8th FEB 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်ဟာ ရက်စက်တတ်တဲ့ လူတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ဆို

📌 ၂။ ရိုဟင်ဂျာတွေအနေနဲ့မြန်မာစစ်တပ်က လူ့အခွင့်အရေးတွေကျုးလွန်ဖို့ သတ်မှတ်ပေးခဲ့တဲ့ ပထဝီနယ်မြေသတ်မှတ်ချက်တွေက ဆက်လက်ကိုင်စွဲမထားသင့်ဘူးလို့ လူ့အခွင့်ရေးဒုဝန်ကြီးပြောကြား

📌 ၃။ ပြင်သစ်နိုင်ငံ၊ လီယွန်မြို့၌ လီယွန်မြို့တော်ဝန်ရုံးက စီစဥ်ခဲ့သောမြန်မာ့အရေးဆွေးနွေးပွဲပြင်သစ်နိုင်ငံဆိုင်ရာNUG ကိုယ်စားလှယ်တက်ရောက်

📌 ၄။ ' ကမ္ဘာမကြေဘူး ' လို့ ရန်ကုန်မြို့ ကြည့်မြင်တိုင် ပန်းပင်နီလမ်းမှာဟစ်ကြွေး


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူရွာနှင့် ဇယမရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီး၍ သက်ကြီးရွယ်အို () ဦး မီးလောင်သေဆုံး

🚩 ၂။ မောင်တောရှိ နယ်ခြားစောင့်တပ်စခန်းများမှတပ်ဖွဲ့ဝင်များ ထွက်မပြေးမီ လက်နက်များကို ARA နှင့် RSO ထံ ရောင်းစားခဲ့

🚩 ၃။ ကန့်ဘလူမြို့နယ် မြောက်ခြမ်းတနေရာအား တံတားဦးမှ တက်လာသော JFဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

🚩 ၄။ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စမ်းချောင်း မြေနီကုန်းတံတားအောက်ရှိ စစ်တပ်ဘန်ကာကို ဖောက်ခွဲတိုက်ခိုက်

🚩 ၅။ ရေဦး၊ခင်ဦးနှင့်ဒီပဲယင်းမြို့နယ်တို့အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခြင်း ခံရသူ အရပ်သား ၁၅ ဦးအထိရှိနေပြီး ဒေသခံပြည်သူ တသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်ဟာ ရက်စက်တတ်တဲ့ လူတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ဆို


ဖေဖော်ဝါရီ၈ရက်


အကြမ်းဖက်စစ်တပ်ဟာ ရက်စက်တတ်တဲ့ လူတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။


ဖေဖော်ဝါရီ၇ရက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဆိုရှယ်မီဒီယာမှာ မှတ်ချက်ပြုပြောပါတယ်။


"ဒီလောက် ရက်စက်တတ်တဲ့ လူတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းနဲ့ တနိုင်ငံထဲ အတူရှိနေတယ် ဆိုတဲ့ ခံစားချက်နဲ့  သိမ်ငယ်မိသလို ခံစားရတယ်၊ တဆက်ထဲမှာ ငါတို့ ရှင်းကို ရှင်းထုတ်သင့်တဲ့ လူ့အဖွဲ့အစည်းဆိုတာလဲ သေချာစေတယ်"လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ်နိူဝင်ဘာ၇က်ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ Alliance Operation တွင် YDFရဲဘော်နှစ်ဦးအား စကစတပ်နဲ့ပျူစောထီးများက ဖမ်းဆီးရမိကာ အရှင်လတ်လတ်မီးရှိူ့သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၂။ ရိုဟင်ဂျာတွေအနေနဲ့မြန်မာစစ်တပ်က လူ့အခွင့်အရေးတွေကျုးလွန်ဖို့ သတ်မှတ်ပေးခဲ့တဲ့ ပထဝီနယ်မြေသတ်မှတ်ချက်တွေက ဆက်လက်ကိုင်စွဲမထားသင့်ဘူးလို့ လူ့အခွင့်ရေးဒုဝန်ကြီးပြောကြား


ဖေဖော်ဝါရီ၈ရက်


ရိုဟင်ဂျာတွေအနေနဲ့မြန်မာစစ်တပ်က လူ့အခွင့်အရေးတွေကျုးလွန်ဖို့ သတ်မှတ်ပေးခဲ့တဲ့ ပထဝီနယ်မြေသတ်မှတ်ချက်တွေက ဆက်လက်ကိုင်စွဲမထားသင့်ဘူးလို့ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးကဆိုပါတယ်။


ဖေဖော်ဝါရီ၈ရက် လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးကဆိုရှယ်မီဒီယာမှာအသိပေးဆိုပါတယ်။


"၁၉၉၂ ခုနှစ်ကဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးက ကွပ်ကဲရေးမှုးရာထူးရယူကာ ရိုဟင်ဂျာတွေအပေါ် လူသားဖြစ်မှုဆန့်ကျင်တဲ့ ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်များအရှိန်အဟုန်မြင့်ပြီးဆောင်ရွက်ဖို့ တပ်၊ ရဲ၊လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စသည့် ဌာန လေးခုဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ဘူးသီးတောင်၊ မောင်တောဒေသမှာ နယ်မြေ ကိုးခု သတ်မှတ်ပေးခဲ့ပါတယ်။ဒါ့အပြင် ရိုဟင်တွေ မတရားဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့် ရိုဟင်ဂျာတွေအနေနဲ့မြန်မာစစ်တပ်က လူ့အခွင့်အရေးတွေကျုးလွန်ဖို့ သတ်မှတ်ပေးခဲ့တဲ့ ပထဝီနယ်မြေသတ်မှတ်ချက်တွေက ဆက်လက်ကိုင်စွဲမထားသင့်တဲ့အရာဖြစ်ပါတယ်"လို့ဆိုပါတယ်။


နယ်မြေများကို ဘိုးဘွားစဉ်ဆက်သုံးစွဲမှုအတိုင်း ကျေးရွာဝိသေသနာမည်တွေကိုသာ စွဲကိုင်သုံးစွဲ ပြီ စစ်တပ်ရဲ့ နယ်မြေသတ်မှတ်ကာ လူမျိုးသုဉ်းသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများခဲ့တဲ့အရာတွေကို အချက်အလက်စုဆောင်းရေးမော်ကွန်းတိုက်အတွက် သက်သေမှတ်တမ်းစုစည်းထားဖို့သာလိုကြောင်းတိုက်တွန်းလိုတယ်လို့ ဆိုပါတယ်။


========================


📌📌 ၃။ ပြင်သစ်နိုင်ငံ၊ လီယွန်မြို့၌ လီယွန်မြို့တော်ဝန်ရုံးက စီစဥ်ခဲ့သောမြန်မာ့အရေးဆွေးနွေးပွဲပြင်သစ်နိုင်ငံဆိုင်ရာNUG ကိုယ်စားလှယ်တက်ရောက်


ဖေဖော်ဝါရီ၈ရက်


ပြင်သစ်နိုင်ငံ၊ လီယွန်မြို့၌ လီယွန်မြို့တော်ဝန်ရုံးက စီစဥ်ခဲ့သောမြန်မာ့အရေးဆွေးနွေးပွဲပြင်သစ်နိုင်ငံဆိုင်ရာNUG ကိုယ်စားလှယ်တက်ရောက်ခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ()ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ လီယွန်မြို့၌ လီယွန်မြို့တော်ဝန်ရုံးက စီစဥ်ခဲ့သောမြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။


ထိုဆွေးနွေးပွဲတွင် လီယွန်မြို့တော်ဝန်ရုံး၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ ဒုမြို့တော်ဝန် Mrs. Sonia Zdorovtzoff မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြင်သစ်နိုင်ငံဆိုင်ရာမြန်မာ NUG ကိုယ်စားလှယ် နန်းဆုမွန်အောင် ကလည်းကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။


အဆိုပါဆွေးနွေးပွဲသို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ABSDF အဖွဲ့ဝင်ဟောင်း ကိုဆလိုင်ယောအောင်နှင့် မနုသာဗေဒပညာရှင် Dr. Franois Robinne တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။


ထို့အပြင် မြန်မာပြည်သူများဘက်မှ ယခုအချိန်အထိမားမားမတ်မတ်ရပ်တည်ပေးနေသောအနုပညာရှင် ဖြူဖြူကျော်သိန်းမှလည်း တော်လှန်သီချင်းများဖြင့်ပါဝင်အားဖြည့်ခဲ့ပါတယ်။


NUG ရုံးအဖွဲ့ဝင် လီယွန်မြို့ခံ Mme Ma Robinne အပါအဝင် ထိုပွဲဖြစ်မြှောက်အောင်အစစအရာရာကူညီပေးသူများနှင့် စိတ်ပါဝင်စားစွာတက်ရောက်အားပေးခဲ့ကြပါသော ပြင်သစ်များ၊ မြန်မာမိသားစုများအားကျေးဇူးအထူးတင်ရှိပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၄။ ' ကမ္ဘာမကြေဘူး ' လို့ ရန်ကုန်မြို့ ကြည့်မြင်တိုင် ပန်းပင်နီလမ်းမှာဟစ်ကြွေး


ဖေဖော်ဝါရီ၈ရက်


' ကမ္ဘာမကြေဘူး ' လို့ ရန်ကုန်မြို့ ကြည့်မြင်တိုင် ပန်းပင်နီလမ်းမှာဟစ်ကြွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


ဖေဖော်ဝါရီ ရက်နေ့တွင် ပန်းပင်နီလမ်း၌ ' ကမ္ဘာမကြေဘူး ' ဟူသည့် စာတန်း‌ကိုင်ဆောင်ပြီး ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကို ဖက်ဆစ်များ၀န်းရံထားသည့်ကြားမှ GSC အင်အားစုများက ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။


ရန်ကုန်နေရာအနှံ့အပြားလူထုကြား၌လည်း ဖက်ဆစ်ဆန့်ကျင်ရေး တပ်လှန့်နှိုးဆော်ခြင်း နှင့်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါတယ်။


ဖက်ဆစ်တွေရဲ့ ရက်စက်ယုတ်မာမှုတွေအတွက်

' ကမ္ဘာမကြေဘူး '

' တိုက်ပွဲရှိရင် အောင်ပွဲရှိတယ် '

' အရေးတော်ပုံ အောင်ရမည် စသည်တို့ကိုကြွေးကြော်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူရွာနှင့် ဇယမရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီး၍ သက်ကြီးရွယ်အို () ဦး မီးလောင်သေဆုံး


ဖေဖော်ဝါရီ၈ရက်


မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူရွာနှင့် ဇယမရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီး၍ သက်ကြီးရွယ်အို () ဦး မီးလောင်သေဆုံးခဲ့ပါတယ်။


ဖေဖော်ဝါရီ၇ရက် ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုဆိုထားပါတယ်။


ဇန်နဝါရီလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ဆင်မရဲရွာရှိ ပျူစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုနောက် ဆင်မရဲရွာ ပျူစခန်းမှ ပျူစောထီးခေါင်းဆောင် ကျော်တိုးနှင့် ပျူစောထီးများသည် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ညနေပိုင်းတွင် ကြူရွာကို ဝင်ရောက်စီးနင်းလုယက်ပြီး ရွာတောင်ပိုင်းမှ စတင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကြောင်းဝင်ရောက်လာခြင်းကြောင့်  ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေစဉ် ဖမ်းဆီးခြင်းခံခဲ့ရသော ဒေသခံပြည်သူ (၆၀) ဝန်းကျင်ကိုလည်း ဆင်မရဲရွာ ပျူစခန်းသို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ မီးရှို့ဖျက်ဆီးသွားခြင်းကြောင့် ကြူရွာတွင် နေအိမ် အလုံး (၁၁၀) ဆိုင်ကယ်အစီး (၂၀) နှင့် ရေစက် (၁၅) လုံး မီးလောင်ပျက်စီးကာ အသက် (၈၀) အရွယ် ဦးဖိုးသောင်း မီးလောင်သေဆုံးခဲ့ပြီး ဒေသခံပြည်သူများ၏ ခိုင်းနွား (၁၀) ကောင် မီးလောင်သေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်။


========================


🚩🚩 ၂။ မောင်တောရှိ နယ်ခြားစောင့်တပ်စခန်းများမှတပ်ဖွဲ့ဝင်များ ထွက်မပြေးမီ လက်နက်များကို ARA နှင့် RSO ထံ ရောင်းစားခဲ့


ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်စခန်း ခုက တပ်ဖွဲ့ဝင်တွေဟာ စခန်းကနေထွက်မပြေးခင် ကတည်းက လက်နက်ခဲယမ်းတွေကို ARA နှင့် RSO ထံ ရောင်းစားခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့မြောက်ဘက်မှာရှိတဲ့ နယ်ခြားစောင့်တပ်စခန်းတွေဖြစ်တဲ့ တောင်ပြို လက်ဝဲ၊ တောင်ပြိုလက်ယာ စတဲ့ ဗျူဟာစခန်း ခုကို ရခိုင့်တပ်တော်က ဖေဖော်ဝါရီလ ရက်က စပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရဲမှူး အောင်စည်သူ (နခခ -) ဦးဆောင်တဲ့ တောင်ပြိုလက်ယာစခန်းကို စစ်ဆင်ရေးပထမနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဒုရဲမှူးကြီး ကျော်နိုင်စိုးဦးဆောင်တဲ့ တောင်ပြိုလက်ဝဲစခန်းကို ဖေဖော်ဝါရီ ရက်မှာ သိမ်းပိုက်နိုင် ခဲ့တာလို့ သိရပါတယ်။ 

ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ကြောင့် အဆိုပါတပ်စခန်း ခုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်း ၂ဝဝ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း ရခိုင့်တပ်တော် AA က အသိပေး ထားပါတယ်။

စစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ARA နဲ့ RSO တွေနဲ့အတူ တိုက်ခိုက်ခဲ့ကြောင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ စိစစ်တွေ့ရှိရတယ်လို့လည်း ရခိုင့်တပ်တော်က ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲပြီးချိန် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ ARA နဲ့ RSO တပ်ဖွဲ့ဝင်အလောင်းတွေတွေ့ရှိခဲ့တာကြောင့် ရခိုင့်တပ်တော်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

တောင်ပြိုလက်ယာစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှု မလုပ်ခင်ကတည်းက တောင်ပြို လက်ဝဲ၊ တောင်ပြိုလက်ယာ စခန်း ၂ခုစလုံးက နယ်ခြားစောင့်တပ်မှူးတွေဟာ ARA နဲ့ RSO တပ်ဖွဲ့တို့နဲ့ ကြိုတင်ညှိနှိုင်းမှုတွေလုပ်ဆောင်ခဲ့ကြောင်း ဖမ်းဆီးရမိ ထားတဲ့ စစ်သုံ့ပန်းတွေရဲ့ထွက်ဆိုချက်အရ သိရှိရတယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထားပါတယ်။

စစ်စခန်းတွေကနေ ထွက်ပြေးရမယ့်အခြေအနေနဲ့ကြုံလာရနိုင်တာကြောင့် တပ်စခန်းတွေမှာရှိတဲ့ လက်နက်ခဲယမ်းတွေကို ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၁ဝသန်း မြန်မာငွေ ကျပ်သိန်း ၃၂ဝဝ နဲ့ ရောင်းချထားခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး နိုင်ဖို့ ARA အဖွဲ့ထံ အကူအညီတောင်းခဲ့တယ်လို့လည်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကရဲ့ထွက်ဆိုချက်ကို ကိုးကားပြီး ရခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ နိုဘီဟူဆောင်း ခေါင်းဆောင်တဲ့ Arakan Rohingya Army – ARA အဖွဲ့အစည်း တို့ကြား ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး အပေးအယူများနဲ့ နားလည်မှုရှိရှိဖြင့် နေထိုင်ခဲ့ကြတယ်လို့လည်း AA ထုတ်ပြန်ချက်အရ သိရပါတယ်။

ARA တပ်စခန်းဟာ နတ်မြစ်ကမ်းစပ်မှာရှိပြီး အင်္ဂတေ၊အုတ်တွေနဲ အခိုင်အမာတည်ဆောက်ထားတဲ့ တပ်စခန်းဖြစ်တဲ့အပြင် အင်္ဂတေလူသွားလမ်းတွေကို စစ်ကောင်စီရဲ့ တောင်ပြိုလက်ဝဲစခန်းနဲ့ ချိတ်ဆက်ထားတယ်လိုဆိုပါတယ်။

ဒါ့အပြင် ARA တပ်စခန်းရဲ့ တဖက်ကမ်းမှာလည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် Border Guard Bangladesh – BGB တပ်စခန်းတခုရှိနေတယ်လို့လည်း အသိပေးထားပါတယ်။ 

AA က သိမ်းပိုက်ရရှိခဲ့တဲ့ ARA တပ်စခန်းထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲမှူးတွေ ရောင်းစားထားတဲ့ လက်နက်ခဲယမ်း တွေအပြင် WY မူးယစ်ဆေးဝါး ၆၉ ထုပ်နဲ့ ရေခဲ ICE ၂၈ ထုတ် သိမ်းဆည်းရရှိခဲ့သလို စစ်ကောင်စီရဲ့ နယ်ခြားစောင့် တပ်စခန်းတွေကနေလည်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ကန့်ဘလူမြို့နယ် မြောက်ခြမ်းတနေရာအား တံတားဦးမှ တက်လာသော JFဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့


ဖေဖော်ဝါရီ၈ရက်


ကန့်ဘလူမြို့နယ် မြောက်ခြမ်းတနေရာအား တံတားဦးမှ တက်လာသော JFဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဖေဖော်ဝါရီ၈ရက် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအသိပေးဆိုပါတယ်။


ဖေဖော်ဝါရီ၈ရက်၈နာရီ၁၈အချိန် ကန့်ဘလူမြို့နယ် မြောက်ခြမ်းတနေရာအား တံတားဦးမှ တက်လာသော JFဖြင့်စကစက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


အလားတူကန့်ဘလူ(6006)တပ်မှ ထွက်လာသော စစ်ကား()စီး အင်အားအပြည့်ဖြင့် ကျွန်းလှဘက်ဦးတည်နေကြောင်းသိရပါတယ်။


ကျွန်းလှမြို့မြောက်ဘက် ပေကုန်းရွာ၌လည်း စစ်ကောင်စီတပ်ဘက်မှ ဟောင်ဝစ်ဇာလက်နက်ကြီးထိုင်ထားပြီး ဖေဖော်ဝါရီ၇ ရက်နေ့ညပိုင်းနှင့် ယနေ့မနက်တို့တွင် အဆက်မပြတ်ပစ်ခတ်နေကြောင်းသိရပါတယ်။


========================


🚩🚩 ၄။ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စမ်းချောင်း မြေနီကုန်းတံတားအောက်ရှိ စစ်တပ်ဘန်ကာကို ဖောက်ခွဲတိုက်ခိုက်


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ စခမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအောက်မှာ ရှိတဲ့ စစ်တပ်ဘန်ကာကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadowd အဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

အဆိုပါအုပ်ချုပ်ရေးမှူးရုံးဟာ ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးတွေနဲ့ အရပ်ဝတ်စစ်သားတွေ အခြေချနေတာ ကြောင့် စစ်ရေးပစ်မှတ်အဖြစ် ဖေဖော်ဝါရီလ ရက်နေ့ နာရီခန့်အချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ Dark Shadowd တပ်ဖွဲ့က ပြောပါတယ်။ 

လှိုင်သာယာမြို့နယ်ထဲက ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ထို့အတူ Dark Shadowd တပ်ဖွဲ့နဲ့ မဟာမိတ် GOD အဖွဲ့ဟာ ဖေဖော်ဝါရီ ရက်နေ့ မနက် နာရီဝန်းကျင်အချိန်ကလည်း စစ်ကောင်စီလက်ကိုင်တုတ်ဖြစ်တဲ့ ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့၊ အရပ်ဝတ်စစ်သားများ အခြေချစုဝေးရာ မြေနီကုန်းတံတား အောက်က ဘန်ကာတခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

ဒီမစ်ရှင်ဟာ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ရက်နေ့က လူထုလွတ်မြောက်ရေးတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ YDF ရဲဘော် ဦးကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကောင်စီထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေ ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးတွေနဲ့ အရပ်ဝတ်စစ်သားတွေ စုဝေးနေတဲ့နေရာတွေကို မသွားကြဖို့ Dark Shadowd တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၅။ ရေဦး၊ခင်ဦးနှင့်ဒီပဲယင်းမြို့နယ်တို့အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခြင်း ခံရသူ အရပ်သား ၁၅ ဦးအထိရှိနေပြီး ဒေသခံပြည်သူ တသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ


စစ်ကိုင်းတိုင်းထဲက ရေဦး၊ ခင်ဦးနဲ့ ဒီပဲယင်းမြို့နယ်အတွင်း တလကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်ခြင်းခံရသူ အရပ်သား ၁၅ အထိရှိလာပြီလို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် သတင်းမှန်ပြန်ကြားရေးက ဖေဖော်ဝါရီလ ရက်မှာ ထုတ်ပြန်ပါတယ်။ 

 ရေဦးမြို့ပေါ်ကထွက်လာတဲ့ ခလရ ၇၁ နဲ့ ခမရ ၇၀၈ ပူးပေါင်းပါဝင်တဲ့ ခွေးဘီလူး စစ်ကြောင်းဟာ ဇန်နဝါရီလ ရက်နေ့ကစပြီး ရေဦး၊ခင်ဦးနှင့်ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေ လက်ရှိအချိန်ထိပဲလို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ နေဘက်အချိန်တွေမှာ လှုပ်ရှားတာမရှိဘဲ ညပိုင်းအချိန်တွေမှသာ ကျေးရွာတွေကို တိတ်တဆိတ် ဝင်ရောက်စီးနင်းကာ အရပ်သားပြည်သူတွေကို အလစ်အငိုက်ဖမ်းဆီးတာ၊ ဖုန်း၊ ရွှေ၊ငွေ၊ ပစ္စည်းတွေကို အဓမ္မသိမ်းယူတာ၊ PDF ခေါင်းစဉ်တပ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်တာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။ 

ထိုစစ်ကြောင်းဟာ ဇန်နဝါရီလ ရက်ကနေ ၁၂ ရက်နေ့အတွင်း ခင်ဦးနယ်အနောက်ခြမ်းကကျေးရွာတွေကို စတင်စီးနင်း ခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဦးကို သတ်ဖြတ်ကာ ကျွန်းတောကြီးရွာက အိမ် ၁ဝ လုံး မီးရှို့ဖျက်ဆီးခဲ့တယ် ဆိုပါတယ်။ 

ထို့နောက် ဇန်နဝါရီလ ၁၅ ရက်နေ ၂၄ ရက်နေ့အတွင်း ရေဦးနယ်အခြောက်ခြမ်းနဲ့ဒီပဲယင်းနယ်အရှေ့ခြမ်းကို ညနက်ပိုင်းတွေ မှာစစ်ကြောင်းထိုးခဲ့ပြီး ဒီပဲယင်းနယ်အရှေ့ခြမ်း မဲအိုရွာက အမျိုးသမီးတဦးကို မုဒိမ်းကျင့် မီးရှိုံသတ်ဖြတ်ကာ အမျိုးသား ဦးကိုလည်း အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ထို့အပြင် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ရေဦးနယ်အနောက်ခြမ်း ကုန်းသာရွာကိုလည်း ညအချိန်မှာဝင်ရောက်စီးနင်းကာ ရွှေဘိုခရိုင် တပ်ရင်း ၁၂ က ကာကွယ်ရေးရဲဘော်တဦးကို ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ပြောပါတယ်။  

အဲဒီနောက် ခွေးဘီလူးစစ်ကြောင်းဟာ ဇန်နဝါရီလ ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ရက်နေ့အထိ ခင်ဦးနယ်အနောက်ခြမ်း ကို ဒုတိယအကြိမ်ဝင်ရောက်စီးနင်းပြီး ကလုန်၊သရက်ကင်းကုန်း၊ကင်းပြစ်ရွာတို့က အမျိုးသား ဦးကို ထပ်မံသတ်ဖြတ်ကာ သာဝတ္ထိရွာက အိမ်ခေ ၁၄၈ လုံးနဲ့ စပါးတင်းရေ တသောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။  

ဖေဖော်ဝါရီလ ရက်နဲ့ ၆ရက်နေ့မှာလည်း ခင်ဦးနယ်အနောက်ခြမ်းကိုပဲ တတိယအကြိမ် ဝင်ရောက်စီးနင်းကာ သဲကုန်းကြီး ရွာက ပြည်သူပိုင်နေအိမ် လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရေဦးနယ်တောင်ဘက်ခြမ်း ကုက္ကိုစုရွာက အရပ်သားလူငယ် ဦး ကို ဖမးဆီးကာ လည်လှီးသတ်ဖြတ်သွားတယ်လို့ ပြောပါတယ်။ 

ယခုလက်ရှိမှာလည်း အဲဒီအကြမ်းဖက် ခွေးဘီလူးစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ရက်နေ့ကစပြီး ယနေ့အချိန်အထိ ရေဦးမြို့ပေါ်ကနေ အနောက်ဘက်ခြမ်း မုတ်စီရွာမှာ အထိုင်ချတပ်စွဲထားတဲ့အတွက် ရေဦးနယ်တောင်ခြမ်းက ရွာသာလေး၊ မူးသာကုန်း၊ကုက္ကိုစုရွာများနဲ့ ရေဦးနယ်အနောက်ဘက်ခြမ်းက ငြုတ္တုံ၊ပြည်တော်၊မုတ်စီ၊မူးဆုံ၊ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ဇဝ၊ဝက်ဖိုး၊မြင်းပေါက်၊ရွာမိဿာ၊ကုန်းသာ၊ရွာသစ်၊ချမ်းသာ၊ထန်းပင်ကုန်း စတဲ့ကျေးရွာပေါင်း ၁၈ ရွာက ဒေသခံပြည်သူ တသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာများ အရေးပေါ်အကူအညီလိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီပေး ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment