၂၀၂၅ သြဂုတ်လ ၂၂ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ NUG စိုးမိုးထိန်းချုပ်ဧရိယာတွေမှာ ရွေးကောက်ပွဲလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမှာ ဖြစ်ပြီး အရပ်သားပြည်သူတွေအပေါ် လေကြောင်း၊လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး

📌 ၃။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အဓမ္မ လုပ်ကြံပြင်ဆင်နေသောရွေးကောက်ပွဲကိုအတုအယောင် ရွေးကောက်ပွဲ၊ တရားမဝင် ရွေးကောက်ပွဲ၊ နိုင်ငံရေးထောင်ချောက်၊ လုပ်ပွဲဟု သတ်မှတ်ခံယူကြောင်း ဒေါက်တာ တေဇာဆန်း ဆို

📌 ၄။ ကန့်ဘလူမြို့နယ်တွင် အခွန်ကောက်ခံရေး ဂိတ် ( ) ခုထားရှိပြီး ပိုင်းဖြတ် အခွန်ချလန်များဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိပြီး လမ်းတံတားကော်မတီတစ်ရပ်အားလည်း ဖွဲ့စည်းထား

📌 ၅။ ဩဂုတ်လ ၃ပတ်အတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၄ဦး သေဆုံးခဲ့ရ

📌 ၆။ ကယန်းအမျိုးသား ကွန်ပျူတာတက္ကသိုလ် က ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် ဝင်ခွင့်ခေါ်ယူနေ

📌 ၇။ နော်ဝေးမှာ ကျင်းပမယ့် Asian Festival မှာ မြန်မာပါဝင်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြဖို့ အသိပေးတဲ့ လှုပ်ရှားမှု လုပ်ဆောင်မည်


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ထားဝယ်မှ မေတ္တာမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀ ကျော် သေဆုံးကာ ထောက်ပို့ကား စီး ပျက်စီးခဲ့

🚩 ၂။ သပိတ်ကျင်း တတက (၁၃) တိုက်ခိုက်မှုအတွင်း အရာရှိ ဦးနဲ့ စစ်သည် ၁၈ ဦး သေဆုံးဟုဆို

🚩 ၃။ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နှင့် ပျူများက ငှက်ပျောတောတောင်ရွာနှင့် မင်းတိုင်ပင်ရွာတို့ရှိ ဈေးနှင့် နေအိမ်များကို မီးရှို့

🚩 ၄။ ကိုးတောင်ဘို့ အထိုင်စခန်းက ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့က ပြည်သူ တစ်ဦးအား ဖမ်းဆီးသတ်ဖြတ်

🚩 ၅။ ဟားခါးမြို့တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ NUG စိုးမိုးထိန်းချုပ်ဧရိယာတွေမှာ ရွေးကောက်ပွဲလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမှာ ဖြစ်ပြီး အရပ်သားပြည်သူတွေအပေါ် လေကြောင်း၊လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


ဩဂုတ်လ ၂၁ရက် 

RadioNUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၂၉/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၁) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် - " အကြမ်းဖက်စစ်ကောင်စီက သြဂုတ်လ ၁၈ ရက်နေ့မှာ ရွေးကောက်ပွဲရက်ကို ကြေညာခဲ့ပြီး ရွေးကောက်ပွဲ မတိုင်ခင် ကာလတွေမှာ သူတို့ဘက်က လုပ်နိုင်စွမ်းရှိသမျှ ပြည်သူကို တိုးတိုးပြီး ဒုက္ခပေးလာဖွယ်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ် ဧရိယာတွေမှာ သူတို့ ရွေးကောက်ပွဲလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမှာ ဖြစ်ပါကြောင်း၊ အရပ်သားပြည်သူတွေအပေါ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာသလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်နေတာတွေ နေ့စဥ်နှင့်အမျှ ကြားနေရပါကြောင်း၊ နိုင်ငံရေးအရတော့ တော်လှန်ရေးအရှိန် မြှင့်လာလေလေ ရင်ဆိုင်စရာတွေက များလာလေလေဖြစ်မှာက သဘာဝဖြစ်ပြီး ဒါကို ဘက်ပေါင်းစုံက သေသေချာချာ စီမံ ဆောင်ရွက်ပြီး ရင်ဆိုင်ဖြေရှင်းကြရမှာ ဖြစ်ပါကြောင်း၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အနေနဲ့တော့ နိစ္စဓူဝ ဆောင်ရွက်နေကြတဲ့ကိစ္စတွေအပြင် လုံခြုံရေးဆိုင်ရာ ကိစ္စတွေကိုလည်း အထူးဂရုစိုက်ဖို့လိုပါကြောင်းနှင့် တော်လှန်ရေးအောင်မြင်ပြီးမြောက်နိုင်ဖို့အတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍစုံမှာ လုံ့လစိုက်၊ အားထည့်ပြီး ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမှာ ဖြစ်သလို ပေါ်ပေါက်လာမဲ့ နိုင်ငံရေးအခြေအနေအားလုံးကိုလည်း စုစုစည်းစည်းနဲ့ ရင်ဆိုင်ကျော်ဖြတ်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ အမှတ်စဉ် (၂၈/၂၀၂၅) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းတည့် (၁၂:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး


ဩဂုတ်လ ၂၁ရက် 

RadioNUG 


၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက် နာရီတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ Zoom Platform မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ပါတယ်။


အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌက  နှုတ်ခွန်းဆက်စကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဆက်လက်၍ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံ (မူကြမ်း) ကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် CRPH ဥပဒေရေးရာကော်မတီတို့က မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံနှင့် စပ်လျဉ်း၍ အကြံပြုချက်များ၊ သုံးသပ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်‌ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တစ်ဦးက နိဂုံးချုပ်အမှာစကားပြောကြားပြီး မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ တွေ့ဆုံဆွေးနွေးပွဲကို နေ့လယ် နာရီခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ CRPH ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အဓမ္မ လုပ်ကြံပြင်ဆင်နေသောရွေးကောက်ပွဲကိုအတုအယောင် ရွေးကောက်ပွဲ၊ တရားမဝင် ရွေးကောက်ပွဲ၊ နိုင်ငံရေးထောင်ချောက်၊ လုပ်ပွဲဟု သတ်မှတ်ခံယူကြောင်း ဒေါက်တာ တေဇာဆန်း ဆို


ဩဂုတ်လ၂၁ရက် 

Radio NUG 


အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အဓမ္မ လုပ်ကြံပြင်ဆင်နေသောရွေးကောက်ပွဲကိုအတုအယောင် ရွေးကောက်ပွဲ၊ တရားမဝင် ရွေးကောက်ပွဲ၊ နိုင်ငံရေးထောင်ချောက်၊ လုပ်ပွဲဟု သတ်မှတ်ခံယူကြောင်း ဒေါက်တာ တေဇာဆန်းက ဆိုထားပါတယ်။


အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်ဆောင်ရွက်နေသောရွေးကောက်ပွဲဆိုသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ မြန်မာ့နိုင်ငံရေး ပြဿနာ၏ ထွက်ပေါက်၊ အဖြေ (လုံးဝ) မဟုတ်ကြောင်း၊ မြန်မာ့နိုင်ငံရေးအကြပ်အတည်းရဲ့ အဖြေ မဟုတ်ရုံသာမက ပြဿနာကို ပိုမို ရှုတ်ထွေးစေမည့်၊ ပိုမို ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာ ဖြစ်ကြောင်း၊ စစ်အာဏာ သက်ဆိုးရှည်ရေး၊ စစ်တပ် ကျူးလွန်ခဲ့သမျှသော ရာဇဝတ်မှုမျိုးစုံကို ခဝါချနိုင်ရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရစေရေး၊ စစ်တပ် ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်‌ဆောင်ရွက်သည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။


ပြည်သူလူထုတရပ်လုံး၏ သဘောထားဆန္ဒနှင့်အညီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖျက်သိမ်းခဲ့ပြီးဖြစ်သည့်အပြင် စစ်အုပ်စုက နိုင်ငံရေးမှာ ရာသက်ပန် ကြီးစိုးခြယ်လှယ်ဖို့ ခွင့်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်အတွင်း ရွေးကောက်ပွဲကျင်းပရန် ကြံစည်ခြင်းကို (လုံးဝ) လက်မခံဘူးလို့ အသိပေးထားပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည် (Federal Democracy Charter) တွင် ပြဋ္ဌာန်းထားသော နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ရပ်၊ NUG နှင့်တကွ တော်လှန်ရေးအင်အားစုများ စွဲကိုင်ထားသောဘုံနိုင်ငံရေး ရပ်တည်ချက်သဘောထားတို့အပါအဝင် နိုင်ငံရေး တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောတူညီချက်နှင့် ဘုံရည်မှန်းချက်များကသာ လက်ရှိ မြန်မာ့နိုင်ငံရေး၏ ရှေ့ဆက်လုပ်ငန်းစဉ်ဖြစ်သလို အဖြေဖြစ်ကြောင်း လေးနက်စွာ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။


ထို့အပြင် လက်ရှိ လူမျိုးပေါင်းစုံ ဒေသပေါင်းစုံ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနေကြသော ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် အခက်အခဲ၊ အကြပ်အတည်းများစွာ၊ ထည့်ဝင်ပေးဆပ်ရသည့် အရင်းအနှီးများစွာရှိနေသလို တဖက်ကလည်း နှစ်ပေါင်း (၈၀) နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ့နိုင်ငံရေးပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်မည့် အဆုံးသတ်တိုက်ပွဲ၊ အခွင့်အလမ်းဖြစ်ကြောင်း အပြည့်အဝ ယုံကြည်တယ်လို့ ပြောကြားထားပါတယ်။


ထို့ကြောင့် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု၏  "တရားမဝင်၊ အတုအယောင်ရွေးကောက်ပွဲ" (ဝါ) "လုပ်ပွဲ" ကို ပြည်သူလူထုတရပ်လုံးနှင့်အတူ ပြည်သူ့အားဖြင့် အကြွင်းမဲ့ ဆန့်ကျင်၊ တိုက်ဖျက်သွားပါမည့်အကြောင်း ထပ်လောင်း အတည်ပြု ထုတ်ဖော်ထားပါတယ်။


========================


📌📌 ၄။ ကန့်ဘလူမြို့နယ်တွင် အခွန်ကောက်ခံရေး ဂိတ် ( ) ခုထားရှိပြီး ပိုင်းဖြတ် အခွန်ချလန်များဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိပြီး လမ်းတံတားကော်မတီတစ်ရပ်အားလည်း ဖွဲ့စည်းထား


ဩဂုတ်လ ၂၁ရက် 

Radio NUG 


ကန့်ဘလူမြို့နယ်တွင် အခွန်ကောက်ခံရေး ဂိတ် ( ) ခုထားရှိပြီး ပိုင်းဖြတ် အခွန်ချလန်များဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း ကန့်ဘလူမြို့နယ် ပအဖမှ သတင်းထုတ်ပြန်ပါတယ်။


အခွန်ဂိတ်များတွင် စည်းကြပ်ကောက်ခံနေသော နှုန်းထားများကိုလည်း အသိပေးထားပြီး မြို့နယ်တွင် လမ်းတံတားကော်မတီတစ်ရပ်အား ဖွဲ့စည်းထားရှိကာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


အခွန်ဂိတ်များအား အဖွဲ့အစည်းပေါင်းစုံ ပါ၀င်စေရန် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု ပေးဆောင်သော အခွန်ဘဏ္ဍာများ အလေအလွင့်မရှိစေဘဲ တော်လှန်ရေးအတွက် ထိရောက်အကျိုးရှိစွာ သုံးစွဲနိုင်ရန် ပြုပြင်ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။


အခွန်ဘဏ္ဍာငွေ စည်းကြပ်ရာတွင် ငွေကြေးအလွဲသုံးစားလုပ်မှုများရှိပါက သတင်းပေးတိုင်ကြားရန်နှင့် ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင်ပစ္စည်းများ တင်ဆောင်ခြင်းမပြုကြဘဲ သတ်မှတ်နှုန်းထားအတိုင်း အခွန်ဆောင်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ ဩဂုတ်လ ၃ပတ်အတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၄ဦး သေဆုံးခဲ့ရ


သြဂုတ်လ ၂၁ရက်

Radio NUG

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ရက်နေ့မှ ၂၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၀) ဦးနှင့် အမျိုးသား (၅၂) ဦး စုစုပေါင်း (၈၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁) ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။


 အဆိုပါ (၈၂) ဦးအနက် ကယားပြည်နယ်မှာ (၂၆) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မန္တလေးတိုင်းမှာ (၁၉) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ကာ ထို (၈၂) ဦးတွင် (၄၄) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပါတယ်။


 အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၆၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။


ဩဂုတ်လ ၁၉ ရက်နေ့တွင် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စု၊ ကျောက်ပြင်သာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက Paramotorဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ကိုသိန်းဇော်နှင့် ၎င်း၏သားဖြစ်သူ မောင်သက်ပိုင်ဇော် () မောင်ဇော်တို့နှစ်ဦးအား ဗုံးစထိမှန်၍ နေရာတွင် သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၆။ ကယန်းအမျိုးသား ကွန်ပျူတာတက္ကသိုလ် က ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် ဝင်ခွင့်ခေါ်ယူနေ


ဩဂုတ်လ ၂၁ ရက်၊ 

Radio NUG


ကယန်းအမျိုးသား ကွန်ပျူတာတက္ကသိုလ် (စိန်မိုက်ကယ်မြို့သစ်) က ဒုတိယအကြိမ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ဝင်ခွင့်ခေါ်ယူနေကြောင်း ထုတ်ပြန်ထားပါတယ်။


ကွန်ပျူတာ သိပ္ပံဘွဲ့ နဲ့ ကွန်ပျူတာ နည်းပညာဘွဲ့ အတန်းများကို ခေါ်ယူနေတာဖြစ်ပြီး လျှောက်ထားလိုသူများဟာ ကယန်းအမျိုးသား ပညာရေး (၂၀၂၂-၂၃) ပညာသင်နှစ် (Grade 11) သို့မဟုတ် (၂၀၂၄-၂၅) ပညာသင်နှစ် (Grade 12) ပြီးမြောက်ထားရမယ်လို့ ဆိုပါတယ်။


အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ရူပဗေဒ ဘာသာရပ်များတွင် Rank B အနိမ့်ဆုံး ရှိရမှာ ဖြစ်ပြီး ဘာသာရပ် ခုမှာ Rank C ရှိသူများကိုလည်း ထည့်သွင်းစဉ်းစားပေးမယ်လို့ ဆိုပါတယ်။


ထို့အပြင် ၂၀၂၀ ခုနှစ်နဲ့ မတိုင်မှီ တက္ကသိုလ်ဝင်တန်းကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ထားသူများ၊ တိုင်းရင်းသား ပညာရေးအစီအစဉ် (သို့) BECA စာမေးပွဲ သိပ္ပံဘာသာတွဲဖြင့် အခြေခံပညာ ပြီးမြောက်ထားသူများ၊ နိုင်ငံတကာ အသိမှတ်ပြု အောင်လက်မှတ် (K12/GED/IGCSE/SAT/ACT/..) ရရှိထားသူများလည်း လျောက်ထားနိုင်တယ်လို့ သိရပါတယ်။


လျှောက်လွှာများကို ၂၀၂၅ စက်တင်ဘာလ ၂၀ ရက်နေ့ထိ ခွင့်ပြုသွားမှာဖြစ်ကာ ပဏာမ ရွေးချယ်ခံရပါက မူရင်း အထောက်အထားများ တင်ပြပြီး အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ နဲ့ စိတ်ပညာ ဘာသာရပ်များ ဝင်ခွင့် ဖြေဆိုရမယ်လို့ ဆိုပါတယ်။


သင်ကြားရေး ကာလမှာ နှစ် ဖြစ်ပြီး လျှောက်ထားသူများဟာ ဘွဲ့ရရှိတဲ့အထိ ပြီးမြောက်အောင် တက်ရောက်နိုင် ရမှာဖြစ်ကာ B.C.Sc နဲ့ B.C.Tech ဘွဲ့များကို ပေးအပ်သွားမယ်လို့ သိရပါတယ်။


========================


📌📌 ၇။ နော်ဝေးမှာ ကျင်းပမယ့် Asian Festival မှာ မြန်မာပါဝင်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြဖို့ အသိပေးတဲ့ လှုပ်ရှားမှု လုပ်ဆောင်မည်


သြဂုတ်လ ၂၁ရက်

Radio NUG

သြဂုတ်လ ၂၃ရက် Asian Festival ကို နော်ဝေးနိုင်ငံ Lillestrm Torv ကွင်းပြင်မှာ မနက်၁၀နာရီက စတင်ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။


"မြန်မာအစားအစာတွေကိုလည်း တဲ၂ တဲနဲ့ ရောင်းချပြီး ရန်ပုံငွေရှာမယ်။ နိုင်ငံစုံ လမ်းလျှောက်ကြချိန် ဦးရွှေရိုး၊ ဒိုးပတ်ဝိုင်းနဲ့လှည့်မယ်။ ရိုးရာ ပြပွဲမှာ စံတော်ချိန်အကကို မြန်မာ သမီးငယ် ယောက်က မြန်မာမင်းသမီးဝတ်စုံနဲ့ ကမယ်။ ရုပ်သေးနဲ့ လူအတူ အကနဲ့ ကချင်သမီးငယ်အကလည်း ပါမယ်။ အဓိကကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြဖို့ အသိပေးတဲ့ လှုပ်ရှားမူလုပ်ပါမယ်။ Fashion show လျှောက်မယ့် သူတွေ လက်ထဲမှာ poster တွေ ကိုင်ပြီးပြဖို့ စီစဉ်ထားပါတယ်။ အနောက်က screen မှာလဲ အဲဒီပိုစတာကို ထည့်သွင်းပြသထားပါတယ်"လို့ ပွဲအခမ်းအနားနဲ့ပတ်သက်လို့ CRPH Norway Support Group အထွေထွေအတွင်းရေးမှူး မဝတ်မှုန်ဝင်းက ပြောပါတယ်။


Asian Festivalပွဲကို Indonesia, Japan, Malaysia, Myanmar , Philippines, Singapore, South Korea, Thailand & Vietnamတို့ပါ ပါဝင်မှာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ထားဝယ်မှ မေတ္တာမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀ ကျော် သေဆုံးကာ ထောက်ပို့ကား စီး ပျက်စီးခဲ့


ဩဂုတ်လ ၂၁ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ ထားဝယ်မြို့ မှ မေတ္တာမြို့ ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်ဘက်က ၂၀ ကျော် သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တို့မှာ ၎င်းစစ်ကောင်စီတပ်ဖွဲ့ကို KNLA တပ်မဟာ () တပ်ရင်း (၁၂) တပ်ရင်း (၁၀) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်များက နေရာ နေရာမှ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


() ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က တပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ထောက်ပို့ ကား စီး ပျက်စီးခဲ့ကာ ကား စီးမှ လက်နက်ခဲယမ်းများနဲ့ ရိက္ခာများကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ် စီးဖြင့် ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ သပိတ်ကျင်း တတက (၁၃) တိုက်ခိုက်မှုအတွင်း အရာရှိ ဦးနဲ့ စစ်သည် ၁၈ ဦး သေဆုံးဟုဆို


ဩဂုတ်လ ၂၁ ရက်၊ 

Radio NUG


သပိတ်ကျင်းမြို့၊ မိုင်ရွာရှိ စစ်ကောင်စီရဲ့ အမှတ် (၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း နည်းပြအရာရှိ ဦးနဲ့ စစ်သည် ၁၈ ဦး သေဆုံးခဲ့တယ်လို့ BWM က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၂၀ ရက်နေ့က BWM Shadow (အညာ) No More Dictatorship (NMD-PDF) Infinity (အညာ) အဖွဲ့တို့က တတက (၁၃) ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ 


တိုက်ခိုက်မှုတွင်း စစ်ကောင်စီတပ် အထက်တန်း အဆင့်မြင့် နည်းပြအရာရှိ ဦးနဲ့ အခြားအဆင့် တိုက်ခိုက်ရေး စစ်သည် ၁၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် သင်တန်းအဆောင် ခု မီးလောင်ကာ သင်ကြားရေးပစ္စည်းများ ပျက်စီးသွားခဲ့တယ်လို့သိရပြီး ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေကိုတော့ စုံစမ်းမရသေးကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နှင့် ပျူများက ငှက်ပျောတောတောင်ရွာနှင့် မင်းတိုင်ပင်ရွာတို့ရှိ ဈေးနှင့် နေအိမ်များကို မီးရှို့


သြဂုတ်လ ၂၁ရက် 

Radio NUG 


ပုလဲမြို့နယ်အတွင်း သြဂုတ်လ ၁၆ရက်နေ့မှ စတင်၍ ဇီးဖြူကုန်း ပျူများနှင့်အတူ  အကြမ်းဖက်စစ်တပ်ရဲ့ အင်အား ၂၀၀ခန့်ပါ ခြေလျင်စစ်ကြောင်းသည် ညောင်ပင်ဇောက်၊ ကွမ်းကိုင်းရွာတို့မှတဆင့် ငှက်ပျောတောတောင်ရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး လူနေအိမ် ၅အိမ်ခန့်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း Beyond The Chindwin Organization-BCO မှ သတင်းထုတ်ပြန်ပါတယ်။


ထိုမှတဆင့် ခြေလျင်စစ်ကြောင်းသည် ဩဂုတ်လ ၂၀ရက်နေ့ ညနေပိုင်းတွင် မင်းတိုင်ပင်ရွာအတွင်းရှိ စျေးအပါအဝင် လေယာဥ်ကြဲစဥ်က ထိခိုက်ပျက်စီးရုံသာရှိခဲ့သော လူနေအိမ်များအား ပြာကျသည်အထိ ဝင်ရောက်မီးရှို့ရာ မင်းတိုင်ပင်ရွာ ၆၀%ခန့် မီးလောင်ပြာကျခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ကိုးတောင်ဘို့ အထိုင်စခန်းက ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့က ပြည်သူ တစ်ဦးအား ဖမ်းဆီးသတ်ဖြတ်


ဩဂုတ်လ ၂၁ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ အထိုင်စခန်းမှ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့က ကြခတ်အိုက် ရွာက ပြည်သူ တစ်ဦးအား ဖမ်းဆီးပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ က ထုတ်ပြန်ထားပါတယ်။


သြဂုတ်လ ၂၀ ရက်၊ မနက် နာရီ ကျော်ခန့်မှာ စစ်ကောင်စီ တပ်အင်အား ၇၀ ခန့်ဟာ ကြခတ်အိုက် ကျေးရွာကို ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး ပိတ်မိနေတဲ့ ပြည်သူများကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။


၎င်းစစ်ကြောင်းဟာ ကြခတ်အိုက် ရွာသား၊ အသက် ၄၅ နှစ်အရွယ်၊ ဦးမောင်မော် ဆိုသူကို လမ်းဘေးမှာ ဖမ်းဆီးပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


"အဲ့ဒီမနက် စစ်ကြောင်းဝင်တာ နာရီကျော် ရှိသေးတာ ဘာသတင်းမှလဲ မရတော့ တစ်ရွာလုံးနီးနီး ပိတ်မိတာ များတယ်၊ မထွက်နိုင်တဲ့သူ အများကြီးပဲ ကိုမောင်မော်ကတော့ မနက်စောစော တောထဲသွားချိန် စစ်ကြောင်းနဲ့ ပက်ပင်းတိုးတော့ ကံဆိုးတယ်ပြောရမှာပဲ ကတ္တရာလမ်းဘေးမှာ နှာဖူးတည့်တည့် ချက် ပစ်ခံလိုက်ရတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။


၎င်းစစ်ကြောင်းဟာ ကြခတ်အိုက်ရွာမှာ တစ်ညအိပ် တပ်စွဲခဲ့ပြီး နောက်တနေ့ မနက် နာရီခန့်မှာ ဖမ်းဆီးထားတဲ့ ပြည်သူများကို ပြန်လွှတ်ထားခဲ့ပြီး ပစ္စည်းများ ခိုးယူကာ ကိုးတောင်ဘို့ အထိုင်စခန်းကို ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ဟားခါးမြို့တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး


ဩဂုတ်လ ၂၁ ရက်

Radio NUG 


ဩဂုတ်လ ၂၀ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့တွင်း၌ ယာဉ်စစ်ဆေးရေးပြုလုပ်နေစဉ် ဆိုင်ကယ်ဖြင့် စစ်ဆေးရေးဂိတ်မှ ထွက်ပြေးသူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ဒဏ်ရာရသူမှာ ထန်တလန်မြို့နယ်၊ လောက်တူဒေသ၊ Tisen ကျေးရွာမှ Salai Sang Khia ဖြစ်ပြီး ၎င်းအား ဟားခါးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နာရီဝန်းကျင်တွင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါဖြစ်ရပ်တွင် အခြားမိန်းကလေးငယ်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သော်လည်း ၎င်းတို့၏ဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း သိရပြီး စစ်ကောင်စီတပ်ဖွဲ့သည် Salai Sang Khia အား ပစ်ခတ်ပြီးနောက် ဒဏ်ရာဖြင့် လဲကျနေချိန်တွင် ရိုက်နှက်မှုများ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment