12th MAR 2024 - Morning Daily News by Radio NUG


၂၀၂၄ မတ်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့

📌 ၂။ ကရင်နီပြည် ကြားကာလလွှတ်တော်က တရားရုံးချုပ် တရားသူကြီး ဦး ခန့်အပ်

📌 ၃။ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများ အာဟာရချို့တဲ့မှုနဲ့ ရာသီဥတုကြောင့် ဖျားနာနေ

📌 ၄။ မြန်မာ ဒုက္ခသည်တွေကို နယ်နှင်တဲ့ အစီအစဉ် အိန္ဒိယ လက်တွေ့စတင်

📌 ၅။ စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပေးရန် လောင်းလုံးတွင်ဆန္ဒပြတောင်းဆို


၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တံတားဦးမြို့နယ် ပကဖအခြေခံစစ်ပညာသင်တန်း အပတ်စဉ်၁ သင်တန်းဆင်းပွဲပြုလုပ်

🚩 ၂။ စစ်ကောင်စီ တပ်စခန်းပေါင်း ၂၀ ကျော်ကို လေးရက်အတွင်း KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့

🚩 ၃။ တာမခန်စခန်းမှ ထွက်ပြေး ဆုတ်ခွာလာတဲ့ ခမရ (၁၁၉) တပ်ရင်းမှုးပါ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက် ခံရပြီး ကားနှစ်စီး ပျက်စီး

🚩 ၄။ မင်းလှမြို့နယ်အတွင်း ဖြစ်ခဲ့သောတိုက်ပွဲ ကြိမ်တွင် စစ်တပ်ဘက်က ၈ဝ ကျော်သေဆုံး 

🚩 ၅။ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်တပ်က မီးလောင်ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၆။ ချောင်းဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထွေအုပ် ဦးစီးမှူးတဦးနှင့် စစ်သား ဦး သေဆုံး

🚩 ၇။ မုန်းမြို့နယ်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် တပတ်အတွင်း အရပ်သား ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့


မတ်လ ၁၁ရက်။

ကြားကာလ‌ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တွေ့ဆုံပွဲ အစည်းအဝေး (၁၉/၂၀၂၄) ကို မတ်လ ၁၁ ရက်နေ့ နေ့လည် နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်း‌ရေးမှူး အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။


ဆက်လက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လုပ်ငန်းဆိုင်ရာများနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ လမ်းညွန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ မြေပြင် အခက်အခဲများ နဲ့ပတ်သက်ပြီး သိရှိလိုတာများကို မေးမြန်း ဆွေးနွေးခဲ့ကာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။


၎င်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်း အတွင်းဝန်များ၊ ဒုတိယ အတွင်းဝန်များ၊  တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ညနေ နာရီ ၁၅ မိနစ်မှာ အစည်းအဝေးကို ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ကရင်နီပြည် ကြားကာလလွှတ်တော်က တရားရုံးချုပ် တရားသူကြီး ဦး ခန့်အပ် 


မတ်လ ၁၁ရက်။

ကရင်နီပြည်နယ်၊ ကြားကာလလွှတ်တော်ရဲ့ ဒုတိယပုံမှန်အစည်းအဝေးကို မတ်လ ၁၁ ရက်မှာ Zoom Meeting နဲ့ အွန်လိုင်းကနေ ကျင်းပခဲ့တာဖြစ်ပြီး တရားရုံးချုပ်ရဲ့ တရားသူကြီး နောက်တဦးကို ခန့်အပ်အတည်ပြုလိုက်ပါတယ်။

ပြည်နယ် တရားရုံးချုပ်ရဲ့ တရားသူကြီးခန့်အပ်အတည်ပြုမှုနဲ့ ပတ်သက်ပြီး ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ရဲ့  ဒုဥက္ကဋ္ဌ စောအားလ်နိုကအဓိကကတော့ ကျနော်တို့ ကရင်နီပြည်နယ် ကြားကာလ အစီအမံကနေ တရားဝင်မှုကိုယူပြီးတော့ လုပ်ဆောင်ရတာတွေရှိပါတယ်။ အဲဒီမှာ ကျနော်တို့ ဖော်ပြတဲ့အတိုင်း ပြဋ္ဌာန်းမှုအဆင့်အဆင့်အတိုင်း ရွေးချယ်စိစစ်ရေးကော်မီတီတွေ ကျနော်တို့ ဖွဲ့စည်းရတယ်။ စိစစ်ရေးကော်မီတီကနေပြီးမှ ပေးပို့လာတဲ့ စာရင်းကို KSCC ကနေပြီးမှ စိစစ်တယ်။ အားလုံး စိစစ်ပြီးပြီ ကျနော်တို့ လွှတ်တော်ကနေတဆင့် ထပ်မံ စိစစ်တယ်ပေါ့နော်။ စိစစ်ပြီးအားလုံးပြီးဆုံးသွားပြီဆိုရင်ကျနော်တို့ လွှတ်တော်ကနေပြီး သူ့ရဲ့  လုပ်ထုံးလုပ်နည်းအတိုင်း ကျနော်တို့ လွှတ်တော်ခေါ်ပြီး တရားဝင် အတည်ပြုခန့်အပ်တာပဲ ဖြစ်ပါတယ်လို့ ပြောပါတယ်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ဟာ ကြားကာလ အစီအမံတွေကို ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးလို အစိုးရတရပ်အနေနဲ့  စတင်ဖွဲ့စည်း လည်ပတ်နေတာ ဖြစ်ပါတယ်။


========================


📌📌 ၃။ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများ အာဟာရချို့တဲ့မှုနဲ့ ရာသီဥတုကြောင့် ဖျားနာနေ


မတ်လ ၁၁ရက်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက စစ်ဘေးရှောက်ပြည်သူများ အာဟာရချို့တဲ့မှုနဲ့ ရာသီဥတုကြောင့်ဖျားနာခြင်းနဲ့ အားနည်းခြင်းတို့ဖြစ်ပွားနေကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သက်ကြီးရွယ်အို နာတာရှည်ရောဂါတွေနဲ့ကလေးတွေကို အဓိက ဦးစားပေးကုသပေးခဲ့တာပါ။ ရောဂါအလိုက်တော့ စာရင်းတော့ ကျနော်တို့လည်းကောက်မထားလိုက်ရဘူး။ တချို့ကျ အားနည်းနေကြတော့ အကြောဆေးသွင်းပေးရတာရှိတယ်။တချို့က စားသောက်ဖို့အတွက် နေပူထဲ ဟင်းစားရှာတော့ အပူရှပ်ပြီးဖျားကြသူတွေလည်းများတယ်။ အစာအာဟာရလည်း ကောင်းကောင်းမစားကြရတော့ အားပြတ်နေတဲ့သူတွေလည်းများတယ်ဟု ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဝက်လက်မြို့နယ်၊ ရှိမ်းမကား၊ အင်ဒေါင်း၊ သဲဘုတ်နှင့် ရွာသစ်ရွာတို့မှ စစ်ဘေးရှောင် ၂၀၀၀ ဝန်းကျင်တို့သည် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်အတွင်း နေအိမ်များမီးရှို့ခံထားရသဖြင့် နီးစပ်ရာတောတိုက်၊ မြစ်ကမ်းဘေးနှင့်ဘုန်းကြီးကျောင်းတို့တွင် အဆင်ပြေသလို နေထိုင်နေရပြီး စားဝတ်နေရေးခက်ခဲနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ 


========================


📌📌 ၄။ မြန်မာ ဒုက္ခသည်တွေကို နယ်နှင်တဲ့ အစီအစဉ် အိန္ဒိယ လက်တွေ့စတင်


မတ်လ ၁၁ရက်။

တရားမဝင် ဝင်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ ဒုက္ခသည်တွေထဲက ပထမအသုတ် ကို မတ်လ ရက်နေ့မှာ အိန္ဒိယ အစိုးရက နယ်နှင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကုန်က စတင်ပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းမယ့် အစီအစဉ်ကို စတင်ခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း ဆက်တိုက် အကောင်အထည် ဖော်သွားမယ်လို့ အိန္ဒိယအာဏာပိုင် တွေက ဆိုပါတယ်။


ဒါဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲ ပေါ်ပေါက်လာခဲ့တဲ့ တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ မြို့ရွာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ စတဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် နယ်စပ်ဖြတ်ကျော်ကာ ထွက်ပြေးနေရတဲ့ မြန်မာစစ်ရှောင် ပြည်သူတွေအတွက် ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်ပေါ်လာစေပါတယ်။


အိန္ဒိယနိုင်ငံ အနေနဲ့ နယ်စပ်ဒေသမှာ နှစ်နိုင်ငံပြည်သူတွေကို လွတ်လပ်စွာ ရွေ့လျားသွားလာခွင့်ပြုထားတဲ့ မူဝါဒကို ရုပ်သိမ်းတော့မယ်လို့ ထုတ်ပြန်ပြီး သတင်းပတ်တချို့ အကြာမှာ အခုလိုမျိုး မြန်မာ ဒုက္ခသည်တွေကို နှင်ထုတ်တဲ့ အစီအစဉ် စတင်လာခဲ့တာ ဖြစ်ပါတယ်။


အိန္ဒိယဟာ ၁၉၅၁ ခုနှစ်၊ ကုလသမဂ္ဂရဲ့ ဒုက္ခသည် ကွန်ဗန်းရှင်း ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ သဘောတူ လက်မှတ်ရေးထိုးထားခြင်း မရှိတာကြောင့် ပြည်ပ ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေကို လေးစားပြီး တာဝန်ယူ၊ တာဝန်ခံပေးဖို့၊ ဒုက္ခသည်တွေကို ဥပဒေ အကြောင်းအရ အကူအညီ အကာအကွယ်ပေးဖို့ ကတိမပြုထားပါဘူး။


ဒါပေမယ့် မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် တွေကိုတော့ လူသားချင်း စာနာမှု ရှုထောင့်ကနေ စားဝတ်နေရေး အထောက်အပံတွေ စနစ်တကျ စီစဉ်ပေးခဲ့တယ်လို့ မဏိပူရ ပြည်နယ် အုပ်ချုပ်ရေးမှူး ဘီရန်ဆင်းက သူ့ရဲ့ လူမှုကွန်ရက် မီဒီယာ X မှာ ရေးသားခဲ့ပါတယ်။


မြန်မာနိုင်ငံနဲ့ နယ်နမိတ်ခြင်း ၁၆၄၃ ကီလိုမီတာခန့် ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံထဲကို စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင် ပြည်သူတွေဟာ ချင်းပြည်နယ်မှ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ 


========================


📌📌 ၅။ စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပေးရန် လောင်းလုံးတွင်ဆန္ဒပြတောင်းဆို


မတ်လ ၁၁ ရက်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီကို လေယာဥ်ဆီရောင်းချပေးနေတဲ့ ကုမ္ပဏီတွေကို ပိတ်ပင်တားဆီးပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ' USA,UK,EU- မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပါ၊ USA,UK,EU- Ban The Export of Jet Fuel To Myanmar' ဆိုတဲ့ ခေါင်းစဥ်နဲ့  လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ 


အဲဒီလှုပ်ရှားမှုကို မတ်လ ၁၁ ရက်နေ့ နေ့လည်က ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီးတော့ ဒေသခံအမျိုးသမီး၊ လူငယ်တွေ ပူးပေါင်းပါဝင်မှုနဲ့အတူ လုပ်ဆောင်ခဲ့ပါတယ်။ 


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဟာ မြေပြင်ထိတွေ့တိုက်ပွဲတွေမှာ မရှုမလှရှုံးနိမ့်နေတဲ့အတွက် လေကြောင်းကို အလွန်အကျွံအသုံးပြုလာပြီး စစ်ဘက် အရပ်ဘက်မခွဲခြားဘဲ နေ့စဉ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်နေပါတယ်။ 


သုတေသနအဖွဲ့တွေရဲ့ ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၆၅၀ ထက်မနည်း လုပ်ဆောင်ခဲ့ပြီးဖြစ်ပြီး အရပ်သား တစ်ထောင်ကျော် အသက်ဆုံးရှုံးခဲ့ရသလို လူပေါင်း ကိုးရာကျော် ထိခိုက်ခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တံတားဦးမြို့နယ် ပကဖအခြေခံစစ်ပညာသင်တန်း အပတ်စဉ်၁ သင်တန်းဆင်းပွဲပြုလုပ်


မတ်လ ၁၁ရက်။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ တံတားဦး ပကဖရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တံတားဦး ပကဖ တာဝန်ခံများက အသစ်ဝင်ရောက်လာတဲ့ ရဲဘော်သစ်များအနေနဲ့ စိတ်ဓာတ်၊ ခံယူချက်၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့ အရင်းတည်ကာ အခုလို အခြေခံစစ်ပညာကို သင်ယူပြီးမြောက်ခဲ့ကြလို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း ကြိုဆိုမိန့်ခွန်းများ ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲမှာ ရဲဘော်များက ကျမ်းသစ္စာကျိန်ဆိုခြင်း၊ စစ်ရေးလေ့ကျင့်မှုစွမ်းရည်များ ပြသခြင်း၊ ထူးချွန်သင်တန်းသားများကို ဆုချီးမြှင့်ခြင်း စတဲ့ အစီအစဉ်များ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီ တပ်စခန်းပေါင်း ၂၀ ကျော်ကို လေးရက်အတွင်း KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့


မတ်လ ၁၁ရက်။

ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ စစ်ကောင်စီ တပ်စခန်းကြီးနှင့် စခန်းလေး ၂၀ ကျော်ကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် ပူးပေါင်းတပ် များက ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်များထံက သိရပါတယ်။


ပြီးခဲ့တဲ့ မတ်လ ရက်နေ့မှ ၁၀ ရက်နေ့အထိ လေးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီရဲ့ အမာခံ တပ်စခန်းကြီးများ ဖြစ်ကြတဲ့ ခယာဘွမ် တပ်စခန်း၊ နောင်ရာစင်ခန်ဘွမ် တပ်စခန်း၊ ဖွန်းပျဲန်ဘွမ် တပ်စခန်း၊ အင်တပ်ဘွမ် တပ်စခန်း၊ နမ့်ဖက်ခ တပ်စခန်း၊ ဒေါ့ဖုန်းယန်ရှိ ခလရ (၁၄၂) တပ်စခန်း၊ ဘွမ်ရေဘွမ် တပ်စခန်း၊ အင်လုံခ တပ်စခန်း၊ ဆွမ်ပရာဘွမ်မြို့ အနီးရှိ မလိယာန် တပ်စခန်း၊ မလိ တပ်စခန်း၊ မာဆန်ကောင် တပ်စခန်းများအပါအဝင် ကာကင်းစခန်းများကို သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။


လိုင်ဇာမြို့အနီးမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာများနဲ့ မြို့အနီး တဝိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ အနေနဲ့ မြို့ကို စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ လိုင်ဇာဒေသခံ တစ်ဦးက ပြောပြပါတယ်။


လက်ရှိတွင်လည်း မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်း၊ ဝိုင်းမော်နဲ့ မြစ်ကြီးနား မြို့များကိုသွားတဲ့ လမ်းမများမှာလည်း မတ်လ ၁၁ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပြီး စစ်ကောင်စီ ဘက်မှလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


မတ်လ ရက်နေ့ မနက် နာရီမှ စတင်ကာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA), KPDF ပူးပေါင်းတပ်ဖွဲ့များက ကချင်ဒေသ အတွင်းက စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ တာမခန်စခန်းမှ ထွက်ပြေး ဆုတ်ခွာလာတဲ့ ခမရ (၁၁၉) တပ်ရင်းမှုးပါ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက် ခံရပြီး ကားနှစ်စီး ပျက်စီး


မတ်လ ၁၁ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ တာမခန်ရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် စဉ်က ထွက်ပြေးသွားတဲ့ ခမရ (၁၁၉) တပ်ရင်းမှူးပါ ယာဉ်တန်းကို KIA နှင့် KPDF ပူးပေါင်းတပ်များက RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကားနှစ်စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


တာမခန် ခမရ (၁၁၉) တပ်စခန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့များက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကာ အဆိုပါ တပ်စခန်းမှ ထွက်ပြေးပြီး ဆိုင်းတောင် ရဲတပ်ရင်းထံ သွားရောက်ပူးပေါင်းမယ့် တပ်ရင်းမှူးပါ ယာဉ်တန်းကို အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။


မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာ တာမခန် တပ်စခန်းမှ ဆိုင်းတောင်ဘက်ကို ဆုတ်ခွာလာတဲ့ ခမရ (၁၁၉) တပ်ရင်းမှူး သက်ပိုင်စိုး ဦးဆောင်တဲ့ ယာဉ်တန်းကို RPG ဖြင့် ပစ်ခတ်ခြင်း အပါအဝင် ကြားဖြတ်တိုက်ခိုက်ခဲ့ကာ ကားနှစ်စီး ပျက်စီးခဲ့ပြီး တပ်ရင်းမှူး သေ၊ မသေကို အတည်မပြု နိုင်သေးဘူး လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း ပျက်စီးသွားတဲ့ ကားနှစ်စီးနဲ့ လက်နက်ခဲယမ်းများကို KIA , KPDF ပူးပေါင်းအဖွဲ့က သိမ်းဆည်းရရှိခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာ အတွင်းက နေအိမ်တချို့ မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

KIA က လိုင်ဇာ အနီးတဝိုက်မှ စစ်ကောင်စီရဲ့ တပ်စခန်း အများအပြားကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ မတ်လ ရက်နေ့ စစ်ဆင်ရေး မတိုင်ခင် ကတည်းက ဖားကန့်ဒေသမှာ စခန်းသိမ်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ဖားကန့်မြို့နယ်ထဲက နေရာအများစုကို KIA က ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ မင်းလှမြို့နယ်အတွင်း ဖြစ်ခဲ့သောတိုက်ပွဲ ကြိမ်တွင် စစ်တပ်ဘက်က ၈ဝ ကျော်သေဆုံး 


မတ်လ ၁၁ရက်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း မတ်လ ရက်မှ ၁ဝ နေ့အထိ တိုက်ပွဲ ကြိမ်ဖြစ်ခဲ့ရာ စစ်တပ်ဘက်က ၈၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅က ထုတ်ပြန်ပါတယ်။ 

မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၂၀ ပါ စစ်ကောင်စီတပ်ဖွဲ့နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ နဲ့ ဒဂုံစစ်ကြောင်းတို့ မတ်လ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်က ဧက ၁၀၀၀ ကျွန်းစိုက်ခင်း ကျုံးပေါက်အနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဟာ ၂နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးခဲ့သလို ပြည်သူ့ ကာကွယ်ရေးဘက်က ရဲဘော်တဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ညနေ နာရီခန့်မှာလည်း မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်က ဟိုင်းယုလမ်းဆုံမှာ တပ်စွဲထား တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ နဲ့ တပ်ခွဲ တို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရှောင်တခင်တိုက်ခိုက်ခဲ့ရာကနေ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဟာ ၃နာရီခန့် ကြာခဲ့ပြီး စစ်သားတဦးသေဆုံး ကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။


အဆိုပါ တိုက်ပွဲ ကြိမ်အတွင်း စစ်ကောင်စီဘက်က ၈၃ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့နဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့သလို တော်လှန်ရေးအဖွဲ့ဘက်က ရဲဘော် ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းမှာ စစ်တပ်စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တဲ့အတွက် ပြည်သူလူထု အနေနဲ့ ရိုးမတောအတွင်းကို သွားလာတာတွေ မလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ က သတိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်တပ်က မီးလောင်ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်


မတ်လ ၁၁ ရက်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့မှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ ရာ စစ်တပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ် ၁၆ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA မတ်လ ၁၁ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 


မတ်လ ၁ဝ ရက်နေ့က ဆီဆိုင်မြို့မြောက်ဘက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ ထိပ်တိုက်တွေ့ဆုံရာ မနက် နာရီကနေ နာအထိ တိုက်ပွဲပြင်းထန်တယ်လို့ သိရပါတယ်။


ထိုသို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အထိနာသွားတဲ့ စစ်ကောင်စီဟာ ဆီဆိုင်မြို့တွင်းကို လက်နက်ကြီးများ ဒရုန်းများ အသုံးပြုပြီး တိုက်ခိုက်မှု ၁၀၈ ကြိမ်ပြုလုပ်ခဲ့တဲ့အပြင် မြို့တွင်းကို ဂျက်ဖိုက်တာနဲ့ တကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။


စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် မြို့တွင်းက ပြည်သူပိုင်နေအိမ် ၁၆ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


အလားတူ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စအွန်တောင်ကြောဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန် ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ၁၂၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ရာဇာဝတ်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်းနေပြီး အပြင်းထန်ဆုံး အရက်စက်ဆုံး အကြမ်းတမ်းဆုံးနည်းတွေနဲ့ ပြည်သူလူထုကို တိုက်ခိုက်သတ်ဖြတ်နေတာကို ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ အဖွဲ့အစည်းများ ကမ္ဘာ့နိုင်ငံများက ယခုအချိန်ထိ အကြီးအကျယ်တာဝန်မဲ့နေတာ တာဝန်ပျက်ကွက်နေတာဟာ အလွန် ရှက်စရာကောင်းတယ်လို့ ထောက်ပြဝေဖန်ထားပါတယ်။

ထမင်းစားရေသောက်သလို စစ်ရာဇဝတ်မှုတွေကို လွယ်လွယ်ကူကူ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကာင်စီကို ကမ္ဘာ့ အဖွဲ့အစည်းများ ကမ္ဘ့နိုင်ငံများအနေနဲ့ အပြောမဟုတ်ဘဲ လက်တွေ့ ထိထိရောက်ရောက်အရေးယူဖို့လည်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်တောင်းဆိုထားပါတယ်။


========================


🚩🚩 ၆။ ချောင်းဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထွေအုပ် ဦးစီးမှူးတဦးနှင့် စစ်သား ဦး သေဆုံး


မတ်လ ၁၁ရက်။ 

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထွေထွေ အုပ်ချုပ်ရေးဌာနက ဦးစီးမှူးတဦးနဲ့စစ်သား ဦးသေဆုံးသွားတယ်လို့ GTR MMU တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ချောင်းဦးမြို့ပေါ်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့မရဲစခန်းကို မတ်လ ၁၀ ရက် မနက် နာရီခန့်အချိန်မှာ ဒရုန်းနဲ့ ဗုံးသီး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူးတဦးနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ဦးသေဆုံး သွားသလို Jammer ကားတစီးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ GTR MMU တပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တဲ့အပြင် အင်အား ၄၀ လောက်နဲ့ စစ်ကြောင်း ထိုးလာတဲ့အတွက် တော်လှန်ရေးမဟာမိတ်ရဲဘော်တွေ ၄၀ မမ ဗုံးသီးနဲ့ပြန်ပစ်ပြီး ဆုတ်ခွာလာခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် တပ်ရင်း တပ်ခွဲ Ghost Team Ranger Myinmu မုံရွာခရိုင် အမှတ် တပ်ရင်း မြင်းခြံခရိုင် အမှတ် တပ်ရင်းနဲ့ Myinmu Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ GTR MMU တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ မုန်းမြို့နယ်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် တပတ်အတွင်း အရပ်သား ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ 


မတ်လ ၁၁ရက်။

ကရင့်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ  ညောင်လေးပင်ခရိုင်၊ မုန်း(မူး) မြို့နယ် မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တစ်ပတ်အတွင်း အရပ်သား ပြည်သူ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန် ထားပါတယ်။


မတ်လ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း စစ်ကောင်စီက ပြည်သူလူထု နေထိုင်ရာ ကျေးရွာများ ကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးကာ ၁၄ ဦးထိ ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။ 


ထိုပြင် နေအိမ် လုံးနဲ့ စာသင်ကျောင်း ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူ ၁၁ ဦး လည်း အကြောင်းမဲ့ ဖမ်းဆီးခံထားရတယ်လို့ KNU က အသိပေးထားပါတယ်။ 


 ထို့အပြင် မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်နေပြီး လက်နက်ကြီး များဖြင့် နေ့စဉ် ပစ်ခတ်နေမှုများကြောင့် ကျေးရွာပေါင်း (၂၅) ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကာ စ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော်အထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။


လက်နက်ကြီး ပစ်ခတ်မှုများကို မုန်းဒေသ၊ ကွင်းချောင်းဝရှိ စစ်ကောင်စီ ခမရ၃၅၁ တပ်ရင်း၊ ကညွတ်ကွင်း အခြေစိုက် ခမရ၄၃၉ တပ်ရင်းနဲ့ နတ်သံကွင်းရှိ စစ်ကောင်စီတပ်များက လုပ်ဆောင်နေ တာဖြစ်တယ်လို့ သိရပါတယ်။


အာဏာသိမ်း စစ်ကောင်စီတပ်များ အနေနဲ့ ကျေးရွာများအတွင်းသို ဝင်ရောက်ထိုးစစ်ဆင်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်နေပြီး ဒေသခံ ပြည်သူလူထုရဲ့ လူမှုဘဝ လုံခြုံမှုများကိုပါ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment