29th JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မေလအတွင်း အမှန်တကယ်လိုအပ်သူတွေထံကို ကျပ် ၄၈၆. သန်း ထောက်ပံ့နိုင်ခဲ့

📌 ၂။ ကျောက်မဲမြို့က စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ခန့် ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး  စား၊ ဝတ်၊ နေရေး အခက်အခဲ ဖြစ်နေ

📌 ၃။ မတရားအကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား (၂၀) ဦးကို ငွေကြေး ထောက်ပံ့ခဲ့

📌 ၄။ MICS အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်နှင့် အတူ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် ကမ်ပိန်းတွင် ပါဝင်နိုင်ကြောင်း ထုတ်ပြန်


၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အင်းတော် နံ့သာရွာစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအပါအဝင် (၁၄) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

🚩 ၂။ တအာင်းပြည် တပ်မဟာ () စစ်ဒေသမှာ စစ်တပ်က လေကြောင်း၊လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၁၁) ဦး သေဆုံး 

🚩 ၃။ ညောင်လေးပင်ခရိုင်ထဲက ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးတဦးအပါအဝင် (၁၀) ဦး ဒဏ်ရာရပြီး အိမ် () လုံး ပျက်စီး 

🚩 ၄။ လားရှိုးမြို့နဲ့ ဆက်သွယ်ထားတဲ့ တံတား () စင်း ကို စစ်ကောင်စီက ထပ်မံဖျက်ဆီး

🚩 ၅။ ဘုတလင်မြို့ပေါ်က အကြမ်းဖက်စစ်သားတွေ တပ်စွဲရာနေရာတွေကို တိုက်ခိုက်မှု စစ်သား (၂ဝ) ကျော် သေဆုံး

🚩 ၆။ ကျွန်းလှနယ်မှာ တပ်စွဲဖို့ပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သုံ့ပန်း () ဦးဖမ်းမိခဲ့ပြီး သေနတ် () ရရှိ 

🚩 ၇။ ရေစကြို ကပ်ကျော်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှု ပျူစောထီးတဦး ပြင်းထန်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မေလအတွင်း အမှန်တကယ်လိုအပ်သူတွေထံကို ကျပ် ၄၈၆. သန်း ထောက်ပံ့နိုင်ခဲ့


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလအတွင်း လူသားချင်းစာနာမှုအကူအညီအဖြစ်နဲ့ အမှန်တကယ်အကူအညီ လိုအပ်နေသူများထံကို ငွေကျပ် (၄၈၆.) သန်းကို ထောက်ပံ့ ပေးပို့နိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလိုပံပိုးနိုင်တာဟာ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူသို့ အလှူငွေနဲ့အသုံးပြုခဲ့ခြင်းကို အစိုးရနဲ့ပြည်သူအကြား အချင်းချင်း အားပေးအားယူ ပြုနိုင်ဖို့အတွက် တင်ပြခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူမှ ပြည်သူသို့ အလှူငွေဖြစ်တဲ့ ငွေကျပ် (၄၈၆.)ကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ၊ စစ်ဘေးရှောင်ပြည်သူ (၁၇၁,၃၀၂) ဦးရဲ့အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၃၄၅ဒသမ၂) သန်း၊ ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူ (၂၃၈) ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၃၃၅) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၄၃.) သန်းကို ပံပိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် CDM ဝန်ထမ်းတွေအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၇ဒသမ၄) သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.) သန်းနဲ့ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက်  ငွေကျပ် (.) သန်းကို ပံပိုးနိုင်ခဲ့ပါတယ်။

အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၈၆.) သန်း၊ မီးရှို့ခံရတဲ့ နေအိမ်တွေထဲက လုံခြုံစိတ်ချရတဲ့နေရာမှာ ဆောက်လုပ်နိုင်တဲ့ နေအိမ် (၁၃၂) လုံးကို ယာယီတဲ ဆောက်လုပ်ပေးတာနဲ့ မိုးတွင်းကာလ အမိုးအကာလိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် တာပေါ်လင် မိုးကာစ (၄၁၉) ခု တို့ကိုလည်း ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလ () နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားက ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းရဲ့ လုပ်ဆောင်ချက်တွေ၊ ထားရှိတဲ့စိတ်ဓါတ်တွေကို လေးစားဂုဏ်ယူပြီး ရှေ့ဆက်လည်း အခုလို မလျော့သောဇွဲနဲ့ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားမယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ကျောက်မဲမြို့က စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ခန့် ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး  စား၊ ဝတ်၊ နေရေး အခက်အခဲ ဖြစ်နေ


ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့မှာ ဒေသခံပြည်သူ ၂၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး စား၊ ဝတ်၊ နေရေး အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ဇွန်လ (၂၅) ရက်နေ့က စတင်ခဲ့တဲ့ (၁၀၂၇) စစ်ဆင်ရေး ဒုတိယလှိုင်းမှာ အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် ကျောက်မဲမြို့နဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ အရပ်သားပြည်သူတွေ စစ်ဘေးရှောင်နေကြရတာကြောင့် အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

ကျောက်မဲမြို့၊ နားပြိန်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ နီးပါး၊ ခုံအုံဘုန်းကြီးကျောင်းမှာ ကိုရင်အပါး (၇၀) ခန့်အပါအဝင် ပြည်သူ (၄၀၀) ကျော်၊ ကျောက်မဲကန်ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်ပြည်သူ (၁၀၀) ကျော်၊  ချောင်းချောက် ကျောင်းတိုက်မှာ စစ်ဘေးရှောင်ပြည်သူ (၄၀၀) ကျော်ရှိနေတဲ့အပြင် နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ နေရကြသူတွေလည်းရှိတာကြောင့် စောင်၊ ခြင်ထောင်၊ အဝတ်အစား၊ အစားအသောက်တွေ အရေးပေါ် လိုအပ်နေတာလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ 

အလားတူ နောင်ချိုမြို့နယ်မြို့နယ်မှာ စစ်ဘေးရှောင် တထောင်ခန့်ရှိနေပြီး သီပေါမြို့နယ်မှာလည်း စစ်ဘေးရှောင် (၄ဝဝ) နီးပါးရှိနေကာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။ 

ရှမ်းမြောက်ဒေသ အပါအဝင် မန္တလေးတိုင်းထဲက မိုးကုတ်မြို့နယ်တို့မှာ တအာင်းတပ်မတော် TNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက (၁၀၂၇) စစ်ဆင်ရေး ဒုတိယလှိုင်းကို ဇွန်လ (၂၅) ရက်စပြီးဖော်ဆောင်ခဲ့ရာ တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင်နေရသူ သောင်းချီရှိနေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း အသိပေး ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ မတရားအကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား (၂၀) ဦးကို ငွေကြေး ထောက်ပံ့ခဲ့


အကြမ်းဖက်စစ်‌ကောင်စီက မတရား ဖမ်းဆီး အကျဥ်းချထားတဲ့ နိုင်ငံရေးအကျဥ်းသားများထဲမှ အခုလ ထောက်ပံ့မှုအဖြစ် နိုင်ကျဥ်း (၂၀) ဦးအတွက် တစ်ဦးကို ငွေကျပ် () သောင်း  ပို့ဆောင်ပေးခဲ့တယ် လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျ‌ဥ်းသားများကွန်ရက်မှ သိရပါတယ်။

Political Prisoners Network-Myanmar (PPNM) ရဲ့ငွေ ငါးထောင်လှူ ထောင်ဝင်စာကူကဏ္ဍမှ ရငွေနဲ့ အကျဥ်းထောင် (၁၀) ခုမှာ မတရားအကျဥ်းချခံနေရတဲ့ နိုင်ငံ‌ရေး အကျဥ်းသား (၂၀) ဦးကို ဇွန်လ တတိယအသုတ်အဖြစ် ပေးပို့ခဲ့တာပါ။ 

စေတနာရှင်များအနေနဲ့ နိုင်ငံရေးအကျဥ်းကျများကို စိတ်ခွန်အား၊ အာဟာရ ခွန်အား ပေးနိုင်ရန် မြန်နိုင်ကွန် ထံ အဖွဲ့ဝင်ပြီး၊ လစဥ် ငွေ ၅၀၀၀ ကျပ်မှ စကူညီထောက်ပံ့လို့ရတယ်လို့ ဆိုပါတယ်။

လစဥ် () ထောင် ကူတဲ့သူ (၁၀) ဦးပေါင်းပြီး ယုံကြည်ချက်ကြောင့် အကျဥ်းကျနေသူများကို ငွေ () သောင်း လစဥ် ထောက်ပံ့ပေးလို့ ရတယ်ဆိုတာကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ အဖွဲ့ချုပ်မှ အသိပေးပြောကြားသွားပါတယ်။


========================


📌📌 ၄။ MICS အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်နှင့် အတူ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် ကမ်ပိန်းတွင် ပါဝင်နိုင်ကြောင်း ထုတ်ပြန်


မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်နှင့်အတူ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် (၂၀၂၄) ခုနှစ်၊ မေလ () ရက်နေ့တွင် စတင်၍ နယ်သာလန်နိုင်ငံရှိ အလုပ်သမားများနှင့် လူထုက လက်မှတ်ရေးထိုးပေးပို့သည့် ပို့စကတ် ကမ်ပိန်းတရပ်ကို ပြုလုပ်လျက်ရှိတယ်လို့ သိရှိရပါတယ်။ 

အဆိုပါ ကမ်ပိန်းတွင် အလုပ်သမားများက ကိုသက်နှင်းအောင်နှင့် အတူတကွ ရပ်တည်ကြောင်း၊ ကိုသက်နှင်းအောင် အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း စာရေးသားပြီး သွေးစည်းညီညွတ်မှုအရ ပေးပို့သော ပို့စကတ် ကမ်ပိန်း ဖြစ်ကြောင်း၊ ယနေ့အချိန်ထိလည်း ရေးသားပေးပို့မှုများ ပြုလုပ်လျက်ရှိပြီး ပူးပေါင်းပါဝင်နိုင်ကြောင်းနှင့် ကိုသက်နှင်းအောင် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက်လည်း နိုင်ငံတကာ ကမ်ပိန်းများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြာင်း ဆိုပါသည်။ 

ကိုသက်နှင်းအောင်သည် စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက်ပိုင်း အလုပ်သမား အရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့မှုကြောင့် (၂၀၂၁) ခုနှစ်၊ ဇွန်လတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ (၁၇/) ဖြင့် တရားစွဲဆိုခြင်း ခံရကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် () နှစ် ချမှတ်ခံခဲ့ရသည်။ (၂၀၂၃) ခုနှစ်၊ ဇွန် (၂၆) ရက်နေ့တွင် ကိုသက်နှင်းအောင်သည် ထောင်ဒဏ်မှ လွတ်ရက်စေ့သော်လည်း စစ်ကောင်စီမှ ပြန်လွှတ်မပေးဘဲ အကြမ်းဖက်မှု ဥပဒေပုဒ်မ (၅၂/က) နှင့် ထပ်မံတရားစွဲဆိုပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် () နှစ် ထပ်မံချမှတ်ခြင်းခံထားရတယ်လို့ သိရှိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ (၁၅--၂၀၂၄) ရက်နေ့က ကျင်းပခဲ့သည့် (၃၅၁) ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့ (ILO GB) အစည်းအဝေးတွင် (၂၀၂၁) ခုနှစ်၊ (၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် ဆုံးဖြတ်ခဲ့သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းပေါ်  ပြန်လည်ရောက်ရှိရေးနှင့် အခြေခံအခွင့်အရေးများကို လေးစားလိုက်နာရန်၊ မတရားဖမ်းဆီးထိန်းသိမ်း ခံထားရသူများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ အခြေခံလူ့အခွင့်အရေး ဖော်ဆောင်ရာတွင် ရိုဟင်ဂျာများ အပါအဝင် အလုပ်သမားသမဂ္ဂအဖွဲ့၀င်များ၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ များနှင့် အခြားတက်ကြွ လှုပ်ရှားသူများအား မတရား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ညှဉ်းပန်း နှိပ်စက်ခြင်းများ၊ စစ်တပ်က အဓမ္မစစ်သား စုဆောင်းနေမှုများကို ရပ်တန့်ရန်နှင့် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြု တိုက်တွန်းချက်များအရ လာမည့် (၂၀၂၄) ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာလတွင် ကျင်းပမည့် (၃၅၂) ကြိမ် မြောက် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင် ILO ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေ၊ ပုဒ်မ (၃၃) နှင့်အညီ ကျူးလွန်နေသည့် မြန်မာစစ်တပ်အား အရေးယူနိုင်ရေး တင်ပြရန် ILO ညွှန်ကြားရေးမှူးချုပ်အား တိုက်တွန်းထားကြောင်းနှင့် အရေးယူရန် အဆုံးအဖြတ် ပေးသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်များကို အစည်းအဝေး အစီရင်ခံစာ၌ ဖော်ပြပါရှိသည်ကို တွေ့ရှိရတယ်လို့ ဆိုထားပါသည်။

ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရန် ကိုသက်နှင်းအောင် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် နယ်သာလန်နိုင်ငံရှိ အလုပ်သမားများနှင့် လူထုက လက်မှတ်ရေးထိုးပေးပို့သည့် ပို့စကတ် ကမ်ပိန်း အပါအဝင် နိုင်ငံတကာ ကမ်ပိန်းများတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာပြည်သူလူထုအနေနှင့် လုပ်သားများအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းထားကြောင်း သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အင်းတော် နံ့သာရွာစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအပါအဝင် (၁၄) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ


စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်က နံ့သာရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် (၁၄) ဦးသေဆုံးပြီး သေနတ် အလက် (၂ဝ) နဲ့ ခမ်းယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

နံ့သာရွာစခန်းမှာ အခြေချနေတဲ့ ဗိုလ်ကြီး ပြုံးမောင်မောင် ဦးစီးတဲ့ တပ်မ-၇၇ လက်အောက်ခံ ခလရ- က အင်အား (၁၄) ဦး ကို ကသာခရိုင် တပ်ရင်း-၂၊ EAOs (KIA) နဲ့ အင်းတော်မြိုနယ် ပကဖ စတဲ့ ပူးပေါင်းအဖွဲ့က ဇွန်လ (၂၈) ရက်နေ့ မနက် () နာရီမှာ စတင်တိုက်ခိုက်ခဲ့ရာ မနက် (၁၀) နာရီခန့်အချိန်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် () စစ်ဒေသကလည်း ထုတ်ပြန်ထားပါတယ်။ 

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် (၁၄) ဦးသေဆုံးသွားပြီး လက်နက်မျိုးစုံ (၂ဝ) လက်၊ ဒရုန်းဖြတ်လက်နက် တလက်၊ ကျည်မျိုးစုံ (,၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅) လုံး၊ ကျည်ဘောက်မျိုးစုံ (၄၁) ခု၊ ဆက်သွယ်ရေးစက် (၁၂) လုံး၊ ကြားဖြတ်စက် တလုံး၊ Power Station တလုံး၊ ဦးထုတ် (၁၁) လုံးနဲ့ ဆန် (၄၁) အိတ် သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။ 

တိုက်ပွဲဖြစ်နေစဉ်အတွင်း တံတားဦးက တက်လာတဲ့ ဂျက်တိုက်လေယာဉ် () စင်းက တိုက်ပွဲဖြစ်နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ရဲဘော် () ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၂။ တအာင်းပြည် တပ်မဟာ () စစ်ဒေသမှာ စစ်တပ်က လေကြောင်း၊လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၁၁) ဦး သေဆုံး 


တအာင်းပြည် တပ်မဟာ () စစ်‌ဒေသဖြစ်တဲ့ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်မှုကြောင့် တရက်အတွင်း အရပ်သားပြည်သူ (၁၁) ဦးသေဆုံးခဲ့ရတယ်လို့ PSLF/ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဇွန်လ (၂၈) ရက်နေ့က ကျောက်မဲမြို့ နယ်မြေ ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် သီလရှင်တပါး၊ အမျိုးသမီး () ဦး၊ အမျိုးသား () ဦးသေဆုံးပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ရပ်ကွက် () က အိမ် () လုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

အလားတူ မိုးကုတ်မြို့ အရှေ့ပိုင်းမှာလည်း စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဥယျာဉ် ကျောင်းအတွင်းက ကိုရင် () ပါးကျည်စထိမှန်ခဲ့ရာမှာ တပါးပျံလွန်တော်မူပြီး () ပါး ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။

ဒါအပြင် လူးထရပ်ကွက်က အဘွားအိုတဦးနဲ့ ကလေးတဦးသေဆုံးခဲ့တဲ့အပြင် မိုးကုတ်အနောက်ပိုင်း အောင်သုခရပ်ကွက်က နေအိမ်တလုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးတို့နဲ့ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အိမ် (၁၃) လုံး ပျက်စီးခဲ့ရသလို တိုက်ပွဲပြင်းထန်မှုကြောင့် ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တို့က ဒေသခံ သောင်းချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်

နယ်မြေဆုံးရှုံးမှုတွေ များနေပြီး စစ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးနေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ (၂၇) ရက်နေ့ကလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျောက်မဲမြို့က အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရခဲ့သလို နောင်ချိုမြို့က အမျိုးသားတဦးဒဏ်ရာရကာ အမျိုးသမီး () ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

ထို့အပြင် ဇွန်လ (၂၆) ရက်နေ့ကလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် အရပ်သား () ဦးသေဆုံးကာ (၁၅) ဦး ဒဏ်ရာရခဲ့သလို ဇွန်လ (၂၅) ရက်နေ့က ဒေသခံ () ဦး သေဆုံးကာ () ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၃။ ညောင်လေးပင်ခရိုင်ထဲက ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးတဦးအပါအဝင် (၁၀) ဦး ဒဏ်ရာရပြီး အိမ် () လုံး ပျက်စီး 


ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်အတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးတဦးအပါအဝင် အရပ်သားပြည်သူ (၁၀) ဦး ဒဏ်ရာရပြီး အိမ် () လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဇွန်လ (၂၂) ရက်နေ့ ညနေ () နာရီခန့်နဲ့ () နာရီခန့်အချိန်မှာ လယ်ဒိုမြို့အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် ခလရ၂၆၄ တပ်ရင်းက (၁၂၂) မမ လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ရာ ဟင်္သာဝဲကျေးရွာအရှေ့ဘက်နဲ့ သမင်အင်းကုန်းကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ထို့အတူ ဇွန်လ (၂၃) ရက်နေ့ ညနေ () နာရီကျော်အချိန်မှာလည်း မူးမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် ခမရ၃၀၇ တပ်ရင်းက (၁၂၂) မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးတလုံး ပစ်ခတ်ခဲ့ရာ ငတိုးခင် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၅၆) နှစ်အရွယ် အမျိုးသမီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ညနေ () နာရီခန့်မှာလည်း ခမရ၃၀၇ တပ်က (၁၂၂) မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးတလုံး ထပ်မံပစ်ခတ်ခဲ့ရာ သစ်ဖြူဆိပ်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတဦးနဲ့ အမျိုးသမီး () ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

ဇွန်လ (၂၄) ရက် ညနေ () နာရီနဲ့ () နာရီခန့်တို့မှာလည်း ခလရ-၂၆၄ တပ်က (၁၂၂) မမ လက်နက်ကြီး () လုံးနဲ့ ဟောင်ဝှစ်ဇာ (၁၅၅) မမ လက်နက်ကြီးတလုံး ပစ်ခတ်ခဲ့ရာ အင်ဗလာကျေးရွာနဲ့ ကဒက်မြောင်ကွင်းတို့အတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ယင်းအပြင် ဇွန်လ (၂၄) ရက် ညနေ (၆း၄၅) ခန့်မှာ ခမရ-၄၃၉ တပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးတလုံး ပစ်ခတ်ခဲ့ရာ သရက်ကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၁၁) နှစ်အရွယ် မိန်းကလေးအပါအဝင် () ဦး ဒဏ်ရာရခဲ့ပြီး အိမ်တလုံးပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ဇွန်လ (၂၅) ရက်နေ့ မနက် () နာရီခန့်ကနေ () နာရီခန့်အထိ ခလရ-၂၆၄ တပ်က (၁၂၀) မမ လက်နက်ကြီးတလုံး ခရုကုန်းကျေးရွာအတွင်း ပစ်ခတ်ခဲ့တဲ့အပြင် (၁၂၂) မမ လက်နက်ကြီး () လုံး ထပ်မံပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး တဦးဒဏ်ရာရရှိကာ အိမ်တလုံးလည်း ပျက်စီးခဲ့တယ်လို့လည်း အသိပေးပါတယ်။

အဲဒီနောက် မွန်းလွဲ (၁၂) နာရီခွဲခန့်မှာ ခလရ-၂၆၄ တပ်က (၁၂၂) မမ လက်နက်ကြီးတလုံး ထပ်မံပစ်ခတ်ခဲ့ရာ သမင်အင်းကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သမင်အင်းကုန်းကျေးရွာက အမျိုးသား () ဦး ဒဏ်ရာရခဲ့တဲ့ပြင် အိမ်တလုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ (၂၅) ရက်နေ့ ညနေ () နာရီခန့်အချိန်မှာလည်း ခလရ-၂၆၄ တပ်ကပဲ (၁၂၀) မမ လက်နက်ကြီးတလုံး ပစ်ခတ်ခဲ့ရာမှာ ကွေးကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ လားရှိုးမြို့နဲ့ ဆက်သွယ်ထားတဲ့ တံတား () စင်း ကို စစ်ကောင်စီက ထပ်မံဖျက်ဆီး


ရှမ်းမြောက်ဒေသက စစ်ရေးအရရော စီးပွားရေးအရပါ အရေးပါတဲ့ လားရှိုးမြို့နဲ့ ဆက်သွယ်ထားတဲ့ တံတား () စင်းကို အကြမ်းဖက်စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တဲ့အတွက် ဒီဇွန်လထဲမှာ မိုင်းခွဲဖျက်ဆီးခံရတဲ့တံတား () စင်းရှိလာပြီလို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ဇွန်လ (၂၉) ရက်မှာ ထုတ်ပြန်ပါတယ်။

တအာင်းပြည် တပ်မဟာ () စစ်ဒေသဖြစ်တဲ့ လားရှိုးမြို့နယ် မန်စံရေကျ၊ မန်ပွဲ - လားရှိးဆက်သွယ်ထားတဲ့ တံတား () စင်း ကို စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ (၂၇) ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တာနဲ့ပတ်သက်လို့ TNLA ဘက်က အခုလို ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 မိုင်းခွဲဖျက်ဆီးခံလိုက်ရတဲ့ တံတားတွေဟာ  မန်စံရေကျကြိုးတံတားနဲ့ ခိုလိတ်ရထားလမ်းတံတားတို့ဖြစ်ပြီး ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံ၊ မန်းပွဲဘူတာ စသည့်ကျေးရွာတွေက ဒေသခံတွေအသုံးပြုနေရတဲ့ အများပြည်သူသုံးတံတားဖြစ်တယ်လို့ ဆိုပါတယ်။

တံတားပျက်စီးသွားတဲ့အတွက် ဒေသတွင်း အရပ်သားပြည်သူတွေ သွားလာရေးနဲ့ ရိက္ခာသယ်ယူရေးတို့ ရပ်တန့်ခဲ့ရတယ်လို့ လည်း အသိပေးထားပါတယ်။

အခုဖျက်ဆီးခံရတဲ့တံတား () စင်းဟာ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ သီပေါနဲ့ မိုးကုတ်စတဲ့မြို့နယ်တွေမှာ (၁၀၂၇) စစ်ဆင်ရေး ပြန်လည်စတင်ခဲ့တဲ့ ဇွန်လ (၂၅) ရက်နေ့နောက်ပိုင်း ဖျက်ဆီးခံရတာဖြစ်ပါတယ်။

ထို့ပြင် ဇွန်လ (၂၅) ရက်နေ့ကလည်း အများပြည်သူအသုံးပြုနေတဲ့ ခိုလိတ်အုပ်စုက မန်ပွဲရွာတံတား၊ ဆွတ်လန်းတံတားနဲ့ မန်စံရေကျတံတားတို့ကိုလည်း စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။ 

ထို့အတူ ဇွန်လ (၁၃) ရက်နေ့ကလည်း စစ်ကောင်စီက လားရှိး - မိုင်းယော်လမ်းပေါ်မှာရှိတဲ့ ကောင်းဟုန်းရွာ၊ နမ့်ဖရွာနဲ့ မန်နားရွာတွေကိုဖြတ်သွားတဲ့ လမ်းမကြီးက နေရာ () ခုကို အကြမ်းဖက်စစ်တပ်က ကန့်လန့်မြောင်းတွေ ဖောက်ပြီး ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ဘုတလင်မြို့ပေါ်က အကြမ်းဖက်စစ်သားတွေ တပ်စွဲရာနေရာတွေကို တိုက်ခိုက်မှု စစ်သား (၂ဝ) ကျော် သေဆုံး


စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်က အကြမ်းဖက်စစ်သားတွေ တပ်စွဲနေတဲ့နေရာတွေကို တပြိုင်နက်တိုက်ခိုက်ခဲ့ရာမှာ စစ်သား (၂ဝ) ကျော် သေဆုံးသွားတယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်- ADPRA က ပြောပါတယ်။ 

ဘုတလင်မြို့ပေါ်က အကြမ်းဖက်စစ်သားတွေတပ်စွဲရာ အထက်တန်းကျောင်းနဲ့ 'မိုး' ကိုယ်ပိုင်အထက်တန်းကျောင်းတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇွန်လ (၂၇) ရက်နေ့ မွန်းလွဲ (၃း၃၀) ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဟာ () နာရီခန့် ကြာခဲ့ပြီး ညနေ (၅း၃၀) ခန့်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၂ဝ) ဦးထက်မနည်း သေဆုံးသွားသလို ထိခိုက်ဒဏ်ရရသူတွေလည်း များစွာရှိခဲ့တယ်လို့ ADPRA က အသိပေးထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ADPRA PLA BLDF RSF မုံရွာခရိုင် အမှတ် - ၂ဝ တပ်ရင်း၊ BOB ရွှေဘိုခရိုင် အမှတ် - ၂ဝ တပ်ရင်း၊ ရေဦး ပကဖ - ဖီးနစ်တပ်ခွဲ၊ ရေဦး ပကဖ Galaxy Force GZ တပ်ဖွဲ့ (တန့်ဆည်) ဝံသပါလ တပ်ဖွဲ့-ရေဦးနှင့် ဘုတလင် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၆။ ကျွန်းလှနယ်မှာ တပ်စွဲဖို့ပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သုံ့ပန်း () ဦးဖမ်းမိခဲ့ပြီး သေနတ် () ရရှိ 

         

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းမှာ တပ်စွဲဖို့ပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်သုံ့ပန်း () ဦး ဖမ်းဆီးရမိခဲ့ပြီး သေနတ် () လက် ရရှိခဲ့တယ်လို့ အမှတ် () စစ်ဒေသက ဇွန်လ (၂၈) ရက်မှာ ထုတ်ပြန်ပါတယ်။

ခမရ-၃၆၁ က စစ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၂၀၀) ခန့် တပ်ဖြန့်ပြီး အ‌ခြေပြုတပ်စွဲဖို့ ပြင်ဆင်နေတဲ့ အင်တိုင်းရွာနဲ့ ကျောက်ပုံကုန်း နေရာတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဇွန်လ (၂၈) ရက်နေ့ မနက် () နာရီခန့်မှာ စီနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့ပြီး စစ်သုံ့ပန်း () ဦး ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက်ငယ် () လက် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။  

အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲပြီး ကန့်ဘလူခရိုင် တပ်ရင်း - ၁၊ ၂၊ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း - ၆၊ ၉၊ ၁၂၊ ဗျူဟာ - ၅၂ အောက်မှာရှိတဲ့ ရွှေဘိုခရိုင် တပ်ရင်း - ၇၊ ၈၊ ၁၀၊ ၁၆၊ စစ်ကိုင်းတိုင်း ပကဖ၊ ကျွန်းလှမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် () ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ အမှတ် - စစ်ဒေသက ထုတ်ပြန်ထားပါတယ်။ 

အင်အား (၂ဝဝ) ခန့်ရှိတဲ့ ဒီအကြမ်းဖက်စစ်အုပ်စုဟာ ဇွန်လ (၁၇) ရက်နေ့ကတည်းက ကျွန်းလှမြို့နယ်၊ ရွှေပေါ်ကုန်းရွာက ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အင်တိုင်းရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သဖန်းဆိပ်ဆည်အနီးမှာရှိတဲ့ အင်တိုင်း၊ ကျွဲတဲ၊ အင်လှနဲ့ မြနှစ်ရွာက ဒေသနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံကနေ သိရပါတယ်။


========================


🚩🚩 ၇။ ရေစကြို ကပ်ကျော်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှု ပျူစောထီးတဦး ပြင်းထန်ဒဏ်ရာရ


မကွေးတိုင်း ရေစကြိုမြို့ အမှတ် () ရပ်ကွက်မှာရှိတဲ့ ကပ်ကျော်ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီးတဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ Myingyan Black Tiger - MBT က ပြောပါတယ်။ 

ကပ်ကျော်ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဇွန်လ (၂၇) ရက်နေ့ ညနေ () နာရီခန့်က တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေတဲ့ ပျူစောထီးတဦး ဗိုက်ပွင့်ထွက်သွားတာကြောင့် ရေစကြိုဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။   

အဆိုပါအကြမ်းဖက်စစ်အုပ်စုကို သွားရောက်ပစ်ခတ်ချိန်မှာ အဆိုပါပျူစောထီး ပြင်းထန်ဒဏ်ရာရသွားတာဖြစ်ပြီး စစ်အုပ်စုက တော်လှန်ရေးအဖွဲ့ရဲ့ ဝင်လမ်းထွက်လမ်းတွေကိုပိတ်ကာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် () ဘက် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ကြာမြင့်ခဲ့တယ်လို့ အသိပေးပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် - တပ်ရင်း Myingyan Black Tiger-MBT တပ်ဖွဲ့နဲ့အတူ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ YSO-TPG ပြောက်ကျားတပ်ဖွဲ့နဲ့ ရေစကြိုမြို့နယ် ပလဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment