7th FEB 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ /၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးကျင်းပရာ ဘုံသဘောထား ရပ်တည်ချက်ထဲမှ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆွေးနွေး

📌 ၂။ အကြမ်းဖက်စစ်ကောင်စီဟာ လူ့အဖွဲ့အစည်းကိုပါ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား

📌 ၃။ ရန်ကုန်လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် ရန်ကုန်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ရပ်ကို အဖွဲ့ဝင် ()ဦးစီဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်

📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲစည်းပုံ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှု ဆိုင်ရာကော်မရှင် အစည်းအဝေး(/၂၀၂၄)ကျင်းပ

📌 ၅။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၇၅) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၂) ဦး ပါဝင်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားတဲ့ ကောလင်းမြိုကို စစ်တပ်က စစ်ကြောင်း ခု၊ အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး ကျေးရွာများကို မီးရှိဖျက်ဆီးနေ

🚩 ၂။ ဆီဆိုင်မြိုနယ် လွယ်ပွတ်ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု တို့ကြောင့် ရွာခံနေအိမ်များ မီးလောင်နေ

🚩 ၃။ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ Alliance Operation တွင် YDFရဲဘော်နှစ်ဦးကို စကစတပ်ကဖမ်းဆီးရမိကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့

🚩 ၄။ သိမ်ဇရပ် ရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၅။ ရေစကြိုမြိုနယ်တွင် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ချမ်းမြေ့အောင် စီးလာတဲ့ကား ပစ်ခတ် တိုက်ခိုက်ခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ /၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးကျင်းပရာ ဘုံသဘောထား ရပ်တည်ချက်ထဲမှ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆွေးနွေး


ဖေဖော်ဝါရီလ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ (/၂၀၂၄) အစိုးရအဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီလ ၆ရက်မှာ ကျင်းပခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။


အစည်းအဝေးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ခဲ့တဲ့ "စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များရဲ့ ဘုံသဘောထားရပ်တည်ချက်"တွေထဲက လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအဖွဲ့ဝင်တွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဘုံသဘောထားရပ်တည်ချက်ရဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ထဲမှာ အကြမ်းဖက် စစ်ကောင်စီ/ မြန်မာစစ်တပ်အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း/ပြည်ပ) ဖိအားပေးခြင်း မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် () ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနဲ့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်းတို့အပါအဝင် လုပ်ငန်းစဉ် ချက်ပါဝင်တာ ဖြစ်ပါတယ်။


အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီဟာ လူ့အဖွဲ့အစည်းကိုပါ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား


ဖေဖော်ဝါရီလ ၆ရက်။

အကြမ်းဖက်စစ်ကောင်စီဟာ လူ့အဖွဲ့အစည်းကိုပါ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဖေဖော်ဝါရီလ ၆ရက် ဆိုရှယ်မီဒီယာမှတဆင့် ပြောကြားလိုက်ပါတယ်။


"အကြောက်တရား နဲ့ terrified လုပ်ပြီး ရက်စက်ကြမ်းကြုပ်မှုကို အမြင့်ဆုံး လုပ်ပြ၊ တဖက်က ကျွန်မတို့ တော်လှန်ရေးနဲ့ ပြည်သူဘက်ကိုလည်း သေချာ တော်လှန်ရေးစံတန်ဖိုးတွေကို ထိမ်းမရအောင် Hate  Crime တွေ မဖြစ်ဖြစ်အောင်၊ ရည်ရွယ်ချက်ရှိရှိ instigate လုပ်နေတာ။ လူ့အသက်တွေကို ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်ပြရုံတင်မကဘူး၊ လူ့အဖွဲ့အစည်းကိုပါ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင် လုပ်နေတာ။ အင်မတန်မှ ကြီးလေးတဲ့ ရာဇဝတ်မှု-လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်ကောင်တွေ" လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ () ရက်နေ့ နံနက် ၁၀ နာရီ ၁၅မိနစ် အချိန်ခန့်တွင် ကရင်နီပြည်(ကယားပြည်နယ်) ဒီမောဆိုမြို့ အနောက်ဘက်ခြမ်း ဒေါဆီအီရွာရှိ ..က စာသင်ကျောင်းဆောင် () ဆောင်အား ကလေးငယ်များ စာသင်ကြားနေချိန်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ကလေးငယ် () ဦးနှင့် အရပ်သား () ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


ဒါ့အပြင် ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ Alliance Operation တွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးအား စကစတပ်က ဖမ်းဆီးရမိကာ အရှင်လတ်လတ်မီးရှိူ့သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၃။ ရန်ကုန်လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် ရန်ကုန်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ရပ်ကို အဖွဲ့ဝင် ()ဦးစီဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်


ဖေဖော်ဝါရီလ ၆ရက်။

ရန်ကုန်လွှတ်တော် ဆဌမအကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ()ရက်နေ့ နံနက် နာရီက အွန်လိုင်းzoom meeting ဖြင့် ကျင်းပခဲ့ပါတယ်။


 အစည်းအဝေးတွင် သဘာပတိအဖြစ် လမ်းမတော်မြို့နယ်မဲဆန္ဒနယ်အမှတ်()မှ ဒေါ်အေးအေးမာက ဆောင်ရွက်ပြီး တက်ရောက်ခွင့်ရှိသည့် ရန်ကုန်လွှတ်တော်ကိုယ်စားလှယ်များအနက် ၅၂ ဦး တက်ရောက်ခဲ့တဲ့အတွက် အစည်းအဝေးအထမြောက်ကြောင်း ကြေညာခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှအဖွဲ့ဝင်များ၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုအလုပ်ကော်မတီဝင်များနှင့် ရန်ကုန်တိုင်းအလုပ်အမှုဆောင်များ၊ မိတ်ဖက်နိုင်ငံရေးအင်အားစုများ၊ ရန်ကုန်သပိတ်အဖွဲ့၊ ရန်ကုန်ပညာရေးဘုတ်အဖွဲ့၊ ရွေးကောက်ခံစည်ပင်ကိုယ်စားလှယ်များအစုအဖွဲ့၊ ပအဖ၊ ပကဖ၊ ပလဖ မှ ကိုယ်စားလှယ်များက အထူးဖိတ်ကြားထားသောဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ကြပါတယ်။ 


အစည်းအဝေးတွင် ရန်ကုန်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပုဇွန်တောင်မြို့နယ်မဲဆန္ဒနယ်အမှတ်()က ဦးတင့်လွင်ကို တင်မြှောက်ခဲ့ကြပြီး၊ ဒုဥက္ကဋ္ဌအဖြစ် တာမွေမြို့နယ်မဲဆန္ဒနယ်အမှတ်()က ဦးသိန်းမြင့်ကို တင်မြှောက်ခဲ့ကြပါတယ်။


 ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့က လွှတ်တော်နှင့် သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြပါတယ်။


ထို့နောက် ရန်ကုန်လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် ရန်ကုန်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ရပ်ကို အဖွဲ့ဝင် ()ဦးစီဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း လွှတ်တော်က အတည်ပြုကြေညာခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲစည်းပုံ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှု ဆိုင်ရာကော်မရှင် အစည်းအဝေး(/၂၀၂၄)ကျင်းပ


ဖေဖော်ဝါရီလ ၆ရက်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲစည်းပုံ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှု ဆိုင်ရာကော်မရှင် အစည်းအဝေး(/၂၀၂၄)ကို ဖေဖော်ဝါရီလ ၆ရက်မှာ ကွန်ဖရင့် မှတဆင့် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် အစုအဖွဲ့ အသီးသီးမှ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကော်မရှင်၏ ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ကြပါတယ်။


CRSFUH မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများလည်း လေ့လာသူအဖြစ်တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား(၁၃း၁၅)နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၅။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၇၅) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၂) ဦး ပါဝင်


ဖေဖော်ဝါရီလ ၆ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဖေဖော်ဝါရီလ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၇၅) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၂) ဦး ပါဝင်တယ်လို့ဆိုပါတယ်။

အဆိုပါ (၇၅) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၂၂) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်ပြီး စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ (၃၂) ဦးဖြင့် အများဆုံးဖြစ်တယ်လို့သိရပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၄၈၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားတဲ့ ကောလင်းမြိုကို စစ်တပ်က စစ်ကြောင်း ခု၊ အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး ကျေးရွာများကို မီးရှိဖျက်ဆီးနေ


ဖေဖော်ဝါရီလ ၆ရက်။

တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီ တပ်က စစ်ကြောင်း ခု အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာပြီး ၎င်းစစ်ကြောင်း ဖြတ်သန်းရာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေတယ်လို့ Kawlin Revolution - KR အဖွဲ့ထံက သိရပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်များက ကောလင်းမြိုနယ် တောင်ဘက်နဲ့ မြောက်ဘက်ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာတာဖြစ်ပြီး ရက်နေ့ ရက်နေ့တွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ ( ရက်နေ့) အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ် လို့ ဆိုပါတယ်။


အဆိုပါ စစ်ကောင်စီ စစ်ကြောင်းများဟာ ဖေဖော်ဝါရီလ ရက်နေ့ မနက် နာရီ အချိန်မှာ ကောလင်းမြို့နယ် ဇီးခုံကျေးရွာကို ရောက်ရှိလာပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။


ထို့အပြင် ထို့နေ့ မနက်ပိုင်းက ဇီးခုံကျေးရွာအနီးတွင် တိုက်ပွဲတစ်ကြိမ်၊ ကောလင်းအနောက် ညောင်ပင်သာရွာနှင့် ကျောက်ကာရွာအကြားတွင် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က အထိနာခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဆီဆုံရွာကို မီးရှို့ဖျက်ဆီးနေပါတယ်။


လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ကောလင်းမြောက်ဘက်၊ အောင်ချမ်းသာ ကျေးရွာနှင့် ပေကုန်းကျေးရွာကို ဝန်းသိုတပ်မှ ကား စီးဖြင့် စစ်အင်အား အများအပြား ထပ်မံဖြည့်တင်းထားပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်များက ဝန်းသိုမြို၊ အင်ကပင်၊ အောင်းကုန်းရွာဘက်မှ စစ်ကြောင်း ကြောင်း၊ ဇီးဖြူပင်ရွာမှ ကြောင်း၊ အလယ်ခုန်နှင့် ဥရှစ်ခုန်ရွာကြားမှ ကြောင်း၊ ကန့်ဘလူမြို ကိုးတောင်ဘို၊ ဝါးရုံခုန်ရွာမှ ကြောင်း၊ ဆီဆုံရွာမှ ကြောင်းနှင့် လှည်းပွဲရွာမှ ကြောင်းတို့ဖြင့် စစ်ကြောင်းခွဲကာ ထိုးစစ်ဆင်နေကြောင်း ကောလင်းခရိုင် တပ်ရင်း ()ကထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဆီဆိုင်မြိုနယ် လွယ်ပွတ်ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု တို့ကြောင့် ရွာခံနေအိမ်များ မီးလောင်နေ


ဖေဖော်ဝါရီလ ၆ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ နဲ့ PNLO နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကြားဖေဖော်ဝါရီလ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြိး စစ်ကောင်စီမှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


 ဖေဖော်ဝါရီလ ရက်နေ့ ညနေပိုင်းလောက်က စတင်ပြီး လွယ်ပွတ်ရွာကို လက်နက်ကြီး အလုံး (၅၀) ဝန်းကျင် ပစ်ခတ်ပြီး စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုး လာတာကြောင့် PNLO နှင့် မဟာမိတ် ပူးပေါင်းတပ်များနဲ့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။


ခုတိုက်နေတုန်း။ လက်နက်ကြီးပစ်တာ ရွာထဲကို၊ စကစနဲ့ PNO ပူပေါင်းပြီး ထိုးစစ်ဆင်တာပါ။ အဝေးကနေပဲ လက်နက်ကြီး (၆၀) မမနဲ့ လှမ်းထုတာ။ ပြည်သူအိုးအိမ်တွေပဲ ထိခိုက်တာပေါ့။ ရွာထဲကို သူတို့ ရမ်းပစ်တာက အလုံးရေ များပါတယ်။လို့ PNLO အရာရှိတစ်ဦးက Tachileik News Agency ကို ပြောဆိုထားပါတယ်။


 တိုက်ပွဲဖြစ်လာတော့မှာကို ကြိုသိတာကြောင့် ဒေသခံများကို ယမန်နေ့ မနက်ပိုင်းထဲက စတင် ရှောင်တိမ်းထား ခိုင်းခဲ့ကာ တိုက်ပွဲအတွင်းပိတ်မိပြီး ကျန်ရှိနေတဲ့ ဒေသခံများကိုလည်း လုံခြုံတဲ့နေရာမှာ တာဝန်ယူစောင့်ရှောက်ပေးထားတယ်လို့ PNLO က ဆိုပါတယ်။


 တိုက်ပွဲအတွင်း မနက် ၁၁ နာရီဝန်းကျင်ခန့်က ၎င်းလွယ်ပွတ်ရွာထဲကို စစ်ကောင်စီ လေတပ်က လေယာဉ်ဖြင့် () ကြိမ် လာရောက်ဗုံးကျဲသွားတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၃။ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ Alliance Operation တွင် YDFရဲဘော်နှစ်ဦးကို စကစတပ်ကဖမ်းဆီးရမိကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့


ဖေဖော်ဝါရီ၆ရက်

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ Alliance Operation တွင် YDFရဲဘော်နှစ်ဦးကို စကစတပ်ကဖမ်းဆီးရမိကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဖြစ်စဥ်မှာ၂၀၂၃ ခုနှစ် နှစ်ကုန်ခါနီး နိုဝင်ဘာလအတွင်းဖြစ်ပျက်ခဲ့ကြောင်းသိရပါတယ်။


"၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ()ရက်နေ့က ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ Alliance Operation တွင် ပြည်သူလူထုလွတ်မြောက်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်သူရဲကောင်း ရဲဘော် ဖိုးတေနှင့် ရဲဘော်သားထောင်တို့အား အလေးပြုအပ်ပါတယ်"လို့ ယောကာကွယ်ရေးတပ်YDFကဖော်ပြဆိုထားပါတယ်။


၂၀၂၃ ခုနှစ် နိုဝင်ဘာလ ရက်နေ့ မြောက်ခင်ရန်းကျေးရွာရှိ ပျူစောထီးတပ်ဖွဲ့၊ စစ်တပ်ကို   တော်လှန်ရေး ပူးပေါင်း အဖွဲ့YDF YPDF CNA CDF-KKG နဂါးညီနောင်ပကဖ၊ ယောညီနောင်ပကဖ ပူးပေါင်းထားသော မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွင်း တော်လှန်ရေးရဲဘော် ဦးကို မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးတပ်ဖွဲ့နှင့် စစ်တပ်က ဖမ်းဆီးရမိသွားတာလို့သိရပါတယ်။


ဖမ်းဆီးရမိသော ရဲဘော်များအား ပျူများနှင့်စကစတပ်များက သံကြိုးနှင့်တုပ်ကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှုကိုကျူးလွန်ခဲ့ကြပါတယ်။


========================


🚩🚩 ၄။ သိမ်ဇရပ် ရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်


ဖေဖော်ဝါရီလ ၆ရက်။

ဖေဖော်ဝါရီလ ရက်နေ့ မနက် မိနစ် ၅၀ ခန့်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် နယ်မြေရဲစခန်းကို မဟာမိတ် ပူးပေါင်းအဖွဲ့က  ၆၀ မမ များ Fixed Wing ဒရုန်းများ ဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းမှ ဒရုန်းကို မှန်းဆပြီး လက်နက်ငယ်များနဲ့ ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ Yangon Eagles (EB) အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။


 မနက် :၅၀ လောက် သိမ်ဇရပ် ရဲစခန်းကို ၆၀ မမ တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ ရန်သူ ဘက်က ဒရုန်းကို မှန်းဆပြီး လက်နက်ငယ် ဆက်တိုက်ပစ်ခတ်တာပေါ့။လို့ Yangon Eagles (EB) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိတယ်လို့ သိရပြီး အရေအတွက် တိတိကျကျကို အတည်မပြုနိုင်သေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။


ရန်သူထိခိုက်မှုကတော့ ရှိပါတယ်။ စခန်းထဲကျတယ်လို့ သတင်းရတာကိုး။ လူနာလာသယ်တာ ကိုလည်း ထောက်လှမ်းရရှိ ထားပါတယ်။ သူတို့ ဘက်ကတော့ ထုံးစံအတိုင်း ဟိုနားကျတယ် ဒီနား ကျတယ် ဝါဒဖြန့်တာပေါ့။လို့ Yangon Eagles (EB) အဖွဲ့မှ တာဝန်ရှိသူက ပြောပြပါတယ်။


 အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA IAF (Iron Adventures Force) Yangon Eagles (EB) သိမ်ဇရပ် ပကဖ အင်းတကော် ပကဖ ကဝ ပကဖ နှင့် ရန်ကုန် မြောက်ပိုင်းခရိုင် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 


 ထို့အပြင် ဖေဖော်ဝါရီ ရက်နေ့ နေ့လည် နာရီ ဝန်းကျင်က သိမ်ဇရပ်မြို့ ကျောက်ပုံကြီးကွင်း အနီးကို အင်အား ၁၅ ဦးခန့်ဖြင့် ချဉ်းကပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNU/KNLA အပါအဝင် IAF (Iron Adventures Force) Yangon Eagles (EB) သိမ်ဇရပ် ပကဖ ကျိုက်ထို ပကဖ ပူးပေါင်း အဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ဆက်ပြောပါတယ်။ 


၎င်းတိုက်ပွဲအတွင်း ရန်သူဘက်က ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခဲ့ခြင်း မရှိဘဲ ထိုနေ့ ညနေ နာရီခွဲ ခန့်မှာ စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာ သွားတယ်လို့ Yangon Eagles (EB) က ဆိုပါတယ်။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရက်နေ့ကလည်း သိမ်ဇရပ်မြို့ ခလရ (၂၀၇) အနီး၊ ကျောက်မိုင်းတွင်း ဂိတ်စခန်းကို ၎င်းမဟာမိတ် ပူးပေါင်းအဖွဲ့က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒါဏ်ရာရရှိခဲ့ပါတယ်။


========================


🚩🚩 ၅။ ရေစကြိုမြိုနယ်တွင် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ချမ်းမြေ့အောင် စီးလာတဲ့ကား ပစ်ခတ် တိုက်ခိုက်ခံရ


ဖေဖော်ဝါရီလ ၆ရက်။

 မကွေးတိုင်း၊ ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ချမ်းမြေ့အောင် စီးလာတဲ့ကားကို စောင့်းဆိုင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြိုနယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ထံက သိရပါတယ်။


 ဖေဖော်ဝါရီလ ရက်နေ့ ညနေ နာရီကျော်မှာ ၎င်းဗိုလ်မှူးကြီး ချမ်းမြေ့အောင် စီးနင်းလာတဲ့ အိမ်စီးကားကို ခလရ (၂၅၈) မှအပြန် ရေစကြိုမြို့နယ် မြို့အဝင် ဆိုင်းဘုတ်အနီး မှာ စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


"ပစ်ခတ်တဲ့နေရာက ရေစကြိုရဲစခန်းနဲ့ ဆိုင်းဘုတ်ကြားမှာ။ ပစ်တဲ့အချက်ရေကတော့ မနည်းဘူး။ ကားကမရပ်ဘူး မောင်းပြေးသွားတယ်လို့ ရေစကြို ပကဖ တာဝန်ရှိသူ တစ်ဦးက မြေလတ်အသံကို ပြောကြားထားပါတယ်။


ဗိုလ်မှူးကြီး ချမ်းမြေ့အောင်ဟာ ခလရ (၂၅၇) တပ်ရင်းကဖြစ်ပြီး ရေစကြို-မန္တလေး လမ်းပိုင်းရှိ ခလရ (၂၅၇) တပ်မှ ရေစကြိုမြို့ထဲကို ပြန်လာချိန် သတင်းအရ စောင့်ကြိုပစ်ခတ် ခဲ့တာလို့ဆိုပါတယ်။


ပစ်ခတ်ခံခဲ့ရတာကြောင့် ဗိုလ်မှူးကြီး ချမ်းမြေ့အောင်ရဲ့ ခြေထောက်နဲ့ လက်တွေမှာ ကျည်ထိမှန် ဒဏ်ရာတွေရရှိခဲ့ပြီး ကျန်ကားပေါ်ပါလာသူတွေရဲ့ ထိခိုက်မှုအခြေနေကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


 ထိုသို့ မြို့နယ်ကောင်စီဝင် ဗိုလ်မှုးတစ်ဦး စီးနင်းလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပါမယ့် ရေစကြို မြို့နယ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ရာနေရာကို လာရောက်စစ်ဆေး ရှာဖွေတာ တွေကို မလုပ်ဆောင်နိုင်ဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ ကျောက်လှေခါး ကျေးရွာအနီး တိုးဂိတ်ဟောင်းမှာ မိုင်းအတုကို ပစ်ခတ်ရှင်းလင်းပြီး လာကြည့်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ‌ ပေပါမိုင်းနဲ့ တိုက်ခိုင်ခံခဲ့ ရပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment