9th FEB 2024 - Morning Daily News by Radio NUG


၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီက ကြီးမှူး၍ နွေဦးတော်လှန်ရေး၏ တပ်ဦး Civil Disobedience Movement (CDM) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

📌 ၂။ စိုးမိုးထိန်းချုပ်နယ်မြေတွေရရှိနိုင်ဖို့နဲ့ ရထားတဲ့ နယ်မြေတွေ ဆက်လက်ထိန်းထားနိုင်ဖို့အတွက် စစ်ရေးဖိအားကသာ အထိရောက်ဆုံးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား 

📌 ၃။ သတင်းတု - သတင်းမှားများ ရည်ရွယ်ချက်ရှိရှိပြန့်နှံ့လျက်ရှိတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သတိပေးဆို

📌 ၄။ CDM ဝန်ထမ်း (၅၉၅၅) ဦးအား ကူညီထောက်ပံ့နိုင်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်

📌 ၅။ အကြမ်းဖက်စစ်အုပ်ရဲ့ လက်ထဲကို လေယာဥ်ဆီပို့တာကို ဝိုင်းဝန်း လက်တွဲတားဆီးကြဖို့ နိုင်ငံတကာကိုတောင်းဆိုထား

📌 ၆။ ရှမ်းမြောက်ဒေသရှိ မြို့နယ် ခုတွင် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးသင်တန်းများဖွင့်

📌 ၇။ အရပ်သားပြည်သူများကိုသတ်ဖြတ်နေသည့် စစ်အုပ်စုကို စစ်ခုံရုံးတင် အပြစ်ပေးနိုင်ရေး နိုင်ငံတကာအဖွဲ့အစည်းများက ပူးပေါင်းကူညီပေးရန် IEC တိုက်တွန်းတောင်းဆို

📌 ၈။ လွိုင်ကော်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးပြန်လည်လွတ်မြောက်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကန့်ဘလူတွင် စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ် အပစ်ခံရပြီး ထိမှန်ခဲ့

🚩 ၂။ ကရင်နီနယ်မြေအတွင်းရှိစစ်ကောင်စီ၏ ၁၂မိုင်ကုန်းစခန်းကို မဟာမိတ်ပူးပေါင်းတပ်များနှင့် အတူ ကရင်နီတော်လှန်ရေးတပ်ပေါင်း စုများတိုက်ခိုက်သိမ်းပိုက်

🚩 ၃။ မြိုင်မြို့မှထွက်လာသော အင်အား ၁ဝဝ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၄။ ရေတာရှည် မြို့နယ်တွင် PDF နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ (၂၀) ကျော်ကို ဖမ်းဆီးပြီး ရွာလုံးကျွတ် မီးရှို့

🚩 ၅။ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးရှိ ခလရ (၇၃) ဇရပ်ကြီးရဲစခနိးအပါအဝင် စကစစခန်းတွေကို စီးနင်းနိုင်ခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီက ကြီးမှူး၍ နွေဦးတော်လှန်ရေး၏ တပ်ဦး Civil Disobedience Movement (CDM) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ


ဖေဖော်ဝါရီလ ၈ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီက ကြီးမှူးကျင်းပသည့် နွေဦးတော်လှန်ရေး၏ တပ်ဦး Civil Disobedience Movement (CDM) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို  ဖေဖော်ဝါရီလ ၈ရက်မှာ CDM များနှင့်အတူ တော်လှန်ရေး ရဲဘော်ရဲဘက်များ ပူးပေါင်းပါဝင်ကျင်းပခဲ့ပါတယ်။

အခမ်းအနားသို့ ယာယီသမ္မတဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများတက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။


အခမ်းအနားတွင် ယာယီသမ္မတမှ ပြောကြားရာတွင်မြေအုတ်တို့ နေရာမှာ၊ ကျောက်အုတ်တို့နဲ့ အစားထိုးသကဲ့သို့ကျွန်တော်တို့ဟာ စနစ်ဟောင်းက စရိုက်ဆိုး၊ ဉာဉ်ဆိုးတွေကို ခဝါချပြီး လူ့အဖွဲ့အစည်းသစ်ကို ဦးဆောင်ကြရမှာ ဖြစ်ပါတယ်။ အဲသည့်လို ဝိုင်းဝန်း တည်ဆောက်တဲ့နေရာမှာ စစ်အာဏာရှင်စနစ်ကို ပြန်လည် ထောက်ကန်ပေးမယ့် အယူဝါဒ တွေကို တစ်ခါတည်း သုတ်သင် ရှင်းလင်းခဲ့ဖို့ လိုအပ်ပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ရေးရဲ့ အနှစ်သာရဟာ  မတရားမှုကို ငြင်းပယ်ခြင်းနဲ့ ဖိနှိပ်မှုကို အားပေး ထောက်ခံမှု မပြုခြင်းဆိုတဲ့ အနှစ်သာရတွေကို ကိုယ်စားပြုတယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနာဂတ်သစ်အတွက် တည်ဆောက်မယ့် ဖက်ဒရယ် ဒီမိုကရေစီတိုင်းပြည်သစ်မှာ၊ ကျွန်တော်တို့အနေနဲ့ အာဏာရှင်စနစ်ကို ပြန်လည် မွေးဖွားစေရမယ့် အတွေးအခေါ်တွေကို အပြီးသပ် ချုပ်ငြိမ်းစေဖို့ အထူး လိုအပ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်အနာဂတ်သစ်အတွက် တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်သစ်အတွက် CDM လှုပ်ရှားမှုမှာ ခွန်ပြည့်အားပြည့် ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေကို အထူး လိုအပ်နေတယ်လို့ ယာယီသမ္မတကဆိုပါတယ်။


ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားရာမှာ"CDM နိုင်ငံ့ဝန်ထမ်းတွေဟာ ပြည်သူ့နွေဦးတော်လှန်ရေးရဲ့ အဓိက ထောက်တိုင်ကြီးတစ်ခု ဖြစ်တာနဲ့အညီ နိုင်ငံပြန်လည် တည်ဆောက်ရေးမှာလည်း ကြီးမားတဲ့ မောင်းနှင်အားဖြစ်လာမှာ ဖြစ်တဲ့အတွက် ဖက်ဒရယ်အစိုးရ ဖက်ဒရယ်ယူနစ် အစိုးရတွေနဲ့အတူ တာဝန်တွေပြန်လည် ထမ်းဆောင်နိုင်ရေးအတွက်လည်း ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထို့နောက် မြန်မာ့အသံမှ အစီအစဥ်တင်ဆက်သူ ကိုကျော်သက်လင်း၊ သရုပ်ဆောင်ပိုင်ဖြိုးသု၊ သရုပ်ဆောင်ချစ်သုဝေ၊ အဆိုတော်လင်းလင်း၊ အဆိုတော်တူးတူး၊ အဆိုတော်ဖြူဖြူကျော်သိန်း၊ ဒေါက်တာဖြိုးသီဟတို့မှ CDMဝန်ထမ်းများကို စိတ်ခွန်အားပေးပြောကြားခဲ့ကြပါတယ်။


========================


📌📌 ၂။ စိုးမိုးထိန်းချုပ်နယ်မြေတွေရရှိနိုင်ဖို့နဲ့ ရထားတဲ့ နယ်မြေတွေ ဆက်လက်ထိန်းထားနိုင်ဖို့အတွက် စစ်ရေးဖိအားကသာ အထိရောက်ဆုံးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား 


ဖေဖော်ဝါရီလ ၈ရက်။

ဖေဖော်ဝါရီလ ၈ရက်မှာ ကျင်းပတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၄)မှာ ဝန်ကြီးချုပ်ကအခုလိုပြောပါတယ်။


"တာဝန်ရှိသူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ထုတ်နိုင်ရေး၊ အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်ရေး၊ အကြမ်းဖက်စစ်အုပ်စု အဖွဲ့ဝင်တွေ မိမိတို့ရဲ့ နယ်မြေတွေအတွင်းမှာ လုံးဝခြေမချနိုင်ရေး စတာတွေက အရေးတကြီး ပထမ ဦးစားပေး လုပ်ငန်းတွေအဖြစ် မြေပြင်တော်လှန်ရေးအဖွဲ့တွေကြားမှာ နားလည်မှုရှိနေကြဖို့က အင်မတန်ကို အရေးကြီးပါကြောင်း။ ဒီအခြေခံစိတ်တွေမတူညီရင် အလုပ်လုပ်တဲ့နေရာမှာ ကွဲပြားမှုတွေ ဖြစ်လာနိုင်ပါကြောင်း။ တော်လှန်ရေးအခြေခံအသိတွေ တူညီနေမှသာ ယခုအခြေအနေမှာ ဘယ်ကဏ္ဍက ပိုအရေးကြီးတယ်ဆိုတဲ့ အပိုင်းကိုလည်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်မှာ ဖြစ်ပါကြောင်း။  စိုးမိုးထိန်းချုပ်နယ်မြေတွေရရှိနိုင်ဖို့၊ ရထားတဲ့ နယ်မြေတွေ ဆက်လက်ထိန်း ထားနိုင်ဖို့အတွက် စစ်ရေးဖိအားကသာ အထိရောက်ဆုံးဖြစ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းစေဖို့ကို အားလုံးပံ့ပိုးကူညီ လုပ်ဆောင်ကြရမှာ ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (/၂၀၂၄) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ သတင်းတု - သတင်းမှားများ ရည်ရွယ်ချက်ရှိရှိပြန့်နှံ့လျက်ရှိတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သတိပေးဆို


ဖေဖော်ဝါရီလ ၈ရက်။

သတင်းတု - သတင်းမှားများ ရည်ရွယ်ချက်ရှိရှိ ပြန့်နှံ့လျက်ရှိတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က က်ဆိုရှယ်မီဒီယာမှာ သတိပေးဆိုပါတယ်။

"သတင်းတု - သတင်းမှားများ ရည်ရွယ်ချက်ရှိရှိပြန့်နှံ့လျက် ရှိကြောင်း ပြည်သူလူထုနဲ့တော်လှန်ရေး ဘက်တော်သားများ သတိပြုနိုင်ရန် အသိပေးပါရစေ။ Misinformation- disinformation ဆိုတာ ဘယ်သူတွေ ရည်ရွယ်ချက်ရှိရှိစနစ်တကျလုပ်တတ်ပါသလဲ။ ဘယ်သူဘယ်ဝါ ဘယ်အုပ်စုရယ်က အစပြုသလဲ ဆိုတာတော့ စေ့စေ့တွေးရင် ရေးရေးပေါ်မှာပါ"လို့ ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်လော်ဘီများက NUGနိုင်ငံခြားရေးဝန်ကြီး ဓာတ်ပုံများကို အသုံးပြု၍ စစ်ကောင်စီနှင့် တွေ့ဆုံမယ်လို့ သတင်းတု၊ သတင်းယောင်များကို ဖြန့်ဝေဖော်ပြလျက်ရှိပါတယ်။


========================


📌📌 ၄။ CDM ဝန်ထမ်း (၅၉၅၅) ဦးအား ကူညီထောက်ပံ့နိုင်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်


ဖေဖော်ဝါရီလ ၈ရက်။

CDM ဝန်ထမ်း (၅၉၅၅) ဦးအား ကူညီထောက်ပံ့နိုင်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖေဖော်ဝါရီလ ၈ရက်မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement- CDM) () နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာ ကော်မတီသည် CDM ပြည်သူ့ ဝန်ထမ်းများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော CDM သူရဲကောင်းများ၏ ကျန်ရှိသော မိသားစုများအား ကူညီထောက်ပံ့မှုများကို လုပ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။


ကူညီထောက်ပံ့မှုများတွင် ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းများ၏ မီးဖွားစရိတ်၊ အရေးပေါ် ဆေးကုသစရိတ်၊ အိမ်ခန်းနေရာရွှေ့ပြောင်းရခြင်း၊ CDM ဝန်ထမ်းကိုသာ မှီခိုနေရ၍ ယခုကာလ အတွင်း စားဝတ်နေရေးကြပ်တည်းနေခြင်း၊ နေအိမ်မီးရှို့ခံရခြင်းစသည်ဖြင့် အရေးပေါ်ထောက်ပံ့မှု များဟူ၍ ခွဲခြားထားရှိပြီး မီးဖွားစရိတ်နှင့် အရေးပေါ်ဆေးကုသစရိတ်အတွက် ပထမ ဦးစားပေး အဖြစ် ထောက်ပံ့ပေးလျက်ရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အထိ CDM ဝန်ထမ်း (၅၉၅၅) ဦးအား ကူညီထောက်ပံ့နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်ရဲ့ လက်ထဲကို လေယာဥ်ဆီပို့တာကို ဝိုင်းဝန်း လက်တွဲတားဆီးကြဖို့ နိုင်ငံတကာကိုတောင်းဆိုထား


ဖေဖော်ဝါရီလ ၈ရက်။

ဖေဖော်ဝါရီလ ၈ရက်မှာ ကျင်းပတဲ့ ဒီမော့ဆိုမြို့နယ် စာသင်ကျောင်းများပစ်မှတ်ထားတိုက်ခိုက်ခံရမှု ပူးတွဲသတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုပြောပါတယ်။


"လေယာဥ်ဆီကိစ္စက ကျွန်တော်တို့တောင်းနေတာ တော်တော်ကြာနေပါပြီ။ တချို့ဥရောပသမဂ္ဂလိုနိုင်ငံမျိုး၊ ကိုရီယားလိုနိုင်ငံမျိုး တော်တော်များများကို ကျွန်တော်တို့တောင်းဆိုတယ်။ ဒါပေမယ့် ယိုပေါက်တွေရှိနေတုန်းပဲ။ တချို့နိုင်ငံတွေက တကမ္ဘာလုံးအနေနဲ့ မလုပ်ဘဲနဲ့ ပိတ်တဲ့သူကပိတ်၊ ပို့တဲ့သးကပို့၊ ခိုးရောင်းတဲ့သူကခိုးရောင်းဖြစ်နေတာမို့လို့ မအောင်မြင်သေးတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အခုတောင်းဆိုတာ ကိုယ့်နိုင်ငံကပို့တာပဲဖြစ်ဖြစ်၊ မပို့တာပဲ ဖြစ်ဖြစ် အဓိကအကြမ်းဖက် စစ်အုပ်ရဲ့လက်ထဲကို လေယာဥ်ဆီပို့တာကို ဝိုင်းဝန်း လက်တွဲတားဆီးကြပါလို့ တောင်းဆိုထားခြင်းဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လတ်တလောမှာ လေယာဥ်ပစ်အကူအညီ မည်သည့်နိုင်ငံကမှ မရရှိထားသော်လည်း လေကြောင်းရန်ကာကွယ်ရေး နည်းပညာ အကူအညီတို့ကို တောင်းဆိုထားကြောင်း ဝန်ကြီးကထပ်မံဆိုပါတယ်။


========================


📌📌 ၆။ ရှမ်းမြောက်ဒေသရှိ မြို့နယ် ခုတွင် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးသင်တန်းများဖွင့်


ဖေဖော်ဝါရီလ ၈ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ခုမှာ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ခဲ့ပြီး ဒေသခံ ပြည်သူ ၆ဝဝ ကျော် တက်ရောက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနက ဇန်နဝါရီလအတွင်း မြို့နယ် ခုက ကျေးရွာ ၁၉ ရွာမှာ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အသိပညာပေးမှုများပြုလုပ်ခဲ့တာလို့သိရပါတယ် 

PSLF/TNLA အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာန Women Empowerment Program Team က နမ့်ခမ်း၊ နမ့်ဆန်၊ မိုင်းငေါ့ မြို့နယ်တို့မှာရှိတဲ့ ကျေးရွာ ၁၉ ရွာက ဒေသခံ ၆၀၀ ကျော်ကို အိမ်တွင်းအကြမ်းဖက်မှုပပျောက်စေရေး၊ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးနဲ့သက်ဆိုင်တဲ့ အသိပညာပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြတာလို့ ဆိုပါတယ်။

အခုလိုသင်တန်းတွေဖွင့်ခဲ့ရာမှာ နမ့်ခမ်းမြိုနယ်က တာပုံကျေးရွာ၊ နမ့်ဆန်မြိုနယ်က ကျေးရွာ ရွာ၊ မိုင်းငေါ့မြိုနယ်က ကျေးရွာ ၁၁ ရွာမှာ သင်တန်းတွေဖွင့်ခဲ့တာဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှု ပပျောက်စေရေး အသိပညာတွေအပြင် အမျိုးသမီးနှင့် မူးယစ်ဆေးဝါး၊ အမျိုးသမီးနှင့် ကျန်းမာရေး၊ အမျိုးသမီးနှင့်ပညာရေး၊ အမျိုးသမီးနှင့်စီးပွားရေး၊ အမျိုးသမီးနှင့် မိသားစုစီမံကိန်း အမျိုးသမီးအခွင့်အရေး စတဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာများ ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

တအာင်းပြည်နယ်အတွင်းက အမျိုးသမီးတွေအနေနဲ့ အမျိုးသမီးအခွင့်အရေး အပြည့်အဝရရှိစေရေး၊ အိမ်းတွင်း အကြမ်းဖက်မှုပပျောက်စေရေးနဲ့ အမျိုးသမီး၊ ကလေးသူငယ်များကျန်းမာရေးနှင့် ပညာရေးကောင်းမွန်စေရေးအတွက် ရည်ရွယ်ပြီး လစဉ်ကွင်းဆင်းဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

PSLF/TNLA ရဲ့ အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနဟာ လုပ်ငန်းစဉ် ရပ်နဲ့ ဖွဲစည်းထားတာဖြစ်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျှော့ချရေးလုပ်ငန်းစဉ်၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့်စည်းရုံးရေးလုပ်ငန်းစဉ် အိမ်တွင်းမှုနှင့် ဝင်ငွေ လည်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်တို့ဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၇။ အရပ်သားပြည်သူများကိုသတ်ဖြတ်နေသည့် စစ်အုပ်စုကို စစ်ခုံရုံးတင် အပြစ်ပေးနိုင်ရေး နိုင်ငံတကာအဖွဲ့အစည်းများက ပူးပေါင်းကူညီပေးရန် IEC တိုက်တွန်းတောင်းဆို


ဖေဖော်ဝါရီလ ၈ရက်။

ကရင်နီပြည်နယ်အတွင်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ သတ်ဖြတ်ခံနေရမှုကနေ အဆုံးသတ်စေဖို့ စစ်အုပ်စုကို နိုင်ငံတကာစစ်ခုံရုံးတင်ပြီး စစ်ဆေးအပြစ်ပေးနိုင်ဖို့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့ အစည်းများအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ထိရောက်တဲ့အကူအညီတွေ ပံ့ပိုးကူညီပေးကြဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ - IEC က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

တောင်ကြီးမြို့နယ် မိုင်းပျဉ်းအခြေစိုက်တဲ့ ခလရ ၂၄၉ တပ်ရင်းက ခန့်မှန်းအင်အား ၆၀ ကျော်ဟာ ဖေဖော်ဝါရီလ ရက် ညနေပိုင်းက ရှားတောမြို့နယ်အတွင်း တောင်ယာခင်းတခုမှာ စစ်ရှောင်နေကြတဲ့ အရပ်သားပြည်သူ မိသားစု စုကိုဖမ်းဆီးကာ လမ်းပြစေခဲ့ပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခဲ့ပြီး ဖေဖော်ဝါရီလ ရက် နံနက် နာရီဝန်းကျင်မှာ ကလေးငယ် ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ဦး၊ ကိုယ်ဝန်အတွင်းသန္ဓေသားလောင်းတဦးနဲ့ အမျိုးသားတဦး စုစုပေါင်း ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့တရက်တည်းမှာပဲ ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာနဲ့ လွိုင်နန်းဖကျေးရွာကို စစ်တပ်က လေကြောင်းက တိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတို့ကြောင့် အပြစ်မဲ့ကျောင်းသားကလေးသူငယ် ဦး၊ စစ်ရှောင်အမျိုးသားတဦး စုစုပေါင်း ဦးသေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

အဆိုပါဖြစ်ရပ်ဆိုးတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေကိုပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တဲ့အတွက် ဒီတိုက်ခိုက်မှုတွေကို ကရင်နီ ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ - IEC က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။ 

အခုလို ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာတွေ အဆုံးသတ်နိုင်ဖို့ ကမ္ဘာ့ကုသမဂ္ဂ ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေသူများကို နိုင်ငံတကာ စစ်ခုံရုံးတွေမှာ စစ်ဆေးအပြစ်ပေးနိုင်ဖိုနဲ့ နစ်နာခံစားခဲ့ရတဲ့ အရပ်သားပြည်သူ အမျိုးသမီးနဲ့ ကလေးသူငယ်များအတွက် ထိရောက်တဲ့ အကူအညီတွေ ဆက်လက်ပံ့ပိုးပေးနိုင်ဖို့ IEC က တောင်းဆိုထားပါတယ်။


ထိုကဲ့သို့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့ရတဲ့ မိသားစုဝင်များနဲ့ နစ်နာဆုံးရှုံး ထိခိုက်သေကြေခဲ့ရတဲ့ အပြစ်မဲ့ ကလေး သူငယ်များ၊ အမျိုးသမီးများနှင့် အရပ်သားပြည်သူများအတွက် တရားမျှတမှုကိုဖော်ဆောင်ပြီး စစ်အာဏာရှင်နဲ့ အာဏာရှင် ဟူသမျှ ချုပ်ငြိမ်းရေးကို အဆုံးစွန်အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ - IEC က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ လွိုင်ကော်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးပြန်လည်လွတ်မြောက်


ဖေဖော်ဝါရီလ ၈ရက်။

ကရင်နီပြည် လွိုင်ကော်မြို့ရှိ အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM က ဖေဖော်ဝါရီ ရက်မှာ ထုတ်ပြန်ပါတယ်။

လွတ်ရက်စေ့နေပြီဖြစ်တဲ့ အဆိုပါနိုင်ငံရေးကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM နဲ့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA တို့က ဖေဖော်ဝါရီလ ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန် တောင်းဆိုခဲ့ပြီးနောက် ဖေဖော်ဝါရီလ ရက်နေ့မှာ ထောင်အာဏာပိုင်တွေက လွှတ်ပေးလိုက်တာလို့ သိရပါတယ်။ 

လွိုင်ကော်အကျဉ်းထောင်ကနေ ဖေဖော်ဝါရီလ ရက်နေ့က လွတ်မြောက်လာသူတွေထဲမှာ လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား ၁၂ ဦးအပြင် အခြားအကျဉ်းသား ၅၃ လည်း ပါဝင်တယ်လို့လည်း သိရပါတယ်။ 

လွတ်ရက်စေ့နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေ လွတ်မြောက်ခွင့်ရခဲ့ပေမယ့် လွိုင်ကော်ထောင်အတွင်းမှာကျန်ရှိနေ သေးတဲ့ အကျည်းသားတွေဟာ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာနဲ့ ရင်ဆိုင်နေရတယ်လို့ PPNM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လွိုင်ကော်အကျဉ်းထောင်အတွင်းမှာရှိတဲ့ အကျဉ်းသားတွေကို ဆန်ကြမ်းနဲ့ ငပိသာ နေ့စဉ်ရက်ဆက်ကျွေးနေပြီး ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်ကစပြီး အခန်းထဲမှာ ပိတ်လှောင်ထားတာဖြစ်တဲ့အတွက် ကိုယ်လက်ချိနဲ့ခြင်းကဲ့သို့သော ကျန်းမာရေး ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အခြားအကျဉ်းသားတွေအားလုံးကို လုံလောက်တဲ့အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အလေးထားလုပ်ဆောင်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM က တောင်းဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ကန့်ဘလူတွင် စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ် အပစ်ခံရပြီး ထိမှန်ခဲ့


ဖေဖော်ဝါရီလ ၈ရက်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီ ရဟတ်ယာဉ် စီးကို တော်လှန်ရေးပူးပေါင်း အဖွဲ့များက ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့ပြီး မီးခိုးများအူထွက်ကာ လှည့်ပြန်သွားခဲ့ရတယ်လို့ ပူးပေါင်းတပ်ဖွဲ့ များထံက သိရပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့ နေ့လယ် နာရီခွဲဝန်းကျင်က ချပ်သင်းရွာတိုက်ပွဲကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ စစ်ရဟတ်ယာဉ်ကို ပွိုင့်ဖိုက်ဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ကန့်ဘလူ မြို့နယ် ပကဖ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။


စစ်ကောင်စီနဲ့ ပျူစောထီးများ တပ်စွဲထားတဲ့ ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာကို ဖေဖော်ဝါရီလ ရက်နေ့ ညနေ နာရီခန့်က စတင်ပြီး တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေ တာဖြစ်ပြီး စစ်ကောင်စီက လေယာဉ်ပစ်ကူများနဲ့ ဆက်တိုက်ခုခံ တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးထံကနေ သိရပါတယ်။


စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူများက ရက်နေ့ ညပိုင်းမှာ ကြိမ်၊ ရက်နေ့ မနက်ပိုင်းမှာ ကြိမ်နဲ့ နေ့လည်ပိုင်းမှာ ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေလည်ပိုင်းမှာ နောက်ဆုံး လာကြဲတဲ့ တစ်စီး မီးခိုးများထွက်ကာ ပြန်သွားတယ်လို့ ၎င်းဒေသခံက ဆက်ပြောပါတယ်။


 ၎င်း စစ်ရဟတ်ယာဉ်မှာ မီးခိုးများ ထွက်ကာ ချပ်သင်းရွာ တောင်ဘက် ကျွန်းလှထိကို ပြန်သွား ကြောင်း သိရပြီး ကျမကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။


 ကန့်ဘလူမြို့နယ်၊ ချပ်သင်းပျူရွာ အထိုင်စခန်းကို ပူးပေါင်းတပ်များက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူ အများအပြား ပေးနေတဲ့အပြင် လေယာဉ်ပစ်ကူ များ ဆက်တိုက် ပေးနေတာကြောင့် စခန်းသိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေဆဲ ဖြစ်တယ်လို့ ပူးပေါင်းတပ်ဖွဲ့များထံက သိရပါတယ်။


========================


🚩🚩 ၂။ ကရင်နီနယ်မြေအတွင်းရှိစစ်ကောင်စီ၏ ၁၂မိုင်ကုန်းစခန်းကို မဟာမိတ်ပူးပေါင်းတပ်များနှင့် အတူ ကရင်နီတော်လှန်ရေးတပ်ပေါင်း စုများတိုက်ခိုက်သိမ်းပိုက်


ဖေဖော်ဝါရီလ ၈ရက်။

ဖေဖော်ဝါရီလ ၈ရက်မှာ စစ်ရေးသတင်းကို Force for Federal Democracyကအတည်ပြုဆိုပါတယ်။


"ကရင်နီနယ်မြေအတွင်း ဖေဖော်ဝါရီလ ၈ရက်နေ့တွင် FFD Drone တပ်ဖွဲ့နှင့်အတူ မဟာမိတ် တပ်ဖွဲ့များဖြစ်သော ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ) ဘော်လခဲPDFတပ်ဖွဲ့များ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်း၍ စစ်ကောင်စီ၏ ၁၂မိုင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ 


FFD Drone တပ်ဖွဲ့မှ ဖေဖော်ဝါရီလ ()ရက်နေ့မှစတင်ကာ ()ရက်နေ့အထိ Drone ဖြင့် ဗုံးသီးစုစုပေါင်း (၄၅)လုံးကိုကြဲချကာ ပစ်ကူပေးခဲ့ပါတယ်။


လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဗုံးသီးမျိုးစုံကို သိမ်းယူရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးကို အတည်ပြု၍မရသေးကြောင်း မြေပြင်သတင်းရင်းမြစ်မှသိရပါတယ်။


FFD Drone တပ်ဖွဲ့သည် ဆီဆိုင်မြို့တွင်လည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စစ်ရေးလှုပ်ရှားမှုများပြုလျက်ရှိပါတယ်။


========================


🚩🚩 ၃။ မြိုင်မြို့မှထွက်လာသော အင်အား ၁ဝဝ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


ဖေဖော်ဝါရီလ ၈ရက်။

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့ကနေထွက်လာတဲ့ အင်အား ၁ဝဝ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို Fixer Wing Drone တွေသုံးပြီး ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Thu Rain TR က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ရက်နေ့က မြိုင်မြို့ကနေ ထွက်လာတဲ့ အင်အား ၁ဝဝ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်း ပေါက်ပြင်းရွာကို စစ်ကြောင်းထိုးနေချိန်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက Fixer Wing Drone တွေသုံးပြီး ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

မနက် နာရီခန့်အချိန်ကနေ ညနေ နာရီခန့်အချိန်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတည့်တည့်ကို ကျရောက်ရောက်ပေါက်ကွဲခဲ့တာကြောင့် ၂ဦး သေဆုံးနိုင်တဲ့ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို Thu Rain TR တပ်ဖွဲ့နဲ့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ထို့အတူ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပခုက္ကူ မြို့နယ် ကန်တော်ရွာနားမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဖေဖော်ဝါရီလ ရက်ကနေ ရက်နေ့အထိ ဒရုန်းတွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရေတာရှည် မြို့နယ်တွင် PDF နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ (၂၀) ကျော်ကို ဖမ်းဆီးပြီး ရွာလုံးကျွတ် မီးရှို့


ဖေဖော်ဝါရီလ ၈ရက်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဒေသခံပြည်သူ (၂၀) ကျော်ကို  ဖမ်းဆီးထားပြီး ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေတာရှည်အခြေစိုက် PDF တပ်ရင်း(၃၅၀၁) တပ်ခွဲ() ထံမှ သိရပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့က စစ်တောင်းမြစ် အနောက်ဘက်ကမ်း၊ သဖန်းဇင်ကျေးရွာမှာ တပ်စွဲ ထားတဲ့ အင်အား (၆၀) ခန့်ရှိ စစ်ကေင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက နေ့လည် ၁၁ နာရီ ခွဲကျော်တွင် တစ်ကြိမ်၊ ၁၁ ခွဲဝန်းကျင်တွင် တစ်ကြိမ် စနိုက်ဘာ၊ ၄၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး အထိနာသွားတာကြောင့် မြစ်အရှေ့ဘက်ကမ်းရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကာ၊ သဖန်းဇင်ရွာအား ရွာလုံးကျွတ် မီးရှို့ခဲ့ပြီး ဒေသခံ (၂၀) ဦးကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၃၅၀၁) တပ်ခွဲ () နေပြည်တော် PDF ပုဝါနီစစ်ကြောင်းနဲ့ ကီးကူစစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိအချိန်ထိ နှစ်ဖက်တပ်များ ဆက်လက်စစ်ဆိုင်ထားဆဲ ဖြစ်သဖြင့် ဒေသခံများ အနေနဲ့ စစ်ကောင်စီ တပ်သားများနဲ့ နီးစပ်ရာ နေရာများကို သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို့ PDF ပူးပေါင်း အဖွဲ့များက မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၅။ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးရှိ ခလရ (၇၃) ဇရပ်ကြီးရဲစခနိးအပါအဝင် စကစစခန်းတွေကို စီးနင်းနိုင်ခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားသေဆုံး


ဖေဖော်ဝါရီ ၈ရက်

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးရှိ ခလရ (၇၃) ဇရပ်ကြီးရဲစခနိးအပါအဝင် စကစစခန်းတွေကို စီးနင်းနိုင်ခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားသေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၈ရက်မှာ နွေဦးစစ်သည်တော်များစစ်ကြောင်းက တရားဝင်အသိပေးဆိုပါတယ်။


"ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးရှိ ခလရ (၇၃) ဇရပ်ကြီးရဲစခနိးအပါအဝင် စကစစခန်းတွေကို စီးနင်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီဟာ လေကြောင်းအင်းအားသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ပြည်သူများထိခိုက်မှုရှိခဲ့ပြီး ကလေးမိခင်တစ်ဦး အသက်ဆုံးရှူံးခဲ့ရပါတယ်"လို့ဆိုပါတယ်။


ထို့အပြင်() နှစ်သားအရွယ်ရှိ ကလေးတဦးလည်း ထိခိုက်မှုရှိခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ‌သေဆုံးမှု ထပ်တိုးလာနိုင်ချေရှိတယ်လို့ဆိုပါတယ်။ 


လက်ရှိအနေအထားအရ ဇရပ်ကြီးမြို့ကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ခက်ခဲတဲ့ အနေအထားဖြစ်နေတယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment