၉ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကချီးမြင့်တဲ့ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ အပ်နှင်းခံရသူတွေထဲမှာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် ၃၂၄ ဦးပါဝင်
၂။မြန်မာစစ်တပ်ဟာ ဒဏ်ရာရသူတွေနဲ့ ကူညီပေးနေသူတွေကိုပါတိုက်ခိုက်တဲ့ ၂ ကြိမ်ဆင့်တိုက်ခိုက်မှုတွေ လုပ်လာတယ် လို့ IIMM အကြီးအကဲ ဆို
၃။ရေဦးမြို့နယ် တင်းတိန်ရံရွာကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၇ ဦး သေဆုံး
၄။ပေါက်မြို့နယ်မှာ ပလဖ တာဝန်ခံက ဖမ်းဆီးသွားသူ တစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံး၊တော်လှန်ရေးအပေါ် အထင်အမြင်မလွဲအောင် ထိထိရောက်ရောက် အရေးယူပေးဖို့ မိသားစု တောင်းဆို စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

==================
m.CDM၊ စက်တင်ဘာ ၈
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေချီးမြှင့် အပ်နှင်းခံရသူတွေ ထဲမှာ ပြည်သူ့ကာကွယ်ရေး PDO အဖွဲ့ဝင် ၃၂၄ ဦးပါဝင်လာခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ထောင်ခြင်းနှင့် ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်နွှဲခြင်း ၅ နှစ်တာကာလအတွင်းNUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ပထမဆုံးအကြိမ် ဂုဏ်ပြုချီးမြှင့်တဲ့အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးကာလအတွင်း စံနမူနာပြ ဂုဏ်ပြုထိုက်သူတွေကို ဘွဲ့၊ ဆုနဲ့ တံဆိပ်တွေချီးမြှင့်ရာမှာ (၁) ပြည်သူ့တော်လှန် ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People's Revolution/HPR) ၊ (၂) ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People's Revolution/LPR) ၊ (၃) ပြည်သူ့ဇာနည်ဆု (People’s Medal for Noble Service/PMNS) ၊ (၄) ပြည်သူ့ သားကောင်းဆု (People’s Medal for Loyal Service/PMLS) ၊ (၅) တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service - BRS) တို့ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ခံရသူ စုစုပေါင်း ၁,၇၉၂ ဦးအထိရှိရာမှာ တပ်ဖွဲ့အလိုက်ကြည့်မယ်ဆိုရင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် PDF က ၁,၄၄၂ ဦး၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ PDO က ၃၂၄ ဦးနဲ့ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေဘက်က ၂၆ ဦး ပါဝင်ခဲ့ပြီး စစ်ဒေသ၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ချီးမြှင့်ခံရတဲ့အဖွဲ့ ၄၅ ဖွဲ့ပါဝင်တာ တွေ့ရတယ်လို့လည်း ဝန်ကြီးက အသိပေးပါတယ်။
ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ HPR ဘွဲ့ကို အမှတ် ၁ စစ်ဒေသ၊ စစ်ဒေသမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွန်း (ကွယ်လွန်) တဦးသာရရှိခဲ့ပြီး ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ LPR ချီးမြှင်ခံရသူ ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု PMNS ချီးမြှင့်ခံရသူ စုစုပေါင်း ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု PMLS ချီးမြှင့်ခံရသူ ၈၁ ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် BRS ချီးမြှင့်ခံရတဲ့ ရဲဘော် ၄၂ ဦးရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာန ထုတ်ပြန်ထားပါတယ်။
ဒီနှစ် သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်တွေချီးမြှင့်ရာမှာ အဓိကအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ကို အချိန်မီရောက်ရှိလာတဲ့ အဆိုပြုလွှာတွေအပေါ် အခြေခံပြီး စိစစ်ရွေးချယ် ချီးမြှင့်ခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပါတယ်။
အကြောင်းကြောင်းကြောင့် အဆိုပြုလွှာတွေ အချိန်မီမရောက်ရှိတဲ့အတွက် ဒီနှစ် သူရဲကောင်း၊ ဘွဲ့၊ တံဆိပ် ချီးမြှင့်မှု အစီအစဉ်မှာ ကျန်ရစ်တဲ့ ရဲဘော်တွေ ရှိနိုင်ပြီး အဲဒီရဲဘော်တွေကို လာမယ့်နှစ် သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ် ချီးမြှင့် အပ်နှင်းတဲ့ အစီအစဉ်မှာ ထည့်သွင်းချီးမြှင့်ပေးသွားမယ်လို့လည်း ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်တဲ့အစီအစဉ်ကို နှစ်အလိုက် ချီးမြှင့်ပေးဖို့ ရည်ရွယ်ထားတယ်ဆိုတာလည်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က သတင်းစကား ပါးထားပါတယ်။
———————————
၂။KIA ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်ကြောင်း အမှတ် ၁ စစ်ဒေသ ကြေညာ
====================
m.CDM၊ စက်တင်ဘာ ၈
အမှတ် ၁ စစ်ဒေသကို စတင်တည်ထောင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒုတိယဗိုလ်ချုပ်ကြီး ခရောင်ခေါင်လွမ်း ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်လာပါတယ်။
ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းအပါအဝင် PDF ရဲဘော်တွေ မဟာမိတ်တွေ စုစုပေါင်း ၁၈၀၀ ဦးနီးပါးကို အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်နေ့မှာ ဘွဲ့နဲ့ ဂုဏ်ပြုတံဆိပ်တွေ ပေးအပ်ခဲ့ရာမှာ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ချီးမြှင့်ခံရသူတဦး သာပါဝင်ခဲ့ပါတယ်။
အဲဒီဆုကို ၂၀၂၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) ရဲ့ ကွပ်ကဲမှုနဲ့ PDF တိုင်းတာဝန်ခံများဦးစီးတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ပါဝင်တဲ့ အမှတ် ၁ စစ်ဒေသကို ၂၀၂၁ စက်တင်ဘာ ၁၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ဒေသကို ဦးဆောင်ခဲ့သူလို့ ဆိုပါတယ်။
အမှတ် ၁ စစ်ဒေသအနေနဲ့ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းရဲ့ ဦးဆောင်မှုအောက်မှာ မဟာမိတ်တပ်တွေနဲ့ ပူးပါင်း တိုက်ပွဲဝင်ပြီး အောင်ပွဲပေါင်းများစွာရရှိကာ နယ်မြေစိုးမိုးမှုတေါလည်း ရယူလာနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
စစ်ဒေသက ရဲဘော်တွေအနေနဲ့လည်း ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းလို စစ်အာဏာရှင်တော်လှန်ရေးမှာ မဆုတ်မနစ်သော စိတ်ဓာတ်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သစ္စာပြုထားပါတယ်။
အခု NUG က ဘွဲနဲ့ဆုတံဆိပ်တွေပေးအပ်ရာမှာ အမှတ် ၁ စစ်ဒေသက ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ တဆုရရှိပြီး တပ်ရင်းတွေနဲ့ ရဲဘော်တဦးချင်းအနေနဲ့ ပြည်သူ့သားကောင်းဆု ၂၅ ဆု၊ ပြည်သူ့ဇာနည်ဆု ၁၉ ဆု၊ တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် ၂ ဆု စုစုပေါင်း ဆု ၄၈ ခု ရရှိခဲ့တယ်လို့ သိရပါတယ်။
———————————
၃။မြန်မာစစ်တပ်ဟာ ဒဏ်ရာရသူတွေနဲ့ ကူညီပေးနေသူတွေကိုပါတိုက်ခိုက်တဲ့ ၂ ကြိမ်ဆင့်တိုက်ခိုက်မှုတွေ လုပ်လာတယ် လို့ IIMM အကြီးအကဲ ဆို
====================
m.CDM၊ စက်တင်ဘာ ၈
လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအားထားနေရတဲ့ မြန်မာစစ်တပ်ဟာ ဒဏ်ရာရသူတွေနဲ့ ကူညီပေးနေသူတွေကိုပါ တိုက်ခိုက်တဲ့ ၂ ကြိမ်ဆင့်တိုက်ခိုက်မှုတွေ လုပ်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား IIMM အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၆၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးကို စာတမ်းတင်သွင်းရာမှာ IIMM အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန်က ထည့်သွင်းပြောကြားလိုက်တာြဖစ်ပါတယ်။
IIMM အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန်က မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ အရင်ထက် ပိုများ လာပြီး ပိုမိုပြင်းထန်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့ပါတယ်။
IIMM ဘက်က စုံစမ်းစစ်ဆေးသူတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ဒီတိုက်ခိုက်မှုတွေလုပ်ဖို့ ပျံသန်းထွက်ခွာခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လေတပ်စခန်းတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအားထားနေတဲ့အတွက် အရပ်သားတွေ ထိခိုက် နစ်နာနေ ပါတယ်။ လွန်ခဲ့တဲ့၂ပတ်လောက်က စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တရားစခန်းဖွင့်နေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၀၀ ကျော်ထဲက တခု ဖြစ်ပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေဟာ မကြာခဏ ပစ်မှတ်ထား ခံနေရပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အသိပေးခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ဟာ လေယာဉ်တွေထက် ကြိုတင်သိရှိဖို့ခက်ခဲတဲ့ ပါရာမော်တာတွေနဲ့ ဒရုန်းတွေကို ပိုပြီး အသုံးပြုလာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကိုခိုလှုံဖို့ အချိန်နည်းလာချိန်မှာ နှစ်ကြိမ်ဆင့်တိုက်ခိုက်တဲ့ နည်းလမ်းကို ပိုပြီး သုံးလာတာကိုလည်း သတိပြုမိပါတယ်လို့ နီကိုလတ်စ် ခွန်ဂျန်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပထမအကြိမ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ ကယ်ဆယ်ရေးသမားတွေကို ထိခိုက်စေဖို့ ဒုတိယအကြိမ် ထပ်ဆင့်တိုက်ခိုက်တာမျိုးဖြစ်ပါတယ်လို့လည်း ရှင်းပြပါတယ်။
IIMM အနေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတာနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်း နေပြီး သတင်းအရင်းအမြစ် ၁,၆၀၀ ကျော်ကရရှိလာတဲ့ အထောက်အထားတွေနဲ့ မျက်မြင်သက်သေ ၇၅၀ ကျော်ရဲ့ ထွက်ဆိုချက်တွေကိုလည်း စုဆောင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။
———————————
၄။ရေဦးမြို့နယ် တင်းတိန်ရံရွာကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၇ ဦး သေဆုံး
===================
m.CDM၊ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက တင်းတိန်ရံရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တဲ့ အတွက် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေးဦး ပကဖ က ထုတ်ပြန်ထားပါတယ်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခ ကနေတက်လာတဲ့ ဂျိုင်ရိုကော်ပတာာ ၃ စီးနဲ့ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစင်းက တင်းတိန်ရံရွာကို စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီ ၄၈ မိနစ်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ရသလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က တင်းတိန်ရံရွာမှာရှိတဲ့ ကားဝပ်ရှော့ကိုဦးတည်ပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကားဝပ်ရှော့ကလူတွေအပြင် ကားလာပြင်တဲ့သူတွေလည်း ပါတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း မြန်မာနိုင်ငံဒေသအသီးသီးက အရပ်သား ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ပြင်းပြင်းထန်ထန်ကျူးလွန်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် ပေါင်း ၅၂၈ မှု ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
———————————
၅။ရခိုင်ဒေသမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ိခုက်မှုကြောင့် အဖွားအို တစ်ဦး သေဆုံး၊မြဝတီနဲ့ ငါန်းဇွန်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးနဲ့ သံဃာတော် ၁ ပါး အပါအဝင် ၅ ဦး သေဆုံး၊ဧရာဝတီ မြစ်ကမ်းဘေးက ကျေးရွာတွေကို လေကြောင်းနဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ
====================
m.CDM စက်တင်ဘာ ၈ ရက်။
ရခိုင်ပြည်နယ်၊ သံတွဲ နဲ့ ဂွ မြို့နယ်တွေကို စစ်ကော်မရှင် တပ်က လေကြောင်းနဲ့ ရေကြောင်းကနေ လက်နက်ကြီး တွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၈၃ နှစ်အရွယ် အဖွားအို ၁ ဦး သေဆုံးပြီး၊ အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် သံတွဲမြို့ပေါ်က အမှတ်(၈)ရပ်ကွက် အပါအဝင် ကျောက်ကြီးရွာနဲ့ စပါးကြီးရွာတို့က နေအိမ် ၁၆ လုံး ပျက်စီးခဲ့သလို ပုဏ္ဏားကျွန်း မြို့နယ်၊ ဖက်ကျရွာမှာလည်း ဗုံးကြဲတိုက်ခိုက် ခံရမှုကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်တွေမြို့မှာလည်း စက်တင်ဘာလ ၈ ရက်နေ့ (ဒီကနေ့)မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကော်မရှင် တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျည်တွေဟာ အမှတ် (၄) အထက်တန်းကျောင်းနဲ့ အနောက်စံပြရပ်ကွက်ထဲ ကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
အလားတူ ကရင်ပြည်နယ် မြဝတီမြို့နယ်တောင်ပိုင်း ဖလူးဒေသက စစ်ဘေးရှောင် လေးထောင်ကျော် ခိုလှုံနေတဲ့ တလောတပို့ စစ်ရှောင်စခန်းကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ် လို့ ဆိုပါတယ်။
စက်တင်ဘာလ ၄ ရက်၊ မွန်းလွဲ ၁ နာရီခန့်မှာ ၂ ကြိမ်ထပ်မနည်း ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာလည်း စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၆ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ငါးဇွန်မြို့နယ်၊ သားကျင်ရွာနဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တို့ကိုလည်း စက်တင်ဘာလ ၇ ရက်နေ့ မှာ စစ်ကော်မရှင်တပ်က ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတွေ အသုံးပြုပြီး အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။
ထို့အပြင် ကချင်ပြည်နယ်၊ ရွှေကူနဲ့ စင်းခန်း ဒေသတစ်လျောက်ရှိ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေကိုလည်း စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ကာ လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ထို့အပြင် စက်တင်ဘာလ ၈ ရက်နေ့မှာလည်း စစ်သင်္ဘောတွေပေါ်ကနေ မိုးတားလေးနဲ့ ဗောဓိကုန်း ကျေးရွာတွေ ကို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်သင်္ဘောအစီး ၃၀ ကျော်ဟာ မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်နေတာကြောင့် မြစ်ကမ်းဘေးနေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကို အထူးဂရုပြုကြဖို့ တော်လှန်ရေး အဖွဲ့အစည်းတွေက သတိပေး တိုက်တွန်းထားပါတယ်။
-------------------------------
၆။သရက်ချောင်းမှာ စစ်ကော်မရှင်စစ်ကြောင်းရဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး၊သိန္နီက MMDAA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု တရုတ်လုပ်ငန်းရှင် ၂ ဦး အပါအဝင် ၁၅ ဦးခန့် သေဆုံး၊
====================
m.CDM စက်တင်ဘာ ၈ ရက်။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ကို စက်တင်ဘာလ ၈ ရက် မနက်အစောပိုင်းက စစ်ကြောင်းထိုးဝင်ရောက် လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ သရက်နှစ်ခွကျေးရွာက အသက် ၅၉ နှစ်အရွယ် ဒေါ်ရင်မြင့် ဆိုသူ ကျည်ထိမှန် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာလည်း အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်းက ဒီကနေ့ (စက်တင်ဘာလ ၈ ရက်) မနက်ပိုင်းမှာ သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရှိရပါတယ်။
တစ်ဖက်မှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်နယ်မြေ၊ သိန္နီ မြို့နယ်မှာ ရှိတဲ့ ယမ်းသိုလှောင်ရုံ တစ်ရုံ စက်တင်ဘာလ ၈ ရက် မနက်ပိုင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သိန္နီမြို့နယ်၊ စယ်အူအုပ်စု၊ မန့်မိုင်ကျေးရွာက ကျောက်မိုင်းနဲ့ ငါးမိုင်း ထုတ်လုပ်တဲ့ နေရာအနီးရှိ ယမ်းသိုလှောင်ရုံ ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ တရုတ်လုပ်ငန်းရှင် ၂ ဦး၊ အလုပ်သမား ၅ ဦးနဲ့ MNDAA တပ်သား ၈ ဦး စုစုပေါင်း ၁၅ ဦး ခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နဲ့ အနီးပတ်ဝန်းကျင်က နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူ တွေကို MNDAA က လောက်ကိုင်မြို့ဘက် ပို့ဆောင်ကုသပေးနေတယ်လို့
ထိခိုက်ဒဏ်ရာရသူတွေကို MNDAA က လောက်ကိုင် မြို့ဘက်ကို ပို့ဆောင်ကုသပေးနေပြီး၊ ဒီပေါက်ကွဲမှုကြောင့် အနီးနားက နေအိမ်တချို့နဲ့ ဟိုမိန်း ဘုန်းကြီးကျောင်း တို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး MNDAA ဘက်က အတည်ပြုထားပေမယ့် ပေါက်ကွဲရတဲ့ အကြောင်းအရင်း၊ သေဆုံး၊ ဒဏ်ရာရရှိသူ အရေအတွက် အတိအကျကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
---------------------------
၇။ဖာပွန်ခရိုင်က အကြမ်းဖက်စစ်တပ်ရဲ့ ထော်မူပလဲမဲ (လယ်မူပလော) စခန်းကို KNU သိမ်းပိုက်
===================
m.CDM စက်တင်ဘာ ၈ ရက်။
ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်အတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ထော်မူပလဲမဲ (လယ်မူပလော) စခန်းကို တက်ရောက်ရှင်းလင်း သိမ်းယူခဲ့တယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့် ရှိသူက အတည်ပြုထားပါတယ်။
လူသောမြို့နယ်ထဲမှာရှိတဲ့ အဆိုပါတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၅၊ မေလကတည်းက KNU ဘက်က မြေပြင်စစ်ကူနဲ့ ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ထားပြီး၊ ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆက်မပြတ် ပိတ်ဆို့တိုက်ခိုက်ခံနေရတာကြောင့် စက်တင်ဘာလ ၈ ရက် မနက်ပိုင်းမှာ စစ်ကော်မရှင် တပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး KNU ဘက်က ဝင်ရောက်ရှင်းလင်း သိမ်းယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုသိမ်းယူခဲ့တဲ့ ထော်မူပလဲမဲ (လယ်မူပလော)စခန်းဟာ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စခန်းတစ်ခု ဖြစ်တယ်လို့ သိရှိရပါတယ်။
------------------------------
၈။ပေါက်မြို့နယ်မှာ ပလဖ တာဝန်ခံက ဖမ်းဆီးသွားသူ တစ်ဦး ရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံး၊တော်လှန်ရေးအပေါ် အထင်အမြင်မလွဲအောင် ထိထိရောက်ရောက် အရေးယူပေးဖို့ မိသားစု တောင်းဆို၊
===================
m.CDM စက်တင်ဘာ ၈ ရက်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် တောင်ပိုင်းက သက္ကယ်ကျင်း ကျေးရွာမှာ ဒေသခံ အမျိုးသား တစ်ဦးကို ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ခံက ဖမ်းဆီးသွားခဲ့ပြီးနောက် နှိပ်စက်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့မှာ အသက် ၄၀ ကျော်အရွယ် ဦးစိုးမြင့်နိုင် ဆိုသူကို မူးယစ်ဆူပူတယ်ဆိုပြီး၊ ဇုန်(၂) ပလဖ တာဝန်ခံ ရဲဘော်ဒေါင်းမင်း နဲ့ အဖွဲ့ဝင် ၅ ဦးက လာက်ရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူဟာ အရက်သောက်ထားသော်လည်း တစ်စုံတစ်ဦးနဲ့မှ ရန်ဖြစ်ဆူပူခြင်း မရှိကြောင်း၊ ဖမ်းဆီးချိန်မှာ လည်း နေရာမှာတင် ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် သွား ၃ ချောင်း ကျိုးသွားခဲ့ရတယ်လို့ မိသားစုက ဆိုပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ ဇနီးဖြစ်သူနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ပလဖ တာဝန်ခံက ဆက်သွယ်ခဲ့ပြီး သတိလစ် မေ့မြောနေတဲ့ ဦးစိုးမြင့်နိုင် ကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ ပေးအပ်ချိန်မှာ ဦးစိုးမြင့်နိုင် ရဲ့ ခေါင်း၊ လည်ကုတ်၊ နောက်ကျော နဲ့ ခြေထောက် တွေမှာ ရိုက်နှက်လှီးဖြတ်ခံ ထားရတဲ့ ဒဏ်ရာတွေအပြင် နားနဲ့ မျက်လုံးကပါ သွေးတွေ ထွက်နေတာကြောင့် ကျေးရွာဆေးခန်းမှာ အရေးပေါ် ကုသခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့နောက် ည ၁ နာရီ ၅၅ မိနစ်ခန့်မှာတော့ ဆက်လက်ကုသ၍ မရတော့ဘဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးမှုနဲ့ပတ်သက်ပြီး ရုပ်အလောင်းနဲ့ ဒဏ်ရာမှတ်တမ်းတွေကို တာဝန်ရှိသူတွေက ဓါတ်ပုံရိုက်ယူသွားပေမယ့် ဒီနေ့အထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
တစ်စုံတစ်ယောက်ရဲ့ လုပ်ရပ်အမှားကြောင့် တော်လှန်ရေးအပေါ်မှာ ဒေသခံပြည်သူတွေ အထင်အမြင် မလွဲစေဖို့ အတွက် ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်
---------------------------
၉။အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဒုရဲအုပ်က ယာဉ်မောင်းတစ်ဦးကို အမြန်လမ်းမှာ ပစ်သတ်ပြီး ကားလုယူ၊
===================
m.CDM စက်တင်ဘာ ၈ ရက်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က ကားအငှားဝန်ဆောင်မှု လုပ်ကိုင်နေသူ တစ်ဦးကို အကြမ်းဖက် စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် တစ်ဦးက အမြန်လမ်းမှာ သေနတ်နဲ့ပစ်သတ်ပြီး၊ ကားကို လုယူသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ရဲရင်အောင် ဆိုသူဟာ သေဆုံးသူ အငှားယာဉ်မောင်း ကိုဝင်းကို ထံမှာ ကားငှားခ ၄ သိန်းကျပ်နဲ့ မိတ္ထီလာမြို့ကိုသွားဖို့ ကားငှားရမ်းခဲ့တာ ဖြစ်ပါတယ်။
ထိုသို့ ငှားရမ်းသွားခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၇၉ အနီးမှာ ဒုရဲအုပ် ရဲရင်အောင်က ယာဉ်မောင်းဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ပြီး၊ အလောင်းကို လမ်းဘေးယာခင်းထဲ စွန့်ပစ်ကာ ကားလို လုယူသွား ခဲ့တာလို့ ဆိုပါတယ်။
ကိုဝင်းကို ရဲ့ ရုပ်အလောင်းကို စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းမှာပဲ နွားကျောင်းသား တစ်ဦးက တွေ့ရှိခဲ့တာ ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်ခဲ့တဲ့ ဒုရဲအုပ် ကိုတော့ စက်တင်ဘာ ၇ ရက်နေ့မှာ ကားနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။
ဒုရဲအုပ် ရဲရင်အောင် ဟာ အွန်လိုင်းလောင်းကစား(စလော့ဂိမ်း) အလွန်အကျွံ ဆော့ကစားတက်သူ တစ်ဦးဖြစ်ပြီး၊ ယခုဖြစ်စဉ်ဟာ ရဲဌာန အတွင်းမှာ ဂယက်ရိုက်နေပေမယ့် တိုးတိုးကျိတ်ကျိတ်နဲ့ပဲ ဖုံးဖိပြီး အမှုပြီးသွားနိုင်တယ်လို့ ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။
---------------------
၁၀။ကြံဖွံပါတီရဲ့ ကန့်ကွက်မှုကြောင့် ပြည်သူ့ပါတီ ကိုယ်စားလှယ် ၂ ဦး ရွေးတုလွတ်တော်ကနေ ပယ်ဖျက်ခံရ
====================
m.CDM စက်တင်ဘာ ၈ ရက်။
တနင်္သာရီတိုင်း ဒေသကြီးမှာ အနိုင်ရထားတဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ပြည်ခိုင်ဖြိုးပါတီရဲ့ ကန့်ကွက်မှုကြောင့် ရာထူးက ပယ်ဖျက်လိုက်တယ်လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်- မရှင်က ကြေညာလိုက်ပါတယ်။
မြိတ်မြို့နယ်မှာ မဲ ၃ သောင်းကျော်နဲ့ အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးခိုင်ဦးကို ရှုံးနိမ့်ခဲ့တဲ့ ပြည်ခိုင်ဖြိုး ပါတီက တိုင်းဝန်ကြီးဟောင်း ဦးဝင်းကြူက မဲဆွယ်ကာလ စည်းကမ်းဖောက်ဖျက်တယ် ဟုဆိုကာ ကန့်ကွက်လွှာ တင်ခဲ့တာ ဖြစ်ပါတယ်။
မဲဆွယ်ဗီနိုင်းမှာ ထုတ်ဝေခွင့်မပါတာနဲ့ စီတန်းလှည့်လည်တယ်တာတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ကန့်ကွက်ခဲ့တာ ဖြစ်ပေမယ့် ပြည်သူ့ပါတီဘက်ကတော့ ဒါဟာ မဲအပြတ်အသတ်နိုင်ထားတဲ့ ရလဒ်ကို ပြောင်းလဲစေနိုင်တဲ့ အခြေ- အနေမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။
ဦးခိုင်ဦး ပယ်ဖျက်ခံလိုက်ရတဲ့အတွက် အချိုးကျကိုယ်စားပြုစနစ်နဲ့ ကိုယ်စားလှယ်ဖြစ်လာတဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးတင်စိုး ပါ အလိုအလျောက် နေရာ ထပ်မံဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးနေရာမှာတော့ ကန့်ကွက်လွှာတင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီက ဦးဝင်းကြူနဲ့ ဒေါ်မြမြစိမ်းတို့ကို့ အစားထိုး ခန့်အပ်လိုက်တယ်လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
အခုလို ကိုယ်စားလှယ် ၂ ဦး ပယ်ဖျက်ခံရတာကြောင့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ နေရာ ၃၀ ကို အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီ အနေနဲ့ လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၈ နေရာသာ ကျန်ရှိတော့တယ်လို့ သိရှိရပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

Send email to - editors@moemaka.net to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment