8th FEB 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက ၇၇ နှစ်မြောက် ရှမ်းအမျိုးသားနေ့အတွက် သဝဏ်လွှာပေးပို့

📌 ၂။ ဒီမော့ဆိုမြို့နယ်၊ အနာက်ဘက်အခြမ်းတွင်ရှိသည့် ဒေါဆီအီရွာ နှင့် လွိုင်နန်းဖရွာရှိ စာသင်ကျောင်းများအား အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်ဖြင့် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အသေးစိတ်အချက်အလက် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်

📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၄။ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် EROs တွေအကြား ဘုံသဘောတူညီချက်ဟာ တော်လှန်ရေးအတွက် အရွေ့တစ်ခုကို အများကြီးပို့ဆောင်ပေးနိုင်

📌 ၅။ မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူ တစ်ဦး ဆေးဝါးကုသခွင့်မရ၍ ကျောက်ကပ်ရောဂါဖြင့် သေဆုံး


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ထားဝယ်မြို့ မယ်ဝေးတောင်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

🚩 ၂။ ဆီဆိုင်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံး၊ ဦး အရှင်ဖမ်းမိ

🚩 ၃။ မွန်ပြည်နယ် ရေးမြို့နယ်ရွှေပြည်သာကျေးရွာမှာ ဗိုလ်ကျစိုးမိုးနေတဲ့ ပျူအဖွဲ့ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်ရာ ပျူလေးဦးသေဆုံး

🚩 ၄။ BPLA မှာ အပတ်စဥ်()အတွက် တပ်ရင်းတစ်ရင်းစာ လူသစ်စုဆောင်းနေ

🚩 ၅။ စစ်ရှောင်နေတဲ့ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ဦးနဲ့ ကလေးငယ် ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်

🚩 ၆။ စစ်တပ်လက်အောက်ခံ SNA တပ်မှ တပ်စိတ်မှူးတဦး လက်နက်နှင့်တကွအလင်းဝင်၊ ကျပ်သိန်း ၃ဝ ချီးမြင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက ၇၇ နှစ်မြောက် ရှမ်းအမျိုးသားနေ့အတွက် သဝဏ်လွှာပေးပို့


ဖေဖော်ဝါရီလ ၇ရက်။

ဖေဖော်ဝါရီလ ရက်နေ့မှာကျရောက်တဲ့ ၇၇ နှစ်မြောက် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့) အတွက် အမျိုးသား ညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 


ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးကင်း လုံခြုံစွာရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးထားပြီး ပြည်သူတရပ်လုံး တောင့်တနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံသစ်ကို အင်တိုက်အားတိုက် ဝိုင်းဝန်းဖော်ဆောင်နိုင်ကြပါစေလို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

   

ယနေ့အချိန်ဟာ ပြည်သူ့ထံမှ အာဏာကို လက်နက်မိုး၍ မတရားသိမ်းယူရန်ကြိုးစားခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုင်းရင်းသားပြည်သူတရပ်လုံးက စုစည်းညီညာစွာ လက်ချင်းချိတ်ပြီး တွန်းလှန် တိုက်ထုတ်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် အဆုံးသတ်နိုင်ရန် အားကုန်ထုတ်ကြိုးပမ်းနေကြတဲ့ အချိန်အခါဖြစ်တယ်လို့လည်း ပါရှိပါတယ်။

 

အခုလိုအချိန်အခါမှာ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနဲ့ နိုင်ငံရေးပါတီများအပါအဝင် တိုင်းရင်းသားပြည်သူများအားလုံးအနေနဲ့ တနိုင်ငံလုံးရှိ ပြည်သူများနဲ့အတူ တစိတ်တဝမ်းတည်း စည်းလုံးညီညွတ်စွာ လက်တွဲ၍ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင် ဖယ်ရှားပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ တန်းတူညီမျှမှုရှိရေးနှင့်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့အတွက် အတူလက်တွဲဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း ဖိတ်ခေါ် ထားပါတယ်။


========================


📌📌 ၂။ ဒီမော့ဆိုမြို့နယ်၊ အနာက်ဘက်အခြမ်းတွင်ရှိသည့် ဒေါဆီအီရွာ နှင့် လွိုင်နန်းဖရွာရှိ စာသင်ကျောင်းများအား အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်ဖြင့် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အသေးစိတ်အချက်အလက် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်


ဖေဖော်ဝါရီလ ၇ရက်။

ဒီမော့ဆိုမြို့နယ်၊ အနာက်ဘက်အခြမ်းတွင်ရှိသည့် ဒေါဆီအီရွာနှင့် လွိုင်နန်းဖရွာရှိ စာသင်ကျောင်းများအား အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်ဖြင့် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် အသေးစိတ်အချက်အလက်ကို လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့၊ မနက် (၁၀) (၁၅) မိနစ်ခန့်တွင် ကရင်နီ ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ အနောက်ဘက်အခြမ်းတွင်ရှိသည့် ဒေါဆီအီရွာနှင့် လွိုင်နန်းဖရွာအား အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။


ထို့ပြင် လွိုင်ကော်ဘက်တွင်အခြေချသည့် အကြမ်းဖက်စစ်အုပ်စုများကလည်း စာသင်ကျောင်းများရှိသည့်ဘက်သို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် အနည်းဆုံး () ကြိမ်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် (၁၁)မှ (၁၃) နှစ်ကြားရှိ ကလေး () ဦး အပါအဝင် () ဦးသေဆုံးခဲ့ပြီး ပြည်သူ ၃၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့အသိပေးဖော်ပြပါတယ်။


========================


📌📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဖေဖော်ဝါရီလ ၇ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄) ကို ဖေဖော်ဝါရီလ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


 အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီ၊ အဖွဲ့ဝင် စီမံကိန်း ဘဏ္ဍာ‌ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား‌ ပြောကြားခဲ့ပါတယ်။၊


ထိုနောက် တက်ရောက်လာကြတဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန် ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများနဲ့ ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ခဲ့ပါတယ်။


အဆိုပါ တွေ့ဆုံပွဲကို အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက် အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် နာရီအချိန်မှာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် EROs တွေအကြား ဘုံသဘောတူညီချက်ဟာ တော်လှန်ရေးအတွက် အရွေ့တစ်ခုကို အများကြီးပို့ဆောင်ပေးနိုင်


ဖေဖော်ဝါရီလ ၇ရက်။

NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် EROs တွေအကြားဘုံသဘောတူညီချက်ဟာတော်လှန်ရေးအတွက် အရွေ့တစ်ခုကို အများကြီးပို့ဆောင်ပေးနိုင်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်ကပြောပါတယ်။

"စစ်ရေးလို့ပြောလိုက်တာနဲ့ စစ်ရေးမဟာမိတ်တည်ဆောက်ရေးအပိုင်းကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ တစ်နည်းအားဖြင့် NUGနဲ့ EROs တွေအကြား နိုင်ငံရေးနဲ့ စစ်ရေး မဟာမိတ် တည်ဆောက်မှုက ဒီတော်လှန်ရေးကို အများကြီး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုကို ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ ဒီလိုတော်လှန်ရေးအကျပ်အတည်းကာလ နိုင်ငံရေး စစ်ရေးအခင်းအကျင်းမျိုးမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အခြေခံတဲ့ နိုင်ငံရေးသဘောတူညီချက်ကြီး NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် EROs တွေအကြားသဘောတူညီချက်တွေ ထွက်လာတာဟာ ဒီတော်လှန်ရေးအတွက် အရွေ့တစ်ခုကို အများကြီးပို့ဆောင်ပေးနိုင်သလို ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် အလားအလာကောင်းတဲ့ နိုင်ငံရေးအခင်းအကျင်းမျိုး ဖြစ်လာလိမ့်မယ်လို့ မြင်ပါတယ်"လို့ဆိုပါတယ်။

 

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၅။ မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူ တစ်ဦး ဆေးဝါးကုသခွင့်မရ၍ ကျောက်ကပ်ရောဂါဖြင့် သေဆုံး


ဖေဖော်ဝါရီလ ၇ရက်။

မန္တလေးမြို့၊ မန္တလေးအိုးဘို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး ဆေးဝါးကုသခွင့် မရခဲ့တာကြောင့် ကျောက်ကပ်ရောဂါဖြင့် သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) မှ ထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ () ရက်နေ့က အသက် (၃၅) နှစ်အရွယ်ရှိ နိုင်ကျဉ်း တစ်ဦးဖြစ်တဲ့ မယဉ်မိုးဟာ ကျောက်ကပ်ရောဂါနဲ့ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


 သူမဟာ အကျဉ်းထောင်အတွင်း ကျောက်ကပ်ရောဂါ ရှိနေကြောင်းကို အချိန်မှီ မသိရှိခြင်း၊ ရောဂါ ဖြစ်နေစဉ် အတွင်းမှာ ဆေးဝါးကုသ စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခဲ့တာ ရှိတယ်လို့ ဆိုသော်လည်း လုံခြုံရေး မပေးနိုင်ဟု အကြောင်းပြပြီး အချိန်ပြည့် ဆေးကုသခွင့် မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။


"သူ့ကို သွေးသွင်းပေးဖို့ လိုအပ်နေတဲ့ ကာလတွေမှာ လုံခြုံရေး အကြောင်းပြပြီး ထောင်ထဲ ပြန်ခေါ်လာတယ်။ ကျောက်ကပ် ဆေးရမယ့် ရောဂါကို ဆေးရုံတွေမှာ ကုသဖို့ ပြောခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ဘာရောဂါဆိုတာကို အသိမပေးခဲ့ဘူး။ ကျောက်ကပ် ရောဂါက နောက်ဆုံး အဆင့်ရောက်မှ သိရတာဆိုတော့ ဆေးရုံနဲ့ ထောင်အကြားမှာ လုံခြုံရေး အကြောင်းပြ ပြန်ခေါ်တော့ နောက်ဆုံးမှာ သေဆုံးတာပါ။ ထောင်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ ပြင်ပဆေးဝါးတွေ ပေးဖို့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးဖို့ တောင်းဆိုလိုပါတယ်" လို့ PPNM မှ  ကိုသိုက်ထွန်းဦးက ရှင်းပြပါတယ်။


မယဉ်မိုးဟာ ၂၀၂၁ ခုနှစ်၊ မတ်လမှာ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် နှစ် မတရားချမှတ်ခံထား ရသူဖြစ်ပါတယ်။


၂၀၂၄ ခုနှစ် အစပိုင်း ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ပထမအပတ် အတွင်းမှာတင် ကျန်းမာရေး မကောင်းမွန်ချိန် လုံလောက်သော ဆေးဝါးကုသမှု မခံယူရ၍ သေဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ဦးအထိ ရှိလာနေပြီ ဖြစ်ကြောင်း PPNM က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ထားဝယ်မြို့ မယ်ဝေးတောင်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်


ဖေဖော်ဝါရီလ ၇ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်ဝေးတောင်ရှိ စစ်ကောင်စီတပ်ရဲ့ တောင်ပေါ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဖေဖော်ဝါရီလ () ရက်နေ့က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ Ba Htoo Army ထံမှ သိရပါတယ်။


 အဆိုပါ မယ်ဝေးတောင်ပေါ် တပ်စခန်းဟာ သပြေချောင်းရွာ အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ အမှတ် (၄၀၁) ခြေမြန်တပ်ရင်းနှင့် အမှတ် (၄၀၂) ခြေမြန်တပ်ရင်းတို့နဲ့ ကပ်လျှက်မှာ ရှိတာ ဖြစ်ပါတယ်။


 စခန်းကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် သာသနာနယ်မြေတွင် တည်ရှိနေတာကြောင့် မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ထံမှ လက်နက်ငယ် သုံးလက်နဲ့ ကျည်ဘောက်များ၊ ကျည်များကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗထူးတပ်မတော် (BHA) ထားဝယ်စုပေါင်းစစ်ကြောင်း (DCC) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


 ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်ကာ စစ်ကောင်စီတပ်ကို အမြစ်ပြတ် တိုက်ခိုက် သွားမှာ ဖြစ်တာကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးအသိ သတိဖြင့် သွားလာနေထိုင်ဖို့နဲ့ PDF အဖွဲ့ များက တရားဝင်ထုတ်ပြန်ထားတဲ့ အသိပေးချက်များကို အလေးထားလိုက်နာကြဖို့ကိုလည်း သတိပေး ထားပါတယ်။


========================


🚩🚩 ၂။ ဆီဆိုင်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံး၊ ဦး အရှင်ဖမ်းမိ


ဖေဖော်ဝါရီလ ၇ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ မြောက်ဘက်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်သား ဦး သေဆုံးကာ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသာလွတ်မြောက်ရေးတပ်မတော် PNLA က ဖေဖော်ဝါရီ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ရက်နေ့က ဒေသတွင်းလုံခြုံရေးဆောင်ရွက်နေတဲ့ PNLA တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်နဲ့အပေါင်းအပါ တွေက ချောင်းမြောင်းပစ်ခတ်ရာကနေ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီအုပ်စုဟာ လွယ်ပွတ်ကျေးရွာအတွင်းကို ပြေးဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်အုပ်စုဟာ ဒေသခံပြည်သူတွေရဲ့ မော်တော်ယာဉ်တွေကို အဓမ္မယူဆောင်ကာ ထွက်ပြေးကြတဲ့အတွက် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာကနေ ပြည်သူ့စစ် ဦးကို အရှင်ဖမ်းမိခဲ့တာလို့ သိရပါတယ်။ 

ထို့အတူ ဆီဆိုင်မြို့မြောက်ဘက်တနေရာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေတိုက်ပွဲဖြစ်ခဲ့ရာမှာလည်း စစ်သားအလောင်း လောင်းနဲ့ သေနတ် လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခမရ ၄၂၃ အနီး ရေခပ်ဆင်းချိန်မှာ ၎င်းတို့ကိုယ်တိုင် ထောင်ထားတဲ့မိုင်းကို ပြန်နင်း မိတာကြောင့် ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့လည်း သိရပါတယ်။ 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါဟာစစ်ကောင်စီအနေနဲ့ ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ မြို့၊ရွာတွေကို အလုံးစုံပျက်စီးစေဖို့ စစ်ရေးပစ်မှတ်အဖြစ် သဘောထားပြီး ဖျက်ဆီးနေတာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မွန်ပြည်နယ် ရေးမြို့နယ်ရွှေပြည်သာကျေးရွာမှာ ဗိုလ်ကျစိုးမိုးနေတဲ့ ပျူအဖွဲ့ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်ရာ ပျူလေးဦးသေဆုံး


ဖေဖော်ဝါရီလ ၇ရက်။

မွန်ပြည်နယ် ရေးမြို့နယ် ရွှေပြည်သာကျေးရွာမှာ ဗိုလ်ကျစိုးမိုးနေတဲ့ ပျူအဖွဲ့ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်ရာ ပျူလေးဦးသေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၇ရက်မှာ ရေးဘီလူးကအတည်ပြုပြောပါတယ်။


"ဖေဖော်ဝါရီ ၇ရက် ညနေ၃နာရီ၃၀အချိန်မှာ တိုက်ခိုက်ခဲ့ပါတယ်။ ပျူလေးဦးကျပါတယ်။ လက်နက်ကတော့ စကစတွေသယ်ပြေးသွားပါတယ်။ ခုတော့ ရေးဆေးရုံမှာ ဒဏ်ရာရသူနဲ့ အလောင်းများရောက်ရှိနေပါတယ်"လို့ဆိုပါတယ်။


မွန်ပြည်နယ် ရေးမြို့နယ် ရွှေပြည်သာကျေးရွာက ရော်ဘာခြံတွေကို သိမ်းဆည်းပြီး ပြည်သူ့ဆိုင်ကယ်ပစ္စည်းတွေ ခိုးယူဗိုလ်ကျနေတဲ့ ပျူတဖွဲ့ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖြစ်စဥ်မှာဆိုင်ကယ်၂စီးသိမ်းဆည်းရမိခဲ့ပါတယ်။


========================


🚩🚩 ၄။ BPLA မှာ အပတ်စဥ်()အတွက် တပ်ရင်းတစ်ရင်းစာ လူသစ်စုဆောင်းနေ


ဖေဖော်ဝါရီလ ၇ရက်။

BPLA မှာ အပတ်စဥ်()အတွက် တပ်ရင်းတစ်ရင်းစာ လူသစ်စုဆောင်းနေတယ်လို့ BPLAမှ ခေါင်းဆောင်မောင်ဆောင်းခက ဆိုရှယ်မီဒီယာမှာဆိုထားပါတယ်။


"စိတ်နာတယ်ဆိုရင် အမြစ်ဖြတ် ပြန်တိုက်ဖို့ BPLA မှာ အပတ်စဥ်()အတွက် တပ်ရင်းတစ်ရင်းစာ လူသစ်စုဆောင်းနေတာရှိပါတယ်။ ထိုင်းဘက်က လာမယ်ဆိုလည်း ခေါ်ပေးနိုင်ပါတယ်။ Bamar People's Liberation Army - BPLA Page ကို တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်"လို့ဆိုထားပါတယ်။


BPLA သင်တန်းသား တဦးချင်းစီအတွက် လိုအပ်တဲ့အချက်() ချက်ရှိပြီးကျန်းမာရေး (အထူး)ကောင်းမွန်သူ၊ ပင်ပန်းဆင်းရဲမှုဒဏ်ခံနိုင်သူ၊ မိသားစု၊ ဆွေမျိုး၊ ချစ်ခင်ရသူများနှင့် အဆက်အသွယ်ဖြတ်နိုင်သူ၊ အသက်(၁၈)နှစ်မှ (၃၀)နှစ်အတွင်း ရှိသူ၊ အာဏာရှင်ပြုတ်ကျသည်အထိ စစ်မှုထမ်းနိုင်သူတို့ဖြစ်ရမှာဖြစ်ပါတယ်။


========================


🚩🚩 ၅။ စစ်ရှောင်နေတဲ့ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ဦးနဲ့ ကလေးငယ် ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်


ဖေဖော်ဝါရီလ ၇ရက်။

စစ်ရှောင်နေတဲ့ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ဦးနဲ့ ကလေးငယ် ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။


ဖေဖော်ဝါရီ ၅ရက် မနက်ပိုင်း ကရင်နီပြည် ရှားတောမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက စစ်ရှောင်အမျိုးသမီးနဲ့ ကလေးငယ်တွေကိုသတ်ဖြတ်ခဲ့တာလို့သတင်းရရှိပါတယ်။


"ဒီရက်ပိုင်း စိတ်အဆင်မပြေစရာတွေပဲ ဆက်တိုက်ပါ။ စာသင်ကျောင်းကို ဗုံးကျဲလို့ ကလေး၄ ယောက် အပိုင်းပိုင်းပြတ် သေဆုံးခဲ့ရတယ်။ တော်လှန်ရေးရဲဘော်၂ ဦးအရှင်လတ်လတ် မီးရှို့ခံရတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ စစ်ရှောင်ကလေးငယ်လေး၃ဦး ဓါးစာခံလုပ်ပြီး ပစ်သတ်သွားတယ်။ ကျွန်တော်တို့ လူသားဆက်လက်ပြီး ဆန်ကြရမယ် လူကလူလိုပဲပြုမူမယ်။ သူတို့တောင် လုပ်သေးတာပဲ ငါတို့လည်းသူ့လိုလုပ်မယ် တွေးရင် မှားသွားမှာပေါ့။ သူတို့လို လိုက်ပြုမှုမှတော့ ကိုယ်တွေလည်း သူတို့လိုလူတွေဖြစ်သွားမှာပေါ့။ ပြည်သူကိုကတိပေးနိုင်တာကတော့ စစ်ပွဲတွင်းမှာ စစ်ပွဲလိုပဲ ကျင့်ကြံပါ့မယ်"လို့ KNDFမှ ဒုစစ်ဦးစီးချုပ် မာဝီကလည်း ဆိုရှယ်မီဒီယာမှာဆိုထားပါတယ်။

ရှားတောကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ရှောင်တွေကို တွေ့ရှိပြီး စစချင်းမှာ ဓားစာခံအနေနဲ့ ဖမ်းဆီးသွားပြီးတော့မှ သေနတ်နဲ့ပစ်သတ်လိုက်တာဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များကအတည်ပြုထားပါတယ်။


========================


🚩🚩 ၆။ စစ်တပ်လက်အောက်ခံ SNA တပ်မှ တပ်စိတ်မှူးတဦး လက်နက်နှင့်တကွအလင်းဝင်၊ ကျပ်သိန်း ၃ဝ ချီးမြင့်


ဖေဖော်ဝါရီလ ၇ရက်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်လက်အောက်ခံ SNA တပ်က တပ်စိတ်မှူးအဆင့်ရှိသူတဦး လက်နက်နဲ့တကွ အလင်းဝင်လာကြောင့် ကျပ်သိန်း ၃ဝ ချီးမြင့်ခဲ့တယ်လို့ ဟုမ္မလင်း PDF (HPDF-124) က ထုတ်ပြန်ပါတယ်။

အဆိုပါတပ်စိတ်မှူးဟာ ဖေဖော်ဝါရီလ ရက်နေ့က AK 22 သေနတ်တလက်၊ ကျည်ဘောက် ခု၊ ကျည် ၁၅ တောင့်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ခန္တီးခရိုင် အမှတ် တပ်ရင်း HPDF-124 ထံ အလင်းဝင်လာတာ လို့ သိရပါတယ်။ 

အလင်းဝင်လာတဲ့ အဆိုပါ SNA တပ်က တပ်စိတ်မှူးအဆင့်ရှိသူကို ဆုတော်ငွေအဖြစ် ကျပ်သိန်း ၃ဝ ချီးမြင့်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ခန္တီးခရိုင် အမှတ် တပ်ရင်း HPDF-124 အနေနဲ့ စစ်အာဏာရှင်ကိုတော်လှန်တိုက်ခိုက်နေရာ SNA တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တာကြောင့် လာရောက်ပူးပေါင်း အလင်းဝင်လိုတဲ့သူတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ 

အလင်းဝင်လာတဲ့သူတိုင်းကို IHL/IHRL စတဲ့ နိုင်ငံတကာဥပဒေများ၊ လူ့အခွင့်အရေး၊ စစ်သား ဂုဏ်သိက္ခာများ အပြည့်အဝခံစားစေရမယ်လို့ ခန္တီးခရိုင် အမှတ် တပ်ရင်း HPDF-124 က အသိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment