12th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရှိအရာရှိများက မြန်မာစစ်ကောင်စီသံရုံးဝန်ထမ်းများနဲ့ ဆက်ဆံရေးထူထောင်နေမှု မြန်မာအမေရိကန်များက ကန့်ကွက်စာပေးပို့


၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။စစ်ကြောင်းထိုးလာသော ရန်သူ့တပ်ကို တိုက်ခိုက်ချေမှုန်း

🚩 ၂။ ရမ်းဗြဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီဟု ရခိုင့်တပ်တော်အသိပေး 

🚩 ၃။ ဖားကန့် ကသိုင်းတောင် စစ်စခန်းကို KIA နှင့် မဟာမိတ်များသိမ်းပိုက်

🚩 ၄။ မြ၀တီမြို့နယ်ရှိ ဖလူး စစ်ကောင်စီတပ်စခန်းကို ကရင်တော်လှန်ရေးအဖွဲ့ သိမ်းပိုက်

🚩 ၅။ မောင်တော နယ်ခြားစောင့်စခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်


ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၂)ရက်


ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ရက်နေ့ ကစပြီး အကြမ်းဖက် စစ်ကောင်စီကို အမြစ်ဖြတ်ရန်အတွက် တိုက်ပွဲတွေစတင်ခဲ့ရာမှာ ရက် တာအတွင်း စခန်းပေါင်း (၂၀) ထိ သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တကယ်တော့ ကချင်ခေါင်းဆောင်တွေနဲ့ ကချင်ပြည်သူတွေဟာ နွေဦးတော်လှန်ရေးစတင်ကတည်းက ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေနဲ့ အတူတကွ ပူးပေါင်းပြီး လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတာ အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ ၁၀၂၇၊ ၁၁၁၁ စစ်ဆင်ရေးလှိုင်းများနဲ့အတူ ယခု ကချင်လွတ်လပ်ရေးတပ် မတော်ရဲ့ စစ်ဆင်ရေးကြီးဟာ ကချင်ပြည်နယ်အတွက်သာမက နွေဦးတော်လှန်ရေး ဆင်နွှဲနေ ကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားတဲ့ အောင်မြင် မှုတစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တဘက်က အောင်မြင်မှုနဲ့အတူ ပေးဆပ်လိုက် ရတဲ့ အရာတွေလည်း ရှိပါတယ်။ တိုက်ပွဲတွေမှာ တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေး လှူသွားကြတဲ့ သူရဲကောင်းအပေါင်းကိုလည်း ဝမ်းနည်းစွာနဲ့ လေးစားဦးညွတ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်ချေ မှုန်းရင်း ရရှိလာတဲ့ အောင်မြင်မှုတွေကိုလည်း မျှဝေခံစားကြရမှာ ဖြစ်သလို ကြုံတွေ့ လာရတဲ့ ဘေးဒုက္ခတွေကိုလည်း မျှဝေခံစားကြပြီး တော်လှန်ရေးအဆုံးတိုင် အောင်မြင်မှုရရှိ နိုင်ရေး အင်အားအပြည့်နဲ့ ဆက်လက် ချီတက်ကြရမှာပဲဖြစ်ပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီကတော့ နိုင်ငံအနှံ့က တော်လှန်ရေးအင်အားစုများရဲ့ ချေမှုန်း တိုက်ခိုက်တဲ့ ဒဏ်တွေကို နေ့စဥ်နဲ့အမျှခံနေရပြီး အင်အားတွေ ယုတ်လျော့လာတာကြောင့် အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ ပြုလုပ်လာရတဲ့အထိပဲ ဖြစ်နေပါပြီ။ စစ်သားစုဆောင်း ရာမှာလည်း ၎င်းတို့ကို ဆန့်ကျင်သူ၊ ထောက်ခံသူတောင် ခွဲခြားမနေနိုင်တော့ပဲ ရနိုင်သမျှ ဥပဒေမဲ့နည်းလမ်းတွေနဲ့ ပြည်သူကို စိတ်ဒုက္ခ၊ လူဒုက္ခပေါင်းစုံပေးပြီး ပြန်လမ်းမရှိတဲ့ ရှေ့တန်း စစ်မြေပြင်ကို လွှတ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်‌တော်တို့ တော်လှန် ရေးအင်အားစုတွေကတော့ တောက်လျှောက် တိုင်ပင်ဆွေးနွေး ညှိနှိုင်းပြီး လုပ်ဆောင်သင့် တာတွေကိုလည်း ချက်ခြင်းဆောင်ရွက်နေကြတာ ရှိပါတယ်။ ဒီကနေ့မှာလည်း အကြမ်းဖက် စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေအား တော်လှန်ရေးအောင်မြင်မှုအတွက် အင်အားအဖြစ် မဟာဗျူဟာမြောက် ပြောင်းလဲနိုင်ရေး အပြီးသတ်စီမံချက်ကို အတည်ပြုနိုင်ရေး ဆွေးနွေးကြမှာ ဖြစ်တာမို့ စီမံချက်အတိုင်း ဆက်လက် လုပ်ဆောင်ကြရမယ့် လုပ်ငန်းစဥ်တွေကို အင်တိုက်အားတိုက် ဆက်လက်ဆောင် ရွက်သွားဖို့ ဝန်ကြီးဌာနအသီးသီးကိုလည်း တပါတည်းတိုက်တွန်းချင်ပါတယ်။ တော်လှန်ရေး အစိုးရဖြစ်တာကြောင့် ကျွန်‌တော်တို့ အစိုးရအနေနဲ့ ဝန်ကြီးဌာန တာဝန် တွေထမ်းဆောင်ကြ တယ်ဆိုရာမှာ သာမန်လုပ်ရိုးလုပ်စဥ် ပုံစံမျိုးတွေမဟုတ်ပဲ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ မလစ်ဟင်းစေပဲ သတိထား စီမံကိုင်တွယ်နေကြရတာ ဖြစ်ပါတယ်။ 


စစ်ရေးကဏ္ဍကို အာရုံစိုက်ရသလို မြေပြင်မှာ အလုပ်တွေ အများကြီး ဖော်ဆောင် နေကြရတဲ့ အုပ်ချုပ်ရေးကဏ္ဍဘက်လည်း လစ်ဟင်းလို့ မရပြန်ပါဘူး။ ကျွန်တော်တို့အစိုးရ စိုးမိုးထိန်းချုပ်နိုင်တဲ့ နေရာဒေသတွေမှာတော့ နိုင်နိုင်နင်းနင်း စီမံနိုင်ဖို့ အင်မတန် အရေးကြီး ပါတယ်။ အုပ်ချုပ်ရေးဖော်ဆောင်ရတဲ့ ကိစ္စဟာ အစိုးရတစ်ရပ်ဖြစ်တဲ့ ကျွန်တော်တို့အတွက် အစိုးရအနေနဲ့ ဘယ်လောက်စီမံခန့်ခွဲမှုတွေ လုပ်နိုင်သလဲ၊ ဘယ်လောက်နိုင်နိုင်နင်းနင်း ရှိလဲဆိုတဲ့ မျက်နှာစာတစ်ခုလည်း ဖြစ်နေပါတယ်။ ဒါကြောင့် အုပ်ချုပ် ရေးဖော်ဆောင် နေမှု အပိုင်းမှာလည်း ဝိုင်းဝန်းအားစိုက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မတ် ၁၂ ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း တို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (/၂၀၂၄)ကို မတ် ၁၁ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။


အစည်းအဝေးကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်ရဲ့ ဆွေးနွေးမှုနဲ့ စတင်ခဲ့ပါတယ်။


အဲဒီနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်တွေကမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရတဲ့ အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးကို    တွဲဖက်အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်း ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း တို့မှာရှိတဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရှိအရာရှိများက မြန်မာစစ်ကောင်စီသံရုံးဝန်ထမ်းများနဲ့ ဆက်ဆံရေးထူထောင်နေမှု မြန်မာအမေရိကန်များက ကန့်ကွက်စာပေးပို့


Radio NUG မတ် ၁၂၊ ၂၀၂၄


၂၀၂၄ခု ဖေဖော်ဝါရီလ ၆ရက်နေ့ရက်စွဲနှင့် Myanmar Embassy Washington DC ဖေ့ဘုတ် စာမျက်နှာတွင်ဖော်ပြထားသော  အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့ရုံးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား တည်ခင်းသည့် အာဆီယံကော်မတီဝါရှင်တန် နေ့လယ်စာစားပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းတက်ရောက်ခဲ့မှုသတင်းကြောင့် ပြည်သူများမှ လွန်စွာစိုးရိမ် ကန့်ကွက်ကြောင်း Burma Desk သို့ စာတစောင်ကို ၂၀၂၄ခု မတ်လ ၁၁ရက်နေ့တွင် ပေးပို့သွားမည်ဟု ဆိုသည်။

ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစုများ အဖွဲ့အစည်းများစုပေါင်း၍ အဆိုပါ ကန့်ကွက်စာကို ပေးပို့ခြင်း ဖြစ်သည်။


အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) အလှည့်ကျဥက္ကဋ္ဌ လာအိုသံရုံးမှ ဦးဆောင်၍ အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည့် အစီအစဉ်ကို လာအိုသံရုံး၌ ဖေဖော်ဝါရီ ရက်နေ့က ကျင်းပခဲ့ရာ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး အဖွဲ့ရုံးမှ သမ္မတ၏ ဒုတိယလက်ထောက်နှင့် အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာ ကပ်ကန်ပယ် (Deputy Assistant to the President and Coordinator for Indo-Pacific Affairs) နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြား‌ရေးဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရင့်ခ် H.E. Mr. Daniel Kritenbrink တို့ တက်ရောက်ကြသည်ကို တွေ့ရသည်။  


အဆိုပါပွဲသ်ို့ စစ်ကောင်စီ မြန်မာသံရုံးယာယီတာဝန်ခံက အာဆီယံသံအမတ်ကြီးများ၊ အခြားအာဆီယံ သံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင် တက်ရောက်သည်ခဲ့သည်ကို သတင်းများတွင် တွေ့ကြရသည်။  မြန်မာစစ်ကောင်စီဝန်ထမ်းများ တက်ရောက်ခြင်းကို အမေရိကန်တို့က လက်ခံခဲ့သည့်လုပ်ရပ်သည် မြန်မာပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်သတ်ဖြတ်နေသော တရားမဝင်စစ်ကောင်စီကို လူရာသွင်း တရားဝင်အသိအမှတ်ပြုရာရောက်သကဲ့သို့ သဘောဆောင်သည်ဟု ပြည်ပရောက် မြန်မာတိုင်းရင်းသားများက ရှုမြင်ကြသည်။ ဤသို့ မြန်မာပြည်သူလူထု အသက်အိုးအိမ်ကို အန္တရာယ်ကျရောက်စေနိုင်သော လုပ်ရပ်များ၊ လူသတ်စစ်ကောင်စီကို ထောက်ခံပံ့ပိုးမှုများ မပေးအပ်ဖို့ လိုအပ်ကြောင်း အဆိုပါ ကန့်ကွက်စာတွင် ဖော်ပြထားသည်။


ဤအလုပ်သဘောနေ့လယ်စာ စားပွဲတွင် စစ် ေကာင်စီ ကိုယ်စားလှယ်တက်ရောက်ခွင့်ပေးခြင်းကို ကန့်ကွက်သည့်အပြင် အမေရိကန် State Department အနေနှင့် လတ်တလောထိုင်းနိုင်ငံတွင် မြန်မာပြည်သို့လူမှုကူညီပံ့ပိုးမှုများပြုလုပ်ဆောင်ရွက်ရာထားရာတွင် စစ်ကောင်စီမှတဆင့် အကူအညီများ စီးဆင်းသွားခြင်းများ မပြုလုပ်ရန်၊ Burma Act ရှိမြန်မာပြည်ဆိုင်ရာ အကူအညီများ အမြန်ဆုံး ထိထိရောက်ရောက် ကူညီမှုပေးရန်၊ လက်ရှိ စစ်ကောင်စီ၏ တရားမျှတမှုမရှိသော စစ်မှုမထမ်းမနေရ ဥပဒေကိုလဲ အမေရိကန်အစိုးရအနေနှင့် ထိရောက်စွာ ကန့်ကွက်ရှုံ့ချ၍ ဖိနှိပ်ခံ မြန်မာပြည်သူပြည်သားများဖက်မှ ရပ်တည်ကူညီပေးရန် တောင်းဆိုရေးသားပေးပို့သွားမည်ဟု သတင်းရရှိသည်။


အမေရိကန်အစိုးရ၏ အချို့သော အရာရှိများ သံတမာန်များသည် စစ်ကောင်စီနဲ့ ဆက်ဆံရေး တခုခု ထူထောင်နေမှု၊ အဆိုပါ ဆက်ဆံရေးကို သတင်းများ ဆိုရှယ်မီဒီယာများတွင် ဖော်ပြနေမှုတို့သည် မြန်မာနွေဦးတော်လှန်ရေးနှင့် မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကို အကျိုးပြုမှု မရှိဟု ဘေးဧရိယာအခြေစိုက် မြန်မာအရေးလှုံ့ဆော်သူတဦးက မှတ်ချက်ပေးလိုက်သည်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။စစ်ကြောင်းထိုးလာသော ရန်သူ့တပ်ကို တိုက်ခိုက်ချေမှုန်း


၂၀၂၄ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ စခန်းကြီးရွာ (ပျုစောထီးရွာ)မှ ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသော ရန်သူ့တပ်နှင့်ပျုစောထီးပူးပေါင်းစစ်ကြောင်းကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့၊ နေ့လည် (:၄၃)နာရီမှ ညနေ ()နာရီထိ အမှတ် () စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်း အထူးလှုပ်ရှား တပ်ရင်း () စစ်ကိုင်းတိုင်း အထူးလှုပ်ရှား တပ်ရင်း () အထူးလှုပ်ရှားတပ်ရင်း () ကလေးခရိုင် လှုပ်ရှား တပ်ဖွဲ့၊ ကလေးခရိုင် တပ်ရင်း () ကလေးခရိုင် တပ်ရင်း () ကလေးခရိုင် တပ်ရင်း () ကလေးခရိုင် တပ်ရင်း () ကလေးခရိုင် Drone တပ်ဖွဲ့ RKDF HNB S2UG EFDF TCDF ဒေါင်းသွေးရာဇာ GRF ကလေးမြို့နယ်(ပကဖ)ပူးပေါင်းတပ်ဖွဲ့ က တိုက်ခိုက်ချေမှုန်းခဲ့သည်။


တိုက်ပွဲအတွင်း ရန်သူ့တပ်သား () ဦး ထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိ ခဲ့သည်။


ရန်သူ့တပ်ထံမှ သေနတ်မျိုးစုံ (၂၉) လက်နှင့်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။


========================


🚩🚩 ၂။ ရမ်းဗြဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီဟု ရခိုင့်တပ်တော်အသိပေး 


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို အပြီးသတ်သတ်သိမ်းယူနိုင်ခဲ့ပြီလို့ ရခိုင့်တပ်တော် AA က မတ်လ ၁၁ ရက်နေ့ညမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 

ရမ်းဗြဲမြို့ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးကို မတ်လ ၁၁ ရက် မွန်းလွဲ နာရီ ၁၅ မိနစ်အချိန်မှာ တယောက်မကျန်ရှင်းလင်းနိုင်ခဲ့တာကြောင့် ရမ်းဗြဲမြို့ဟာ ရခိုင့်တပ်တော်က အပြီးသတ်သိမ်းယူ လိုက်တဲ့ မြို့တမြို့ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။


ရမ်းဗြဲမြို့ဟာ ရမ်းဗြဲကျွန်းပေါ်မှာရှိတဲ့ မြို့တမြို့ဖြစ်ပြီး ပလက်ဝဒေသနဲ့ ရခိုင်စစ်ဆင်ရေးစတင်ပြီး တလကျော် အကြာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။ ရမ်းဗြဲမြို့ အောင်ချမ်းသာစေတီတိုက်ပွဲကစတင်ခဲ့ပြီး သုံးလတာနီးပါး ၈၅ ရက်ကြာတိုက်ခိုက်ခဲ့ရပြီး မြို့တွင်း တိုက်ပွဲတွေလည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။


ရန်သူစစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု၊ လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့တိုင်းနီးပါးပြုလုပ်ခဲ့ပေမယ့် ရခိုင့်တပ်တော်ရဲ့ ဗျူဟာမြောက် ထိုးစစ်အောက်မှာ လက်မြှောက်အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ 


စစ်ကောင်စီအနေနဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်၊ ထိုးစစ်တွေနဲ့ ရမ်းဗြဲမြို့မကျစေရေး ခုခံကာကွယ်ခဲ့ပေမယ့် ရခိုင့် တပ်တော်ရဲ့ ကြံ့ကြံ့ခံတိုက်ပွဲဝင်နိုင်မှု၊ အတက်၊ အဆုတ် မှန်ကန်မှု၊ ရသမျှအခွင့်အရေးကို အမိအရအသုံးချနိုင်မှု တို့ကြောင့် စစ်ကောင်စီရဲ့ ထိုးစစ် ကျိုးပေါက်ခဲ့ပြီး နောက်ဆုံးမှာ ရခိုင့်တပ်တော်ရဲ့ အပြတ်အသတ်ချေမှုန်းခြင်းကို ခံလိုက်ရတာလို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။ 


ရမ်းဗြဲကျွန်း တိုက်ပွဲကာလအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ရခိုင့်တပ်တော်က အသိပေးထားပြီး ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ ရခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။


လနီးပါးတိုက်ပွဲအပြင် စစ်ကောင်စီဘက်က ထောင်ထားတဲ့ စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ် ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်တွေ ပြုလုပ်ရဦးမှာဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့အိမ်တွေကို ချက်ချင်းဝင်ရောက်တာတွေမပြုလုပ်ကြဖို့လည်း ရခိုင့်တပ်တော်က မေတ္တာရပ်ခံထားပါတယ်။ 


========================


🚩🚩 ၃။ ဖားကန့် ကသိုင်းတောင် စစ်စခန်းကို KIA နှင့် မဟာမိတ်များသိမ်းပိုက်


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ ကသိုင်းတောင် စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ဖားကန့်ဒေသမှာရှိတဲ့ အဆိုပါကသိုင်းတောင် စစ်ကောင်စီစစ်စခန်းကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ မတ်လ ၁၁ ရက် နေ့ ညနေ နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ နာရီခန့်အချိန်မှာ အဆိုပါတပ်စခန်းကို အပြီးအပိုင်သိမ်းပိုက် ရရှိခဲ့တာလို့ ဆိုပါတယ်။ 


ကသိုင်းတောင် စစ်ကောင်စီတပ်စခန်းဟာ KIA နဲ့ ပူးပေါင်းတပ်တွေ တာမခန်စစ်ကောင်စီစခန်းကိုတိုက်ခိုက် သိမ်းပိုက်ချိန် မှာ လက်နက်ကြီးပစ်ကူပေးတာ၊ စစ်ကူများပေးပို့တာ ပြုလုပ်ခဲ့တဲ့ တပ်စခန်း ဖြစ်တယ်လို့လည်း သိရပါတယ်။ 

တာမခန်စစ်ကောင်စီစခန်းကိုတော့ KIA နဲ့ ပူးပေါင်းတပ်တွေက မတ်လ ရက်နေ့ ညပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၁ဝ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 


တာမခန်စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ ခမရ ၁၁၉ တပ်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဦးဆောင်တဲ့အဖွဲ့ ဟာ ကသိုင်းတောင်စခန်းကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ ကသိုင်းတောင်စခန်းကို တိုက်ခိုက်ချိန်မှာတော့ ခမရ ၁၁၉ တပ်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဝ ကျော် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 


ကသိုင်းတောင်စခန်းက စစ်ကောင်စီတပ်ဟာလည်း ကား စီးနဲ့ ဆိုင်းတောင်ဘက်ကို ထပ်မံဆုတ်ခွာခဲ့ရာ အဆိုပါ ယာဉ်တန်းကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကားတွေပျက်စီးပြီး စစ်သားတွေ သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ကချင်ပြည်နယ် လိုင်ဇာဒေသအနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။ 


========================


🚩🚩 ၄။ မြ၀တီမြို့နယ်ရှိ ဖလူး စစ်ကောင်စီတပ်စခန်းကို ကရင်တော်လှန်ရေးအဖွဲ့ သိမ်းပိုက်


ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဖလူးတပ်စခန်းကို ကရင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မတ်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။  

စစ်ကောင်စီက ၃၅ နှစ်နီးပါး သိမ်းပိုက်တပ်စွဲထားတဲ့ အဆိုပါ ဖလူးစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 


အဆိုပါ ဖလူးစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအနည်းငယ်သာရှိတာကြောင့် ပြည်သူ့စစ်အဖွဲ့တွေနဲ့အတူ တပ်စွဲနေကြတာကြောင့် စခန်းသိမ်းတိုက်ပွဲဟာ မိနစ်ခန့်သာ ကြာခဲ့တယ်လို့လည်း သိရပါတယ်။ 

ဖလူးစခန်းကို ခက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မတ်လ ၁၁ ရက်နေ့ညပိုင်းမှာ မြ၀တီမြို့ နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်ခဲ့ရာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်ကပင် ပေါက်ကွဲသံတွေကြားနေရတယ်လို့ စစ်ဘေးရှောင် မြန်မာတွေကပြောပါတယ်။    


ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြ၀တီမြို့အနီးက သင်္ဃန်းညီနောင်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ-၃၅၅ နဲ့ ၃၅၆ တပ်ရင်းတွေကို သိမ်းပိုက်ထားပြီး ကျန်နေတဲ့တပ်ရင်းအချို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကရင်ပြည်နယ်ထဲက စစ်ကောင်စီစခန်းတွေ အခုလိုအထိနာနေတာဟာ BGF လို့ခေါ်တဲ့ နယ်ခြားစောင့်တပ်တွေ စစ်တပ်လက်အောက်ကနေ ခွဲထွက်သွားတာကြောင့် အထိနာနေတာလို့လည်း ၎င်းတို့က မှတ်ချက်ပြုပါတယ်။   


ကရင်ပြည်နယ်အတွင်းမှာ စစ်ရေးအရ အထိနာပြီး တပ်ရင်းတွေပါ အသိမ်းခံနေရတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးလုပ်ဆောင်လာတဲ့အတွက် သောင်ရင်းမြစ်ကမ်းတလျောက်နဲ့ နယ်စပ်ဒေမှာ နေထိုင်သူတွေ ထိုင်းဘက်ခြမ်းကို ပြောင်းရွှေ့လာသူတွေလည်း ရှိနေပါတယ်။   


========================


🚩🚩 ၅။ မောင်တော နယ်ခြားစောင့်စခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေး


ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်ရဲစခန်းက ရဲတပ်ဖွဲဝင် ၂၉ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေး ဝင်ရောက်လာတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။မောင်တောမြိုနယ် အောင်သပြေနယ်ခြားစောင့်ရဲစခန်းက ရဲတပ်ဖွဲ ၂၉ ဦးဟာ လက်နက်တွေနဲ့အတူ မတ်လ ၁၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ပြေးဝင်လာတာကြောင့် လက်နက်တွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက သိမ်းဆည်းလိုက်တယ်လို့ ဆိုပါတယ်။


မြန်မာစစ်ကောင်စီတပ်ဖွဲဝင် ၂၉ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ Md Shariful Islam ကလည်း မတ်လ ၁၁ ရက်နေ့ မွန်းလွဲ နာရီခွဲခန့်မှာ အတည်ပြုထားပါတယ်။ 

မောင်တောမြို့မြောက်ဘက်မှာရှိတဲ့ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကနေ စခန်းစွန့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ရခိုင့်တပ်တော်တို့ မတ်လ ၁၀ ရက်နေ့ ညနေ နာရီကတည်းက တိုက်ပွဲများဖြစ် ရခိုင့်တပ်တော်ရဲ့ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားမှုတွေကြောင့် မတ်လ ၁၁ ရက်မှာလည်းတိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။  


အဆိုပါစစ်ကြောင်းတွေကို ရခိုင့်တပ်တော်က လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့တာကြောင့် စခန်းစွန့်ခွာလာတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ခိုးဝင်ဖြတ်ကျော် ထွက်ပြေးသွားခဲ့ကြတယ်လို့ ရခိုင့်တပ်တော် AA က ပြောပါတယ်။ 

ယခုအချိန်အထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားတာကြောင့် လွတ်မြောက်နေတဲ့ နယ်ခြားစောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ရာကျော်အထိရှိနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

ထို့အတူ ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းဌာနချုပ်တွေကိုလည်း ရခိုင့်တပ်တော်အနေနဲ့ မတ်လ ၁၀ ရက်နေ့ နာရီခန့် ကစပြီး ထိုးစစ်အရှိန်မြှင့်ထားသလို ယခင်ရက်များက ထိုးစစ်ဆင်နေတဲ့နေရာအချို့မှာလည်း ပုံမှန်ထိုးစစ်တွေ ဆက်လုပ်နေ တယ်လို့ ရခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ 


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment