9th FEB 2024 - Evening Daily News by Radio NUG

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူတွေက ထောက်ပံ့ပေးထားတဲ့ ငွေကြေး တွေကို စစ်ရေးကဏ္ဍအတွက် အများအပြား အသုံးပြုနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ မြောက်ခင်ရန်းတွင် YDFရဲဘော်နှစ်ဦးမီးရှို့သတ်ဖြတ်ခံရမှု အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ခေါင်းဆောင်များမှာလည်းအထူးတာဝန်ရှိတယ်လို့ဆို

📌 ၃။ စစ်အာဏာရှင်စနစ် ပပျောက်ရေးနှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးသင့်ကြောင်း ကုလသမဂ္ဂ တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၄။ စစ်ကောင်စီကို ကူညီပံ့ပိုးသည့်မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များကို အမည်ပျက်လုပ်ငန်းရှင်များအဖြစ် သတ်မှတ်ကြေညာ


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကန့်ဘလူမြို့နယ်၊ချပ်သင်းရွာအနီးအား  စစ်ကောင်စီတပ်မှ  နှစ်ရက်ပေါင်းလေကြောင်းတိုက်ခိုက်မှု ကြိမ်တိတိရှိခဲ့

🚩 ၂။ ဘော်လခဲမြို့နယ်ရှိ စစ်ကောင်စီ၏ ၁၂ မိုင်ကုန်းစခန်းကို တော်လှန်ရေးအင်အားများ တိုက်ခိုက်

🚩 ၃။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘန်းယဉ်မြို့အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်၍ဒေသခံပအိုဝ်းပြည်သူများ တိမ်းရှောင်ခဲ့ရ

🚩 ၄။ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းနှင့်စစ်ဆေးရေးဂိတ်ကို ဗုံးကြဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး

🚩 ၅။ စစ်ကောင်စီ၏ တိုက်ခိုက်ရေးစစ်သင်္ဘော စင်းကို AA တိုက်ခိုက်နစ်မြှုပ်

🚩 ၆။ ရွှေဘိုတက္ကသိုလ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ခရိုင်ရဲမှူးအပါအဝင် ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူတွေက ထောက်ပံ့ပေးထားတဲ့ ငွေကြေး တွေကို စစ်ရေးကဏ္ဍအတွက် အများအပြား အသုံးပြုနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဖေဖော်ဝါရီ၉ရက်


ပြည်သူတွေက ထောက်ပံ့ပေးထားတဲ့ ငွေကြေး တွေကို စစ်ရေးကဏ္ဍအတွက် အများအပြား အသုံးပြုနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


"နိုင်ငံ့ဝန်ထမ်းများ၏ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ()နှစ်ပြည့် အခမ်းအနားတွင် ဝန်ကြီးချုပ်ကပြောပါတယ်။


"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တော်လှန်ရေးအစိုးရ ဖြစ်တာနဲ့အညီ ပြည်သူတွေက ထောက်ပံ့ပေးထားတဲ့ ငွေကြေး တွေကို ဦးစားပေးအလိုက် ကဏ္ဍတွေ ခွဲခြားပြီး အလေအလွင့်မရှိစေဖို့ ကြပ်ကြပ်မတ်မတ် စီမံကိုင်တွယ် သုံးစွဲလျက်ရှိရာမှာ ရရှိလာတဲ့ ဘဏ္ဍာငွေကြေးတွေကို တော်လှန်ရေးရဲ့ လိုအပ်ချက် အရ စစ်ရေးကဏ္ဍအတွက် အများအပြား အသုံးပြုကြရတာဖြစ်တဲ့အတွက် CDM နိုင်ငံ့ဝန်ထမ်း များအတွက်အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍတွေအတွက် ဒုတိယ ဦးစားပေးအနေနဲ့ စီမံ ဆောင်ရွက်နေရတဲ့ အခြေအနေကိုလည်း နားလည်ပေးနိုင်မယ်လို့ ယုံကြည် ပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ် () နှစ်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ် အဖြစ် (၁၆) ကြိမ် တိတိ ပေးပို့ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.)သန်း ခန့်ဖြစ်ပါတယ်။


 ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့တာဖြစ်ပြီး ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်း ထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ () သန်းခန့် ရှိခဲ့ပါတယ်။


========================


📌📌 ၂။ မြောက်ခင်ရန်းတွင် YDFရဲဘော်နှစ်ဦးမီးရှို့သတ်ဖြတ်ခံရမှု အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ခေါင်းဆောင်များမှာလည်းအထူးတာဝန်ရှိတယ်လို့ဆို


ဖေဖော်ဝါရီ၉ရက်


မြောက်ခင်ရန်းတွင် YDFရဲဘော်နှစ်အရှင်လတ်လတ်ဦးမီးရှို့သတ်ဖြတ်ခံရမှုတွင် အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ခေါင်းဆောင်များမှာလည်း အထူးတာဝန်ရှိတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကမှတ်ချက်ပေးပြောပါတယ်။

 


"အခုလိုမျိုးကျူးလွန်မှုပါဝင်ပတ်သက်တဲ့လူတွေဟာ လူသတ်မှုထက်ကြီးလေးတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကိုကျူးလွန်တဲ့နေရာမှာပါဝင်ပတ်သတ်နေပါပြီ။ဒါမျိုးဖြစ်အောင် ကျူးလွန်သူတင်မကဘဲနဲ့ အားပေးလှုံဆော်တဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ခေါင်းဆောင်များမှာလည်းအထူးတာဝန်ရှိပါတယ်။အခုကာလမှာ ဒီအချက်နဲ့ပတ်သက်လို့ ကျနော်တို့တွေ စုဆောင်းမှုတွေ လုပ်ဆောင်ထားပါတယ်။အသွင်ကူးပြောင်းရေးကာလတင်မဟုတ်ဘဲနဲ့အနာဂါတ်မှာတရားမျှတတဲ့ တရားဥပဒေစိုးမိုးတဲ့ကာလမှာ အခုလိုမျိုးကျူးလွန်တဲ့သူတွေအတွက်ထိုက်တန်တဲ့ အပြစ်ပေးအရေးယူမှုတွေ၊ဒါမျိုးစစ်ဝါဒီစနစ်ဖုံးလွှမ်းပြီးတော့ ပြည်သူတွေကိုရက်ရက်စက်စက်သတ်ဖြတ်တဲ့ စစ်ဝါဒီစနစ်ရိုက်ချိုးပစ်ဖို့အတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါမယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၃ ခုနှစ် နိူဝင်ဘာလ၇ရက် ဂန့်ဂေါမြို့တယ် မြောက်ခင်ရန်းရွာတွင် YDFရဲဘော်နှစ်ဦးကို စကစတပ်နှင့်ပျုစောထီးများဖမ်းဆီးရမိကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှုအားကျူးလွန်ခဲ့ပါတယ်။


========================


📌📌 ၃။ စစ်အာဏာရှင်စနစ် ပပျောက်ရေးနှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးသင့်ကြောင်း ကုလသမဂ္ဂ တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


ဖေဖော်ဝါရီ၉ရက်


ဖေဖော်ဝါရီ၇ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ Work of the Organization အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးသည့် အထွေထွေညီလာခံအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများအတွက် ကုလသမဂ္ဂအနေဖြင့် ပိုမို တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ခြင်းက အလွန်အရေးပါကြောင်း၊ ဤနေရာတွင်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား အလျင်အမြန်ခန့်အပ်နိုင်ရေးကိုလည်း တောင်းဆိုလိုပါကြောင်း၊ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အခက်အခဲကို အလေးအနက်ထား၍ စစ်အာဏာရှင်စနစ် ပပျောက်ရေးနှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးသင့်ပါကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင် စစ်တပ်သည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပျက်သုဉ်းစေခဲ့ကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် အွန်လိုင်းအခြေပြု ငွေကြေးလိမ်လည်ခြင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများစသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတလျှောက်တွင် ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ပြီး ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီကို ကူညီပံ့ပိုးသည့်မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များကို အမည်ပျက်လုပ်ငန်းရှင်များအဖြစ် သတ်မှတ်ကြေညာ


ဖေဖော်ဝါရီ၉ရက်


ဖေဖော်ဝါရီ၉ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ငန်းရှင်တစ်ရာကျော်ရဲ့အမည်ပျက်စာရင်းကို ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၁၇--၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် /၂၀၂၃ ထုတ်ပြန်၍ အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်မှုနှင့် အခွန် သို့မဟုတ် အကျိုးအမြတ် စသည်တို့အပေါ် တနည်းတလမ်းအားဖြင့် အကျိုးပြုနေသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) နှင့်တကွ လက်အောက်ခံ အသင်းခွဲများအား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။


ဤအမိန့် ထုတ်ပြန်ပြီးနောက် အဆိုပါအသင်းနှင့် လက်အောက်ခံအသင်းခွဲများတွင် ဆက်လက် ပါဝင်လုပ်ကိုင်နေခြင်း၊ ပူးပေါင်းလုပ်ကိုင်နေခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲနေ ခြင်း၊ အသင်း၏ အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ စသူတို့အား အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်တယ်လို့ဖော်ပြပါတယ်။


ဤကြေညာချက်နှင့် အမိန့်များကို လိုက်နာခြင်းမရှိဘဲ အဆိုပါအသင်းအဖွဲ့များတွင် ပါဝင် ဆောင်ရွက်ခဲ့သော၊ ဆက်လက်ပါဝင်လုပ်ကိုင်နေသော ပူးတွဲစာရင်းပါ လုပ်ငန်းရှင်များ၊ ပုဂ္ဂိုလ်များကို အမည်ပျက်လုပ်ငန်းရှင်များအဖြစ် သတ်မှတ်ကြေညာလိုက်ပြီး ဆက်လက် ပါဝင်လုပ်ကိုင်နေသူများရှိပါက သက်ဆိုင်ရာဥပဒေများအရ ဆက်လက်အရေးယူသွားမယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ကန့်ဘလူမြို့နယ်၊ချပ်သင်းရွာအနီးအား  စစ်ကောင်စီတပ်မှ  နှစ်ရက်ပေါင်းလေကြောင်းတိုက်ခိုက်မှု ကြိမ်တိတိရှိခဲ့


ဖေဖော်ဝါရီ၉ရက်


ဖေဖော်ဝါရီလ ရက်နှင့်  ရက်နေ့ နှစ်ရက်ပေါင်းတွင် ကန့်ဘလူမြို့နယ်၊ချပ်သင်းတိုက်နယ်အတွင်းရှိ ချပ်သင်းရွာနှင့် အနီးတဝိုက်ရွာများအား  အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု  ကြိမ်ပြုလုပ်ခဲ့ကြောင်းကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအတည်ပြုပါတယ်။


ဖေဖော်ဝါရီ၈ရက်မနက် နာရီ ၁၈ မိနစ်တွင် တံတားဦးလေတပ်မှတက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ချပ်သင်းရွာနှင့် ကံကြီးရွာအနီးတဝိုက်အား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကာ၎င်းနောက် နေ့လယ် နာရီ ၅၅ မိနစ်တွင် မုံရွာနမခမှ တဆင့် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းသို့ရောက်ရှိနေသော  Mi35 တစ်စီးဖြင့် ချပ်သင်းရွာအနီးအား ထပ်မံ၍လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။


ထို့အပြင် ညနေ နာရီ ၁၅ မိနစ်နှင့် နာရီ ၄၅ မိနစ်တို့တွင်လည်း နမ့်စန်လေတပ်မှတက်လာသော ဂျက်ဖိုက်တာတို့ဖြင့်  ချပ်သင်းရွာအနီးအား လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်းသိရပါတယ်။


 ဖေဖော်ဝါရီလ ရက်နေ့ည နာရီခန့်မှစ၍ ချပ်သင်းရွာအနီးရှိ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေး အင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အထိနာနေခြင်းကြောင့်  လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။


စစ်ကောင်စီဘက်မှ ဖေဖော်ဝါရီ ရက်နေ့တွင် Mi35တစီး၊ဂျက်ဖိုက်တာ စီးတို့ဖြင့် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး၊ဖေဖော်ဝါရီ ရက်နေ့တွင်လည်း ဂျက်ဖိုက်တာ စီး၊ Mi35တစ်စီးတို့ဖြင့် လေးကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မှတ်တမ်းများအရသိရပါတယ်။


========================


🚩🚩 ၂။ ဘော်လခဲမြို့နယ်ရှိ စစ်ကောင်စီ၏ ၁၂ မိုင်ကုန်းစခန်းကို တော်လှန်ရေးအင်အားများ တိုက်ခိုက်


သိမ်းပိုက်၊ ဒရုန်းပစ်လက်နက် နှင့် ဂျန်မာများအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ကရင်နီပြည် ဘော်လခဲမြို့နယ်ထဲက ရွာသစ်မြို့နယ်ခွဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ၁၂ မိုင်ကုန်းစခန်းကို တော်လှန်ရေးအင်အားစု များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒရုန်းပစ်လက်နက်နဲ့ ဂျန်မာများအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ် လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-KPL Army က ထုတ်ပြန်ပါတယ်။ 

၁၁၀၇ စစ်ဆင်ရေးကို ကရင်နီပြည်စစ်မျက်နှာမှာ ဆက်လက်ဆင်နွှဲနေရာ ဖေဖော်ဝါရီလ ရက်နေ့က ဘော်လခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ - ၁၁၂ ရဲ့ ၁၂ မိုင်ကုန်းစခန်းကို KPL Army ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

အဆိုပါတိုက်ပွဲမှာ MA1 အမျိုးအစား သေနတ် လက်၊ MA2 အမျိုးအစား သေနတ်တလက်၊ MA3 အမျိုးအစားသေနတ် တလက်၊ MA11 အမျိုးအစားသေနတ်တလက်၊ ၆၀ မမ စိန်ပြောင်း လက်၊ ငါးကြင်းမြီးစက်လတ်တလက်၊ မမပစ္စတို တလက် စုစုပေါင်း သေနတ် ၁၆ လက်နဲ့ ခဲယမ်းမျိုးစုံအပါအဝင် စစ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

တိုက်ပွဲမှာ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-KPL Army တပ်မဟာ ၇၈၂၆ နဲ့အတူ KA KNDF PDF KNPLF Federal Wing ဒရုန်းတပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်တာဖြစ်ပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးကို ဖမ်းဆီးရမိခဲ့သလို ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ သိရပါတယ်။


========================


🚩🚩 ၃။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘန်းယဉ်မြို့အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်၍ဒေသခံပအိုဝ်းပြည်သူများ တိမ်းရှောင်ခဲ့ရ


ဖေဖော်ဝါရီ၉ရက်


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့်လက်အောက်ခံ အပေါင်းအပါပြည်သူ့စစ်များသည် ပအိုဝ်းဒေသအား လက်နက်ကြီးများ လေယာဉ်များဖြင့် ဆက်လက်ဗုံးကြဲ ပစ်ခတ်ဖျက်ဆီးနေလျက်ရှိတယ်လို့ ဖေဖော်ဝါရီ၉ရက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကအတည်ပြုဆိုထားပါတယ်။


ဖေဖော်ဝါရီ၈ရက်(ဆီဆိုင်)မြို့နယ် ဘန်းယဉ်မြို့မှ စစ်ကောင်စီတပ်ရင်းများနှင့် ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘန်းယဉ်မြို့အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများအား လက်နက်ကြီးဖြင့် ၁၆ ကြိမ် တမင်သက်သက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။


ယင်းသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘေးရန်ကို ကြောက်ရွံ့ထိတ်လန့်သဖြင့် ဒေသခံပအိုဝ်းပြည်သူများ တိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။


ယမန်နေ့တွင်ပင် ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ ဇောတိကာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့်ပြည်သူ့စစ်တပ်ဖွဲ့သည် ဆိုက်ခေါင်အရှေ့ဘက်ရှိ လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။


========================


🚩🚩 ၄။ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းနှင့်စစ်ဆေးရေးဂိတ်ကို ဗုံးကြဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ကျောက်လုံးကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဒရုံးအသုံးပြု‌ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးသွားတယ်လို့ People Defence Force Thandaung ထံက သိရပါတယ်။

သံတောင်ကြီးမြို့နယ် တောင်ငူ-လိပ်သိုလမ်းပိုင်းက ကျောက်လုံးကြီးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းနဲ့ စခန်း ရှေ့က စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ရက်နေ့မနက် ၁ဝ နာရီခွဲခန့်အချိန် ဗုံးသီး လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို People Defence Force Thandaung အဖွဲ့၏ MLB Fighters Drone အဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုတိုက်ခိုက်ခံလိုက်ရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ တဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီ၏ တိုက်ခိုက်ရေးစစ်သင်္ဘော စင်းကို AA တိုက်ခိုက်နစ်မြှုပ်


ရခိုင်ဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးစစ်သင်္ဘော စင်းကို ရခိုင့်တပ်တော် AA က တိုက်ခိုက် နစ်မြှုပ်နိုင် ခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ၁၀၅ ရက်မြောက်နေ့ တိုက်ပွဲသတင်းတွေထုတ်ပြန်ရာမှာ ညီနောင် ဖွဲ့က ထည့်သွင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

မိမိတို့မှတ်တမ်းတွေအရ ယခုနှစ်အတွင်းမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော စင်းခန့်ကို သွားလာလို့မရအောင်နဲ့ မြစ်အတွင်း ရေချ၍မရနိုင်အောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။

ယခုတကြိမ်မှာလည်း စစ်ကောင်စီရဲ့ ကမ်းထိုးယာဉ်နဲ့ စစ်သင်္ဘော စုစုပေါင်း စင်းကို ရခိုင့်တပ်တော်က ရခိုင်ပင်လယ်ပြင် ထက်မှာ အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ရက်နေ့ဟာ ရခိုင့်တပ်တော်သမိုင်းမှာ စစ်ကောင်စီတပ်ကို ပင်လယ်ပြင်မှာ အောင်ပွဲဆင်နွှဲနိုင်ခဲ့တဲ့ နေ့တနေ့ ဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရေတပ်ရဲ့ စစ်သင်္ဘောတွေကို ရခိုင်ပင်လယ်ပြင်ထဲ နစ်မြှုပ်အောင်ကြံဆောင်နိုင်ခဲ့တဲ့နေဖြစ်တာကြောင့် ပင်လယ်ပြင်တိုက်ပွဲအတွင်း ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်စွာနဲ့ တိကျစွာထမ်းဆောင်ပေးခဲ့ကြတဲ့ ရခိုင်စစ်သည် တော်များကို လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ လက်နက်ချအညံ့ခံဖို့ပြောထားပေမယ့် နားထောင်ခြင်းမရှိဘဲ စစ်သင်္ဘောများပေါ်ကနေထွက်ပြေးနေတဲ့ စစ်သား တွေကိုလည်း ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက မြစ်ကြောင်းတွေအတွင်းမှာ လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိပါတယ်။


========================


🚩🚩 ၆။ ရွှေဘိုတက္ကသိုလ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ခရိုင်ရဲမှူးအပါအဝင် ဦး ဒဏ်ရာရ


စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ ရွှေဘိုတက္ကသိုလ်ဝင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရိုင်ရဲမှူးအပါအဝင် ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း- ၁၅ Eagle Guerrilla Force တပ်ဖွဲ့ထံကနေ သိရပါတယ်။


ရွှေဘိုတက္ကသိုလ်ဝင်းအတွင်း အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖော်ဝါရီ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်အချိန်မှာ Fixed Wing နည်းပညာသုံး ဒရုန်းနဲ့ ဝေဟင်ကနေ Drop ဗုံးသီး လုံးကြဲချတိုက်ခဲ့ရာ စစ်သား ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။ 

ထို့နောက် မွန်းလွဲ နာရီ ၄၅ မိနစ်ခန့်မှာလည်း ရွှေဘိုမြို့နယ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို Fixed Wing နည်းပညာသုံး ဒရုန်းနဲ့ ဝေဟင်ကနေ Drop ဗုံးသီးတလုံး ကြဲချတိုက်ခဲ့ရာ ခရိုင်ရဲမှူးအပါအဝင် စစ်သား ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ Eagle Guerrilla Force တပ်ဖွဲ့က ဗိုလ်ကောက်ရိုးက အသိပေးထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး၊ နယ်စည်းမခြားရွှေဘိုသား Local PDF အဖွဲ့၊ ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊မတစ်ထောင်(တစ်ကောင်ဘွား)ဒီပဲယင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ Yaung Ni ShweBo ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ရွှေဘိုသခင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 


အကောင်းဆုံးသော မစ်ရှင်တွေ ဆက်လက်ဖော်ဆောင်နိုင်ရန် Drop ဗုံးသီးများ၊ Fixed Wings များ ဆက်လက် တည်ဆောက်နိုင်ရေး ငွေကြေးအခက်အခဲရှိတာကြောင့် ပြည်တွင်းပြည်ပက ညီအကိုမောင်နှမများအနေနဲ့ တက်နိုင်သမျှ ဝိုင်းဝန်းကူညီ‌ထောက်ပံ့ပေးကြဖို့ Eagle Guerrilla Force တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment