5th FEB 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နောက်ဆုံးသိမ်းပိုက် တိုက်ပွဲတွေကို ဆင်နွှဲမယ့်အချိန်မှာ ပြည်သူလူထုများ အားစိုက်ပါဝင်ပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တောင်ကိုရီးယားနိုင်ငံရောက် နွေဦးအင်အားစုများ တွေ့ဆုံ

📌 ၃။ နွေဦးတော်လှန်ရေးမှာ ဖက်ဆစ်စနစ် ချုပ်ကိုချုပ်ငြိမ်းရမယ်လို့ ဦးမင်းကိုနိုင်ပြော

📌 ၄။ ရှမ်းပြည်နယ် အထူးဒေသ တွင် ဒဏ်ရာရစစ်သည်များနှင့် သူရဲကောင်း မိသားစုဝင်များကို ထောက်ပံ့ငွေများ ပေးအပ်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဒေါနစစ်ကြောင်း ရဲဘော်များကို ဒုတိယအကြိမ် ကျည်ကာပြား(၁၈)ပြား၊ ကျည်ကာဦးထုပ်(၂၀ ) လုံးပေးအပ်ထောက်ပံ့

🚩 ၂။ ရွှေပြည်အေးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ ၄ဝ ဦး ဒဏ်ရာရ

🚩 ၃။ ကိုးကန့် အထူးဒေသတွင် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် ပြစ်မှုကျူးလွန်သူများကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းမိ

🚩 ၄။ သိမ်ဇရပ် စစ်ကောင်စီ လုံခြုံရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက် စစ်ကောင်စီတပ်သား အနည်းဆုံး () ဦးသေဆုံးဟုဆို

🚩 ၅။ မုံရွာမြိုနယ်၊ နဂါးတွင်းရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဦး အပါအဝင် ဦး သေဆုံး

🚩 ၆။ ကန့်ဘလူတွင် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က စိတ်ရောဂါသည် ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ရွာကို မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နောက်ဆုံးသိမ်းပိုက် တိုက်ပွဲတွေကို ဆင်နွှဲမယ့်အချိန်မှာ ပြည်သူလူထုများ အားစိုက်ပါဝင်ပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း


ဖေဖော်ဝါရီလ ၄ရက်။

နောက်ဆုံးသိမ်းပိုက် တိုက်ပွဲတွေကို ဆင်နွှဲမယ့်အချိန်မှာ ပြည်သူလူထုများ အားစိုက်ပါဝင်ပေးဖို့ ဖေဖော်ဝါရီလ၄ရက်မှာ ကျင်းပတဲ့နေပြည်တော်သိမ်းပိုက်အောင်လံစိုက်ကမ်ပိန်းအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"အခုအချိန်ဟာ နောက်ဆုံးသိမ်းပိုက်တဲ့တိုက်ပွဲတွေကို ပိုမိုဆင်နွှဲရမှာဖြစ်ပါတယ်။ ပိုမိုပြီးတော့ အားစိုက်မှုလည်းလိုမှာဖြစ်ပါတယ်။ အားလုံးရဲ့စုစည်းမှုတွေ၊ ညီညွတ်မှုတွေ၊ စွမ်းရည်တွေပေါင်းပြီးတော့ အဆုံးသတ်တိုက်ပွဲတွေနွှဲရမှာဖြစ်ပါတယ်။ ဒါသိပ်ကိုအရေးကြီးတယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပက ပြည်သူများကိုတိုက်တွန်းလိုတယ်။ ဒီအချိန်ကအစွမ်းကုန်ပါဝင်ရမယ့်အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ မမှိတ်မသုန်အားစိုက်ရမယ့်အချိန်လည်းဖြစ်ပါတယ်"လို့ဝန်ကြီးကပြောပါတယ်။


ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှ စကစရှုံးတော့မည်ကို သိရှိနေပြီး အသွင်ကူးပြောင်းရေးကာလအခြေအနေစီမံမှုအား အမျိုးသားညီညွတ်ရေးအစိုးရထံ ကြိုတင်မေးမြန်းနေပြီလို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တောင်ကိုရီးယားနိုင်ငံရောက် နွေဦးအင်အားစုများ တွေ့ဆုံ


ဖေဖော်ဝါရီလ ၄ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တောင်ကိုရီးယားနိုင်ငံရောက် နွေဦးအင်အားစုများ တွေ့ဆုံပွဲကို ဘူဆန်မြို့တွင် ၂၀၂၄ ဖေဖော်ဝါရီလ ရက်နေ့ မွန်းလွဲ နာရီမှ နာရီအထိ ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ဘူဆန်၊ ဂင်မဲ၊ ဒယ်ဂူးနှင့် အခြားမြို့များမှ တော်လှန်ရေးအင်အားစုများ တက်ရောက်ပြီး တက်ကြွစွာ မေးမြန်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲတွင် ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းလည်း မေးခွန်းများကို ဝင်ရောက်ဖြေဆိုခဲ့ပြီး ဘူဆန်ဘူတာရှေ့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲသို့ ဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးမှာ ဖက်ဆစ်စနစ် ချုပ်ကိုချုပ်ငြိမ်းရမယ်လို့ ဦးမင်းကိုနိုင်ပြော


ဖေဖော်ဝါရီလ ၄ရက်။

နွေဦးတော်လှန်ရေးမှာ ဖက်ဆစ်စနစ်က ချုပ်ကိုချုပ်ငြိမ်းရမယ်လို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးမင်းကိုနိုင်က ဖေဖော်ဝါရီလ ၄ရက်မှာ ကျင်းပတဲ့ "နေပြည်တော်သိမ်းပိုက်အောင်လံစိုက်ကမ်ပိန်းအခမ်းအနားမှာ ပြောပါတယ်။


"အခုအချိန်မှာ အရေးကြီးဆုံးက ညီကြဖို့ဖြစ်ပါတယ်။ သေချာတာက ဖက်ဆစ်တွေကို အမြစ်ဖြတ်မယ်။ ဖက်ဆစ်စနစ်က ချုပ်ကိုချုပ်ငြိမ်းရမယ်။ ကျန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ဒီကိစ္စတွေမှာလည်း ကျွန်တော်တို့တွေ ညီပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ဒီနေ့ဒီအချိန်ဟာ ပြည်သူလူထုထောက်ခံမှုလို့ပြောကြပေမယ့် ဘယ်အရာကအရေးကြီးလည်းဆိုတာ ပြည်သူလူထုကတော်တော်ကိုနားလည်လာပါပြီ။ တော်လှန်ရေးပါးလည်းဝလာကြပြီ။ ဒါကောင်းပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာအကြမ်းဖက်စစ်တပ်ဟာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များကိုသာ စိုးမိုးနိုင်တော့ပြီး နေရာအများစုမှာ တပ်ဖြန့်ကျက်နိူင်မှုအခြေအနေမရှိတော့ဘူးဖြစ်ပါတယ်။


========================


📌📌 ၄။ ရှမ်းပြည်နယ် အထူးဒေသ တွင် ဒဏ်ရာရစစ်သည်များနှင့် သူရဲကောင်း မိသားစုဝင်များကို ထောက်ပံ့ငွေများ ပေးအပ်


ဖေဖော်ဝါရီလ ၄ရက်။

နှစ်သစ်ကူးအကြိုအနေနဲ့ ဒဏ်ရာရစစ်သည်တွေနဲ့ သူရဲကောင်း မိသားစုဝင်တွေကို ထောက်ပံ့ငွေများပေးအပ်ခဲ့ တယ်လို့ ကိုးကန့်တပ် MNDAA က ဇန်နဝါရီ ရက်မှာ ထုတ်ပြန်ပါတယ်။ 


အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲကို ကိုးကန့်ခရိုင်အုပ်ချုပ်ရေးခန်းမမှာ ဖေဖော်ဝါရီလ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အထူးဒေသအမှုဆောင်အဖွဲ့က သူရဲကောင်းစစ်သည် မိသားစုဝင်တွေနဲ့ ဒဏ်ရာရစစ်သည် မိသားစုဝင်များကိုတွေ့ဆုံကာ လက်ဆောင်ပစ္စည်းတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တာလို့ သိရပါတယ်။ 

 အဆိုပါအခမ်းအနားမှာ ကိုးကန့်တပ် MNDAA နိုင်ငံရေးမှူး ကျင်းရှင်းက ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုအသီးအပွင့်များအကြောင်း မိတ်ဆက်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းစစ်သည်တော်များကို ထာဝရ သူရဲကောင်းများအဖြစ် မှတ်တမ်း တင်တားမှာဖြစ်ပြီး ၎င်းတို့ရဲ့မိသားစုဝင်တွေကိုလည်း မေ့လျော့ထားမှာ မဟုတ်ဘူးလို့ MNDAA နိုင်ငံရေးမှူးက ပြောကြားခဲ့ ပါတယ်။ 

အထူးဒေသအုပ်ချုပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ လီလောက်ပေါက်ကလည်း သူရဲကောင်းတို့ရဲ့နောက်ကွယ်မှာ စိတ်ဓာတ်မာကျောတဲ့ မိသားစုဝင်တွေ ကိုယ်စီရှိကြပါတယ်။ လူမျိုးစုတန်းတူညီမျှခွင့်အတွက် ကျဆုံးခဲ့တဲ့ သူရဲကောင်းစစ်သည်တွေကို စံနမူနာထားပြီး လူတိုင်းကျင့်ကြံသင့်ပါတယ်။ အထူးဒေသ က ပြည်သူတွေဟာ သူရဲကောင်းတို့ရဲ့ ပေးဆပ်မှုကို ထာဝရအမှတ်ရနေမှာဖြစ်ပြီး မေ့လျော့သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် အထူးဒေသအမှုဆောင်အဖွဲ့ဟာ လောက်ကိုင်မြို့က အိုက်မင်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြတဲ့ ဒဏ်ရာရ စစ်သည်တွေကို တွေ့ဆုံအားပေးကာ လက်ဆောင်ပစ္စည်းတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

၂ဝဝ၉ ခုနှစ် ဩဂုတ်လကစတင်ပြီး စစ်အုပ်စုလက်အောက် ၁၄ နှစ်တာကျရောက်ခဲ့တဲ့ ကိုးကန့်ဒေသတခုလုံးကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ရက်နေ့မှာ ကိုးကန့်တပ် MNDAA က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================

🚩🚩 ၁။ ဒေါနစစ်ကြောင်း ရဲဘော်များကို ဒုတိယအကြိမ် ကျည်ကာပြား(၁၈)ပြား၊ ကျည်ကာဦးထုပ်(၂၀ ) လုံးပေးအပ်ထောက်ပံ့


ဖေဖော်ဝါရီလ ၄ရက်။

ဒေါနစစ်ကြောင်း ရဲဘော်များကို ဒုတိယအကြိမ် ကျည်ကာပြား(၁၈)ပြား၊ ကျည်ကာဦးထုပ်(၂၀ ) လုံးပေးအပ်ထောက်ပံ့ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၄ရက်မှာ ဒေါနစစ်ကြောင်းကအသိပေးဆိုပါတယ်။


"ပြည်သူသာလျှင်အဓိကဆိုတဲ့အတိုင်း ပြည်သူများရဲ့ လှူဒါန်းမှုများနဲ့ ဒုတိယအကြိမ် ကျည်ကာပြား(၁၈)ပြား၊ ကျည်ကာဦးထုပ်(၂၀ ) လုံးဟာ တိုက်ပွဲဝင်ရဲဘော်များ၏ လက်ထဲကို ရောက်ရှိလာပြီဖြစ်ပါတယ်။ အခုလိုလှူဒါန်းပေးတဲ့ ပြည်သူများကိုလည်း ရဲဘော်များကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်းလည်းပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


ကျည်ကာပြား၊ ကျည်ကာဦးထုပ်များကို ဆက်လက်ပြီးတော့လည်း ပြည်သူများရဲ့ ခွန်အားနဲ့ တပ်ဆင်ဖို့ကျန်ရှိနေတဲ့ ရဲဘော်များအားလုံးအတွက် လိုအပ်နေသေးသော ကျည်ကာပြား၊ ဦးထုပ်များကို ဆက်လက်ပါဝင် လှူဒါန်းပေးကြဖို့တိုက်တွန်း ထားပါတယ်။


========================


🚩🚩 ၂။ ရွှေပြည်အေးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ ၄ဝ ဦး ဒဏ်ရာရ


ဖေဖော်ဝါရီလ ၄ရက်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲမှာ ပါဝင်နေတဲ့ ရွှေပြည်အေးမြို့တိုက်ပွဲအတွင်းမှာ အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံးပြီး ၄ဝ ခန့် ဒဏ်ရာရရှိသွားတယ်လို့ ဟုမ္မလင်း PDF က ထုတ်ပြန်ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့ကို ပြန်လည်ရရှိနိုင်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ SNA ပူးပေါင်းအဖွဲ့ဘက်က အင်အား ၄ဝဝ ခန့်နဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး ထိုးစစ်ဆင်လာတာကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပထမနေ့မှာပဲ စစ်တပ်ဘက်က စစ်ဦးကျိုးသွားခဲ့တယ် လို့ဆိုပါတယ်။ 

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တပ်ဖြန့်ပြီး ခုခံတိုက်ခိုက်ခဲ့ချိန်မှာ စစ်ကောင်စီဘက်က ကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ စုပေါင်းညီညွတ်မှုကြောင့် ထိုးစစ်ကို ဟန့်တားနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ရက် ညသန်းခေါင်ယံမှာ စစ်ကောင်စီအုပ်စုဟာ ရွှေပြည်အေးမြို့ကနေ တပ်ဆုတ်သွားတယ်လို့သိရပါတယ်။ 

၁ဝ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ခြေကုတ်ယူထားတဲ့နေရာတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ မြေမြုပ်ထားတဲ့ စစ်သားအလောင်း ၁၅ လောင်းတွေ့ရှိခဲ့ပြီး ၄ဝ ဦးခန့် ဒဏ်ရာ ရသွားတယ်လို့ သတင်းရထားတယ်လို့ ခန္တီးခရိုင် အမှတ် တပ်ရင်း ဟုမ္မလင်း PDF က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ကိုးကန့် အထူးဒေသတွင် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် ပြစ်မှုကျူးလွန်သူများကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းမိ


ဖေဖော်ဝါရီလ ၄ရက်။

ရှမ်းမြောက် ကိုးကန့်အထူးဒေမှာ နယ်မြေရှင်းလင်းရေး အထူးစီမံချက် ဒုတိယနေ့မှာ နယ်စပ်ဖြတ်ကျော် ပြစ်မှု ကျူးလွန်တယ်လို့ ယူဆရတဲ့သူ ၃၆ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။ 

အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ ရာဇဝတ်မှုတွေ ပပျောက်ရေးအတွက် အထူးဒေသ စစ်အုပ်ချုပ်ရေးကော်မတီ လက်အောက်မှာရှိတဲ့အဖွဲ့တွေက နယ်မြေ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ 

အဲဒီလိုဆောင်ရွက်နေတာမှာ အထူးစီမံချက် ဒုတိယနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ရက်နေ့မှာ ကိုးကန့်ဒေသက စွမ်းဟော့ချိန်နဲ့ တုံချိန်မှာရှိတဲ့ နေရာ ခုမှာ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့သူ ၃၆ ဦးနဲ့ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ လက်ကိုင်ဖုန်းတွေအပြင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာကြောင့် အထူးဒေသ ရဲဌာနကို အပ်နှံခဲ့တယ်လို့ အသိပေးထားပါတယ်။ 

လက်ရှိမှာ တရားဝင်နေထိုင်တဲ့ ပြည်ပနိုင်ငံသားတွေ ယာယီနေထိုင်နိုင်မယ့် ယာယီနေထိုင်ခွင့် မှတ်ပုံတင်ရေးနဲ့ ယာယီနေထိုင်ခွင့် သက်သေခံလက်မှတ်ပြုလုပ်ပေးမှုအစီအစဉ်ကိုလည်း တချိန်တည်းမှာပဲ လုပ်ဆောင်ပေးနေတယ်လို့ MNDAA က ဖေဖော်ဝါရီ ရက်မှာ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ သိမ်ဇရပ် စစ်ကောင်စီ လုံခြုံရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက် စစ်ကောင်စီတပ်သား အနည်းဆုံး () ဦးသေဆုံးဟုဆို


မော်လမြိုင်၊ ဖေဖော်ဝါရီလ ၄ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီရဲ့ လုံခြုံရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ဦးခန့် သေဆုံးနိုင်ပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Yangon Eagles (EB) တာဝန်ရှိသူ တစ်ဦးဆီက သိရပါတယ်။


သိမ်ဇရပ်မြို့ ခလရ (၂၀၇) အနီး ကျောက်မိုင်းတွင်းရှိ စစ်ကောင်စီ တပ်သားများနဲ့ ပျူစောထီး အင်အား (၅၀) ခန့် တပ်စွဲထားတဲ့ လုံခြုံရေးဂိတ်ကို ဖေဖော်ဝါရီ ရက်နေ့က ၆၀ မမ‌ စိန်ပြောင်းများ၊ ၄၀ မမ  ဗုံးပစ်လောင်ချာများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး () ဦးခန့် သေဆုံးနိုင်ပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်း Yangon Eagles (EB) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


ရန်သူ စစ်ကောင်စီ + ပျူစောထီး ပူးပေါင်းအင်အား ၅၀ ခန့်ရှိ ဂိတ်ကို ၆၀ မမ၊ ၄၀ မမ အပြင် လက်နက်ငယ်များနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ရန်သူ စစ်ကောင်စီ တပ်သား အနည်းဆုံး ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။လို့ Yangon Eagles (EB) တာဝန်ရှိသူက ပြောပြပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈၁ မမ၊ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။


ယခု စစ်ဆင်ရေးကို ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း () Yangon Eagles (EB) IAF (Iron Adventures Force) ကျိုက်ထို .က. နဲ့ သိမ်ဇရပ် .က. တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းကြိုးပမ်းမှု နှစ်တာ ကာလအတွင်း မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၄၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်က ပြုစုထားတဲ့ စာရင်းဇယားများအရ သိရပါတယ်။


========================


🚩🚩 ၅။ မုံရွာမြိုနယ်၊ နဂါးတွင်းရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဦး အပါအဝင် ဦး သေဆုံး


ဖေဖော်ဝါရီလ ၄ရက်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်မှ ဗိုလ်မှူး တစ်ဦး အပါအဝင် ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၁၅ (CRA) တပ်ဖွဲ့ထံမှ သိရပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့ မနက် နာရီခန့်က မုံရွာမြိုနယ်၊ တောပု ပျူစောထီးကျေးရွာမှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို နဂါးတွင်းရွာ တောင်ဘက် အရောက်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အပြန်အလှန်ပစ်ခတ်ချိန် နာရီနီးပါး ကြာမြင့်ခဲ့တဲ့ ၎င်းတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ  ဗိုလ်မှူး တစ်ဦး အပါအဝင် ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း (CRA) က ဆိုပါတယ်။


၎င်းတိုက်ပွဲအတွင်း မအူပင်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့ပြီး ခဲယမ်းအင်အား နည်းပါးမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁၅) တပ်ရင်း တပ်ခွဲ့ () နဲ့အတူ ဒေသကာကွယ်ရေး တပ်ဖွဲ့များ၊ အခြား တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ကန့်ဘလူတွင် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က စိတ်ရောဂါသည် ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ရွာကို မီးရှို့ဖျက်ဆီး 


ဖေဖော်ဝါရီလ ၄ရက်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က စိတ်ရောဂါ ခံစားနေရသူ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့ မနက် နာရီခန့်က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်မှ ထွက်လာတဲ့ စစ်ကောင်စီ + ပျူစောထီး အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ထန်းကုန်းတိုက်နယ်အတွင်းရှိ ရှမ်းတပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး စိတ်ရောဂါ ခံစားနေရတဲ့ အသက် ၄၉ နှစ်အရွယ် ဦးကြည်မြင့်ကို နေအိမ်တွင် ပိတ်ကာ မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့ မနက် နာရီ ခန့်မှာ ရှမ်းတပ်ကျေးရွာမှာ ပြန်ထွက်လာတဲ့ ၎င်းစကစ စစ်ကြောင်းမှာ အသက် ၆၂ နှစ်အရွယ် အမျိုးသား ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။


မွန်းလွဲတစ်နာရီခန့်မှာ ၎င်းစစ်ကြောင်းဟာ ပေလည်ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ် များနဲ့ ပစ်ခတ်ကာ ဝင်ရောက်စီးနင်း ညအိပ်တပ်စွဲခဲ့ပြီး‌ နောက်တစ်နေ့ (ဖေဖော်ဝါရီ ရက်) မနက်မှာ ပြည်သူပိုင် နေအိမ် လုံးနဲ့ စပါးတိုက် လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။


ထိုနောက် ၎င်းစစ်ကြောင်းဟာ ဘိုကလေးရွာနဲ့ သပြေသာလေးရွာကို ဝင်ရောက်ပစ်ခတ် စီးနင်းခဲ့ပြီး မနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် သပြေသာလေး ကျေးရွာရှိ ပြည်သူ့ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ထိုသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက် မီးရှို့သတ်ဖြတ် နေတာကြောင့် ကန့်ဘလူ မြို့နယ် အတွင်းရှိ ပျဥ်းတော်၊ ညောင်ကိုင်း၊ သရက္ကံကြီး၊ ကြာဘက္ကံ၊ မောင်းတိုင်၊ ယော၊ ရှမ်းတပ်၊ မင်းကုန်းနဲ့ ပေလည် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment