6th FEB 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ K3C နဲ့ NUG အကြား သဘောတူညီချက်တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ချက်တွေကို တစ်စုံတစ်ရာအားဖြင့် ဖြေလျော့ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ယာယီသမ္မတပြောကြား

📌 ၂။ စာသင်ကျောင်းများ ဘာသာရေးအဆောက်အဦများ နှင့် ကလေးငယ်များကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်ခြင်းသည် လူမဆန်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်ရာရောက်သော လုပ်ရပ်ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်

📌 ၃။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏  အဖွဲ့ဝင် နိုင်ငံများက စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများကို ပြင်းထန်စွာ ရှုတ်ချ

📌 ၄။ မြန်မာစစ်အုပ်စု အာဏာသိမ်းကြိုးပမ်းခဲ့ချိန်မှ စတင်၍ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် မည်သည့်ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကိုမှ လုပ်ဆောင်ထားခြင်း မရှိခဲ့ကြောင်း Justice For Myanmarကအသိပေး


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီရဲ့အရပ်သား ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့်အပေါ် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံး ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ရန် ကြားကာလအုပ်ချုပ်ရေးကောင်စီကရင်နီပြည်

အလေးအနက် တိုက်တွန်း

🚩 ၂။ တောင်ပြို (လက်ဝဲ) စခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသော ပြန့်ကြဲစစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်AAမှလိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိ

🚩 ၃။ ကောလင်းမြို့အနောက်ခြမ်းညောင်ပင်သာနှင့်ကျောက်ကာ တဝိုက်စကစတပ်နဲ့တော်လှန်ရေးတပ်များ ယနေ့မနက်ပိုင်းမှစတင်၍တိုက်ပွဲပြင်းထန်နေ

🚩 ၄။ KNLA-အမှတ်()တပ်မဟာစစ်သည်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပေါင်း(၈၉)ကြိမ်ဖြစ်ပွားခဲ့ပြီး စကစဖက်မှ(၄၁)ဦးသေဆုံး

🚩 ၅။ သာမန်အရပ်သားပြည်သူတစ်ဦးကို ဆီဆိုင်မြို့မြောက်ဘက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ K3C နဲ့ NUG အကြား သဘောတူညီချက်တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ချက်တွေကို တစ်စုံတစ်ရာအားဖြင့် ဖြေလျော့ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ယာယီသမ္မတပြောကြား


ဖေဖော်ဝါရီ၆ရက်


K3C နဲ့ NUG အကြား သဘောတူညီချက်တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ချက်တွေကို တစ်စုံတစ်ရာအားဖြင့် ဖြေလျော့ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက

ဖေဖော်ဝါရီ၆ရက်‌ နေ့မှာကျင်းပပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။


"လက်ရှိ ရရှိထားတဲ့ ဘုံသဘောထား ရပ်တည်ချက်ဟာ အလုပ်ဖြစ်ဖို့ ရည်ရွယ်သလို ဖြစ်သင့် ဖြစ်ထိုက်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းစဉ်တွေကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်ဖို့ အတွက် လက်တွေ့လုပ်ငန်း လမ်းညွှန်သဘောလည်းဖြစ်ပါတယ်။အနာဂတ် တိုင်းပြည်သစ် တည်ဆောက်ရေးဟာ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် သင့်မြတ်ညီညွတ်ပြီး စုပေါင်းစွမ်းဆောင်မှုတွေနဲ့ ဖော်ဆောင်မှသာလျှင် အကျိုးကျေးဇူး ကြီးနိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးကောင်း / တစ်ယောက်ကောင်း / တစ်ဖွဲ့ကောင်းနဲ့ လုပ်လို့ ရတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်စေချင်ပါတယ်။ ဒါ့အပြင်ပြိုကွဲနိုင်ငံတော် မဖြစ်စေရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ချက် ဒီဂရီ အဖြစ် တွေ့မြင်နေရပါတယ်။ ယခု K3C နဲ့ NUG အကြား သဘောတူညီချက်တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ချက်တွေကို တစ်စုံတစ်ရာအားဖြင့် ဖြေလျော့ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။


ဘုံသဘောတူညီချက်ဟာ လောလောဆယ်အားဖြင့် [K3C] လို့ခေါ်တဲ့ KIO, KNU, KNPP, CNF တွေဖြစ်တဲ့  တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့တွေကြားမှာ သဘောတူညီချက်အားဖြင့် ခိုင်ခိုင်မာမာ ရရှိထားတဲ့ အချက်တွေ ဖြစ်သလို ဆက်လက်ပြီးတော့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုရုံးသဘောတူညီစေမှုကို ဆက်လက်ကြိုးပမ်းရမှာ ဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ စာသင်ကျောင်းများ ဘာသာရေးအဆောက်အဦများ နှင့် ကလေးငယ်များကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်ခြင်းသည် လူမဆန်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်ရာရောက်သော လုပ်ရပ်ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်


ဖေဖော်ဝါရီ၆ရက်


စာသင်ကျောင်းများ ဘာသာရေးအဆောက်အဦများ နှင့် ကလေးငယ်များကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်ခြင်းသည် လူမဆန်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်ရာရောက်သော လုပ်ရပ်ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်ပါတယ်။


ဖေဖော်ဝါရီလ ()ရက်မှာ ဒီမောဆိုမြို့ရှိ  စာသင်ကျောင်းဆောင်များအား အကြမ်းဖက်စစ်တပ်က ပစ်ခတ်တိုက်ခိုက်သဖြင့် ကလေးသူငယ်များ သေဆုံးဒဏ်ရာရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။


၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ () ရက်နေ့ နံနက် ၁၀ နာရီ ၁၅မိနစ် အချိန်ခန့်တွင် ကရင်နီပြည်(ကယားပြည်နယ်) ဒီမောဆိုမြို့ အနောက်ဘက်ခြမ်း ဒေါဆီအီရွာရှိ ..က စာသင်ကျောင်းဆောင် () ဆောင်အား ကလေးငယ်များစာသင်ကြားနေချိန်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ကလေးငယ် () ဦးနှင့် အရပ်သား () ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ်။


ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက ဒေါဆီအီရွာနှင့် () မိုင်ခွဲခန့်ဝေးသည့် လွိုင်နန်းဖရွာသို့  ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် ရွာရှိ (..က) ကျောင်းအနီးတဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် (..က) ကျောင်းအဆောက်အဦ () လုံး၊ ခရစ်ယာန်ဘုရား ကျောင်း () ကျောင်း၊ နေအိမ် () လုံး၊ ကား() စီးနှင့်ဆိုင်ကယ်များပျက်စီးခဲ့ကာ ဆန်စက်ပိုင်ရှင် ဒေသခံ () ဦးသေဆုံးခဲ့ပြီး ကျောင်းဆရာ၊ ဆရာမ () ဦးနှင့် ဒေသခံ () ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုလည်း သိရှိရတယ်လို့ဆိုပါတယ်။


 ဒရုန်းများဖြင့် ကင်းထောက်ပြီး ကလေးငယ်များ ရှိနေသည့် စာသင်ကျောင်းမှန်း သိလျက် ဗုံးကျဲခဲ့ခြင်းဖြစ်သောကြောင့် အဆိုပါလုပ်ရပ်သည် ကလေး၊ သူငယ်များကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်သည့် လုပ်ရပ်ဖြစ်သည်မှာ လွန်စွာထင်ရှားတယ်လို့ ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်သည် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကို ပစ်မှတ်ထား၍ ဗုံးကျဲခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းတို့ကို ပြည်သူ့နွေဦးတော်လှန်ရေး () နှစ်တာကာလအတွင်း ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကာ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၅၂) ကျောင်း ပျက်စီးခဲ့ရပြီး အခြားသော အကြောင်းများကြောင့် ပျက်စီးခဲ့ရသည့် ကျောင်းပေါင်း (၁၉၉) ကျောင်းရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။


 အဆိုပါ ဖြစ်ရပ်များအနက် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ပစ်ခတ်မှုနှင့်  ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ပစ်ခတ်မှု တို့တွင် ကလေးငယ်များစွာ ထိခိုက်ကျဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်ကိုတွေ့ရှိရပြီး() နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော အသက်(၁၈) နှစ်အောက်ကလေးငယ် (၆၃၀) ကျော် ရှိခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်၏ ကလေးသူငယ်များနှင့် စာသင်ကျောင်းများ ဘာသာရေးအဆောက်အဦးများ ကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ကလေးသူငယ်များအား တရားမဲ့စွာသတ်ဖြတ်နေခြင်းကို ပြင်းထန်စွာရှုတ်ချပြီး အဆိုပါ လုပ်ရပ်များအတွက် အဓိက တာဝန်အရှိဆုံးဖြစ်သော အကြမ်းဖက်စစ်ခေါင်းဆောင်များအပါအဝင် ကျူးလွန်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခဲ့သူများ၊ အားပေးအားမြှောက်ပြုသူများအားလုံးကို  ပြည်တွင်း တရားရုံးများတွင်သာမက နိုင်ငံတကာ တရားရုံးများတွင်ပါ တရားစွဲဆိုပြီး ထိခိုက်နစ်နာခဲ့ကြရသူများအားလုံးအတွက် တရားမျှတမှု ပြန်လည်ရယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့အသိပေးထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏  အဖွဲ့ဝင် နိုင်ငံများက စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများကို ပြင်းထန်စွာ ရှုတ်ချ


ဖေဖော်ဝါရီ၆ရက်


ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏  အဖွဲ့ဝင် နိုင်ငံများက စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်းကိုဖေဖော်ဝါရီလ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိူင်ငံများကကြေညာခဲ့ပါတယ်။


အဖွဲ့ဝင် နိုင်ငံများဖြစ်ကြတဲ့ ဗြိတိန်၊ အမေရိကန်၊ ဆွစ်ဇာလန်၊ အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ မော်လတာ၊ တောင်ကိုရီးယား၊ စလိုဗီးနီးယား စုစုပေါင်း အဖွဲ့ဝင် နိုင်ငံက  စစ်ကောင်စီ၏

အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်မှုများကို ရှုတ်ချခဲ့ကြောင်းဆိုခဲ့တာဖြစ်ပါတယ်။


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၄၈၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၄။ မြန်မာစစ်အုပ်စု အာဏာသိမ်းကြိုးပမ်းခဲ့ချိန်မှ စတင်၍ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် မည်သည့်ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကိုမှ လုပ်ဆောင်ထားခြင်း မရှိခဲ့ကြောင်း Justice For Myanmarကအသိပေး


ဖေဖော်ဝါရီ၆ရက်


ဖေဖော်ဝါရီ၆ရက်နေ့ထုတ်ပြန်ချက်အရ သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပိတ်ဆို့အရေးယူမှုမှတ်တမ်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်မှ စတင်ကာ လေ့လာခဲ့တယ်လို့Justice For Myanmarကဆိုပါတယ်။


စိတ်ပျက်ဖွယ်‌ကောင်းအောင်ပင် မြန်မာစစ်အုပ်စု အာဏာသိမ်းကြိုးပမ်းခဲ့ချိန်မှ စတင်၍ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် မည်သည့်ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကိုမှ လုပ်ဆောင်ထားခြင်း မရှိခဲ့ဘူးလို့ဖော်ပြပါတယ်။


၎င်းနိုင်ငံများမှ ကုမ္ပဏီများနှင့် အစိုးရများသည် အကြမ်းဖက်စစ်အုပ်စုနှင့် ဆက်လက် လုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြတယ်လို့ Justice For Myanmarကဆိုပါတယ်။


ဂျပန်အစိုးရ ကျောထောက်နောက်ခံပြု Y Complex စီမံကိန်းသည် ငွေပေးချေမှုများ အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့မှစတင်၍ ဆိုင်းငံ့ထားသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ သော်လည်း၊ ၎င်းအနေဖြင့်  အကြမ်ဖက်စစ်အုပ်စု၏ စစ်ထောက်ချုပ်ရုံးသို့ ငွေပေးချေခဲ့မှုများတွင် ပါဝင်ပတ်သက်နေခြင်း ဖြစ်တယ်လို့ဆိုပါတယ်။


တောင်ကိုရီးယားအစိုးရပိုင်ကုမ္ပဏီ KOGAS POSCO International နှင့် စစ်အုပ်စု ထိန်းချုပ်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့  ပူးပေါင်းလုပ်ဆောင်သော ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း သည် စစ်အုပ်စုကို  ဘဏ္ဍာရေးအရ ထောက်ပံ့နေဆဲဖြစ်တယ်လို့ဆိုပါတယ်။


အိန္ဒိယအစိုးရက အဓိကအားဖြင့် ပိုင်ဆိုင်ထားသော စီးပွားရေးလုပ်ငန်းကြီး Bharat Electronics Limited သည် အာဏာသိမ်းကြိုးပမ်းချိန်မှစ၍ အကြမ်းဖက်မြန်မာစစ်အုပ်စုထံ စစ်လက်နက်ပစ္စည်း များကို အကြိမ်ကြိမ်လွှဲပြောင်းပေးခဲ့ တယ်လို့ဖော်ပြခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ စစ်ကောင်စီရဲ့အရပ်သား ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့်အပေါ် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံး ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ရန် ကြားကာလအုပ်ချုပ်ရေးကောင်စီကရင်နီပြည်

အလေးအနက် တိုက်တွန်း


ဖေဖော်ဝါရီ၆ရက်


စစ်ကောင်စီရဲ့အရပ်သား ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့်အပေါ် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံး ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ရန် ကြားကာလအုပ်ချုပ်ရေးကောင်စီ ကရင်နီပြည်က ဖေဖေါ်ဝါရီလ () ရက်‌ နေ့ ထုတ်ပြန်ပါတယ်။


ဖေဖေါ်ဝါရီလ () ရက်နေ့ နံနက် (၁၀း၁၅) နာရီနှင့် (၁၁း၂၀) နာရီ ဝန်းကျင်ခန့်တွင် ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာရှိ စာသင်ကျောင်း နှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း အနီးအနားတဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် (၁၀)ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်း၌ပင် လွိုင်ကော်နှင့် ဒီးမော့ဆိုရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများမှလည်း လက်နက်ကြီးဖြင့် () ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။


တိုက်ခိုက်မှုများကြောင့် ဒေါဆီးအီကျေးရွာ စာသင်ကျောင်းတွင် အေးချမ်းစွာ ပညာသင်ကြားနေသော အသက် (၁၃ ) နှစ်အရွယ် ဝန်းကျင်ရှိသည့် အလယ်တန်းကျောင်းသား () ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး မူကြိုအရွယ် ကလေးငယ် () ဦး အပါအဝင် ကလေးငယ် စုစုပေါင်း(၁၄) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက် စစ်ကောင်စီ၏ အရပ်သားပြည်သူများနှင့် အပြစ်မဲ့ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လက်သင့်ခံနိုင်ဖွယ်မရှိဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ဆိုပါတယ်။


ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုသည် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့်ဓလေ့ထုံးတမ်းဥပဒေများအပေါ် ဆိုးဝါးသည့် ချိုးဖောက်မှုဖြစ်ရာ ရောမသဘောတူစာချုပ် (Rome Statue) အရ စစ်ရာဇဝတ်မှုမြောက်သည့် ရက်စက်သော လုပ်ရပ်ဖြစ်တယ်လို့လည်းဆိုပါတယ်။


သို့ဖြစ်ရာ လူနည်းစုများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအား ဆိုးဝါးစွာ ချိုးဖောက်မှုများအတွက် အကြမ်းဖက်စစ်ကောင်စီ တာဝန်ရှိသူများကို တရားစွဲဆို အပြစ်ပေးရန် သော်လည်းကောင်း၊ ၎င်းတို့မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန်သော်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံး ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်း တောင်းဆိုအပ်တယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၂။ တောင်ပြို (လက်ဝဲ) စခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသော ပြန့်ကြဲစစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်AAမှလိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိ


ဖေဖော်ဝါရီ၆ရက်


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတဲ့ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်AAမှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


တောင်ပြို (လက်ဝဲ) စခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသော ပြန့်ကြဲစစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရခိုင့်တပ်တော်မှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိတယ်လို့ဆိုပါတယ်။


 စစ်ကောင်စီ၏ထွက်ပြေးသွားသောသူများထဲမှ အချို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း လက်နက်များဖြင့် ဝင်ရောက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီး  ယမန်နေ့က (၆၀) ကျော်ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ၅ရက်နေ့တွင်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့သူများမှာ ဆက်လက်ရှိနေသေးတယ်လို့သိရပါတယ်။


========================


🚩🚩 ၃။ ကောလင်းမြို့အနောက်ခြမ်းညောင်ပင်သာနှင့်ကျောက်ကာ တဝိုက်စကစတပ်နဲ့တော်လှန်ရေးတပ်များ ယနေ့မနက်ပိုင်းမှစတင်၍တိုက်ပွဲပြင်းထန်နေ


ဖေဖော်ဝါရီ


ကောလင်းမြို့အနောက်ခြမ်းညောင်ပင်သာနှင့်ကျောက်ကာ တဝိုက်စကစတပ်နဲ့တော်လှန်ရေးတပ်များ ယနေ့မနက်ပိုင်းမှစတင်၍တိုက်ပွဲပြင်းထန်နေတယ်လို့ ဖေဖော်ဝါရီ၆ရက်မှာ စစ်ရေးအခြေအနေကို ကောလင်းခရိုင်တပ်ရင်း၂ကအသိပေးဆိုပါတယ်။


"ကောလင်းအနောက်ခြမ်းညောင်ပင်သာနှင့်ကျောက်ကာ တဝိုက် တိုက်ပွဲပြင်းထန်နေပါတယ်"လို့ဆိုပါတယ်။


ဖေဖော်ဝါရီ၃ရက် နာရီ ၄၅ မိနစ် အချိန်မှစ၍ စကစများအင်အားအလုံးအရင်းဖြင့် စစ်ကြောင်း () ကြောင်းခွဲကာ ကောလင်းမြို့တောင်ဘက်နှင့်မြောက်ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့လည်း ကောလင်းKLPDFကဆိုထားပါတယ်။


========================


🚩🚩 ၄။ KNLA-အမှတ်()တပ်မဟာစစ်သည်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပေါင်း(၈၉)ကြိမ်ဖြစ်ပွားခဲ့ပြီး စကစဖက်မှ(၄၁)ဦးသေဆုံး


ဖေဖော်ဝါရီ၆ရက်


ဇန်ဝါရီ()ရက်နေ့မှ ဇန်ဝါရီ(၃၁)ရက်နေ့အထိ  KNLA-အမှတ်()တပ်မဟာစစ်သည်များနှင့် အကြမ်းဖက်စစ်ကောင်စီကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပေါင်း(၈၉)ကြိမ်ဖြစ်ပွားခဲ့ရာတွင် စကစဖက်မှ(၄၁)ဦးသေဆုံးသွားပြီး (၄၁)ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။


 ထိခိုက်ဒဏ်ရာရသူမှတ်တမ်းထဲတွင် တပ်ရင်းမှူးတစ်ဦးပါဝင်ကြောင်း အတည်ပြုသိရှိရပါတယ်။


ထို့အတူ စကစ၏လုပ်ရိုးလုပ်စဉ်အတိုင်း သာမန်ပြည်သူများနေထိုင်ရာကျေးရွာနှင် ဥယဉ်ခြံမြေအတွင်းသို့ လက်နက်ကြီးကျည်()လုံး အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၅။ သာမန်အရပ်သားပြည်သူတစ်ဦးကို ဆီဆိုင်မြို့မြောက်ဘက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခဲ့


ဖေဖော်ဝါရီ၆ရက်


ဖေဖော်ဝါရီ၆ရက်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကစကစရဲ့လုပ်ရပ်ကို အခုလို အသိပေးဆိုပါတယ်။


"ဖေဖော်ဝါရီ ရက်နေ့တွင်လည်း သာမန်အရပ်သားပြည်သူတစ်ဦးဖြစ်သည့် နောင်အယ်ရွာနေ ခွန်ဘဩ အသက် ၅၀ နှစ်ကို ဆီဆိုင်မြို့မြောက်ဘက်တွင် စစ်ကောင်စီက ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခဲ့တယ်"လို့ဆိုပါတယ်။


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ထိန်းချုပ်ထားသည့် သထုံနပနေ(ဆီဆိုင်)မြို့ကို ယနေ့အထိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နေလျက်ရှိတယ်လို့ဆိုပါတယ်။


(ဆီဆိုင်)မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ပအိုဝ်းမြို့များ ရွာများကို အလုံးစုံဖျက်စီးပစ်ရေးသဘောထားဖြင့် တိုက်ခိုက်ဖျက်စီးခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း ကျောင်း၊ ဓမ္မာရုံ ခု၊ ဘုရားရှိခိုးကျောင်း ကျောင်း၊ စာသင်ကျောင်း ကျောင်း နှင့် မိဘပြည်သူများ၏ နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment