6th FEB 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စာသင်နေတဲ့ ကလေးတွေကို ဗုံးကြဲသတ်ဖြတ်မှုလုံးဝခွင့်မလွှတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းများနှင့် ပြည်ထောင်စုဝန်ကြီးတို့တွေ့ဆုံပွဲကျင်းပ

📌 ၄။ လေကြောင်းတိုက်ခိုက်ရာမှာပါဝင်တဲ့ အကြီးဆုံးအမိန့်ပေးသူကအစ လေယာဉ်မှူး၊ စက်ပြင်အဆုံး ကျူးလွန်သူအယောက်စီတိုင်းကို စစ်ရာဇဝတ်မှု အကြီးလေးဆုံးပြစ်ဒဏ် အပြင် ပြည်သူပေးတဲ့ နောင်ကျဉ်ခြင်းပြစ်ဒဏ်ပါပေးရမယ်လို့ဆို

📌 ၅။ တော်လှန်ရေး အဖွဲအစည်းများအတွက် မျှော်လင့်ချက် အရှိဆုံး ကာလဖြစ်ကြောင်း ညီနောင် ဖွဲ့ဆို


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဒီမောဆိုရှိ စာသင်ကျောင်း တစ်ကျောင်းပေါ် ဗုံးကျပြီး ကလေး ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

🚩 ၂။ လောက်ကိုင်မြို့ ရှင်းလင်းရေးလုပ်ဆောင်စဉ် ရေဖြန်းကား တစ်စီးမှာ ဖွက်ထားတဲ့ အမျိုးအစားမျိုးစုံ တရားမဝင် လက်နက် ၆၃၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့  MNDAAထုတ်ပြန်

🚩 ၃။ တောင်ပြို (လက်ဝဲ) စခန်း တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထပ်မံ ထွက်ပြေး

🚩 ၄။ မြင်းမူမြို့နယ်၊ ဘိုမင်းကျီးကင်းရွာရှိ အကြမ်းဖက် စကစတပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

🚩 ၅။ မကွေးတိုင်းပခုက္ကူမြို့ (၂၅၂) တပ်နှင့် အနောက်ဘုန်းကံပြည်သူ့စစ်ရွာကိုRocket အလုံး(၂၀) ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၆။ ပြည်သူများထံ ငွေတောင်းခံနေတဲ့ စစ်ကောင်စီ တပ်သား ဦးကို သေပစ်ခတ် ဖမ်းဆီးခဲ့ပြီး ဦးက အရှင် ဖမ်းဆီးရမိ

🚩 ၇။ ရေဦးမြို့နယ်ရှိကျေးရွာများမှာ စကစတပ်များမီးရှို့သောင်းကျန်းနေ၍ ရွာပေါင်း ၁၅ရွာမှ ပြည်သူတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စာသင်နေတဲ့ ကလေးတွေကို ဗုံးကြဲသတ်ဖြတ်မှုလုံးဝခွင့်မလွှတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဖေဖော်ဝါရီလ၊  ရက်။

စာသင်နေတဲ့ ကလေးတွေကို ဗုံးကြဲသတ်ဖြတ်မှုလုံးဝခွင့်မလွှတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဖေဖော်ဝါရီ၅ရက်မှာ ပြောပါတယ်။


"စာသင်နေတဲ့ ကလေးတွေကိုသတ်တာ လုံးဝ၊ လုံးဝ ခွင့်မလွှတ်နိူင်ဘူး"လို့ဝန်ကြီးကဆိုပါတယ်။


ကရင်နီပြည်နယ် ဒီမော့ဆို ကျေးရွာအနောက်ခြမ်း ဒေါစီအိကျေးရွာက စာသင်ကျောင်းကို ဖေဖော်ဝါရီလ ရက် မနက် ၁၀ နာရီခန့်က စစ်ကောင်စီ ဂျက်ဖိုက်တာ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။


ဖြစ်စဥ်မှာ ကျောင်းသားကလေးငယ် ဦး သေဆုံးပြီး ၁၀ ဦး ကျော် စိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်


ဖေဖော်ဝါရီလ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၁/၂၀၂၄)ကို ဖေဖော်ဝါရီလ ၅ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာန တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းများနှင့် ပြည်ထောင်စုဝန်ကြီးတို့တွေ့ဆုံပွဲကျင်းပ


ဖေဖော်ဝါရီလ၊  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ CDM ဝန်ထမ်းများ၏ တတိယအကြိမ်မြောက် စိတ်ခွန်အားဖြည့်တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ရက်နေ့တွင် အွန်လိုင်းမှတဆင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ CDM Success Committee ကိုယ်စား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် CDM သူရဲကောင်းများတက်ရောက်ခဲ့ကြပါတယ်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းမှာ နေထိုင်ကြရသည့် CDM များ၏ အခက်အခဲများကို များစွာစာနာပါကြောင်း၊ ယခုအချိန်ထိ ကြံ့ကြံ့ခံဇွဲရှိရှိဖြင့်ပါဝင်ပေးနေသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ယခုအခါ စနစ်ပြောင်းကာလဖြစ်သည့်အတွက် အချိန်ကာလကြာမြင့်ခဲ့ကြောင်း၊ ရက်စက်သည့် အာဏာရှင်ဖြင့် ရင်ဆိုင်နေရသဖြင့် ယနေ့ထိ တော်လှန်ရေးတွင် ပါဝင်ပေးနေသည့်အတွက် များစွာလေးစားမိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ CDM အောင်နိုင်ရေးကော်မတီ (CDM Success Committee) ကိုယ်စား တက်ရောက်ချီးမြှင့်ပေးပါသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ "CDM တွေ့ဆုံပွဲကို ဖိတ်ကြားခံရသည့်အတွက် များစွားဝမ်းမြောက်မိပါကြောင်း၊  ၃နှစ်ကြာသည့်တိုင် အခက်ခဲများကြားမှ CDM ကို ယုံကြည်ချက်ကြောင့် ပြုလုပ်နေကြသည့်အတွက် အားလုံးကို အလေးပြုပါကြောင်း၊ ယခု နှစ်သည် ရက်စက်ကြမ်းကြုတ်သည့် နှစ်များဖြစ်ပါကြောင်း၊ CDM များ၏သတ္တိကို ကမ္ဘာကအသိအမှတ်ပြုလောက်သည်အထိ ပြသနိုင်ခဲ့ပါကြောင်း၊ နွေဦးတော်လှန်ရေးတွင် CDM လှုပ်ရှားမှုသည် ဦးဆုံးဖြစ်ပါကြောင်း၊ ယင်းအရှိန်အဟုန်မှတဆင့် တော်လှန်ရေးလှုပ်ရှားမှုများ ဆက်လက်ပါဝင်လာကြသည်ဖြစ်ကြောင်း၊  CDM ဆိုသည်မှာ ခေတ်အဆက်ဆက်တွင်မရှိခဲ့ကြောင်း၊ အခွင့်အရေးတစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနာဂတ်တစ်ခုလုံးပြောင်းလဲမှုတွင် သားစဉ်မြေးဆက်အတွက် ဂုဏ်ယူစရာဖြစ်ရပ်ဖြစ်ပါကြောင်း"ဝန်ကြီးကပြောပါတယ်။


ထို့နောက် CDM ဝန်ထမ်းများမှ ယခုလို ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခွင့်ရသဖြင့် များစွာကျေးဇူးတင်၍ စိတ်ခွန်အားများရရှိပါကြောင်းနှင့် ဝန်ကြီးဌာနမှဖွင့်လှစ်ပေးသည့် သင်တန်း တက်ရောက်နိုင်မှုအခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည်များ၊ ထောက်ပံ့ငွေအစီအစဉ်များ၊ CDM ရေးရာကိစ္စရပ်များနှင့်ဆက်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ လေကြောင်းတိုက်ခိုက်ရာမှာပါဝင်တဲ့ အကြီးဆုံးအမိန့်ပေးသူကအစ လေယာဉ်မှူး၊ စက်ပြင်အဆုံး ကျူးလွန်သူအယောက်စီတိုင်းကို စစ်ရာဇဝတ်မှု အကြီးလေးဆုံးပြစ်ဒဏ် အပြင် ပြည်သူပေးတဲ့ နောင်ကျဉ်ခြင်းပြစ်ဒဏ်ပါပေးရမယ်လို့ဆို


ဖေဖော်ဝါရီလ ၅ရက်။

လေကြောင်းတိုက်ခိုက်ရာမှာပါဝင်တဲ့ အကြီးဆုံးအမိန့်ပေးသူကအစ လေယာဉ်မှူး၊ စက်ပြင်အဆုံး ကျူးလွန်သူအယောက်စီတိုင်းကို စစ်ရာဇဝတ်မှု အကြီးလေးဆုံးပြစ်ဒဏ်အပြင် ပြည်သူပေးတဲ့ နောင်ကျဉ်ခြင်း ပြစ်ဒဏ်ပါပေးရမယ်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်က ဖေဖော်ဝါရီလ ၅ရက် မှာပြောပါတယ်။

"ဆိုဖွယ်ရာစကားမရှိတော့ပြီ။ အပြစ်ကင်းစွာ စာသင်ကြားနေတဲ့ကလေးတွေကို တည့်တည့်ချိန်ပြီးပစ်ဝံ့တဲ့ ဒီလူယုတ်မာစစ်တပ်ကို တရက်ကလေးမျှ သက်ဆိုးရှည်ခွင့် မပေးသင့်တော့ပါ။ အခုကရင်နီပြည်က ဒေါအီးဆီ စစ်ရှောင်စာသင်ကျောင်း တိုက်ခိုက်မှု အပါအ၀င် စာသင်ကျောင်းတွေ၊ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းတိုက်ခိုက်ရာမှာပါဝင်တဲ့ အကြီးဆုံးအမိန့်ပေးသူကအစ လေယာဉ်မှူး၊ စက်ပြင်အဆုံး ကျူးလွန်သူအယောက်စီတိုင်းကို စစ်ရာဇဝတ်မှု အကြီးလေးဆုံးပြစ်ဒဏ် အပြင် ပြည်သူပေးတဲ့ နောင်ကျဉ်ခြင်း (social and moral punishment) ပြစ်ဒဏ်ခံယူအောင်လုပ်ဖို့ကလွဲပြီးအခြားမရှိတော့"လို့ဆိုပါတယ်။


ကရင်နီပြည်နယ် ဒီမော့ဆို ကျေးရွာအနောက်ခြမ်း ဒေါစီအိကျေးရွာက စာသင်ကျောင်းကို ဖေဖော်ဝါရီ ရက် မနက် ၁၀ နာရီခန့်က စစ်ကောင်စီ ဂျက်ဖိုက်တာ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသားကလေးငယ်လေးဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၅။ တော်လှန်ရေး အဖွဲအစည်းများအတွက် မျှော်လင့်ချက် အရှိဆုံး ကာလဖြစ်ကြောင်း ညီနောင် ဖွဲ့ဆို


ဖေဖော်ဝါရီလ ၅ရက်။

စစ်အာဏာရှင်အား တော်လှန်ခဲ့တဲ့ ကာလမှာ ယခုတစ်ကြိမ်ဟာ တော်လှန်ရေး အရှိန်အမြင့်ဆုံးနဲ့ တော်လှန်ရေး အဖွဲ့အစည်းများ အတွက် မျှော်လင့်ချက် အရှိဆုံး ကာလဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့ က ပြောဆိုလိုက်ပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်း- အနားကို မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNTJP/MNDAA PSLF/TNLA နဲ့ ULA/AA တို့က ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ပြောဆိုထားတာ ဖြစ်ပါတယ်။


ဗမာလူမျိုးကြီးဝါဒအား ဗမာလူမျိုးများပင်လျှင် တော်လှန်တိုက်ပွဲ ဝင်နေကြတဲ့ အချိန်ကာလကို ရောက်ရှိလာကာ ဖက်စစ်အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ ကာလမှာ ယခုတစ်ကြိမ်က တော်လှန်ရေး အရှိန်အမြင့်ဆုံးနဲ့ တော်လှန်ရေး အဖွဲ့အစည်းများအတွက် မျှော်လင့်ချက် အရှိဆုံးသော ကာလဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး အသီးသီးတို့က အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ဆုံးဖြတ်ပိုင်ခွင့်နဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ခွင့် အပါအဝင် ဗမာလူမျိုးကြီးဝါဒနဲ့ ဖက်စစ် အကြမ်းဖက် စစ်အာဏာရှင်တို့ကို တစိုက်မတ်မတ် တော်လှန်တိုက်ပွဲဝင်နေခဲ့ကြတာဟာ ဆယ်စုနှစ် ပေါင်းများစွာ ရှိခဲ့ပြီလို့လည်း ဆိုထားပါတယ်။


ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ တအာင်း၊ ကိုးကန့် အပါအဝင် နိုင်ငံအတွင်း မှ အခြားသော တိုင်းရင်းသား လူမျိုးများစွာတို့ကလည်း လူမျိုးကြီးဝါဒနဲ့ ဖက်ဆစ်အကြမ်းဖက် စစ်- အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေး လူမျိုးစု ကိုယ်စားပြု တော်လှန်ရေး အဖွဲ့အစည်းများ အသီးသီးဖွဲ့ပြီး တော်လှန်တိုက်ပွဲ ဝင်နေကြဆဲ ဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့က ပြောဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ဒီမောဆိုရှိ စာသင်ကျောင်း တစ်ကျောင်းပေါ် ဗုံးကျပြီး ကလေး ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ


ဖေဖော်ဝါရီလ ၅ရက်။

ဒီမောဆိုမြို့နယ်၊ မြက်လဲကျေးရွာအုပ်စု ဒေါဆီအီးကျေးရွာ စာသင်ကျောင်းပေါ် စစ်ကောင်စီ ရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ပြီး ကလေး ဦး သေဆုံးကာ၊ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က အတည်ပြုထားပါတယ်။


နေ့လယ် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ စာသင်ကျောင်းပေါ် တည့်တည့် လာကြဲတာပါလို့ KNDF (ဗဟို) သတင်းနှင့် ပြန်ကြားရေးဌာန ပြောဆိုခွင့်ရှိသူ စောသာအယ်စိုးက Myanmar Now Media ကို ဖြေဆိုထားပါတယ်။


စစ်ကောင်စီက လေယာဉ်နှစ်စီးနဲ့ ရှစ်ကြိမ်ခန့် ပျံဝဲပြီးမှ ဗုံးကြဲခဲ့သလို မြေပြင်တပ်အခြေစိုက် စခန်းများကလည်း အဆိုပါ နေရာအနီးဝန်းကျင်ကို လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။


သေဆုံးသွားတဲ့ ကလေးများမှာ အသက် ၁၁ နှစ်မှ ၁၃ နှစ်ကြား အရွယ်များ ဖြစ်ကြတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်က ဗုံးကြဲချခဲ့တဲ့ ကျေးရွာများဟာ တိုက်ပွဲနယ်မြေ မဟုတ်ဘဲ စစ်ဘေးရှောင် ပြည်သူများ ခိုလှုံရာ နေရာများ ဖြစ်တယ်လို့လည်း သိရပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါး ကာလအတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် ကလေးငယ် ၄၉၁ ဦး သေဆုံးခဲ့ရကြောင်း NUG က ၂၀၂၃ ခုနှစ် အောက်တိုဘာ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။


========================


🚩🚩 ၂။ လောက်ကိုင်မြို့ ရှင်းလင်းရေးလုပ်ဆောင်စဉ် ရေဖြန်းကား တစ်စီးမှာ ဖွက်ထားတဲ့ အမျိုးအစားမျိုးစုံ တရားမဝင် လက်နက် ၆၃၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့  MNDAAထုတ်ပြန်


ဖေဖော်ဝါရီလ ၅ရက်။

လောက်ကိုင်မြို့ ရှင်းလင်းရေးလုပ်ဆောင်စဉ် ရေဖြန်းကား တစ်စီးမှာ ဖွက်ထားတဲ့ အမျိုးအစားမျိုးစုံ တရားမဝင် လက်နက် ၆၃၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့  MNDAAကထုတ်ပြန်ပါတယ်။


အထူးဒေသ (ကိုးကန့်ဒေသ)မှာ MNDAA က သေနတ်များ ပုဂ္ဂလိက ကိုင်ဆောင်ခွင့်နဲ့ လက်နက်ရောင်းချခွင့်ကို အထူးတင်းကြပ်ထားပြီး သေနတ်များကို ဖေဖော်ဝါရီ ရက်နေ့ မတိုင်ခင် အပ်နှံဖို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။


ထို့နောက်ဖေဖော်ဝါရီ ရက်နေ့ မွန်းလွဲပိုင်း ရေဖြန်းကား တစ်စီးမှာ ဖွက်ထားတဲ့  တရားမဝင် လက်နက် ၆၃၁ လက် သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။


MNDAAတပ်တော်ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၃၀၀ နီးပါးနှင့် လောက်ကိုင်၊ ချင်းရွှေဟောင်၊ မုံးကိုး၊ ကွမ်လုံ၊ ကုန်းကြမ်း စသည့်မြို့များကို သိမ်းပိုက်ရရှိခဲ့ပါတယ်။


========================


🚩🚩 ၃။ တောင်ပြို (လက်ဝဲ) စခန်း တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထပ်မံ ထွက်ပြေး


ဖေဖော်ဝါရီလ ၅ရက်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ တောင်ပြို(လက်ဝဲ) စခန်းကို ရက္ခိုင့်တပ်တော် (AA) က ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သား ဆယ်နဲ့ချီ တဖက်နိုင်ငံကို ထပ်မံထွက်ပြေးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။


မောင်တော မြို့နယ် မြောက်ပိုင်းက တောင်ပြို (လက်ဝဲ) နဲ့ တောင်ပြို (လက်ယာ) စခန်းတွေကို 

ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီ ရက်နေ့ထဲက စတင် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာ ဖြစ်ပြီး လက်ယာ စခန်းကို အဲ့ဒီနေ့ ညနေထဲက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


ကျန်ရှိနေသေးတဲ့ တောင်ပြို(လက်ဝဲ) စခန်းကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ တာဖြစ်ပြီး ဖေဖော်ဝါရီလ ရက်နေ့ (မနေ့က) စစ်ကောင်စီ တပ်သား (၂၀) ကျော်ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။


ဖေဖော်ဝါရီလ ရက် စစ်ရေးသတင်း ထုတ်ပြန်ချက်မှာ တောင်ပြို(လက်ဝဲ) စခန်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အနေနဲ့ လက်နက်ချ အညံ့ခံရင် အသက်ချမ်းသာရာ ရမယ်လို့ ညီနောင်သုံးဖွဲ့ သတိပေးထားပါတယ်။


ဖေဖော်ဝါရီလ () ရက်နေ့ တောင်ပြို (လက်ယာ) စခန်းသိမ်း တိုက်ပွဲအတွင်း ရန်သူ့အလောင်း အမြောက်အများနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး မိမိတို့ဘက်မှ စစ်သည်အချို့ အသက်ပေး စွန့်လွတ်ခဲ့ရတယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ထို့နေ့က တိုက်ပွဲများ အတွင်းမှာလည်း နယ်ခြားစောင့်ရဲ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ နီးပါး ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲကို လက်နက်တွေနဲ့အတူ ထွက်ပြေးသွားခဲ့ ကြပါသေးတယ်။


၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။


၂၀၂၃ နိုဝင်ဘာလကစလို့ အိန္ဒိယနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၇၀၀ ကျော်ထိ ရှိခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ် ဒေသတလျှောက် ခြံစည်းရိုးခတ်ဖို့ စီစဉ်နေ တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ထုတ်ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မောင်တောအပြင် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ရမ်းဗြဲစတဲ့မြိုနယ်တွေမှာလည်း တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ မြင်းမူမြို့နယ်၊ ဘိုမင်းကျီးကင်းရွာရှိ အကြမ်းဖက် စကစတပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်


ဖေဖော်ဝါရီလ ၅ရက်။

ဖေဖော်ဝါရီလ ရက်နေ့ မွန်းလွဲ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဘိုမင်းကျီးကင်း ကျေးရွာတွင် အထိုင်ချ တပ်ဆွဲနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးအဖွဲ့များက Done စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။


ဖြစ်စဥ်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။


တိုက်ခိုက်မှုကို People's knight Defense Force Myinmu (PKDF-MMU) အဖွဲ့မှ ဦးဆောင်၍ MMU - PDF စစ်ကိုင်းခရိုင်တပ်ရင်း ခွဲ ()မြင်းမူ၊ Shar Htoo Waw နည်းပညာ တပ်ဖွဲ့ (Team6) Drop for justice People Securrity Force (Ayadaw)နဲ့ မဟာမိတ်များက ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။


========================


🚩🚩 ၅။ မကွေးတိုင်းပခုက္ကူမြို့ (၂၅၂) တပ်နှင့် အနောက်ဘုန်းကံပြည်သူ့စစ်ရွာကိုRocket အလုံး(၂၀) ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်


ဖေဖော်ဝါရီလ ၅ရက်။

ဖေဖော်ဝါရီလ ၅ရက်မှာ စစ်ရေးသတင်းကို Young Force - UGကအတည်ပြုပါတယ်။


"ဖေဖော်ဝါရီလ ၄ရက်နေ့မနက်ပိုင်းတွင် မကွေးတိုင်းပခုက္ကူမြို့ (၂၅၂) တပ်နှင့်အနောက်ဘုန်းကံပြည်သူ့စစ်ရွာကိုRocket အလုံး(၂၀) ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ ဆိုပါတယ်။


တိုက်ခိုက်မှုတွင် လက်နက်ကြီးများတပ်တွင်းဧရိယာထဲသို့ ကျရောက်ပေါက်ကွဲ၍ အထိခိုက်အပျက်စီးများ ရှိကြောင်း၊ ကတုတ်ကျင်းများထဲသို့ အလုအယက် ပြေးပုန်းကြတယ်လို့ နောက်ဆက်တွဲ သတင်းရရှိပါတယ်။


၎င်းတိုက်ခိုက်မှုများကို မြိုင်-ပခုက္ကူမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ()မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၆။ ပြည်သူများထံ ငွေတောင်းခံနေတဲ့ စစ်ကောင်စီ တပ်သား ဦးကို သေပစ်ခတ် ဖမ်းဆီးခဲ့ပြီး ဦးက အရှင် ဖမ်းဆီးရမိ


ဖေဖော်ဝါရီလ ၅ရက်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ မြို့ရှောင်လမ်းပေါ်တွင် ခရီးသွားပြည်သူများထံ ငွေတောင်းခံနေတဲ့ စစ်ကောင်စီတပ်သား ဦးနဲ့ ၎င်းရဲ့ အဖော်ဖြစ်သူကို သွားရောက်ဖမ်းဆီးခဲ့ရာမှာ ဦးသေဆုံးပြီး ဦးအရှင် ဖမ်းမိခဲ့တယ်လို့ မိုးညှင်း K-PDF တပ်ရင်းက သိရပါတယ်၊။


ပြည်သူများရဲ့ သတင်းပေးပို့မှုကြောင့် ၎င်းစစ်ကောင်စီ တပ်သား ဦးကို ဖေဖော်ဝါရီလ ရက် နေ့မှာ သွားရောက်ဖမ်းဆီးခဲ့ပြီး လက်နက်ဖြင့် ပြန်လည်ခုခံရန် ကြိုးစားခဲ့သော စစ်ကောင်စီ တပ်သား ဦးအား အသေပစ်ခတ်ခဲ့ရတယ်လို့ မိုးညှင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက သတင်းထုတ်ပြန် ထားပါတယ်။


လက်နက်မပါတဲ့ ကျန်တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းစစ်ကောင်စီတပ်သား ကိုင်ဆောင်တဲ့ သေနတ်တစ်လက်နဲ့အတူ ဖုန်းနှစ်လုံးကို မိုးညှင်း K-PDF တပ်ရင်းမှ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


မိုးညှင်းမြိုနယ်နေ ပြည်သူများအနေဖြင့် စစ်ကောင်စီနဲ့ ပတ်သတ်တဲ့ သတင်းများကို မိုးညှင်း K-PDF တပ်ရင်းထံ အချိန်နှင့်တပြေးညီ ဆက်သွယ်သတင်းပေးပို့ ကြဖို့ကိုလည်း မိုးညှင်း K-PDF မှ တောင်းဆိုထားပါတယ်။


========================


🚩🚩 ၇။ ရေဦးမြို့နယ်ရှိကျေးရွာများမှာ စကစတပ်များမီးရှို့သောင်းကျန်းနေ၍ ရွာပေါင်း ၁၅ရွာမှ ပြည်သူတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရ


ဖေဖော်ဝါရီလ ၅ရက်။

ရေဦးမြို့နယ်ရှိကျေးရွာများမှာ စကစတပ်များ မီးရှို့သောင်းကျန်းနေ၍ ရွာပေါင်း ၁၅ရွာမှ ပြည်သူတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖေဖော်ဝါရီလ ၅ရက်မှာ Khin U Local People Defence Forceကအသိပေးဆိုပါတယ်။


"ဖေဖော်ဝါရီ ၅ရက် နံနက်ပိုင်း ရေဦးမြို့ တိုင်းရင်းဆေးရုံးမှ ထွက်လာသော အကြမ်းဖက် စကစ တပ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဟာ ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာ/မူးသာကျေးရွာကြားမှ ဖြတ်၍ ခင်ဦးမြို့နယ် ညောင်ပင်ခြံကျေးရွာ/မရမ်းအင်းကျေးရွာမှတဆင့် သဲကုန်းကြီးရွာအား မီးရှို့တပ်စွဲနေသည့်အတွက် အနီးအနားကျေးရွာရှိ ရွာပေါင်းဆယ့်ငါးရွာမှ ပြည်သူတသောင်းကျော်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရတယ်"လို့ဆိုပါတယ်။


ပြည်သူအချို့မှာလည်း စကစတပ်ရဲ့ဖမ်းဆီးခြင်းကို ခံထားရပြီး အနီးအနားကျေးရွာရှိ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များ အထူးဂရုပြုဖို့အသိပေးဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment