7th FEB 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ရန်သူကလူမဆန်အောင်ရက်စက်ယုတ်မာနေပြီဖြစ်လို့ တော်လှန်ရေးအင်အားစုများ သတိပြုရန်လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၂။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်စေရန်ကုလသမဂ္ဂ၊ ကုလသမဂ္ဂ၏ ပင်မအဖွဲ့အစည်းများနှင့် လက်အောက်ခံ အေဂျင်စီ များအနေဖြင့်  ပါဝင်အားဖြည့်ပေးကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို

📌 ၃။ လုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အား အတည်ပြုချမှတ်ခဲ့သော်လည်း စစ်တပ်က မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို အဆက်မပြတ် ကျူးလွန်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းသတင်းစာရှင်းလင်းပွဲပြုလုပ်

📌 ၄။ ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ ဂျပန်နိုင်ငံခြားရေး ပါလီမန်၊ ဒုတိယဝန်ကြီးနှင့် တွေ့ဆုံကာမြန်မာအရေး တောင်းဆိုလွှာပေးအပ်ခဲ့

📌 ၅။ မြေမြှုပ်မိုင်းများရှင်းလင်းရန် မိုင်းရှင်းလင်းရေးကိရိယာများ အရေးတကြီးလိုအပ်နေဟု ညီနောင် ဖွဲ့ထုတ်ပြန်

📌 ၆။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၉) ဦးရှိ


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်း ၂ရင်းနှင့် မောင်တောမြို့ရှိ တောင်ပြိုလက်ဝဲ စစ်ကောင်စီစခန်းကို သိမ်းယူနိုင်ခဲ့ပြီဟု ညီနောင် ဖွဲ့ ထုတ်ပြန်

🚩 ၂။ ရက္ခိုင့်တပ်တော်၏ထိုးစစ်ကြောင့် ဘင်္ဂလာ‌‌ဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်ဖြင့် ထွက်ပြေး လွတ်မြောက်သွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်စုစုပေါင်းမှာ သုံးရက်အတွင်း (၂၀၀) ကျော်ရှိ

🚩 ၃။ ပဲခူးတိုင်း ထန်းတပင် မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ဆေးရေးဂိတ်၊ ခလရ ၇၃၊ ချောင်းချာစခန်းနဲ့ ရှားစေလိုးစခန်းတွေကိုတော်လှန်ရေးတပ်များဝင်ရောက်တိုက်ခိုက်

🚩 ၄။ မုံရွာ-ပုသိမ်လမ်းပိုင်းတွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချောင်းဦးနယ် ကန်ကြီးကုန်းရွာရှိ စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်

🚩 ၅။ လောင်းလုံးမြို့  လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို တော်လှန်ရေးတပ်များဝင်ရောက်တိုက်ခိုက်နိူင်ခဲ့ပြီး ရန်သူ့တပ်စွဲထားရာဌာနဆိုင်ရာရုံးများအား မီးရှို့ရှင်းလင်း

🚩 ၆။ ရေဦးမြို့နယ်ရှိကျေးရွာများသို့ အကြမ်းဖက်စစ်တပ်ကဝင်ရောက်သောင်းကျန်းမှုများရှိနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရန်သူကလူမဆန်အောင်ရက်စက်ယုတ်မာနေပြီဖြစ်လို့ တော်လှန်ရေးအင်အားစုများ သတိပြုရန်လူ့အခွင့်ရေးရာဝန်ကြီးဆို


ဖေဖော်ဝါရီ၇ရက်


ရန်သူကလူမဆန်အောင်ရက်စက်ယုတ်မာနေပြီဖြစ်လို့ တော်လှန်ရေးအင်အားစုများ သတိပြုရန်ဖေဖော်ဝါရီ၆ရက်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကသတိပေးပြောပါတယ်။


"ရန်သူက  လူမဆန်အောင် ရက်စက်ယုတ်မာတယ်။သတင်းတင်ဖို့အတွက် လုံခြုံရေးမပေါ့ကြပါနဲ့"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ()ရက်နေ့က ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ Alliance Operation တွင် YDFရဲဘော်နှစ်ဦးကို  စကစတပ်နဲ့ပျူစောထီးများကအရှင်ဖမ်းဆီးရမိကာလတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်စေရန်ကုလသမဂ္ဂ၊ ကုလသမဂ္ဂ၏ ပင်မအဖွဲ့အစည်းများနှင့် လက်အောက်ခံ အေဂျင်စီ များအနေဖြင့်  ပါဝင်အားဖြည့်ပေးကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို


ဖေဖော်ဝါရီ၇ရက်


နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၄ ခုနှစ်အတွက် UNDP, UNFPA and UNOPS Executive Board ပထမအကြိမ်ပုံမှန်အစည်းအဝေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်စေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်း၊ အထူး အားဖြင့် ကုလသမဂ္ဂ၊ ကုလသမဂ္ဂ၏ ပင်မအဖွဲ့အစည်းများနှင့် လက်အောက်ခံ အေဂျင်စီ များအနေဖြင့် စုပေါင်းအင်အားများကို အကျိုးရှိရှိအသုံးချကာ ပါဝင်အားဖြည့်ပေးကြရန် တောင်းဆိုလိုပါကြောင်း"သံအမတ်ကြီးကပြောကြားပါတယ်။


ထို့အပြင် လူမဆန်သောစစ်တပ်သည် မတရားစစ်အာဏာသိမ်းမှု တလျှောက်တွင်လည်း အပြည်ပြည်ဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် စုပေါင်းပြစ်ဒဏ်ပေးမှုများကို ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများမြောက်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ လုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အား အတည်ပြုချမှတ်ခဲ့သော်လည်း စစ်တပ်က မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို အဆက်မပြတ် ကျူးလွန်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းသတင်းစာရှင်းလင်းပွဲပြုလုပ်


ဖေဖော်ဝါရီ၇ရက်


ဖေဖော်ဝါရီလ ရက်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းက နယူးယောက်မြို့တွင် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါတယ်။


"အာဏာသိမ်း စစ်တပ်ကမူ ပြီးခဲ့သော () နှစ်တာ ကာလအတွင်း၌ လူပေါင်း (,၄၀၀) ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ ၎င်းတို့ကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ (.) သန်း ကျော်ရှိလာကြောင်း၊ စစ်တပ်၏ တပ်ဖွဲ့ဝင်များကလည်း ဘာသာရေးအဆောက်အဦများ အပါအဝင် အရပ်သားပြည်သူပိုင်အဆောက်အဉီ (၈၆,၀၀၀) ကျော်အား ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ယခုအခါ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ အရေးတကြီးလိုအပ်နေသူ (၁၉) သန်းခန့်ရှိပြီး၊ လူဦးရေထက်ဝက်မှာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရကြောင်း၊၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ လုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အား အတည်ပြုချမှတ်ခဲ့သော်လည်း စစ်တပ်က မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


 စစ်တပ်မှ အဆိုပါ ဆုံးဖြတ်ချက်အဆိုအား အပြည့်အဝ လိုက်နာမှုရှိစေရန် လုံခြုံရေးကောင်စီ အနေဖြင့် ယနေ့တိုင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် ယင်းဆုံးဖြတ်ချက် အဆိုအပေါ် အခြေခံကာ ပိုမို ခိုင်မာအားကောင်း၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်နိုင် မည့် ဆုံးဖြတ်ချက်အဆိုတစ်ခုကို ထပ်မံချမှတ်ရန် လိုအပ်လျက်ရှိသည်မှာ သိသာထင်ရှားတယ်လို့ သံအမတ်ကြီးကဆိုပါတယ်။


========================


📌📌 ၄။ ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ ဂျပန်နိုင်ငံခြားရေး ပါလီမန်၊ ဒုတိယဝန်ကြီးနှင့် တွေ့ဆုံကာမြန်မာအရေး တောင်းဆိုလွှာပေးအပ်ခဲ့


ဖေဖော်ဝါရီ၇ရက်


ဂျပန်နိုင်ငံခြားရေးပါလီမန်၊ ဒုတိယဝန်ကြီး Mr.Komura Masahiru ဦးဆောင်သော နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ဂျပန်ရောက် မြန်မာနိုင်ငံသားကိုယ်စားလှယ်အချို့အား ဖေဖော်ဝါရီလ ရက်နေ့၊ နံနက်ပိုင်းတွင် ဂျပန်နိုငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။


ထို့နောက် မြန်မာနိုင်ငံသားကိုယ်စားလှယ်များမှ ပေးအပ်သော ဂျပန်လွှတ်တော်အမတ်များ ထောက်ခံ လက်မှတ်ရေးထိုးထားသည့် အချက် ချက်ပါ မြန်မာပြည်သူလူထု၏ တောင်းဆိုလွှာအား တိုက်ရိုက်လက်ခံရယူခဲ့ပါတယ်။


အဆိုပါတွေဆုံပွဲတွင် မြန်မာနိုင်ငံသားကိုယ်စားလှယ်များက စစ်တပ်မှ မတရားသဖြင့် တိုင်းပြည်အာဏာသိမ်းယူမှု ၃နှစ်တာကာလ၏ မြန်မာပြည်အခြေအနေများနှင့် မြန်မာပြည်သူများ ကြုံတွေ့ခံစားနေရသော အခက်အခဲများအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပါလီမန်၊ ဒုတိယဝန်ကြီးမှ မြန်မာပြည်သူများ၏ ဆန္ဒနှင့်အသံကို လေးလေးနက်နက်နားထောင်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းရာတွင် မြန်မာ့အရေးပြန်လည်ကောင်းမွန်လာရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ မြေမြှုပ်မိုင်းများရှင်းလင်းရန် မိုင်းရှင်းလင်းရေးကိရိယာများ အရေးတကြီးလိုအပ်နေဟု ညီနောင် ဖွဲ့ထုတ်ပြန်


မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ မိုင်းရှင်းလင်းရေးကိရိယာတွေ အရေးတကြီးလိုအပ်နေတာကြောင့် ကူညီပေးလိုသူတွေအနေနဲ့ နည်းပညာနဲ့ ကိရိယာတွေ ကူညီပေးနိုင်တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က အသိပေး ပြောဆို လိုက်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ၁ဝ၃ ရက်မြောက်နေ့ တိုက်ပွဲသတင်းတွေထုတ်ပြန်ရာမှာ ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်း၊စွန်လွှတ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ပစ္စည်း တွေ ရှင်းလင်းရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို ညီနောင်မဟာမိတ် ဖွဲ့က စနစ်တကျလုပ်ဆောင်နေတာ ကြောင့် အခုလို အသိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလ ရက်နေ့ကလည်း သီပေါနဲ့နမ္မတူမြို့ကို ဆက်သွယ်ထားတဲ့ မိုးတေတံတားအနီးမှာ စစ်ကောင်စီဘက်က ထောင်ထားတဲ့ မြေမြှုပ်မိုင်း လုံးကို တအာင်းတပ်မတော် TNLA က ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

ညီနောင်မဟာမိတ် ဖွဲ့အနေနဲ့ မိမိတို့သိမ်းပိုက်ထိမ်းချုပ်ထားတဲ့ နယ်မြေတွေအတွင်းမှာ တရားဥပဒေစိုးမိုးရေး၊ နယ်စပ် ရေးရာလုံခြုံရေး၊ ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ ပပျောက်စေရေးအပါအဝင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ အပြည့်အဝရရှိစေဖို့လည်း ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ 

ဒါကြောင့် မိမိတို့ရဲ့ စီမံအုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ပြီး အသက်ဝင်စေဖို့အတွက်လည်း မိမိတို့မှာရှိတဲ့ လူ့အရင်းအမြစ် တွေ စတင်လုပ်ဆောင်နေပြီလို့ အသိပေးထားပါတယ်။  

အကြမ်းဖက်စစ်ကောင်စီဟာ ၎င်းတို့ကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုအပေါ်မှာ ဖက်စစ်စိတ်ဓာတ်အပြည့်နဲ့ စစ်ရာဇဝတ်မှုတွေ လက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန်နေတာဟာ လူားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ထို့အပြင် ကရင်နီပြည် ဒီးမော့ဆိုမြို့အနောက်ခြမ်းက စာသင်ကျောင်းကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေသေဆုံးခဲ့ရတဲ့အပေါ်မှာလည်း ညီနောင်မဟာမိတ် ဖွဲ့က အပြင်းအထန် ပစ်တင်ရှုတ်ချလိုက်ပါတယ်။


========================


📌📌 ၆။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၉) ဦးရှိ


ဖေဖော်ဝါရီ၇ရက်


၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၉) ဦး ရှိပြီဖြစ်တယ်လို့AAPPကဖေဖော်ဝါရီလ ရက်နေ့မှာအတည်ပြုဆိုပါတယ်။


ထို့အပြင် မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။


ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၂) ဦး ရှိပြီဖြစ်တယ်လို့သိရပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၉၈၇) ဦးရှိပြီး ထိုအထဲမှ (၂၀၀၄၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၇၅၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်း ၂ရင်းနှင့် မောင်တောမြို့ရှိ တောင်ပြိုလက်ဝဲ စစ်ကောင်စီစခန်းကို သိမ်းယူနိုင်ခဲ့ပြီဟု ညီနောင် ဖွဲ့ ထုတ်ပြန်


ရခိုင်ပြည်နယ် မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်း ရင်းနဲ့ မောင်တောမြို့နယ်မှာရှိတဲ့ တောင်ပြိုလက်ဝဲ စစ်ကောင်စီ စခန်းကို ရခိုင့်တပ်တော် AA က ဇန်နဝါရီလ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ပါတယ်။ 


မင်းပြားမြို့နယ်ထဲက စကခ လက်အောက်ခံတပ်ရင်းတွေထဲက လက်ကျန်တပ်ရင်းတွေဖြစ်တဲ့ အမှတ် -၃၇၉ ခြေမြန် တပ်ရင်းနဲ့ အမှတ် ၅၄၁ ခြေမြန်တပ်ရင်းကို ရခိုင့်တပ်တော် AA က ထပ်မံသိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က အတည်ပြုထားပါတယ်။

မင်းပြားမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တာကြောင့် မင်းပြားမြို့နယ်ဟာ စစ်ကောင်စီတပ် ကင်းစင်တဲ့ မြို့နယ်တခုဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

ထို့အပြင် မောင်တောမြို့နယ်မှာရှိတဲ့ တောင်ပြိုလက်ဝဲ စစ်ကောင်စီစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ် လို့ ညီနောင်မဟာမိတ် ဖွဲ့က အသိပေးထားပါတယ်။

မောင်တောမြို့နယ်မှာရှိတဲ့ တောင်ပြိုလက်ဝဲ နဲ့ တောင်ပြို လက်ယာ စစ်ကောင်စီစခန်းတွေကို ရခိုင်တပ်တော် AA က ဖေဖော်ဝါရီလ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲပထမနေ့မှာပဲ တောင်ပြိုလက်ယာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်က မောင်တောမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေကို ရခိုင့်တပ်တော်က ထိုးစစ် ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်နဲ့တကွ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် အရေအတွက်ဟာ ၂ဝဝ ကျော်ရှိသွားပြီလို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ရက္ခိုင့်တပ်တော်၏ထိုးစစ်ကြောင့် ဘင်္ဂလာ‌‌ဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်ဖြင့် ထွက်ပြေး လွတ်မြောက်သွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်စုစုပေါင်းမှာ သုံးရက်အတွင်း (၂၀၀) ကျော်ရှိ


ဖေဖော်ဝါရီ၇ရက်


ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာဖေဖော်ဝါရီ၆ရက်တတိယမြောက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ ရခိုင့်တပ်တော်AAကအတည်ပြုဆိုပါတယ်။


ထို့အပြင် ဖေဖော်ဝါရီလ () ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်ခဲ့သည့် ရက္ခိုင့်တပ်တော်၏ထိုးစစ်ကြောင့် ဘင်္ဂလာ‌‌ဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်ဖြင့် ထွက်ပြေး လွတ်မြောက်သွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်စုစုပေါင်းမှာ သုံးရက်အတွင်း (၂၀၀) အထက်ရှိသွားပြီဖြစ်တယ်လို့ဆိုပါတယ်။ 


စစ်ကောင်စီ၏ စစ်ဖက်၊ ရဲဖက်နှင့် အုပ်ချုပ်ရေးဖက်ဆိုင်ရာ တပ်ဖွဲ့ဝင်များသည် ရက္ခိုင်ဒေသတွင်း ရက္ခိုင့်တပ်တော်မှ စစ်ဆင်ရေးဖော်ဆောင်လာသည့်အချိန်မှစ၍ ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံလာသူများမှာ တစ်နေ့တစ်ခြား ပိုမိုများပြားလာလျက်ရှိတယ်လို့လည်းဆိုပါတယ်။


========================


🚩🚩 ၃။ ပဲခူးတိုင်း ထန်းတပင် မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ဆေးရေးဂိတ်၊ ခလရ ၇၃၊ ချောင်းချာစခန်းနဲ့ ရှားစေလိုးစခန်းတွေကိုတော်လှန်ရေးတပ်များဝင်ရောက်တိုက်ခိုက်


ဖေဖော်ဝါရီ၇ရက်


ပဲခူးတိုင်း ထန်းတပင် မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ဆေးရေးဂိတ်၊ ခလရ ၇၃၊ ချောင်းချာစခန်းနဲ့ ရှားစေလိုးစခန်းတွေကိုတော်လှန်ရေးတပ်များဝင်ရောက်တိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။


ယနေ့ ဖေဖော်ဝါရီ ရက် မနက် နာရီ ၄၀ ခန့်ကနေစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။


"ပဲခူး၊ ထန်းတပင်၊ ဇရပ်ကြီးမြို့KNLA, PDF, BPLA"လို့ BPLAမှ ခေါင်းဆောင် မောင်ဆောင်းခကလည်းဆိုရှယ်မီဒီယာမှာ အသိပေးဖော်ပြထားပါတယ်။


လက်ရှိမှာတော့ သိမ်းပိုက်လိုက်တဲ့ နေရာတွေလည်း ရှိနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းများ လုပ်ဆောင်နေတယ်လို့PDFInsightကလည်းဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ မုံရွာ-ပုသိမ်လမ်းပိုင်းတွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချောင်းဦးနယ် ကန်ကြီးကုန်းရွာရှိ စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်


စစ်ကိုင်းတိုင်းထဲက မုံရွာ- ပုသိမ်လမ်းပိုင်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချောင်းမြို့နယ်နယ်ထဲက ကန်ကြီးကုန်းရွာမှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ရက်နေ့က ဝမ်ပေါင်ကုမ္မဏီမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝမ်ပေါင်ကုမ္မဏီကနေ မိုးကြိုး ဆာလဖြူရစ် အက်စစ်စက်ရုံအထိ မုံရွာ-ပုသိမ်လမ်းအတိုင်း လုံခြုံရေးကင်းပုန်းတွေချဖို့ ထွက်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Regional Friend Fighters- RFF က ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး မိုင်းထိမှန်ခဲ့ရာ မိုင်းထိမှန်သွားတဲ့ ဒဏ်ရာရစစ်သားတွေရဲ့ သွေးကွက်တွေကို သဲတွေ၊ မြေတွေနဲ့ဖုံးအုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၇၊ ၃၆ နဲ့ ယင်းမာပင်မြို့နယ် တိုက်နယ် ပကဖ Regional Friend Fighters- RFF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ထိုအတူ ဖေဖော်ဝါရီ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်ထဲက ကံကြီးကုန်းပျူရွာက စစ်ကောင်စီအထိုင်စခန်း ကိုတွေကို ဒရုန်းနဲ့ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေးအဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း - (Farmers Revolution Force) မတ္တရာမြို့နယ်-ပကဖတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၅။ လောင်းလုံးမြို့  လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို တော်လှန်ရေးတပ်များဝင်ရောက်တိုက်ခိုက်နိူင်ခဲ့ပြီး ရန်သူ့တပ်စွဲထားရာဌာနဆိုင်ရာရုံးများအား မီးရှို့ရှင်းလင်း


ဖေဖော်ဝါရီ၇ရက်


ဇန်နဝါရီ၃၀ရက်မနက်ပိုင်းတွင် လောင်းလုံးLLPDFနှင့်မဟာမိတ် ပူးပေါင်းတပ်များဟာ လောင်းလုံးမြို့ပေါ်စစ်ဆင်ရေးကိုဆင်နွှဲခဲ့တယ်လို့ဖေဖော်ဝါရီ၇ရက်မှာ စစ်ရေးသတင်းကို လောင်းလုံး LLPDFကအတည်ပြုပါတယ်။


စစ်ဆင်ရေးအတွင်း တော်လှန်ရေးပူးပေါင်းတပ်များကရန်သူတပ်စွဲထားသည့် လောင်းလုံးမြို့  လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ထို့နောက် လဝကရုံးနဲ့စရဖရုံးအား ဝင်ရောက်စီးနင်းနိူင်ခဲ့ပြီး စာရင်းစစ်ရုံးနှင်ပြတ်ချာလည်ရှိရန်သူတပ်စွဲထားရာ ရုံးများအားမီးရှို့ခဲ့တယ်လို့ဆိုပါတယ်။


တိုက်ပွဲတွင်းစကစတပ်ကငါးဦးသေဆုံးကာ ၄င်းတို့ရေတပ်စစ်ရေယာဥ်မှ လက်နက်ကြီးပစ်ကူနှင့် လက်နက်ကြီးအလုံးပေါင်း ၂၀ ကျော်ထက်မနည်းပစ်ကူပေးခဲ့ပါတယ်။


========================


🚩🚩 ၆။ ရေဦးမြို့နယ်ရှိကျေးရွာများသို့ အကြမ်းဖက်စစ်တပ်ကဝင်ရောက်သောင်းကျန်းမှုများရှိနေ


ဖေဖော်ဝါရီ၇ရက်


စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်ရှိကျေးရွာများသို့ အကြမ်းဖက်စစ်တပ်ကဝင်ရောက်သောင်းကျန်းမှုများရှိနေတယ်လို့ သတင်းရရှိပါတယ်။


ဖေဖော်ဝါရီ၇ရက်စကစတပ်များရဲ့ တပ်လှုပ်ရှားမှုကို ရေဦးပကဖကအတည်ပြုဆိုပါတယ်။


"ယနေ့မနက်စကစတပ်များ ထန်းတောရွာသို့ မဝင်ဘဲ ငုတ်တုံရွာသို့ ဦးတည်နေပါတယ်"လို့ဆိုပါတယ်။


ဖေဖော်ဝါရီ၆ရက်ညပိုင်းကလည်း ရေဦးမြို့နယ်ကုက်ကိုစုရွာအတွင်းသို့ရောက်ရှိခဲ့ပြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment