ရိုက်ပေး၍ ထိရောက်အောင် ဆောင်ရွက်ရန်စတာတွေကိုတောင်းဆိုခဲ့ပါတယ်။


========================


📌📌 ၃။ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းမှကိုရီးယား နိုင်ငံတော် လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ Song Doo Hwan နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို ပွင့်လင်းစွာဆွေးနွေးခဲ့


ဖေဖော်ဝါရီ၃ရက်


ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် ယနေ့ နံနက်ပိုင်းက ကိုရီးယား နိုင်ငံတော် လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ Song Doo Hwan နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံပွဲသို့ ကော်မရှင် အတွင်းရေးမှူး Park Jin နှင့် ညွှန်ကြားရေးမှူးချုပ် Seok Jun Ri တို့ ပါဝင်တက်ရောက်ကြပြီး၊ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ အလုပ်သမားတာဝန်ခံ ဒေါ်မေမိုးသူနှင့် ရုံးအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးကြပါတယ်။


ထိုသို့ ဆွေးနွေးရာတွင် မြန်မာ အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်များနှင့်ပတ်သက်၍  ကိုရီးယားအစိုးရ၏လုပ်ဆောင်သင့်သော အချက်များကို အကြံပေးတင်ပြရန်နှင့်  မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး လုပ်နိုင်စွမ်းရှိသော လူ့အခွင့်ရေး ကော်မရှင် ပေါ်ပေါက်ပြီး လူ့အခွင့်ရေးဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်နိုင်ရေး၊ NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းရပ်များကို ကူညီပေးနိုင်ရေး၊ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏လူ့အခွင့်အရေးဆိုင်ရာ ကြားနာမှုတရပ်ကို လုပ်ဆောင်ပေးရန်နှင်အကာအကွယ်ပေးနိုင်ရေးကိစ္စရပ်များကို အဓိကထား၍ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ လူငယ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏လူ့အခွင့်အရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦး အောင်ကျော်မိုးတို့တွေ့ဆုံပွဲ ရိုဟင်ဂျာအရေးတက်ကြွသူ ရိုဟင်ဂျာ (၁၀၀) နီးပါး တက်ရောက်ခဲ့


ဖေဖော်ဝါရီ၃ရက်


ဖေဖေါ်ဝါရီလ ()ရက်  ကျင်းပခဲ့သော ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အာရ်ကန်ပြည် (ARSPH) လူငယ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏လူ့အခွင့်အရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦး အောင်ကျော်မိုးတို့တွေ့ဆုံပွဲကို ဟင်ဂျာအရေးတက်ကြွသူ ရိုဟင်ဂျာ(၁၀၀) နီးပါးတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံပွဲတွင်လူငယ်များ သိရှိလိုသည်များကို မေးမြန်းရာ ဒုဝန်ကြီး ဦး အောင်ကျော်မိုးက ရှင်းလင်းစွာဖြေကြားခဲ့ပြီး လူငယ်များကစိတ်ကျေနပ်မှုရရှိခဲ့တယ်လို့သိရပါတယ်။


 ၎င်း တွေ့ဆုံပွဲတွင် အထူးဖိတ်ကြားထားသည့် NUG လူ့အခွင့်အရေး အထူးအကြံပေးဖြစ်သော ဦး ဂျာဘေတ် အာလောမ် လည်း တက်ရောက်ပြီး  အကြံပြုပြောကြားခဲ့ပါတယ်။ 


========================


📌📌 ၅။ ၂၀၂၃ ခုနှစ်အထိ မြို့နယ်တရားရုံးများမှ ရာဇ၀တ်မှု၊ တရားမမှုစုစုပေါင်း ၁၃၄၃ မှုကို ကိုင်တွယ်ခဲ့ပြီး အမှုပေါင်း ၈၃၇ မှုကို အမိန့်ချ

မှတ်နိူင်ခဲ့


ဖေဖော်ဝါရီ၃ရက်


တရားရေး၀န်ကြီးဌာနမှ ဦးဆောင်၍ မြို့နယ် ၂၆ မြို့နယ်တွင် တရားသူကြီး ၁၂၃ ဦးနှင့် မြို့နယ်အရာရှိများကို ခန့်အပ်တာ၀န်ပေးပြီး တရားစီရင်ရေးလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိတယ်လို့ ဖေဖော်ဝါရီ၁ရက်နေ့ လွှတ်တော်သို့ အမျိုးသားညီညွတ်ရေးအစိုးရကအစီရင်ခံပါတယ်။


၂၀၂၃ ခုနှစ်အထိ မြို့နယ်တရားရုံးများမှ ရာဇ၀တ်မှု၊ တရားမမှုစုစုပေါင်း ၁၃၄၃ မှုကို ကိုင်တွယ်ခဲ့ပြီး အမှုပေါင်း ၈၃၇ မှုကို အမိန့်ချမှတ်နိူင်ခဲ့ကာ စစ်ကိုင်း၊မကွေးဖက်ဒရယ်ယူနစ်များတွင် စီရင်ပြီးအမှုများမှ ထောင်ကျအကျဥ်းသား (၂၃၃) ဦးနှင့် အချုပ်သား (၄၀၀) ကျော်ရှိခဲ့ပါတယ်။ 


၂၀၂၃ ခုနှစ်အတွင်း တရားစီရင်ရေးလုပ်ငန်းအတွက် အခွန်ဘဏ္ဍာငွေအရပ်ရပ်မှ ငွေကျပ် ၁၀၆,၄၈၃,၀၀၀ိ/- သုံးစွဲခဲ့ပြီး တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများအတွက် နိုင်ငံတကာ အကူ အညီများဖြင့်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း တင်ပြခဲ့ပါတယ်။


ဒါ့အပြင် တိုင်ကြားမှုများကို စိစစ်ဖော်ထုတ် အရေးယူနိုင်ရန်အတွက်လည်း ကြားကာလတိုင်ကြားစာ ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ ပြီး ၂၀၂၃ ခုနှစ်အတွင်း တိုင်ကြားမှုပေါင်း ၁၁၅ခုကို ကျောသားရင်သား မခွဲခြားဘဲ စစ်ဆေး အရေးယူ နိုင်ရေး စိစစ်ဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီဟာ မူး ယစ်ဆေးဝါးနှင့် ကျားဖြန့်ကဲ့သို့ လောင်းကစားများမှတဆင့် စစ်အသုံးစရိတ်များရရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်


ဖေဖော်ဝါရီ၃ရက်။


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့စစ်ကောင်စီ၏ အဓိကဝင်ငွေလမ်းများဖြစ်တဲ့ ရေနံနှင့်သဘာဝဓါတ်ငွေ့မှ ရရှိငွေများ ကို ဘဏ်များမှစီးဝင်မှု မရှိစေရန် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူနိုင်ခဲ့တယ်လို့ ဇန်နဝါရီလအတွင်းကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်သို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ အစီရင်ခံတင်ပြခဲ့တာဖြစ်ပါတယ်။


 ဒါ့အပြင် ပြည်သူလူ ထုကြီးရဲ့ စစ်ကောင်စီ ထုတ်ကုန်များ ဆက်လက် သပိတ်မှောက်မှုများ၊ ကုန်သွယ်ရေးလမ်းကြောင်း များနှင့် သယံဇာတထွက်ရှိသည့် ဒေသအချို့ကို တော်လှန်ရေးအင်အားစုများမှ ထိန်းချုပ်လာနိုင်မှု များကြောင့် စစ်ကောင်စီ၏ စီးပွားရေးမှာ ထိခိုက်လျက် ရှိတယ်လို့အစီရင်ခံပါတယ်။


သို့သော်လည်း စစ်ကောင်စီဟာ မူး ယစ်ဆေးဝါးနှင့် ကျားဖြန့်ကဲ့သို့ လောင်းကစားများမှတဆင့် စစ်အသုံးစရိတ်များရရှိနေသလို တရားမ ဝင်ငွေကြေးများနှင့် အသက်ဆက်လျက်ရှိသည့်အတွက် အဆိုပါကိစ္စများကို ထိရောက်စွာ ကိုင်တွယ် နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြိုးပမ်းလျက်ရှိတယ်လို့ အစီရင်ခံတင်ပြခဲ့ပါတယ်။


========================


📌📌 ၇။ အခုဆက်လက်ပြီး မကြေးမုံပေးပို့လာတဲ့ ရခိုင်မှာ စပါးဝယ်မယ့်သူမရှိလို အဆိုးရွားဆုံးအခက်အခဲကြုံနေတယ်အကြောင်းကို တင်ပြပေးပါမယ်


မကြေးမုံ၊ Radio NUG ဖေဖော်ဝါရီ ၃၊ ၂၀၂၄


ပြည်ပဆန်ဈေးကွက်ကောင်းမွန်လို့ မြန်မာတစ်နိုင်ငံလုံးမှာ ထွက်သမျှစပါးတွေ ကိုအလုယက်ဝယ်ယူသိုလှောင်ကြိတ်ခွဲနေကြပေမယ့် တစ်ပြည်လုံး ကုန်လမ်း၊ ရေလမ်းသွားလာရေးကို ပိတ်ဆိုခံထားရတဲ့ ရခိုင်ပြည်နယ်မှာတော့ စပါးလာဝယ်မယ့်သူတွေမရှိပဲ ဖြစ်နေပါ တယ်။ ရခိုင်တောင်သူတွေမှာ ကောက်သစ်ပေါ်ချိန် ငွေရွှင်ချိန်ရောက်လာပေမယ့် စားဝတ်နေရေးအတွက် စပါးတစ်တင်းရောင်းချင်တာတောင် ဝယ်မယ့်သူမရှိဘူးလို ရခိုင်ပြည် မြောက်ပိုင်းက စပါးစိုက်ပျိုးသူတောင်သူတစ်ဦးကအခုလိုပြောပါတယ်။


စပါးဈေးတွေတအားဆင်းတယ်၊ ဝယ်မယ့်လူလည်းမရှိဘူး။ စပါးတွေ တော် တော်များနေတယ်။ ကျောက်တော်တို မြောက်ဦးတိုမှာလေ။ စပါးကဝယ်မယ့်လူမရှိတော့ ပုံထားရတယ်။ အိမ်မှာလည်းမထားရဲဘူး။ လယ်ကွင်းတွေမှာ ဖြစ်နေတယ်။ မီးစိမ်းသွားရင် တော့ကောင်းတာပေါ့။ ရောင်းရတာ ဝယ်ရတာ။ အခုက ပိုက်ဆံလိုလို့ စပါးတစ်တင်း ရောင်းမယ်ဆိုရင်တောင် ဝယ်မယ့်သူ မရှိဘူး 


ရခိုင်ပြည်နယ်က အရည်အသွေးကောင်း ပေါ်ဆန်းစပါးတွေ စိုက်ပျိုးထုတ်လုပ်ကြပြီး အေးချမ်းတဲ့ကာလတွေတုန်းက ရခိုင်ပြည်နယ်ထွက်ဆန်စပါးတွေက ရန်ကုန်ဈေးကွက်အပြင် အထက်အညာဈေးကွက်ကိုလည်း ပျံ့နှံသွားတာဖြစ်ပါတယ်။ လတ်တလော ရခိုင်ပြည်နယ်ရဲ့ဆန်စပါးလုပ်ငန်းအခြေအနေက မိုးစပါးအသစ်တွေ မရောင်းရပေမယ့်  ဈေးကွက်အတွင်းကဆန်အဟောင်းတွေကတော့ ဈေးတွေမြင့်နေတယ်လို ဆန်ကုန်သည် တစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်ရဲ့ စပါးမရောင်းရတဲ့အခက်အခဲကို ဖြေရှင်းဖို့ကို အကြမ်းဖက်စစ်တပ်နဲ့ ညှိနှိင်းဆောင်ရွက်နိုင်တာမရှိပဲ အခက်အခဲရှိတယ်လို့ အဆိုပါ ဆန်ကုန်သည်က ဆိုပါတယ်။


ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်ဆန်စက်အသင်းတို့ ဆန်စပါးကုန်သည်များအသင်းချုပ်တိုနဲ့ တောက်လျှောက် ဆွေးနွေးနေပါတယ်။ ဆွေးနွေးပြီးတော့ ဒါပေမယ့် နယ်မြေအခြေနေက တည်ငြိမ်မှုအားနည်းတဲ့အတွက် ဒီအခက်အခဲကတော့ ကျွန်တော်တို့ဖြေရှင်းဖိုတော်တော်ခက်ပါတယ်   


ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်မှာ မြန်မာ့ပေါ်ဆန်းမွှေးက ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ရရှိထားတဲ့ ကမ္ဘာကသိတဲ့ ဆန်အမျိုးအစားပဲဖြစ်ပါတယ်။ မြန်မာတွေက ဆန်ကောင်းစားတဲ့ လူမျိုး တွေဖြစ် တာကြောင့် ပေါ်ဆန်းမွှေးကပြည်ပဈေးကွက်ရှိပေမယ့်လည်း စိုက်ဧက ၁၃သိန်း လောက်က ထွက်ရှိ လာတဲ့ ပေါ်ဆန်းတွေက ပြည်တွင်းပေါက်ဈေးမြင့် တဲ့အပြင် ပိုလျှံ တာ လည်း နည်းပါးလို ပြည်ပဈေးကွက်ကိုအများအပြား တင်ပိုနိုင်တာ တော့မရှိပါဘူး။ ဒီလို ပြည်တွင်းမှာဈေး ကွက်ကောင်းတဲ့ ပေါ်ဆန်းစပါးတွေကို ထုတ်လုပ် နိုင်ပေမယ့် စစ်တပ်ရဲ့ အကြမ်းဖက် ပိတ်ဆိုဖျတ်ဆီးတာခံနေရတဲ့ ရခိုင်ပြည်နယ်က လယ်သမားတွေမှာတော့ ကူးသန်းသွားလာနိုင်တာမရှိလို စပါးရောင်းဖိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် မိုခါမုန်တိုင်းဒဏ်လည်းခံခဲ့ရတဲ့ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် က ထွက်ရှိထားတဲ့ မိုးစပါးတွေ မရောင်းနိုင်တဲ့အတွက် လက်ရှိဆောင်းရာသီမှာစိုက်ပျိုးပြီး နွေမှာပေါ်တဲ့နွေစပါးတွေကိုလည်း စိုက်ပျိုးနိုင်တာမရှိတော့သလို မြေပဲ၊ နှမ်းစတဲ့ အခြား သီးနှံတွေကိုလည်း စိုက်ပျိုးနိုင်တာမရှိတော့ပါဘူး။ ဒါကြောင့် လာမယ့် ၂၀၂၄ မိုးစပါး ရာသီ အတွက်တောင်သူတွေမှာ စိုက်ပျိုးစရိတ်အရင်းအနှီးအတွက်လည်း အခက်အခဲတွေနဲ့ ရင် ဆိုင်လာရမယ့်အပြင် လက်ရှိ မရောင်းရလို သိမ်းဆည်းထားတဲ့ စပါးတွေကိုလည်း အကြမ်း ဖက်စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပြီး မီးလောင်ပျက်စီးမှာကိုလည်း စိုးရိမ်နေကြရပါ တယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ မလှိုင်နှင့်နွားထိုးကြီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် ဦးသေဆုံး


မန္တလေးတိုင်းထဲက မလှိုင်နဲ့နွားထိုးကြီးမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ မြင်းခြံခရိုင် တပ်ရင်း ထံကနေ သိရပါတယ်။ 

မလှိုင်မြို့နယ် သရက်ပင်ကောင်းကျေးရွာ ဘုရားကျောင်းဝင်းမှာအထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖော်ဝါရီလ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာ ဒရုန်းအသုံးပြုပြီး ဗုံးသီး လုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိသွားတယ်လို့ နွားထိုးကြီး- PDF က ထုတ်ပြန်ထားပါတယ်။ 

မြင်းခြံခရိုင် တပ်ရင်း လက်အောက်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေဟာ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်က လည်း ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်က စည်ကြီးဆွဲဘုရားအနီးမှာ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီ ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးတလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် မွန်းလွဲ နာရီဝန်းကျင်မှာလည်း နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာစာသင်ကျောင်းဝင်းအတွင်းမှာ တပ်စွဲပြီး ဂိတ်ချစစ်ဆေးနေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။ 

အလားတူ မွန်းလွဲ နာရီဝန်းကျင်မှာလည်း မလှိုင်မြို့နယ် သုံးထောင်ကျေးရွာစာသင်ကျောင်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးတလုံးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုများကို မြင်းခြံခရိုင် တပ်ရင်း Natogyi People Defence Force က လုပ်ဆောင်ခဲ့တာဖြစ် ပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများနှင့် စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များ အချိန်မရွေးပေါက်ကွဲနိုင်သဖြင့် ကိုင်တွယ် ထုနှက်ခြင်းမလုပ်ရန် ညီနောင် ဖွဲ့ သတိပေး


စစ်ကောင်စီဟာ ဂျနီဗာကွန်ဗင်းရှင်းကို လိုက်နာခြင်းမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေမှာ မိုင်းထောင်ထားလေ့ရှိရာ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းတွေနဲ့ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့အတွက် ကိုင်တွယ် ထုနှက် ဆော့ကစားခြင်းမလုပ်ကြဖို့ ညီနောင်မဟာမိတ် ဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။ 

နမ့်ဆန်တိုက်ပွဲမှာ စစ်ကောင်စီရဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တလုံးကို အသက် ၁ဝ နှစ်အောက် အရွယ် ကလေးငယ် ဦး ဆော့ကစားရကပေါက်ကွဲပြီး သေဆုံးခဲ့တဲ့ဖြစ်ရပ် တအာင်းဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးရပ်ကွက်မှာ ဖေဖော်ဝါရီလ ရက်နေ့ကဖြစ်ခဲ့တာနဲ့ပတ်သက်လို့ အခုလိုအသိပေးလိုက်တာဖြစ်ပါ တယ်။ 

စစ်ကောင်စီဟာ စစ်ပွဲအတွင်း လိုက်နာကျင့်သုံးရမယ့် ဂျနီဗာကွန်ဗင်းရှင်းကို လိုက်နာမှုမရှိဘဲ မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်း၊ တိုက်မိုင်းနဲ့ ထောင်မိုင်းတွေကို ၎င်းတို့ရဲ့ တပ်စခန်းအနီးမှာတင်မဟုတ်ဘဲ အရပ်သား ပြည်သူနေထိုင်ရာ မြို့၊ရွာ စာသင်ကျောင်းတွေနဲ့ သာသနိကအဆောက်အအုံတွေအပါအဝင် အများပြည်သူ သွားလာရာနေရာတွေမှာ ထောင်ထားလေ့ရှိတယ်လို့ ပြောပါတယ်။

စွန့်လွှတ်မိုင်းတွေနဲ့ပတ်သက်တဲ့ ယုတ်မာတဲ့လုပ်ရပ်တွေကို စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံနေရာအနှံ့မှာ ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ထို့အတူ မြို့ရွာများအတွင်းကိုလည်း လက်နက်ကြီးတွေနဲ့ နေစဉ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် မပေါက်ကွဲ သေးတဲ့ လက်နက်ကြီးကျည်တွေ ကျန်ရှိနေနိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် အရပ်သားပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ရာနေရာတွေနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့နေရာတွေကို မလွှဲမရှောင်သာ သွားရမယ်ဆိုရင် သတိထားသွားလာကြဖို့လည်း ညီနောင် မဟာမိတ် ဖွဲ့က သတိပေးတိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ ရခိုင်ပြည်နယ် စကခ လက်အောက်ခံတပ်ရင်းအားလုံး သိမ်းပိုက်ရရှိနိုင်ရေး AA ထိုးစစ်ဆင်နေဟု ညီနောင် ဖွဲ့ပြော 


ရခိုင်ပြည်နယ်ထဲက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်မှာရှိတဲ့ အမှတ် - စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-) လက်အောက်ခံတပ်ရင်အားလုံးကို သိမ်းပိုင်နိုင်ဖို့ ရခိုင့်တပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင် မဟာမိတ် ဖွဲ့က အသိပေးပြောကြားလိုက်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ၉၉ ရက်မြောက် စစ်ရေးအခြေအနေတွေကိုဖော်ပြရာမှာ စစ်ရေးအရှိန်မြင့်နေဲ့ ရခိုင်ဒေသတွင်း စစ်ရေး အခြေအနေကို အသိပေးလိုက်တာဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ စကခ- လက်အောက်ခံ တပ်ရင်း ၁ဝ ရင်းရှိပြီး ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့မှာရှိတဲ့ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေထဲက သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ ခမရတပ်ရင်းအချို့ကို အပြီးသတ်သိမ်းယူနိုင်ဖို့ ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ရခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့တပတ်အတွင်းမှာ စကခ - လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ မြောက်ဦးမြို့အခြေစိုက် ခမရ - ၅၄၀ မင်းပြားအခြေစိုက် ခမရ -၃၈၀ နဲ့ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တို့ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ 

ရခိုင်ဒေသတွင်း စစ်ရေးအခြေအနေကို အသိပေးရာမှာတော့ ရမ်းဗြဲကျွန်းပေါ်က ရမ်းဗြဲမြို့ နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ် နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ဒေသတွင်းစစ်ရေးအရင်းအမြစ်တွေပြောဆိုက်အရ ရမ်းဗြဲမြို့အနီးတဝိုက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ရခိုင်တပ်တော်ရဲ့ ဝိုင်းရံပိတ်ဆို့ခြင်းခံထားရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်တွေဟာ ရမ်းဗြဲမြို့ကို မြို့ပျက်ဖြစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ဂျက်ဖိုက်တာနဲ့ ကြိမ်၊ Mi 35 ရဟတ်ယာဉ်နဲ့ ကြိမ် လာရောက်ဗုံးကြဲတိုက်ခဲ့တဲ့အပြင် တပြိုင်တည်းမှာပဲ တန်းချောင်းဝမှာရှိတဲ့ စစ်သင်္ဘော တွေကလည်း မြို့အနီးတဝိုက်ကို လက်နက်ကြီးနဲ့ ၁ဝ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။  


========================


🚩🚩 ၄။ မြင်းခြံမြို့နယ် စံပြကျေးရွာရှိ စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှု ဦးသေဆုံးပြီး သေနတ် ၄လက်သိမ်းဆည်းရရှိ


မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျော်ဘွယ်ကျေးရွာအုပ်စုက စံပြကျေးရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး လက်နက် လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှတ်ရေးအင်အားစု တွေ ပြောပါတယ်။

စံပြကျေးရွာ ကျေးလက်ကျန်းမာရေးရုံးမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ မြင်းခြံခရိုင် တော်လှန်ရေးအင်အားစု တွေ ဖေဖော်ဝါရီလ ရက်နေ့ ညနေ နာရီခွဲခန့်အချိန်က တိုက်ပွဲဖြစ်ခဲ့မှာ စစ်ကောင်စီဘက်က ဦးသေဆုံးသွားသလို တော်လှန်ရေးအင်အားစုဘက်က ရဲဘော်တဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ထို့အတူ စံပြကျေးရွာအနီးမှာရှိတဲ့ Mytel တာဝါတိုင်ကို ဆီလာဖြည့်တဲ့ ကားတစီးနဲ့ ဆီပေပါ လုံးကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကူလာတဲ့ စစ်ကားတစီးကိုလည်း တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက် ခိုက်ခဲ့တာကြောင့် စစ်ကူလာတဲ့တပ်ဖွဲ့ဟာ ရှေ့ဆက်မတိုးနိုင်ဘဲ အဝေးကနေသာ လက်နက်ကြီးပစ်ကူပေးခဲ့ကြ တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသစမ်းပစ်ခတ်မှုတွေကြောင့် စံပြကျေးရွာက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၅။ မြင်းခြံခရိုင်အတွင်းသွားလာကြသော ခရီးသွားပြည်သူများအတွက် လမ်းပိုင်းဆိုင်ရာသတိပေးချက်ထုတ်ပြန်


ဖေဖော်ဝါရီ၃ရက်


 မြင်းခြံခရိုင်အတွင်းသွားလာကြသော ခရီးသွားမော်တော်ယာဥ်များအနေဖြင့် ကားမှန်များချမောင်းကြပါရန်နှင့် ညအချိန်တွင် အတွင်းခန်းမီးများဖွင့်၍မောင်းနှင်ကြရန် အကြိမ်ကြိမ်သတိပေးထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ ဖေဖော်ဝါရီ၂ရက် မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးပါတယ်။


 တချို့သောမော်တော်ယာဥ်များမှာ လိုက်နာမှု့မရှိပဲ သွားလာနေကြသည်ကိုတွေ့ရှိရတယ်လို့လည်းဆိုပါတယ်။


 မြင်းခြံခရိုင်အတွင်း ကားမှန်ချ၍ မောင်းနှင်ကြရမည့် လမ်းပိုင်းများမှာမြင်းခြံ-နွားထိုးကြီး-ပြင်စည်လမ်းပိုင်း၊မြင်းခြံ-နဘူးအိုင်-မြို့သာလမ်းပိုင်း၊မြင်းခြံ-တောင်သာ-မလှိုင်လမ်းပိုင်း၊တောင်သာ-နွားထိုးကြီးလမ်းပိုင်း၊မလှိုင်-နွားထိုးကြီးခရိုင်ချင်းဆက်လမ်းပိုင်း၊မြင်းခြံ-ညောင်ဦးလမ်းပိုင်း၊မြင်းခြံ-တလုပ်လမ်းပိုင်းတို့ပါဝင်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment