5th FEB 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သဝဏ်လွှာပေးပို့

📌 ၂။ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်အား အမျိုးသားညီညွတ်ရေးအစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ပြီး အပြီးတိုင်ဖျက်သိမ်း

📌 ၃။ Pursuing Conflict Transformation and Peace in Myanmar Symposium တွင် NUG နိုင်ငံခြားရေးဝန်ကြီး အဖွင့်မိန့်ခွန်းပြောကြား

📌 ၄။ ပြည်သူအားလုံးဟာ အကြမ်းဖက်စစ်ကောင်စီကိုအမြတ်ဖြတ်မှ ဖြစ်မယ်ဆိုတဲ့တော်လှန်သစ္စာ၊သံဓိဌာန်အောက်မှာ တော်လှန်ရေးခရီးပေါက်ရောက်နေပြီလို့ ကာကွယ်ရေး ဒုအတွင်းဝန်ဆို

📌 ၅။ စတုတ္ထမြောက် သိမ်းပိုက်ထားသည့် မန်တုံမြို့ကို TNLAခေါင်းဆောင်များသွားရောက်စစ်ဆေးရာ NUG အစိုးရအဖွဲ့ဝင် တစ်ဦး ပါဝင်

📌 ၆။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ သင်တန်းရေးရာကော်မတီက ပထမအကြိမ်၊ ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ် (Federal Democracy Charter) အကြောင်း မျှဝေခြင်းအစီအစဉ် ကျင်းပ

📌 ၇။ အမေရိကန်ပြည်ထောင်စု LA မှ မြန်မာအင်အားစုများက မိုင်ချီတက်၍ မြန်မာအရေးလှုပ်ရှား

📌 ၈။ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် တော်လှန်ရေး () နှစ်ပြည့် ချီတက်ဆန္ဒပြပွဲနှင့် ညပိုင်းတွင် မီးထွန်းဆုတောင်းပွဲကျင်းပ

📌 ၉။ နွေဦးလက်ဖက်ရည်ဝိုင်းမှ ဖေဖော်ဝါရီလအတွက် တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော် ရရှိ


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မောင်တောမြို့ရှိ တောင်ပြို (လက်ယာ) စခန်းအား ရခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့

🚩 ၂။ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ၊ မိုင်းလွန်ပင်မစခန်းကိုတော်လှန်ရေးအဖွဲ့များ တိုက်ခိုက် သိမ်းပိုက် 

🚩 ၃။ စကစတပ်အင်အားအလုံးအရင်းဖြင့် ကောလင်းမြို့ တောင်ဘက်နှင့် မြောက်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွား

🚩 ၄။ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ထိုးဆင်စစ်တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်း တပ်ဆုတ်ပြေးရာမှာ ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်

🚩 ၅။ နွားထိုးကြီးမြို့နယ်တွင် စကစရဲ့ မိုင်တဲတာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးပြီး စကစတပ်များကို နေရာအနှံ့တိုက်ခိုက်

🚩 ၆။ ရေး-ထားဝယ် ကားလမ်းပေါ်အခြေစိုက်တည်ရှိသော အမှတ် (၄၁၀) ခြေမြန်တပ်ရင်းအား Drone ဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စကစသုံးဦးသေဆုံးခဲ့

🚩 ၇။ ရသေ့တောင်မြို့ပေါ်ရပ်ကွက်များမှ လူနေအိမ်များနှင့် မြို့မစျေးအတွင်းမှ ပစ္စည်းများကို စကစတပ်များ ဖောက်ထွင်းခိုးယူသွားခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သဝဏ်လွှာပေးပို့


(၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ယနေ့ကျရောက်သည့် (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အချိန်အခါသမယတွင် ကချင်တိုင်းရင်းသားများ၊ ကချင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများအားလုံးနှင့်အတူ ရဲဘော် ရဲဘက်များအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေးရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်လို့ ဖေဖော်ဝါရီ () ရက် ကချင်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/ KIA) ဦးဆောင်သော ကချင်တိုင်းရင်းသားများသည် တန်းတူညီမျှရေး၊ တရားမျှတမှုရရှိရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရရှိရေးတို့အတွက် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့တွင်  မတရားဖိနှိပ်အုပ်ချုပ်မှုများအား လက်နက်ကိုင် စတင်တော်လှန်ခဲ့ကြပြီး ကချင်လူမျိုးများ၏ အလေးအမြတ်ထားရာ ကချင်တော်လှန်ရေးနေ့အဖြစ် ဂုဏ်ပြုသတ်မှတ် ကျင်းပခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၆၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

နှစ်ကာလကြာရှည်ပြီဖြစ်သော်လည်း ကချင်တိုင်းရင်းသားတို့၏ မျိုးချစ်စိတ်ဓာတ်နှင့် ရဲစွမ်းသတ္တိတို့သည် ပိုမိုရှင်သန်တက်ကြွနေဆဲဖြစ်ပါသည်။ ကချင်တိုင်းရင်းသားတို့သည် စစ်အာဏာရှင် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြရုံမျှမက ယနေ့ နွေဦးတော်လှန်ရေးတွင် ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့ တော်လှန်ရေးအင်အားစုများအားလုံးနှင့် အတူလက်တွဲ လျှောက်လှမ်းနေကြသည့်အတွက် လေးစားဂုဏ်ယူရပါကြောင်း ဖော်ပြအပ်ပါတယ်"လို့ ဆိုပါတယ်။ 

ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ်စွန့်စားမှု၊ ပေးဆပ်မှုတို့ဖြင့် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော ကချင်အာဇာနည်သူရဲကောင်း ခေါင်းဆောင်ကြီးများနှင့်တကွ ယနေ့ နွေဦးတော်လှန်ရေး လမ်းခုလတ်တွင် ကျဆုံးသွားခဲ့ကြသော ကချင်အာဇာနည်သူရဲကောင်း အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေရေးနှင့် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နိုင်ရေးတို့အတွက် တော်လှန်ရေးအင်အားစုများအားလုံးနှင့် အတူတကွ ဆက်လက်ကြိုးပမ်းတိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုလျက် (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ သဝဏ်လွှာအား ဂုဏ်ယူလေးစားစွာ ပေးပို့အပ်ပါတယ်လို့ ဖော်ပြပါရှိပါတယ်။ 


========================


📌📌 ၂။ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်အား အမျိုးသားညီညွတ်ရေးအစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ပြီး အပြီးတိုင်ဖျက်သိမ်း


မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) အား အမျိုးသားညီညွတ်ရေးအစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ပြီး အပြီးတိုင်ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက ကြေညာချက်အမှတ် (/၂၀၂၄) ကို ဖေဖော်ဝါရီ () ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း Myanmar Oversea Employment Agency Association – MOEAA ((ယခင်အမည်ဟောင်း) မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)) အနေဖြင့် အေဂျင်စီများ၏ အလုပ်သမားများအပေါ် ဝန်ဆောင်ခ အဆမတန်ကောက်ယူခြင်း၊ လုပ်ငန်းခွင်သို့ ရောက်အောင် မပို့ဆောင်ခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖြေရှင်းဆောင်ရွက်ပေးမှုမရှိခြင်းစသည့် ဥပဒေမဲ့လုပ်ရပ်များကို စည်းကြပ်မှု မရှိပဲ  အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် တက်ကြွစွာပူးပေါင်း ဆောင်ရွက်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုသည့်အနေဖြင့် စစ်ကောင်စီအား ငွေကြေးများထည့်ဝင် ထောက်ပံ့ပေးနေခြင်း၊ စစ်ကောင်စီ၏ နိုင်ငံခြားငွေ အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ချွေးနည်းစာကို မတရားဝင်ငွေခွန် (အခွန်နှစ်ထပ်)ကောက်ခံခြင်းနှင့် လုပ်အားခ၏ ၂၅% အား မိသားစုထံ လွှဲပို့ငွေအဖြစ် စစ်တပ်က စီစဉ်ထားသည့် နည်းလမ်းအတိုင်း အတင်းအကျပ် ဖိအားပေးလွှဲပြောင်းစေခြင်းစသည့် မတရားအမိန့်များကို တက်ကြွစွာ အကောင်အထည်ဖော်နေခြင်း၊ စစ်ကောင်စီထံစီးဆင်းသည့် နိုင်ငံခြားငွေများအား အရပ်သားပြည်သူများကို လေကြောင်းမှတိုက်ခိုက်နိုင်ရေး လေယာဉ်ဆီတင်သွင်းရန်နှင့် လက်နက် ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် အဓိကအသုံးပြုနေသည်ကိုသိလျက်နှင့် မြန်မာ ပြည်သူလူထု၏ ဒုက္ခအား မျက်ကွယ်ပြု၍ အကြမ်းဖက်စစ်ကောင်စီထံ သွေးစွန်းငွေအဖြစ် လွှဲပြောင်းပေးအပ်ရန် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

သို့ဖြစ်ပါ၍ မြန်မာအလုပ်သမားများကို အကာအကွယ်မပေးဘဲ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် အကြမ်းဖက်စစ်တပ်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေသော မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း Myanmar Oversea Employment Agency Association -MOEAA (မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) (ယခင်အမည်ဟောင်း)) အား မတရားအသင်းအဖြစ် သတ်မှတ်ပြီး အပြီးတိုင်ဖျက်သိမ်းလိုက်ကြောင်း ကြေညာအပ်တယ်လို့ ဖော်ပြပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ်  ဝန်ဆောင်ခ အဆမတန် ကောက်ယူခြင်း၊ လုပ်ငန်းခွင်သို့ရောက်အောင် မပို့ဆောင်ခြင်း၊ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုများကို အချိန်နှင့် တပြေးညီ လိုက်ပါဖြေရှင်း ဆောင်ရွက်ပေးမှုမရှိခြင်းစသည်တို့အပြင်  မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ချွေးနည်းစာမှ အကြမ်းဖက် စစ်ကောင်စီအပေါ် ဝင်ငွေခွန် ပေးဆောင်ရန်နှင့် အကြမ်းဖက် စစ်ကောင်စီအကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းဖြင့်  မိသားစုထံငွေလွှဲပို့ရန် အတင်းအကျပ် ဖိအားပေး စေခိုင်းခြင်း ပြုလုပ်လာပါက အမည်ပျက်စာရင်း (BlacK List) သတ်မှတ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို အရေးယူသွားမယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၃။ Pursuing Conflict Transformation and Peace in Myanmar Symposium တွင် NUG နိုင်ငံခြားရေးဝန်ကြီး အဖွင့်မိန့်ခွန်းပြောကြား


သြစတြေးလျနိုင်ငံ University of Melbourne တွင် ဖေဖော်ဝါရီလ () ရက်နေ့က ပြုလုပ်ခဲ့သည့် Pursuing Conflict Transformation and Peace in Myanmar Symposium တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဗီဒီယိုမှ တဆင့်အဖွင့်မိန့်ခွန်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

Symposium တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက Overview of Past Peace Process and Principles for Future Conflict Mitigation and Long-term Reconciliation ဟူသည့် ခေါင်းစဉ်ဖြင့် Dr. Bertil Lintner Former Australian Ambassador to Myanmar, A/Prof. Nicholas Coppel CSI  တို့နှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Symposium ကို ဦးဆောင်ကျင်းပခဲ့သည့် University of Melbourne မှ Initiative for Peacebuilding နှင့် Australia Myanmar Institute တို့ကို အထူးပင် ကျေးဇူးတင်ရှိအပ်တယ်လို့လည်း သတင်းထုတ်ပြန် ထားပါတယ်။


========================


📌📌 ၄။ ပြည်သူအားလုံးဟာ အကြမ်းဖက်စစ်ကောင်စီကိုအမြတ်ဖြတ်မှ ဖြစ်မယ်ဆိုတဲ့တော်လှန်သစ္စာ၊သံဓိဌာန်အောက်မှာ တော်လှန်ရေးခရီးပေါက်ရောက်နေပြီလို့ ကာကွယ်ရေး ဒုအတွင်းဝန်ဆို


ဖေဖော်ဝါရီလ () ရက်နေ့က ကျင်းပတဲ့ "နေပြည်တော်သိမ်းပိုက် အောင်လံစိုက်" ကမ်ပိန်းအခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက အခုလို ပြောပါတယ်။

"ပြည်သူအားလုံးဟာ အကြမ်းဖက်စစ်ကောင်စီကို အမြတ်ဖြတ်မှ ဖြစ်မယ်ဆိုတဲ့ တော်လှန်သစ္စာ၊ သံဓိဌာန်အောက်မှာ တော်လှန်ရေးခရီးက မထင်ထားလောက်အောင် ခရီးပေါက်ခဲ့ပြီဆိုတာ ဒါ အမှန်တရားပါ။ ဒါကို ဒီနေ့ဒီအချိန်ခါမှာ နိုင်ငံတကာက ပညာရှင်တွေရော၊ အကြမ်းဖက်စစ်တပ်က ပုဂ္ဂိုလ်တွေ ကိုယ်တိုင် ဝန်ခံနေရပြီဖြစ်ပါတယ်" လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ အကြမ်းဖက်စစ်အုပ်စုကို စတင်တော်လှန်ဖို့ (၂၀၂၁) ခုနှစ် စက်တင်ဘာလ () ရက်မှာ ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ရေးအရှိန်များ မြှင့်တင်ခဲ့ပြီး လက်ရှိ (၂၀၂၄) ခုနှစ်မှာတော့ အကြမ်းဖက်စစ်အုပ်စုကို အဆုံးသတ်မယ့် ခရီးနှင်နေပြီ ဖြစ်ပါတယ်။


========================


📌📌 ၅။ စတုတ္ထမြောက် သိမ်းပိုက်ထားသည့် မန်တုံမြို့ကို TNLAခေါင်းဆောင်များသွားရောက်စစ်ဆေးရာ NUG အစိုးရအဖွဲ့ဝင် တစ်ဦး ပါဝင်


စတုတ္ထမြောက်သိမ်းပိုက်ထားသည့် မန်တုံမြို့ကို TNLAခေါင်းဆောင်များသွားရောက်စစ်ဆေးခဲ့ရာ NUG အစိုးရအဖွဲ့ဝင် တစ်ဦး ပါဝင်ခဲ့ကြောင်း PSLF/TNLA က ဖေဖော်ဝါရီလ () ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်ပါတယ်။

"တအာင်းပြည်၊ မန်တုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၁၃၀) ခြေလျင်တပ်ရင်းကုန်းအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုတိယဥက္ကဋ္ဌ () ဗိုလ်ချုပ် တားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်တို့ သွားရောက်ကြည့်ရှူခဲ့တယ်" လို့ ဆိုပါတယ်။

တပ်တွင်းအခြေအနေ၊ ပျက်စီးသွားသည့် အဆောက်အဦးများကို ဖေဖော်ဝါရီလ () ရက်နေ့တွင် NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇားတို့နှင့်အတူ သွားရောက်ကြည်ရှူခဲ့ကြတယ် လို့ ဖော်ပြပါတယ်။

၎င်းစခန်းကို တအာင်းတပ်မတော် PSLF/TNLA က (၂၀၂၃) ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့ ညနေပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းနိုင်ခဲ့ပြီး အဆိုပါမန်တုံမြို့သည် PSLF/TNLA သိမ်းပိုက်နိုင်ခဲ့သည့် စတုတ္ထမြို့မြောက် မြို့တစ်မြို့လည်း ဖြစ်ပါတယ်။


========================


📌📌 ၆။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ သင်တန်းရေးရာကော်မတီက ပထမအကြိမ်၊ ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ် (Federal Democracy Charter) အကြောင်း မျှဝေခြင်းအစီအစဉ် ကျင်းပ


CDM နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်သူ့နွေဦးတော်လှန်ရေးအတွင်း နိုင်ငံရေးအခင်းအကျင်းဖြစ်စဉ်အပေါ်  သိရှိနားလည်နိုင်စေရေး ကြိုးပမ်း ဆောင်ရွက်မှုအနေဖြင့် ပထမအကြိမ်၊ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် (Federal Democracy Charter) အကြောင်း မျှဝေခြင်း အစီအစဉ်ကို မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ သင်တန်းရေးရာကော်မတီက ဖေဖော်ဝါရီ () ရက်နေ့မှာ Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ မျှဝေခြင်းအစီအစဉ်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ကောင်စီဝင် ဦးတိုးကျော်လှိုင်က ဦးဆောင်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် CDM နိုင်ငံ့ဝန်ထမ်း ရဲဘော်ရဲဘက်များက သိရှိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၇။ အမေရိကန်ပြည်ထောင်စု LA မှ မြန်မာအင်အားစုများက မိုင်ချီတက်၍ မြန်မာအရေးလှုပ်ရှား


ဖေဖော်ဝါရီလအတွင်းမှာ အမေရိကန်ပြည်ထောင်စု LA မှ မြန်မာအင်အားစုများစုပေါင်း၍ ၃မိုင်ချီတက်ပွဲဆင်နွှဲကာ မြန်မာအရေးလှုပ်ရှားခဲ့ပါတယ်။

"LA မှာ ကျင်းပတဲ့ () မိုင် ချီတက်ပွဲပါ" လို့ ရုပ်သံနှင့်တကွ သတင်းထုတ်ပြန်ဖော်ပြပါတယ်။

ချီတက်ပွဲတွက် လူငယ်အများစုပါဝင်ကာ မြန်မာအရေးကို တောင်းဆိုလှုပ်ရှားခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၈။ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် တော်လှန်ရေး () နှစ်ပြည့် ချီတက်ဆန္ဒပြပွဲနှင့် ညပိုင်းတွင် မီးထွန်းဆုတောင်းပွဲကျင်းပ


အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ မြောက်ပိုင်းကယ်လီဖိုးနီးယား ဒီမိုကရေစီအင်အားစုများ စီစဉ်တဲ့မြန်မာ့နွေဦးတော်လှန်ရေး () နှစ်ပြည့် ချီတက်ဆန္ဒပြပွဲနှင့် ညပိုင်းတွင် လူထုဆန္ဒထုတ်ဖော် မီးထွန်းဆုတောင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ () ရက်က ကျင်းပခဲ့ပါတယ်။

အဆိုပါအခမ်းအနားတွေကို မြန်မာအင်အားစုများတက်ရောက်ခဲ့ကြပါတယ်။

လက်ရှိ အမေရိကန်နိုင်ငံရောက် မြန်မာအင်အားစုများမှ မြန်မာအရေးကို ဆက်တိုက်ဖိအားပေး လှုပ်ရှားမှုများလုပ်ဆောင်နေပါတယ်။


========================


📌📌 ၉။ နွေဦးလက်ဖက်ရည်ဝိုင်းမှ ဖေဖော်ဝါရီလအတွက် တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော် ရရှိ


အမေရိကန်နိုင်ငံ ဆန်ဖရန်ဗေးဧရိယာမှာ လုပ်ဆောင်တဲ့ နွေဦးလက်ဖက်ရည်ဝိုင်းစျေးရောင်းပွဲကနေ ဖေဖော်ဝါရီလအတွက် တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကျော် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီ () ရက်နေ့က နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုထံမှ သတင်းရရှိပါတယ်။

"(၂၆) ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ ယနေ့ရောင်းရငွေ အလှူငွေလက်ခံရရှိမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃,၆၃၅ ဒေါ်လာရရှိပါတယ်။ ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊ ငွေသားအလှုရှင်များ၊ ဝယ်သူအားပေးသော မိတ်ဆွေများ၊ ဝိုင်းဝန်းကူညီသော မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ အသိပေးဆိုပါတယ်။

အဆိုပါ နွေဦးလက်ဖက်ရည်ဝိုင်း စျေးပွဲတော်ကို ရာသီဥတုဆိုးရွားသည့်ကြားမှ ကျင်းပနိုင်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ကာလ (၃၆) မှာ (၂၆) ဆက်တိုက် လူထု တယောက် တလက် ထောက်ပို့ပေးနိုင်ခဲ့ပါတယ်။

နွေဦးလက်ဖက်ရည်ဝိုင်းဟာ ခုခံကာကွယ်တိုက်ခိုက်ပေးနေတဲ့ အဖွဲ့များထံ အရောက် ထောက်ပို့လျက် လစဉ် အရင်းရော အမြတ်ပါ ဟင်းချက်ပြုတ်လှူဒါန်းနေကြသော အလှူရှင်အားလုံးကလည်း Pre Order ရောင်းထားပြီး ဟင်းအရေအတွက် အပြင် ပိုမိုချက်ပြုတ်လှူဒါန်းလာကြတယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ မောင်တောမြို့ရှိ တောင်ပြို (လက်ယာ) စခန်းအား ရခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့


မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ-လက်ယာ) စခန်း နှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတောင်ပြို (လက်ယာ) စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေး (၁၀၁) ရက် ပြည့်မြောက်ခဲ့ပြီး စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ-လက်ယာ) စခန်း နှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်ပြို (လက်ယာ) စခန်းအား ညနေ() နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ တောင်ပြို (လက်ဝဲ) စခန်းကို ဆက်၍ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ဆိုပါတယ်။

တောင်ပြို (လက်ဝဲ) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရမည်ဖြစ်ကြောင်းကိုလည်း ရခိုင့်တပ်တော်ကအသိပေးကြေညာထားပါတယ်။

တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး

အဆိုပါစခန်းမှ စစ်ကောင်စီ၏ နယ်ခြားစောင့် ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၆၀) နီးပါးသည် နယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်၍ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၂။ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ၊ မိုင်းလွန်ပင်မစခန်းကိုတော်လှန်ရေးအဖွဲ့များ တိုက်ခိုက် သိမ်းပိုက် 


သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ၊ မိုင်းလွန်ပင်မစခန်းကိုတော်လှန်ရေးအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ဖေဖော်ဝါရီလ () ရက်နေ့ မှာ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန် ပင်မစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန တို့ ပူးပေါင်းကာ () ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း မီးရှို့ဖျက်ဆီးထားသော ရန်သူအလောင်း () လောင်းအပါအဝင် ရန်သူတပ်သား (၂၀) ကျော်သေဆုံးခဲ့ပြီး လက်နက်ကြီးကျည်၊ ရိက္ခာများနှင့် ခဲယမ်းမီးကျောက်များ သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ စကစတပ်အင်အားအလုံးအရင်းဖြင့် ကောလင်းမြို့ တောင်ဘက်နှင့် မြောက်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွား


ကောလင်းမြို့ကို စကစတပ်များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း () ကြောင်းခွဲကာ ကောလင်းမြို့ တောင်ဘက်နှင့် မြောက်ဘက်မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တော်လှန်ရေးတပ်များနှင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားတယ်လို့ ဖေဖော်ဝါရီ () ရက်မှာ စစ်ရေးအခြေအနေကို ကောလင်း KLPDF က အတည်ပြုပါတယ်။

ဖေဖော်ဝါရီလ () ရက်၊ () နာရီ (၄၅) မိနစ် အချိန်မှစ၍ စကစများ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း () ကြောင်းခွဲကာ ကောလင်းမြို့ တောင်ဘက်နှင့် မြောက်ဘက်မှ စတင် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စကစမှ ကောလင်းသို့ သာလွန်အင်အားများနှင့် စစ်ကြောင်းချီလာ၍ မြို့တွင်းနေထိုင်သည့် ပြည်သူအားလုံးလည်း စစ်ရှောင်နေရကြောင်း ကောလင်း KR ကလည်း သတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ထိုးဆင်စစ်တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်း တပ်ဆုတ်ပြေးရာမှာ ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်


စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ထိုးဆင်စစ်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တပ်ဆုတ်ပြေးရာမှာ ကာကွယ်ရေးတပ်ကကြားဖြတ်တိုက်ခိုက်၍ (၁၅) ဦးဝန်းကျင် ထပ်မံသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခန္တီးခရိုင်တပ်ရင်း () (HPDF -124) ကဖေဖော်ဝါရီလ () ရက်နေ့မှာ စစ်ရေးသတင်းကို အတည်ပြုပါတယ်။

"အမှတ် () စစ်ဒေသ၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ကာကွယ်ရေးတပ်ပေါင်းစုများမှ (၂၀၂၃) နိုဝင်ဘာလခန့်က ထိန်းချုပ်ထားသော  ရွှေပြည်အေးမြို့အား (၂၀၂၄) ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ် နှင့် ၎င်း၏လက်အောက်ခံတပ်များဖြစ်သော SNA တပ် နှင့် ပျူစောထီးတပ်များမှ အင်အား (၄၀၀) ခန့်ဖြင့် အလုံးအရင်း တိုးဝင် စစ်ကြောင်းထိုးလာခဲ့ပါတယ်" လို့ ဆိုပါတယ်။

စတင်စစ်ကြောင်းထိုးလာသည့် ဇန်နဝါရီလ (၂၃) ရက်နေ့မှ စတင်ကာ ရွှေပြည်အေးမြို့ဧရိယာအတွင်း ထိတွေ့မှုများ နေ့စဉ်ရှိခဲ့ကြပြီး စစ်ဒေသ () အထူးတပ်ဖွဲ့ ခန္တီးခရိုင် တပ်ရင်း () ခန္တီးခရိုင် တပ်ရင်း () ပကဖ အဖွဲ့များနှင့် ခန္တီးခရိုင် တပ်ရင်း () (HPDF -124 ) စသည့် ကာကွယ်ရေးတပ်ပေါင်းစုများမှ ဝိုင်းကာ ပိတ်ဆို့ထားခြင်းကြောင့် ရန်သူဖက်မှ ရိက္ခာ၊ ကျည်၊ ခဲယမ်းများ ပြတ်တောက်ခဲ့ပြီး စစ်သုံးရဟတ်ယာဉ်ဖြင့် ကောင်းကင်အမြင့်မှ ချပေးကာ ထောက်ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဖက်မှ အင်အားအများအပြားဖြင့် ရွှေပြည်အေးမြို့အား စစ်ကြောင်းထိုးသည့်အပြင် ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း နှင့် စစ်သုံးရဟတ်ယာဉ်များဖြင့် ဗုံးကြဲချခြင်းများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများဖက်မှ ဟန်ချက်ညီစွာ ခုခံခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

(၁၀) ရက်ကြာ ထိတွေ့မှုအပြီး (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီလ () ရက်နေ့ည သန်ခေါင်ယံအချိန်တွင် တိတ်တဆိတ် တပ်ဆုတ်ပြေးလာသော ရန်သူ့စစ်ကြောင်းအား အသင့်စောင့်ဆိုင်းနေရာယူထားသော ကာကွယ်ရေးတပ်ပေါင်းစုများမှ လက်ဦးရယူကာ ပစ်ခတ်နိုင်ခဲ့ပြီး မိနစ် (၃၀) ခန့် အနီးကပ် အပြန်အလှန် ပစ်ခတ်ခဲ့ကြကာ ရန်သူဖက်မှ အထိနာခဲ့ပြီး ဝရုန်းသုန်းကား ထွက်ပြေးသိမ်းရှောင်ခဲ့ကြရပြီး ရန်သူ့ဖက်မှ (၁၅) ဦးဝန်းကျင် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၅။ နွားထိုးကြီးမြို့နယ်တွင် စကစရဲ့ မိုင်တဲတာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးပြီး စကစတပ်များကို နေရာအနှံ့တိုက်ခိုက်


ဖေဖော်ဝါရီလ () ရက်နေ့က နွားထိုးကြီးမြို့နယ်၊ မှတ်ခရာကျေးရွာရှိ MYTEL တာဝါတိုင်အား မိုင်းဖောက်ခွဲဖျက်ဆီးခဲ့ပြီး မွန်းလွဲပိုင်းတွင် ခန့်မှန်းအင်အား ငါးဆယ်ခန့်လိုက်ပါသည့် စကစကား နှစ်စီးအား နွားထိုးကြီး-မြင်းခြံလမ်းပိုင်း မိုင်း သုံးကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါကားများသည် သာယာကုန်းကျေးရွာအရောက်တွင် ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများအားဖောက်ထွင်းလုယက်နေသဖြင့် Fixed Wings ဖြင့် ဗုံးသီး တလုံး ကျဲချတိုက်ခိုက်ခဲ့ရာ စကစနှစ်ဦး သေဆုံးခဲ့ပါတယ်။

ထို့အပြင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာရှိ ရဲစခန်းအား Drone ဖြင့် ဗုံးသီး နှစ်လုံး ကျဲချတိုက်ခိုက်ပြီး တပ်စွဲအထိုင်ချရာ လျှပ်စစ်ဓာတ်အားပေးခွဲရုံတို့အား ဗုံးသီးတလုံးကျဲချတိုက်ခဲ့ရာ သေဆုံးထိခိုက်မှုအား စုံစမ်းဆဲဖြစ်ပါတယ်။

စစ်ဆင်ရေးများကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ()တပ်ရင်းနှင့်အတူမြင်းခြံခရိုင်အမှတ် ()တပ်ရင်းNRDF၊နွားထိုးကြီးမြို့နယ် ပကဖ၊ Myingyan District Drone Strike (အမှတ် - 1848) ဒရုန်းတပ်တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရှိပါတယ်။


========================


🚩🚩 ၆။ ရေး-ထားဝယ် ကားလမ်းပေါ်အခြေစိုက်တည်ရှိသော အမှတ် (၄၁၀) ခြေမြန်တပ်ရင်းအား Drone ဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စကစသုံးဦးသေဆုံးခဲ့


ရေး-ထားဝယ် ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့နှင့် ကျောက်ရှပ်ကျေးရွာကြားတွင် အခြေစိုက်တည်ရှိသော အမှတ်(၄၁၀) ခြေမြန်တပ်ရင်းအား ဝေဟင်မှ  SFZ Drone ဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စကစ သုံးဦး သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီ () ရက်မှာ စစ်ရေးသတင်းကို ဒေါနစစ်ကြောင်းက အတည်ပြုပါတယ်။

(၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့၊ နံနက် (:၃၀) နာရီအချိန်တွင် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ - ) ဒရုန်းတပ်ဖွဲ့နှင့် Dawei Defense Team (DDT တပ်ခွဲ - ) တို့  ပူးပေါင်း၍ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ (၄၁၀) တပ်ရင်းအား ဗုံးသီး () လုံး အသုံးပြု၍ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ် (၄၁၀) ခြေမြန်တပ်ရင်း၏ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ကာ  စစ်ကောင်စီတပ်သား ( ) ဦး သေဆုံးပြီး ( ) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

ဗုံးကြဲတိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် Drone ကို ပြန်လည်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၇။ ရသေ့တောင်မြို့ပေါ်ရပ်ကွက်များမှ လူနေအိမ်များနှင့် မြို့မစျေးအတွင်းမှ ပစ္စည်းများကို စကစတပ်များ ဖောက်ထွင်းခိုးယူသွားခဲ့


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်ရပ်ကွက်များမှ လူနေအိမ်များနှင့် မြို့မစျေးအတွင်းမှ ဆိုင်ခန်းပေါင်း (၇၅) ခန်းမှ ပစ္စည်းများကို စကစတပ်များဖောက်ထွင်းခိုးယူသွားခဲ့ကြောင်း ဖေဖော်ဝါရီလ () ရက်နေ့ ညပိုင်းမှာ မဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်အသိပေးပါတယ်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ Y12 ထောက်ပို့လေယာဉ်နှင့် ဂျက်ဖိုက်တာတို့ဖြင့် မြို့ပေါ်ရပ်ကွက်များအပြင် အနီးအနား‌ကျေးရွာများဖြစ်သည့် ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီးနှင့် ကြိမ်သာကျေးရွာများသို့ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ထိုသို့ စစ်ကောင်စီ၏အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ လူမဆန်စွာ ဖက်ဆစ်စိတ်ဓါတ်အပြည့်ဖြင့် တမင်တကာ တိုက်ခိုက်မှုများကြောင့် ရသေ့တောင်မြို့ပေါ်ဒေသခံများသည် မြို့မှစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

ဤသည်ကို အခွင့်ကောင်းယူ၍ သင်္ဘောတောင်နှင့် စည်ကားတောင်၌ တပ်စွဲအခြေချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့ပေါ်ရပ်ကွက်များမှ လူနေအိမ်များနှင့် မြို့မစျေးအတွင်းမှ ဆိုင်ခန်းပေါင်း (၇၅) ခန်းမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူသွားခဲ့ကြတယ်လို့အတည်ပြုထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment